Saturday, October 2, 2010

ပလာဇာ

မနေ့က အပြုံးမျိုးပါပဲ
တံဆိပ်အသစ် ကပ်ထားတယ်
ရေမလောင်းဘဲ ပွင့်သော အိပ်မက်ပန်းများနဲ့
ပတ်လမ်းတွေ အထပ်ထပ်။
မလွမ်းတတ်သော လှေကားများနဲ့
နေ့ရက်တွေ အားကုန် ရှင်သန်နေသော
ပုံပြင်စက်ရုံကြီးမို့
ဆက်ဆံရေးက ဆေးဖက်ဝင်တယ်။
ယင်ဖမ်းတဲ့ စက္ကူများ
အိပ်မက်ဖမ်းတဲ့ စက္ကူများ
ဘယ်သူမဆို ၀ယ်ယူအားပေးနိုင်တဲ့ ကံကြမ္မာများ
အိပ်တန်းပြန်ရောက်တာနဲ့
ရူးသွပ်သွားတဲ့ ကောင်းကင်ဟာ
ကောင်းကင်ကို ကောင်းကင်မှန်း မသိတော့ဘူး
ထူးဆန်းတာက
အိမ်ကို အတည့်ပြန်သွားကြတာပါပဲ။ ။

နီရင့်ရင့်
ဒါလေးလည်း ခံစားကြည့်ကြပါဦး
သားထက် (မုံရွာနည်းပညာတက္ကသိုလ်)

No comments:

Post a Comment