Saturday, November 21, 2015

ဖတ်မိသမျှ



>စိတ်ပျက်စရာတွေကို သည်းခံနိုင်ရမည်။ အခက်အခဲဆိုတာ မဖြစ်မနေရင်ဆိုင်ရမည့် စာမေးပွဲတွေပါ။

>သင်၏ကြိုးစားမှုကို ပယ်ချခံရခြင်း၊ ကျရှုံးခြင်းတွေ ဒါတွေအားလုံးဟာ ဘဝကပေးတဲ့ သင်ခန်းစာတွေပါ။ ကြောက်စရာ မဟုတ်ပါဘူး။ အရှုံးကိုလည်း ခံနိုင်ရည်ရှိရမယ်။ လဲကျပြန်ထ ဒါဘဝပေါ့။

>စီးပွားရေးဖိအားတွေကို ခံနိုင်ရည်ရှိရမယ်။ ပေးကမ်းစွမ့်ကြဲတဲ့အလုပ်ကို လေ့ကျင့်မွေးမြူရမယ်။

>ဘယ်သောအခါမှ အောက်ခြေမလွတ်ပါနှင့်။ ရည်ရွယ်ချက်ကောင်းကောင်းနဲ့ ဘယ်စကားမဆို ပြောပါ။

>သင်ရဖို့မျှော်လင့်တာထက် ပိုပြီးတော့ များများပေးပါ။ လိပ်ပြာသန့်သန့် မျှော်လင့်ခြင်းမပါတဲ့ ပေးဆပ်ခြင်းမျိုးကို ပိုင်ဆိုင်နိုင်အောင် ကြိုးစားပါ။

>အသေးအဖွဲများကို ပုံကြီးမချဲ့ပါနှင့်။ အတင်းအဖျင်း အပေါ့အသွမ်းပြောရင်း အချိန်မကုန်ကြပါနှင့်။

>သူတပါးနှင့်ကွဲပြားခြားနားလိုလျှင် သင့်ကိုယ်သင် စိန်ခေါ်ပါ။

အန်ထော်နီရော်ဘင်

May you all success in your life.

Linn Wai

ဖတ်မိသမျှ



Spoken words die in the empty of air. Put your words in a letter. It endure and can read again and again.

ပြောတဲ့စကားတွေဟာ လေထဲမှာ ပျောက်ကွယ်သွားတတ်တယ်။ မင်းရဲ့စကားလုံးတွေကို စာထဲမှာချရေးပါ။ အဲဒါဟာ ကြာရှည်ခံပြီး ခဏခဏ ပြန်ဖတ်လို့ရတယ်။

လင်းဝေ

ဖတ်မိသမျှ



>အရာရာသည် အကြောင်းတစ်ခု ရည်ရွယ်ချက်တစ်ခုကြောင့် ဖြစ်ပေါ်လာသည်။ ၎င်းသည် ကျွန်တော်တို့ကို အကျိုးပြု၏။

>ဖြစ်လာတဲ့အခြေအနေတိုင်းကို အကျိုးရှိအောင် အသုံးချရမယ်။

>အရှုံးဆိုတာမရှိ ရလဒ်များသာ ရှိတယ်။ အရှုံးထဲမှ အမြတ်ထုတ်ရမည်။

>လူတို့သည် ရှုံးမှာကြောက်သဖြင့် ပိုရှုံးနေကြရ၏။

ဖတ်ထားသမျှ အနှစ်ကလေးတွေပေါ့ ကောင်းကျိုးတစုံတရာရကြပါစေ။

လင်းဝေ

ဖတ်မိသမျှ



It is doing your present works, so well that it will open doors to opportunity. Tasks done at high standard pave the way to bigger thing.

