Saturday, February 28, 2015
ဒီလူကြီးတွေ တကယ်စေတနာကောင်းရင်
ဒီလူကြီးတွေ တကယ်စေတနာကောင်းရင်
ကျနော်တို့နိုင်ငံ
ဘာလို့ ...
မတိုးတက်တာလဲ မေမေ
ဒီလူကြီးတွေ တကယ်စေတနာကောင်းရင်
ကျနော်တို့နိုင်ငံ
ဘာလို့
အရမ်းဆင်းရဲတာလည်း မေမေ
ဒီလူကြီးတွေ တကယ်စေတနာကောင်းရင်
ကျနော်တို့နိုင်ငံ ဘာလို့
ကမ္ဘာ့အလည် မျက်နှာငယ်ရတာလဲ
မေမေ
ဒီလူကြီးတွေ တကယ်စေတနာကောင်းရင်
ကျနော်တို့နိုင်ငံလယ်သမားတွေ
ဘာလို့ဒုက္ခရောက်လဲ မေမေ
ဒီလူကြီးတွေ တကယ်စေတနာကောင်းရင်
ကျနော်တို့နိုင်ငံ အလုပ်သမားတွေ
ဘာလို့ ခေါင်းပုံဖြတ်ခံရတာလဲ မေမေ
ဒီလူကြီးတွေ တကယ်စေတနာကောင်းရင်
ကျနော်တို့နိုင်ငံ ပြည်သူတွေ ဘာလို့
အဖိနှိပ်ခံရတာလဲ မေမေ
ဒီလူကြီးတွေ တကယ်စေတနာကောင်းရင်
ကျနော်တို့နိုင်ငံ ဘာလို့ တရားဥပဒေ မစိုးမိုးတာလဲ မေမေ
ဒီလူကြီးတွေ တကယ်စေတနာကောင်းရင်
ကျနော်တို့နိုင်ငံ တရားဥပဒေက
ဘာလို့ မမျှတရတာလဲ
မေမေ
ဒီလူကြီးတွေ တကယ်စေတနာကောင်းရင်
ကျနော်တို့နိုင်ငံ ပညာရေးက ဘာလို့
အရမ်းနိမ့်ကျရတာလဲ
မေမေ
ဒီလူကြီးတွေ တကယ်စေတနာကောင်းရင်
ကျနော်တို့နိုင်ငံ ကျန်းမာရေးတွေ
ဘာလို့ ဒီလောက်ညံ့တာလဲ မေမေ
ဒီလူကြီးတွေ တကယ်စေတနာကောင်းရင်
ကျနော်တို့နိုင်ငံ ဘာလို ဒီလောက်အကျင့်ပျက်ချစားနေရတာလဲ
မေမေ
ဒီလူကြီးတွေ တကယ်စေတနာကောင်းရင်
ကျနော်တို့နိုင်ငံ အဖိုးတန်သစ်တောတွေ
ဘာလို့ ပြုန်းတီးရတာလဲ မေမေ
ဒီလူကြီးတွေ တကယ်စေတနာကောင်းရင်
ကျနော်တို့နိုင်ငံ တောတောင်တွေ
ဘာလို့
ပြုန်းတီးရတာလဲ
မေမေ
ဒီလူကြီးတွေ တကယ်စေတနာကောင်းရင်
ကျနော်တို့နိုင်ငံ အဖိုးတန်သယံဇာတတွေ
ဘာလို့ ဆုံးရှုံးရတာလဲ မေမေ
ဒီလူကြီးတွေ တကယ်စေတနာကောင်းရင်
ကျနော်တို့နိုင်ငံ မြစ်ချောင်းအင်းအိုင်တွေ
ဘာလို့
ပျက်စီးရတာလဲ
မေမေ
ဒီလူကြီးတွေ တကယ်စေတနာကောင်းရင်
ကျနော်တို့နိုင်ငံ စစ်သားတွေ
အကျိုးမဲ့စစ်တွေတိုက် မြန်မာနိုင်ငံသား စစ်သားနဲ့ညီနောင် သားချင်းတွေ
ဘာလို့
အသေဆိုးနဲ့ သေကြရတာလဲ
မေမေ
ဒီလူကြီးတွေ တကယ်စေတနာကောင်းရင်
ကျနော်တို့နိုင်ငံ ညီနောင်အချင်းချင်း
ဘာလို့
မတရားတဲ့ စစ်တွေ ခင်းနေရတာလဲ
မေမေ
ဒီလူကြီးတွေ တကယ်စေတနာကောင်းရင်
ကျနော်တို့နိုင်ငံ ဘုန်းကြီးပြည်သူနဲ့ကျောင်းသားတွေကို
ဘာလို့
ရက်ရက်စက်စက် ပစ်သတ်ခိုင်းခဲ့ကြတာလဲ
မေမေ
ဒီလူကြီးတွေ တကယ်စေတနာကောင်းရင်
ကျနော်တို့နိုင်ငံ မိဘမဲ့ကလေးတွေနဲ့ ပညာသင်ခွင့်မရတဲ့ ကလေးငယ်တွေ
ဘာလို့
များသည်ထက်များလာရတာလဲ
မေမေ
ဒီလူကြီးတွေ တကယ်စေတနာကောင်းရင်
ကျနော်တို့နိုင်ငံ
စစ်သားနဲ့ ပြည်သူကို
ဘာလို့
သွေးခွဲထားတာလဲ
မေမေ
ဒီလူကြီးတွေ တကယ်စေတနာကောင်းရင်
ကျနော်တို့နိုင်ငံ စီးပွားရေးကို လက်ဝါးကြီးအုပ်
ဘာလို့
လက်တဆုပ်စာပဲ ချမ်းသာနေကြတာလဲ မေမေ
ဒီလူကြီးတွေ တကယ်စေတနာကောင်းရင်
ကျနော်တို့နိုင်ငံ ပြည်သူတွေ
ဘာလို့
တိုင်းတပါးမှာ ကျွန်ခံရတာလဲ
မေမေ
ဒီလူကြီးတွေ တကယ်စေတနာကောင်းရင်
ကျနော်တို့နိုင်ငံ အမျိုးကောင်းသမီးလေးတွေ
ဘာလို့
လူကုန်ကူးခံနေရတာလဲ
မေမေ
ဒီလူကြီးတွေ တကယ်စေတနာကောင်းရင်
ကျနော်တို့နိုင်ငံ
ပညာတတ်မိန်းမပျိုတွေ
ဘာလို့
တိုင်းတပါးမှာ အိမ်ဖော်လုပ်နေရတာလဲ
မေမေ
ဒီလူကြီးတွေ တကယ်စေတနာကောင်းရင်
ကျနော်တို့နိုင်ငံ ဘာလို့....
...
.....
........
ဘာလို့လဲ
...
......
........
မေမေ...
လင်းဝေ
အတ္တပုံတူ
တကယ်တော့
ကိုယ့်လမ်းနဲ့ ကိုယ်ပါပဲ...
အနီးဝေး မသိနိုင်သေးတဲ့
လမ်းခရီးတစ်ခု အတွက်
ငါက
အလွမ်းတွေ ထမ်းပြီး
စီးဆင်းနေခဲ့မိသူ...
မြည်းစရာ မရှိတော့တဲ့
လက်ကျန် အရက်တစ်ခွက်ကို
ဆတ်ခနဲ့
မော့ချလိုက်ရသလိုမျိုး
လောက မာယာက
တခါတခါကျတော့
ပူလောင် ခါးသက်နေတတ်ရဲ့...
