ခဏခဏ
ဆွဲဖြဲခံရတဲ့
တံခါးရွက်တွေလို
ကျနော့်နှလုံးသားက
သူမမျက်ဝန်း
အပိတ်အဖွင့်မှာ
မှိန်လိုက်လင်းလိုက်ပါပဲ
အသက်ရှူခြင်းတစ်ခုစာ
ဆွဲသွင်းထားတဲ့
ချစ်ခြင်းတရားဟာ
ရင်ဘတ်ဟင်းလင်းပြင်ထက်
လင်းလဲ့ရှတလို့
သက္ကရာဇ်တွေ ပြာကျတဲ့ထိ
လင်းပနေလိမ့်
ခခယယ ပေးဆပ်ခဲ့တဲ့
နုနုရွရွနှလုံးသားထက်
ကြွကြွရွရွလေး
ဖြတ်သန်းသွားမှုတစ်ခုပါပဲ
ကျနော့်ရင်ထဲမှာတော့
ဒဏ်ရာများစွာ ကျန်ခဲ့တယ်
မျက်ဝန်းတစ်ချက်အလက်မှာ
အခါခါသေဆုံးပေးခဲ့ရတဲ့
အိပ်မက်တွေက
သူမပါးချိုင့်လေးထဲမှာ
တွဲလွဲခိုနေကြတုန်းပဲ
ခေါင်းစဉ်မရှိတဲ့ကဗျာတွေ
တပုဒ်ပြီးတပုဒ် ရေးရင်း
သူမလေးကို
ခိုးပြီးချစ်နေခဲ့ရတဲ့
ကျနော်ဟာ
မိုးရေချိုးချင်လို့
မိုးစိုခံခဲ့ရသူပါ....
သားထက် (မုံရွာနည်းပညာတက္ကသိုလ်)
No comments:
Post a Comment