သင်လုပ်နေသော အလုပ်များကို ကောင်းအောင်လုပ်ခြင်းသည် အခွင့်အလမ်းသစ်များကို တံခါးဖွင့်လိုက်ခြင်းဖြစ်သည်။ အဆင့်အတန်းမြင့်မားသောတာဝန်များကို ပြီးမြောက်ခြင်းသည် ပိုမိုကြီးမားသော အလုပ်များကို လုပ်နိုင်ရန် လမ်းခင်းလိုက်ခြင်းပင် ဖြစ်သည်။

လင်းဝေ

Monday, November 2, 2015

Our education and our new generation

လက်ရှိမြန်မာ့ပညာရေးနှင့် မြန်မာလူငယ်တွေရဲ့ ပညာအသိ..

ပညာဆိုတာ အကြောင်းအကျိုး၊ အကောင်းအဆိုး၊ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်တဲ့ အသိတရားပါပဲ။

ပါရဂူဘွဲ့ပဲရရ ဘာဘွဲ့ကြီးပဲရရ အကြောင်းအကျိုး၊ အကောင်းအဆိုး၊ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်တဲ့ အသိတရားမရှိဘူးဆိုရင် အဲဒီလူမှာ ပညာအသိမရှိပါဘူး။

ငါတို့အားလုံးဟာ မြန်မာနိုင်ငံသားညီအကိုတွေပါပဲ။

ငါတို့တွေ နိုင်ငံတကာနဲ့နှိုင်းယှဉ် ရလဒ်တွေကိုကြည့်ပြီး အစိုးရတွေကို ထောက်ခံသင့်ထောက်ခံရမယ် ရှုတ်ချသင့်ရှုတ်ချရမယ်။

ဘာလို့လဲဆိုတော့ အစိုးရဆိုတာ ပြည်သူတွေခိုင်းရမည့် ပြည်သူတွေအတွက် အလုပ်လုပ်ပေးရမည့် အဖွဲ့အစည်းဖြစ်လို့။

ကိုယ့်အတွက် အလုပ်လုပ်ပေးမည့် အစိုးရကိုရွေးမလား၊ ကိုယ်ကို အာဏာပြအနိုင်ကျင့်မည့် အစိုးရကိုရွေးမလားဆိုတာ တို့လူငယ်တွေရဲ့ ပညာအသိနဲ့ဆုံးဖြတ်ချက်တွေအပေါ် မူတည်ပါတယ်။

ငါတို့ရန်ဖြစ်ရမယ့်အချိန်မဟုတ်ဘူး

ညီညွတ်ရမယ့်အချိန်
အမှန်တရားကိုရှာဖွေရမည့်အချိန်ပဲ

စာများများဖတ်ကြပါ

သူများစကားနဲ့လမ်းနဆုံးကြပါနဲ့

 ဗဟုသုတကြွယ်မှ အမှန်တရားကိုသိနိုင်ပါလိမ့်မယ်

အမေစုခေါင်းဆောင်ဖြစ်ရင်မွတ်နိုင်ငံဖြစ်မယ်မယ်လို့မျက်လုံးမှိတ်အော်နေသူတွေက တိုင်းတပါးသား မြန်မာစကားတောင်မတတ်တဲ့ဘင်္ဂါလီတွေ တရုတ်တွေ သိန်းနဲ့သန်းနဲ့ချီအောင် ဝင်ခွင့်နေထိုင်ခွင့်ပေးထားတဲ့ လက်ရှိအစိုးရကိုကျ ဘာမှလေသံမဟရဲတာကိုတွေ့ရတယ်

လက်ရှိ ဘာသာရေးပြဿနာတွေဟာလည်း လက်ရှိအစိုးရတွေ လာဘ်စားပြီး သိန်းနဲ့သန်းနဲ့ချီခေါ်သွင်းထားတဲ့ မြန်မာစကားတောင် မတတ်တဲ့ ဘင်္ဂလီတွေ တရုတ်တွေကြောင့်ပါပဲ

ဒါကိုပဲ ပြဿနာအားလုံးကို တာဝန်ခံမှုမရှိဘဲ ပြည်သူတွေအတွက် သူမတဘဝလုံး တသက်တာလုံး ပေးဆပ်အနစ်နာခံ စွန့်လွှတ်ခဲ့ရှာတဲ့ အဘွားအိုတယောက်အပေါ်မှာ အပြစ်တွေပုံချနေတာရော တရားပါရဲ့လား

