Friday, October 1, 2010

ရင်ဝှက်ဆောင်း


ကြယ်စင်တွေက
ကောင်းကင်ရဲ့တံခါးကိုဖွင့်ချ
လမင်းရဲ့အပြုံးတွေနဲ့
တောက်ပရွှန်းစိုနေတဲ့ညပါပဲ....
တလက်လက်ကြွေဆင်းနေတဲ့
နှင်းမြူလွင်လွင်တွေကြား
ကျနော့်ရဲ့သံယောဇဉ်မလေးက
ကျနော့်ရင်ခွင်ကြားမှာမှီနွဲ့လို့

နှင်းဆီဖူးလို အစွမ်းကုန်ဖူးသစ်
ရဲရဲစိုနေတဲ့ နှုတ်ခမ်းလေးတွေ.....
မျက်တောင်ကွေးကွေးညွတ်ညွတ်တွေဝန်းရံထားတဲ့
တဖျတ်ဖျတ်လင်းနေတဲ့ မျက်ဝန်းလေးတွေ..
ဆေးရောင်စုံခြယ်သမထားပါပဲ ချစ်စဖွယ်
ဖောင်းအိနေတဲ့ ပါးအို့နီနီလေးတွေ.....
အဲဒီအလှဆုံးမျက်နှာလေးပေါ်
လရောင်တွေဖိတ်စင်ကျနေပုံက
ရင်ခုန်ဖွယ်ကောင်းလွန်းရဲ့..
တက္ကသိုလ်ညပေါင်းများစွာ
နှင်းစက်တွေ ပျော်ခဲ့ဖူးပါတယ်.....
ကျောင်းတော်ကြီးနဲ့အတူ
ဝေးလွင့်သွားခဲ့ဖူးတဲ့ အဲဒီဆောင်းညတွေ
ကျနော်မမေ့နိုင်သေးဘူး ချစ်သူရယ်...
information တွေလန်ထွက်နေပါတယ်ဆိုတဲ့
IT ခေတ်ကြီးထဲမှာ
ကျနော်နဲ့သူမကြား dataတွေပြတ်တောက်သွားတာဟာ
သွေးရိုးသားရိုးတဲ့လား....
ထားခဲ့တယ်ဆိုရင်တောင်
ကျနော့်အတွက် alarm လေးတစ်ချက်တော့
ပေးခဲ့သင့်ပါတယ် ချစ်သူ..
ကျနော်ကတော့
ဆောင်းညတွေကို
ခုထိမျှော်နေမိဆဲပါ........

သားထက် (မုံရွာနည်းပညာတက္ကသိုလ်)

No comments:

Post a Comment