Saturday, October 2, 2010

မြို့ကလေးရဲ့ည

မီးပွိုင့်တွေ
နီလိုက်...
ဝါလိုက်...
စိမ်းလိုက်...
အမျိုးစုံ...
အသွေးစုံ...
ဒီဇိုင်းစုံ...
ကားတွေ...
ဆိုင်ကယ်တွေ...
ယာဉ်တွေ...
လမ်းမကြီးပေါ်
တိုးဝှေ့သွားနေကြရဲ့
ညဟာ
မြို့ကလေးပေါ်
လှပစွာ စီးဆင်းတယ်....။
လူတွေ..
ငိုလိုက်...
မဲ့လိုက်...
ရယ်လိုက်...
လူမျိုးစုံ...
ဘာသာစုံ...
စတိုင်စုံ...
ယောက်ျားတွေ...
မိန်းမတွေ...
ကလေးတွေ...
ကမ္ဘာကြီးပေါ်
တိုးဝှေ့သွားနေကြရဲ့
ညဟာ
မြို့ကလေးပေါ်
လှပစွာ စီးဆင်းတယ်....။
ကြယ်တွေ..
မှိန်လိုက်...
လက်လိုက်...
ကြွေလိုက်...
အရွယ်စုံ...
အရောင်စုံ...
ပုံသဏ္ဌာန်စုံ...
ခုနှစ်စဉ်ကြယ်...
ဖြောက်ဆိတ်ကြယ်...
ဓူဝံကြယ်...
ကောင်းကင်ပေါ်
တိုးဝှေ့ပျံသန်းနေကြရဲ့
ညဟာ
မြို့ကလေးပေါ်
လှပစွာ စီးဆင်းတယ်....။

ဘ၀တွေ...
ဆင်းရဲလိုက်...
ရုံးကန်လိုက်...
ချမ်းသာလိုက်...
စရိုက်စုံ...
အလုပ်စုံ...
ပညာအစုံ...
လောကကြီးထဲ
တိုးဝှေ့တိုက်စားနေကြရဲ့
ညဟာ
မြို့ကလေးပေါ်
လှပစွာ စီးဆင်းတယ်....။

ညဟာ
မြို့ကလေးပေါ်
လှပစွာ စီးဆင်းတယ်....။
ညဟာ
မြို့ကလေးပေါ်
လှပစွာ စီးဆင်းနေတယ်....။


သားထက်(မုံရွာနည်းပညာတက္ကသိုလ်)

No comments:

Post a Comment