Wednesday, December 16, 2015

လယ်သမားအတွေး



လူတယောက်ဟာ စပါးတစ်စီးတစ်ယောက်ထဲမနိုင်ဘူးဆိုပြီး ထိုင်ငြီးနေလို့မှ မရတာ။
တစ်တောင်းချင်းနိုင်သလောက်သယ်ရမှာပေါ့။
ဒါဆို အချိန်တန်ရင် ကိုယ်သယ်ချင်တဲ့စပါးတစ်စီးကို သယ်ပြီးသွားမှာပါ။

ဒီလိုပါပဲ ဘဝမှာ ဖြတ်သန်းတဲ့အခါ ဖြစ်ချင်တာတွေအတွက် မဖြစ်နိုင်သေးတာတွေ မလုပ်နိုင်သေးတာတွေတွေးပြီး ပူပန်နေလို့ အကျိုးမရှိပါဘူး။

ဖြစ်နိုင်တာ ကိုယ်လုပ်နိုင်တာလေးတွေကို ပေါ့ပေါ့ပါးပါး ပုံမှန်ကြိုးစားလုပ်နေရင်း ကိုယ်ဖြစ်ချင်တာတွေကို ဖြေးဖြေးချင်း ပုံဖော်ယူကြရမှာပါပဲ။

မနိုင်ဝန်တွေကို မထမ်းနိုင်လို့ ပူပန်နေမည့်အစား နိုင်တဲ့ဝန်တွေကိုပဲ ကြိုးစားထမ်းပြီး ရည်မှန်းချက်တွေ အကောင်အထည်ဖော်ဖို့လိုတယ်။

ဘဝမှာ စိတ်ချမ်းသာဖို့လည်း အရေးကြီးတယ်ဆိုတာ မမေ့ပါနဲ့။

ပေးကမ်းစွန့်ကြဲပါ။
ကုသိုလ်ကောင်းမှုလုပ်ပါ။
သတ္တဝါတွေ မေတ္တာထားပါ။

ပြီးတော့ ပူပန်မှုတွေကို အဝေးဆုံကိုပို့ထားလိုက်ပါ။

စိတ်ချမ်းသာမှုက ကျနော်တို့်ထံ တံခါးလာခေါက်လိမ့်မည်။

ထိုစိတ်ချမ်းသာမှုနဲ့အတူ အောင်မြင်မှုတွေက ကျနော်တို့ကို လက်ကမ်းကြိုဆိုနေလိမ့်မည်ဟု ကျနော်ယုံကြည်ပါသည်။


လင်းဝေ

Monday, December 14, 2015

...ဆောင်းရာသီအလွမ်း...



ချစ်သူ...
အရင်နှစ်တွေကလိုမျိုး
ဆောင်းရာသီဟာ
နှင်းတွေရွှဲရွှဲစိုလို့ပါပဲ...

နှင်းငွေ့တွေနဲ့အတူ
အေးစက်နာကြင်နေတဲ့
ငါ့နှလုံးသားတစ်စုံကို
မင်း...
မြင်တွေ့နိုင်မယ်မထင်ဘူး...

တနေ့နေ့ဆိုတဲ့
မျှော်လင့်ခြင်းတွေထဲမှာ
ငါ့ရင်ခုန်သံတွေကို
တယုတယ
စိုက်ပျိုးရင်း...

မင်းနဲ့ပြန်ဆုံမယ့်
နေ့တွေဆီ
လွမ်းလျစွာ
မျှော်ရီတမ်းတ...

အထီးကျန်
လမ်းကလေးထဲမှာ
ဆောင်းရာသီနဲ့
နှင်းစက်တွေကို
ဖော်ပြုရင်း...

မင်း...
ပြန်လာမယ့်လမ်း
အလွမ်းတွေထမ်းရင်း
စောင့်နေပါ့မယ်
ချစ်သူ...

လင်းဝေ

ငါ့ကိုပြုံးပြကြတယ်..

...လူသား စစ်စစ်...

ဒီနေ့
ညနေခင်းတွေနဲ့အတူ
လမ်းလျှောက်ထွက်ဖြစ်တယ်...

ခတ်မှိန်မှိန်
လမ်းမီးတိုင်တွေက
ငါ့ကို
အဖော်ပြုလို့...

လေပြေလေညှင်းတွေရဲ့
တီးတိုးသံတွေဟာ
လမ်းမကြီးပေါ်
ဟိုတစ်စဒီတစ်စ
ပြန့်ကျဲနေရဲ့...

လူတချို့က

ဒါပေမယ့်
အဲဒီအပြုံးတွေက
အလျော်အစားမကင်းကြဘူး...

လောဘတွေနဲ့တွန်းတိုက်ရင်း
အရောင်းအဝယ်ဆန်တဲ့
လူတွေရဲ့အပြုံးဟာ
အတ္တတွေ
စွန်းထင်းပေကျံနေရဲ့...

ဒီလောကမှာ
ဟန်ဆောင်ပြကြတာဟာ
ယဉ်ကျေးမှုတစ်ခုအဖြစ်
အမြစ်တွယ်နေကြပြီလား...

အချစ် စစ်စစ်
မေတ္တာတရား စစ်စစ်
အပြုံး စစ်စစ်
ရိုးသားမှု စစ်စစ်
ခင်မင်မှု စစ်စစ်
ပျော်ရွှင်မှု စစ်စစ်
ကူညီမှု စစ်စစ်
ပေးဆပ်မှု စစ်စစ်
မိတ်ဆွေ စစ်စစ်
ရန်သူ စစ်စစ်
ခံစားချက် စစ်စစ်
.....
.......
.......
... စစ်စစ်နဲ့

တကယ်ဆို
ဟန်ဆောင်ခြင်းကင်းတဲ့
လူသား စစ်စစ်
တစ်ယောက်ရဲ့အဖြစ်ကိုပဲ
နှစ်သက်ခုံမင်မိတယ်...

လင်းဝေ
ကျနော်တို့ရှာဖွေထားတဲ့ ချွေးနဲစာလေးတွေထဲက
ဒုက္ခရောက်နေသူ
အားငယ်နေသူ
သီလစင်ကြယ်သူ
တပါးသူတစ်စုံတစ်ဦးအတွက် မွန်မွန်မြတ်မြတ် စေတနာထက်သန်စွာ ပေးကမ်းစွန့်ကြဲလိုက်သော၊လှူလိုက်သောကောင်း မှုသည် ကျနော်တို့ထံမှ မည်သူမှမခိုးယူနိုင်သော ကျနော်တို့နှင့်ထာဝရတည်မြဲနေမည့် ကုသိုလ်အမှန်ဖြစ်ပါသည်။

လင်းဝေ(မုံရွာနည်းပညာတက္ကသိုလ်)

Thinking

တကယ်တော့ ကျနော်တို့ဘ၀တွင် ကျနော်တို့တကယ်ပိုင်ဆိုင်သော ပကတိတန်ဖိုးဆိုသည်မှာ ကျနော်တို့ပြုလိုက်သော ဒါန-ပေးကမ်းစွန့်ကြဲမှု၊သီလ-ကိုယ်ကျင့်တရားစောင့်ထိန်းမှု၊ဘာဝနာ-တရားအားထုပ်မှုဆိုသော ကုသိုလ်များသာလျှင်ဖြစ်သည်။
ကျန်တာအားလုံး သေလျှင်ထားခဲ့ရသည်ချည်းပင်ဖြစ်ပေသည်။

လောကကြီးက သင်ပေးသည်ကိုသာ ပြန်ပေးပါလိမ့်မည်။
ကောင်းတာလုပ်လျှင်ကောင်းတာဖြစ်မည်။
မကောင်းတာလုပ်လျှင်မကောင်းတာဖြစ်မည်။

ထိုကြောင့် မာနမထားကြပါနှင့်လောဘမများကြပါနှင့်၊ဒေါသမပွားကြပါနှင့်။
ကိုယ်ချင်းစာတရားထားပါ၊ရိုးသားစွာနေပါ၊၊ပျော်ရွှင်စွာနေပါ။

လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)

Dammah

မှတ်သားမိတဲ့ တရားတပုဒ်...

(၁)အသေးစိတ် သိရှိခြင်းဟာ ပညာပါ...
ပညာတတ်တစ်ယောက်ဖြစ်ဖို့၊ ထူးချွန်ထက်မြက်တဲ့သူ တစ်ယောက်ဖြစ်ဖို့ မိမိလေ့လာနေတဲ့အရာကို အသေးစိတ် သိရှိနားလည်အောင် ကြိုးစားရမယ်...
အသက်မွေးပညာတစ်ခုခုကို ကျွမ်းကျင်စွာ တတ်မြောက်သွားတဲ့ လူတစ်ယောက်ဟာ ဘယ်လိုသုံးသုံး သုံးမကုန်တဲ့ ရွှေအိုးတစ်လုံးကို ရထားသလိုပါပဲ...
ဘယ်နေရာရောက်ရောက် ထမင်းမငတ်နိုင်တော့ပါဘူး...
ဒါကြောင့် ပညာတတ်အောင် ပညာရှင်ဖြစ်အောင် ကံ၊ ဉာဏ်၊ ဝိရိယ ၃ ပါးလုံးနဲ့ ဇွဲရှိရှိ ကြိုးစားကြရမည် ဖြစ်သည်။

(၂) "ဆရာ" ဆိုတာ အေးမြတဲ့အရိပ်ကို ပေးစွမ်းသူလို့ အဓိပ္ပာယ် ရပါတယ်...
ဆရာတစ်ယောက်ဟာ တပည့်တွေကို အေးမြတဲ့အရိပ် ပေးစွမ်းနိုင်သူဖြစ်အောင် စေတနာ၊ ဝါသနာ၊ အနစ်နာ နာ ၃ နာနဲ့ စောင့်ရှောက်ရမယ်...
လူဆိုတာ ဆရာကောင်းကိုလည်း ရှာတတ်ရမယ်...
ဆရာကောင်းနဲ့ တွေ့တဲ့အခါမှာလည်း နှိမ့်ချပြီး နာခံမှတ်သား သင်ယူတတ်ရတယ်...
သူတပါးရဲ့ ကျေးဇူးတရားကို ဘယ်သောအခါမျှ မမေ့အပ်ပေ...

(၃) မနုဿလူသားဆိုတာ စိတ်ထားမြင့်မြတ်သူလို့ အဓိပ္ပာယ်ရတယ်...
လူတိုင်းဟာ လူပီသအောင် နေထိုင်တတ်ဖို့ လိုတယ်...
ငါတို့ ဘာကြောင့် လူဖြစ်ရသလဲ?
လူတစ်ယောက်ဟာ ရှင်သန်နေထိုင်စဉ်အတွင်းမှာ
၁-လောကကို အကျိုးပြုဖို့ကြိုးစားရမယ်...
၂- ဆွေမျိုး၊ ရပ်ရွာ၊ တိုင်းပြည်ကို အကျိုးပြုဖို့ ကြိုးစားရမယ်...
၃-မိမိကိုယ်ကိုလည်း အကျိုးပြုဖို့ ကြိုးစားရမယ်...

(၄) လူတိုင်းကို မေတ္တာတရားဖြင့် ဆက်ဆံနိုင်အောင် ကြိုးစားဖို့ လိုသလို...
လူတိုင်းကို သည်းခံခြင်းတရားနဲ့ ခွင့်လွှတ်တတ်အောင်လည်း ကြိုးစားရမယ်...

အားလုံး ကောင်းကျိုးတစ်စုံတရာ ရကြပါစေ...

လင်းဝေ

ဒိုင်ယာရီတွေပြန်ဖတ်ခြင်း...



နံနက်ခင်းတိုင်း ငါတို့နိုးထကြတယ်...
အဲဒီနံနက်ခင်းတိုင်းဟာ ရိုးသားဖြူစင်နေဖို့ ကောင်းတာပေါ့...
ခေါင်းမော့ရင်ကော့ ခိုင်ခိုင်မာမာ လျှောက်လှမ်းဖို့ ငါ ရိုးရိုးသားသား ဖြူဖြူစင်စင် နေထိုင်တတ်အောင် လေ့ကျင့်နေတယ်...
ဘဝမှာ ဟန်ဆောင်ပြုံးပြရတာ အမုန်းဆုံးပါပဲ...
ကွဲပြားခြာနားတဲ့ ဆက်ဆံရေးတွေထဲ ငါတို့အလိုက်သင့် စီးမြောတတ်ဖို့ပဲ လိုပါတယ်...
ဘယ်လောက်ပဲဝေးဝေး ဘယ်လောက်ပဲနီးနီး သံယောဇဉ်ဆိုတာ မိုင်ထောင်ပေါင်းများစွာ ချည်နှောင်ဖို့ လွယ်ပါတယ်...
ရယ်ရယ်မောမော ဆုံတွေ့ရခဲ့ကြသလို ရယ်ရယ်မောမော လမ်းခွဲကြတာပေါ့...
သံသရာ
သံသရာကြီးက အရှည်ကြီးပဲဆိုတော့ ငါတို့ တနေ့နေ့ ပြန်တွေ့ကြဦးမယ်...
အဲဒီအချိန်ကျရင် မှတ်မိတဲ့သူက အရင်နှုတိဆက်ကြေးပေါ့...
ဘေးအန္တရာယ်တွေဆိုတာလည်း ဘဝမှာ ခဏခဏ ကြုံတွေ့ရမှာပဲ...
ဘယ်လိုအခြေအနေပဲရောက်ရောက် ဇွဲရှိရှိနဲ့ ဖြတ်ကျော်ဖို့ပဲလေ....
ဘဝဆိုတာ ဖြတ်သန်းမှုတစ်ခုပဲ...
ဘယ်လိုဖြတ်သန်းမလဲဆိုတာကတော့ ငါတို့အပေါ်မှာပဲ မူတည်တယ်...

လင်းဝေ

ဒိုင်ယာရီဟောင်းတွေ...



တခါတရံကျတော့ အတိအကျ တည်ဆောက်ထားတဲ့ အိပ်မက်တွေဟာ အလဲလဲအကွဲကွဲနဲ့ ဖရိုဖရဲ ဖြစ်နေတတ်တယ်..
စိတ်တိုင်းမကျတိုင်း ပြင်ဆင်တည်ဆောက်ဖို့ဆိုတာ နေရာတိုင်းမှာ မဖြစ်နိုင်ဘူး...
အချိန်ရယ်၊ အခြေအနေရယ်၊ အခွင့်အရေးရယ် ဒါတွေဟာ နှစ်ခါ ပြန်မရနိုင်တဲ့ အရာတွေပါ...
ဘဝတိုတိုကလေးမှာ တယောက်နဲ့တယောက် မုန်းတီးရန်လိုနေဖို့မကောင်းဘူးလေ...
ဘဝမှာ စာမျက်နှာဟောင်းတွေကို ပြန်ပြန်လှန်နေရတာလောက် ငြီးငွေ့စရာကောင်းတာမရှိဘူး...
ချစ်ခြင်း၊ မုန်းခြင်း ကင်းတဲ့သူဟာ လောကမှာ အအေးချမ်းဆုံးပါပဲ...

လင်းဝေ

ထွက်ပေါက်...

ထွက်ပေါက်...

မွန်းကြတ်နေတဲ့
ညတညဟာ
အနှစ်သာရတွေ
ကင်းမဲ့လို့...

ဘဝမှာ
သာယာတဲ့
တေးသံတွေကို
မျှော်လင့်လို့
မရနိုင်တော့ဘူးလား...

ငါ့စိတ်တွေဟာ
ပိတ်လှောင်ခံထားရတဲ့
သားရဲတကောင်လို
မာန်ဖီလို့...

တခါတခါကျတော့
တေလေတယောက်ရဲ့
အိပ်မက်ဟောင်းတွေဆီ
ပြန်တမ်းတမိတယ်...

ငါသိလိုက်တာ
တခုက..

ဘဝမှာ
ငါ့ကို
စိတ်ချမ်းသာမှုပေးနိုင်သူဟာ
ငါကလွဲပြီး
နောက်တယောက်ဆိုတာ
ဒီကမ္ဘာမှာ
မရှိနိုင်ဘူးလေ...

လင်းဝေ

Pl remind Urself

-မိမိရဲ့ ထမင်းတစ်လုတ်အတွက်
သူတပါးရဲ့ ထမင်းလုတ်တွေကို
ပုတ်မချမိပါစေနဲ့...။

-မိမိတကိုယ်စာ ပျော်ရွှင်မှုအတွက်
သူတပါးရဲ့ မျက်ရည်စက်တွေကို
ခုတုံး မလုပ်မိပါစေနဲ့...။

-မိမိရဲ့ အောင်မြင်ရေးအတွက်
သူတပါးရဲ့ ဘဝတွေကို
ထိုးမကျွေးမိပါစေနဲ့...။

-မိမိရဲ့ ကြွယ်ဝရေးအတွက်
သူတပါးရဲ့ သွေးစက်တွေကို
မစတေးမိပါစေနဲ့...။

လင်းဝေ

Real Love

သင့်ကိုတကယ် မေတ္တာထားတဲ့သူဟာ
၁၊ သင့်ကို စိတ်ချမ်းသာအောင် ပြောလိမ့်မယ်။
၂၊ သင့်ကို ပျော်ရွှင်စေလိမ့်မယ်။
၃၊ သင့်ကို ကျန်းမာရေးအတွက် ဂရုစိုက်ပေးလိမ့်မယ်။
၎၊ သင့်ကို အန္တရာယ်တွေအတွက် သတိပေးလိမ့်မယ်။
၅၊ သင့်ကို အောင်မြင်အောင် အကြံပေးလိမ့်မယ်။
၆၊ သင့်ကို အခက်အခဲ ကြုံတွေ့ခိုက်မှာ ကူညီဖြေရှင်းပေးလိမ့်မယ်။
၇၊ သင့်ကို နားလည်ခွင့်လွှတ်ပေးလိမ့်မယ်။
၈၊ သင့်ကို မှားနေရင်လည်း အမှန်ကို ရှင်းပြပေးလိမ့်မယ်။
၉၊ သင့်ကို ကျရှုံးနေရင်တောင် လက်တွဲခေါ်လိမ့်မယ်။
၁၀၊ သင့်ကို စိတ်ဓာတ်ကျတိုင်း အမြဲအားနှစ်သိမ့်ပေးလိမ့်မယ်။

လင်းဝေ

Saturday, December 12, 2015

သံယောဇဥ်

သံယောဇဉ်...

သံယောဇဉ်ဆိုတာ
မီးတောက်တစ်ခုပါ
ပိုပြီးနီးရင်
ပိုပြီးပူလောင်တတ်တယ်...

ကိုယ်သံယောဇဉ်
ထားတဲ့သူကသာ
ကိုယ့်ကို
ပျော်ရွှင်စေတယ်
ဝမ်းနည်းစေတယ်..

သံယောဇဉ်အားကြီးလေလေ
ကိုယ့်စိတ်ကိုယ့်ခံစားချက်တွေကို
ပိုပြီးစိုးမိုးလေလေပါပဲ..

အဲဒါကြောင့်
လူတွေဟာ
သူတို့သံယောဇဉ်ရှိတဲ့လူတွေဆီက
စိတ်ချမ်းသာစရာ
ပျော်ရွှင်စရာ
ကြည်နူးစရာတွေကိုပဲ
မြင်ချင် ကြားချင်ကြတယ်...

သူတို့သံယောဇဉ်ရှိတဲ့လူတွေဆီက
စိတ်ညစ်စရာ
စိတ်ဆင်းရဲစရာ
စိတ်ပျက်စရာတွေကို
မမြင်ချင် မကြားချင်ကြဘူး...

သင့်ကိုတကယ်
သံယောဇဉ်ရှိတဲ့လူကို
တကယ်ပျော်ရွှင်စေချင်တယ်ဆိုရင်
သူ့ကို
စိတ်ညစ်စရာ
စိတ်ဆင်းရဲစရာ
စိတ်ပျက်စရာတွေ
မပြောပါနဲ့...

လင်းဝေ

Saturday, November 21, 2015

ဖတ်မိသမျှ



>စိတ်ပျက်စရာတွေကို သည်းခံနိုင်ရမည်။ အခက်အခဲဆိုတာ မဖြစ်မနေရင်ဆိုင်ရမည့် စာမေးပွဲတွေပါ။

>သင်၏ကြိုးစားမှုကို ပယ်ချခံရခြင်း၊ ကျရှုံးခြင်းတွေ ဒါတွေအားလုံးဟာ ဘဝကပေးတဲ့ သင်ခန်းစာတွေပါ။ ကြောက်စရာ မဟုတ်ပါဘူး။ အရှုံးကိုလည်း ခံနိုင်ရည်ရှိရမယ်။ လဲကျပြန်ထ ဒါဘဝပေါ့။

>စီးပွားရေးဖိအားတွေကို ခံနိုင်ရည်ရှိရမယ်။ ပေးကမ်းစွမ့်ကြဲတဲ့အလုပ်ကို လေ့ကျင့်မွေးမြူရမယ်။

>ဘယ်သောအခါမှ အောက်ခြေမလွတ်ပါနှင့်။ ရည်ရွယ်ချက်ကောင်းကောင်းနဲ့ ဘယ်စကားမဆို ပြောပါ။

>သင်ရဖို့မျှော်လင့်တာထက် ပိုပြီးတော့ များများပေးပါ။ လိပ်ပြာသန့်သန့် မျှော်လင့်ခြင်းမပါတဲ့ ပေးဆပ်ခြင်းမျိုးကို ပိုင်ဆိုင်နိုင်အောင် ကြိုးစားပါ။

>အသေးအဖွဲများကို ပုံကြီးမချဲ့ပါနှင့်။ အတင်းအဖျင်း အပေါ့အသွမ်းပြောရင်း အချိန်မကုန်ကြပါနှင့်။

>သူတပါးနှင့်ကွဲပြားခြားနားလိုလျှင် သင့်ကိုယ်သင် စိန်ခေါ်ပါ။

အန်ထော်နီရော်ဘင်

May you all success in your life.

Linn Wai

ဖတ်မိသမျှ



Spoken words die in the empty of air. Put your words in a letter. It endure and can read again and again.

