Showing posts with label ကဗ်ာ. Show all posts
Showing posts with label ကဗ်ာ. Show all posts

Saturday, July 25, 2020

ယုံကြည်ရာကိုမစွန့်လွတ်လိုက်ပါနဲ့

#ယုံကြည်ရာကိုမစွန့်လွတ်လိုက်ပါနဲ့

ဘုရားတောင် ချွတ်လို့မရတဲ့
လူမိုက်တွေ
ဇာတ်တော်မှာ ရှိခဲ့ဖူးတယ်
တရားမရှိသူတွေကို
ဘုရားတောင်မှ
တရားပြလို့မရခဲ့ဘူးအမေ...

မတရားတဲ့ လူတွေမှာ
တရားမှ မရှိကြဘဲ အမေရယ်
တခါတလေ
ဦးနှောက်ပါမလာတဲ့ အရူးလိုလူတွေကို
စကားလုံးလှလှတွေနဲ့ တရားပြရတာ
မောလိုက်တာ အမေရယ်...

ဒေါသထွက်ရတာ လွယ်သလောက်
သည်းခံခြင်းတရားက ပိုခက်ခဲတယ်...

သည်းခံခြင်းဆိုတဲ့ သတ္တိတရားဟာ
သူတော်ကောင်းတွေရဲ့
အာဇာနည်နှလုံးသားမှာပဲ
ထွန်းကားတယ် အမေ...

ဒါကြောင့်
နှစ်ပေါင်း ၂၀ ကျော်
အာဏာရှင်တွေကို
သည်းခံခြင်းတရားနဲ့ တော်လှန်ရဲခဲ့တဲ့
မိန်းမသားတစ်ယောက်ရဲ့ ဇွဲနဲ့သတ္တိကို
မချီးကျူးဘဲ မလေးစားဘဲ
မနေနိုင်ခဲ့ဘူး အမေ...
(လူတိုင်း/ယောကျ်ားရင့်မာကြီးတွေတောင် လုပ်နိုင်ဖို့ ခက်ခဲတာကို လုပ်ပြခဲ့တာပါ)

ဒီလို
အနှစ် ၂၀ ကျော်
သည်းခံခြင်းတရားနဲ့
တိုက်ပွဲဝင်ခဲ့လို့
ဒီနေ့
ကျနော်တို့
ဒီလို ရေးခွင့်
ဒီလို ပြောခွင့်
ဒီလို လုပ်ခွင့်တွေ
ရနေကြတာပါ အမေ
ဒါကြောင့်
ဒီလို အခွင့်အရေးတွေ
ပြန်မဆုံးရှုံးချင်ဘူး အမေ...

တချိန်တုန်းကတော့
နိုင်ငံရေးဆိုတဲ့ စကားဟာ
ကျိန်စာသင့်နေတဲ့ စကား
အဆိပ်သင့်နေတဲ့ စကား
မပြောကောင်းတဲ့ စကား
မပြောရဲခဲ့တဲ့ စကား အဖြစ်
လူသားအခွင့်အရေးတွေကို ချိုးဖောက်
အာဏာရှင် ဖိနပ်အောက်မှာ
အမှန်တရားတွေနှင့်အတူ
အနှစ် ၅၀ ကျော်
ဂူသွင်း သင်္ဂြိုဟ်ခံခဲ့ရဘူးတယ်

ငါ့ဘို့..
ငါ ကောင်းစားဘို့...
ငါ့သားသမီး ကောင်းစားဘို့...
ငါ့အမျိုးတွေ ကောင်းစားဘို့...

တဘို့တည်း စဥ်းစားတတ်ကြတဲ့
ကိုယ်ကျိုးရှာ ယောကျ်ားရင့်မာကြီးတွေက
တိုင်းပြည် အနာဂတ်အတွက်
ဘယ်လောက်ထိ
အနစ်နာခံခဲ့ကြဖူးပါသလဲ...

တိုင်းပြည်ကို ကာကွယ်ဖို့
အသက်စွန့်ခဲ့ကြတာလား
ဆွေစဥ်မျိုးဆက် ချမ်းသာချင်လို့
အသက်စွန့်ခဲ့ကြတာလား
အခွင့်အရေးသမားတွေလား
သူရဲကောင်းတွေလားဆိုတာ
သဲသဲကွဲကွဲပါပဲ အမေရယ်...

ဒါပေမယ့် အမေရယ်
ဒေါသနဲ့တူတဲ့ အပြစ်သည်မရှိ တဲ့...
ဘုရားစကား နားမှာထားလို့
သည်းခံခြင်းတရားတွေ
လက်ကိုင်ထားလို့...

ကိုယ့်မျိုးဆက်သစ်တွေ အတွက်
ကိုယ့်သားသမီးမြေးမြစ်တွေ အတွက်
ဘီလူးခေတ်ကို ပြာချပစ်လို့
သူတို့လေးတွေရဲ့ အနာဂတ်အသစ်မှာ
ဒေါင်းအလံကို လွှင့်ထူ
ဒီမိုကရေစီ စစ်စစ်နဲ့
ကျနော်တို့ချစ်တဲ့ အမိမြန်မာနိုင်ငံတော်ဟာ
ဟိုး ကမ္ဘာ့စင်မြင့်ထက်မှာ
ပညာတတ်တွေ ခေါင်းဆောင်တဲ့
ခေတ်ကောင်းတစ်ခေတ် ထွန်းကားဖို့
သိပ်အရေးကြီးတယ် အမေ...

ကိုယ့်ယုံကြည်ရာ
ကိုယ့်အမှန်တရားအတွက်
ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို
ကိုယ်ကိုယ်တိုင် ကယ်တယ်နိုင်ဖို့...

မင်းလည်း ပြည်သူ
ငါလည်း ပြည်သူ
ရွေးချယ်မှုတွေ
မှန်ကန်ဖို့ လိုတယ်
အမှန်တရားအတွက်
သစ္စာတရားတွေနဲ့
သွေးစည်းညီညွတ်
NLD နဲ့အတူ
ငါတို့ သတ္တိရှိရှိ ရှေ့ဆက်ကြမှ
ငါတို့သမိုင်း လှကြလိမ့်မယ်
ညီကိုသူငယ်ချင်းတို့...

လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)

Thursday, June 11, 2020

နေတတ်ရင်လှတယ်

#နေတတ်ရင်လှတယ်

လောကဓံတွေကို
လွယ်အိတ်တစ်အိတ်လို
လွယ်ပိုးဖြတ်သန်းရင်း
ဘဝသံသရာတောအလယ်
ငါမဟုတ်တဲ့ ငါဟာ
ရင်နာလာတာလား
ရင့်ကျက်လာတာလား

မယေရာတဲ့
အိပ်မက်တွေကို
မတည်မြဲမှန်းသိလျှက်
အသိခေါက်ခက် အဝင်နက်စွာ
ငါမဟုတ်တဲ့ ငါဟာ
စိတ်လိုလက်ရ စိုက်ပျိုးလို့ကောင်းဆဲ

ဒီလိုနဲ့
သုညတ်တ ဘဝမှာ
ဒဏ်ရာအနာတရတွေကို
စီးကရက်တစ်လိပ်လို
တမက်တမောရှူရှိုက်ရင်း
စကားလုံးတွေ
ပိုပိုသိပ်သည်းလာသလို
ကာရံတွေ ပိုလှလာတယ်
နိမိတ်ပုံတွေသုံးတွေသုံးရတာကလည်း
ပိုပိုပြီး ထိမိလာသလိုပဲ

ဒီလိုပါပဲ
ဘဝဆိုတာ
ဒုက္ခတွေနဲ့ ဖာထေးထားတဲ့
ဆောင်းတွင်း အနွေးထည်လေးမို့
ကံပေးသလောက်ကြည်ဖြူ
တို့ရဲ့ ဖြစ်တည်မှုတွေကို
ရောင့်ရဲခြင်းအတတ်နဲ့
တန်ဖိုးထားရင်း လှကြတာပေါ့
ဘဝဆိုတာ
နေတတ်ရင် လှနေတာပါပဲ
ညီလေးရေ

လင်းဝေ

Tuesday, May 12, 2020

လောကဇာတ်ခုံ



တခဏတာ
အသုံးတော်ခံနေကြတဲ့
ဟောဒီ
လောကဇာတ်ခုံပေါ်

တချို့တွေက
လမ်းချင်းမတူလို့
လူချင်းကွဲပြီး
တချို့တွေက
လမ်းချင်းတူလို့
လူချင်းတွေ့ကြ

အတုယောင်တွေ များလွန်းလှတဲ့
လူ့လောကမှာ
အစစ်မှန်တွေတွေ့ရှိလို့
ဆန္ဒတွေ အမြန်ပြည့်ဝကြပါစေ

လောကရဲ့သဘာဝမို့
အရောင်တွေက အမျိုးမျိုး
ဘယ်သူတွေ ဘယ်လိုအရောင်ရှိနေပါစေ
ကိုယ့်ရဲ့ဖြူစင်မှုကလေးကို
အပျက်ခံဖို့မလိုပါဘူး
မိုးခါးရေဆိုတာ
ချိုမြိန်မှုအစစ်အမှန်မှ
မဟုတ်ဘဲလေ

လူတွေက
ကိုယ့်သမိုင်းကိုယ် ရေးနေကြတာပါ

တချို့တွေက
အင်အားကြီးမှ မှန်တယ်ထင်
တချို့တွေက
ဂုဏ်ရှိမှ လူရာဝင်တယ်ထင်ကြ

ဘာပဲဖြစ်ဖြစ်ပေါ့လေ
ဘဝဆိုတဲ့ ခဏငယ်လေးမှာ
ကျနော်တို့ဟာ
ကိုယ့်ဘဝကိုယ်
ရိုးသား ကြိုးစား စေတနာထားပြီး
အောင်မြင်အောင်ကြိုးရမှာပေါ့လေ

လင်းဝေ

Wednesday, April 22, 2020

ကပ်ရောဂါ



ကပ်ရောဂါဆိုတာ
တံဆိပ်မပါဘူး
ဒါပေမယ့်
လိပ်စာမေးပြီး
ရောက်လာတတ်တဲ့
Brand New
ရောဂါ တစ်မျိုး
အဲဒီ လိပ်စာက
မင်းလည်း ဖြစ်နိုင်တယ်
ငါလည်း ဖြစ်နိုင်တယ်တဲ့

ကပ်ရောဂါဟာ
ပျိုးမကျဲရပါပဲ
ကမ္ဘာကြီးရဲ့
ရင်ဘတ်အနှံ့မှာ
ပွင့်ဝေဖူးသစ်
အဆိပ်ရူးရနံ့တွေနဲ့
ဒီကမ္ဘာကြီးကို
လွှမ်းခြုံပစ်ခဲ့ပေါ့

ဒီကပ်ရောဂါက
မင်းဆီမှာလား
ငါ့ဆီ့မှာလား
သူ့ဆီမှာလား
တခြားလူတွေဆီမှာလား
မသိနိုင်ဘူး
အငတ်ဘေးနဲ့ အသက်ဘေးကြား
သံသယတရားရယ်
အကြောက်တရားရယ်
ခြောက်ခြားစရာညတွေ
ညစဥ်ရက်ဆက်
အသက်တွေ ဖက်နဲ့ထုပ်ထားသလို
တစ်ဦးနှင့်တစ်ဦး
ယုံကြည်မှုတွေကင်းမဲ့
မွန်းကြပ်ဖွယ်
ကောင်းလွန်းတဲ့ရောဂါကြီး

တစ်ဦးနှင့်တစ်ဦး
နီးနီးနေလို့မဖြစ်ဘူး
တစ်ဦးနှင့်တစ်ဦး
လက်ဆွဲနှုတ်ဆက်လို့မရဘူး
တစ်ဦးနှင့်တစ်ဦး
လက္ဖက်ရည်ဆိုင်ထိုင်လို့မရဘူး
တစ်ဦးနှင့်တစ်ဦး
ဘီယာအတူတူသောက်လို့မရဘူး
တစ်ဦးနှင့်တစ်ဦး
စကားတွေဖောင်ဖွဲ့လို့ရဘူး
အိမ်ထဲကအိမ်ပြင်မထွက်ဖို့
မိသားစုအချင်းချင်းစစ်ခင်းပြီး
ချောင်းဆိုးသံကို
ဗုံးသံထက်ကြောက်နေရ
ရိုးရိုးချောင်းဆိုးနှာချာချင်တောင်
အောင့်ထားရတဲ့ဘဝ
တစ်အိမ်နှင့်တစ်အိမ်
လာလည်ဖို့တောင်မလွယ်တဲ့
ကြောက်မက်ဖွယ်ရောဂါကြီး

ပန်းပွင့်တွေ
ဝတ်မှုန်ကူးကြသလိုမျိုး
ကမ္ဘာအနှံ့က
လူသားတွေဆီ
ခါးသက်တဲ့
ကြေကွဲမှုတွေကို ဖြန့်ဝေ
သေခြင်းတရားတွေ
ကမ္ဘာမြေပေါ်
ပြန့်ကျဲနေတာ
မြင်လို့တောင်
မကောင်းဘူးကွယ်