ဒါကိုပဲ
ငါတို့ မက်မက်စက်စက်
ယစ်မူး ပစ်ခဲ့ကြတာပဲ
မဟုတ်လား...
အင်းပေါ့လေ
ဘဝ ဆိုတာကလဲ
အနမ်းတမှုံ အပြုံးတပွင့်
မျက်ရည်တစ်စက် အလွမ်းတစ်ခက်
အပျော်အပြုံး အငိုအရှိုက် အပိုင်းစတွေနဲ့
အချိုးကျ ဖျော်စပ်ထားတဲ့
ယမကာ တစ်ခွက်လို
အတုယောင် အိပ်မက်ချိုတွေနဲ့
ယစ်မူးဖွယ် ကောင်းနေတတ်တာမျိုး...
အဲဒါကိုပဲ
တိုးတိုးလေး လောင်ကျွမ်းပစ်နေရင်း
ငါနဲ့အတူ ရှိနေသင့်တဲ့
သတိတရားဟာ
ငါနဲ့အတူ ရှိမနေခဲ့ဘူး...
ဒီလိုနဲ့
နေတစ်စင်းရဲ့
ကမ္ဘာပတ်လမ်းကြောင်းမှာ
ရုန်းမထွက်နိုင်တဲ့ ဂြိုဟ်တစ်လုံးလို
ငါဟာ
အတ္တအမှုန် တစ်ခုအဖြစ်
ဒီစကြာဝဠာရဲ့
သံသရာပတ်လမ်းကြောင်းမှာ
ဒဏ်ရာအနာတရတွေနဲ့
မျောလွင့်ရှင်သန်နေမိဆဲပါ...
လင်းဝေ
Tuesday, February 17, 2015
ဝေ့လည်ကြောင်ပတ်
ဒါက ဒီလို ရှိပါတယ် ဟိုဟာက ဟိုလိုရှိပါတယ် ဟိုဟာလေ အဲဒါထင်ပါတယ် သိသလိုလို မသိသလိုလိုပဲ
ဟုတ်မယ်ထင်တာပဲ မဟုတ်ဘူးမို့လားဟင် သိပ်တော့မသိဘူး သေတော့သေချာလောက်ပါတယ်
ဟိုဟာကြောင့် ဟိုဟာလုပ်ရတာပါ အဝှာပြုလို့ ...
အဝှာဖြစ်သွားတာမို့လား
ဟုတ်ရဲ့လားမသိဘူး ကျနော့်ကိုမှတ်မိလား
မမှတ်မိဘူးထင်တယ်
ရန်ကုန်ကမို့လား
ဪမန်းလေးကလား ထင်တော့ထင်သားပဲ ရင်းရင်းနီးနီးတွေ့ဖူးတယ်လို့
အရင်အိမ်ထောင်နဲ့ပဲ
ဪဟုတ်သား လူပျိုကြီးပဲ
ဒါဆ်ု မိန်းမ မရသေးဘူးပေါ့
ဟုတ်တယ်မို့လားငင်
အဲဒါဆို သိန်း ၅၀၀ လောက် ခဏချေးပါလားဂျာ
လင်းဝေ
May u all happy
#အစိုးရ၊ပြည်သူ၊ပြည်သူ့စစ်သားနှင့်အနာဂတ်မြန်မာနိုင်ငံတော် (07.02.2015)
#အစိုးရ၊ပြည်သူ၊ပြည်သူ့စစ်သားနှင့်အနာဂတ်မြန်မာနိုင်ငံတော် (07.02.2015)
 မြန်မာနိုင်ငံ တိုးတက်ပြောင်းလဲဖို့ ကမ္ဘာ့အလည် မျက်နှာမငယ်ဖို့ အနာဂတ်မြန်မာနိုင်ငံဟာ အစိုးရ၊ ပြည်သူနှင့်ပြည်သူ့စစ်သား ကျနော်တို့အားလုံး တဦးချင်းစီရဲ့ လက်ထဲမှာ ရှိနေပါတယ်။
 နိုင်ငံရေးဆိုတာ နိုင်ငံသားတယောက်ချင်းစီရဲ့ ကောင်းမှု၊ ဆိုးမှု၊ လွပ်လပ်မှု၊ တရားမျှတမှု၊ လုံခြုံမှု၊ အေးချမ်းမှု၊ အလုပ်အကိုင် ဟူသမျှတို့သည် နိုင်ငံသားတိုင်းရဲ့ နိုင်ငံရေး ဖြစ်တဲ့အတွက် နိုင်ငံသားတိုင်းဟာ နိုင်ငံရေးကို စိတ်ဝင်စားရမယ် ။ စနစ်ဆိုးကြောင့် ပြည်သူရော စစ်သားတွေပါ ဒုက္ခရောက် အမုန်းပွားရတာပါ။ မကောင်းတဲ့စနစ်ဆိုးတွေကို ပြင်သင့်တာပြင် တိုက်ဖျက်သင့်တာ တိုက်ဖျက် နိုင်ငံတိုးတက်အောင် အတူလက်တွဲပြီး ဝိုင်းဝန်း ကြိုးစားကြရပေလိမ့်မယ်။
 တိုင်းပြည်နဲ့လူမျိုးအပေါ် စေတနာမထား တန်ဖိုးမထားသော ဉာဏ်တိမ်သော အမြင်ကျဉ်းသော တကိုယ်ကောင်းသမား တဘို့တည်းသမား အဏာရှင်များနဲ့ အာဏာရှင်ဖော်လန်ဖားများအဖို့ ပရဟိတအလုပ်နှင့် နိုင်ငံရေးအလုပ်ဆိုတဲ့ ဝါဟာရတွေဟာ မခံမရပ်နိုင်ဖွယ် မနှစ်မြို့ဖွယ်  စကားလုံးများသာ
ဖြစ်နေပေလိမ့်မည်။
ကျနော်သိသလောက်ကတော့ ပြည်သူတွေ စစ်သားကို မုန်းတယ်မုန်းတယ်ဆိုပြီး ပြောနေကြတယ်ဆိုတာ ၀ါးလုံးရှည်နဲ့ရမ်းပြီး စစ်သားတိုင်းကိုပြောတာတော့မဟုတ်ပါဘူး။ ပြည်သူမုန်းတဲ့ စစ်သားဆိုတာ လက်နက်အာဏာအားကိုးနဲ့ ပြည်သူကို ဖိနှိပ်၊ တိုင်းပြည်ကို ဆင်းရဲတွင်းနက်သည်ထက်နက်အောင်လုပ် တိုင်းပြည်သယံဇာတတွေ အမြတ်ကြီးစားနေတဲ့ သူပုန်လို ဓါးပြလို အစိုးရတွေကိုဖား သူတို့ခိုင်းတာကို ဘာမှမစဉ်းစားပဲလုပ် အာဏာရှင်တွေနဲ့ပေါင်းပြီး ပြည်သူကို ဂုတ်သွေးစုတ်နေတဲ့ စစ်သားအတုအယောင်တွေကို ပြောကြတာပါ။ ပြည်သူကို ချစ်တဲ့ စေတနာထားတဲ့ ပြည်သူ့စစ်သားစစ်တွေကို ပြည်သူကချစ်ပြီးသားပါ ။
 ဒါဟာ ယုတ်မာတဲ့ခေါင်းဆောင်၊ မကောင်းတဲ့အစိုးရကြောင့် ပြည်သူနဲ့စစ်သား အထင်လွဲကြရတာပါ။ အဓိကက စနစ်ပါပဲ။ စစ်သားပဲ အစိုးရလုပ်လုပ်၊ အရပ်သားပဲအစိုးရလုပ်လုပ် ဥပဒေမကောင်း၊ ပညာရေးမကောင်း၊ စီးပွားရေးမကောင်း၊ စနစ်မကောင်း၊ တရားမျှတမှုမရှိလျှင် တဘို့တည်းစာကြည့်တတ်တဲ့ အစိုးရဆိုလျှင် တိုင်းပြည်လည်း မတိုးတက်နိုင်သလို ပြည်သူကလည်း အစိုးရတရပ်က်ု ချစ်ကြမှာမဟုတ်ပါဘူး။
