၄၈။ ကျနော်သည်
ကျနော်၏အရှင်သခင်ဖြစ်သည်။စိတ်ပျက်လက်ပျက်ခံစားရ၏။ထိုဒဿနအရဆိုလျှင်
ကျနော်သည် ကျနော်၏ကျေးကျွန် ဖြစ်နေသည်။
၄၉။ အလင်းရောင်သုံးခြင်းသည် အမြင်အာရုံကို ကြည်လင်စေသည်။ကျနော့်ကို
အလင်းပေးစေလိုသည်။
အပူမတိုက်ကြပါနှင့်။
၅၀။ ဗဟိုလမ်းမကြီးများသည် ဖြောင့်ဖြူးကြ၏။အချို့က လမ်းသွယ်ကိုမှ
ကြိုက်ကြ၏။ကျနော်တို့တတွေ တစ်နေရာထဲကို
ဦးတည်သွားနေခြင်းဖြစ်သည်။သို့သော် ကျနော်နှင့် ကျနော့်မိတ်ဆွေများ
တစ်လမ်းစီ သွားခဲ့ကြပါသည်။
၅၁။ကျနော်က တစ်ယောက်ထဲ နေတတ်ပါသည် အထီးကျန်ဆန်သည်ဟု
မခံစားရပါ။ဤမျှသည်ပင်လျှင် များလွန်းလှပါပြီ။
စည်ကားလှပါပြီ။
၅၂။ လိုချင်သောအခါ ကောက်ယူရ၏။မလိုချင်တော့သောအခါ ပြန်လွှင့်ပစ်ရ၏။အစကတည်းက
မယူခဲ့လျှင်
အကောင်းသား။အခုတော့ အားနှစ်ခါကုန်ရသည်။
၅၃။ ကျနော်ဘယ်သူ့ကို ချည်နှောင်ခဲ့သည် မသိ။ကျနော့် မှာ ဖြည်လိုက်ရတာ။
(ခုတိုင် မလွတ်မြောက်သေး)
၅၄။ သာမာန်လူပဲ ဖြစ်ချင်သည်။
၅၅။ အစွန်းမရောက် အောင်တော့ ကိုယ့်ကိုယ်ကို ထိမ်းနိုင်ပါပြီ။
သူများအစွန်းနှင့် လွတ်အော်တော့ ကိုယ်မနေတတ်သေး။
၅၆။ ကျနော့်ကိုယ်ကျနော် ဖွင့်ချထားပါသည်။ဘောင်တစ်ခုထဲမှာ
ပိတ်မထားပါ။အကန့်အသတ်မဲ့သွားပါသည်။ထို အကန့်
အသတ်မဲ့မှုသည် ကျနော်မျှော်လင့်သည့် အရာများအတွက်တော့ တိကျမှု
ပဲဖြစ်ပါသည်။
၅၇။ကိုယ့်ကိုယ်ကို ဒိုင်းနဲ့ကာထားပြီးမှ သူတပါးကို ဓားနဲ့ရွယ်ရဲသူ၊
ထိုလူနဲ့ ကျနော် လမ်းမတူ။
၅၈။ ကျနော့်ကို ရိုကျိုးနှိမ့်ချစွာ ဆက်ဆံလာသူများ
ရှိပါသည်။ကျနော်ကဘာကောင်မှ မဟုတ်သည့်အတွက် သူတို့
အရှုံးထွက်ကြလိမ့်မည်ထင်သည်။တစ်ခုတော့ရှိသည်..အချို့သူများသည်
လိုချင်မှု တစ်ခုအတွက်
နှိမ့်ချခြင်းမဟုတ်။သဘာဝအတိုင်းနှိမ့်ချခြင်းသာဖြစ်သည်။သူတို့ကတော့
မြတ်လိမ့်မည်။
၅၉။ မည်သူ့ကိုမဆို မည်သည့်အရာကိုမဆို အပြစ်ရှာလျှင်
တွေ့နိုင်ပါသည်။`အဲဒီခေတ် ကုန်သွားပြီဟု
ကျနော်နှင့် သူငယ်ချင်းတစ်ဦး ရယ်ဖွဲ့ခဲ့ဖူး၏။ကျနော်တို့ အပြစ်
မရှာတော့ပါ။အဖြေကိုသာ ရှာပါသည်။
၆၀။ပညာရှိများသည် သေးဖွဲသော အရာများမှာပင် အခက်အခဲကို
ရှာတွေ့တတ်သည်။ကျနော်ကား ပညာရှိမဟုတ်
ထို့ကြောင့် အခက်အခဲတွေကို အသေးအဖွဲဟု သဘောထား၏။ခံရမှသိမယ် ဟု
ချစ်သူကပြောသည်။
သို့သော် မခံရသေး၍ မသိသေး။ချစ်သူကို ရယ်ပြခဲ့သည်။
၆၁။ကျနော့်ထံမှ ထိုအရာများလွတ်ကျမည်ကို စိုးရိမ်၏။ဆုပ်ကိုင်ထားရန်
ငြင်းလိုက်ပြီ။လွတ်ကျမှာကို ကြောက်စရာ
မလိုတော့။
၆၂။ `ပြီးတာတွေ ပြီးပါစေဆိုပြီး´ သမားတော်က ကျနော်စိတ်ကို ကု၏။ဝေဒနာ
ပျောက်သောအခါ ကျနော် သူ့ကို
ဆေးဖိုးဝါးခ မပေး။သူဒေါသထွက်သော အခါ `ပြီးတာတွေ ပြီးပါစေ´ဟု
ကျနော်ဖြောင့်ဖျလိုက်၏။ကြေပြီ။
၆၃။ ခက်သည်က ကမ္ဘာကြီးကို ကျနော်ကြောင့် မလေးစေချင်ခြင်းဖြစ်သည်။ လေထဲမှာ
ပြန်နေပေါ့ ညီမလေးက
နောက်သည်။ခက်သည်က လေထုကြီးကိုလည်း
ကျနော်မလေးစေချင်။ကိုယ့်ကိုယ်ထဲကိုသာ
ကျနော်ကြုံ့ဝင်မိသည်။
ကျွန်းတော်မှ အပြန် (တာရာမင်းဝေ)
ကျနော်ကြိုက်လို့ မျှဝေလိုက်တာပါ
သားထက် (မုံရွာ နည်းပညာ တက္ကသိုလ်)
No comments:
Post a Comment