Showing posts with label ကျနော်နှစ်သက်သော စာများ. Show all posts

Friday, August 12, 2016
ဖတ်မိသမျှ
"ချစ်သူဆိုတာ
လရောင်အောက်မှာ
ရှာသင့်တယ်...။
တကယ်
လက်ထပ်သင့်တဲ့
လူကိုတော့
နေရောင်အောက်မှာ
ရှာသင့်တယ်.."
ခင်နှင်းယု (ယောက်ျ်ားတို့ အကြောင်း)
Wednesday, September 16, 2015
Mr. Lee
From The Big Ideas Of Lee Kuan Yew
(ဒိုဂျေဆန်း ဘာသာပြန်ဆိုသည်)
အများက မစ္စတာလီကို လက်တွေ့ဆန်သူဟု သတ်မှတ်ထားကြသည်။
သူသည် အမှန်ခါးခါးကိုပင် ပြောချလိုက်ဖို့ မတုံ့ဆိုင်းသူ ဖြစ်သည်။
သူသည် ရည်ရွယ်ချက်ကို ဦးထိပ်ပန်ဆင်ထားသည့် အတွေးအမြင် ပဓာနဝါဒီဖြစ်သည်။
သူသည် လောကကို ကြည့်ရာ၌ အရှိအတိုင်း ကြည့်ရမည်ဖြစ်ပြီး ကိုယ်ဖြစ်စေချင်သလို မကြည့်ရဟု ခံယူထားသည်။
ကံကြမ္မာသည် လက်ဆန့်တန်းပြီး ကျနော်တို့ကို လုပ်ကိုင်ပေးလျှက်ရှိသည်။
သို့သော် အောင်ပွဲခံမည့် လက် ဖြစ်ဖို့ဆိုသည်မှာ ကျနော်တို့အပေါ်၌ မူတည်သည်။
အင်မတိအင်မတန် ကြီးမားသည့် ဆန္ဒ၊ ခံယူချက်နှင့် စိတ်ကူးနိုင်စွမ်းတို့ဖြင့် လုပ်ဆောင်ပါက တိုးတက်ရန်အတွက်လမျှော်လင့်ချက် အမြဲရှိနေမည်။
လူသည် ပကတိပြည့်စုံကောင်းမွန်ုခြင်း မရှိချေ။
သို့သော် ကျနော်တို့သည် ပိုကောင်းမွန်အောင် လုပ်၍ရသည်။
မစ္စတာလီသည် ကွန်ဖြူးရှပ် ဝါဒကို ထွေးပိုက်ထားသည်။
အဘယ့်ကြောင့်ဆိုသော် ကွန်ဖြူးရှပ်ဝါဒက လူသည် ကောင်းသည်ထက်ကောင်းအောင် ပိုလုပ်၍ရသည်ဟု ယုံကြည်သောကြောင့် ဖြစ်သည်။
မည်သည့် လူ့အဖွဲ့အစည်းမှ ပကတိ ပြည့်စုံ ကောင်းမွန်ခြင်း မရှိချေ။
သို့သော် စည်းစည်းလုံးလုံးရှိကြသည့် လူ့အဖွဲ့အစည်းသည် လူအများတွင် ရှိနေသည့်စိတ်ဓာတ်ကို အကောင်းဆုံးအခြေအနေဖြင့် ဆွဲထုတ်နိုင်သည်။
ကျနော်တို့၏ ပြည်သူလူထုအတွက် ပိုမိုကောင်းမွန်သော အနာဂတ်ကို ဖန်တီးပေးနိုင်သည်။ကျနော့်အမြင်တွင်
မစ္စတာလီသည် လက်တွေ့ကျသည့် အတွေးအမြင် ပဓါနဝါဒီ ဖြစ်သည်။
အတွေးအခေါ်မြင့်မားကြပါစေဗျာ...
လင်းဝေ