ကပ်ရောဂါဟာ
သိပပွံပညါကို အံတု
နည်းပညါကို အံတု
ကြွယ်ဝမှုကို အံတု
အကြောက်တရားတစ်ခုကို
ငါတို့ဝိညာဥ်တွေဆီကြဲဖြန့်
ကမ္ဘာကြီးရဲ့
နေရာအနှံ့ကို ဖျက်စီး
ဒီကပ်ဆိုးကြီးမှာ
သွေးမျက်ရည်တွေ
ချောင်းစီးစေခဲ့ပေါ့

အချစ်ရယ်
ကံပစ်ချရာ
လောကဓံထဲ
ကြောက်နေလို့အပိုပဲမို့
ကြံဖန်ပျော်ရွှင်ရင်း
မျက်နှာဖုံးတွေကိုယ်စီတပ်
ခတ်ပြုံးပြုံးပဲ
ရှင်သန်ကြတာပေါ့
ဒီကပ်ဆိုးကြီးအလည်
မင်းရယ်ကိုယ်ရယ်
သတိတရားနဲ့
ကာကွယ်ရုံကာလွဲပြီး
ဘာများတတ်နိုင်ဦးမှာလည်းကွယ်

အဲဒီတော့
တို့တွေ
သတိတရားကလေးတစ်ခု
လက်ကိုင်ထားလို့
မျက်နှာဖုံးတွေတပ်ပါ
လက်မှန်မှန်ဆေးပါ
အိပ်ရေးဝဝအိပ်ပါ
အားရှိတာတင်တွေစားပါ
လူစုလူဝေးရှောင်ပါ
အိမ်ထဲမှာနေပါ
မိသားစုကို ဂရုစိုကပြါ
ကျန်းမာရေးညွှန်ကြားချက်တွေ
လိုက်နာရင်း
နာဖျားနေတဲ့ကမ္ဘာကြီးကို
ကပ်ဘေးကအမြန်ကင်းဝေးဖို့
မေတ္တာတေးတွေနဲ့ပဲ
ဆုတောင်းပေးကြရအောင်ကွယ်

မနက်ဖြန်တိုင်းမှာ
နတ်ဆိုးတွေရဲ့ဘေးရန်က
ကင်းဝေးပါစေ
ဒီဘဒ္ဒဆိုတဲ့
အနတ္တကမ္ဘာမှာ
ကံကောင်းပျော်ရွှင်ခြင်းတွေသာ
ပွင့်ဝေကြပါစေလို့

လင်းဝေ

ကပ်ရောဂါ



ကပ်ရောဂါဆိုတာ
တံဆိပ်မပါဘူး
ဒါပေမယ့်
လိပ်စာမေးပြီး
ရောက်လာတတ်တဲ့
Brand New
ရောဂါ တစ်မျိုး
အဲဒီ လိပ်စာက
မင်းလည်း ဖြစ်နိုင်တယ်
ငါလည်း ဖြစ်နိုင်တယ်တဲ့

ကပ်ရောဂါဟာ
ပျိုးမကျဲရပါပဲ
ကမ္ဘာကြီးရဲ့
ရင်ဘတ်အနှံ့မှာ
ပွင့်ဝေဖူးသစ်
အဆိပ်ရူးရနံ့တွေနဲ့
ဒီကမ္ဘာကြီးကို
လွှမ်းခြုံပစ်ခဲ့ပေါ့

ဒီကပ်ရောဂါက
မင်းဆီမှာလား
ငါ့ဆီ့မှာလား
သူ့ဆီမှာလား
တခြားလူတွေဆီမှာလား
မသိနိုင်ဘူး
အငတ်ဘေးနဲ့ အသက်ဘေးကြား
သံသယတရားရယ်
အကြောက်တရားရယ်
ခြောက်ခြားစရာညတွေ
ညစဥ်ရက်ဆက်
အသက်တွေ ဖက်နဲ့ထုပ်ထားသလို
တစ်ဦးနှင့်တစ်ဦး
ယုံကြည်မှုတွေကင်းမဲ့
မွန်းကြပ်ဖွယ်
ကောင်းလွန်းတဲ့ရောဂါကြီး

တစ်ဦးနှင့်တစ်ဦး
နီးနီးနေလို့မဖြစ်ဘူး
တစ်ဦးနှင့်တစ်ဦး
လက်ဆွဲနှုတ်ဆက်လို့မရဘူး
တစ်ဦးနှင့်တစ်ဦး
လက္ဖက်ရည်ဆိုင်ထိုင်လို့မရဘူး
တစ်ဦးနှင့်တစ်ဦး
ဘီယာအတူတူသောက်လို့မရဘူး
တစ်ဦးနှင့်တစ်ဦး
စကားတွေဖောင်ဖွဲ့လို့ရဘူး
အိမ်ထဲကအိမ်ပြင်မထွက်ဖို့
မိသားစုအချင်းချင်းစစ်ခင်းပြီး
ချောင်းဆိုးသံကို
ဗုံးသံထက်ကြောက်နေရ
ရိုးရိုးချောင်းဆိုးနှာချာချင်တောင်
အောင့်ထားရတဲ့ဘဝ
တစ်အိမ်နှင့်တစ်အိမ်
လာလည်ဖို့တောင်မလွယ်တဲ့
ကြောက်မက်ဖွယ်ရောဂါကြီး

ပန်းပွင့်တွေ
ဝတ်မှုန်ကူးကြသလိုမျိုး
ကမ္ဘာအနှံ့က
လူသားတွေဆီ
ခါးသက်တဲ့
ကြေကွဲမှုတွေကို ဖြန့်ဝေ
သေခြင်းတရားတွေ
ကမ္ဘာမြေပေါ်
ပြန့်ကျဲနေတာ
မြင်လို့တောင်
မကောင်းဘူးကွယ်

ကပ်ရောဂါဟာ
သိပပွံပညါကို အံတု
နည်းပညါကို အံတု
ကြွယ်ဝမှုကို အံတု
အကြောက်တရားတစ်ခုကို
ငါတို့ဝိညာဥ်တွေဆီကြဲဖြန့်
ကမ္ဘာကြီးရဲ့
နေရာအနှံ့ကို ဖျက်စီး
ဒီကပ်ဆိုးကြီးမှာ
သွေးမျက်ရည်တွေ
ချောင်းစီးစေခဲ့ပေါ့

