Saturday, October 2, 2010

ဟာသအတိုအထွာ

ကျေးဇူးရှင်

စာပေစကားဝိုင်းတခုတွင် စာရေးဆရာပေါက်စတဦးက စကားပြောရင်း သူ့အကြောင်းကို

ထည့်သွင်းပြောဆိုရာတွင်…

“စာပေကို မြတ်နိုးတဲ့စိတ်ကြောင့် ဆေးပညာကို စွန့်လွှတ်ပြီး စာပေလောကထဲကို ခြေစုံပစ်

ဝင်ခဲ့တာပဲဗျာ။ ဆရာဝန်တစ်ယောက်ထက် စာရေးဆရာတယောက်အနေနဲ့ ပြည်သူလူထုကို

ပိုပြီး အကျိုးပြုနိုင်မယ်လို့ ကျနော်ယုံကြည်ထားတယ်”

စကားဆုံးတော့ လူတစ်ယောက်က ထပြောလိုက်တယ်။

“ဆေးပညာ စွန့်လွှတ်လိုက်တာနဲ့တင် ပြည်သူလူထုအတွက် တော်တော်လေး အကျိုးပြုပြီးသား

ဖြစ်သွားပါပြီဗျာ”

(စုဘူး ဘလော့ဂ်က ဖတ်မိတဲ့ ဟာသတစ်ခုပါ။)

………………………………………………………………………………………………………

စောင့်နေသူ

တခါက အရူးဆေးရုံတစ်ခုရဲ့ ဆေးရုံအုပ်ကြီးက လူနာတွေရဲ့ အခြေအနေကို သိချင်တဲ့အတွက်

စမ်းသပ်မှုတခု လုပ်တယ်။ သူစမ်းသပ်ပုံက လူနာတွေကို လ္ဘက်ရည်ခွက်တခွက်စီ

ပေးလိုက်တယ်။

“ကဲ မင်းတို့ကို လ္ဘက်ရည်တိုက်မယ်။ အားလုံးတန်းစီ”

လူနာတွေအားလုံး တန်းစီကြတယ်။ အဲဒီမှာ ဆေးရုံအုပ်ကြီးက ဘာမှထည့်မထားတဲ့ ဓာတ်ဘူး

အလွတ်တစ်လုံးနဲ့ လ္ဘက်ရည်တွေ လိုက်ထည့်ပေးတဲ့ပုံစံလုပ်လိုက်ပြီးတော့…

“ကဲ လ္ဘက်ရည်ထည့်ပြီးပြီ။ အားလုံးသောက်လို့ရပြီ” လို့ ပြောလိုက်တယ်။

လူနာတွေကလည်း ဘာမှမရှိတဲ့ လ္ဘက်ရည်ခွက်ကို အားရပါးရ မော့သောက်လိုက်ကြတယ်။

အဲဒီအထဲမှာ လူနာတယောက်ကတော့ မသောက်ဘဲနဲ့ လ္ဘက်ရည်ခွက်ကို စိုက်ကြည့်နေတာကို

ဆေးရုံအုပ်ကြီးကမြင်တော့ “အင်း ဒီလူနာကတော့ အတော်လေး ရောဂါ

သက်သာသွားပြီ ထင်တယ်”လို့ တွေးလိုက်မိပြီး လူနာကို မေးလိုက်တယ်။

“သူများတွေ အားလုံး လ္ဘက်ရည်သောက်နေကြပြီ။ မင်းကဘာလို့ မသောက်ဘဲ

လ္ဘက်ရည်ခွက်ကို ကြည့်နေတာလဲ ”

လူနာက ပြန်ဖြေလိုက်တယ်။

“ပူနေသေးလို့ ခင်ဗျ”

(သူငယ်ချင်းတယောက် ပြောပြဖူးသော ဟာသတစ်ခု ဖြစ်ပါတယ်။)

…………………………………………………………………………………………………

လွယ်လွန်းလို့


ကျောင်းကပြန်လာတဲ့ မူလတန်းကျောင်းသား မောင်လှကို ကျောင်းမတက်တဲ့ သူငယ်ချင်း

မောင်မြက မေးတယ်။

မောင်မြ ။ ။ ” ကျောင်းမှာ ဘာတွေသင်သလဲကွ”

မောင်လှ ။ ။ “မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ”

မောင်မြ ။ ။ “ဒါဆို မင်းက အင်္ဂလိပ်စကား တတ်သလား”

