`မာယာ´တဲ့လား
အဲဒီလို နင့်နင့်သီးသီး
သုံးနှုံးဖို့အတွက်
ငါ့နှလုံးသားက
လုံလောက်အောင်
မမာကြောခဲ့ဘူး
`ကျနော်ချစ်မိ အပြစ်ရှိသည်´
ချစ်ခဲ့တဲ့နှလုံးသားက
အပြစ်မရှိခဲ့ပါဘူး
ပစ်ထားခဲ့၇က်သူရေ
မင်းကိုလဲငါ
အပြစ်မယူပါဘူး
ချစ်တာချင်းအတူတူ
ခံစားတတ်သူက
ပိုပြီး ကြေကွဲရစမြဲပါ
ငါက ကဗျာဆရာတယောက်ပါလေ
ဒါပေမယ့် ဘ၀က
ကာရံ မလှခဲ့
ရူးသွတ်ခဲ့ဖူးတဲ့
တခါတရံ ပေါင်းများစွာ
ခဏခဏ ထုတ်ကြည့်ရင်း
မင်းကို လွမ်းတဲ့စိတ်ကို
တသသ
ဖြေသိမ့်ပါ့မယ်..
သားထက် (မုံရွာ နည်းပညာတက္ကသိုလ်)
No comments:
Post a Comment