ပြောတဲ့စကားတွေဟာ လေထဲမှာ ပျောက်ကွယ်သွားတတ်တယ်။ မင်းရဲ့စကားလုံးတွေကို စာထဲမှာချရေးပါ။ အဲဒါဟာ ကြာရှည်ခံပြီး ခဏခဏ ပြန်ဖတ်လို့ရတယ်။

လင်းဝေ

ဖတ်မိသမျှ



>အရာရာသည် အကြောင်းတစ်ခု ရည်ရွယ်ချက်တစ်ခုကြောင့် ဖြစ်ပေါ်လာသည်။ ၎င်းသည် ကျွန်တော်တို့ကို အကျိုးပြု၏။

>ဖြစ်လာတဲ့အခြေအနေတိုင်းကို အကျိုးရှိအောင် အသုံးချရမယ်။

>အရှုံးဆိုတာမရှိ ရလဒ်များသာ ရှိတယ်။ အရှုံးထဲမှ အမြတ်ထုတ်ရမည်။

>လူတို့သည် ရှုံးမှာကြောက်သဖြင့် ပိုရှုံးနေကြရ၏။

ဖတ်ထားသမျှ အနှစ်ကလေးတွေပေါ့ ကောင်းကျိုးတစုံတရာရကြပါစေ။

လင်းဝေ

ဖတ်မိသမျှ



It is doing your present works, so well that it will open doors to opportunity. Tasks done at high standard pave the way to bigger thing.

သင်လုပ်နေသော အလုပ်များကို ကောင်းအောင်လုပ်ခြင်းသည် အခွင့်အလမ်းသစ်များကို တံခါးဖွင့်လိုက်ခြင်းဖြစ်သည်။ အဆင့်အတန်းမြင့်မားသောတာဝန်များကို ပြီးမြောက်ခြင်းသည် ပိုမိုကြီးမားသော အလုပ်များကို လုပ်နိုင်ရန် လမ်းခင်းလိုက်ခြင်းပင် ဖြစ်သည်။

လင်းဝေ

Monday, November 2, 2015

Our education and our new generation

လက်ရှိမြန်မာ့ပညာရေးနှင့် မြန်မာလူငယ်တွေရဲ့ ပညာအသိ..

ပညာဆိုတာ အကြောင်းအကျိုး၊ အကောင်းအဆိုး၊ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်တဲ့ အသိတရားပါပဲ။

ပါရဂူဘွဲ့ပဲရရ ဘာဘွဲ့ကြီးပဲရရ အကြောင်းအကျိုး၊ အကောင်းအဆိုး၊ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်တဲ့ အသိတရားမရှိဘူးဆိုရင် အဲဒီလူမှာ ပညာအသိမရှိပါဘူး။

ငါတို့အားလုံးဟာ မြန်မာနိုင်ငံသားညီအကိုတွေပါပဲ။

ငါတို့တွေ နိုင်ငံတကာနဲ့နှိုင်းယှဉ် ရလဒ်တွေကိုကြည့်ပြီး အစိုးရတွေကို ထောက်ခံသင့်ထောက်ခံရမယ် ရှုတ်ချသင့်ရှုတ်ချရမယ်။

ဘာလို့လဲဆိုတော့ အစိုးရဆိုတာ ပြည်သူတွေခိုင်းရမည့် ပြည်သူတွေအတွက် အလုပ်လုပ်ပေးရမည့် အဖွဲ့အစည်းဖြစ်လို့။

ကိုယ့်အတွက် အလုပ်လုပ်ပေးမည့် အစိုးရကိုရွေးမလား၊ ကိုယ်ကို အာဏာပြအနိုင်ကျင့်မည့် အစိုးရကိုရွေးမလားဆိုတာ တို့လူငယ်တွေရဲ့ ပညာအသိနဲ့ဆုံးဖြတ်ချက်တွေအပေါ် မူတည်ပါတယ်။

ငါတို့ရန်ဖြစ်ရမယ့်အချိန်မဟုတ်ဘူး

ညီညွတ်ရမယ့်အချိန်
အမှန်တရားကိုရှာဖွေရမည့်အချိန်ပဲ

စာများများဖတ်ကြပါ

သူများစကားနဲ့လမ်းနဆုံးကြပါနဲ့

 ဗဟုသုတကြွယ်မှ အမှန်တရားကိုသိနိုင်ပါလိမ့်မယ်

အမေစုခေါင်းဆောင်ဖြစ်ရင်မွတ်နိုင်ငံဖြစ်မယ်မယ်လို့မျက်လုံးမှိတ်အော်နေသူတွေက တိုင်းတပါးသား မြန်မာစကားတောင်မတတ်တဲ့ဘင်္ဂါလီတွေ တရုတ်တွေ သိန်းနဲ့သန်းနဲ့ချီအောင် ဝင်ခွင့်နေထိုင်ခွင့်ပေးထားတဲ့ လက်ရှိအစိုးရကိုကျ ဘာမှလေသံမဟရဲတာကိုတွေ့ရတယ်

လက်ရှိ ဘာသာရေးပြဿနာတွေဟာလည်း လက်ရှိအစိုးရတွေ လာဘ်စားပြီး သိန်းနဲ့သန်းနဲ့ချီခေါ်သွင်းထားတဲ့ မြန်မာစကားတောင် မတတ်တဲ့ ဘင်္ဂလီတွေ တရုတ်တွေကြောင့်ပါပဲ

ဒါကိုပဲ ပြဿနာအားလုံးကို တာဝန်ခံမှုမရှိဘဲ ပြည်သူတွေအတွက် သူမတဘဝလုံး တသက်တာလုံး ပေးဆပ်အနစ်နာခံ စွန့်လွှတ်ခဲ့ရှာတဲ့ အဘွားအိုတယောက်အပေါ်မှာ အပြစ်တွေပုံချနေတာရော တရားပါရဲ့လား

သေချာတွေးကြပါ

ပြဿနာရဲ့ဇစ်မြစ်ကို မတွေးတတ်ကြအောင်ကိုပဲ တို့လူငယ်တွေရဲ့ ပညာဟာနိမ့်ပါးနေတာကိုတွေ့ရတယ်

ဒီမိုကရေစီအစိုးရဆိုတာ ပြည်သူ့ဆန္ဒနဲ့ အုပ်ချုပ်ရတဲ့ အစိုးရဖြစ်တဲ့အတွက်
ဒီမိုကရေစီအစိုးရစစ်သာအုပ်ချုပ်ခွင့်ရခဲ့ရင် ဗုဒ္ဓဘာသာ ၉၅ ရာခိုင်နှုန်းလောက်ရှိတဲ့ မြန်မာနိင်ငံဟာ ဘယ်တော့မှ မွတ်နိုင်ငံမဖြစ်သလို ဘယ်တော့မှလည်း မွတ်သမ္မတဖြဟ်စရာအကြောင်းမရှိပါဘူး။

လာဘ်စားလွန်တဲ့ အာဏာရှင် တဘို့တည်းသမားတွေအုပ်ချုပ်မှသာ အမြန်ဆုံး မွတ်နိုင်ငံဖြစ်သွားနိုင်ပါတယ်။

ခုဟာက ခိုးနေတဲ့သူခိုးကိုကျ မြင်လျက်လွှတ်ပေးထားပြီး ဘေးကထိုင်နေတဲ့သူကို ခိုးမှာပဲဆိုပြီး မသင်္ကာမှုနဲ့ ဖမ်းသလိုဖြစ်နေပြီ။

အင်းပေါ့လေ ခိုးချပြီး မအောင်မနေရပညာရေးစနစ်နဲ့ ခတ်ညံ့ညံ့ဘွဲ့ရခဲ့ရတဲ့ ပညာရေးစနစ်ဆိုတော့ မြန်မာလူငယ်တွေ ပညာနိမ့်တာမဆန်းပါဘူး။

လူငယ်တွေမှာ အပြစ်မရှိပါဘူး ပညာရေးစနစ်ကြီးတစ်ခုလုံးကို လူမဆန်စွာဖျက်ဆီးပစ်ခဲ့ကြတဲ့ အာဏာရှင်တွေအပြစ်ပါပဲ

ဒါပေမယ့် ခုချိန်မှာ တသက်လုံးလိမ်ညာလာတဲ့လူတေကို ဆက်ထောက်ခံမယ်ဆိုရင်တော့ ငါတို့အပြစ်ဖြစ်သွားပြီ

မြတ်ဗုဒ္ဓက မိန့်တော် မူခဲ့တယ် သူများပြောတိုင်းလည်းမယုံပါနဲ့၊ သတင်းစကားကြားတိုင်းလည်းမယုံပါနဲ့၊မိဘဆရာလေးစားရတဲ့သူကပြောလည်းမယုံနဲ့၊ ငါဘုရားပြောတောင် မယုံနဲ့၊ ဘယ်သူတွေ ဘာပဲလာပြောပြော ကိုယ်တိုင်လေ့လာ ကိုယ်တိုင်ကျင့်ကြံပြီးမှ ကိုယ်ပိုင်အသိနဲ့ ဟုတ်၏ မဟုတ်၏ ဆုံးဖြတ်ပါတဲ့။

လေ့လာကြပါ၊ တွေးကြပါ ၊ ဆွေးနွေးကြပါ ပြီးမှ ကိုယ်ပိုင်အသိနဲ့ဆုံးဖြတ်ကြပါ။

အမှန်တရားတွေသိရှိမြတ်နိုးတတ်ကြပါစေ။

လင်းဝေ

Wednesday, October 14, 2015

Remember Me...

...သတိရပေးပါ...

မင်းမသိတဲ့အချိန်
ငါမင်းကို
အိပ်မက်မက်တိုင်း
ချစ်နေမိတာ
မင်းအိပ်မက်မက်တိုင်း
သတိရပေးပါ
ချစ်သူ.,.

မင်းမသိတဲ့အချိန်
ငါမင်းကို
နံနက်ခင်းတိုင်း
သတိရနေမိတာ
မင်းအိပ်ယာနိုးတိုင်း
သတိရပေးပါ
ချစ်သူ...

မင်းမသိတဲ့အချိန်
ငါမင်းကို
လေပြေညှင်းတွေနဲ့အတူ လွမ်းဆွတ်နေမိတာ
မင်းအသက်ရှူတိုင်း
သတိရပေးပါ
ချစ်သူ...

မင်းမသိတဲ့အချိန်
ငါမင်းကို
ဆည်းဆာတိမ်တိုက်တွေနဲ့အတူ
တမ်းတနေမိတာ
မင်းပြန်လာချိန်တိုင်း
သတိရပေးပါ
ချစ်သူ...

မင်းမသိတဲ့အချိန်
ညစဉ်ညတိုင်း
ကြယ်ကလေးတွေနဲ့အတူ
ဆုတောင်းနေမိတာ
မင်းအိပ်ဝင်ချိန်တိုင်း
သတိရပေးပါ
ချစ်သူ...

သတိရပေးပါ
ချစ်သူ....
.
.
.

.
.
.
တိ
.
.
.

.
.
.
ပေး
.
.
.
ပါ
.
.
.


လင်းဝေ

Tuesday, October 13, 2015

လိုအပ်ချက်



အသိဉာဏ်ပညာ
နိမ့်ကျလာတဲ့အခါ
လူတွေဟာ
အကောင်းအဆိုးကိုလည်း
မခွဲခြားတတ်တော့ဘူး၊
အမှားအမှန်ကိုလည်း
မပိုင်းခြားတတ်တော့ဘူး၊
လုပ်သင့်မလုပ်သင့်
ဖြစ်သင့်မဖြစ်သင့်ကိုလည်း
မစဉ်းစားတတ်တော့ဘူး၊

အသိဉာဏ်ပညာ
နိမ့်ကျနေတဲ့
လူမျိုးတစ်ခု
နိုင်ငံတစ်ခုဟာလည်း
ဘယ်တော့မှ
ပြောင်းလဲတိုးတက်ဖို့ မဖြစ်နိုင်ဘူး၊

ဒါကြောင့်
အသိဉာဏ်ပညာတိုးတက်ဖို့
အထာက်အပံ့ကောင်းကောင်းနဲ့
ပညာရေးစနစ်ကောင်းကောင်းလိုတယ်

လူငယ်၊လူလတ်၊လူကြီးအားလုံး
စာဖတ်ကြဖို့လိုတယ်
အမြင်ကျယ်အောင် လေ့လာကြဖို့လိုတယ်

သူများပြောတိုင်းနားမယောင်ဘဲ ကိုယ်ပိုင်ဉာဏ်နဲ့ ဆုံးဖြတ်နိုင်ကြဖို့ လိုတယ်

အဲဒီလိုဖြစ်အောင်
ကျနော်တို့နိုင်ငံလူမျိုး အနာဂတ်အတွက်
ကျနော်တို့အားလုံး ကြိုးစားကြဖို့လိုတယ်..

လင်းဝေ

Friday, October 9, 2015

Sunset

အလွမ်းရင့်ရင့် ညနေခင်း...

ကြေမွလွင့်စင်နေတဲ့
သတိရခြင်း
အပိုင်းအစတွေဟာ
အထီးကျန်
အလွမ်းနဲ့အတူ
မင်းရှိရာအရပ်ဆီ
အငွေ့ပျံနေတယ်
ချစ်သူ...

အဲဒီသတိရခြင်းတွေဟာ
မဟူရာတိမ်တိုက်တွေနဲ့အတူ
ငါ့ပတ်ဝန်းကျင်
ညနေခင်း
တစ်ခုလုံးကို
မိုးရေစက်တွေအဖြစ်
ဖုံးလွမ်းပစ်လိုက်တယ်...

မိုးရေစက်တွေနဲ့
ရွဲရွဲစိုနေတဲ့
လမ်းမကြီးက
မေးတယ်...

မင်း သိပ်လွမ်းနေလားတဲ့...

ငါလည်း
ပြန်ပြောလိုက်ပါတယ်...

သွေ့ခြောက်နေတဲ့
မြက်ပင်ဝါဝါတွေရဲ့
မိုးရာသီကို
တမ်းတခြင်းမျိုးနဲ့
ငါ့ချစ်သူလေးကို
ငါ ...
လွမ်းနေမိတယ်
ဆိုတာကိုပေါ့...

ချစ်တဲ့စိတ်
တစ်ခုတည်းနဲ့ပဲ
နားစွင့်ကြည့်လိုက်စမ်းပါ
ချစ်သူ...

မင်းနံဘေးက
ဖြတ်တိုက်သွားတဲ့
လေပြေးညှင်းတွေထဲမှာ
လွမ်းဆွတ်နေတဲ့
ငါ့ရင်ခုန်သံတွေကို
မင်း
ပီပီသသ
ကြားရလိမ့်မယ်...

လင်းဝေ

Wednesday, October 7, 2015

ရွာကလေးတစ်ရွာ...


တစ်ခါတုန်းက ရွာတရွာမှာ ဓားပြတွေသူခိုးတွေက နှစ်ပေါင်းများစွာ  မင်းမူအုပ်ချုပ်နေသတဲ့။

သူတို့က ရွာသားတွေကိုဖိနှိပ်တယ်၊ အနိုင်ကျင့်တယ်၊ ဆပ်ကြေးတွေကောက်တယ်။ တစ်ရွာလုံး စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး နိမ့်ကျပြီး အရမ်းဆင်းရဲကြရှာသတဲ့ကွယ်။

တခြား ဟိုဘက်ရွာမှာတော့ လူကောင်းတွေ ပညာတတ်တွေအုပ်ချုပ်နေကြသတဲ့။ တစ်ရွာလုံး စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အကုန်တိုးတက်ပြီး တစ်ရွာလုံး ချမ်းသာကြတာပေါ့။

အဲဒီတော့ ဟိုဘက်ရွာကို အားကျပြီး ဒီဘက်ရွာကလည်း ခေါင်းဆောင်ရွေးပွဲကျင်းပကြသတဲ့ကွယ်။

ဓားပြတွေက တဖွဲ့၊အရပ်သားတွေက တဖွဲ့ပေါ့။

 အဲဒီမှာ အရပ်သားတချို့က ဘာကြောင့်မှန်း ဓားပြအဖွဲ့ထဲကနေဝင်ပြိုင်ပြသတဲ့။

 ပြီးတော့ ဓားပြတွေခိုင်းတာလုပ် ရွာသားတွေကျေနပ်အောင် ရွာသားတွေဆီက ဓားပြတိုက်ထားတဲ့ ငွေတသိန်းထဲက တရာဖိုးလောက်တောင်းပြီး ရွာသားတွေယုံအောင် မုန့်ဝယ်ကျွေးလိုက်ကြသတဲ့။

 တခြားအရပ်သားအဖွဲ့ကလူတွေကတော့ ကျနော်တို့ကျေးရွာအတွက် အကောင်းဆုံးကြိုးစားပေးပါ့မယ်လို့ ပြောကြရုံကလွဲပြီး ဘာမှဝယ်ပေးစရာမရှိရှာကြဘူးပေါ့။

 သူတို့ရှိတာလေးတွေနဲ့ ရပ်ရေးရွာရေး လုပ်ကိုင်ပြကြတာပေါ့လေ။

 ရွာသားတချို့ကတော့ အသိဥာဏ်မဲ့ကြတော့ ဓားပြတွေသူတို့ဆီက မတရားလုထားတဲ့ ငွေတွေ နဲ့ သူတို့ကို မုန့်လေးနည်းနည်းဝယ်ကျွေးပြီး စည်းရုံးတဲ့သူတွေကိုပဲ အဟုတ်ထင်နေကြသတဲ့။

ဲ့ အသိဉာဏ်ရှိတဲ့ ရွာသားတချို့ကတော့ ဓားပြအဖွဲ့မကောင်းတာသိတော့ ကျေးရွာတိုးတက်ဖို့အတွက် အရပ်သားအဖွဲ့ကိုပဲ ကောင်းမကောင်းမသိသေးပေမယ့် ပြောင်းလဲရေးအတွက် ထောက်ခံချင်ကြသတဲ့။

အဲဒီလိုနဲ့ ရွာထဲမှာ ဓားပြတွေကို ထောက်ခံတဲ့အဖွဲ့နဲ့ အရပ်သားတွေ ထောက်ခံတဲ့အဖွဲ့ နှစ်ဖွဲ့ဟာ ငြင်းခုံနေကြသတဲ့ကွယ်။

လက်ရှိဓားပြအဖွဲ့ကလည်း အမျိုးမျိုး လိမ်ညာညစ်ပတ်နေကြသတဲ့။

ဓားပြလူယုံတွေကို ထောက်ခံတဲ့သူတွေကနိုင်ရင် ဒီရွာလေးဟာ ဟိုးနှစ်ပေါင်းများစွာလိုပဲ ဓားပြတွေ အုပ်ချုပ်တဲ့ ရွာကလေးအဖြစ် ဆက်လက်ရပ်တည်သွားရမှာပေါ့လေ။

အရပ်သားတွေကို ထောက်ခံသူများဖက်က နိုင်မယ်ဆိုရင်တော့ ဒီရွာကလေးဟာ တစုံတခုတော့ပြောင်းလဲသွားမှာပေါ့။

အနည်းဆုံး ဓားပြတွေ အုပ်ချုပ်မှုဒဏ်က လွတ်သွားမှာပေါ့လေ။

ဒီလိုနဲ့ ရွာကလေးရဲ့ ခေါင်းဆောင်ရွေးပွဲကြီးဟာ တဖြေးဖြေးနီးကပ်လာနေပြီတဲ့ကွယ်။

ကဲ...

မိတ်ဆွေသာ အဲဒီရွာကလေးရဲ့ ရွာသားတွေထဲက တစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် ဘယ်အဖွဲ့ကို ထောက်ခံမှာပါလဲခင်ဗျာ?

လင်းဝေ

Tuesday, October 6, 2015

တန်ဖိုး

ဖြစ်ပြီးရင် ပျက်သွားတတ်တဲ့ ဘဝမှာ

မိမိကိုယ်မိမိ သိပ်ဘဝင်မမြင့်မိပါစေနဲ့

မိမိကိုယ်မိမိ သိပ်မသိမ်ငယ်မိပါစေနဲ့

လူတယောက်ရဲ့ အနာဂတ်ဟာ

မှန်းဆဖို့ ခက်ခဲလွန်းတယ်

ဘယ်အခြေအနေမှာပဲ ရောက်ရောက်

ကိုယ်ချင်းစာတရားနဲ့ မေတ္တာတရားကို

မွေးမြူပါ

လူတစ်ယောက်ရဲ့ တန်ဖိုးဟာ

သူ့ ရဲ့ပိုင်ဆိုင်မှုမဟုတ်ပါဘူး...

ကိုယ်ချင်းစာတရား

မေတ္တာတရားတွေနဲ့ပြည့်ဝတဲ့

သူ့ရဲ့မြင့်မြတ်တဲ့ စိတ်ထားနဲ့

 လုပ်ဆောင်မှုသာဖြစ်တယ်...

လင်းဝေ

Saturday, September 26, 2015

The daughter

အောင်ဆန်း ရင်သွေး

နေမျိုးဇာနည်
ဗမာပြည်လက်ရုံး

အောင်ဆန်း သွေးက
အောင်ဆန်း အမွေယူ

ပြည်သူတွေအတွက်

ရန်စွယ်အသွယ်သွယ်
အန္တရာယ်တောအလယ်

ဘယ်မျှခဲခက်
အပြုံးမပျက်ခဲ့

သူလျှောက်မယ့်လမ်း
ပန်းတိုင်းလန်းဖို့

ရှေ့သို့လှမ်းချီ
ပန်းတိုင်ဆီ...

လင်းဝေ

Chatting

ကျနော်နှင့် အွန်လိုင်းပေါ်မှ မိတ်ဆွေတစ်ဦး..