မောင်လှကလည်း ခပ်ကြွားကြွားနဲ့ ပြန်ဖြေတယ်။

“တတ်တာပေါ့ကွ”

မောင်မြ ။ ။ “ဒါဆို ဒီကိုလာ ဆိုတာကို အင်္ဂလိပ်လို ဘယ်လိုပြောသလဲ”

မောင်လှ ။ ။ “ဒါလေးများ လွယ်လွန်းလို့။ Come here လို့ ပြောရတယ်”

မောင်မြ ။ ။ “အလဲ့ တယ်ဟုတ်ပါလား။ ဒါဆို ဟိုကိုသွား ဆိုရင်ရော”

ဆရာမ သင်ပေးတဲ့အထဲမှာ အဲဒါမပါသေးတော့ မောင်လှအခက်တွေ့ သွားတယ်။

ဒါပေမယ့် ခပ်တည်တည်နဲ့ ပြန်ဖြေလိုက်တယ်။

“ဒါလေးများ လွယ်လွန်းလို့။ ဟိုဘက်ကိုသွားပြီးတော့ Come here လို့ ပြောလိုက်”


ဂေါ်လီ.........ကလေး
တနေ့ တွင်ဆရာဝန်တယောက်ထံနားထဲသို့ ဂေါ်လီလုံးဝင်သွားသောကလေးလူနာ
တဦးရောက်လာလေဧ။်

ထိုအခါဆရာဝန်ကကလေးနားထဲဝင်နေသော
ဂေါ်လီလုံးအားခက်ခဲစွာထုတ်ပေးလိုက်ဧ။်။ပြီးနောက်ကလေးအားမေးလေဧ။်
ှဆရာဝန်။ ။သားသားဂေါ်လီလုံးကိုနားထဲဝင်အော
င်ဘယ်လိုများဆော့လိုက်တာလဲသားသားရဲ့ ။

ကလေး ။ ။ဒီလိုလေဦးဦးရဲ့ ။ဟုဆိုကာနားထဲသို့ ဂေါ်လီလုံးအားထည့် ပြလိုက်လေဧ။်။...

ဝန်ထမ်းကောင်း

အလုပ်လာလျှောက်သူ တစ်ယောက်ရဲ့  စာရိတ္တ နဲ့ အရည်အချင်းကို သိချင်လို့
အလုပ်ရှင်ကမေးတယ်။



အလုပ်ရှင် … “ မင်း အဖမ်းခံရဖူးသလား။ ”
အလုပ်လျှောက်သူက … “ မခံရဖူးပါဘူး ခင်ဗျ။ ”
အလုပ်ရှင်က သေချာအောင်ထပ်မေးတယ်
… “ ဘာ့ကြောင့်လဲ။ ”
အလုပ်လျှောက်သူက ဂုဏ်ယူစွာဖြင့် … “ ဘယ်တော့မှ မမိလို့ပါ ခင်ဗျ။ ”


အလုပ်ရှင်... “ မင်း လုပ်ငန်းတာဝန် အမျိုးမျိုးကို ကိုင်တွယ်ဖြေရှင်းနိုင်ပါ့မလား။

အလုပ်လျှောက်သူ … “ ဟုတ်ကဲ့ လုပ်နိုင်ပါတယ်ခင်ဗျ။ ကျွန်တော်က ၄ လ အတွင်း
လုပ်ငန်း ၁၀ ခု ပြောင်းလုပ်ခဲ့သူပါ။ ”
အင်တာဗျူးသူ ။ ။ ညီလေး အခြေခံလစာ ဘယ်လောက်မျှော်မှန်းပါသလဲ။
လူငယ် ။ ။ တစ်နှစ် ဒေါ်လာ ၁၂၅၀၀၀ ရယ်။ ကုမ္ပဏီရဲ့ အမြတ်အပေါ် မူတည်းပြီးရတဲ့


အပိုဆောင်းလေးရယ်ပေါ့ဗျာ။
အင်တာဗျူးသူ ။ ။ အင်း ... ကောင်းပြီလေ ညီလေး ပြောသလိုပဲပေးပါမယ်။
ဒီကုမ္ပဏီက ညီလေးကို တစ်နှစ်မှာ ၅ ပတ် ရက်ရှည် ပိတ်ပေးမယ်။
ဆေးဝါးကုသမှုအတွက် ကုန်ကျစရိတ် မှန်သမျှ ကုမ္ပဏီက တာဝန်ယူပါတယ်။ ကုမ္ပဏီကနေ