တဖက်နဲ့တဖက် အပြုသဘော မပြောဘဲ တစ်ဦးကိုတစ်ဦး အပုပ်ချအမြတ်ထုပ်နေတဲ့လူတွေကတော့ ဘယ်ခေတ်မှာဖြစ်ဖြစ် ရှိနေကြမှာပါပဲ။ ကျနော်တို့ဟာ နှစ်ဖက်မျှပြီး ရှုထောင့်ပေါင်းစုံက တွေးပေးပြီး နိုင်ငံတိုးတက်ရာ တိုးတက်ကြောင်းကို ပြောကြလုပ်ကြရပါလိမ့်မည်။
ကျနော်က သာမန်တောင်သူလယ်သမားသား ပြည်သူတယောက်အနေနဲ့ နှစ်ဖက်မျှတွေးပါတယ်။ စစ်သားက စစ်သားတာဝန်ကျေရပါမယ်၊ အစိုးရက အစိုးရတာဝန်ကျေရပါမယ်၊တရားသူကြီးက တရားသူကြီးတာဝန် ကျေရပါမယ်၊ ဆရာဝန်က ဆရာဝန် တာဝန်ကျေရမယ်၊ အင်ဂျင်နီယာက အင်ဂျင်နီယာတာဝန်ကျေရမယ်၊ ကျောင်းဆရာက ကျောင်းဆရာ တာဝန်ကျေရမယ်၊ ကျောင်းသားက ကျောင်းသားတာဝန်ကျေရပါမယ်၊ လယ်သမားက တာဝန်ကျေရပါမယ်၊ဝန်ထမ်း ၀န်ထမ်းတာဝန်ကျေရမယ် အားလုံးဟာ ကိုယ့်တာဝန်ကိုကျေရပါမယ်။
၀န်ကြီးဌာနတိုင်းမှာ သူ့နေရာနဲ့သူ သင့်တော်တဲ့ ထူးချွန်သူတွေ ခန့်အပ်ပြီး စီမံခွင့် လုပ်ပိုင်ခွင့်တွေ ဆုံးဖြတ်ခွင့်တွေ ပေးရမယ်။ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေမှာ သူ့နေရာဌာနဲ့ မဆိုင်တဲ့ သူ မကျွမ်းကျင်မတတ်ကျွမ်းသူတွေ မခန့်သင့်ပါဘူး။
လယ်သမား တိုင်းပြည်သီးနှံ အထွက်တိုးအောင် အရည်အသွေးမြင့်မားအောင် ကြိုးစားရမယ်။
ကျောင်းသား ကိုယ့်ပညာရေးတိုးတက် မြင့်မားအောင် ကြိုးစားရမယ်။
စစ်သား တိုင်းပြည်ကာကွယ်ဖို့ စစ်ပညာတိုးတက်ဖို့ ၊ စစ်လက်နက်ပစ္စည်းအဆင့်မီ ထုပ်လုပ်နိုင်အောင် ကြိုးစားရမယ်။
 တရားသူကြီးတွေက နိုင်ငံတကာ တရားဥပဒေတွေနဲ့ ယှဉ်ပြီး မြန်မာပြည်နဲ့ သင့်တော်မည့် တရားဥပဒေတွေရေးဆွဲ ကျောသားရင်သားမခွဲခြားဘဲ တရားဥပဒေစိုးမိုးရေး တိုးတက်အောင် ကြိုးစားရပါမယ်။
ဆရာဝန်တွေက တိုင်းပြည်ကျန်းမာရေး မြင့်မားအောင် ကြိုးစားရမယ်။
အင်ဂျင်နီယာတွေက တိုင်းပြည် ဆောက်လုပ်ရေး စက်မှုလက်မှု တိုးတက်အောင် ကြိုးစားရမယ်။
ဆရာဆရာမတွေက တိုင်းပြည် ပညာရေးတိုးတက်အောင် ကြိုးစားရမယ်။
၀န်ထမ်းတွေအားလုံးဟာ အကျင့်မပျက် လာဘ်မယူချမစားကြဘဲ တိုင်းပြည်တာဝန်ကို ကြိုးစားထမ်းဆောင်ရမယ်။
အစိုးရက အထက်ပါ ကဏ္ဍအသီးသီး အဆင်ပြေအောင်၊ တိုင်းပြည်တိုးတက်အောင် ပြည်သူတွေ အဆင်ပြေအောင် မူဝါဒကောင်းတွေချမှတ်အကောင်အထည်ဖော်ပြီး  ကြိုးစားပံ့ပိုးဆောင်ရွက်ပေးရမယ်။
အားလုံးဟာ ကိုယ့်နေရာနဲ့ကို ကြိုးစားရပါမယ် ။ ကိုယ့်နဲ့မဆိုင်တဲ့ သူများအလုပ်တွေမှာ ၀င်ရောက် မစွက်ဖက်သင့်ပါဘူး။ မရှုပ်သင့်ပါဘူး ။အားလုံးဟာ ကိုယ့်နေရာနဲ့ကို ကိုထူးချွန်တဲ့နေရာတွေမှာ ရှိရပါမယ်။
အရေးကြီးဆုံးက ပထမဆုံး ကိုယ်ကိုယ်တိုင်အရင်ကောင်းအောင်ကျင့်ရမယ် ရိုးသားဖြောင့်မတ်ရမယ်၊အမှန်တရားမြတ်နိုးရမယ်။ကိုယ့်မိသားစု ကိုယ့်ပတ်ဝန်းကျင်လည်း အဲလိုဖြစ်အောင် စွမ်းဆောင်ရမယ်။မိမိတော်တာကောင်းတာကိုလည်း အလုပ်နဲ့  သက်သေပြနိုင်ရမယ်။
 မြန်မာနိုင်ငံသား တိုင်းရင်းသား ညီကိုတွေ အချင်းချင်းတော့ သူပုန်တွေ၊ တပ်မတော် တွေ မပြောချင်ပါဘူး။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စသည်ဖြင့် ဘယ်တိုင်းရင်းသား ဘယ်ပြည်သူ ဘယ်စစ်သားမှ အကျိုးမဲ့ မသေစေချင်ပါဘူး။ ငြိမ်းချမ်းရေး အရင်ရရင်ပဲ ကျေနပ်ပါတယ်။ ဒါဟာလည်း ခေါင်းဆောင်တွေရဲ့ တရားမျှတမှု ရိုးသားဖြောင့်မှန်မှုအပေါ် မူတည်ပါတယ်။
ကျနော်တို့ အသက်အရွယ်နဲ့ တွေးတတ်သလောက်တော့အရည်အချင်းမရှိ တိုင်းပြည်တိုးတက်အောင် မလုပ်နိုင်၊ ပြည်သူက သဘောမတူတဲ့သူ ဘယ်သူမှ နေရာမရစေချင်ပါဘူး။ ပြည်သူသဘောတူတဲ့ အရည်အချင်းရှိတဲ့ ခေါင်းဆောင်စစ်စစ်ကိုသာ နေရာရစေချင်တာပါ။
 လူတိုင်းက နေရာတိုင်းမှာ မတော်နိုင်ပါဘူး။ သူ့နေရာနဲ့သူတော် ကြတဲ့သူချည်းပါပဲ။
