Monday, November 28, 2016

«အောင်မြင်ဖို့ဆိုရင်»


အဖွဲ့အစည်းတစ်ခုရဲ့
အောင်မြင်မှုဟာ

ကိုယ်ချင်းစာတရားပြည့်ဝပြီး
အမြော်အမြင်ကြီးသော ခေါင်းဆောင်မှုနှင့်

စည်းလုံးတက်ကြွသော
ခေါင်းဆောင်၊ နောက်လိုက်တို့ရဲ့

အပြန်အလှန် နားလည်မှု
အပြန်အလှန် လေးစားမှု
အပြန်အလှန် တန်ဖိုးထားမှု
တက်ညီလက်ညီ ကြိုးစားမှုပါပဲ

ရိုးသားကြိုးစားလို့
ဒီထက်မက အောင်မြင်ကြပါစေဗျာ
 😊😊😊👍👍👍💪💪💪

...ဘဝကျောင်း...



လေ့လာပါ
ပညာရှာ ပမာသူဖုန်းစားတဲ့...

နှိမ့်ချစိတ်နဲ့လေ့လာပါ...

ငါသိ ငါတတ်ဆိုတဲ့ လူဟာ
ဒီ့ထက် ပိုမတော်နိုင်တော့ပါဘူး...

ကျနော်တို့ အချိန်တိုင်း
ကြိုးစား သင်ယူနေကြရပါမယ်...

ဘယ်သူ့ကိုမှ အထင်မသေးပါနဲ့...

လူတိုင်းမှာ
အားသာချက် ကိုယ်စီရှိပါတယ်...

လေးစားမှုနဲ့ ဆက်ဆံကြပါ...

ဆရာတင်သင့်သူကို ဆရာတင်ပါ...

ဖတ်သင့်တဲ့စာအုပ်တွေကို ဖတ်ကြပါ...

လေ့လာကြပါ...

တယောက်ကိုတယောက်
အသိပညာ အတတ်ပညာတွေ
ဝေငှကြပါ...

လင်းဝေ

"အသိ၊ သတိ"


ကျနော်တို့ စိုက်ပျိုးခဲ့တဲ့ အသီးကိုပဲ ကျနော်တို့ စားသုံးရမှာပါပဲ
ကျနော်တို့ပြုခဲ့ အတိတ်ရဲ့ ကောင်းကံဆိုးကံတွေဟာ ကျနော်တို့နောက်မှာ ကျနော်တို့နဲ့အတူ အရိပ်ပမာ အမြဲလိုက်ပါလာမယ်ဆိုတာကတော့ လောကရဲ့ အမှန်တရားပါပဲ

 ဒါပေမယ့် "ဗောဓိပင်ချိုး ရွှေအိုးရ ဗောဓိပင်ပျိုး ပေါင်ကျိုးရ" ဆိုတဲ့ တရားတော်လေးကိုလည်း ဆင်ခြင်သင့်ပါတယ်

ဒီဘဝမှာ မကောင်းမှုပြုလျှင် အတိတ်ဘဝက ကောင်းတဲ့ကံတွေ မှေးမှိန်စေပြီး ဒီဘဝမှာ ကောင်းမှုပြုလျှင် အတိတ်ဘဝက မကောင်းတဲ့ကံတွေကို တားဆီးပေးနိုင်ပါတယ်

ကုသိုလ်ကောင်းမှု ဘုရားတရားကိုတော့ အချိန်ရတိုင်းပြုကြပါလို့

အားလုံး ဘေးရန်ကင်းကြပါစေဗျာ

လင်းဝေ

ဘဝရဲ့ ကဗျာ


အသက်တွေ
ပိုကြီးလာလေတိုင်း...
လူတွေအကြောင်း
ပိုပြီး သိသိလာတယ်..

ရေးစရာ စကားလုံးတွေကလည်း
ပိုပိုပြီး သိပ်သည်းလာတယ်...

ဒါတွေဟာလည်း
ဘဝရဲ့ ကဗျာတစ်ပုဒ်ပဲ
ဖြစ်မယ်ထင်ရဲ့...။

လင်းဝေ

ခေါင်းဆောင်မှု



ကိုယ်ချင်းစာတရားဟာ
အကောင်းဆုံး ခေါင်းဆောင်မှုပဲ

လင်းဝေ

စေတနာဆိုတာ



တကယ့် စေတနာစစ်စစ်ဆိုတာ
စကားလုံးလှလှတွေနဲ့
ပြောပြနေရုံသက်သက်မဟုတ်ဘူး...

မွန်မြတ်တဲ့ ခံစားချက်နဲ့
နှလုံးသားကနေ
ရင်ဘတ်ကို ထွင်းဖောက်လာတဲ့
ကိုယ်ချင်းစာတရားပဲ ဖြစ်တယ်...။

လင်းဝေ