အချစ်ရယ်
ကံပစ်ချရာ
လောကဓံထဲ
ကြောက်နေလို့အပိုပဲမို့
ကြံဖန်ပျော်ရွှင်ရင်း
မျက်နှာဖုံးတွေကိုယ်စီတပ်
ခတ်ပြုံးပြုံးပဲ
ရှင်သန်ကြတာပေါ့
ဒီကပ်ဆိုးကြီးအလည်
မင်းရယ်ကိုယ်ရယ်
သတိတရားနဲ့
ကာကွယ်ရုံကာလွဲပြီး
ဘာများတတ်နိုင်ဦးမှာလည်းကွယ်

အဲဒီတော့
တို့တွေ
သတိတရားကလေးတစ်ခု
လက်ကိုင်ထားလို့
မျက်နှာဖုံးတွေတပ်ပါ
လက်မှန်မှန်ဆေးပါ
အိပ်ရေးဝဝအိပ်ပါ
အားရှိတာတင်တွေစားပါ
လူစုလူဝေးရှောင်ပါ
အိမ်ထဲမှာနေပါ
မိသားစုကို ဂရုစိုကပြါ
ကျန်းမာရေးညွှန်ကြားချက်တွေ
လိုက်နာရင်း
နာဖျားနေတဲ့ကမ္ဘာကြီးကို
ကပ်ဘေးကအမြန်ကင်းဝေးဖို့
မေတ္တာတေးတွေနဲ့ပဲ
ဆုတောင်းပေးကြရအောင်ကွယ်

မနက်ဖြန်တိုင်းမှာ
နတ်ဆိုးတွေရဲ့ဘေးရန်က
ကင်းဝေးပါစေ
ဒီဘဒ္ဒဆိုတဲ့
အနတ္တကမ္ဘာမှာ
ကံကောင်းပျော်ရွှင်ခြင်းတွေသာ
ပွင့်ဝေကြပါစေလို့

လင်းဝေ

ကပ်ရောဂါ



ကပ်ရောဂါဆိုတာ
တံဆိပ်မပါဘူး
ဒါပေမယ့်
လိပ်စာမေးပြီး
ရောက်လာတတ်တဲ့
Brand New
ရောဂါ တစ်မျိုး
အဲဒီ လိပ်စာက
မင်းလည်း ဖြစ်နိုင်တယ်
ငါလည်း ဖြစ်နိုင်တယ်တဲ့

ကပ်ရောဂါဟာ
ပျိုးမကျဲရပါပဲ
ကမ္ဘာကြီးရဲ့
ရင်ဘတ်အနှံ့မှာ
ပွင့်ဝေဖူးသစ်
အဆိပ်ရူးရနံ့တွေနဲ့
ဒီကမ္ဘာကြီးကို
လွှမ်းခြုံပစ်ခဲ့ပေါ့

ဒီကပ်ရောဂါက
မင်းဆီမှာလား
ငါ့ဆီ့မှာလား
သူ့ဆီမှာလား
တခြားလူတွေဆီမှာလား
မသိနိုင်ဘူး
အငတ်ဘေးနဲ့ အသက်ဘေးကြား
သံသယတရားရယ်
အကြောက်တရားရယ်
ခြောက်ခြားစရာညတွေ
ညစဥ်ရက်ဆက်
အသက်တွေ ဖက်နဲ့ထုပ်ထားသလို
တစ်ဦးနှင့်တစ်ဦး
ယုံကြည်မှုတွေကင်းမဲ့
မွန်းကြပ်ဖွယ်
ကောင်းလွန်းတဲ့ရောဂါကြီး

တစ်ဦးနှင့်တစ်ဦး
နီးနီးနေလို့မဖြစ်ဘူး
တစ်ဦးနှင့်တစ်ဦး
လက်ဆွဲနှုတ်ဆက်လို့မရဘူး
တစ်ဦးနှင့်တစ်ဦး
လက္ဖက်ရည်ဆိုင်ထိုင်လို့မရဘူး
တစ်ဦးနှင့်တစ်ဦး
ဘီယာအတူတူသောက်လို့မရဘူး
တစ်ဦးနှင့်တစ်ဦး
စကားတွေဖောင်ဖွဲ့လို့ရဘူး
အိမ်ထဲကအိမ်ပြင်မထွက်ဖို့
မိသားစုအချင်းချင်းစစ်ခင်းပြီး
ချောင်းဆိုးသံကို
ဗုံးသံထက်ကြောက်နေရ
ရိုးရိုးချောင်းဆိုးနှာချာချင်တောင်
အောင့်ထားရတဲ့ဘဝ
တစ်အိမ်နှင့်တစ်အိမ်
လာလည်ဖို့တောင်မလွယ်တဲ့
ကြောက်မက်ဖွယ်ရောဂါကြီး

ပန်းပွင့်တွေ
ဝတ်မှုန်ကူးကြသလိုမျိုး
ကမ္ဘာအနှံ့က
လူသားတွေဆီ
ခါးသက်တဲ့
ကြေကွဲမှုတွေကို ဖြန့်ဝေ
သေခြင်းတရားတွေ
ကမ္ဘာမြေပေါ်
ပြန့်ကျဲနေတာ
မြင်လို့တောင်
မကောင်းဘူးကွယ်

ကပ်ရောဂါဟာ
သိပပွံပညါကို အံတု
နည်းပညါကို အံတု
ကြွယ်ဝမှုကို အံတု
အကြောက်တရားတစ်ခုကို
ငါတို့ဝိညာဥ်တွေဆီကြဲဖြန့်
ကမ္ဘာကြီးရဲ့
နေရာအနှံ့ကို ဖျက်စီး
ဒီကပ်ဆိုးကြီးမှာ
သွေးမျက်ရည်တွေ
ချောင်းစီးစေခဲ့ပေါ့

အချစ်ရယ်
ကံပစ်ချရာ
လောကဓံထဲ
ကြောက်နေလို့အပိုပဲမို့
ကြံဖန်ပျော်ရွှင်ရင်း
မျက်နှာဖုံးတွေကိုယ်စီတပ်
ခတ်ပြုံးပြုံးပဲ
ရှင်သန်ကြတာပေါ့
ဒီကပ်ဆိုးကြီးအလည်
မင်းရယ်ကိုယ်ရယ်
သတိတရားနဲ့
ကာကွယ်ရုံကာလွဲပြီး
ဘာများတတ်နိုင်ဦးမှာလည်းကွယ်