သူ့နေရာနဲ့သူ အရေးကြီးတဲ့ မရှိမဖြစ် လိုအပ်တဲ့ သူချည်းပါပဲ။ နေရာတကာ ၀င်ပါချင်လို့တော့ မဖြစ်ပါဘူး။ လူမှန်နေရာမှန်တွေ မြန်မြန်ဖြစ်ပါအောင် ကြိုးစားကြရမယ်။
တိုးတက်နေတဲ့နိုင်ငံတွေနဲ့ယှဉ်ကြည့်ရင် ဒီ အနှစ် ၂၀ အတွင်းမှာ ပညာရေး၊ ဥပဒေ၊ ကျန်းမာရေး၊ စက်မှုလက်မှု၊ စီးပွားရေး  အစစအရာရာ နိမ့်ကျပြီးရင်းနိမ့်ကျ မျက်နှာငယ်ခဲ့ရတာ သိသာပါတယ်။
လူတိုင်းဖြောင့်မတ်ရိုးသားရမယ် ကြိုးစားရမယ်။ မဖြောင့်မတ်မရိုးသားတဲ့သူ ချောင်နှိုက်နေသူတွေရှိနေသမျှ ဘယ်တော့မှ မတိုးတက်ဘူး။ အဲဒီလို လူတွေကိုလည်း တိုက်ဖျက်ရမယ်။
ကျနော်တို့ နိုင်ငံကောင်းဖို့ အရေးကြီးဆုံးက ခေါင်းဆောင်ကောင်း အစိုးရကောင်းနဲ့ နောက်လိုက်ကောင်း ပြည်သူကောင်း/စစ်သားကောင်းတွေ လိုပါတယ်။ ဒါပေမယ့် ခေါင်းဆောင်ပိုင်းက ပိုအရေးကြီးပါတယ်
ခေါင်းဆောင်ကောင်းမရှိဘဲ နောက်လိုက်ကောင်းတွေ မရှိနိုင်ပါဘူး။
အနည်းဆုံး စင်္ကာပူနိုင်ငံလောက်တိုးတက်စေချင်ရင်တောင် စင်္ကာပူအစိုးရ ဘယ်လိုတိုင်းပြည်စီမံခန့်ခွဲသလဲ စင်္ကာပူရဲ့ ဥပဒေ၊ ပညာရေး ၊စီးပွားရေးစနစ်တွေ လေ့လာ အတုယူသင့်တယ်။ ပြီးတော့ သူတို့ထက်ပိုကြိုးစားရလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့က အများကြီးနောက်ကျနေလို့ပဲ။
ဒါတွေကို ကျနော်တို့နဲ့မဆိုင်ဘူးဆိုပြီး လက်ပိုက် ကြည့်မနေကြဘဲ အားလုံးဝိုင်းဝန်းကြိုးစားရပါလိမ့်မယ်။
ဒါဟာ နိုင်ငံသားအားလုံးနဲ့ ဆိုင်သလို ကျနော်တို့ရဲ့ သားမြေးတွေအတွက်လည်း အရေးကြီးပါတယ်။
နိုင်ငံတိုးတက်ဖို့ နောက်လိုက်ကောင်း ပြည်သူနဲ့ စစ်သားတွေရဲ့ အခန်းက လည်း အရေးကြီးပါတယ်။ နောက်လိုက်ကောင်းမရှိဘဲ ခေါင်းဆောင်ကောင်းတွေ ဖြစ်မလာနိုင်ပါဘူး။
ဆိုးသွမ်းတဲ့ ခေါင်းဆောင်တွေက ခေါင်းဆောင်ဆိုးရဲ့ နောက်လိုက်ကောင်းတွေဖြစ်ခဲ့ကြလို့ သူတို့လဲ ခေါင်းဆောင်ဆိုးတွေ ဖြစ်လာကြတာပါပဲ။ သူတို့သာ ခေါင်းဆောင်ကောင်းရဲ့ နောက်လိုက်ကောင်းတွေဖြစ်ခဲ့ရင် ဒီလိုပြဿနာတွေ ဖြစ်စရာမရှိပါဘူး။ ကျနော်တို့နိုင်ငံလည်း အတော်တိုးတက်နေလောက်ပါပြီ။
ခေါင်းဆောင်ဆိုးကတော့ ဘယ်ခေါင်းဆောင်ကြီးတွေကစခဲ့တယ်ဆိုတာ အားလုံးသိပြီးသား ဖြစ်ပါလိမ့်မယ်။ တကယ်တော့ နောက်လိုက်ကောင်းဆိုတာလည်း ခေါင်းဆောင်က မဟုတ်တာတွေခိုင်းနေလုပ်နေရင် မလုပ်ရဘူး ဆက်မလိုက်ရပါဘူး။ ဒါမှ နောက်လိုက်ကောင်း ပီသပါမယ်။
 ဥပမာ မိသားစုတခုလိုပေါ့။အဖေက မကောင်းတာလုပ်တာ လွန်လာရင် သားသမီးတွေက ပြန်ပြောကြရတာပါပဲ။ အဖေက မူးရူးအရက်သောက်ဖဲရိုက် ခိုးဆိုးဓါးပြတိုက်တိုင်း သားသမီးကလိုက် မလုပ်ရပါဘူး။ အဲဒီလိုပဲ ဆိုးသွမ်းတဲ့ အဖေကမွေးပေမယ့် ဆရာဝန်၊ အင်ဂျင်နီယာ၊ ပညါတတ်၊ ပညါရှင်တွေဖြစ်လာကြတဲ့ သားမီးကောင်းတွေ ရှိပါတယ်။ ဒါပေမယ့် မိဘမကောင်း သားသမီးခေါင်းဆိုသလို ပတ်ဝန်းကျင်ကတော့ ကဲ့ရဲ့မှာပါပဲ ။ ဒါတွေကို ပြန်ရန်ဖြစ်နေရင် ကိုယ့်ပဲ အထင်ပိုသေးသွားမှာပေါ့။
ဒါကို သားသမီးတွေက သည်းခံပြီး အားလုံးလက်ခံလာအောင်ကြိုးစားပြရင်း မိဘဂုဏ်ကို အဖတ်ဆည်ရမှာပေါ့ဗျာ။ ဒါမှ ဪ အဖေကသာ ဆိုးတာ သားသမီးတွေ လိမ္မာကြတယ်လို့ လူတွေက အသိအမှတ်ပြုကြမှာပေါ့။ အဲဒီလိုမဟုတ်ဘဲ အရွဲ့တိုက်နေမယ်ဆိုရင်တော့  အောင်မလေး အဖေကဒီလောက်ဆိုးမှတော့ ဒီထက်ဆိုးတဲ့သားသမီးပဲ ဖြစ်မှာပေါ့လို့ ပဲ အကဲ့အရဲ့ခံရမှာပါပဲ။
နိုင်ငံတခုဆိုတာလည်း မိသားစုကြီးမို့ နိုင်ငံရေးဆိုတာလည်း ဒီသဘောပဲလို့ ကျနော်ကတော့ တွေးမိတယ်။ မကောင်းတာ အပြောမခံချင်ရင် အကောင်းပြောလာကြတဲ့အထိ ကောင်းအောင် လုပ်ပြကြဖို့ လိုပါတယ်။
