Saturday, October 2, 2010

ဖြောင့်ချက်

သံလွင်ခက်တွေနဲ့
ကြိုနေမယ်တဲ့လား
နင့်အပြုံးချိုချိုမှာ
ငါရင့်ဘတ်ထဲက
မိုးတိမ်တွေ
အကြိမ်ကြိမ်ပြိုခဲ့ပါပေါ့
ရှိုက်ငိုလို့မပြီးနိုင်တဲ့
မိုးတွေထဲမှာ
ငါ..ရွှဲရွှဲစိုခဲ့ဖူးတယ်
ဘ၀ကလည်း
တိုတိုလေးလို့ပြောကြပေမယ့်
လိုအပ်ချက်တွေကြတော့
များလွန်လွန်းရဲ့
ရိုမီယိုလိုချစ်ပြမယ်လို့
ငါစကားအပိုတွေ
မဆိုချင်ဘူးချစ်သူ
ဆည်းဆာနေညိုညိုမှာ
ကပိုကရိုလေးလှနေတဲ့နင့်ကို
ဟိုး နှလုံးသားရဲ့
အနက်ရှိုင်းဆုံးထိ
ချစ်ခဲ့ပါတယ်...

သားထက် (မုံရွာနည်းပညာတက္ကသိုလ်)

No comments:

Post a Comment