အဲဒီတော့
တို့တွေ
သတိတရားကလေးတစ်ခု
လက်ကိုင်ထားလို့
မျက်နှာဖုံးတွေတပ်ပါ
လက်မှန်မှန်ဆေးပါ
အိပ်ရေးဝဝအိပ်ပါ
အားရှိတာတင်တွေစားပါ
လူစုလူဝေးရှောင်ပါ
အိမ်ထဲမှာနေပါ
မိသားစုကို ဂရုစိုကပြါ
ကျန်းမာရေးညွှန်ကြားချက်တွေ
လိုက်နာရင်း
နာဖျားနေတဲ့ကမ္ဘာကြီးကို
ကပ်ဘေးကအမြန်ကင်းဝေးဖို့
မေတ္တာတေးတွေနဲ့ပဲ
ဆုတောင်းပေးကြရအောင်ကွယ်

မနက်ဖြန်တိုင်းမှာ
နတ်ဆိုးတွေရဲ့ဘေးရန်က
ကင်းဝေးပါစေ
ဒီဘဒ္ဒဆိုတဲ့
အနတ္တကမ္ဘာမှာ
ကံကောင်းပျော်ရွှင်ခြင်းတွေသာ
ပွင့်ဝေကြပါစေလို့

လင်းဝေ

Tuesday, June 19, 2018

ခရီးသည်တွေ



လူးလာခေါက်ပြန်
ရေဆန်မှန်းမသိ
ရေစုန်မှန်းမသိ
တစ်ဘူတာ တက်လိုက်
တစ်ဘူတာ ဆင်းလိုက်
ဒီ ရာဇဝင်လူမိုက်တွေဟာ
သံသာရာရဲ့
ဝင်္ကပါ ပတ်လမ်းမှာ
အကန်းတွေလို
စီးဆင်းနေကြရဲ့ ...။

ငှက်တွေကမှ
နေဝင်ရင် ကိုယ့်အသိုက်ကိုပြန်ကြဖို့ သေချာပေမယ့်
ပွေ့ဖက်လိုက်ကြ
နှုတ်ဆက်လိုက်ကြ
ငါတို့ မနက်ဖြန်တွေက
ဘယ်မှာ နေထွက်လို့
ဘယ်မှာ နေဝင်မယ်ဆိုတာ
မသေချာခဲ့ဘူး....။

မီးစတစ်ဖက် ရေမှုတ်တစ်ဖက်
သေမင်းနဲ့ စစ်ခင်းနေတဲ့
တိုက်ပွဲအသစ်တွေမှာ
မင်းလည်း အနိစ္စ
ငါလည်း အနိစ္စ
တနေ့နေ့မှာ
တိတ်တိတ်ကလေး
အရှုံးပေးရမယ်ဆိုတာဟာလည်း
သေချာပြီးရင်း
သေချာနေခဲ့ ...။

လက်မှတ်ဝယ်ထားပါ။
အထုပ်ပြင်ထားပါ။

ကုန်းကြောင်းလား?
ရေကြောင်းလား?
လေကြောင်းလား?

ဘယ်က လာတာလဲ?
ဘယ်ကို သွားမှာလဲ?
ဘယ်မှာ ဆုံးမလဲ?

စီးဆင်းနေတဲ့အရှိန်ကို
မရပ်နိုင်သမျှ
အတ္တတွေကိုပွေ့ဖက်
မှတ်တိုင်တွေ
ဘယ်၍ဘယ်မျှမသိ
ငါတို့
ခရီးဆက်ကြရဦးမယ်လေ ...။

ဒီမှာမိတ်ဆွေ
ခရီးသည်အချင်းချင်းတွေမို့
လမ်းမှာတွေ့ရင်
အကြွေးမတောင်းရ
တရင်းတနှီးနဲ့
အရင်မှတ်မိသူက
နှုတ်ဆက်ကြေးပေါ့ကွယ်...။

လင်းဝေ

Saturday, June 9, 2018

နေသားတကျပါပဲ

နေသားတကျပါပဲ

အသပြာတွေနောက်
အမောတကောပြေးလိုက်ရင်း
ဝေးနေတဲ့ ကဗျာလေးတွေ
ပြန်ကောက်ကြည့်တော့
အရာရာဟာ နေသားတကျပါပဲလေ။

ပိန်လိုက်ဖောင်းလိုက်နဲ့
အမောဖောက်နေတဲ့
အိပ်ကဒ်တွေရဲ့ အသက်ငင်သံတွေကို
ချွေးစက်ကလေးတွေလောက်ပဲ
နားလည်ကြမယ်ထင်ရဲ့ . . .

ဒီလိုနဲ့
လောကဓံနေရောင်အောက်က
ခရီးသွားတွေဟာ
နေ့မြင်လိုက် ညပျောက်လိုက်
အိုဇုန်းလွှာပေါက်နေတဲ့ ကမ္ဘာကြီးကတော့ နေသားတကျပါပဲ . . .

ဘီယာဆိုင်တွေထဲမှာ
ကေတီဗီတွေထဲမှာ
လက္ဖက်ရည်ဆိုင်တွေထဲမှာ
အကြော်ဆိုင်တွေထဲမှာ
ငွေတွေကတော့
သူတို့ပျော်ရာမှာ နေသားတကျပါပဲ . . .

တချို့က မနက်ဖြန်အောင်မြင်ဖို့ ကြိုးစားနေချိန်
တချို့က မနက်ဖြန်အသက်ရှင်ခွင့်ရဖို့ ကြိုးစားနေရ
တချို့က ညနေ ရှော့ပင်ထွက်နေချိန်
တချို့က ညစာပြင်ဆင်ဖို့ ဆန်ရှာနေရ
လူတန်းစားကွာခြားမှုတွေဆိုတာလည်း
နေသားတကျပါပဲ . . .

တနေ့ လုပ်ခ ၄၅၀၀ ရတဲ့
အလုပ်ကြမ်းသမားတချို့ရဲ့ ငွေတွေဟာ
ဘုံဆိုင်ထဲမှာ အငွေ့ပျံလို့
တနေ့သိန်းချီဝင်နေတဲ့
လူချမ်းသာတချို့ရဲ့ ငွေတွေဟာ
ကေတီဗီတွေမှာ ဖျော်ဖြေနေကြရဲ့
လူတွေဟာ မွန်းကြပ်မှုတွေအတွက်
လက်လှမ်းမီရာ ထွက်ပေါက်တွေရှာလို့
ဆင်းရဲချမ်းသာ လူသားတွေဟာလည်း သူ့အထွာနဲ့သူ နေသားတကျပါပဲ . . .