 ခဏခဏ ရက်စက်မှုတွေနဲ့ အလိမ်ခံရပေါင်းများတော့ ပြည်သူတွေဟာ တပ်မတော်အပေါ် သံသယကြီးခဲ့တာလည်း အပြစ်လို့ပြောလို့မရပါဘူး။ ခေါင်းဆောင်တွေအားလုံး အမြော်မြင်ကြီးပြီး ငါဆိုတဲ့ အတ္တတွေလျော့ ကိုယ်ကျိုးအတွက်ပဲ မကြည့်ဘဲ သဘောထားကြီးဖို့ လိုပါတယ်။ ပြီးတော့ အရေးကြီးဆုံးက မြန်မာပြည်တိုးတက်စေချင်တဲ့ စေတနာကောင်းအားလုံးမှာရှိတယ် ဆိုရင်တော့ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ဒါကလည်း ဖြစ်နိုင်ချေ တော်တော်တော့နည်းနေပါသေးတယ်။ မြန်မာပြည်အနေနဲ့ ပြင်စရာတွေလုပ်စရာတွေ အများကြီးပါ။ ဒါတွေ တကယ်အကောင်အထည်ဖော်ပေးမယ့် ဒီမိုကရေစီ အစိုးရတရပ် ထွက်ပေါ်လာဖို့ လိုအပ်တယ်။
 ဒီမိုကရေစီ အစိုးရကောင်းတစ်ရပ်ဖြစ်ပေါ်လာဖို့ဆိုရင် အစိုးရလွှတ်တော်အမတ်တွေရဲ့ ၁၀၀% ဟာ ပြည်သူ့တွေရဲ့ဆန္ဒနဲ့ ရွေးချယ်တင်မြှောက်ထားတဲ့ လူတစ်စုကိုမျက်နှာမမူပဲ ပြည်သူတွေကို မျက်နှာမူတဲ့ လွှန်တော်အမတ်တွေ ဖြစ်ဖို့လိုပါတယ် ။ အစိုးရတစ်ရပ်ဟာ လုပ်ပိုင်ခွင့်အာဏာ ၁၀၀% အပြည့်အဝရမှသာ တိုင်းပြည်တိုးနက်ရေးကို ၁၀၀% အပြည့် အကောင်အထည် ဖော်ဆောင်ခွင့်ရမှာပါ။
 ခုဆိုရင် 2008 ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်ထဲမှာ ပြည်သူ့ဆန္ဒနဲ့ရွေးချယ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ် ၇၅% သာ ရွေးချယ်ခွင့်ရှိပါတယ်။ ကျန် ၂၅% ကို တပ်မတော် ကိုယ်စားလှယ်တွေက ပြည်သူ့ဆန္ဒမပါဘဲ အလိုလျောက် နေရာယူခွင့်ရနေပါတယ်။ မဲခွဲဆုံးဖြတ်ရာမှာလည်း ၇၅% ကျော်မှသာ အနိုင်ရမည် ဖြစ်သဖြင့် တက်လာသမျှ အစိုးရတိုင်းဟာ ပြည်သူ့ဆန္ဒအတိုင်း ၁၀၀% ဆုံးဖြတ်ဖို့ မဖြစ်နိုင်ပါဘူး။ ၁၀၀% လုပ်နိုင်ဖို့ဆိုရင် အဲဒီ ၂၅% ကို ဖယ်ထုတ်မှ ဖြစ်မှာပါ။
  အဲဒါကြောင့်တက်လာတဲ့ အစိုးရတိုင်းဟာ 2008 ဖွဲ့စည်းပုံအခြေံဥပဒေကို ပြင်ဖို့ ကြိုးစားရပါမယ်။ 2008 ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဖို့ကလည်း တပ်မတော်ကိုယ်စားလှယ် ၂၅% ထဲက အနည်းငယ်က သဘောတူဖို့လိုပါတယ်။ ဒါကလည်း ကာချုပ်အပါ်မှာပဲ မူတည်နေပါတယ် ။ အဲဒီ ၂၅% က ဘာလုပ်လုပ် အကုန်ထကန့်ကွက်မယ်ဆိုရင်လည်း ဘာမှလုပ်လို့မရပြန်ဘူး ။
 အဲဒါကြောင့် 2008 ဖွဲ့စည်းပုံဥပဒေကို မပြင်မချင်း ၁၀၀% ဒီမိုကရေစီ မရနိုင်သလို တက်လာတဲ့အစိုးရတိုင်းကလည်း ၁၀၀% စွမ်းဆောင်နိုင်ခွင့် ရမှာမဟုတ်ပါဘူး ။
မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍတွေကလည်း အားရစရာ မရှိသေးဘူး။ ပြီးတော့ မြန်မာလူမျိုးတွေရဲ့ စိတ်ဓာတ်တွေ စည်းကမ်းတွေ ၀န်ထမ်းတွေရဲ့ အကျင့်ပျက်ချစားမှုတွေ ဒါတွေကို ဥပဒေကောင်းကောင်းနဲ့ အရင်ဆုံးစတင်ရမယ်။ ဥပဒေကလည်း ပြည်သူတွေ လက်ခံသဘောတူပြီး သူတောင်းစားကနေ သမ္မတထိလေးစားဖို့လုပ်ရမယ်။ ယခုလာမည့် ရွေးကောက်ပွဲမှာလည်း NLD ဒီမိုကရေအစိုးရပဲ ပြန်တက်လာဖို့ အရေးကြီးတယ်။ ဒါကလည်း ပြည်သူတွေအပေါ်အများကြီး မူတည်တယ်။
လူအမျိုးမျိုး စိတ်အဖုံဖုံပေါ့ ဗျာ ကိုယ်ဖြစ်စေချင်သလိုချည်းမျှော်လင့်လို့တော့ မရနိုင်ဘူးပေါ့။ ဒါပေမယ့် ကိုယ်ယုံကြည်ရာကိုချည်း အတင်းဆုပ်ကိုင်ပြီး ဖင်ပိတ်ငြင်း တယောက်အတင်းတယောက် တုပ်နေကြလို့လဲ မဖြစ်ဘူး။ တိုင်းရင်းသား၊ ပြည်သူ၊ တပ်မတော် အားလုံးအတွက် တရားမျှတသော အသင့်တော်ဆုံးသောလမ်းအတွှက် တယောက်နဲ့တယောက် လျော့သင့်တာလျော့ အဖြစ်သင့်ဆုံးကို လုပ်ဆောင်နိုင်ကြဖို့ လိုတယ်။
 ယုံကြည်မှုကတော့ အရေးကြီးဆုံးပဲ ပြည်သူနဲ့ တပ်မတော်၊ တပ်မတော်နဲ့ တိုင်းရင်းသား ၊ တိုင်းရင်းသားနဲ့ ပြည်သူ ၊ ပြီးတော့ ပြည်သူအချင်းချင်း၊ တပ်မတော်သားအချင်းချင်း ယုံကြည်မှု အချင်းဝက်တွေ ကျယ်ပြန့်လာဖို့လိုတယ်။ ဒါကလည်း ဥပဒေကောင်းတခုအောက်မှာ မှန်မှန်ကန်ကန် လုပ်ကြမှ ဖြစ်မှာပါ။ တဦးကိုတဦး သဘောထားမကြီးဘူး ထပ်ပြီးလိမ်လည်နေကြဦးမယ်ဆိုရင် ယုံကြည်မှုဟာ တည်ဆောက်ဖို့မလွယ်ပါဘူး။
 လက်ရှိအစိုးရအနေနဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ သဘောထားတွေ အခြေခံလိုအပ်ချက်တွေကို သေချာနားလည်စဉ်းစားပေးပြီး ရွေးကောက်ပွဲကိုလည်း သတ္တိရှိစွာ တရားမျှမျှတတ လုပ်ပေးဖို့လိုသလို ၂၀၀၈ ဖွဲ့စည်းပုံကိုလည်း အနည်းနဲ့ အများ ပြည်သူဆန္ဒအတိုင်း ပြုပြင်နိုင်ဖို့ လိုပါတယ်။
 တပ်မတော်အနေနဲ့လည်း ပြည်သူအပေါ် ကျူးလွန်ခဲ့တဲ့ အပြစ်တွေအတွက် အမည်းစက်ကို ဆေးကြော ပြည်သူချစ်တဲ့ တပ်မတော်အဖြစ် ပြောင်းလဲပေးဖို့ အချိန်ကျပြီလို့လဲ ထင်ပါတယ်။ ရှေ့ဆက်ရမယ့် မြန်မာပြည်ရဲ့ တိုးတက်ရေးခရီးမှာ ပြည်သူနဲ့ လက်တွဲဖို့ ကောင်းမွန်မြင့်မြတ်တဲ့ တပ်မတော် တစ်ခုဟာ အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုအနေနဲ့ ရှိနေပါတယ်။ တပ်မတော်သားတွေ အနေနဲ့လည်း ပြည်သူကနေ ဖြစ်လာတဲ့ ပြည်သူ့ရင်သွေးတွေ ဖြစ်သည်နဲ့ အညီ ပြည်သူအပေါ် နောက်ထပ် အမည်းစက်တွေ ထပ်မစွန်းထင်းအောင် ပြည်သူချစ်သော ပြည်သူ့စစ်သားတွေ ဖြစ်အောင် ကြိုးစားကြပါ။ အမှန်တရားကို မြင်နိုင်အောင် ကြိုးစား အမှန်တရားကို လက်ခံ အမှန်တရားဖက်က ရပ်တည် ပြည်သူနဲ့ပြည်သူ့စစ်သားတွေ နွေးထွေးစွာလက်တွဲ မကောင်းတဲ့အာဏာရှင်စနစ်ဆိုးကို ဖြုတ်ချ ဒီမိုကရေစီလမ်းကြောင်းမှာ မြန်မာပြည်ကြီးကို အတူတကွ ကယ်တင်နိုင်ကြပါစေ။
တိုင်းပြည်တိုးတက်စေချင်တဲ့ စေတနာအရင်းခံပြီး ကျနော့်အသိနဲ့ အဖက်ဖက်က နေ မျှတအောင်စဉ်းစား သုံးသပ် ကျနော်တွေးတတ်သလောက် ကျနော်ရေးခြင်း ဖြစ်ပါသည်။ မည်သူမဆို ဆွေးနွေးဝေဖန်နိင်ပါသည်။ အမှားအယွင်းများပါခဲ့လျှင်တောင် ကျနော့်ယုံကြည်ချက်နဲ့ ကျနော့် မရင့်ကျက်မှုများသာ ဖြစ်ပါတယ်။
လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်) (07.2.2015)တကနိုင်သလို ပြည်သူကချစ်မှာ မဟုတ်ပါဘူး။
တဖက်နဲ့တဖက် အပြုသဘော မပြောဘဲ တဦးကိုတဦး အပုပ်ချ အပုတ်ချ အမြတ်ထုပ်နေတဲ့လူတွေက ဘယ်ခေတ်ဖြစ်ဖြစ်ရှိနေမှာပဲ။ ကျနော်တို့ ဟာ နှစ်ဖက်မျှပြီး ရှုထောင့်ပေါင်းစုံက တွေးပေးပြီး နိုင်ငံတိုးတက်ရာ တိုးတက်ကြောင်းကို ပြောကြလုပ်ကြရပါမယ်။
ကျနော်က သာမန်လယ်သမားသား ပြည်သူတယောက်အနေနဲ့ နှစ်ဖက်မျှတွေးပါတယ် စစ်သားက စစ်သားတာဝန်ကျေရပါမယ်၊ အစိုးရက အစိုးရတာဝန်ကျေရပါမယ်၊တရားသူကြီးက တရားသူကြီးတာဝန် ကျေရပါမယ်၊ ဆရာဝန်က ဆရာဝန် တာဝန်ကျေရမယ်၊ အင်ဂျင်နီယာက အင်ဂျင်နီယာတာဝန်ကျေရမယ်၊ ကျောင်းဆရာက ကျောင်းဆရာ တာဝန်ကျေရမယ်၊ ကျောင်းသားက ကျောင်းသားတာဝန်ကျေရပါမယ်၊လယ်သမားက တာဝန်ကျေရပါမယ်၊ဝန်ထမ်း ၀န်ထမ်းတာဝန်ကျေရမယ် အားလုံးဟာ ကိုယ့်တာဝန်ကိုကျေရပါမယ်။
ကျောင်းသား ကိုယ့်ပညာရေးတိုးတက် မြင့်မာအောင် ကြိုးစားရမယ်။
အစိုးရက တိုင်းပြည် တိုးတက်အောင် ပြည်သူတွေ အဆင်ပြေအောင် ကြိုးစားဆောင်ရွက်ပေးရမယ်။
အနည်းဆုံးစင်္ကာပူနိုင်ငံလောက်တိုးတက်စေချင်ရင်တောင် စင်္ကာပူအစိုးရ ဘယ်လိုတိုင်းပြည်စီမံခန့်ခွဲသလဲ စင်္ကာပူ ဥပဒေ၊ ပညာရေး ၊စီးပွားရေးစနစ်တွေ လေ့လာ အတုယူသင့်တယ်။
ဒါတွေကို ကျနော်တို့နဲ့မဆိုင်ဘူးဆြိုပီး လက်ပိုက် ကြည့်မနေကြပဲ အားလုံး ဝိုင်းဝန်းကြိုးစားရပါလိမ့်မယ်။
ဒါတွေပြန်ရန်ဖြစ်နေရင်ကိုယ့်ပဲ အထင်ပိုသေးသွားမှာပေါ့။
ဒါမှ ဪ အဖေကသာ ဆိုးတာ သားသမီးတွေ လိမ္မာကြတယ်လို့ လူတွေက အသိအမှတ်ပြုမှာပေါ့ဗျာ။
နိုင်ငံတခုဆိုတာလည်း မိသားစုကြီးမို့ နိုင်ငံရေးဆိုတာလည်း ဒီသဘောပဲလို့ ကျနော်ကတော့ တွေးတယ် မကောင်း အပြောမခံချင်ရင် အကောင်းပြောလာကြတဲ့အထိ ကောင်းအောင် လုပ်ပြရမယ်လို့ တွေးမိတယ်ဗျာ။
လင်းဝေ
Saturday, February 14, 2015
ရိုးသားဖြောင့်မတ်တဲ့လူ
တချို့တချို့သော
လူတွေက
အမှန်တရားဆိုတာကို
ကြောက်ကြတယ်
အမှန်တရားကိုထောက်ပြပြီး
သူတို့အမှားကို
နည်းနည်းဝေဖန်လိုက်ရင်ကိုပဲ
ဆတ်ဆတ်ခါအောင်
နာတတ်ကြတယ်..
