Friday, October 1, 2010

စကားလုံးမရှိတဲ့စကားလုံးတွေ

စကားလုံးတွေနဲ့
ခင်းကျင်းထားတဲ့
ငါ့အိပ်ယာလေးထက်
စကားလုံးတွေကြားမှာပဲ
တလောကလုံးကိုမေ့ပစ်
စိတ်ချလက်ချ
အိပ်စက်တတ်ခဲ့တယ်
အိပ်မက်ထဲမှာပဲ
စကားလုံးတွေနဲ့
ဆော့ကစားလို့ပေါ့
အဲဒီအချိန်မှာပဲ
သူမနဲ့ကျနော်ဆုံခဲ့ကြတယ်
ရုတ်တရက်ပါပဲ
နှုတ်ဖျားတွေဆွံ့အ
သူမရှေ့မှာ
စကားလုံးတွေ
ပျောက်ရှသွားတယ်
ချစ်တယ်ဆိုတဲ့
စကားတလုံး
သူမနားလည်အောင်
ဘယ်လိုသုံးပြရပ
တကယ်ကိုပဲ
စကားလုံးတွေပျောက်ရှသွားခဲ့ရတယ်
သားထက် (မုံရွာနည်းပညာတက္ကသိုလ်)

No comments:

Post a Comment