အငြိမ်းစား ယူတဲ့အခါ လစာရဲ့  ၅၀ ရာခိုင်နှုန်းကို ထောက်ပံ့ပါဦးမယ်။
ကုမ္ပဏီမှာ အလုပ်သက်တမ်း ၂ နှစ်ရှိပြီဆိုရင် ဇိမ်ခံကားတစ်စီး
ထုတ်ပေးမှာပါ။
လူငယ် (မျက်လုံးပြူးလျက်) ။ ။ ခင်ဗျား ... နောက်များနောက်နေတာလား။
အင်တာဗျူးသူ ။ ။ အင်းလေ .... မင်းကပဲ ... အရင်စ နောက်တာလေ။



Discount
လေးတော့ ပေးပါဦး။”

5:17 PM တရားသူကြီးက တရားခံကို ခပ်တင်းတင်းကြည့်ရင်း မေးတယ်။
တရားသူကြီး။ ။“မင်းထောင်ကျတာ ဘယ်နှစ်ခါ ရှိပြီလဲ။”
တရားခံ။ ။“၉ ခါရှိပါပြီ။ တရားသူကြီးမင်း။”


တရားသူကြီး။ ။“၉ခါ။ ဟုတ်လား။ ဒါဆိုရင် မင်းကိုငါ အကြီးလေးဆုံး
ပြစ်ဒဏ်ပေးရလိမ့်မယ်။”
တရားခံ။ ။“အကြီးလေးဆုံး ပြစ်ဒဏ်။ ဟုတ်လား။ အမြဲလာနေကျ ဖောက်သည်ပဲ။ Discount
လေးတော့ ပေးပါဦး။”

စေတနာရှင်



တစ်နေ့မှာ ရှေ့နေတစ်ယောက်ဟာ သူ့ရဲ့ ကားကို မောင်းလာရင်း လမ်းဘေးမှာ လူတစ်ယောက်
မြက်စားနေတာကို တွေ့ရပါတယ်။ အဲဒါနဲ့ ရှေ့နေက သူ့ရဲ့ ဒရိုင်ဘာကို
ကားရပ်ခိုင်းပါတယ်။ နောက်တော့ အပြင်ကို ထွက်ပြီး အဲဒီလူကို မေးပါတယ်။
“မင်းဘာလို့ မြက်တွေ စားနေတာလဲ။”


“ကျွန်တော်က အရမ်းပဲ ဆင်းရဲပါတယ်။ ဘာကိုမှ စားဖို့ မတတ်နိုင်လို့ပါ။” လို့
အဲဒီလူက ဖြေပါတယ်။
“သနားစရာပဲ။ ငါ့အိမ်ကို လိုက်ခဲ့ပါလား။” လို့ ရှေ့နေက ခေါ်ပါတယ်။
အဲဒီလူက “ကျွန်တော့်မှာ မိန်းမနဲ့ ကလေး ၃ယောက်လည်း ရှိသေးတယ်။” လို့ ပြောတော့


ရှေ့နေက သူတို့ကိုပါ ခေါ်ခဲ့ဖို့ ပြောပါတယ်။ သူတို့ အားလုံးကားထဲကို ရောက်တော့
မြက်စားနေတဲ့လူက
“ကျွန်တော်တို့ကို အိမ်ခေါ်သွားတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ခင်ဗျားဟာ
အလွန်ကြင်နာတတ်တဲ့သူပဲ။” လို့ ရှေ့နေကို ပြောပါတယ်။
ရှေ့နေကတော့ “မင်းကြိုက်မှာ သေချာတယ်။ ငါ့အိမ်က မြက်ပင်တွေက ၁ ပေလောက်ရှည်တယ်”


လို့ ပြန်ပြောလိုက်ပါတယ်။

အမှု
တစ်ခါက ထောင်ထဲမှာ ထောင်ကျအချင်းချင်းစကားပြောနြေ
ကတယ်။
ပထမလူ။ ။ကျုပ်က ၅နှစ်ကျတာ၊ဓါးထိုးမှုနဲ့။