Sunday, February 8, 2015
ဒီစစ်ပွဲပြီးရင် ကျောင်း…တက်…ချင်…တယ်
(၁)
သေမင်းဟာ
ရိုင်ဖယ်ကို ပုခုံးမှာချိတ်
စာသင်ခန်း တံခါးတွေကို ပိတ်လိုက်တယ်…။
(၂)
စာအံသံတွေပျောက်ဆုံး
ဗုံးဆံတွေ မိုးချုန်းသလို ရွာချ…၊
အမှန်တရားတောင်ကုန်းကို
လက်နက်ကြီးအင်အားသုံးပြီး
သိမ်းပိုက်ဖို့ ကြိုးစားနေကြတယ်…။
မျက်ရည်နဲ့…
အလောင်းကောင်တွေပေါ်က “အမှန်တရား”
ဘယ်ပြည့်တန်ဆာကတောင်မှ
လေးစားမှာမဟုတ်ဘူး…။
စစ်ယူနီဖေါင်းရင်ဘတ်ပေါ်
ချိတ်ဆွဲထားတဲ့ တံဆိပ်တွေဟာ
စစ်ဘေးဒဏ်ကြောင့် သေသွားတဲ့
ကလေးတွေရဲ့ အရေအတွက်နဲ့
ထပ်တူ အချိုးကျပါသလား…
စစ်နတ်ဘုရားရဲ့ သင်္ချာကို
ငါ လက်ချိုးရေတွက်နေတယ်…။
(၃)
စပါးပင်ပျိုးရမယ့် တောင်ယာမြေမှာ
ငါ့ အဖေရဲ့ ခန္ဓာကိုယ် အပိုင်းအစ
ဖြစ်သလို မြှုပ်ပစ်ခဲ့ရတယ်…။
အမြောက်ဆံပေါက်ကွဲတဲ့ နေရာက မြက်ပင်လို
မိသားစုဘ၀တွေ ပြတ်ထွက်လွင့်စင်ကြ…
အမေရေ… ဒီတစ်သက်တော့
ထမင်းလက်ဆုံစားခွင့် မရှိတော့ဘူး…။
ဦးခေါင်းထက်မှာ ကျည်ဆံတွေက
နတ်ဆိုးရဲ့ လေချွန်သံလို
တရွှီရွှီမြည်နေတုန်း
မြေလွှာအောက်ကမိုင်းဗုံး
ဝုန်း ကနဲ ပေါက်ကွဲတယ်…။
ငါ့အနာဂတ်မျှော်လင့်ချက်ဟာ
ခြေထောက်တစ်ဖက်နဲ့အတူ
ပြုတ်ထွက်လွင့်စင်သွားပေါ့…။
“ငါ့အိမ် ငါ ပြန်လာတာလေ”
ဒါဟာ “အသွားမတော်တစ်လှမ်း” ဖြစ်ခဲ့ပါသလား
မျက်ရည်အ၀ဲသားနဲ့ မေးခွန်းထုတ်မိ
ငါ့ဘ၀ကတော့
ငါ့ဒူးဆစ်လို ငုံးတိတိ ဖြစ်လို့ နေလေရဲ့…။
ငြိမ်းချမ်းရေးမိုးခေါင်ရပ်ဝန်းဒေသမှာ
သားပျောက်တဲ့ အမေတွေနဲ့
အမေပျောက်တဲ့သားတွေ
အားလုံးဟာ လူအဖြစ်ကနေ လျှောကျ
တိရစ္ဆာန်တွေလို အမဲလိုက် ခံနေရတယ်…။
အမေအိုတို့ရဲ့ ငိုကြွေးသံ
မြစ်သောင်ယံမှာစီးဆင်း
ဧရာဝတီဟာ သွေးချင်းချင်းနီ…လို့။
(၄)
တိုင်ထက်မှာ
ချစ်ခြင်းမေတ္တာတရားကို သံမှိုနှက်
အာဏာပါးကွက်သားတို့က
ကွပ်မျက်ကြတာကို
“စစ်ပွဲ” လို့ခေါ်တယ်…။
စစ်ပွဲမှာ
ဘယ်သူနိုင်နိုင်… ဘယ်သူရှုံးရှုံး
နောက်ဆုံးမှာ
အမုန်းတရားကပဲ သိမ်းပိုက်…
မိဘမဲ့သွားတဲ့ ကလေးငယ်တွေကို
လောကထဲ မောင်းထုတ်လိုက်ကြတယ်…။
အို…သွေးဆာသူတို့
ရက်စက်ကြမ်းကြုတ်သူအပေါင်းတို့…။
အပြစ်မဲ့ပြည်သူတွေရဲ့သွေးနဲ့ ဘိသိက်မြှောက်
သူသတ်ကုန်းမှာ ဆောက်တဲ့ နန်းတော်ဆီ
ငါတို့ ဘယ်တော့မှ လက်အုပ်မချီဘူး…။
(၅)
“ကျည်ဆံဖိုးတွေ ထပ်မဖြုန်းပါနဲ့
ပေါင်မုန့်တစ်လုံးလောက် ၀ယ်ပေးပါ…”
“လက်ပစ်ဗုံးတွေပစ်မယ့်အစား
ငှက်ဖျားပျောက်ဆေးတစ်ခွက်ပေးပါ…”
စစ်ပွဲတစ်ပွဲမှာ
ပထမဦးဆုံးပစ်တဲ့ ကျည်ဆံ…
ကိုယ်ချင်းစာတရားကိုမှန်တယ်။
ကိုယ်ချင်းစာတရား ကျဆုံးခြင်းဟာ
နိုင်ငံတော် ဈာပနပဲ…။
ကဲ…အလံတစ်ဝက် လွှင့်ထူကြ…
ကမ္ဘာမကြေသီချင်းကို ဆိုတဲ့အခါ
ငိုသံပါနေရတာလောက်
ဝမ်းနည်းစရာကောင်းတာမရှိဘူးလေ…။
(၆)
“မုန်းတီးစိတ်တွေ
နောက်မျိုးဆက်ကို အမွေမပေးစေရ..
အာမဘန္တေ…”။
ငြိမ်းချမ်းရေးသီလယူသံ
ကောင်းကင်ထက်မှာ ညံပါစေ။
ကလေးတွေရင်ထဲက တောင်းဆုနဲ့
ငါတို့အားလုံး ၀တ်ပြုကြရအောင်…။
“မေမေ၀ယ်ပေးတဲ့
ကျောက်သင်ပုန်းပေါ်မှာ
ဝလုံး ၀ိုင်းဝိုင်းတွေ ခြစ်ဆွဲ
ဒီစစ်ပွဲပြီးရင်
ကျောင်း…တက်…ချင်…တယ်…”
မင်းခိုက်စိုးစန်
Saturday, June 15, 2013
တာရာမင်းဝေ ၃
“တချက်လောက်ငေးကြည့်လိုက်မိရင်းက အငြိငြိ အယှက်ယှက်နဲ့ ချစ်မြတ်လွမ်းဆွတ်ခဲ့ရတာပါ။
ပန်းတောင်ခါးပန်းမှာ ပျော်ပျော်လွင်လွင် ဆော့ကစားနေတဲ့မင်းသမီးလေးကို လယ်ကွင်းထဲကနေ ငေးကြည့်နေခဲ့ရတဲ့ စပါးပင်ကလေးလို ချစ်သူကို ငေးကြည့်ခဲ့ရတာပါ။
ဒါထက် ဘာမှမပိုပါဘူး ချစ်သူ။”
တာရာမင်းဝေ