မိတ်ဆွေ။ ။"ဟိတ်ကောင်စကားအကြီးတွေပြောမနေနဲ့  မင်းအပါအဝင်မင်းမိသားစုအားလုံးနိုင်ငံတော်အတွက်မွေးထဲကဘာတာဝန်တွေကျေခဲ့ပြီလဲပြန်ကြည့်မင်းတို့တပ်မတော်မကောင်းကြောင်းပြောနေတာမင်းမရှက်ဘူးလားမင်းမီသားစုသွေးတစ်စက်ကြဘူးလားမင်းကိုခြင်စာတပ်မတော်သားဆိုတာကိုအသက်တောင်ကိုမပိုင်ဘူးကွ ကလေးမုန့်ဖိုးလောက်ရှီတဲ့လစာနဲ့အသက်ပေးလုပ်နေတာအပျော်လုပ်နေတယ်ထင်လား လူမျိုးနဲ့နိုင်ငံကိုချစ်တဲ့မျိုးချစ်စိတ်ကြောင့်ကွ မင်းတို့လိုကောင်မျိုးတွေရှီလို့ကတော့တပပ်မတော်လဲရှီမှာမဟုတ်ဘူး တပ်မတော်မရှီရင်အင်အားမရှီရင်မင်းအမေ မင်းနှမတွေ တရုပ်မယား ကလားမယားတွေဖြစ်နေပြီ ငကြောက်ရ"

ကျနော်။ ။"တာဝန်ကျေတယ်ဆိုတာဘာကိုပြောတာလဲ?

လူဆိုတာ ကိုယ့်နေရာကိုယ်နေ ကိုယ့်တာဝန်ကိုကျေရတယ်

စစ်သား- ပြည်သူကို ကာကွယ်ရမယ်၊ စစ်တိုက်ရမယ်၊ တရားမျှတရမယ်၊ လက်နက်အားကိုးနဲ့ အနိုင်မကျင့်ရဘူး

လယ်သမား-စပါးစိုက်ရမယ်
ဆရာဝန်-ဆေးကုရမယ်
အင်ဂျင်နီယာ-တိုင်းပြည်တည်ဆောက်ရမယ်
ဆရာဆရာမ-စာသင်ရမယ်

လူတိုင်းက သူ့နေရာနဲ့သူအရေးကြီးတယ်

ထမင်းလုံးက ထမင်းပန်းကန်ထဲမှာပဲ တင့်တယ်တယ်အသုံးဝင်တယ်  ခေါင်းပေါ်ရောက်သွားရင် အမှိုက်ပဲ အသုံးမဝင်ဘူး
ဆံပင်ကလည်း ခေါင်းပေါ်မှာပဲတင့်တယ်တယ် လှပတယ် ထမင်းပန်းကန်ထဲရောက်သွားရင် မတင့်တယ်တဲ့အမှိုက်ပါပဲ

ကျနော်စစ်သားတွေမမုန်းပါဘူး ကိုယ့်နေရာကိုနေ တာဝန်ကျေနေတဲ့စစ်သားတွေကို အစဉ်လေးစား ဂုဏ်ယူတန်ဖိုးထားတယ်

ဒါပေမယ့် စစ်သားကမှပိုတန်ဖိုးရှိတယ် ပိုတာဝန်ကျေတယ်ဆိုတာတော့ လက်မခံပါဘူး
လူတိုင်းဟာ သူ့နေရာနဲ့သူ တန်ဖိုးရှိကြပါတယ်

တာဝန်ကြေတဲ့စစ်သားဆိုတာ ပြည်သူတွေဘက်က အမှန်တရားဘက်က တသားထဲရပ်ပြီး ပြည်သူ့ရန်ကိုကာကွယ်ပေးတဲ့စစ်သား
စစ်ပညာ စစ်လက်နက်ထုပ်လုပ်မှုမှာ အဆင့်မြှင့် ပြည်တွင်းစစ်လုံးဝမရှိအောင်ကာကွယ်ပေးတဲ့စစ်သားကိုပြောတာ

အာဏာရှင်ခိုင်းတိုင်း
ပြည်သူကိုပစ်သတ်
ကျောင်းသားကို ပစ်သတ်
ဘုန်းကြီးကိုပစ်သတ်
သေနတ်နဲု့ချိန်ပြီးလယ်တွေသိမ်းတဲ့အလုပ်ဟာ
တပ်မတော်သားကောင်းတယောက်ရဲ့အလုပ် မဟုတ်ပါဘူး။

ကိုယ့်အလုပ်ကိုလုပ်ကြရမှာကို ဂုဏ်ဖော်ပြောနေစရာမလိုပါဘူး
သူများအလုပ်လည်းဝင်ရှုတ်စရာမရှိပါဘူး

ခုကျနော်ပြောနေတာတွေထဲမှာ စစ်သားမုန်းတီးရေးတစ်ခုမှ မပါပါဘူး

ဒီအနှစ် ၅၀  အတွင်းမှာ တိုင်းပြည်ကို ကမ္ဘာ့အဆင်းရဲဆုံး၊ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး အနိမ့်ကျဆုံးဖြစ်အောင် အုပ်ချုပ်နေကြတဲ့ ခေါင်းဆောင်ညံ့တွေနေရာမှာ ခေါင်းဆောင်ကောင်းတွေ ရွေးချယ်ကြဖို့ ပြောနေတာပါ။

ပြည်သူနဲ့စစ်သားမတဲ့လေ စစ်တပ်ခါးပိုက်ထဲထည့် တိုင်းပြည်ကို ထင်တိုင်း ရောင်းစားချင်နေတဲ့ အာဏာရှင် တဘို့တည်းသမားတွေက ကြိုက်လေပေါ့ဗျာ။

ပြည်သူတွေနဲ့ အောက်ခြေစစ်သားတွေက ဘဝတူ အဖိနှိပ်ခံ အသုံးချခံ အနင်းခံတွေပါ။
ပြည်သူနဲ့ တပ်မတော် ညီညွတ်ကြဖို့ အချိန်ရောက်ပါပြီ။

ပြည်သူကျွေးတာစားနေတဲ့ တပ်မတော်ဟာ နိုင်ငံအတွက် မရှိမဖြစ်နေနဲ့ ပြည်သူတွေဖက်က ရပ်တည်ပေးပါလို့ပဲ တောင်းဆိုချင်ပါတယ်။

ပြည်သူတွေနဲ့ တသားထဲရပ်ပြီး ပြည်တွေကို ကာကွယ်ပေးမယ့် ပြည်သူချစ်တဲ့တပ်မတော်ကို ကျနော်တို့ပြည်သူတွေက ထာဝရလေးစားပြီး တန်ဖိုးထားလျက်ပါပဲဗျာ"

မိတ်ဆွေ။ ။"တိုင်းပြည်ကောင်းစားဖို့ဆိုတာလူတိုင်းမှာတာဝန်ရှီပါတယ် အပြစ်ပြောနေမဲ့အစားတာဝန်တွေသိဖို့လိုပါတယ် လူတစ်ယောက်ထူးချွန်လို့နိုင်ငံတော်က ထောက်ပံ့ပြီး နိုင်ငံခြားမှာပညာတော်သင်လွှတ်လိုက်တယ် ပညာစုံတော့ အမိနိုင်ငံအလုပ်ကျွေးပြုစုရမှာကို သူ့ကိုယ်ကျိုးစီးပွားအတွက် သူများနိုင်ငံမှာစီးပွားသွားလုပ်တယ် ဖြစ်သင့်လား ကိုကျိုးအတွက်ကာကြည့်တတ်တဲ့ဒီလိုပညာတတ်မျိုးတွေကြောင့်နိုင်ငံမတိုးတက်တာပါအဓိကအကြောင်းရင်းကတော့ လူ့လောဘလူ့အတ္တ  ပညာမတတ်အယုံလွယ်သူ မိမိနဲ့မဆိုင်သလိုနေတဲ့သူတွေ  တွေကြောင့် တိုင်းပြည်မတိုးတက်တာပါ မိမိနဲ့မဆိုင်သလိုနေမယ် ဗိုဟ်ချုပ်လိုရဲရင့်တဲ့သူမပေါ်လာဘူးဆိုရင် ဒီတိုင်းသူ့ကျွန်ဘဝကဒီအချိန်ထိလွတ်မြောက်မှာမဟုတ်ဘူးသူငယ်ချင်းငါ့ခံယူချက်ကဒါပါပဲ"

ကျနော်။ ။"ခုလိုအမြင်ချင်းဖလှယ်ခွင့်ရတာ ဝမ်းသာပါတယ် ကျနော်တို့က ညီနောင်သားချင်းတွေပဲ
အစိုးရကောင်းရင် ကျနော်တို့အားလုံး အဆင်ပြေဖို့ အခွင့်အလမ်းတွေများတယ်
အစိုးရမကောင်းရင်တော့ ကျနော်တို့ဘဝတွေဒီထက်စုတ်ပြတ်သတ်နေမှာပါ
လက်ရှိအစိုးရကောင်းမကောင်းကို တခြားတိုးတက်တဲ့နိုင်ငံတွေနဲ့ စီးပွားရေး၊ ကျန်းမာရေး၊ဥပဒေ၊ပညာရေးတွေ ယှဉ်ကြည့်ပါ
ကျနော်တို့ရင်ဆိုင်နေရတဲ့ဘဝတွေနဲ့ယှဉ်ကြည့်ပါ
ဘယ်သူ့ကိုမှ ရွေးချယ်ပါလို့ ဇွတ်မတိုက်တွန်းပါဘူး
သေချာစဉ်းစားပြီး ကိုယ်ပိုင်အသိနဲ့ဆုံးဖြတ်ကြပါ
ကျနော်တို့ရဲ့ရွေးချယ်မှုဟာ ကျနော်တို့ မျိုးဆက်လူငယ်တွေနဲ့ တိုင်းပြည်ရဲ့ အနာဂတ်ပါပဲ

မြန်မာပြည်သားအားလုံး စနစ်ကောင်းကောင်း၊ တရားမျှတပြီး ဖက်မလိုက်ဘဲ တိကျတဲ့ဥပဒေကောင်းကောင်း၊ ပညာရေးအထောက်အပံ့ကောင်းကောင်း၊ ကျန်းမာရေးအထောက်ပပံ့ကောင်းကောင်းနဲ့
တခြားတိုးတက်တဲ့နိုင်ငံတွေလို အမြန်တိုးတက်ပါစေဗျာ

အဲဒါတွေအားလုံးအတွက်

ကျနော်တို့အားလုံးဟာ တယောက်ချင်းတိုင်းအရေးကြီးသလို တယောက်ချင်းတိုင်းမှာလည်း တာဝန်ရရှိပါတယ်ဗျာ"


လင်းဝေ

Friday, September 25, 2015

Don't you shy

မင်း...မရှက်ဘူးလား..

လူတချို့က
ကိုယ့်တိုင်းပြည် အနာဂတ်
ကိုယ့်မျိုးဆက် အနာဂတ်အတွက်
အမှန်တရားဘက်က
တရားမျှတတဲ့ဘက်က
အားနည်းသူတွေဘက်က
ရဲရဲဝံ့ဝံ့
ဘဝတွေ ပေးဆပ်နေချိန်...

လူတချို့က
ကျုယ့်တိုင်းပြည် အနာဂတ်
ကိုယ့်မျိုးဆက် အနာဂတ်အတွက်
အမှန်တရားဘက်က
တရားမျှတတဲ့ဘက်က
အားနည်းသူတွေဘက်က
ရဲရဲဝံ့ဝံ့ ထောက်ခံအားပေးနေချိန်...

မင်းက
မင်းအကျိုးစီးပွား တစ်ခုတည်းအတွက်
မင်းတဘို့တည်း ကောင်းစားဖို့အတွက်..

ကိုယ့်တိုင်းပြည် အနာဂတ်ကိုမစဉ်းစား
ကိုယ့်မျိုးဆက် အနာဂတ်ကိုမစဉ်းစား
မရိုးသားတဲ့ဘက်က
မတရားတဲ့ဘက်က
အနိုင်ကျင့်နေတဲ့ဘက်က
မျက်နှာပြောင်တိုက်
ထောက်ခံအားပေးနေတာ...

မင်းကိုယ်မင်း မှန်ထဲပြန်ကြည့်
မရှက်မိဘူးလား...

မင်းလိပ်ပြာမင်း ပြန်ဆန်းစစ်ကြည့်
မရှက်မိဘူးလား...
...
မင်း...မရှက်ဘူးလား
..
သူငယ်ချင်း...။

လင်းဝေ


Tuesday, September 22, 2015

The leader

"တရားဥပဒေ စိုးမိုးခြင်းအတွက် ကျွန်ုပ်တို့၏ ဂုဏ်သတင်းသည် စီးပွားရေးအရ အဖိုးတန် ပိုင်ဆိုင်မှု ဖြစ်သည်။ ကျွန်ုပ်တို့၏ အရင်းအနှီးတွင် ပါဝင်နေသည့် အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။ သို့သော် လက်ဆုတ်လက်ကိုင် မပြနိုင်ချေ။

တရားဥပဒေ စိုးမိုးမှုမရှိသောနိုင်ငံတွင် အစိုးရ၏ လုပ်ကိုင်မှုများသည် တည်တည်တံ့တံ့ မရှိကြချေ။ သို့ဖြစ်ရာ အခြားနိုင်ငံမှ လူချမ်းသာတို့သည် အိမ်ခြံမြေပိုင်ဆိုင်မှုများ၌ သူတို့၏ငွေကို အနစ်နာမခံကြချေ။"

စင်္ကာပူနိုင်ငံရဲ့ ဗိသုကာကြီး
လီကွမ်ယု

ဒီလို အတွေးအခေါ်ရှိပြီး အရည်အချင်းပြည့်တဲ့ သူများနိုင်ငံက ခေါင်းဆောင်ကောင်းတစ်ယောက်က အနှစ် ၅၀ အတွင်း ဘာသယံဇာတ ရေချိုမျှပင်မထွက်သည့် အရှေ့တောင်အာရှ ဘိတ်ဆုံးနိုင်ငံကလေးကနေ ထိပ်ဆုံးနိုင်ငံဖြစ်အောင် စွမ်းဆောင်ပေးခဲ့တယ်။

ကျနော်တို့ဆီက ခေါင်းရှောင်တွေကတော့ အနှစ်၅၀ အတွင်း အရှေ့တောင်အာရှ ထိပ်ဆုံးမှ ဘိတ်ဆုံးသို့ရောက်အောင် စွမ်းဆောင်ပေးခဲ့ကြတယ်။

ဒါတောင် ခုထိ မသိနိုင်ကြဘဲ သိပ်တုံးနေကြဦးမယ်ဆိုရင်
ကမ္ဘာ့ဘိတ်ဆုံးမှာပဲ ကိုယ့်ကိုယ်ကို ထိပ်တုံးခတ်မိသလိုဖြစ်ပြီး
နောင်တရမဆုံး ရင်ဘတ်စည်တီးနေကြရဦးမည် ဖြစ်သည်။

အားလုံး အသိဉာဏ်တွေ ရုန်းထကြပါတော့ဗျာ...

လင်းဝေ

The choice

ရွေးချယ်မှု...

ဒီပွဲက
သူတော်ကောင်းနဲ့ လူယုတ်မာ
မှန်မှန်ကန်ကန် ရွေးချယ်ရမည့် ပွဲ...

ဒီပွဲက
ပညာရှိနဲ့ လူမိုက်
မှန်မှန်ကန်ကန် ရွေးချယ်ရမည့် ပွဲ...

ဒီပွဲက
တာဝန်သိသူနဲ့ တာဝန်မဲ့သူ
မှန်မှန်ကန်ကန် ရွေးချယ်ရမည့် ပွဲ...

ဒီပွဲက
အများကောင်းစားစေချင်သူနဲ့ တဘို့တည်းသမား
မှန်မှန်ကန်ကန် ရွေးချယ်ရမည့် ပွဲ...

ဒီပွဲက
ပေးဆပ်သူနဲ့ အခွင့်အရေးသမား
မှန်မှန်ကန်ကန် ရွေးချယ်ရမည့် ပွဲ...

ဒီပွဲက
ရိုးသားဖြောင့်မတ်သူနဲ့ လိမ်ညာကောက်ကျစ်သူ
မှန်မှန်ကန်ကန် ရွေးချယ်ရမည့် ပွဲ...

ဒီပွဲက
စေတနာထားသူနဲ့ စေတနာမဲ့သူ
မှန်မှန်ကန်ကန် ရွေးချယ်ရမည့် ပွဲ...

ဒီပွဲက
အရည်အချင်းရှိသူနဲ့ အရည်အချင်းမဲ့သူ
မှန်မှန်ကန်ကန် ရွေးချယ်ရမည့် ပွဲ...

ဒီပွဲက
ကမ္ဘာက လေးစားရသူနဲ့ ကမ္ဘာ့အော်ကြောလန်
မှန်မှန်ကန်ကန် ရွေးချယ်ရမည့် ပွဲ...

ဒီပွဲမှာ 
ငါတို့ရဲ့ရွေးချယ်မှုဟာ

ဒီပွဲရဲ့ အဆုံးအဖြတ်ဟာ..

ငါတို့ သားမြေးတွေရဲ့ အနာဂတ်...

ငါတို့ တူတူမလေးတွေရဲ့ အနာဂတ်...

ငါတို့ ညီနောင်တွေရဲ့ အနာဂတ်...

ငါတို့တိုင်းရင်းသားအားလုံးနဲ့
ငါတို့တိုင်းပြည်ရဲ့ အနာဂတ်...

ငါတို့ မိဘဘိုးဘွားတွေရဲ့
ခေတ်အဆက်ဆက် မျှော်လင့်ခဲ့ကြရတဲ့  မျှော်လင့်ချက်...

ဒီအနာဂတ် ဒီမျှော်လင့်ချက်တွေအတွက်..

မင်းလဲ မြန်မာနိုင်ငံသား
ငါလည်း မြန်မာနိုင်ငံသား
ငါတို့ နိုင်ငံ အနာဂတ်လှပဖို့

ငါတို့ရွေးချယ်မှုဟာ
မှန်ကန်ပြတ်သားကြဖို့
အရေးကြီးတယ်
သူငယ်ချင်း...။

လင်းဝေ

It is our country

ညီညွတ်ကြဖို့အချိန်

လယ်ယာမြေတွေ အသိမ်းခံရတဲ့ ခံစားချက်ကို လယ်သမားတစ်ယောက်နေရာက ခံစားကြည့်ပါ...

လုပ်အားခတွေ ခေါင်းပုံဖြတ်ခံရတဲ့ ခံစားချက်ကို အလုပ်သမားတစ်ယောက်နေရာကနေ ခံစားကြည့်ပါ...

မဖြစ်စလောက် ပညာရေးအသုံးစရိတ်လေးနဲ့ နိုင်ငံတကာနဲ့ ယှဉ်ရင် ပညာရေး အရမ်းနိမ့်ကျနေတဲ့ ကျောင်းသားတွေရဲ့ ခံစားချက်ကို ကျောင်းသားတစ်ယောက်နေရာက ခံစားကြည့်ပါ...

ပြည်သူတွေ ဆင်းရဲနိမ့်ကျ မတရားဖိနှိပ်ခံနေရတာကိုမြင်နေရတဲ့ သံဃာတော်တွေရဲ့ခံစားချက်ကို သံဃာတော်တပါး နေရာကခံစားကြည့်ပါ...

လယ်ယာမြေတွေ မတရား အသိမ်းမခံရရင် လယ်သမားတွေ ဆူပူစရာအကြောင်းမရှိပါဘူး...

လုပ်အားခတွေ မတရား ခေါင်းပုံဖြတ်မခံရရင် အလုပ်သမားတွေ ဆူပူစရာအကြောင်းမရှိပါဘူး...

ပညာရေးကို ကောင်းကောင်းမြှင့်တင်ပေးခဲ့ရင် ကျောင်းသားတွ ဆူပူစရာအကြောင်းမရှိပါဘူး...

ပြည်သူတွေ အဆင်ပြေ အေးချမ်းနေကြရင် သံဃာတော်တွေလည်း ဆူပူစရာအကြောင်းမရှိပါဘူး...

ဒီလိုခံစားချက်တွေကို ရင်ဖွင့်ဆူကြတာကို အကြမ်းဖက်ရိုက်နှက်ပစ်ခတ်ဖို့ လူမဆန်တဲ့ အမိန့်တွေ ပေးတဲ့အခါ ကျနော်တို့ အချင်းချင်း အမုန်းပွားရတာပါပဲ..

တကယ်တော့ စစ်သားတွေဟာ လည်း အာဏာရှင်လက်အောက်ခံတွေမို့ ပြည်သူတွေနဲ့ ဘဝတူတွေပါပဲ...

တကယ်တော့ အချင်းချင်း အမုန်းပွားမနေသင့်ပါဘူး
တကယ်တမ်းအမုန်းပွားရမှာက မဟုတ်တာတွေလုပ် မဟုတ်တာတွေခိုင်း ကျနော်တို့အချင်းချင်း အမုန်းပွားအောင်လုပ် တိုင်းပြည်တိုးတက်ဖို့ ဘာမှ မလုပ်ဘဲ တိုင်းပြည်ကိုရောင်းစား သူတို့မိသားစုတွေပဲ ချမ်းသာသည်ထက် ချမ်းသာအောင်ကြိုးစားနေကြတဲ့ လက်တဆုတ်စာ လူတစ်စုကိုပဲ အတူတူ မုန်းကြရမှာ...

ဒီလူတစ်စုပဲ ဖယ်ရှားဖို့ အတူတူ ကြိုးစားရမှာပဲ မဟုတ်လား...

တိုင်းပြည်တိုးတက်ဖို့ ကျနော်တယောက်ချင်းစီမှာ တာဝန်ရှိသလို
ကျနော်တို့ တစ်ယောက်ချင်းစီဟာ အရေးလည်းကြီးပါတယ်....

မကောင်းမှန်းသိသိကြီးနဲ့ မကောင်းတဲ့သူတွေဖက်က ဆက်ပြီးရပ်တည်နေကြမယ်ဆိုရင် ကျနော်တို့တိုင်းပြည် ဘယ်တော့မှ ကောင်းလာနိုင်မှာ မဟုတ်ပါဘူး...