အဲဒီလူတွေကတော့
မဟုတ်တာ မမှန်တာကို
ခိုးကြောင်ခိုးဝှက် တမျိုး
မျက်နှာပြောင်ပြောင် တမျိုး
လုပ်နေကြတဲ့သူတွေပဲ..
ရိုးသားဖြောင့်မတ်တဲ့လူက
အဝေဖန်ခံရဲတယ်
ထိပ်တိုင်ရင်ဆိုင်ဖြေရှင်းရဲတယ်
အမှားကိုထောက်ပြရင်လည်း ပြင်ဖို့ဝန်မလေးဘူး..
ငါတို့ဟာ
ရိုးသားဖြောင့်မတ်တဲ့ လူဖြစ်အောင်
ကြိုးစားလေ့ကျင့်ကြရမယ်
ဒါဟာ မြတ်စွာဘုရားရဲ့
အဆုံးအမလည်း ဖြစ်တယ်..
လင်းဝေ
လင်နဲ့မယား
လူလည်ကောင်မှာ
လင်ယောက်ျား/ချစ်သူကို မလေးစားပဲ
အရှက်ကွဲအောင်
ရုပ်ပျက်အောင်
စိတ်ကောက်တတ်တဲ့ မိန်းကလေးတွေက
လောကမှာ
တော်တော်စိတ်ပျက်စရာကောင်းတယ်...
ယောက်ျားဖြစ်သူကလဲ ကို့မိန်းမကို
ဘလိုင်းကြီး ပါဝါပြ
လူလည်ကောင် အရှက်ကွဲအောင်
အော်ငေါက်တာမျိုး
 ရိုက်နှက်တာမျိုးလဲ
စိတ်ပျက်စရာပါပဲ..
လင်းဝေ
မျိုးစေ့ကောင်းတွေ ချဖို့လိုတယ်..
မကောင်းရာမကောင်းကြောင်းတွေကို
မရိုးမသား မဟုတ်မမှန် တွေးတော ပြောဆို လုပ်ကိုင်နေသူတို့အဖို့
...
ကောင်းရာကောင်းကောင်းကြောင်းတွေ
ရိုးသားမှုနဲ့ အမှန်တရားဆိုတာတွေဟာ
နားခါးစရာ အမြင်ကပ်စရာ မခံမရပ်နိုင် ဖြစ်စရာတွေပါပဲ
ဘာပဲဖြစ်ဖြစ်
ကျနော်တို့ဟာ ကောင်းရာမွန်ရာ လုပ်ဖို့ ရိုးသားမှုနဲ့ အမှန်တရားကို မြတ်နိုးတတ်ဖို့ လေ့ကျင့်ရမယ်..
ကျနော်တို့ မျိုးဆက်တွေကိုလည်း
ကောင်းရာမွန်ရာ လုပ်ဖို့
ရိုးသားမှုနဲ့ အမှန်တရားကို မြတ်နိုးတတ်ဖို့ လေ့ကျင့်ပေးရလိမ့်မယ်..
လူငယ်တွေ လူတော်လူကောင်းတွေ ဖြစ်မှ တိုင်းပြည် အဆင့်အတန်း မြင့်မယ်..
လင်းဝေ
အမှန်တရားဟာ
အမှန်တရားဟာ
တခါတရံ
ခါးချင်ခါးလိမ့်မယ်
ဒါပေမယ့်
တန်ဖိုးဖြတ်လို့ မရဘူး...
အမှန်တရားကို
လိမ်ညာ ဖုံးဖိထားခြင်းဟာ
လူ့ကျင့်ဝတ်ကို
ချိုးဖောက်တာပဲ...
လင်းဝေ
နိုင်ငံရေးဆိုတာ
နိင်ငံသားတယောက်ချင်းစီရဲ့
...
နိုင်ငံတိုးတက်အောင် အတူလက်တွဲပြီး ဝိုင်းဝန်း ကြိုးစားကြရလိမ့်မယ်
ပရဟိတအလုပ်နင့် နိုင်ငံရေးအလုပ်ဆိုတဲ့
ဝါဟာရတွေဟာ
စကားလုံးများသာ
ဖြစ်နေပေလိမ့်မည်...
လင်းဝေ
ဗိုလ်ချုပ်ကို အတုယူကြစမ်းပါ
စနစ်ဆိုးအောက်မှာ
အပြစ်မယ့် စစ်သားတွေ
အပြစ်မဲ့ ပြည်သူတွေ စတေးရတာပါ
...
စစ်သားလေးပဲဖြစ်ဖြစ် ကျောင်းသားလေးပဲ ဖြစ်ဖြစ် ပြည်သူကမွေးတဲ့ ပြည်သူ့ရင်သွေးတွေမို့
ဘယ်သူ့မှ
မသေစေချင်ဘူး
အဲဒါ..
အဲဒါ..
ခေါင်းဆောင်တွေ ညံ့လို့ လောဘကြီးလို့
အတ္တကြီးလို့
စေတနာနည်းလို့
ပညာနည်းလို့..
...
...
အဲဒါကြောင့် အိန္ဒိယခေါင်းဆောင်ကြီးဂန္ဒီက ပြောခဲ့တာပေါ့ "လူအားလုံးရဲ့ လိုအပ်ချက်အတွက် ကမ္ဘာကြီးက လုံလောက်တယ်... ဒါပေမယ့် လူတစ်ယောက်ရဲ့ လောဘအတွက်တော့ ကမ္ဘာကြီးက မလုံလောက်ဘူး" တဲ့
သိပ်မှန်တယ်...
ဗိုလ်ချုပ်ကို အတုယူ
ဗိုလ်ချုပ်လို နေပြလိုက်ကြစမ်းပါ
ပြည်သူက
ခင်ဗျားတို့ကို တကယ် မလေးစားရင် ကြိုက်တာပြောပါဗျာ
လင်းဝေ
ချစ်သူများနေ့
ချစ်သူများနေ့ valentine day မှာ ညီညီမလေးများ အလွန်ပျော်ကြပါစေ
အပျော်မလွန်မိကြပါစေနဲ့
မိမိကိုယ်မိမိ တန်ဖိုးထားတတ်သလို မိမိချစ်သူကိုလည်း တန်ဖိုးထားတတ်ကြပါစေဗျာ
...
လင်းဝေ
သူတော်ကောင်းက
သူတော်ကောင်းက
မိမိကိုယ်မိမိ
လေးစားယုံကြည်မှု ရှိသလို
မိမိစိတ်နဲ့နှိုင်းကာ သူတပါးအပေါ်လည်း လေးစားယုံကြည်မှုထား၏..
...
သူယုတ်မာကား
မိမိကိုယ်မိမိ
လေးစားယုံကြည်မှု မရှိသလို
မိမိစိတ်နဲ့နှိုင်းကာ သူတပါးအပေါ်လည်း လေးစားယုံကြည်မှု မထားပေ..
လင်းဝေ
Monday, February 9, 2015
ဒါ ငါတို့ခေတ်
 သူရဲပေါကြောင်တဲ့
 ပညာမဲ့တဲ့
 တာဝန်မဲ့တဲ့
 စည်းကမ်းမဲ့တဲ့
 သတ္တိနည်းတဲ့
 ဇွဲမရှိတဲ့
 ငါတို့ရှေ့က
 လူကြီးတွေကြောင့်
 ငါတို့လူငယ်တွေ
 အောက်ကျ
 နောက်ကျ
 ဖြစ်ခဲ့ရပြီးပြီ...
