Friday, October 1, 2010

မေ့ထား

ရထားနောက်ကျတဲ့
ခရီးသည်တစ်ယောက်ရဲ့
အဖြစ်လိုပဲ
ဟိုအဝေးကြီးကနေ
မျှော်လင့်တကြီးပြေးလာခဲ့ပြီးမှ
နောက်ဆုတ်လှည့်ပြန်ခဲ့ရတဲ့
နေ့ရက်တွေက
ငါ့ကိုထိုးဆွနှိတ်စက်
နာရီလက်တံတွေကို
မေ့ပစ်ထားလိုက်တယ်
အချိန်တွေနဲ့
ဘောင်ခတ်ထားတဲ့လောက
သံယောဇဉ်တွေနဲ့
နှောင်ဖွဲ့ထားတဲ့ ဘဝ
အားလုံးကို ဖိနပ်လိုစီးရင်း
ခံစားချက်တွေက ပြင်းပြင်း
လောကဓံကိုပဲနင်းပြီးလျောက်ရရဲ့
တခါတခါ
အဆင်တန်ဆာမဲ့နေတဲ့
မြင်းရိုင်းတစ်ကောင်လိုပဲ
ခြေဦးတည့်ရာပြေးပြီး
တလောကလုံးကို
မေ့ထားချင်ရဲ့
ဘ၀ကိုစိတ်ပျက်တာလား
လောကကို ငြီးငွေ့တာလား
ဦးတည်ရာမဲ့ အတွေးတွေ
မီးခိုးလိုအူပစ်ရင်း
စာရိတ္တတွေ မီးဖိုထဲပစ်ချနေတဲ့
လူတချို့ရဲ့
ဆွ့အ ညိုမှိုင်းနေတဲ့ ယဉ်ကျေးမှုတွေအကြောင်း
ဂုဏ်ပကာသနရှိမှ ပြုံးပြတတ်တဲ့
ပုဂ္ဂိုလ်တချို့ရဲ့
ခါးသက်နံဟောင်နေတဲ့ ဆက်ဆံမှုတွေအကြောင်း
......
အားလုံးကို မီးခိုးလို အူပစ်ရင်း
တခါတခါ
အဆင်တန်ဆာမဲ့ မြင်းရိုင်းတစ်ကောင်လို
ခြေဦးတည့်ရာပြေးပြီး
တလောကလုံးကိုမေ့ထားချင်တယ်

သားထက် (မုံရွာနည်းပညာတက္ကသိုလ်)

No comments:

Post a Comment