ခွေးဟောင်တိုင်း ထထကြည့်နေရတဲ့
နောက်ကျောပေးလိုက်တာနဲ့
တယောက်ကိုတယောက် မယုံကြည်နိုင်ရဲတဲ့
ညရေးညတာမပြောနဲ့ နေ့ခင်းကြောင်တောင်မှာတောင် ခိုးမှာ လုမှာ စိုးရိမ်ကြောင့်ကြနေကြရတဲ့ ကိုယ်က မှန်နေပါလျှက် ဟိုလူ့ကြောက်ရ ဒီလူ့ကြောက်ရ ကျီးလန့်စာစား လုံခြုံခြင်းကင်းမဲ့တဲ့ဘဝတွေကနေ ငါတို့လွတ်မြောက်ဖို့ အကောင်းဆုံးကို ရွေးချယ်သင့်ပြီ။

ကျနော်တို့ ညီအကိုအားလုံး ညီညွတ်ကြဖို့ အချိန်တန်ပါပြီ။

ရွေးချယ်မှု...

ဒီပွဲက
သူတော်ကောင်းနဲ့ လူယုတ်မာ
မှန်မှန်ကန်ကန် ရွေးချယ်ရမည့် ပွဲ...

ဒီပွဲက
ပညာရှိနဲ့ လူမိုက်
မှန်မှန်ကန်ကန် ရွေးချယ်ရမည့် ပွဲ...

ဒီပွဲက
တာဝန်သိသူနဲ့ တာဝန်မဲ့သူ
မှန်မှန်ကန်ကန် ရွေးချယ်ရမည့် ပွဲ...

ဒီပွဲက
အများကောင်းစားစေချင်သူနဲ့ တဘို့တည်းသမား
မှန်မှန်ကန်ကန် ရွေးချယ်ရမည့် ပွဲ...

ဒီပွဲက
ပေးဆပ်သူနဲ့ အခွင့်အရေးသမား
မှန်မှန်ကန်ကန် ရွေးချယ်ရမည့် ပွဲ...

ဒီပွဲက
ရိုးသားဖြောင့်မတ်သူနဲ့ လိမ်ညာကောက်ကျစ်သူ
မှန်မှန်ကန်ကန် ရွေးချယ်ရမည့် ပွဲ...

ဒီပွဲက
စေတနာထားသူနဲ့ စေတနာမဲ့သူ
မှန်မှန်ကန်ကန် ရွေးချယ်ရမည့် ပွဲ...

ဒီပွဲက
အရည်အချင်းရှိသူနဲ့ အရည်အချင်းမဲ့သူ
မှန်မှန်ကန်ကန် ရွေးချယ်ရမည့် ပွဲ...

ဒီပွဲက
ကမ္ဘာက လေးစားရသူနဲ့ ကမ္ဘာ့အော်ကြောလန်
မှန်မှန်ကန်ကန် ရွေးချယ်ရမည့် ပွဲ...

ဒီပွဲမှာ
ငါတို့ရဲ့ရွေးချယ်မှုဟာ

ဒီပွဲရဲ့ အဆုံးအဖြတ်ဟာ..

ငါတို့ သားမြေးတွေရဲ့ အနာဂတ်...

ငါတို့ တူတူမလေးတွေရဲ့ အနာဂတ်...

ငါတို့ ညီနောင်တွေရဲ့ အနာဂတ်...

ငါတို့တိုင်းရင်းသားအားလုံးနဲ့
ငါတို့တိုင်းပြည်ရဲ့ အနာဂတ်...

ငါတို့ မိဘဘိုးဘွားတွေရဲ့
ခေတ်အဆက်ဆက် မျှော်လင့်ခဲ့ကြရတဲ့  မျှော်လင့်ချက်...

ဒီအနာဂတ် ဒီမျှော်လင့်ချက်တွေအတွက်..

မင်းလဲ မြန်မာနိုင်ငံသား
ငါလည်း မြန်မာနိုင်ငံသား
ငါတို့ နိုင်ငံ အနာဂတ်လှပဖို့

ငါတို့ရွေးချယ်မှုဟာ
မှန်ကန်ပြတ်သားကြဖို့
အရေးကြီးတယ်
သူငယ်ချင်း...။

လင်းဝေ

Happiness

တကယ်တော့

မိမိကိုယ် မိမိကလွဲရင်

မိမိကို တန်ဖိုးထားသူ

မိမိကို ပျော်ရွှင်စေနိုင်သူ

အခြား တယောက်ကို

မမျှော်လင့်ဖို့အရေးကြီးတယ်

မျှော်လင့်မိတယ်ဆိုရင်တော့

ဘဝမှာ ပျော်ရွှင်နိုင်လိမ့်မယ်

မဟုတ်ဘူး

ဘယ်အရာကိုပဲဖြစ်ဖြစ်

တခြားလူတယောက်ဆီကနေ

အရမ်းကြီး

မျှော်လင့်မထားပါနဲ့

မိမိကို တကယ်တန်ဖိုးထားပြီး

မိမိဘဝကို တကယ်ပျော်ရွှင်ဖို့

လုပ်ပေးနိုင်တဲ့သူဟာ

မိမိကလွဲပြီး

တခြားသူ မရှိနိုင်ပါဘူး

မိမိရဲ့ပျော်ရွှင်မှုကို

မိမိကိုယ်တိုင်သာလျှင်

စိုက်ပျိုးရှင်သန်စေနိုင်လိမ့်မည်

ဖြစ်သည်....


လင်းဝေ

Sunday, September 20, 2015

ပညာတတ်ရုံနဲ့ မပြီးဘူး

ငါတို့ဟာ 
ပညာ တတ်နေရုံနဲ့မပြီးဘူး

တတ်ထားတဲ့ပညာနဲ့
အမှားအမှန် အကောင်းအဆိုးကို
သေချာစွာ
သိရှိဆုံးဖြတ်နိုင်ရမယ်

ပြီးတော့ 
အဲဒီပညာနဲ့ပဲ
မှန်တဲ့ဘက်
တရားမျှတတဲ့ဘက်မှာ
ရဲဝြံ့ပတ်သားစွာ
ရပ်တည်ကြရလိမ့်မယ်

လင်းဝေ

Wednesday, September 16, 2015

Mr. Lee

From The Big Ideas Of Lee Kuan Yew
(ဒိုဂျေဆန်း ဘာသာပြန်ဆိုသည်)

အများက မစ္စတာလီကို လက်တွေ့ဆန်သူဟု သတ်မှတ်ထားကြသည်။
သူသည် အမှန်ခါးခါးကိုပင် ပြောချလိုက်ဖို့ မတုံ့ဆိုင်းသူ ဖြစ်သည်။
သူသည် ရည်ရွယ်ချက်ကို ဦးထိပ်ပန်ဆင်ထားသည့် အတွေးအမြင် ပဓာနဝါဒီဖြစ်သည်။
သူသည် လောကကို ကြည့်ရာ၌ အရှိအတိုင်း ကြည့်ရမည်ဖြစ်ပြီး ကိုယ်ဖြစ်စေချင်သလို မကြည့်ရဟု ခံယူထားသည်။
ကံကြမ္မာသည် လက်ဆန့်တန်းပြီး ကျနော်တို့ကို လုပ်ကိုင်ပေးလျှက်ရှိသည်။
သို့သော် အောင်ပွဲခံမည့် လက် ဖြစ်ဖို့ဆိုသည်မှာ ကျနော်တို့အပေါ်၌ မူတည်သည်။
အင်မတိအင်မတန် ကြီးမားသည့် ဆန္ဒ၊ ခံယူချက်နှင့် စိတ်ကူးနိုင်စွမ်းတို့ဖြင့် လုပ်ဆောင်ပါက တိုးတက်ရန်အတွက်လမျှော်လင့်ချက် အမြဲရှိနေမည်။
လူသည် ပကတိပြည့်စုံကောင်းမွန်ုခြင်း မရှိချေ။
သို့သော် ကျနော်တို့သည် ပိုကောင်းမွန်အောင် လုပ်၍ရသည်။
မစ္စတာလီသည် ကွန်ဖြူးရှပ် ဝါဒကို ထွေးပိုက်ထားသည်။
အဘယ့်ကြောင့်ဆိုသော် ကွန်ဖြူးရှပ်ဝါဒက လူသည် ကောင်းသည်ထက်ကောင်းအောင် ပိုလုပ်၍ရသည်ဟု ယုံကြည်သောကြောင့် ဖြစ်သည်။
မည်သည့် လူ့အဖွဲ့အစည်းမှ ပကတိ ပြည့်စုံ ကောင်းမွန်ခြင်း မရှိချေ။
သို့သော် စည်းစည်းလုံးလုံးရှိကြသည့် လူ့အဖွဲ့အစည်းသည် လူအများတွင် ရှိနေသည့်စိတ်ဓာတ်ကို အကောင်းဆုံးအခြေအနေဖြင့် ဆွဲထုတ်နိုင်သည်။
ကျနော်တို့၏ ပြည်သူလူထုအတွက် ပိုမိုကောင်းမွန်သော အနာဂတ်ကို ဖန်တီးပေးနိုင်သည်။ကျနော့်အမြင်တွင်
မစ္စတာလီသည် လက်တွေ့ကျသည့် အတွေးအမြင် ပဓါနဝါဒီ ဖြစ်သည်။

အတွေးအခေါ်မြင့်မားကြပါစေဗျာ...


လင်းဝေ



မွန်းကြပ်လှောင်ပိတ်နေတဲ့
နှလုံးသားတစ်စုံကို
ချော့သိပ်ဖို့တဲ့..

တိတ်ဆိပ်နေတဲ့
ညတညဟာ
လေပြေလေညင်းတွေကို
တမက်တရှ
တမ်းတနေခဲ့တယ်...

နတ်သမီး
စကားသံတွေကလည်း
ငါ့ကောင်းကင်ယံမှာ
ကြင်နာစွာ
မျောလွင့်နေတာ
ငါမကြားရဘူး..

ငါ
မြတ်နိုးစွာ
ငတ်မွတ်တောင့်တမိတဲ့
အိပ်မက်ဟာ
ခုထိ
ငါ့အိပ်ယာပေါ်
ခုန်ဆင်းကျမလာသေးဘူး..

ငါရင်ဘတ်တစ်လုံးဟာ
တံလျှပ်တွေနဲ့
မြင်မကောင်းအောင်
ကြေကွဲဖွယ် ကောင်းရဲ့...

ဘယ်လောက်
နာကျင်စရာ
ကောင်းလိုက်သလဲကွယ်...

လရောင်ကင်းမဲ့တဲ့
 ဟောဒီ
အထီးကျန်
ညနက်ကြီးထဲ...

ငါ့နှလုံးသားဟာ
ဒဏ်ရာအနာတရတွေနဲ့
ညတညအကြောင်း
အဓိပ္ပာယ်ဖွင့်ဆိုနေခဲ့တယ်...။

လင်းဝေ

Friday, July 3, 2015

သံသရာ

သံသရာ..

မနက်ဖြန်ပေါင်းများစွာ

နိုးထရဦးမယ့်

အိပ်မက်ရှည်တစ်ခုပါပဲ..

အငှားရထားတဲ့

ခန္ဓာ ငါးခုနဲ့

ကိုယ့်သမိုင်းကိုယ်

ပြုစုရင်း...

အဲဒီ

ကမ်းမမြင် လမ်းမမြင်

ပင်လယ်ပြင်ထဲ

မသိခြင်းတွေနဲ့

စီးဆင်းကြရင်း...

တယောက်ကို တယောက်

မသိချင်ယောင် ဆောင်ကြရင်း...

ပြုံးပြ နှုတ်ဆက်ကြရင်း..

မမြင်ချင်ယောင် ဆောင်ကြရင်း...

လူချင်း မှားကြရင်း...

အတိတ်တွေ လွမ်းဆွတ်ကြရင်း...

အနာဂတ်တွေ မျှော်လင့်ကြရင်း...

ပစ္စုပ္ပန်တွေ ပျောက်ဆုံးကြရင်း...

မင်းနဲ့ငါ ကင်ပွန်းတွေ တတ်ကြရင်း...

အလင်းနဲ့ ဝေးမှန်းမသိ ဝေးကြရင်း...

အဖန်တလဲလဲ ဖြစ်ပျက်မှုတွေကြား...

အနှစ်နဲ့ အကာ

ဘယ်ချိန်ထိ

လွဲနေကြဦးမလဲ....

ငါဟာ

ငါမဟုတ်တဲ့အကြောင်း

ငါမသိသေးသမျှ

ဘဝတွေ ဘယ်လောက်

ခုံမင်တွယ်တာနေမိဦးမယ်လေ....

လင်းဝေ






ချစ်သူ ဖတ်ဖို့ ကဗျာ

ချစ်သူဖတ်ဖို့ ကဗျာ...

လွမ်းလို့ ရေးတဲ့

ကဗျာ တစ်ပုဒ်မို့

လွမ်းသူအတွက် ရည်ရွယ်

လွမ်းသက် လက်ဆောင်

ပို့ခဲ့ပါ၏။

လွမ်းပြီးရင်း...လွမ်း

တွေးတိုင်း...လွမ်းလို့

လွမ်းနေတိုင်း...လွမ်း

နေ့တိုင်း...လွမ်းလို့

လွမ်းခြင်း ဘယ်သူ

ကူမှာလဲလေ...

ညစဉ် ညတိုင်း

အအိပ် ခက်ခဲ့

အိပ်မက်မှာလည်း

သူ့ကို လွမ်းသည်...။

ချစ်လို့ ရေးတဲ့

ကဗျာ တစ်ပုဒ်မို့

ချစ်သူအတွက် ရည်ရွယ်

ချစ်သက် လက်ဆောင်

ပို့ခဲ့ပါ၏။

ချစ်ပြီးရင်း...ချစ်

တွေးတိုင်း...ချစ်လို့

ချစ်နေတိုင်း...ချစ်

နေ့တိုင်း...ချစ်လို့

ချစ်ခြင်း ဘယ်သူ

ကူမှာလဲလေ...

ညစဉ် ညတိုင်း

အအိပ် ခက်ခဲ့

အိပ်မက်မှာလည်း

သူ့ကို ချစ်သည်...။

လင်းဝေ

Tuesday, June 23, 2015

မယ်

"မယ်"

ဟိုဟာ "မယ်"
ဒီဟာ "မယ်"
တ "မယ်" "မယ်"နဲ့...

တို့ မြန်မာ မိန်းကလေးတွေလဲ
တကိုယ်လုံးကို
ဖော်ကာပြ
ပြည့်တန်ဆာတွေထက်
စောက်ရှက်မဲ့စွာ...

အဖေမကြည့်ဝံ့
အမေမကြည့်ရဲ
အကိုမောင်တွေ
အရှက်ကွဲအောင်
အနုပညာလို့ ကြွေးကြော်
ရမ္မက်ဘီလူးတွေအလည်
ကမ္ဘာပတ်ပြီး
ချွတ်ပြနေကြ...

အရှက်တရားနဲ့
ယဉ်ကျေးမှုနဲ့ဟာ
ခေတ်မှီတာနဲ့
မဆိုင်ဘူးထင်ရဲ့..

မင်းတို့ချွတ်ပြကြတော့
မြန်မာပြည် ကြီးအတွက်
ဘာအကျိုးမြတ်ရမှာလဲလို့
ဖာဈေးကွက်ကြီး ဖြစ်မှာစိုးတယ်

အသိပညာမှာ ခေတ်မှီပါ
အတတ်ပညာမှာ ခေတ်မှီပါ
ကိုယ်ကျင့်တရားမှာ ဖြူစင်ပါ...

တကယ့်အလှဆိုတာ
ချွတ်ပြနေစရာ မလိုပါဘူး...

မြန်မာ့ရိုးရာ ဝတ်စုံတွေ
လုံခြုံစွာ ဝတ်ဆင်
မြန်မာမလေးတွေရဲ့တန်ဖိုး
မြန်မာမလေးတွေရဲ့ယဉ်ကျေးမှု
မြန်မာမလေးတွေရဲ့ မြန်မာဆန်တဲ့အလှတရား
ကမ္ဘာက ငေးယူအားကျ
တန်ဖိုးထားကြရလောက်အောင်
မြန်မာမလေးတွေရဲ့
မြင့်မားတဲ့ အဆင့်အတန်းကို
ပြကြစမ်းပါ...

ဘဝအောင်မြင်ဖို့
ဖြတ်လမ်းနည်းသုံးပြီး
ကိုယ်ခန္ဓာကိုယ်တစ်ခုလုံးကို
အပေါစားဆန်ဆန် တန်ဖိုးမဲ့အောင်
ပြမစား ရောင်းမစားချင်စမ်းပါနဲ့...

မြန်မာဆိုတာ အရှက်ကြီးတဲ့အမျိုး
အိနြေ္ဒကြီးတဲ့ အမျိုးမို့
တလွဲ ဆံပင်မကောင်းချင်ကြစမ်းပါနဲ့ကွယ်

လင်းဝေ

Friday, June 19, 2015

အဆင့်အတန်း

လူတယောက်ရဲ့

တန်ဖိုး အဆင့်အတန်းဟာ

အဲဒီလူရဲ့

ကိုယ်ကျင့်တရားနဲ့

သူရဲ့

တာဝန်သိမှု

တာဝန်ယူမှု

တာဝန်ကျေမှုတွေက

သက်သေပြနေတာပါပဲ...

လင်းဝေ

Thursday, June 18, 2015

ဘာဆိုင်လို့လဲတဲ့ဗျာ

ဘာဆိုင်လို့လဲတဲ့ဗျာ...


မင်းတို့နည်းပညာ ကျောင်းသားတွေ အဖွဲ့နဲ့ သမ္မတအသစ်ရွေးတာနဲ့ ဘာဆိုင်လို့လဲတဲ့ ကိုကြီးသစ္စာက မေးတယ်ဗျာ

သိပ်သက်ဆိုင်တာပေါ့ ကိုကြီးသစ္စာရယ် သမ္မတ တစ်ယောက် အပြောင်းအလဲဟာ ကျနော်တို့နည်းပညာ ကျောင်းသားတွေအတွက် အရေးကြီးဆုံးပါပဲဗျာ

စစ်အာဏာရှင် အစိုးရ အဆက်ဆက် ဦးသိန်းစိန်လက်ထက်အထိ
ကျနော်တို့ နည်းပညာကျောင်းသားတွေ အနှိမ်ခံဘဝ ချောင်အထိုးခံဘဝနဲ့
သင်ထောက်ကူပစ္စည်း ၊စာအုပ် ၊ဆရာဆရာမ ဘာမှ မပြည့်မစုံနဲ့ နည်းပညာတွေကို သီအိုရီနဲ့လက်တွေ့ နားလည်အောင် သင်ခွင့်မရခဲ့ဘူး။
ကျောင်းပြီး ဘီအီးဘွဲ့လက်မှတ်ရတာတောင် ဘဝအတွက် ဘာအာမခံချက်မှ မရှိဘူး။

သူများ နိုင်ငံမှာ ဘာမှအတန်းမရှိတဲ့ကောင်က တလ အနည်းဆုံး ဒေါ်လာ ၆၀၀ နေစရာပါသေး။

ကျနော်တို့မှာတော့ ဘီအီးဘွဲ့လက်မှတ်ကြီးကိုင် တလ မြန်မာငွေတသိန်းလေးရဖို့ လနဲ့ချီရှာတာတောင် အလုပ်မလွယ်ဘူး။

နောက်ဆုံး နိုင်ငံခြားကို ထွက်ပေါက်ရှာဖို့ သူများဆီ အတိုးယူ တိုင်းတပါး စွန့်စားထွက်ရတဲ့ သူများနိုင်ငံမှာ အလုပ်ရှာ အလုပ်လုပ်ရတဲ့ အနှိမ်ခံဘဝတွေ ဘသူမှမသိဘူး။

အလုပ်မရဘဲ ပြန်သွားလို့ အတိုးနဲ့ လယ်တွေယာတွေ ထိုးအပ်လိုက်ရတဲ့ ဘဝတွေ အများကြီး။

ပြောရရင် မဆုံးနိုင်ပါဘူး ကိုကြီးသစ္စာ။

အဲဒါကြောင့် သမ္မတ ကောင်းကောင်းလိုချင်မိတာ နည်းပညာကျောင်းသားတွေ ရူးသလား ကိုကြီးသစ္စာရယ်။

ကျနော်တို့နိုင်ငံ နည်းပညာတိုးတက်ဖို့ နည်းပညာကျောင်းသားတွေ ထူးချွန်စေဖို့ သမ္မတကောင်းကောင်းလိုတယ်ဆိုတဲ့ အမှန်တရား တစ်ခုကို ကိုကြီးသစ္စာဆိုတဲ့
သစ္စာရှင်ကြီး(ကိုအမှန်တ
ားကြီး) ပညာရှိသတိဖြစ်ခဲ ဆိုသလို ဖြစ်နေတာလားဗျာ။

အမှားပါရင် ခွင့်လွှတ်ပါဗျာ

လင်းဝေ

စိတ်ချမ်းသာချင်ရင်

စိတ်ချမ်းသာချင်ရင်
စိတ်ညစ်စရာမတွေးနဲ့

လုပ်နိုင်တာအကောင်းဆုံးလုပ်ပြီး ပျော်ပျော်နေ

ဖြစ်ခဲ့တာတွေလဲ နောင်တမရနဲ့

မဖြစ်သေးတာလည်း တွေးမပူနဲ့

လက်ရှိအခြေအနေကိုပဲ
ပေါ့ပေါ့ပါးပါးရင်ဆိုင်လိုက်ပါ

အားလုံးဟာ ဖြစ်ပြီးရင် ပျက်သွားမှာပါပဲ

ဘယ်အရာမှ ရင်ထဲမှာ သိမ်းဆည်းမထားပါနဲ့

မေတ္တာတရားသည်သာ အအေးချမ်းဆုံးအရာ ဖြစ်တယ်

လင်းဝေ

Thursday, May 28, 2015

Challenge Game

...စိန်ခေါ်ပွဲ...

