Thursday, April 7, 2016

ဖတ်မိသမျှ

!အဆိုးထဲမှာ အကောင်းရှိ၏။ တခါတရံ အဆိုးသည်ပင်လျှင် ဘဝရဲ့ အကောင်းဆုံးသမားတော် ဖြစ်တတ်၏!
Good of evil. Sometime bad is good doctor of life.

ဖတ်မိသမျှ
လင်းဝေ

ဖတ်မိသမျှ

အားလုံးကို နားလည်ခြင်းဆိုသည်မှာ အားလုံးကို ခွင့်လွှတ်ခြင်း ဖြစ်သည်!
To comprehend all is to pardon all.

ဖတ်မိသမျှ
လင်းဝေ

ဖတ်မိသမျှ

ကောင်းသောစကားသည် လူတစ်ယောက်အား ကောင်းချီးမင်္ဂလာ ဖြစ်စေပြီး ဆိုးသောစကားသည် လူတစ်ယောက်အား သေအောင် သက်ဆိုင်သည်။

Good words anoint a man, ill words kill a man.

ဖတ်မိသမျှ
လင်းဝေ

ဖတ်မိသမျှ

! ရွံရှာမုန်းတီးစိတ်နဲ့ မနေဘဲ ချီးကျူးမြတ်နိုးစိတ်ဖြင့်နေပါ။
လူတို့အား သူတို့၏ အကောင်းဆုံးအရည်အချင်းဖြင့် ဆုံးဖြတ်ပါ။ အဆိုးဆုံး အရည်အချင်းနဲ့ မဆုံးဖြတ်ပါနှင့်!
Live by admiration rather than disgust, judge people by their best, not by their worst.

ဖတ်မိသမျှ
လင်းဝေ

တရား

မြတ်စွာဘုရားသည် ပါရမီဖြည့်ကျင့်သည့် ၄ သင်္ချေ ကမ္ဘာ ၁ သိန်း ကာလပတ်လုံး အများသတ္တဝါတို့ အကျိုးစီးပွားအတွက် ပြုနိုင်ခဲသော စွန့်ခြင်းကြီးငါးပါးအတွက် ဘဝတိုင်း ဘဝတိုင်း မြင့်မြတ်စွာ စွန့်လွှတ်အနစ်နာခံခဲ့သည်။

တစ်နေ့ပြီးတစ်နေ့ တစ်ဘဝပြီးတစ်ဘဝ ဖြတ်ကျော်သွားနေရသော သံသရာတလျှောက်၌

မသိမှားမှုတို့ကြောင့် ပြုမိမှား၊ ပြောမိမှားမှုတို့ကြောင့် နောင်တအထွေထွေ ၊ ပူပန်သောကအထွေထွေတို့ ဖြစ်ရခြင်းသော်လည်းကောင်း၊ အဝိဇ္ဇာအမှောင်၌ ယုံမှားတွေဝေခြင်း အမျိုးမျိုးဖြင့် အဆိုးကို အကောင်းထင် ၊ ဒုက္ခကို သုခထင်လျှက် လမ်းလွဲလျောကျခြင်းတို့မှ လည်းကောင်း၊ မဆုံတွေ့လိုသော်လည်း ကြုံတွေ့ရတတ်သည့် မချစ်မနှစ်သက်သောသူ၊ မချစ်မနှစ်သက်သော အရာတို့နဲ့ အတူတူ ခရီးဆက်ရခြင်းကြောင့် ရန်ငြှိုဒေါသတို့ဖြင့် စိတ်ပင်ပန်းကိုယ်ပင်ပန်း ဖြစ်ရခြင်းတို့မှလည်းကောင်း၊ ချစ်သောအရာ မြတ်နိုးသောအရာတို့နှင့် လမ်းခုလတ်၌ ခွဲခွာနှုတ်ဆက် ကြေကွဲဝမ်းနည်းရခြင်းတို့မှလည်းကောင်း ၊ ရင်မဆိုင်လိုသော်လည်း ရင်ဆိုင်လာရမည့် အို၊ နာ၊ သေခြင်း ဒုက္ခတို့မှလည်းကောင်း လွန်မြောက်ရာသို့ ညွှန်ပြတော်မူသော အရှင်မြတ်စွာဘုရားအား တပည့်တော်သည် ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ အရှင်ဘုရာ...

သာဓု သာဓု သာဓု

ဖတ်မိသမျှ
လင်းဝေ