တခါတလေ နေ့လည် နေသာလို့
တခါတလေ ညနေ လေပြင်းတွေကျ
တခါတလေကျ ညမှ မိုးတွေသည်းတယ်
ရာသီဥတုဆိုတဲ့ သဘာဝတရားတွေဟာလဲ
နေသားတကျပါပဲ

အိုမယ် နာမယ် သေမယ်
လောကဓံတွေနဲ့ ပျော်စံနေကြ
မွေးတုန်းကလည်း ဘာမှပါမလာကြ
သေသွားတော့လည်း ဘာမှယူသွားလို့မရ
လာတုန်းကလည်း တယောက်တည်း
ပြန်ရတော့လည်း တစ်ယောက်တည်း
တခဏတာ ဘဝတွေအားလုံးရဲ့
အဆုံးသပ်တွေဟာလဲ
နေသားတကျပါပဲ

တကယ်တော့
့ဖြစ်သင့်လို့ဖြစ်နေကြတဲ့
ဖြစ်စဉ်တွေထဲမှာ
မင်းလည်း နေသားတကျ
ငါလည်း နေသားတကျ
သူတို့လည်း နေသားတကျ

သူဌေးကြီးလည်း နေသားတကျ
ဆင်းရဲသားလည်း နေသားတကျ
ပညာတတ်ကြီး နေသားတကျ
တေလေဂျပိုးလည်း နေသားတကျ
လက်လုပ်လက်စားလည်း နေသားတကျ
သူတောင်းစားလည်း နေသားတကျ
မော်ဒယ်မင်းသမီးလေးလည်း နေသားတကျ
ညဥ့်ငှက်မလေးလည်း နေသားတကျ

ဘာကိုမှ မင်းအပြစ်မတင်နဲ့
အဲဒီလို
ဖရိုဖရဲ ဖြစ်နေကြတာကိုက
တကယ်တော့ နေသားတကျ

အရာရာအားလုံးဟာ

နေသားတကျပါပဲ
နေသားတကျပါပဲ
.
.
.
နေ
သား

ကျ
ပါ
ပဲ
လေ


လင်းဝေ

Monday, December 12, 2016

«ရေစက်များ»



ဘဝမှာ
ကျနော့်အပေါ် ကောင်းတဲ့
စေတနာထားကြတဲ့
လူတော်လူကောင်းတွေ
မိဘတွေ
ဆရာဆရာမတွေ
အစ်ကိုအမတွေ
ညီငယ်ညီမငယ်တွေ
သူငယ်ချင်းမိတ်ဆွေတွေနဲ့
တော်တော်များများ
ဆုံခွင့်ရတယ်...

အဲ့ဒီ
တွေ့ဆုံရခြင်းတွေအတွက်
ကျနော့်ရဲ့လူဖြစ်ရခြင်းကို
ကျေနပ်တယ်...

ကျနော်အပေါ်
မကောင်းတဲ့သူတွေ
စေတနာမထားတဲ့သူတွေ
ဆုံတွေ့ရပေမယ့်
အရေအတွက်နည်းတယ်...

သူတို့ကြောင့်
ဘဝသင်ခန်းစာတွေ
ရတဲ့အတွက်လည်း
ကျနော့်ရဲ့လူဖြစ်ရခြင်းကို
ကျေနပ်တယ်...

ဒီနေ့
ပရဟိတ ဝါသနာပါတဲ့
အင်တိုက်အားတိုက်လုပ်နေတဲ့
အစ်ကိုကြီး တယောက်နဲ့
ခင်မင်ခွင့်ရတယ်

သူ့ရဲ့ပရဟိတ
လုပ်ငန်းတွေသိရတာ
အားကျကျေနပ်မိတယ်

တနေ့
ကျနော်လည်း
သူ့လိုမျိုး လုပ်နိုင်ဖို့
ကြိုးစားရမယ်

ဘဝဆိုဟာ
ဖြတ်သန်းရင်းနဲ့
ကျနော်တို့တွေကို
တဖြည်းဖြည်း
ရင့်ကျက်လာစေတဲ့
ကျောင်းတော်ကြီးပေါ့ဗျာ...

ဘဝမှာ
ခံယူချက် တူညီတဲ့သူတွေဟာ
တဖြည်းဖြည်း ပိုပိုပြီး နီးလာကြသလို
ခံယူချက် မတူညီတဲ့သူတွေဟာ
တဖြည်းဖြည်း ပိုပိုပြီး ဝေးသွားကြတာကိုလည်း
သိလာရတယ်...

ဒါတွေဟာ
အတိတ်အကြောင်းတရားတွေကနေ
ဖြစ်တည်လာတဲ့
ရေစက်တွေပါပဲ...

လင်းဝေ

Monday, November 28, 2016

ဘဝရဲ့ ကဗျာ


အသက်တွေ
ပိုကြီးလာလေတိုင်း...
လူတွေအကြောင်း
ပိုပြီး သိသိလာတယ်..

ရေးစရာ စကားလုံးတွေကလည်း
ပိုပိုပြီး သိပ်သည်းလာတယ်...

ဒါတွေဟာလည်း
ဘဝရဲ့ ကဗျာတစ်ပုဒ်ပဲ
ဖြစ်မယ်ထင်ရဲ့...။

လင်းဝေ

Friday, August 12, 2016

အအေးချမ်းဆုံးကမ္ဘာ



ကောင်းကင်က
 နှင်းစက်တွေ
ခုန်ချလာတဲ့အခါ
ကျနော့် ကမ္ဘာလေးဟာ
ခိုက်ခိုက်တုန်လို့...

မြောက်ပြန်လေတွေရဲ့
ဝင်သက်ထွက်သက်မှာ
ကမ္ဘာဦးရဲ့ဂီတကို
လွမ်းလွမ်းဆွတ်ဆွတ်
ရှာဖွေတမ်းတမိတယ်...

ဆောင်းရာသီက
သူရဲ့အေးစက်တဲ့
လက်ချောင်းတွေနဲ့
ကျနော့်ကို
ထွေးပွေ့ထားရဲ့...

အောင်မြင်မှုတွေ
ကျရှုံးမှုတွေ
ဆင်းရဲမှု
ချမ်းသာမှု
ဝမ်းနည်းမှု
ပျော်ရွှင်မှု
အရာရာဟာ
ဆောင်းရာသီ
အိပ်မက်တွေလိုပါပဲ...

တကယ်ဆို
အေးချမ်းတဲ့
ကျနော့်ကမ္ဘာလေးထဲ
ကျနော့်ကဗျာတွေနဲ့အတူ
ကျနော်တယောက်ထဲ
ငြိမ်းချမ်းကြည်စင်စွာ
နေချင်မိတယ်....

လင်းဝေ

...အနှစ်သာရ...


ဘဝမှာ
သုညနဲ့စရတာ
အနှစ်သာရ အရှိဆုံးပါပဲ...