"ဟေး...ကောင်လေး..ထတော့"

"ဗျာ ခင်ဗျားက ဘယ်သူလဲဗျ"

"ငါလား...လောကဓံတရားလေ...မင်းတို့ ပြောပြောနေကြတဲ့ လောကဓံတရားဆိုတာ ငါပဲ"

"ဪ..ဟုတ်လား..ခင်ဗျားပုံစံကလဲ အူကြောင်ကြောင်နဲ့"

"ပြောလေဗျာ...ဘာကိစ္စလဲ"

"မင်း မေ့နေပြီလား..မင်း ငါ့ကို စိန်ခေါ်ထားတယ်လေ"

"ဗျာ"

""ဗျာ လုပ်မနေနဲ့ အခု မင်းနဲ့ငါ ယှဉ်ပြိုင် တိုက်ခိုက်ဖို့ အချိန်ကျပြီ ကြိုးဝိုင်းထဲ ဝင်ကြစို့"

"ဗျာ.ဘာလို့လဲ"

"မင်းပဲ အောင်မြင်ချင်တယ်ဆို"

"အဲဒါတော့ ဟုတ်တယ်လေဗျာ"

"မင်း အောင်မြင်ချင်တယ်ဆိုရင်တော့ ငါ့ကို အနိုင် တိုက်ခိုက်မှ ဖြစ်လိမ့်မယ်"

"အဲလိုကြီးလားဗျ"

"ငါ့ကို မနိုင်ဘဲ မင်း ဘယ်တော့မှ အောင်မြင်မှုမရဘူး၊ ဒါဟာ လောကြီးရဲ့ အမှန်တရားပဲ"

"ဟာ ဟုတ်သားပဲ ကျနော် ခဏဆိုပြီး အိပ်လိုက်မိတာ တော်တော်ကြာသွားတယ်..ဝါး..."

"အေး အဲဒါကြောင့်ပဲ ငါ မင်းကို နှိုးလိုက်တာ"

"အဲဒါဆိုလဲ လာဗျာ စကြစို့ ကြာတယ်"

"ဇွတ်ကြီးပါလားဟ မင်း အားမမွေးတော့ဘူးလား ကောင်လေး"

"သြော.. ခင်ဗျားက ကျနော့်ကို အိပ်ပျော်နေတဲ့ သူရဲကောင်း တစ်ယောက်လို့ မထင်ဘူးပေါ့ ဟုတ်လား ဟက်ဟက်"

"ဟ ဟ ဟား...သူရဲကောင်းလို့ ကြွေးကျော်နေတဲ့ကောင်တွေ ငါ့ခြေဖျားအောက်မှာ ပြားပြားမှောက်သွားတာ အများကြီးပဲ"

"ဟုတ်လို့လားဗျ သူတို့က သူတို့ ကျနော်ကကျနော်ပဲ..စလိုက်ကြရအောင်ဗျာ"

"မင်းက ဒီလောက် ထက်သန်နေတော့လည်း စလိုက်ကြတာပေါ့၊ သတိတော့ထားကွာ ငါက ညှာမှာတော့ မဟုတ်ဘူး"

"စကားများတာဗျာ လာမှာသာ လာစမ်းပါဗျ"

ကျနော် လောကကြီးကို တချက်ကြည့်လိုက်ပြီး

"ဒီမှာ လောကကြီး
လောကဓံဆိုတဲ့ ကောင်ကြီးနဲ့ကျနော် ဘယ်သူ ရွှေခါးပတ် ရမလဲဆိုတာ ခင်ဗျားပဲ ဆုံးဖြတ်ပေးစမ်းပါဗျာ နော်"

လောကကြီးက မခန့်တဲ့ ပုံစံနဲ့

"အေးလေ လုပ်ကြပေါ့ ငါကတော့ စောင့်ကြည့်နေမှာပဲ စိတ်ချ ဖက်မလိုက်ဘူး"

ဒီလိုနဲ့...
ကျနော်နဲ့ လောကဓံ
ကျနော်တို့ နှစ်ယောက်
ဘဝ ဆိုတဲ့ ကြိုးဝိုင်းထဲ
ပြိုင်တူ
ခုန်ချလိုက်ကြတယ်...။

လင်းဝေ

Monday, May 18, 2015

Love poem

...အချစ်ကဗျာ...

ငါ့ကိုယ်ငါ
မြားတစ်စင်းအဖြစ်
ဖန်ဆင်းပြီး
မြားနတ်မောင်ကြီးရဲ့ လေးကြိုးကို
ခြေစုံကန်..

မင်းရဲ့
နှလုံးသား အလည်ဗဟိုတည့်တည့်ဆီ
ငါ့ကိုယ်ငါ
ပျံသန်း ပစ်လွှင့်လိုက်တယ်...

အချစ်နဲ့
ပြာလဲ့ ကြည်စင်သွားတဲ့
ညနေ တစ်ခင်းကို
မင်းမြင်တွေ့နိုင်ပါစေ
ချစ်သူ...

နူးညံ့စွာ
ဝင်းမွတ်လှလွင်နေတဲ့
လမင်းသခင်မလေး ရှေ့မှာ
ကြယ်တာရာ တစ်စင်းလို
ရဲဝံ့တောက်ကြွားစွာ
ခစား..

အဲဒီညက
အချစ်ကဗျာ တစ်ပိုဒ်ဟာ
ငါ့နှလုံးသား
တံခါးချပ်တွေကို
ရုန်းကန် တွန်းဖွင့်
ငါ့နှုတ်ဖျားဆီကတဆင့်
ပွင့်အံကျလာရဲ့...

ငါက
အဒီ ကဗျာလေးကို
ကြယ်တာရာတွေနဲ့အတူ
သံပြိုင်ဆိုတဲ့အခါ
အချစ် ဆိုတဲ့
ကဗျာဟာ
လေပြေညင်းတွေကနေ
နဂါးငွေ့တန်းတွေဆီ
ဖြတ်သန်းစီးဆင်း..

စကြာဝဠာ တံတိုင်းအဆင့်ဆင့်
ပဲ့တင်ထပ်နေခဲ့မယ်ဆိုတာ
နှလုံးသားစစ်စစ်ဖြင့်သာ
မင်း..
ကြားနိုင်လိမ့်မယ်
ချစ်သူ...။

လင်းဝေ

Saturday, May 2, 2015

သံဝေဂ

...အသိ...


တနေ့က

လူသားတစ်ယောက်

လောကကို

အပြီးတိုင်နှုတ်ဆက်

ဒီဘ၀ကနေ

လက်ပြ ထွက်ခွာသွားတယ်....

ရှင်သန်ခဲ့တဲ့

ဒီ နှစ်တွေအတွင်း

သူ

ဘာ ကောင်းမှုတွေပြုခဲ့လို့

ဘာ မကောင်းမှုတွေပြုသွားခဲ့လဲ..

ဘာပဲဖြစ်ဖြစ်

ကောင်းရာသုဂတိ

ရောက်ပါစေလို့

ကျနော်

ဆုတောင်းပေးမိတယ်...

ဒီလိုနဲ့

ကျနော်ကိုယ် ကျနော်

မှန်ထဲ ပြန်ကြည့်တော့

ဟိုတုန်းကတည်းက

မလှခဲ့တဲ့ရုပ်က

ပိုပိုဆိုးလာသလိုပဲ..

ဘယ်အချိန်က

ပေါက်နေမှန်းမသိတဲ့

ဆံပင်ဖြူတွေက

ကျနော့်ခေါင်းပေါ်

ဟိုတစ်စ....ဒီတစ

ကျနော့်အဖိုး ပြောသလို

ပြောရရင်

သေမင်းကတော့

အလံ လာစိုက်နေပြီထင်ရဲ့...

တကယ်တော့

နုပျိုမှုဆိုတာကလဲ

တီဗွီဖန်သားပြင်ပေါ်က

ကြော်ငြာ တစ်ပုဒ်လောက်တောင်

ကြာရှည် မခံလိုက်သလိုပဲ..

ပါးရေ တွန့်နေတဲ့

အပြုံးတွေက

ကျနော်တို့ရဲ့ဇရာကို

ဖုံးကွယ်မထားနိုင်တော့ဘူးလေ...

မသေချာတဲ့

မနက်ဖြန်တွေမှာ

ဘာတွေဖြစ်လာမလဲ

ဒါလည်း

ကျနော်တို့ မသိနိုင်ဘူး...

ကျနော်တို့ဟာ

ဒီနေ့ရဲ့

သေချာတဲ့ ရှင်သန်မှုကိုပဲ

တန်ဖိုးရှိစွာ

အသုံးချရမယ်လေ...

ဘာပဲဖြစ်ဖြစ်ပေါ့ကွယ်

ရခဲလှတဲ့

လူ့ဘဝမှာ

ဗုဒ္ဓဘာသာ ဖြစ်ရခြင်းအတွက်

ကျနော့်ရဲ့ လူဖြစ်ရခြင်းကိုပဲ

မြတ်နိုးမဆုံးဘူး

ဖြစ်မိပါရဲ့...



လင်းဝေ

Thursday, April 30, 2015

Who n why

ဘာကြောင့်လဲ ဘယ်သူတွေကြောင့်လဲ

ဗိုလ်မှူး ဗိုလ်ချုပ်တွေက
တိုင်းပြည်ဘဏ္ဍာကို မတရားခိုးပြီး
ချမ်းသာချင်တိုင်းချမ်းသာ
သူတို့သားသမီးတွေက
နောက်ဆုံးပေါ်ကားတဝီဝီ
ရမ်းကားချင်တိုင်းရမ်းကား
ကုမ္ပဏီတွေ ၂ခု ၃ခု ထောင်ပြီး
စည်းစိမ်တွေရစ်လို့..

ပြည်သူတွေကတော့
ငတ်သည်ထက်ငတ်လို့...

ကျောထောက်နောက်ခံမဲ့
စစ်သားတွေကတော့
ဗိုလ်မှူးဗိုလ်ချုပ်တွေ စည်းစိမ်အာဏာတိုးစေဖို့...

သံဃာတော်တွေကို ပစ်သတ်ဆိုလဲ ပစ်သတ်လိုက်ကြရတာပဲ...

ကျောင်းသားပြည်သူတွေကို ပစ်သတ်ဆိုလဲ ပစ်သတ်လိုက်ကြရတာပဲ...

လယ်သမားတွေကို ပစ်သတ်ဆိုလဲ ပစ်သတ်လိုက်ကြရတာပဲ...

အလုပ်သမားတွေကို ပစ်သတ်ဆိုလဲ ပစ်သတ်လိုက်ကြရတာပဲ..

ခုတော့ ရှေ့တန်းတဲ့
အသေခံပြီး တိုက်ကြရပြန်ပြီ..

ဪ ဆိုးလိုက်တဲ့ဘဝတွေ...

ဗိုလ်မှူး ဗိုလ်ချုပ်တွေက
တိုင်းပြည်ဘဏ္ဍာကို မတရားခိုးပြီး
ချမ်းသာချင်တိုင်းချမ်းသာ
သူတို့သားသမီးတွေက
နောက်ဆုံးပေါ်ကားတဝီဝီနဲ့
ရမ်းကားချင်တိုင်းရမ်းကား
ကုမ္ပဏီတွေ ၂ခု ၃ခု ထောင်ပြီး
စည်းစိမ်တွေရစ်လို့..

ဒါတွေဟာ
ဘာကြောင့်လဲ
ဘယ်သူတွေကြောင့်လဲဆိုတာ...

ငါတို့ အသိဉာဏ်တွေ လင်းလက်သင့်ပါပြီ...

လင်းဝေ

Wednesday, April 29, 2015

ကြိုးစားကြပါစို့

လူမှာ
ဦးနှောက်နဲ့ နှလုံးသားဟာ
သိပ်အရေးကြီးတယ်...

ဦးနှောက်ဖြင့်
စဉ်းစားဆင်ခြင်နိုင်မှု
အသိဉာဏ်ပညာကို
တည်ဆောက်နိုင်တယ်..

နှလုံးသားဖြင့်
နူးညံ့တဲ့ မေတ္တာတရား
ကိုယ်ချင်းစာတရားကို
မွေးမြူနိုင်တယ်..

ဒီ ကမ္ဘာကြီးပေါ်
ခဏတာ
နေခွင့်ရခိုက်...

ငါတို့ဟာ
အသိဉာဏ်ပညာနဲ့ ပြည့်ဝပြီး
ကိုယ်ချင်းစာတရားရှိသော
လူသားတွေဖြစ်အောင်
ကြိုးစားရလိမ့်မယ်..


လင်းဝေ

Monday, April 27, 2015

သတိထားပါ...



မင်း သတိထားပါ
ဒီလောကမှာ
အဟာရ ၁ ခုသာလျှင်
မှီခိုအားထားရာ ရှိတယ်
ဒါဟာလည်း
မမြဲဘူးဆိုတာ...

မင်း သတိထားပါ
ဒီလောကမှာ
သတ္တဝါဟူသမျှ
ရုပ်နာမ် ၂ ပါးသာရှိတယ်
ဒါဟာလည်း
မမြဲဘူးဆိုတာ...

မင်း သတိထားပါ
ဒီလောကမှာ
သုခ၊ ဒုက္ခ၊ ဥပက္ခာ
ဝေဒနာ ၃ ခုသာရရှိတယ်
ဒါဟာလည်း
မမြဲဘူးဆိုတာ...

မင်း သတိထားပါ
ဒီလောကမှာ
ဒုက္ခ၊ သမုဒယ၊ နိရောဓ၊ မဂ္ဂ
သစ္စာ တရား ၄ ပါးရှိတယ်
ဒါတွေကို သိမှ
လွတ်မြောက်နိုင်မယ်ဆိုတာ...

မင်း သတိထားပါ
ဒီလောကမှာ
သတ္တဝါ ဟူသမျှ
ခန္ဓာ ၅ ပါးသာရှိတယ်
ဒါလည်း မမြဲဘူးဆိုတာ...

မင်း သတိထားပါ
ဒီလောကမှာ
သတ္တဝါ ဟူသမျှ
သဠာယတန ၆ ပါးက ဖြစ်တဲ့
အာရုံ ၆ ပါးသာရှိတယ်
ဒါဟာလည်း မမြဲဘူးဆိုတာ...

မင်း သတိထားပါ
ဒီလောကမှာ
ဗောဇ္ဈင် ၇ ပါးရှိတယ်
ဒါတွေကသာ
သစ္စာ ၄ ပါးကို ထိုးထွင်းသိဖို့ အကြောင်းဖြစ်တယ်ဆိုတာ...

မင်း သတိထားပါ
ဒီလောကမှာ
မဂ္ဂင် ၈ ပါးရှိတယ်
သံသရာက လွတ်ဖို့
ဒါတွေကို သိဖို့ကျင့်ဖို့ အရေးကြီးတယ်ဆိုတာ...

မင်း သတိထားပါ
ဒီလောကမှာ
ဘုံဌာနတွေပေါင်းချုပ်လိုက်ရင်
၉ ဘုံသာရှိတယ်
ဒါတွေဟာလည်း မမြဲဘူးဆိုတာ...

မင်း သတိထားပါ
ဒီလောက
ရဟန္တာတွေရဲ့ အကျင့် ၁၀ ပါးရှိတယ်
ဒါတွေ ပြည့်စုံမှသာ
လွတ်မြောက်နိုင်မယ်ဆိုတာ..

မင်း သတိထားပါ
ရေမှုတ်ထဲက ရေတဝက်ကို သွန်လိုက်တဲ့အခါ
တဝက်ပဲ ကျန်သလို
တခါလိမ်ညာပြောသူဟာ
ကိုယ်ကျင့်တရား
တဝက်ပဲ ရှိတယ်ဆိုတာ....

မင်း သတိထားပါ
ရေမှုတ်ထဲက ရေအကုန်သွန်လိုက်ရင်
ရေမှုတ်ထဲမှာ ဘာမျှ မကျန်တော့သလို
အမြဲ လိမ်ညာသူဟာ
ကိုယ်ကျင့်တရား လုံးဝမရှိသူပဲ ဆိုတာ...

ဗုဒ္ဓ မြတ်စွာက
သားတော် ရာဟုလာကို
ဟောတော်မူခဲ့တယ်..

လင်းဝေ

မနေ့က အိမ်မှာ ညီမတယောက် မွေးနေ့ပွဲ မွေးနေ့တရား အဖြစ် ဟောကြားပေးတဲ့
ဆရာတော့် တရားလေးကို ပြန်လည် အာရုံပြုရင်း
ဓမ္မကဗျာလေး ရေးစပ်ပြီး ကုသိုလ်ပြုလိုက်ပါတယ်..

သာဓု သာဓု သာဓု

Sunday, April 26, 2015

အသိတရား



တခါတရံ 
လူတစုရဲ့ 
အသိနည်းတဲ့ 
မိုက်လုံးကြီးတဲ့ 
အတ္တကြောင့်
သစ်တောတွေပြုံး ၊ 
တောင်တွေပြုံး၊ 
မြစ်တွေလည်းဆုံးရှုံးနိုင်သလို...

ဘယ်လို 
သယံဇာတ 
ပေါကြွယ်ဝပေမယ့် 
မွဲပြာကျပြီး
ကြွေးတင်နေတဲ့ 
ဘဝတွေဟာ
လက်တစ်ဆုပ်စာ အတွက်
စတေးပစ်ခံနေရတယ်ဆိုတာ
...

လူဆိုတာ
ကိုယ့်တစ်ဖို့တည်း အတွက် မစဉ်းစားရဘူး..

ကိုယ့်လုပ်တဲ့ အလုပ်အတွက်
ကိုယ့်ပတ်ဝန်းကျင်
ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး
ကိုယ့်မျိုးဆက်သစ် နောင်လာနောက်သားတွေအတွက်

ကောင်းကျိုး ဆိုးပစ်တွေကိုလည်း
စဉ်းစားပြီး 
လုပ်ကြဖို့ဆိုတဲ့ 
အသိတရားတစ်ခုဟာ
ဘယ်လောက်ထိ
အရေးကြီးသလဲဆိုတာ...

ဒါဟာ
ငါတို့ ရင်ထဲက 
ကိုယ်ချင်းစားတရားနဲ့အတူ
ရှိနေသင့်တဲ့
လူသားဆန်တဲ့
အသိတရားတစ်ခုဆိုတာကိုပေါ့..။

လင်းဝေ

Power

ဟောဒီ လောကကြီးမှာ
လောကဓံတရားတွေကို
ရင်ဆိုင်ဖို့
အကောင်းဆုံး လက်နက်ဟာ
မင်းရဲ့ စိတ်ပါပဲ

မင်းရဲ့ စိတ်က
သတ္တိတွေနဲ့
မာကျော ခိုင်မာနေသမျှ
ဘယ်လို လောကဓံတရားကမှ
မင်းကို
အလဲထိုးလို့ မရပါဘူး

လင်းဝေ

Saturday, April 25, 2015

ကျေးဇူးတော်ရှင် ဝေဘူဆရာတော်ဘုရားကြီး

((( ကျေးဇူးတော်ရှင် ဝေဘူဆရာတော်ဘုရားကြီး ဟောပြညွှန်ကြား ဆုံးမတော်မူသော သံသရာမှ လွတ်မြောက်ကြောင်း တရားတော် မှတ်စု )))

