Saturday, October 2, 2010

မြစ်ဝကျွန်းပေါ်

အဖြစ်အပျက်တွေကို
ပြန်ကြည့်ဖို့ဆိုလို့
ငါ့ခေါင်းအုံးအောက်က စာဟောင်းထဲမှာ
ငယ်ဘ၀တွေက ပြိုကျနေတဲ့ ကမ်းပါးရှေ့ကပြေး
ကမ်းပါးနောက်မှာ ကျန်ခဲ့ကြတာက
ငါတို့ရဲ့နောက်တစ်နေ့
ငါတို့ဘယ်မှာမှန်းမသိသေးသော
နောက်ထပ်ပေါ်လာမယ့် သဲသောင်
အိပ်လို့မပျော်တိုင်း
ထထ ကြည့်ကြတဲ့ ငါတို့မောင်နှမများ။
ငါတို့အမေစိုက်ခဲ့တဲ့ သရက်ပင်
ငါတို့နဲ့အတူ မျောပါခဲ့ရတဲ့ သရက်သီးများ
ရေစီးကတအားသန်တယ်
ငါတို့ပြန်မလာနိုင်ကြတော့ဘူး...။ ။

မိုးဝေး

မြစ်ဝကျွန်းပေါ်က သနားစရာအဖြစ်အပျက်ကလေးကို
ရင်ထိထဲထိရောက်အောင်ရေးစပ်ထားတဲ့ကဗျာလေးပါ
ဒီလိုအဖြစ်ဆိုးမျိုးများမှ သတ္တ၀ါတွေ ကင်းဝေးကြပါစေ
မျှဝေလိုက်ပါတယ်
သားထက်(မုံရွာနည်းညာတက္ကသိုလ်)

No comments:

Post a Comment