Saturday, October 2, 2010

ထာဝရ

ဘ၀ဆိုတဲ့
ခရောင်းလမ်းထဲက
မဖတ်ရဲခဲ့လို့
မဖတ်ဘဲထားခဲ့ရတဲ့
စာမျက်နှာတွေက
အိပ်မက်အသေတွေနဲ့အတူ
ဖရိုဖရဲ လွင့်ကြဲလို့
ဘ၀ရဲ့ပူလောင်လှတဲ့
်ညနက်နက်တွေထဲ
ခတ်ယို့ယို့လေး
ရှင်သန်ဖြစ်တည်နေတဲ့
နှလုံးသားကို
ရိုးသားစွာသိမ်းဆည်းထားရင်း
မစို့မပို့
မိုးရေတစက်တလေကိုပဲ
ငါတမ်းတမိပါရဲ့
ချစ်သူ.....
ငါကိုက
အချစ်နဲ့ပတ်သက်လာရင်
တတ်သိနားလည်မှုတွေ
နည်းပါးတတ်လွန်းတယ့်
သုညနဲ့စခဲ့ရတဲ့ ဘ၀က
မင်းအတွက်
မလုံလောက်ဘူးဆိုတာလည်းသိရဲ့
ဒါပေမယ့်
အဲဒီမထုံတတ်တေး နှလုံးသားဟာလေ
စုံလုံးကန်းမျက်လုံးတွေလို
အချစ်နဲ့ပတ်သက်လာရင်
ဘာကိုမှ မမြင်ပါဘူးတဲ့
တကယ်ပါ
မင်းနှုတ်ဖျားက
ထွက်ကျလာမယ့်
တခွန်းထဲသော
စကားတလုံးကိုပဲ
ငါရင်ခုန်တယ်
ချစ်သူရယ်
ကြာခဲ့ပြီဆိုပေမယ့်
ငါကလေ
မင်းနဲ့ပတ်ရင်
သစ်ရွက်ကလေးလှုပ်ခတ်လိုက်တာကအစ
ခုထိရင်ခုန်တတ်နေတုန်းပါ.....


သားထက် (မုံရွာနည်းပညာတက္ကသိုလ်)

No comments:

Post a Comment