သေချာတွေးကြပါ

ပြဿနာရဲ့ဇစ်မြစ်ကို မတွေးတတ်ကြအောင်ကိုပဲ တို့လူငယ်တွေရဲ့ ပညာဟာနိမ့်ပါးနေတာကိုတွေ့ရတယ်

ဒီမိုကရေစီအစိုးရဆိုတာ ပြည်သူ့ဆန္ဒနဲ့ အုပ်ချုပ်ရတဲ့ အစိုးရဖြစ်တဲ့အတွက်
ဒီမိုကရေစီအစိုးရစစ်သာအုပ်ချုပ်ခွင့်ရခဲ့ရင် ဗုဒ္ဓဘာသာ ၉၅ ရာခိုင်နှုန်းလောက်ရှိတဲ့ မြန်မာနိင်ငံဟာ ဘယ်တော့မှ မွတ်နိုင်ငံမဖြစ်သလို ဘယ်တော့မှလည်း မွတ်သမ္မတဖြဟ်စရာအကြောင်းမရှိပါဘူး။

လာဘ်စားလွန်တဲ့ အာဏာရှင် တဘို့တည်းသမားတွေအုပ်ချုပ်မှသာ အမြန်ဆုံး မွတ်နိုင်ငံဖြစ်သွားနိုင်ပါတယ်။

ခုဟာက ခိုးနေတဲ့သူခိုးကိုကျ မြင်လျက်လွှတ်ပေးထားပြီး ဘေးကထိုင်နေတဲ့သူကို ခိုးမှာပဲဆိုပြီး မသင်္ကာမှုနဲ့ ဖမ်းသလိုဖြစ်နေပြီ။

အင်းပေါ့လေ ခိုးချပြီး မအောင်မနေရပညာရေးစနစ်နဲ့ ခတ်ညံ့ညံ့ဘွဲ့ရခဲ့ရတဲ့ ပညာရေးစနစ်ဆိုတော့ မြန်မာလူငယ်တွေ ပညာနိမ့်တာမဆန်းပါဘူး။

လူငယ်တွေမှာ အပြစ်မရှိပါဘူး ပညာရေးစနစ်ကြီးတစ်ခုလုံးကို လူမဆန်စွာဖျက်ဆီးပစ်ခဲ့ကြတဲ့ အာဏာရှင်တွေအပြစ်ပါပဲ

ဒါပေမယ့် ခုချိန်မှာ တသက်လုံးလိမ်ညာလာတဲ့လူတေကို ဆက်ထောက်ခံမယ်ဆိုရင်တော့ ငါတို့အပြစ်ဖြစ်သွားပြီ

မြတ်ဗုဒ္ဓက မိန့်တော် မူခဲ့တယ် သူများပြောတိုင်းလည်းမယုံပါနဲ့၊ သတင်းစကားကြားတိုင်းလည်းမယုံပါနဲ့၊မိဘဆရာလေးစားရတဲ့သူကပြောလည်းမယုံနဲ့၊ ငါဘုရားပြောတောင် မယုံနဲ့၊ ဘယ်သူတွေ ဘာပဲလာပြောပြော ကိုယ်တိုင်လေ့လာ ကိုယ်တိုင်ကျင့်ကြံပြီးမှ ကိုယ်ပိုင်အသိနဲ့ ဟုတ်၏ မဟုတ်၏ ဆုံးဖြတ်ပါတဲ့။

လေ့လာကြပါ၊ တွေးကြပါ ၊ ဆွေးနွေးကြပါ ပြီးမှ ကိုယ်ပိုင်အသိနဲ့ဆုံးဖြတ်ကြပါ။

အမှန်တရားတွေသိရှိမြတ်နိုးတတ်ကြပါစေ။

လင်းဝေ