* သီလရှိလျင် တောင့်တလိုချင်တိုင်း ပြည့်စုံစေနိုင်၍ သီလကို ကြိုးစားဖြည့်ရန်။
* သာသနာတည်ကြောင်း ကောင်းမှုများသည် နိဗ္ဗာန်သွားရန် ခြေထောက်သဖွယ်(စရဏ)ဖြစ်၍ တတ်အားသမျှ ပြုလုပ်ရန်။
* ဘုရားစကား၊ ဆရာ့စကားကို မြေဝယ်မကျ တထစ်ချနာယူရန်။...
* ယခုကဲ့သို့ နေနိုင်ခြင်းသည်ပင်” ပါရမီရှိသူ” မည်၍ အချိန်အခါ ဘဝကောင်းသည်မှာ ဘုရားရှင်လက်ထက်တော်ကနှင့်မထူး၊ ထို့ကြောင့် ရှေးကပုဂ္ဂိုလ်များကဲ့သို့ ဝီရိယကို အမှီလိုက်၍ စိုက်ထုတ်ကြိုးစားရန်။
* သင်ကြားမှတ်သားထားချက်များ ပြော၍မကုန်အောင် အများကြီးတတ်သိကြသည်။ ထိုသို့များစွာရှိသော်လည်း ကြိုက်ရာတစ်ခုကိုသာ စူးစူးစိုက်စိုက် ဝီရိယသန်သန်နှင့် မှန်မှန်လုပ်ရန်သာ အရေးကြီးသည်။ မွေးသည်မှ သေသည်ထိ ထင်ရှားရှိနေသော ထွက်လေ-ဝင်လေကား လူတိုင်းသိလွယ်၊ ထင်လွယ်၍ ဝင်တိုင်း၊ ထွက်တိုင်း နှာဖျားဝ၌ ထိသည်ကိုသာ သိအောင်လုပ်၊ ယခုလုပ်ကြည့်၊ ယခုမီးငြိမ်း၊ ယခုလက်ငင်းချမ်းသာ၏။
* ယင်းသို့ရှုမှတ်ခြင်းဖြင့် ကိုယ်နှုတ်နှလုံး သောင်းကျန်းမှုမရှိ၊ စိတ်သောင်းကျန်းမှုမရှိ၊ ရုပ်နာမ်မျှသာရှိပါကလားဟု နှာဖျားဝမှ တစ်ကိုယ်လုံး တလှုပ်လှုပ် တရွရွ ဖြစ်ပျက်နေသည်ကို မြင်ရမည်။ သို့ဖြစ်၍ သိက္ခာသုံးပါး အကျုံးဝင်သွားပြီ။ သမ္မာဒိဋ္ဌိစသော မဂ္ဂင်ရှစ်ပါးလည်း ပါသွားပြီ။ သတိပဋ္ဌာန်လေးပါးစသော ဗောဓိပက္ခိယတရား သုံးဆယ့်ခုနှစ်ပါးလည်း လုပ်ပြီးဖြစ်သွားပြီ။ အာနာပါနလုပ်နေခြင်းဖြင့် ပိဋကတ်သုံးပုံလုံးပင် အကျူံးဝင်လေပြီဖြစ်၍ ထွေလီကာလီ လျှောက်လုပ်မနေနဲ့။ တွေးသမျှ၊ ထင်သမျှမှားတတ်သည်။
* ရေခပ်ရင်း၊ ထမင်းချက်ရင်း၊ အလုပ်လုပ်ရင်းလည်း ရှုမှတ်နိုင်၍ တစ်ချိန်တည်းတွင် အလုပ်နှစ်ခုပြီးသည်။ မည်သည့်ဣရိယာပုဒ်နှင့်မဆို ရှုမှတ်နိုင်၏။ ကမ္မဋ္ဌာန်းထိုင်ရတာ ဘာမှလဲ မတွေ့ပေါင်၊ မရပေါင်ဟု မမှတ်ရ။ တစ်ခဏအတွင်းရသည့် အကျိုးကား ကုန်စင်အောင်ပင်မပြောနိုင်။ တစ်နေ့ထက်တစ်နေ့ တိုးတက်၍သာ သွားတော့သည်။
* အိမ်အမိုးမိုးသောအခါ စပ်အောင်မိုးလျှင် မိုး၊ နေကာကွယ်နိုင်သကဲ့သို့ တစ်ရက် နှစ်ဆယ့်လေးနာရီ တစ်ဆက်တည်း၊ တစ်စပ်တည်း ရှုမှတ်နိုင်အောင်ကြိုးစားရမည်။ နှစ်ဆယ့် လေးနာရီ တစ်စပ်လောက် ရလျှင်ပင် ထူးခြားသိသာလာမည်။
* မိမိအနားရှိ မြင်သမျှ၊ ကြားသမျှ ကျေးဇူးရှင်ချည်းဖြစ်သည်။ အသံဗလံဆူညံ၍ နေရာမပြောင်းနှင့်။ ဆူညံသံများက ဝီရိယတိုးလိုက်ပါဦးဟု ပြောသော ကျေးဇူးရှင်များဖြစ်သည်။ မေတ္တာထား၊ သည်းခံရှုမှတ်။
* မိဘ၊ သားသမီး ဝတ္တရားများကို ပြုလုပ်ရခြင်း၊ ကလေးငို၍ ချော့ထိန်းရခြင်းမှအစ သီလ၊ စရဏကုသိုလ်ချည်းဖြစ်သည်။
* မိမိ အာနာပါနရှုမှတ်ခြင်းကို အကြောင်းပြု၍ မိမိနှင့်တကွ မိမိပတ်ဝန်းကျင် လူတွေ၊ နတ်တွေ၊ ဗြဟ္မာတွေ မရေမတွက် နိုင်အောင် ကျေးဇူးများကုန်ကြတော့သည်။
* ရုပ်နဲ့နာမ်ကို မတွေ့ချင်ပေါင်ဆိုပြီး ရှောင်လို့ တိမ်းလို့များ ရပါ့မလား? ထွက်လေဝင်လေ နှစ်ရပ်ဟာ မွေးကတည်းက သေတဲ့အထိ ရှိနေတာ။ ဘုရားရှင် ဆုံးမတဲ့အတိုင်း စိတ်ကို ရုပ်ပေါ်၊ နာမ်ပေါ်ထားရတာ ပင်ပန်းသလား? ပိုက်ဆံရော ကုန်သလား? ငှားရ၊ ချေးရသေးသလား? အချိန်ရော ကုန်သလော? တစ်ပါးသူရော သိသလား? ထားတာက ဝီရိယ၊ ထားတဲ့အတိုင်း နေတာက ဝီရိယိဒ္ဓိပါဒ်၊ အခုထား၊ အခုနေ၊ အခုပစ္စုပ္ပာန်ချမ်းသာ၊ ဒီချမ်းသာ ဆိုက်လာတော့ ဝီရိယပိုင်ရှင် သိတယ်။ သများသွားမေးစရာ မလိုဘူး။ တစ်နေ့ထက်တစ်နေ့ မတိုးတက်ဘဲ နေပါ့မလား? ဘယ်လူ၊ ဘယ်နတ်၊ ဘယ်ဗြဟ္မာမှ တားဆီးပိတ်ပင်လို့ မရဘူး။ ဒီလူ့ထံမှ ချမ်းသာကို လုယူမယ်ဆိုပြီး အနိုင့်အထက် လုယူလို့ရော ရနိုင်ပါ့မလား? ဘယ်ဣရိယာပုဒ်နဲ့မှ ဖြစ်တာ၊ ဘယ်ဣရိယာပုဒ်နဲ့ မဖြစ်ဘူးလို့ရော ရှိရဲ့လား? နေရာရော ရွေးရဦးမှလား? ကိုယ်တစ်ယောက်တည်းနေရင်းရော၊ စေတီရင်ပြင်၊ ဗောဓိရင်ပြင်မှာ နေရင်းရော၊ သားတွေ၊ သမီးတွေနဲ့ နေရင်းရော၊ လုပ်လို့ရပါသဗျာ။ ခန္ဓာဝန်ကြီးက ရှိနေလေတော့ မိမိတို့ ရည်ရွယ်ထားတဲ့ အလုပ်လဲ လုပ်ရမှာပေါ့။ အဲဒီအလုပ်တွေ လုပ်ရင်းနဲ့ ရှုလို့မရဘူးလား? ရပါတယ်ဗျာ။ တစ်ချိန်ထဲမှာ အလုပ်နှစ်မျိုး ပြီးပါသဗျာ။ ဒီလိုလုပ်တော့ ပိုပြီးအလုပ်တွင်တယ်၊ အကျိုးများတယ် မဟုတ်လား? ဒီချမ်းသာကို သိပြီလားဆိုမှဖြင့် အားချိန်၊ နားချိန်မှ မထားဘဲ တစ်ဆက်တည်း ဆောင်ထားကြာတော့ တာပါပဲ။

ဤကောင်းမှု ဓမ္မဒါနကုသိုလ်ကံသည် မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ရွက်ဆောင်နိုင်သည် ဖြစ်ပါစေသတည်း။

ရိုသေလေးစားစွာဖြင့်

ဝင်းမြင့်

Webu Sayadaw's Teaching (ကျေးဇူးတော်ရှင် ဝေဘူဆရာတော်ဘုရားကြီး ဟောပြညွှန်ကြား ဆုံးမတော်မူသော သံသရာမှ လွတ်မြောက်ကြောင်း တရားတော် မှတ်စု) by Win Myint (ဝင်းမြင့်)

မင်္ဂလာရှိသော  တရားတော်များ နှလုံးသွင်း၍ ချမ်းသာကြပါစေကုန်သောဝ်

"စင်ကြယ်မှုအဆင့်ဆင့် "

"စင်ကြယ်မှုအဆင့်ဆင့် "
•••••••••••••••••••••

စိတ်ကလေးအေးအေး၊ နှလုံးအေးအေးထားနိုင်မှ
တစ်စတစ်စ ပူပန်မှုတွေ ငြိမ်းပြီးတော့ စင်ကြယ် မြင့်မြတ်တဲ့ဆီ ရောက်သွားရမယ်။...
စင်ကြယ်ရမှာက ဘာတွေလဲ။
ကိုယ်လည်းစင်ကြယ်ရမယ်။
နှုတ်လည်းစင်ကြယ်ရမယ်။
စိတ်လည်း စင်ကြယ်ရမယ်။
အသိအမြင်လည်း စင်ကြယ်ရမယ်။

ကိုယ်နှုတ် စင်ကြယ်တာ သီလပဲ။
သီလ၀ိသုဒ္ဓိ။
သီလ၀ိသုဒ္ဓိဖြစ်မှ စိတ်မှာ နီဝရဏတွေ ကင်းစင်လို့ စိတ်စင်ကြယ်မှု စိတ္တ၀ိသုဒ္ဓိဖြစ်မယ်။
စိတ္တ၀ိသုဒ္ဓိဖြစ်မှ အသိအမြင် စင်ကြယ်မှု ဒိဋ္ဌိဝိသုဒ္ဓိဖြစ်သွားမယ်။
အသိအမြင်စင်ကြယ်ချင်ရင် စိတ်စင်ကြယ်ရမယ်။
စိတ်စင်ကြယ်ချင်ရင်လည်း ကာယကံ၊ ၀စီကံ စင်ကြယ်ရတယ်။

သီလ၀ိသုဒ္ဓိဖြစ်မှ စိတ္တ၀ိသုဒ္ဓိဖြစ်၊ စိတ္တ၀ိသုဒ္ဓိဖြစ်မှ ဒိဋ္ဌိဝိသုဒ္ဓိဖြစ်မယ်။
စိတ်ပိုင်းဆိုင်ရာ၊ ပညာပိုင်းဆိုင်ရာ ၀ိသုဒ္ဓိတွေ အယူအဆတွေ စင်ကြယ်သွားမယ်။
အသိအမြင်တွေ စင်ကြယ်သွားမယ်။

အဲလို စင်ကြယ်သွားသလောက် စင်ကြယ်မြင့်မြတ်တဲ့ စိတ်ထားတွေ ဖြစ်သွားမယ်။
အဲလိုစင်ကြယ်တဲ့စိတ်တွေ ဖြစ်လာအောင်
ခန္ဓာက ဖြစ်ခိုက်ဖြစ်ခိုက်ကလေးတွေကို ရှုမှတ်ရမယ်။
ပေါ်လာတယ်၊ သိလိုက်တယ်၊ ချုပ်ပျက်သွားတယ်။
ဖြစ်တိုင်းသိ၊ သိတိုင်း ပျက်နေတယ်။
ဖြစ်ပေါ်လာတာရော ပေါ်တိုင်းသိတဲ့ စိတ်ကလေးရော၊
ပေါ်တာရော၊ ရုပ်ရော နာမ်ရောဟာ ဖြစ်ပေါ်လာလိုက် ရင့်ရော်ပျက်စီးသွားလိုက်။
ဒါတင်ပဲလား၊ အားလုံးပါပဲ။ ရင့်ရော်မှု၊ ပျက်စီးမှုတွေကတော့ အကုန်လုံး ရှိနေတာပဲ။

ရှေးက ယခုလို စက်ခေတ်မဟုတ်တော့ မြင်းရထားတွေနဲ့ သွားရတယ်။
အင်မတန် လှပဆန်းကြယ် အောင် ပြုပြင်ထားတဲ့ ဘေးလောင်းတော်၊
ဘိုးလောင်းတော်တွေ လက်ထက်က အလွန်ဆန်းပြားတဲ့ မင်းစီး ရထားတွေဟာ
တစ်စတစ်စနဲ့ အိုမင်း ယိုယွင်းလာတယ်။
မင်းစီးရထားတွေ တစ်စတစ်စနဲ့ အိုသွားကြသလို ကိုယ်ခန္ဓာဟာလည်း
ဒီလိုပဲ တစ်နေ့တခြား အိုမင်း ရင့်ရော်လို့ သွားတယ်။
အဲဒီလို အိုမင်းရင့်ရော်ပျက်စီးမယ့် ကိုယ်ခန္ဓာက မအိုမနာမသေတဲ့
အမြိုက်နိဗ္ဗာန ဓာတ်ကြီးရအောင် ဖော်ထုတ်နေတာပါပဲ။
တရားအားထုတ်တယ်ဆိုတာ ဒါပါပဲ။

အမြိုက်ဓာတ်ရအောင် ဘယ်လိုလုပ်မှာလဲ။
သီလ စင်ကြယ်မှု၊ စိတ် စင်ကြယ်မှု၊ အသိအမြင်စင်ကြယ်မှု အဆင့်ဆင့်။
ကင်္ခါဝိတရဏ၀ိသုဒ္ဓိ = အကြောင်းကောင်းကြောင့် အကျိုးကောင်းတွေ ဖြစ်နေကြတယ်။
ဘယ်သူ့ဘယ်သူကမှ မ,စလို့ မရဘူး။

ကောင်းတဲ့အကြောင်းကြောင့် ကောင်းတဲ့အကျိုး ဖြစ်တာအမှန်ပဲ။
မကောင်းတဲ့အကြောင်းကြောင့် မကောင်းတဲ့ အကျိုးဖြစ်တာ
အမှန်ပဲလို့ ယုံမှားကင်းသွားတယ်။
အဲဒီလို ယုံမှား ကင်းတဲ့ ဥာဏ်တွေ ဖြစ်လာတယ်။

မဂ္ဂါမဂ္ဂဥာဏဒဿန၀ိသုဒ္ဓိ = တစ်ခါတစ်ခါ တရားတွေ ရင့်ကျက်လာရင်၊
သတိ၊ သမာဓိဥာဏ်တွေ အသိဥာဏ် တွေ ရင့်ကျက်လာရင်
ကိုယ်တွေ၊ စိတ်တွေ ငြိမ်းချမ်းလို့ ကြည်လင်ပေါ့ပါးနေတယ်။
ချမ်းသာလိုက်တာလို့ တစ်သက်တစ်ကိုယ် တစ်ခါမှ မကြုံဖူးတဲ့
တရားအားမထုတ်တဲ့ သာမန်လူတွေ နတ်တွေ မခံစားထိုက်တဲ့ ချမ်းသာ သုခတွေ သာမန်ချမ်းသာနဲ့မတူ မကြုံဖူးတဲ့ အတွေ့အကြုံမျိုးတွေကိုလည်း ကြုံလာရတယ်။
ဆိတ်ငြိမ်တဲ့ ဇရပ်၊ ဂူ၊ ကျောင်းထဲဝင်ပြီး အားထုတ်သူတွေမှာ သာမန်လူနတ်တွေ
မခံစားနိုင်တဲ့ သမာဓိ နဲ့စပ်တဲ့ ချမ်းသာထူးတွေ၊
အသိဥာဏ်နဲ့စပ်တဲ့ ချမ်းသာထူးတွေ ခံစားရတယ်တဲ့။
အဲဒါတွေကို ဒါပဲ မဂ်ထင်ပါရဲ့။ ဖိုလ်ထင်ပါရဲ့။
နိဗ္ဗာန်ထင်ပါရဲ့လို့ တစ်ခါတစ်ခါ ဥာဏ်ပေါ်မှာ ထင်ယောင် ထင်မှားဖြစ်တယ်။
တော်တော်လေး အားထုတ်မှု အရှိန်ရလာတော့ သူ့ဟာသူ သြော်…ဒီဟာနဲ့ မပြီးသေးဘူး။
ရှေ့ဆက်ပြီး အားထုတ်ရဦးမှာပဲလို့၊ အဲလို…ဒါမဂ်အစစ်မဟုတ်သေးဘူးလို့
လမ်းမှန် လမ်းမှား ခွဲခြားဝေဖန်တဲ့ဥာဏ် ဖြစ်ပေါ် လာတယ်။

ဒီလိုသိတာဟာ တစ်ဆင့်အားဖြင့် ဥာဏ်စင်ကြယ်သွားတယ်လို့ ဆိုပါတယ်။
ပဋိပဒါဥာဏဿန၀ိသုဒ္ဓိ = ဒီမဂ္ဂင်အကျင့်သာလျှင် အိုနာသေလွတ်တဲ့
နိဗ္ဗာန်ရောက်ကြောင်း အစစ်အမှန်ပဲလို့ ခိုင်ခိုင်မြဲမြဲ အသိအမြင် စင်ကြယ်သွားတယ်။
အကျင့်လမ်းစဉ်နဲ့ ပတ်သက်ပြီးတော့ ဇဝေဇ၀ါ ဟိုဟာ ဟုတ်နိုးနိုး၊
ဒီဟာကောင်းနိုးနိုး မရှိတော့ဘူး။

ဒီသတိကပ်ပြီး ရှုမှတ်နေတဲ့ လမ်းစဉ်၊ ဒီမဂ္ဂင်ရှစ်ပါးလုံး ပါဝင်နေတဲ့
ဒီသတိပဋ္ဌါန်အကျင့်လမ်းဟာ နိဗ္ဗာန်ရောက်ကြောင်း လမ်းမှန်ပဲလို့ မှန်မှန်ကန်ကန် အမြင်စင်ကြယ်သွားတယ်။
ဒါ အကျင့်လမ်းနဲ့ ပတ်သက်ပြီး အမြင်စင်ကြယ်သွားတာပဲ။
ပဋိပဒါဥာဏဒဿန ၀ိသုဒ္ဓိပေါ့။

နောက်ဆုံးပိတ်ကျတော့ ဖြစ်ပျက်နေတဲ့ ရုပ်နာမ်တွေကို မြင်ရင်း မြင်ရင်းနဲ
့ သြော်…ဖြစ်နေတဲ့ ဇာတိကြောင့် အိုမင်းရင့်ရော်တဲ့ ဇရာရှိနေတာပဲ။
မွေးမှုရှိနေလို့ သေမှုရှိနေတာပဲ။
ဒီဖြစ်မှု ပျက်မှုတွေ နှိပ်စက် နေလို့လည်း ဒီသံသရာ ၀ဋ်ဆင်းရဲကြီး မဆုံးနိုင်တာပဲ။
ဒီဖြစ်မှု ပျက်မှုတွေ မရှိရင် ကောင်းမှာပဲ။
ဖြစ်ပျက်တွေ မြင်ပြီးတော့ ဖြစ်ပျက်တွေပေါ်မှာ မဖြစ်ချင်တော့ဘူး။ မုန်းတီးလာတယ်။
ဖြစ်ချင်ရင် ဖြစ်နေမှာပဲ။ မဖြစ်ချင်ရင် မဖြစ်တော့ဘူး။
အဲဒီ သစ္စာလေးပါး လမ်းစဉ်ပေါ် သူရောက်သွား တော့တယ်။
ဖြစ်ပျက်နေတာက ရုပ်နာမ်ဓမ္မပဲ။ သင်္ခါရပဲ။
မဖြစ်မပျက်တာ အသင်္ခတနိဗ္ဗာန်ပဲလို့ သူ သဘောပေါက် သွားတော့တယ်။
ဥာဏ်ထိုးထွင်းမိသွားတယ်။
အဲလို မဂ်ဥာဏ်နဲ့စပ်ပြီး နိဗ္ဗာန်နဲ့စပ်ပြီး ယုံမှား ကင်းစင်သွားတယ်။
ဥာဏဒဿန၀ိသုဒ္ဓိဆိုတာ နိဗ္ဗာန်စပ် တဲ့ ဥာဏ်အမြင် စင်ကြယ်သွားတယ်။
ပညာပိုင်းဆိုင်ရာ စင်ကြယ်မှုခေါ်တယ်။
ကိုယ်နှုတ်တွေ စင်ကြယ်ရမယ်၊ စိတ်တွေ စင်ကြယ်ရမယ်၊
အသိဥာဏ်တွေ စင်ကြယ်သွားရမယ်။
စင်ကြယ်မှ ၀ိသုဒ္ဓိဖြစ်မယ်၊ ၀ိသုဒ္ဓိဖြစ်မှ ၀ိမုတ္တိဖြစ်မယ်။

အကျဉ်းချုံးလိုက်တော့ ၀ိသုဒ္ဓိနဲ့ ၀ိမုတ္တိပဲ ရှိတယ်။
အဲဒီနှစ်ခု ပိုင်နိုင်အောင် ကြိုးစား။

(ရွှေဥမင်ဆရာတော်ဘုရားကြီး)
----------------------*----------------------
_/|\_ ခပ်သိမ်းသော ရဟန်း၊ ရှင်၊ လူ၊ နတ်၊ ဗြဟ္မာ၊
သတ္တဝါ အားလုံး ဘေးရန် ကြောင့်ကြ ဆင်းရဲကင်း၍
ကိုယ်, စိတ်နှစ်ဖြာကျန်းမာ, ချမ်းသာကြပါစေ ။
လူအချင်းချင်း လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ၊… _/|\_

( မင်္ဂလာရှိသော ညချမ်းလေးမှာ တရားဓမ္မဖြင့် မွေ့ လျော်နိုင်ကြပါစေ ... Nyiyoemyay )

Dhamma Web မှ ကူးယူပူဇော်ပါသည် ခင်ဗျာ ....