ဒုတိယလူ။ ။ငါက ၈နှစ်၊လူသတ်မှုနဲ့။
တတိယလူ။ ။ကျွန်တော်ကတော့ ၁၇နှစ်။
ပထမလူ။ ။ဘာမှုနဲ့လဲ။
တတိယလူ။ ။အလုပ်ထဲမှာပြတင်းပေါက်မှန်ခွဲ
မိလို့။
ဒုတိယလူ။ ။မင်းကဘယ်မှာလုပ်တာလဲ။
တတိယလူ။ ။ရေငုပ်သဘောင်္ပေါ်မှာလေ။



တိုက်ခန်းသစ်မှာနေတဲ့ကိုချူချာ
ကိုချူချာတိုက်ခန်းသစ်ရသည်။နယ်
မှရောက်လာသော
ဆွေမျိုးများကိုလိုက်ပြသည်။ကြွာ
းသည်။
ရေဆွဲအိမ်သာကိုရောက်လာသည်။ ဆွေမျိုးများကမေးသည်။
``အဲ့ဒါဘာခေါ်သလဲ ဘာအတွက်သုံးသလဲ´´

``ကျွန်တော်လည်းမသိဘူး၊ဟောဒီကြိ
ုးကိုဆွဲလိုက်ရင်ရေကျလာတယ်။လက်ဆေးဖို့အချိန်ရတယ်၊
အဲ..မျက်နှာသစ်ဖို့တော့အချိန် မမှီဘူး။´´

ရှက်လို့
``ခင်ဗျားလက် ကျုပ်အိတ်ထောင်ထဲ ဘာလုပ်နေတာလဲ´´

``မီးခြစ်ရှာနေတာပါ။´´
``တောင်းရင်ပေးမှာပေါ့ဗျ။´´
``တောင်းရမှာရှက်လို့ဗျ။
´´

ခွေးမဟုတ်ပါ
ပီတာတို့မိသားစု ညစာစားနေကြသည်။သုံးဦးစလုံးငြိမ်
သက်စွာစားနေကြသည်။
ရုတ်တရက်ပီတာ့အမေကပြောသည်။


``သားအရိုးကိုကိုက်မနေနဲ့လေ၊သာ
းဟာခွေးမဟုတ်ဘူးကွဲ့၊ဖေဖေ့ကိုပေးလိုက်။´´


အဆန်းမှမဟုတ်ဘဲ

ဇီဝဗေဒဘာသာရပ်ကိုဆရာမပို့ချေ
နသည်။ခေါင်းစဉ်မှာမျောက်တို့အကြောင်းဖြစ်သည်။

အတန်းသူ အတန်းသားအားလုံး နားထောင်သူကနားထောင်
မှတ်စုရေးသူကရေးကြသည်။ပီတာလေး
တစ်ယောက်ပဲဘာမှနားမထောင်
ဘာမှမရေးဘဲဆော့နေသည်။နောက်ဆုံးတွင်ဆရာမကိုပါကျောခိုင်းကာနောက်
တန်းက

ထိုင်နေသူများကိုအနှောင့်အယှက်ေ
ပးသည်။ ဆရာမကအသံမာမာဖြင့်ပြောသည်။
``ပီတာမင်းဘာဖြစ်နေလဲ ဘာဖြစ်လို့ဆရာမကိုမကြည့်ရတာလဲ။´
´
ပီတာလေးခပ်အေးအေးပြန်ပြောသည်။

``ဆရာမကိုဘာကြည့်ဖို့လိုလို့လဲ၊
ကျွန်တော်မျောက်တွေကိုမမြင်ဖူးတာမှ မဟုတ်တာ။´´

ရှက်စရာမလိုပါဘူး

ဝလွန်းသဖြင့် ဘယ်ကိုမှမထွက်ရဲအောင်ဖြစ်နေရသော မိမိ၏ဒုက္ခကို မေရီက

မိမိ၏ သူငယ်ချင်းဖြစ်သူစန္ဒာကိုပြောသည်

``အိုင်လေ ရေတောင်သွားမကူးရဲဘူး။လူတွေဝို
င်းရယ်မှာစိုးလို့´´
သူငယ်ချင်းကနှစ်သိမ့်သည်။
``ဂရုမစိုက်စမ်းပါနဲ့။ဘာလဲ ဝေလငါးက ယူ့ထက်ပိုပိန်လို့လား...ဟင်း´´



