Saturday, May 21, 2016

အချစ်ဆိုတာ...



ပျော်စရာဆို အတူတူ

့မျှဝေခံစားပြီး

ငိုစရာဆို

တစ်ကိုယ်တည်း

မြိုသိပ်.....

ရင်ဘတ်ထဲမှာ

အချစ်စိတ်တွေပြင်းပြလာတဲ့အခါ

မင်းမျက်နှာလှလှကလေး

တိုးတိတ်ယုယ

ကြည့်နေချင်တယ်...

ဘ၀ဟာ..

မှော်ဆရာဟောထားတဲ့

ကျမ်းစာမဟုတ်တော့

ဘယ်လမ်းမှာ

ဘယ်ပန်းတွေ

ဘယ်လိုမွှေးမယ်

ကို မသိနိုင်ခဲ့ဘူး

ဒါပေမယ့်

ကိုယ်အစွမ်းရှိသရွေ့ 

အလှဆုံး....နေ့  

အမွှေးဆုံး...ည

အနေ့နေ့...အညည

မင်းဘ၀အတွက်

အကောင်းဆုံးတွေပဲ

ဖန်တီးပေးချင်တယ်

အချစ်ရယ်.......။

လင်းဝေ(မုံရွာနည်းပညာ)