ကိုယ်ဒူးကိုယ်ချွန်သမား
တစ်ယောက်ရဲ့ ဘဝဟာ
အဓိပ္ပာယ်တွေနဲ့
ပြည့်နက်နေတယ်ဆိုရင်
ခင်ဗျား လက္ခံမလား=?

လင်းဝေ

...ကျနော်နဲ့ကျနော်...



ကျနော်ကတော့
လူတွေ
အထင်ကြီးတာကြီးကို
အရသာတစ်ခုလို
မခံစားချင်ပါဘူး...

လူတွေက
အထင်ကြီးပြီးရင်
လှောင်ပြောင်နှိမ့်ချဖို့ကိုလည်း
ဝန်လေးကြမှာ
မဟုတ်ဘူး...

သူများတွေကို
မှန်တစ်ချပ်လို
ကျနော်
မကြည့်ချင်ဘူး...

ကျနော်က
ကျနော့်ကိုယ် ကျနော်ပဲ
မှန်တချပ်လို ကြည့်ပြီး
ဆုံးဖြတ်ချင်တယ်...။

လင်းဝေ

...ကွက်လပ်...



အိပ်မက်ဆိုတဲ့
မျှော်စင်ကလေးထက်ကနေ...

မနက်ဖြန်ဆိုတဲ့
အောင်မြင်မှုတွေဆီ
မျှော်လင့်ရင်ခုန်ကြရင်း...

မင်းနဲ့ငါကြားက
ပျော်ရွှင်ခြင်းဆိုတာလေးတောင်...

တခါတလေ
အေးခဲတိတ်ဆိတ်နေပြီလား
အချစ်ရယ်...

လင်းဝေ

...အနိစ္စ...



နာရီစက္ကန့်တံတွေဟာ
ပေါင်ချိန်ရဲ့ ခွေးခေါင်းဓားစက်လို
နေထိုင်ရှင်သန်မှုတွေကို
ပိုင်းဖြတ်ဝါးမြိုနေရဲ့...

ငါ စောစောက ရှူရှိုက်ခဲ့တဲ့
လေနုအေးက
ခုကျ မဟုတ်တော့ပြန်ဘူး...

ငါ မနေ့က ဆင်းကြည့်ခဲ့တဲ့
မြစ်တစ်စင်းကလည်း
ဒီနေ့ကျတော့ အသစ်ဖြစ်နေလေရဲ့...

နေလောင် ရေခဲတုံးတစ်တုံးလို
အရည်ပျော်ကျသွားခဲ့တဲ့
မနေ့ကဆိုတဲ့ ဖြစ်တည်ခြင်းကို
ဒီကနေ့ ပြန်အဖတ်ဆည်ဖို့ဆိုတာ
မဖြစ်နိုင်ခဲ့ဘူး....

ဘယ်လောက်ပဲ
ဂန္တဝင်ဆန်ခဲ့ဆန်ခဲ့
ကမ္ဘာကျော် မာယာဒိုနာဟာ
ကမ္ဘာ့ဖလား ဘောလုံးပွဲကို
ဝင်ကန်ဖို့မဖြစ်နိုင်တော့ဘူး....

မနေ့က
မြိန်ရည်ယှက်ရည်
စားသောက်ခဲ့တဲ့
ပွဲတော်စာတွေကလည်း
ဒီနေ့ရဲ့ ဆာလောင်မှုကို
မနှစ်သိမ့်နိုင်ခဲ့ဘူး...

ဒီလောက ကမ္ဘာကြီးရဲ့
အနှစ်မရှိခြင်းတွေထဲမှာ
ငါတို့ဟာ ဘယ်အရာတွေကို
ခုံမင်တမ်းတစွာ
ချစ်နေမိခဲ့ကြတာလဲ...

တကယ်တော့
အရာရာဟာ
မနေ့ကကြည့်ခဲ့တဲ့
ရုပ်ရှင်ဇာတ်ကားတကားလိုပါပဲ
တဖြည်းဖြည်း မှုံဝါးပြီး
ကျန်နေရစ်ခဲ့မှာပါပဲ...

တိမ်ပြေးတွေလို
နာရီလက်တံတွေဟာ
ငါ့ နုသစ်ပျိုမြစ်ခြင်းတွေပေါ်ကနေ
ပျံသန်းခုတ်မောင်းနေကြတယ်...

လင်းဝေ

..ကျနော့်ရဲ့ ညလယ်စာများ..



တခါတလေကျတော့
စာဖတ်ရတဲ့
ဲ့အရသာကို...

ပွဲတော်စာအနေနဲ့
မြိန်ရည်ယှက်ရည်
်ခံစားပစ်လိုက်ဖို့ပေါ့...

ကျနော်က
ခရီးများများ
မသွားနိုင်တော့
ဒီလိုပဲ
စာများများ
ဖတ်ရမှာပေါ့လေ...

ခောတ်ကိုက
ငွေ တစ်ထောင်နှစ်ထောင်
ငွေ တစ်သောင်းနှစ်သောင်း
သုံးဖို့လွယ်သလောက်
စာအုပ်တစ်အုပ်ကို
တလတခါ ဝယ်ဖြစ်ဖို့
မလွယ်ကြတဲ့ခောတ်...

ဒီမိုး
ဒီလေ
ဒီလူတွေနဲ့
ဒီခောတ်ကို
အသစ်အဖြစ်
ပြောင်းလဲပစ်ဖို့
မဖြစ်နိုင်ဘူးတဲ့လား?

ဒီအနုံညာတ
ခောတ်အပျက်ကြီးထဲ
အသစ်စက်စက်
စကားလုံးတွေနဲ့
တည်ခင်းထားတဲ့
ညလယ်စာအတွက်
မိတ်ဆွေတချို့ကို
ဖိတ်စာ ပို့လိုက်တယ်...။

လင်းဝေ

Wednesday, July 20, 2016

"အမှန်တရား"



တကယ်တော့
ကျနော်ဟာ
ဘာမှမဟုတ်ပါဘူး...

အဲဒီလို
ဘာမှ မဟုတ်ဘူးဆိုတာကို
သိနေမိတဲ့
အချိန်ကလေးတွေဟာ...

ကျနော့် စိတ်ကို
အေးချမ်းစေတယ်...

ဒါပေမယ့်...

တခါတလေ
အဲဒီ
ဘာမှ မဟုတ်ဘူးဆိုတာကိုပဲ
ကျနော်
ခဏခဏမေ့နေမိပြန်တယ်...