မ၀ယ်မနေရ

``ဟေ့လူ ကျုပ်ဆီက ခြောက်လုံးပြူးကိုဝယ်ပါ။´´
``ဟာ ခြောက်လုံးပြူးကို ကျွန်တော်ဘာလုပ်ရမှာလဲ။´´
``၀ယ်စမ်းပါ၊ ဒါရှိသင့်တဲ့ပစ္စည်း ပြီးတော့အသစ်ကြီး
ကျုပ်နှစ်ခါပဲပစ်ရသေးတယ် ဒုတိယတစ်ခါကလဲ သေချာအောင်ထပ်ပစ်ခဲ့ရတာ


ဝယ်ပါ၊ခင်ဗျားကိုကျုပ်အကောင်ြးေ
ပာတာ´´
``ဟာ မ၀ယ်ချင်ပါဘူးဗျာ၊သေနတ်ရှိနေရင်
ပစ်ချင်တဲ့စိတ်ပေါ်တတ်တယ်ဗျ။´´

``၀ယ်ပါလို့ကျုပ်
ခင်ဗျားကိုထပ်ပြီးအကြံပေးတယ်။နု
ိ့မဟုတ်ရင်ကျုပ်တတိယအကြိမ်ပစ်မိလိမ့်မယ်၊
သိလား။´´

မစိုးရိမ်ပါနဲ့


ဆရာဝန်ကလူနာကိုပြောသည်။
``ခွဲစိတ်မှုမအောင်မြင်ရင်ဘာဖြစ်
မယ်လို့ခင်ဗျားကျုပ်ကိုမေးတယ်။လုံးဝစိတ်မပူပါနဲ့၊
ခင်ဗျားဘာမှသတိထားမိမှာမဟုတ်ဘူး
။´´

အလှဆုံးမိန်းမ


ယောကျာ်းဖြစ်သူအရက်မူးပြီးပြန်
လာသည်။မိန်းမကတံခါးမဇွင့်ပေးချေ။ယောကျာ်းတံခါးကိုထုသည်။
မိန်းမကတင်းခံနေသည်။ တံခါးကထုနေရင်းယောကျာ်းကပြောသည်


``မိန်းမရေ ငါပါကွ။တံခါးဖွင့်စမ်းပါ၊ကမ္ဘာေ
ပ်ါမှာအချော
အလှဆုံးအမျိုးသမီးအတွက် နှင်းဆီပန်းတွေ ယူလာတယ်ကွ။´´
မိန်းမဖြစ်သူကတံခါးဖွင့်ပေးလို
က်သည်။

``ဘယ်မှာလဲနှင်းဆီပန်း``
``ဘယ်မှာလဲအချောဆုံးမိန်းမ။´´


လွဲတုံးပဲ

မုဆိုးတစ်ယောက်ကအခြားတစ်ယောက်ကိ
ုပြောသည်။
``ကျွန်တော့်ခွေးဟာအင်မတန်ထူး
ဆန်းတဲ့ခွေး၊ကျွန်တော်ပစ်လိုက်တိုင်းမြေပေါ်လှဲချပြီးဟက်ဟက်ပက်ပက်ရယ်တယ်ဗျ။´´

``ခင်ဗျား ပစ်တာထိတဲ့အခါ ဒီကောင်ဘာလုပ်လဲဗျ´´
``မသိဘူး။ဒီကောင် ကျွန်တော့်ဆီရောက်တာ သုံးနှစ်ပဲရှိသေးတယ်။´´

မေမေကူပါ

ပီတာလေးကန်လိုက်သောဘောလုံးအိမ်
နီးချင်းပြူတင်းပေါက်ကိုထိပြီးမှန်ကွဲသွားသည်။အမေဖြစ်သူက

ပီတာလေးကိုခြောက်လှန့်သည်။
``မင်းအဖေ
မှန်အသစ်မယူလာမချင်းပေါက်နေတဲ့
အပေါက်ကိုမင်းရဲ့ဖင်ပြောင်နဲ့ပိတ်ပေးရမှာပဲ၊နားလည်ထား။´´
ပီတာလေးမျက်ရည်များကြားကပြောသည်


``ကျွန်တော်ထမင်းစားချိန်မှာ ကျွန်တော့် အစားမေမေ ပိတ်ပေးနော်။´´

မှားပြီ

အမျိုးသမီး - လမ်းတစ်လျှောက်လုံး ရှင်ဘာဖြစ်လို့ကျွန်မနောက်လိုက်
နေရတာလဲရှင့်။
အမျိုးသား - အခုခင်ဗျားကျွန်တော့်ဘက်လှည့်ြ
ပီးပြောလိုက်တော့မှအဲ့ဒီမေးခွန်းကို

