Friday, October 1, 2010

သို့...


လျှောက်ခဲ့ရတဲ့
လမ်းတွေကကြမ်းတယ်
ရာသီပေါင်းများစွာ
တလမ်းလုံး
ကြွေခဲ့ရတဲ့ကောင်ပါ
အဲဒီလိုနဲ့...
သေဆုံးသွားတဲ့
အိပ်မက်မြစ်တွေဆီမှာ
ငါ့ရဲ့အတ္တကမ်းပါးတွေ
အကြိမ်ကြိမ်ပြိုခဲ့ပေါ့...
တကယ်တော့
မင်းလည်း အနတ္တ
ငါလည်း အနတ္တပါပဲ
ဒါပေမယ့်
အဲဒီသံယောဇဉ်
အပိုင်းအစလေးကိုပဲ
ငါတို့
ငတ်မွတ်တောင့်တခဲ့ကြတာ
မဟုတ်ပေဘူးလား...
ရေမှာ အရုပ်တွေရေးနေသလိုမျိုး
မနက်ဖြန်တွေ
မှုန်ဝါးနေလိုက်ပုံက
တိမ်တိုက်တွေကို
လိုက်လိုက်ဖမ်းနေရတာနဲ့လည်း တူရဲ့....
အိပ်တန်းပြန်ငှက်တွေနဲ့အတူ
ငါ့အလွမ်းတွေ
နင့်ဆီ...လူကြုံပါးလိုက်ပါတယ်..ချစ်သူ
အခက်စုံ...အရွက်စုံ..အလက်စုံ..
အစွမ်းကုန်ပွင့်လန်းနေတဲ့
ငါ့ရင်ဘတ်ထဲက
သစ်ပင်ကလေးကလည်း
နင့်ကိုလွမ်းပါတယ်တဲ့
ငါ့ရဲ့ဇာတ်လိုက်မလေးရေ...
ချစ်ရာအရပ်ဆီကနေ
ငါ့သစ်ပင်လေးရှိရာ
ပြန်လာခဲ့ပါ....

သားထက် (မုံရွာနည်းပညာတက္ကသိုလ်)

No comments:

Post a Comment