တာရာမင်းဝေ ၁
“ကောက်ရိတ်သိမ်းမည့်နေ့မှာ သူ ..အောင်ပွဲခံမည်ဆိုတာကိုလဲ ကျနော် မနှစ်မြို့ပါ။
အဘယ်ကြောင့်ဆိုသော် သူရိတ်သိမ်းမည့် ကောက်ပင်များမှာ သူစိုက်ပျိုးသော ကောက်ပင်များမဟုတ်ပါ။
သူတပါး၏ အသီးအပွင့်များသာ ဖြစ်သည်။”

Friday, June 14, 2013
မင်းခိုက်စိုးစန် ၇
အချစ်သည် သွားကိုက်ခြင်းနှင့် ခတ်ဆင်ဆင် တူပါသည်။
ကိုယ်တိုင် ကိုယ်ကျ လက်တွေ့ မခံစားရဘူးဘဲနဲ့ အဲဒီဝေဒနာကို နားလည်နိုင်လိမ့်မည် မဟုတ်ပါ။
မင်းခိုက်စိုးစန်
ကိုယ်တိုင် ကိုယ်ကျ လက်တွေ့ မခံစားရဘူးဘဲနဲ့ အဲဒီဝေဒနာကို နားလည်နိုင်လိမ့်မည် မဟုတ်ပါ။
မင်းခိုက်စိုးစန်
မင်းခိုက်စိုးစန် ၆
“အချစ် စတင် ဖြစ်ပေါ်ရခြင်း၏ အကြောင်းအရင်းကို ရှင်းလင်းဖော်ပြ ဖြေဆိုပါ” ဟူသော မေးခွန်းမျိုးကိုသာ စာမေးပွဲမှာ မေးမည်ဆိုပါလျှင် ကမ္ဘာမြေပေါ်တွင် ရှိသော ယောကျာ်းတွေအားလုံး စာမေးပွဲကျကုန်လိမ့်မည်မှာ သေချာပါသည်။”
မင်းခိုက်စိုးစန်
မင်းခိုက်စိုးစန်
မင်းခိုက်စိုးစန် ၅
“တကယ်တော့ မင်း “ရင်နင့်လှပါချည်ရဲ့”လို့ ခံစားနေရတာတွေ အားလုံးဟာ ဘာမှ မဟုတ်တဲ့
သဲပွင့်လေးတွေပါ။ မေ့ချင်လွန်းလို့ဆိုပြီး အတင်းကြီး မေ့ဖို့ ကြိုးစားစရာမလိုဘူး။
ရူးချင်ယောင်ဆောင်နေဖို့လည်း မလိုဘူး။ သူ့ဘာသာသူ မေ့ချိန်တန်ရင်
အလိုလို ပြီးဆုံး မေ့ပျောက်သွားမှာပါပဲ။”
“ဘာကိုမှ ကပ်ငြိမှုမထားနဲ့။ဖြစ်နိုင်ရင် ပေါ့ပေါ့ ပါးပါးလေးပဲ နေထိုင်လိုက်ပါ။”
“လူ့ဘ၀ဟာ ဘာများ ကပ်ညိစရာကောင်းလို့လဲ။အားလုံးဟာ သဲပွင့် သဲမှုန်တွေချည်းပါပဲကွာ”
“အဲဒါကြောင့် မင်းဘာပဲလုပ်လုပ် ငါတို့စိတ်ထဲမှာ နာကြည်းစရာ ၊ဒေါသဖြစ်စရာ၊ ၀မ်းနည်းစရာ ဘာမှ
မရှိဘူး။ ငါတို့စိတ်က ဘာခံစားချက်ကိုမှ မကပ်ငြိဘူး။ လုပ်စရာရှိရင် လုပ်တယ်၊ တာဝန်ယူစရာရှိရင်
တာဝန်ယူတယ်။ ပြီးတော့လည်း ငါတို့ရင်ထဲမှာ အားလုံးပြီးသွားတာပါပဲကွာ”
မင်းခိုက်စိုးစန်