Tuesday, April 21, 2015

The trust

သူတပါးကို ယုံကြည်နိုင်ဖို့
ကြိုးစားသလို
မိမိကိုယ်တိုင်လည်း
ယုံကြည်ထိုက်သူဖြစ်အောင်
ကြိုးစားပါ...။

မည်သူ့ကိုမျှ
မျက်လုံးစုံမှိတ်ပြီး မယုံသင့်သလို
အကြောင်းအရင်းအမှန်ကို
မိမိကိုယ်တိုင် သေချာမသိဘဲ
မည်သူ့ကိုမှလည်း
အကြောင်းမဲ့ သံသယမထားပါနဲ့၊
တခြားသူပြောစကားဖြင့်
အပေါ်ယံကြည့်ပြီးလည်း
မစွတ်စွဲပါနဲ့...။

သံသယဆိုတဲ့
အဆိပ်ဟာ
မိသားစု ၊
ချစ်သူ၊
မိတ်ဆွေ သူငယ်ချင်း၊
လူ့အသိုင်းအဝိုင်း၊
လူ့အဖွဲ့အစည်းကြီး
တစ်ခုလုံးကို
ဖျက်ဆီးပစ်နိုင်တယ်ဆိုတာ
မမေ့ပါနှင့်..။

သင့်ပတ်ဝန်းကျင်တွင်
ယုံကြည်မှုကို တည်ဆောက်ပါ...။

ရိုးသားမှုနှင့် အမှန်တရား
ဒီနှစ်ခုဟာ
သင့်နှလုံးသားမှာ
လင်းလက်ပွင့်ဝေနေပါစေ...။

လင်းဝေ

Sunday, April 19, 2015

အတွေးလေးတွေ






































M&Eဆိုတာဘာလဲ

M&Eဆိုတာဘာလဲ
M&Eဆိုတာဘာလဲ (အပိုင်း ၁)
အများသူငါပြောဆိုနေကြသော်လည်းအဓ္ဓိပါယ်ကိုလုပ်ငန်းခွင်အတွင်းမှသူများသာသိကြပါသည်။
အဆောက်အဦးတစ်လုံးတည်ဆောက်ရာတွင်architectနှင့်အိမ်ရှင်တို့မှညှိနှိုင်းရေးဆွဲထားသည်ပုံစံကို၊လိုအပ်သည့်
(၁)ရေဖြန့်ဝေမှု
(၂)လျှပ်စစ်စနစ်
(၃)လေအေးပေးစက်
(၄)လေဝင်လေထွက်စနစ်(မြေအောက်ထပ်ကားပါကင်များ)
(၅)မိုးကြိုးလွှဲစနစ်(အထပ်မြင့်အိမ်ယာများ)
(၆)ဓာတ်လှေကား(ကွန်ဒိုများ)
(၇)အမှိုက်သိမ်းစနစ်၊(စုပေါင်းအိမ်ယာများ)
(၈) cctv
(၉)မီးသတ်သတိပေးစနစ်(shopping mallများ)
(၁၀)မီးသတ်ရေငုတ်လိုင်း(အိမ်ယာစီမံကိန်းများ)
(၁၁)ATS(Auto transfer switch)(မီးပျက်လျင်အလိုအလျေက်မီးစက်မောင်းသည့်စနစ်)
(၁၂)မိလ္လာစနစ်(septic tankစနစ်၊centralizeစနစ်)
(၁၃)fire sprinklerစနစ်(shopping mall,hotel,mutil mix complex)
(၁၄) ရေသန့်စင်မှုစနစ်
(၁၅) PA system(university,colleague,school,hotel,shopping mall,condo,colex)
စသည်၊စသည်တို့ကိုစီစဉ်ပြီးပုံစံရေးဆွဲသူပါ။
တစနည်းအားဖြင့်ပြောရင်architectနဲ့structural engineer မလုပ်တဲ့အစိတ်အပိုင်းအားလုံးဟာM&Eပါ
မိုးရေဆင်းပိုက်နဲ့sculper drainတို့ဟာarchitectရဲ့လုပ်ငန်းစဉ်ထဲမှာပါသော်လည်းsiteM&E engineer မှပြန်လည်analysisလုပ်ပြီးတွက်ကြရပါတယ်
M&E designer ရဲ့လုပ်ငန်းစဉ်မှာမပါဝင်ပါ။နံပါတ်စဉ်(၇)ဟာလည်းနိုင်ငံပေါ်မူတည်းပြီးတခါတရံarchitect under controlဖြစ်ပါတယ်
M&Eကိုပြန်လည်သရုပ်ခွဲရလျှင်
m&e coordinator
m&e manager
m&e designer(m&engineer)
m&e site engineer
m&e drafter ဆိုပြီးအမျိုးမျိုးရှိပါတယ်
ဒါကdeveloped country တွေမှာသတ်မှတ်တဲ့Normပါ။မြန်မာပြည်မှာတစ်မျိုးတည်းရှိတယ်လို့ထင်နေကြပါတယ်။
နံနက်ဖြန်မှာအပိုင်း(၂)ကိုဆက်ရေးပါမယ်
အပိုင်း(၂၀)ခန့်ရေးမယ်လို့လျာထားပါတယ်
M&Eဆိုတာဘာလဲ(အပိုင်း၂)
M&E coordinator
မြန်မာပြည်မှာဒီpositionမရှိသေးပါ
အဓိကတာဝန်မှာ
(၁)M&E serviceများစစ်ဆေးခြင်း
သက်ဆိုင်ရာCP(code of practice),SS(စင်္ကာပူစံသတ်မှတ်ချက်)၊IEE--စသည်တို့ဖြင့်တိုက်ဆိုင်စစ်ဆေးခြင်း
အပိုင်း(၁)မှာဖေါ်ပြခဲ့တဲ့service(၁၅)မျိုးဖြစ်ပါတယ်။
(၂)နှိုင်းယှဉ်စစ်ဆေးခြင်း
structural drawing နှင့် architectural drawing များ update ဖြစ်မဖြစ်စစ်ဆေးကာsuperimpose(reference point ယူကာdrawing များအားထပ်ကာစစ်ဆေးခြင်း
structural drawing ၏ beam နှင့် architectural wall တို့နှိုင်းယှဉ်စစ်ဆေးသောအခါ toilet(အောက်ထွက်)အတွက်အခက်အခဲဖြစ်လေ့ဖြစ်ထရှိသည်။
နမူနာ-ပုံမှန်အားဖြင့်၃၀၅မီလီမီတာစံသတ်မှတ်လေ့ရှိသော်လည်းရရှိအောင်siteတွင်coordianteလုပ်ခြင်း
(၃)Material/drawing submission scheduleအားproject manager၏Microsoft project scheduleဖြင့်ချိတ်ဆက်ခြင်း
consultantနှင့်architect၊client၊third party များတပြိုင်နက်submissionပြုလုပ်ခြင်း
**မြန်မာပြည်projectများတွင်Microsoft project scheduleအသုံးပြုခြင်းမရှိသလောက်နည်းပါသည်။
(၄)နေ့စဉ်contractorများအားshort discussionပြုလုပ်ခြင်း
(၅)drawing coordinationပြုလုပ်ခြင်း
structural,archi,M&E drawing များအားလုံးကိုpointတစ်ခုကိုfixလုပ်ကာsuperimposeလုပ်ခြင်း၊section drawing များဆွဲခြင်း
ကွန်ဒိုတစ်ခုတွင်၊မြေအောက်ကားပါကင်နှစ်ခုအတွက် တစ်လခွဲခန့်ကြာမြင့်နိုင်သည်။
sanitary drawing၊ACMV drawing၊plumbing drawing၊swimming pool drawingများမှာon going stageဖြစ်ကာဦးစားပေးအစဉ်လိုက်consultant၏approvalလိုအပ်ပါသည်။
(၆)On siteစစ်ဆေးခြင်း
contractorများဖြင့်စစ်ဆေးပြီးအသင့်ဖြစ်ပါကRTO(residence technical officer)အားသတင်းပို့ကာစစ်ဆေးပြီး၊ခွင့်ပြုလ့်မှတ်ထိုးမှကွန်ကရစ်လောင်းရပါသည်။
RTOသည်လုပ်သက်များသူဖြစ်သသည့်အတွက်သတ်ထားရန်လိုပါသည်။
လစာမှာစင်္ကာပူဒေါ်လာ၂၂၀၀မှ၃၅၀၀အတွင်းရရှိပါတယ်
M&E Manager
အဓိကတာဝန်များမှာ
(၁)contract departmentနှင့်ညှိနှိုင်းကာရွေးချယ်ခံကန်ထရိုက်တာများအားသတ်မှတ်target schdeuleအားရှင်းလင်းခြင်း၊နောက်ကျခဲ့လျင်ပေးဆပ်ရမည့်လျော်ကြေးများအားရှင်းပြခြင်း
(၂) safety issue၊personal protective equipment(PPE)၊site toolbox meeting များ၊Do and don'tများကန်ထရိုက်အဖွဲ့များအားSafety officerနှင့်အတူရှင်းလင်းခြင်း
(၃)coordinatorနှင့်site engineerတို့အားလိုအပ်သောညွှန်ကြားမှုများပေးခြင်း
(၄)progressတွက်ချက်ခြင်း၊prgressအလိုက်finance departmentသို့directorမှတစ်ဆင့်ပေးပို့ခြင်း
clientသို့billပေးပို့နိုင်ရန်စီစဉ်ခြင်း
(၅)ပစ္စည်းများမှာယူခြင်း
အချို့itemများ-ဥပမာ
ဓာတ်လှေကားသည်သုံးလမှလေးလခန့်
pumpများသည်နှစ်လခန့်
ကြာမြင့်တတ်သဖြင့်ကြိုတင်စီမံခြင်း
Material order and delivery scheduleရေးဆွဲကာsiteနှင့်officeကိုညှိနှိုင်းခြင်း
(၆)ကွပ်ကဲခြင်း
M&E Managerအဆင့်ပါဝင်သောအဆောက်အဦးများမှာ၁၆ထပ်နှင့်အထက်ဖြစ်ပြီး
၈ထပ်မြောက်သို့ရောက်ရှိလာသောအခါon siteတွင်ရုံးထိုင်ကာtesting and commissioningအတွက်အပိုင်းလိုက်လုပ်ဆောင်ခြင်း
ကနဦးtesting and commissioning များအား coordinatorမှဆောင်ရွက်လေ့ရှိပါသည်။
Master planတစ်ခုဆွဲကာကန်ထရိုက်တာများအားနံနက်တိုင်းဆယ်မိနစ်ခန့်meetingထိုင်ခြင်း၊
ညနေသုံးနာရီခန့်တွင်RTO၊REများဖြင့်ဆွေးနွေးခြင်း၊ညနေငါးနာရီတွင် in house team discussion ပြုလုပ်ခြင်း--
coordinatorနှင့်Managerလုပ်ဆောင်မှုနှိုင်းယှဉ်ခြင်းပါ။
ပြည်ပမှာသွားရောက်လုပ်ကိုင်လိုသူ၊လုပ်ကိုင်နေသူများအတွက်၊အပိုင်း(၂)ကိုရည်ရွယ်ရေးသားပါတယ်။
M&Eဆိုတာဘာလဲ(အပိုင်း၃)
ရေဖြန့်ဝေမှု
အပိုင်း(၁)နှင့်(၂)တို့မှာm&Eလုပ်ငန်းရဲ့၊roles and responsibiltyတို့ကိုရှင်းလင်းထားပါတယ်
အပိုင်း(၃)မှာရေဖြန့်ဝေမှုစနစ်ကိုရှင်းပါမယ်
စုပေါင်းအိမ်ယာ၊တန်ဖိုးနည်းအိမ်ယာ၊ကွန်ဒို၊အထပ်မြင့်အိမ်ယာတို့တွင်သန့်စင်မှုစနစ်ကွာခြားနိုင်သော်လည်း၊ဖြန့်ဝေရာတွင်၁၂ထပ်အောက်အဆောက်အဦးများအတွက်များစွာကွာခြားမှုမရှိနိုင်ပါ။
၈ထပ်၊လေးခန်းတွဲတန်ဖိုးမျှတအိမ်ယာတစ်ခုကိုနမူနာယူပြီးတင်ပြပေးသွားပါမယ်။
ရေလိုအပ်ချက်
လူတစ်ဦး-တစ်ရက်-ရေဂါလံလေးဆယ်
တစ်ယူနစ်(တစ်ခန်း)-လူလေးဦးမှငါးဦး(ငါးဦးအနေဖြင့်တွက်ထားပါတယ်)
စုစုပေါင်း၃၂ခန်း
၄၀ဂါလံxလူငါးဦးx၃၂ခန်း= ၆၄၀၀ဂါလံဖြစ်ပါတယ်။
မြန်မာနိုင်ငံBuildingCode clause 5D.4.1.1မှာ
ဝင်ငွေနည်းလူတန်စား(low cost incoming people)ဆိုပြီးရည်ညွှန်းပြီး
သုံးစွဲမည့်ဂါလံကိုလျှော့ထားပါတယ်
ဝင်ငွေ၊ငွေကြေးနည်းပါးသူတွေကိုဒီလို၊စာနဲ့ပေနဲ့မနှိမ်ချသင့်ဘူးလို့ထင်ပါတယ်။
ကဲ--ဆက်မယ်
ဒီဇိုင်းလုပ်မယ်ဆိုရင်ဂါလံ၄၀သာလျာထားပါ။၃၀နှင့်ရံရံခါမလုံလောက်နိုင်ပါ။
အကြောင်းရင်းက-
toilet 1time=1 gallon
3 times/day= 3gallons
shower 1time=8 gallons to 10 gallons(ရေခွက်ဖြင့်ချိုးခြင်း)(no shower)
2 times/days= 16 gallons to 20gallons(for summer)
(မျက်နှာသစ်၊သွားတိုက်ခြင်းနှစ်ကြိမ်အပါအဝင်)
washing and cooking for kitchen= 3 gallons
wahing machine = 12 gallons to 14 gallons(depends upon option)
နှစ်ရက်မှတစ်ခါလျှော်လို့6 gallons to 7 gallons
drinking =0.7 gallon to 0.8 gallon
planting= 0.5 gallon
အမှန်တကယ်မှာနှစ်ဂါလံခန့်ဖြစ်ပြီးတစ်ခန်းလူလေးဦးနေသည်ဟုယူဆသည်။
ထို့ကြောင့်လူတစ်ဦးသုံးစွဲမှု-
အနည်းဆုံး၂၆.၂ဂါလံမှအများဆုံး၃၁.၃ခန့်ရှိနေပါတယ်။ဧည့်သည်များအတွက်မပါဝင်ပါ။
ground tank တွင်fire fightingအတွက်ဂါလံ၁၅၀၀မှ၂၀၀၀ခန့်ထပ်ဆောင်းထားသောကြောင့်
စုစုပေါင်းဂါလံ၈၄၀၀ထည့်သွင်းနိုင်ရပါမယ်
လိုအပ်သောအရွယ်အစားရရှိစေရန်အတွက်structural ground beamများအားtankတည်ဆောက်ရာတွင်ပြန်လည်deductလုပ်ရပါမည်။
ဖြန့်ဝေခြင်း
အပေါ်ဆုံးအထပ်(၈ထပ်)၊၇ထပ်တို့အားoverhead tankမှBoaster pumpဖြင့်ဆက်သွယ်ကာဖြန့်ဝေပါတယ်
၆ထပ်၊၅ထပ်၊၄ထပ်၊၃ထပ်၊၂ထပ်၊ပထမထပ်(မြေညီထပ်)(မြန်မာနိုင်ငံပြင်ပမှပုဂ္ဂိုလ်များအားလုံးသည်မြေညီထပ်ဟုခေါ်လေ့မရှိပဲပထမထပ်ဟုသာခေါ်ပါသည်)တို့အတွက်gravity flowဖြင့်ဖြန်ဝေပါတယ်။
ရေမီတာများမှာmachine roomအတွင်းတွင်ရှိပါတယ်။
အခုတင်ပြခဲ့တဲ့အဆောက်အဦးသည်ဗိုလ်မှုးဗထူးတန်ဖိုးမျှတအိမ်ယာမှပုံစံဖြစ်ပါတယ်။
၈ထပ်၊၁၄လုံးတည်ဆောက်နေဆဲဖြစ်ပါတယ်။မြန်မာနိုင်ငံ၏ပထမဆုံးprecast buildingဖြစ်ပါတယ်။
structural engineerမဟုတ်သူများအတွက်ထပ်မံရှင်းပြလိုသည်မှာအဆိုပါအဆောက်အဦးတွင်
columnများbeamများလုံးဝ(လုံးဝ)မပါဝင်ပါ။concrete wallများဖြင့်သာတည်ဆောက်ပါတယ်။
ထိုင်းနိုင်ငံဒီဇိုင်းထုတ်ပြီး၊မိမိမှdesign coordinateလုပ်ပေးရပါတယ်။national counterpartအနေဖြင့်မဟုတ်ပါ။
pumpများအနေဖြင့်
boaster pump-1.0-1.5hp
lift pump--2.0hp(head35m)-2no(one running-one stand by)
ခက်ခဲလှသည်မဟုတ်သော်လည်းM&Eအနေဖြင့်များစွာcoordinateလုပ်ရပါတယ်။လုပ်ငန်းမစတင်မှီdrawingများသည်revision4အထိရောက်ရှိခဲ့ရပါတယ်။
ဒီဇိုင်းစတင်ရေးဆွဲမည့်ညီငယ်၊ညီမငယ်များကိုပြောလိုတာက
singapore CPတွေSS(singapore standard)တွေမြန်မာနိုင်ငံမှbuilding codeတွေကို၁၀၀%
မယုံကြပါနဲ့။
မြတ်စွာဘုရားဟော်တော်မူခဲ့တဲ့ကာလာမသုတ္တံလို
ဆင်ခြင်ကြပါ။စည်းပူးလေ့လာကြပါ။
အပိုင်း(၄)ဆက်လက်ရေးပါမယ်
သည်းခံပြီးဆုံးအောင်ဖတ်လို့ကျေးဇူးတင်ပါတယ်။
M&Eဆိုတာဘာလဲအပိုင်း(၄)
အထပ်မြင့်အိမ်ယာ
(၃၂)ထပ်နှင့်အထက်အဆောက်အဦးများ
ယမန်နေ့ကအပိုင်း(၃)မှာရေဖြန့်ဝေမှုစနစ်ကို(၈)ထပ်အဆောက်အဦးတစ်လုံးကိုအခြေခံပြီးရှင်းပြခဲ့ပါတယ်။
ဒီတခါမှာ-
၃၂ထပ်နှင့်အထက်အဆောက်အဦးများအတွက်စံပုံစံတစ်ခုတင်ပြပါမယ်။
မတင်ပြမီမှာpumpတွေရဲ့အကြောင်းပြောပါရစေ။
pumpတွေမှာpower factorရှိပါတယ်။mechanical efficiency ဖြစ်ပြီးရေးထားတဲ့ဝန်အားရဲ့ရာခိုင်နှုန်းတချို့သာသုံးနိုင်တယ်လိုဆိုလိုပါတယ်
ဥပမာ-power factor 0.85ဆိုရင်မူလဝန်အားရဲ့၈၅%သာသုံးနိုင်ပါတယ်။
ဒါ့အပြင်
နှစ်တစ်နှစ်ချင်းအလိုက်capacityကျလာတတ်ပါတယ်။တစ်နှစ်လျှင်0.6%မှ0.85%အထိထုတ်လုပ်တဲ့နိုင်ငံရဲ့QCပေါ်မူတည်ပြီးကျဆင်းတတ်ပါတယ်။
pumpသက်တမ်း(၁၅)နှစ်ခန့်ဆိုလျှင်power factorနှင့်capacityကျဆင်းမှုကြောင့်မူလဝန်အား၏72%ခန့်အထိသာရရှိနိုင်ပါတော့တယ်။
ဒါကြောင့်ground tankသို့မဟုတ်supply pipeမှ (၃၂)ထပ်တင်ဖို့ရာမှာအခက်အခဲဖြစ်နိုင်တာကြောင့်(၁၆)ထပ်သို့မဟုတ်အထပ်နစ်ဆယ်မှာရေဖလှယ်ကန်ထားကြပါတယ်။
ရေဂါလံ(၈၀၀)မှ(၁၂၀၀)ခန့်သုံးစွဲမှုအပေါ်မူတည်ပြီးထည့်သွင်းပါတယ်။
(၃၂)ထပ်အထက်နှင့်အထက်အဆောက်အဦးများဟာတစ်လွှာမှာအများဆုံးခြောက်ယူနစ်ခန့်သာရှိငြပါတယ်။
Blockများအသီးသီးဖြန့်ကျက်ပြီးBlock-A,Block-B,Block-Cစသည်ဖြင့်mechanical ventilationအရရောလူဦးရေdistributionအရပါဖန်တီးလေ့ရှိပါတယ်။
အပိုင်း(၃)မှာရေးထားတဲ့သဘောအတိုင်း(၁၆)ထပ်မှ(၃၂)ထပ်ကိုပြန်လည်ဖြန့်ဝေပါတယ်။
water savingစနစ်ပါသောဘေစင်များ၊အိမ်သာများ၊showerများကိုစီစစ်ရွေးချယ်အသုံးပြုပါတယ်။
သုံးစွဲမှုမှာလူတစ်ဦးတစ်နေ့(၂၅)ဂါလံမှ(၂၇)ဂါလံခန့်အထိကျဆင်းသွားပါတယ်။
စာဖတ်သူမိတ်ဆွေအနေဖြင့်ယခင်အပိုင်းများမဖတ်ရသေးလျင်ပြန်လည်ဖတ်စေလိုပါတယ်။
အချိန်ပေးနိုင်ရင်ပေါ့ဗျာ၊မကြာပါဘူး၊တစ်ပိုင်းကိုငါးမိနစ်၊ဆယ်မိနစ်လောက်ပါ။
တရုပ်သိုင်းကားအလယ်မှဖြတ်ကြည့်လျင်နားလည်ရခက်ပါတယ်။
ဝူတန်ဂိုဏ်းမှဝမ်ဖေဟုန်၊ရေခဲတောင်ကြာပန်းစားပြီးမှပိုးသိုင်းအောင်သလိုပါပဲ။
ဖြု၊မဲညီနောင်၊တူကူဖုန်း၊သွေးလက်ဝါးတို့ကိုယှဉ်ပြိုင်ရမှာပေါ့ဗျာ
ကောင်းသောညပါ
M&Eဆိုတာဘာလဲ(အပိုင်း၅)
ခေတ္တရပ်နားထားရာမှပြန်လည်ရေးပါပြီ
ယခုအခါ--
M&Eအင်ဂျင်နီယာနဲ့structureသမားတို့ရဲcoordination planကိုတင်ပြပါမယ်
ground beamတွေမှာpipe penetrationရှိပါတယ်အထူးသဖြင့်Sanitary pipeတွေပါ။
ဘာကြောင့်လဲဆိုတော့ground beamရဲ့sofit levelကနေပိုက်ကိုconnectionဝင်ရင် (inspection chamber)သို့မဟုတ် MH(Manhole)များရဲ့invert levelဟာအောက်ကိုနိမ့်သွားပါမယ်။
-----
တစ်ခုတော့ကြိုပြီးမေတ္တာရပ်ခံခြင်ပါတယ်။
ဘာလဲဆိုတော့ရေးလာတာအပိုင်း(၅)ကိုရောက်လာပါပြီ။
တစိချို့အပိုင်းများကိုဆက်တိုက်ဖတ်လာသူတွေကိုငဲ့ငြာတဲ့အတွက်အသေးစိတ်မရေးတော့ပါ။ဒီလိုစာကိုဖတ်နေသူဟာဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်းမှပုဂ္ဂိုလ်၊ဒါမှမဟုတ်အင်/ယာတစ်ဦးလို့ယူဆပါတယ်။
-----
ဒီလိုနိမ့်သွားတာနဲ့saptic tankရဲ့top level နိမ်သွားပါပြီ။
starting point ၂၀၀မီလီမီတာနိမ့်ဆင်းတာနဲ့တပြိုင်နက်1:200နဲ့ဆင်းလာရင်အကွာအဝေးပေါ်
မူတည်ပြီး၃၀၀မီလီမီတာကနေ၄၀၀မီလီမီတာခန့်နိမ့်ဆင်းသွားပါတယ်
ဒီပြသနာဟာဒဂုံဆိပ်ကမ်း၊၁၈ထပ်အဆောက်အဦးများဆောက်လုပ်နေတဲ့
ဧရာဝဏ်နဲ့ရတနာစီမံကိန်းများမှာစတင်ရင်ဆိုင်နေရပါပြီ။
ဝိုင်းဝန်းဖြေရှင်းဆဲဖြစ်ပါတယ်။
pipeတွေground beamထဲကိုဖြတ်လျင်
additional trimming barထည့်ပေးရပါတယ်
pipe size diameter 100mm ဆိုလျင်140mm size rebarလေးချောင်းpipeကိုချုပ်ပြီးထည့်ပါတယ်
သဘောကတော့လစ်ဟာသွားတဲ့ပိုက်နေရာကိုအားပြန်ဖြည့်ခြင်းပါ။
structural post tensionတွင်M&Eအင်/ယာမှcoordinationပြုလုပ်ခြင်း
post tension slabတွေဟာcable duct စနစ်နဲ့သွားပါတယ်။
cableဆိုတာelectrical wireမဟုတ်ပဲsteelကြိုးများဖြစ်ကြပါတယ်
နိုင်ငံအများစုမှာcableလို့သာသုံးနှုန်းပါတယ်
ductကတော့cableဆွဲမယ့်(tensionပြည့်မီအောင်)သွပ်ပြားအပါး(5mm ခန့်အထူ၊လေးထောင့်ပိုက်)
ဖြစ်ပါတယ်။
M&Epipeတွေအထူးသဖြင့်မီးပိုက်တွေဟာcable ductနဲ့အလျားလိုက်အပြိုင်ဖြစ်နေရင်
အနည်းဆုံးအကွာအဝေး၇၅မီလီမီတာထားရပါတယ်
ဒါ့အပြင်--
duct profileဟာရေလှိုင်းပုံစံ(wave version)ဖြစ်တာကြောင့်ductအောက်ကိုပိုက်ဖြတ်ရင်
၂၅မီလီမီတာအနည်းဆုံချန်ပေးရပြန်တယ်။
ဘာကြောင့်လဲဆိုတော့concreteလောင်းပြီးသတ်မှတ်tensionရအောင်ပြန်ပြီးဆွဲတဲ့အခါသိတ်ကပ်လွန်းရင်ပိုက်တွေထိခိုက်နိုင်ပါတယ်
slabဟာ၂၀မီလီမီတာမှ၃၀မီလီမီတာခန့်ကြွတက်လာပါတယ်။
ကိုယ့်ရဲ့M&Eပိုက်တွေမထိခိုက်အောင်စီမံရတာM&Ecoordinatorရဲ့တာဝန်ပါ
Main bar lappingတွေspacer (bottombarအောက်က၂၅မီလီမီတာလောက်အထူရှိတဲ့ကွန်ကရစ်တုံးလေးများ)တွေ
chair(bottom barနဲ့top bar မနီးကပ်စေရန်ထောက်တဲ့ဒေါက်ကလေးများ)ဟာ
structural drawing အတိုင်းfollowup 100%မဖြစ်ပါ။duct profileလဲလွဲတတ်ပါတယ်
ဒါတွေကိုsiteမှာstructural engineerနဲ့ညှိရပါတယ်။
form workစတင်တာနဲ့တပြိုင်နက်grid line markingပေးပြီး
ရေချိုးခန်း၊အိမ်သာများရဲ့အခန်းနဲ့dimensionတွေကိုအထပ်သားပေါ်မှာနေရာချပါတယ်။
ဒီနေရာမှာမြန်မာတွေထက်ဖိလစ်ပင်းတွေပိုပြီးမြန်ဆန်သပ်ရပ်ပါတယ်။
ပြီးလျင်RTO(resident technical officer)ယခင်အခေါ်(COW)ကိုသတင်းပို့ပြီးစစ်ဆေးပါတယ်။
ခွင့်ပြုချက်ရမှconcreteလောင်းရပါတယ်။
ရံဖနိရံခါRTOနှစ်ဦး(structuralနှင့်M&E)ဖြစ်နေလျင်နှစ်ဦးလုံး၏ခွင့်ပြုချက်လိုပါတယ်။
RC structureမှာM&Epipeဘယ်လောက်%ထည့်ခွင့်ရှိသလဲ??
normal ground beammမှာmaximum1%ပါ
slabတွေမှာ 1to2%ပါ
areaနဲ့loadလည်းမူတည်ပြီးပြန်တွက်ပါတယ်
post tension slabနဲ့post tension beam(optional)မှာtension ductပေါ်မူတည်ပြီးmaximum2%ပါ။
အပိုင်း(၆)ဆက်ရေးပါမယ်။
ပြီးဆုံးအောင်ဖတ်ရှုတဲ့အတွက်ကျေးဇူးတင်ပါတယ်။
M&Eဆိုတာဘာလဲ(အပိုင်း၆)
မြေအောက်ထပ်ပါဝင်သောအထပ်မြင့်အဆောက်အဦးများတည်ဆောက်ခြင်း
၁၀ထပ်နှင့်အထက်အထပ်မြင့်အဆောက်အဦးတိုင်းတွင်မြေအောက်ကားပါကင်များထည့်သွင်းတည်ဆောက်နေကြပါပြီ။
သတိပြုရမည့်အချက်တွေကတော့
(၁)ကားများမှထွက်သည့်ကာဗွန်မိုနောက်ဆိုဒ်နှင့်ကာဗွန်ဒိုင်အောက်ဆိုဒ်များ
ကားများထွက်လေ့ရှိသည့်အထက်ပါဓာတ်ငွေ့နှစ်မျိုး(အင်ဂျင်ပါဝါကျလျင်ကာဗွန်မိုနောက်ဆိုဒ်အထွက်များပြီး၊ပါဝါသင့်တင့်လျငကာဗွန်ဒိုင်အာက်ဆိုဒ်အထွက်များ)သည်။မြေအောက်ထပ်သို့ဝင်ရောက်သည့်ကားမောင်သူများ၊shopping mall ရှိခဲ့လျင်ဈေးလာဝယ်သူများ
အတွက်လုံလောက်သောလေသန့်စင်မှုမရနိုင်ပါ။
ကဲ---
မျက်လှည့်ဆရာဗင်ထုသလိုဖြစ်နေပြီ
calculationတွေတွက်ရအောင်
၁။Basement floor areaတွက်မယ်
ပုံမှန်အားဖြင့်အနည်းဆုံးsquare feet 20000ကနေအများဆုံး50000ခန့်ရှိလေ့ရှိတယ်။
basementတစ်ထပ်စာကိုရည်ညွန်းပါတယ်။အများအားဖြင့်နှစ်ထပ်မှသုံးထပ်ခန့်ရှိပါတယ်။
floor areaရဲ့minimum2%ကိုfresh rair supply ပေးရပါမယ်။
မရခဲ့လျင်MV(mechanical ventilation)ပေးရပါမယ်။
fresh air supply
ဆိုတာအပေါ်အကျဆုံး
ground beamနဲ့
basement(အပေါ်ဆုံးထပ်)ရဲ့ကြားလွတ်နေတဲ့အစိတ်အပိုင်းလေးဖြစ်ပါတယ်။
ပြင်ပမှလေဝင်ရောက်လာမည့်လမ်းကြောင်းပါ။အဆောက်အဦး၊သစ်ပင်၊ကားပါကင်များပိတ်နေလျင်၁၀၀%ယူ၍မရပါ။
ထို့အပြင်--
ကားပါကင်အထဲမှလေ(CO and CO2) ကိုExhaust duct များဖြင့်ဆွဲထုတ်ယူပါတယ်။
design concept အရ
fresh air supply နဲ့return air outlet တို့ဟာ
directionတစ်ခုတည်းကျရောက်ရပါမယ်။
မကျရောက်ရင်Exhaust fanရဲ့sppedကိုညှိရပါမယ်။
supply air inlet နဲ့ return outletတို့ဟာminimum 5m ကွာဝေးရပါမယ်။
အဆောက်အဦးအပြင်မှာရောက်နေတဲ့return air outletကို ပြင်ပမိုးရေမဝင်အောင်အကာအရံ၊အမိုးလေးလုပ်ထားပြီးDog houseလို့ခေါ်လေ့ရှိပါတယ်။
မိုးရေမဝင်အောင်Louver တပ်ဆင်ထားတာကြောင့်
return air ဟာ40%သာ
ထွက်ခွင့်ရှိနေတာမမေ့စေချင်ပါ။
၂။ပြင်ပမှဝင်ရောက်လာနိုင်သည့်ရေများ
Sculper drian များဖြင့်စုစည်းပြီး
အောက်ဆုံးထပ်မှာrain water harvesting tank ထားရှိသင့်ပါတယ်။
မိတ်ဆွေတစ်ယောက်စောင့်ရင်းရေးရတာမို့conceptကိုသာအားပြုရေးရပါတယ်
ရွှင်လန်းချမ်းမြေ့ပါစေ
M&Eဆိုတာဘာလဲ(အပိုင်း၇)
Infra အကြောင်းကိုတင်ပြလိုပါတယ်
Infraဆိုတာအဆောက်အဦးရဲ့ပြင်ပမှာရှိပြီးအဆောက်အဦးတိုင်းရဲ့လိုအပ်တဲ့မီး၊ရေလုပ်ငန်းများအပြင်မီးသတ်သတိပေးစနစ်၊မီးသတ်စနစ်၊ရေဆိုးမြောင်း၊ရေနှုတ်မြောင်းရေစုကန်၊ရေသန့်ကန်CCTV၊Card access စနစ်စတာတွေပါပါတယ်
ပြင်ပလျှပ်စစ်စနစ်
Buildingပြင်ပမှ 11KVလိုင်း(high tension line) သွယ်တန်းပြီးtransformer အထွက်မှာ400voltလိုင်းသွယ်တန်းပါတယ်
မန်မာနိုင်ငံမှာYESBရဲ့စံသတ်မှတ်ချက်အရone unit ကို 10KVAပါ
unit 100ကျော်ရင်developerမှ ထရန်စဖော်မာများအားကိုယ်တိုင်တပ်ဆင်ရမှာပါ။100မကျော်လျင်EPCမှတပ်ဆင်ပါမယ်
(2015 မတ်လအထိသိထားတဲ့သတင်းအချက်အလက်ပါ)
ရေပိုက်များနဲ့under groundကြိုးများရဲ့အကွာအဝေးဟာအနည်းဆုံး 1meterပါ
မြန်မာbuilding code မှာမပါသေးပါ။architectနဲ့ပိုင်ရှင်တို့ဟာရောင်းကွက်ဝင်အောင်၊လှပအောင်
ဖန်တီးလေ့ရှိတော့တတ်နိုင်သလောက်road overhead crossing ကိုရှောင်ပါ။
ဖြစ်နိုင်လျင်lamp post များကိုလည်းsolar system ကိုသုံးပါ။နှစ်နှစ်လောက်ကြာတဲ့အခါenergy cobsumption cost အရ
solar lamp post ဟာ အရင်းကြေကာလရောက်သွားပါပြီ။
IC system
centrlize system မြန်မာပြည်မှာstar city ကလွဲလို့မရှိသေးပါ အကောင်းအဆိုးဒွန်တွဲနေပါတယ်
(ဒီအတွက်သီးခြားရေးပါမယ်)
urban အဖွဲ့ခေါင်းဆောင်ဖြစ်သူဒေါက်တာကျော်လတ်နဲ့ကျွန်တော်အကြိမ်များစွာဆွေးနွေးဘူးပါတယ်
တချို့project တွေဟာနေရာကြောင့်မလုပ်နိုင်ပါ။YCDCကလည်uးrbanရဲ့လွှမ်းမိုးမှုကိုမခံလိုပါ။YCDCဟာseptic tank စနစ်ကိုစွန့်လိုဟန်မရှိပါ
မိမိရဲ့personalise ပြောရရင်centralize ကိုကြိုက်တယ်
ဒီစနစ်ကbuildingရဲ့ဘေးမှာsepic tankများsopic tankများမလိုပါ
ပိုက်များ ICများဖြင့်Storage tank ဖြင့်စုစည်းကာချေဖြက်သည့်စနစ်ပါ။
ဘာကြောင့်လဲဆိုတော့ထွက်လာတဲ့sludge cake(waste)မှဝင်ငွေပြန်
ရမယ်။စိုက်ပျိုးရေးလုပ်ငန်းများအတွက်အကျိုးရှိမယ်။
စာအရှည်ကြီးဖတ်လို့ကျေးဇူးပါ။
နှစ်သစ်မှာ
လူသစ်၊စိတ်သစ်နဲ့
ကျန်းမာပျှော်ရွှင်ကြပါစေ
M&Eဆိုတာဘာလဲ(အပိုင်း၈)
အပိုင်း(၇)မှာinfra စနစ်ကိုintroductionလုပ်ထားပါတယ်
လျပ်စစ်စနစ်နဲ့မိလ္လာစနစ်ကိုရှင်းထားပါတယ်။ဒီတစ်ခါမှာလမ်းပိုင်းအကြောင်းပြောလိုပါတယ်။
လမ်းတွေဟာroad centerကနေroad shoulder ဆီကို1:200 minimum gradient (1mမှာ5mmအဆိုင်း) ထားလေ့ရှိပါတယ်။condo area အတွင်းရှိလမ်းများကိုဆိုလိုပါတယ်။
မေးစရာတစ်ခုရှိလာပါပြီ။မင်းကM&Eမင်းနဲ့ဘာဆိုင်လဲပေါ့