တကယ်တော့
ကျနော်တို့ဟာ
ဘာမှမဟုတ်တာကိုပဲ
အဟုတ်ထင်ပြီး

လောဘ
ဒေါသ
မောဟ...တွေနဲ့
ပူလောင်မွန်းကြပ်နေကြတာ
မဟုတ်ပေဘူးလား...?

ပြဇာတ်တစ်ပုဒ်လို
လောကဓံတရား ဆိုတဲ့
ဇာတ်ဆရာအလိုကျ

ငိုရ ရယ်ရ
မောလျခဲ့သမျှ
ပိတ်ကားအချ
ဘယ်လို
ဇာတ်သိမ်းရမလဲဆိုတာ
ဘယ်သူသိနိုင်မှာလဲ...?

တကယ်တော့
ဘယ်သူ့ဘယ်သူမှ
ဘာမှမဟုတ်ခဲ့ကြပါဘူး...

တနေ့နေ့မှာ
ကျနော်ဟာ
စကြာဝဠာကြီးရဲ့
အမှုန်ကလေးတမှုန်အဖြစ်
သံသရာဝဲဂယက်မှာ
ပျက်စီးပျောက်ကွယ်ရဦးမှာပါ...

လင်းဝေ

Saturday, May 21, 2016

အချစ်ဆိုတာ...



ပျော်စရာဆို အတူတူ

့မျှဝေခံစားပြီး

ငိုစရာဆို

တစ်ကိုယ်တည်း

မြိုသိပ်.....

ရင်ဘတ်ထဲမှာ

အချစ်စိတ်တွေပြင်းပြလာတဲ့အခါ

မင်းမျက်နှာလှလှကလေး

တိုးတိတ်ယုယ

ကြည့်နေချင်တယ်...

ဘ၀ဟာ..

မှော်ဆရာဟောထားတဲ့

ကျမ်းစာမဟုတ်တော့

ဘယ်လမ်းမှာ

ဘယ်ပန်းတွေ

ဘယ်လိုမွှေးမယ်

ကို မသိနိုင်ခဲ့ဘူး

ဒါပေမယ့်

ကိုယ်အစွမ်းရှိသရွေ့ 

အလှဆုံး....နေ့  

အမွှေးဆုံး...ည

အနေ့နေ့...အညည

မင်းဘ၀အတွက်

အကောင်းဆုံးတွေပဲ

ဖန်တီးပေးချင်တယ်

အချစ်ရယ်.......။

လင်းဝေ(မုံရွာနည်းပညာ)

Wednesday, March 30, 2016

အမှောင်

...အမှောင်...

ရေခဲတွေ
အငွေ့ပျံနေသလိုမျိုး
ဘဝတွေဟာ
တိုးတိုးလေး
အရည်ပျော်နေကြ...

ဒါကိုပဲ
ငါတို့
ငြိမ်းအေးမှုလို့
ဖြတ်သန်းနေကြတာ
မဟုတ်ဘူးလား...

အရူးတွေလိုပဲ
သေခြင်းတရားတွေဟာ
နေ့မြင်လိုက်
ညပျောက်လိုက်...

ငါ
ဆိုက်ကပ်ခဲ့တဲ့
ဒီရထားပေါ်
ငါဟာ
ခုထိ
တရားမရနိုင်ခဲ့ဘူး...

လင်းဝေ

Essay 2

အက်ဆေး(၂)

အတိတ်လား၊ ပစ္စုပ္ပန်လား၊ အနာဂတ်လား ငါတို့ဟာ နောက်ပြန်လှည့်ခွင့်မရှိတဲ့ လမ်းမကြီးပေါ်ခြေစုံရပ်လို့..
မနေ့တနေ့က အကြောင်းတွေ အပ်ကြောင်းထပ်အောင် တမ်းတရင်း မနက်ဖြန်ဆိုတာကို မမြင်နိုင်တဲ့ ပန်းချီကားတစ်ချပ်လို ငါတို့ မှုန်ဝါးပစ်ခဲ့ဖူးတယ်...
ရင်ဘတ်ထဲက သံစဉ်တစ်ခုကတော့ လရောင်ကင်းမဲ့တဲ့ ညပေါင်းများစာံအတွက် တုန်ခါနေခဲ့ဖူးတယ်...
တခါတရံ မက်ခဲ့ဖူးတဲ့ အိပ်မက်တွေလိုပဲ အရောင်မသဲမကွဲ အလင်းတွေနဲ့ ငါ့ကိုယ်ငါလည်း တောက်ပချင်ယောင်ဆောင်ခဲ့ဖူးတယ်...
တကယ်တော့ မင်းရောငါရော အပုတ်ကောင် သက်သက်မို့ ဘာမှမဟုတ်ခဲ့ကြပါဘူး..
ငါကတော့ လေးလေးနက်နက် ရေးခြစ်လိုက်တဲ့ စာတစ်ကြောင်းပါပဲ..
ဒါပေမယ့် ဖရိုဖရဲစကားလုံးတွေဟာ လှောင်ပြောင်ချင်စရာကောင်းလောက်အောင် ဟာသဆန်ခဲ့ဖူးတယ်...
မေမေ...ဘဝဆိုတာ အတုယောင်တွေနဲ့လောင်မြိုက်နေတတ်တဲ့ စင်တင်ဇာတ်ဝင်ခန်းတစ်ခုပါပဲ...
ဘယ်လိုရှင်သန်နေကြတာလဲလေ...
တချို့က အများအတွက် ထမင်းစားတယ်...
တချို့က ကိုယ်အတွက်ကို ထမင်းစားတယ်...
တချို့ကတော့ ဘယ်သူ့အတွက်မှ မဟုတ်ပါဘဲ ထမင်းစားနေကြရဲ့...
ရိုးအီနေတဲ့ တီးလုံးတွေထဲ ဟောင်းနွမ်းသွားတဲ့ သံစဉ်တွေရဲ့ ရှိုက်သံသဲ့သဲ့ကို ငါ
ခတ်ဖွဖွလေး ကြားမိပါတယ်...
ကြယ်တွေက ဘယ်သူ့အတွက် ကြွေနေကြပါသလဲ?
လရောင်ကရော ဘာအတွက် တောက်ပပါသလဲ?
ဘာမှအစဉ်းစားတာကပဲ ငြိမ်းချမ်းမှုပါပဲ...
ဘာပဲဖြစ်
ဒီနေ့အတွက်တော့ လောကကြီးက လက်ဆောင်ပေးထားတဲ့ အောက်ဆီဂျင် သန့်သန့်လေးကိုပဲ ငါ ဖြူဖြူစင်စင် ရှူရှိုက်နေမိတယ်...

လင်းဝေ