ကျွန်တော့်ကိုယ်ကျွန်တော်မေးမိ
တယ်ဗျာ။

ဖြေနိုင်တာကိုး

ဆရာကတပည့်ကိုမေးသည်။
``တပည့်ရဲ့နာမည်ဘယ်လို´´
``မောင်မြပါ´´
ကျောင်းသားကကျေနပ်ပြီးပြုံးသည်။
``ဘာဖြစ်လို့ပြုံးတာလဲ´´

``ပထမမေးခွန်းကို ဖြေလိုက်နိုင်လို့ပါ။´´

ကူညီပါရစေ

မော်ဒယ်အမျိုးသမီးကိုဓာတ်ပုံဆရာ
ကပြောသည်။
``ကိုင်းအခုလေးလေးနက်နက်စဉ်းစား
နေတဲ့ပုံလေးလုပ်လိုက်ပါ။မဟုတ်ဘူး။ဒီလိုမဟုတ်ဘူး၊ခက်ခက်ခဲခဲတွေးနေရတဲ့

မျက်နှာ အမူအရာဗျာ၊ဟာ ဒီလိုလဲမဟုတ်သေးဘူး၊ကိုင်း ခင်ဗျားကို
ကျွန်တော်ကူညီမယ်။ရှစ်ကိုးလီဘယ်
လောက်လဲဗျာ၊ပြောစမ်း....ကဲ။´´


မုဆိုးသုံးယောက်အရက်ဘားတွင်ထို
င်ပြီးမိမိတို့၏အောင်မြင်မှုအကြောင်းကို

ပြောနေကြသည်။ပထမလူကပြောသည်။
``ကျွန်တော့်ဆီကို ကြံ့ကြီးတစ်ကောင်ပြေးလာတယ်။သုံးကို
က်အကွာအထိ
ဒီကောင်ကျွန်တော့်အနား ပြေးလာခွင့်ပြုပြီးမှ ကျွန်တော်
မောင်းကိုဖြုတ်ချလိုက်တယ်။ပြွဲ
ခင်းပြီးသေပါလေရော။´´

ဒုတိယလူကပြောသည်။
``ကျွန်တော်ဆင်တွေကိုလိုက်တုံး
ကဆင်ရိုင်းတစ်ကောင်ကို၂ကိုက်အထိ
အနားကပ်ခွင့်ပြုလိုက်ပြီးမှ ကျည်တစ်တောင့်တည်းနဲ့ဒီကောင့်ကိ
ု ဘုန်းကနဲ

လဲအောင်လုပ်လိုက်နိုင်တယ်။´´
တတိယလူကပြောသည်။
``ကျွန်တော့်ကျတော့ကျွဲရိုင်းဗျ ဒီကောင်ကျွန်တော့်ကိုဝှေ့ဖို့
အတင်းပြေးလာ
တယ်။၁ကိုက်အကွာမှာ ဒီကောင့်ကိုကျွန်တော်ပစ်ချလိုက်
တယ်။´´

ဘေးစားပွဲတွင်ထိုင်နေသောလူကြီး
တစ်ယောက်က၀င်ပြောသည်။
``ခင်ဗျားတို့ပြောတာဘာဟုတ်သေးလဲ
ကျွန်တော့်အဖြစ်ကိုပြောပြမယ်။ခြင်္သေ့ကကျွန်တော့်ကိုမကျေမနပ်ဟိ
န်းတယ်။

ကျွန်တော်ဒီကောင့်အနားကိုကိုက်
ဝက်လောက်ထိကပ်သွားတယ်။
ဘာလက်နက်မှလဲမပါဘူး။ဒီကောင့်အပေါ် ကျွန်တော်ရှူးရှူးပေါက်ချလိုက်
တယ်´´

မုဆိုးသုံးယောက်စလုံးအံ့သြသြံ
ဖင့်ဝိုင်းမေးကြသည်။
´´အဲ့ဒီတော့ဘာဖြစ်သွားသေးလဲဗျ´´
´´ဘာဖြစ်ရမလဲ၊ တိရစ္ဆာန်ရုံဝန်ထမ်းတွေကျုပ်ကိုလက်သီးစာကျွေးပစ်လိုက်တာပေါ့´´

No comments:

Post a Comment