ငါတို့ခေတ်မှာ
 ငါတို့လူငယ်တွေ
 ငါတို့ရှေ့က
 လူကြီးတွေလို
 သူရဲပေါ မကြောင်ဖို့
 ပညာ မမဲ့ဖို့
 တာဝန် မမဲ့ဖို့
 စည်းကမ်း မမဲ့ဖို့
 သတ္တိ မမဲ့ဖို့
 ဇွဲရှိကြဖို့
 လိုတယ်....
ငါတို့ခေတ်က
 ငါတို့ကိုယ်တိုင်
 ဖန်တီးရမယ့်ခေတ်...
ငါတို့ရဲ့
 မျိုးဆက်သစ်တွေ
 ငါတို့လို
 အောက်ကျ
 နောက်ကျ
 မဖြစ်ဖို့
ငါတို့ ချွေးတွေ ရင်း...
ငါတို့ ဘဝတွေ ရင်း...
ငါတို့ အသက်တွေ ရင်း...
စစ်ဖိနပ်ခြေရင်းက
ရုန်းထွက်..
အမြီးကျက် အမြီးစား
ခေါင်းကျက် ခေါင်းစား
တကိုယ်ကောင်းသမားတွေက
တိုင်းပြည်ကို ရောင်းစား
အစိုးရက
ပြည်သူကို
ယုတ်မာစွာ ရက်စက်
ဒီ...ဖက်ဆစ်ထက်ဆိုးတဲ့
စနစ်ဆိုးကြီးကို ချေမှုန်း..
 ငါတို့ခေတ်ကို
 ငါတို့
 အကောင်းဆုံး
 ထားရစ်ခဲ့ရမယ်...
လင်းဝေ (မုံရွာနည်းပညာ)
စစ်သားကောင်းဆိုတာ
စစ်သားကောင်းဆိုတာ
စစ်သားကောင်းဆိုတာ
တိုင်းပြည်ကို ကာကွယ်ရမယ် ပြည်သူကိုစောင့်လျှောက်ရမယ်
အခွင့်အရေးကိုမကြည့် တာဝန်ပဲကြည့်ပြီး
တိုင်းပြည်နဲ့ လူမျိုးအတွက်ဆို အသက်ပေးဖို့ ဝန်မလေးရဘူး
အဲဒီလိုစိတ်မျိုးနဲ့ပဲ တကယ်ဝါသနာပါမှ တကယ်တိုင်းပြည်အတွက် ပေးဆပ်ရဲမှ စစ်ထဲဝင်သင့်တယ်
အခွင့်အရေးရချင်လို့ စစ်ထဲဝင်တာမျိုး မဖြစ်သင့်ဘူး
ဒါတွေကို မိဘတွေကလည်း နားလည်ရမယ်
ဆယ်တန်းအောင်ပြီးစ လောကကြီးအကြောင်း ဘာမှနားမလည်ရှာသေးတဲ့
ကိုယ့်သားလေးတွေကို ဝါသနာမပါဘဲနဲ့ စစ်ထဲအတင်း မဝင်ခိုင်းသင့်ဘူး
ခုတော့ ကလေးတွေဟာ အသိပညာ အတတ်ပညာတွေ သင်ရမည့် အချိန် မသင်ချင်တာတွေသင် မလုပ်ချင်တာတွေလုပ်ရင်း ဘဝသေသွားကြတဲ့ လူငယ်တွေ ဘယ်လောက်တောင်များနေပြီလဲ..
စနစ်မကောင်းလို့ ကျနော်တို့ စစ်တွေတိုက်နေရတာပါ
စစ်ကိုမုန်းတာထက် စနစ်ကိုမုန်းတာပါ
တကယ်တော့ ဒီစနစ်ကို မကြိုက်ဘူးဆိုပြီး ဒီစနစ်ဆိုးကို သက်ဆိုးရှည်အောင် အားပေးနေကြတာလဲ ဒီပြည်သူတွေပါပဲ
စစ်သားဆိုတာ တပ်မတော်ဆိုတာ တိုင်းပြည်အတွက် မရှိမဖြစ်ပါ
ဒါပေမယ့် သူနေရာနဲ့သူပဲ ရှိသင့်တာပေါ့
ခုတော့ နေရာတကာဝင်ပါလို့ ပြဿာနာတွေက ပိုရှုပ်ထွေးကုန်တယ်
အစိုးရ တရပ်ဟာ သူ့နေရာနဲ့သူ ထူးချွန်တဲ့သူတွေကို လွတ်လပ်စွာ စီမံခွင့် ဆုံးဖြတ်ခွင့်တွေပေးပြီး မြှောက်စားမှ တိုင်းပြည် တိုးတက်မယ်
ခုတော့ မဆိုင်တဲ့ နားမလည် မတတ်ကျွမ်းတဲ့သူတွေက ကန့်လန့်ခံပြီး ချုပ်ကိုင်နေတော့ ပိုပိုဆိုးလာခဲ့တယ်
တကယ် စစ်သားဆန်တဲ့ တိုင်းပြည်အတွက် တကယ်စေတနာထား ပေးဆပ်သွားကြတဲ့ ပေးဆပ်နေကြတဲ့ တကယ့်စစ်သားကောင်းတွေအားလုံးကို တကယ် လေးစားတယ်
ဒါပေမယ့် ကိုယ်ကျိုးပဲကြည့်ုပြည်သူကိုရက်စက်တဲ့ ဓားပြဆန်တဲ့ စစ်သားတွေကိုတော့ ဓားပြတွေထက်ရွံတယ်ဗျာ
တကယ်တော့ စစ်သားဆိုတာလဲ ပြည်သူကနေ ဖြစ်လာတဲ့ လက်နက်ကိုင် ပြည်သူပါပဲ
ဒါကို ယုတ်မာတဲ့ အစိုးရက
စစ်သားနဲ့ပြည်သူဆိုပြီး
ရက်ရက်စက်စက်
သွေးခွဲထားခဲ့ကြတယ်
အကျင့်ပျက်စစ်သားတွေကြောင့် စစ်သားကောင်းတွေပါ နာမည်ပျက်ရတယ်
စစ်သားကောင်းတွေ ပြည်သူတွေနဲ့ ပူးပေါင်းစေချင်တယ်
အကျင့်ပျက် စစ်သားတွေကို နှိုပ်ကွပ် စေချင်တယ်
လူဆိုတာ ကိုယ့်ယုံချက်နဲ့ကိုယ် ရှင်သန်ရမယ် သူများယုံကြည်ချက်ကို အကြိုက်လိုက်လုပ်နေရင် ဖေါ်လန်ဖားဖြစ်သွားမှာပဲ ယုံကြည်ချက်မှန်ဖို့တော့ လိုတာပေါ့..
အထက်ဖားအောက်ဖိ ဖောလျော သာပေါင်းညာစားသမားများမဖြစ်ဖို့ လိုတယ်
ဗိုလ်ချုပ်အောင်ဆန်းလို ရိုးသားမှု/ ပေးဆပ်မှု/စေတနာ/တာဝန်ယူမှု/သတ္တိ/စိတ်ဓာတ်မျိုးတွေရှိတဲ့ စစ်သားကောင်းတွေ
များများလိုတယ်..
ကျနော်တို့ မြန်မာနိုင်ငံကြီး သာယာတိုးတက်အောင်
စစ်သားကောင်းတွေနဲ့ နိုင်ငံသားကောင်းတွေ
အများကြီး လိုအပ်တယ်
လင်းဝေ