ဟုတ်ကဲ့ပါ
လမ်းပုခုံးဘေးမှာdrainရှိပါတယ်။ဒီdrainရဲ့invert levelနဲ့ sofit level တွေဟာM&Eသမားအတွက်အသက်ပါ။ဘာကြောင့်လဲဆိုတော့over head cableများကိုမမြင်တွေ့လိုတဲ့ကိုကိုအာခီတက်များနှင့်ပိုင်ရှင်များမှundergroundမှcableများwireများအားU/G စနစ်ဖြင့်သွယ်ယူစေလိုပါတယ်။
ထိုအပြင်saniatry pipeများရေပိုက်များ
ဟာလည်း road crossing လုပ်ရာမှာdrainရဲ့sofit level
ပေါ်အခြေတည်ပြီးတွက်ရပါတယ်။
သူတို့နက်ရင်ကိုယ်နက်ပါတယ်သူတို့တိမ်ရင်ကိုယ်တိမ်ပါတယ်။
ဒီနေရာအပိုင်း(၁)မှာရှင်းလင်းတင်ပြခဲ့တဲ့M&E Coordinatorရဲ့အလုပ်စလာပါပြီ။
drawingအားလုံးsuperimopseလုပ်ကာဖြေရှင်းကြပါပြီ။
သို့သော်site peopleများမှ
မစောင့်နိုင်တဲ့အခါပြသနာတက်ကြပါတယ်။road compactionပေးဖို့အတွက်
်M&Eအင်/ယာရဲ့pressure testလုပ်ငန်းစဉ်ကိုမစောင့်လိုပါ။
ဒါကြောင်မို့
လမ်းလုပ်ငန်းစဉ်မှာဝင်ပါရပါတယ်။ကျွန်တော့်စာလေးတွေကိုစဉ်တိုက်ဆက်တိုက်အားပေးသူများကိုဂါဝရထားပါတယ်။
ဒီလိုဖတ်ဖို့ဆိုတာအချိန်ပေးရယုံမက၊တခါတတရံမိမိအသိနဲ့ယှဉ်တော့ခေါင်းစားပါတယ်။
နှစ်သစ်မှာအသိညဏ်တိုးပွားပျော်ရွှင်ကြပါစေ။
M&Eဆိုတာဘာလဲအပိုင်း(၉)
၈ထပ်ဝန်းကျင်အဆောက်အဦးပုံစံရေးဆွဲမည်ဆိုလျငarchitectနှင့်clientအားမေးရန်အချက်အလက်များ
လျှပ်စစ်အပိုင်း
(၁)လှေကားမီးဟာtimerသုံးပြီးညနေမှနံနက်သို့အလိုအလျောက်ဖွင့်ပိတ်လား။ပိုင်ရှင်မှmanualဖြင့်ဖွင့်ပိတ်လုပ်မည်လား
(၂)living roomတွင်power points 4pointsထားရှိပါမည်။
1 TV, 2 CD Player,3 sattlite receiver, 4 other (sound box, phone charging, sweeping, ironing purposes)
သဘောတူပါသလား
(၃)Living roomများတွင်power point နှစ်ပွိုင့်ထည့်ပါမည်။
for--Hand phone, power bank,CD,စာကြည့်မီးetc
(၄)အိပ်ခန်းတွင်းအလင်းရောင်ကျနှုန်း၃၀၀-၄၀၀luxထားရှိမည်။စာကြာကြာဖတ်မရအနေအထားမျိုးပုံစံဆွဲပါမည်။
(၅)အိမ်သာတွင်exhaust fan(6")တပ်လိုပါသလား
(၆)exhaust fan အားအိမ်သာမီးဖြင့်interlockလုပ်လိုပါသလား
ရေသန့်/မိလ္လာ
(၁)ခေါင်းမိုးမှရေဖြန့်ဝေသည့်စနစ်မျိုးသုံးလိုသည်လား။တစ်ယူနစ်ချင်းOverhead tankအသေး(ဂါလံ၁၀၀-၂၀၀)သုံးလိုသည်လား။
(၂)water heaterတပ်မည်လား
(၃)pipeများသုံးရာတွင် pvcသုံးမည်လားpprလား
မေးခွန်းလေးတွေနဲ့confirmလုပ်ရပါမယ်
M&Eဆိုတာဘာလဲ(အပိုင်း၁၀)
M&Einspection
M&Eလုပ်ငန်းများစစ်ဆေးခြင်း(QC)
constructionsiteများမှာသတ်မှတ်ပြည့်မီတဲ့အရည်အသွေးရရှိဖို့အတွက်စစ်ဆေးတဲ့ပုဂ္ဂိုလ်တွေရှိကြပါတယ်။စင်္ကာပူမှာတော့ယခင်ကCOW(clerk of work)လို့ခေါ်ပြီးယခုတော့RTO(resident technical officer)လို့ခေါ်ကြပါတယ်။
ကဲစပြီ--
စလုံးမှာ--ဘယ်လိုစစ်လဲ
inspection form ကိုsiteထဲမဆင်းခင်နှစ်နာရီကြိုပြီးတင်ရတယ်။Drawing ကိုစပြီးစစ်တယ်။M&Edrawingဟာconsulatntမှapprovedဖြစ်မဖြစ်၊သို့မဟုတ်approved with comment/No resubmission is requiredလားဆိုပြီးပြန်ကြည့်တယ်။မဟုတ်ရင်လက်မခံဘူး။
ကမ္ဘာကျော်Alpha consultant ကတော့No exception takenဆိုပြီးလက်မှတ်ထိုးတယ်။ဒီသဘောနှစ်ခုဟာအကွာကြီးကွာခြားပါတယ်။contractorကိုလုံးဝတာဝန်ယူခိုင်းတဲ့သဘောဖြစ်တယ်။
အာခီdrawingနဲ့အတူsubmitလုပ်ရတယ်။အာခီdrawingဟာconstruction drawingဟုတ်မဟုတ်ကြည့်တယ်။ဟုတ်ပြီဆိုရင်M&Ecoordinatorနဲ့အတူsub contractorတွေရဲ့superviorများနဲ့အတူsiteကိုသွားတယ်။
ဒီနေရာမှာထပ်မှန်သတိထားရမှာကsite safety။safety အခြေအနေမကောင်းရင်နားထဲကိုကြက်တောင်မွှေ့သလိုကောလိမ့်မယ်။
စပြီ----
archiရဲ့grid lineကိုစစ်တယ်။Measurementတိုင်းတယ်။
structureရဲ့beam depthနဲ့widthကိုကြည့်တယ်၊တိုင်းလေ့မရှိဘူး။မီးပိုက်တွေရဲ့အနေအထားကိုတိုင်းတယ်5mm to 10mmအမှားခံတယ်။ကျော်ရင်ပြန်ပြင်။FT(floor trapတွေကိုတံခါးအဖွင့်နဲ့စစ်တယ်၊တံခါးခွင်ထဲမှာထားခွင့်မပေးဘူး
Wall finishingကိုမေးတယ်။WCဟာအောက်ထွက်ဆိုရင်305mmမှာpipeရဲ့centerဖြစ်လေ့ရှိတယ်။ဒါမှမဟုတ်ရင်WC catalgueပြရပါမယ်။M&E pipe(မီး၊ရေ)များဟာslab soffitlevelကနေအနည်းဆုံး5mmရှိရပါမယ်။
အခုရေးတာBefore castingဖြစ်ပါတယ်။
M&Eမှန်ရင်အာခီdrawing၊striucture drawingများကိုကြေကြေညက်ညက်မဟုတ်တောင်အနည်းအကျင်းသိထားသင့်တယ်။
တရံရောအခါကမိမိလုပ်ခဲ့တဲ့ကုပ္မဏီမှာstructure engineerနဲ့stuctural supervisor အလုပ်ကထွက်သွားတော့ခေတ္တအစားထိုးတဲ့အနေဖြင့်RTOရဲ့စစ်ဆေးမှုများခံခဲ့ရဘူးတယ်။အဲ့ဒီမှာအနည်းငယ်ကျွမ်းကျင်သွားတာအခုဆိုရင်သူရို့ကိုဆေးထိုးနိုင်တဲ့အဆင့်ကိုရောက်နေပါပြီ(ကြုံကြွားလို့သာမှတ်ပါ)။
နောက်ရက်တွေမှာ--
after casting inspectionကိုသီခြားရေးပါမယ်။
credit Mr. Sithu Nyo