Saturday, October 2, 2010

ချစ်သူပျောက်နေတဲ့လူ

စုတ်ပြတ်သတ်နေတဲ့
လိပ်စာကတ်တစ်ခုနဲ့
ကျနော်သူမကို
မြင်မြင်ရာရာ
ရှာဖွေနေမိတုန်းပဲ
မတွေ့သောသူမို့
ကြာလို့မေ့ပြီထင်ရဲ့
မချစ်သောသူမို့
ခွာလို့ပစ်ပြီထင်ရဲ့
ကောင်မလေးရေ....
ငါကတော့လေ
ချစ်လွန်းလို့ အပြစ်မမြင်
မမုန်းသေးလို့ အရှုံးပေး
ဝေးနေတာတောင်
အချစ်ကို...
အလွမ်းတွေနဲ့
ခဏခဏ ပြန်သနေတဲ့ကောင်ပါ
ဘ၀ နေညိုပေမယ့်
အချစ်က နုပျိုဆဲ
ဘ၀ လမ်းကြမ်းပေမယ့်
အချစ်က လန်းဆဲ
တမ်းတမိပါသေးရဲ့ ချစ်သူ
ချစ်စဖွယ်ကောင်းတဲ့မျက်နှာလေးနဲ့
တလက်လက်တောက်နေတဲ့ မျက်ဝန်းလေးတွေ..
အက်ရှရှ အသံလေးတွေ...
ချိုလွင်လွင် အပြုံးလေးတွေ..
နူးနူးညံ့ညံ့ အကြည့်လေးတွေ..
ကြင်ကြင်နာနာ အပြုအမူလေးတွေ..
လန်းလန်းဆန်းဆန်း အမူအယာလေးတွေ...လေ
မိတ်ဆွေ..တွေ့ရင် တဆိတ်လောက်လက်တို့စမ်းပါ့..
ကျနော်ချစ်သူသည်...
ချစ်စဖွယ်ကောင်းတဲ့မျက်နှာ ရှိ၏...
တလက်လက်တောက်နေတဲ့ မျက်ဝန်းလေးတွေ ရှိ၏...
အက်ရှရှ အသံလေးတွေ ရှိ၏...
ချိုလွင်လွင် အပြုံးလေးတွေ ရှိ၏...
နူးနူးညံ့ညံ့ အကြည့်လေးတွေ ရှိ၏...
ကြင်ကြင်နာနာ အပြုအမူလေးတွေ ရှိ၏...
လန်းလန်းဆန်းဆန်း အမူအယာလေးတွေရှိ၏...
စုတ်ပြတ်သတ်နေတဲ့
လိပ်စာကတ်တစ်ခုနဲ့ပဲ
ကျနော်သူမကို
မြင်မြင်ရာရာ
ရှာဖွေနေမိတုန်းပဲလေ....

သားထက် (မုံရွာနည်းပညာတက္ကသိုလ်)

No comments:

Post a Comment