Friday, October 1, 2010

ချစ်၍ချစ်ခဲ့သည်


မှုန်လဲ့ဝေသင်း
ရွှန်းလင်းသွယ်လျ
ယမင်းသူဇာ
အို....
ချစ်သက်လျာ...
တနွေလုံးဖွဲ့ခဲ့ရတဲ့ကဗျာတွေ
မိုးတညမှာတောင်
သဲ့သဲ့ကလေးမျှ
ရွာသွန်းခွင့်မရခဲ့ဘူးတဲ့လေ....







ဆောင်းညပေါင်းများစွာ
အနွေးဓာတ်မဲ့ခဲ့တဲ့နှလုံးသားနဲ့
နှင်းစက်တို့ကြား
အချစ်ကိုမျှားနေမိဆဲပါ....
ပေးဆပ်လိုက်တိုင်းပြန်မရနိုင်ခဲ့တဲ့
အရာတွေထဲမှာ...
အချစ် လည်း ပါတယ်ဆိုတာ
ကျနော့်နှလုံးသားတွေက
လက်ခံဖို့ ကြောက်ရွံ့နေခဲ့တယ်....
မျှော်လင့်ချက်တွေ မရေရာသလောက်
တနေ့ပြီးတနေ့ ဝေးဖို့ရက်တွေ
တိကျသေချာနေလိုက်ကြတာများ
အထီးကျန် ကျနော့်နှလုံးသားမှာ
ဘယ်ကျီးမှလာမသာခဲ့ဘူး....
သူမ ဆွဲမဖြဲရပါဘဲ
စုတ်ပြတ်လွင့်ကြဲသွားတဲ့
ကျနော့်ရင်ထဲက စကားလုံးတွေက
ပူလောင်းပြင်းရှတဲ့
နွေပေါင်းများစွာရဲ့ အစတဲ့လား...
`ချစ်တယ်´လို့ မပြောရဲဘဲ
တစ်ဖက်သတ်အသည်းကွဲနေတဲ့
လူတစ်ယောက်လေ.....
ကမ္ဘာမှာ တစ်ယောက်ထဲ
ကျနော်ဟာ
ချစ်သူကို ချစ်လွန်းလို့
`ချစ်တယ်´လို့ ပြောမထွက်ခဲ့ဘူးဆိုရင်
ဘာပြောကြမလဲ..
ပြောချင်ရာတွေပြောကြပါစေလေ
ကျနော်တစ်ခွန်းထဲပဲဖြေပါမည်
ချစ်သူကို...
ကျနော်.....
ချစ်၍ချစ်ခဲ့ပါသည်........။

သားထက် (မုံရွာနည်းပညာတက္ကသိုလ်)

No comments:

Post a Comment