မင်းခိုက်စိုးစန် ၎
ကြက်ဖကြီးက သဲပွင့်များကို လက်ခုပ်ဖြင့်ခတ်ယူကာ ကမ်းစပ်သို့ ပစ်ချလိုက်သည်။
သူ့လက်ထဲက သဲပွင့်တို့သည် ကမ်းစပ်တွင် ရှိနေသည့် မရေမတွက်နိင်သော သဲပွင့်များနှင့်
ရေနှောကာ သူလိုကိုယ်လိုပင် ပျောက်ကွယ်သွား၏။
ခံစားချက်ဆိုသော အရာများသည် သဲပွင့်များနှင့် တူလှပါသည်။
ကိုယ်လက်ထဲတွင် ဆုပ်ကိုင်ထားစဉ်တုန်းကတော့ “ဟုတ်လှပြီ”ဟု ထင်စရာကောင်းသော်လည်း
တကယ်တမ်း လွှတ်ချလိုက်သောအခါ တခြားသဲမှုန်တွေလို အရောရောအနှောနှောဖြစ်ကာ
ဘာမှမဟုတ်တော့ဘဲ ပျောက်ကွယ်သွားသည်သာ ဖြစ်၏။

မင်းခိုက်စိုးစန် ၃
“လူတွေက ဘ၀မှာ ကိုယ့်ကိုယ်ကို ဇာတ်လိုက်လို့ ထင်နေကြတာချည်းပဲ။
လောက ပတ်ဝန်းကျင်ကြီး တစ်ခုလုံးက ကိုယ့်ကို ဗဟိုပြုပြီး ဖြစ်ပျက်နေကြသလိုမျိုး တွေးတတ်ကြတယ်။
အဖြစ်အပျက် အရာရာတိုင်းမှာ ကိုယ်က သိပ်ပြီးအရေးပါနေသလို ကိုယ့်ကိုယ်ကို ထင်နေကြတယ်။”
“မင်းက မင်းကိုယ်မင်း ဇာတ်လိုက်လို့ ထင်နေပုံရတယ်။မဟုတ်ပါဘူး။ဟောဒီ..လောကကြီးက
မင်းမမွေးခင်ကတည်းက ရှိနေတာ။မင်းသေသွားလည်း ရှိနေဦးမှာပဲ။ မင်းဆိုတဲ့ လူတစ်ယောက် မရှိယုံနဲ့
လောကကြီးက ဘာမှဖြစ်မသွားဘူး။သူ့ဘာသာသူ ခုတ်မောင်းနေမှာပဲ။
ဒါကို သဘောမပေါက်ဘဲ မင်းက အလုပ်တွေရှုတ်နေတယ်။
ကြေကွဲတာတွေ၊ အတိတ်ကို မေ့ပျောက်ပစ်ချင်တာတွေ၊ ရူးချင်ယောင်ဆောင်ရတာတွေနဲ့
မင်းဘာသာမင်း တစ်ယောက်ထဲ ပြဇာတ်ကနေတယ်။မင်းခံစားချက်တွေက
ကြီးကျယ်ခမ်းနားလှပါချည်ရဲ့လို့ မင်းတစ်ယောက်ထဲ ထင်နေတယ်..။”

မင်းခိုက်စိုးစန် ၂
“ငါကတော့ အသုဘ အခေါင်းတလားနဲ့ တူတဲ့ လူစားမျိုးပဲ ဖြစ်ချင်တယ်ကွာ”
“အသုဘ အခေါင်းက ဘာမှ လုပ်စရာမလိုတဲ့ အချိန်မှာ ပေါ့ပါးလွတ်လတ်နေတယ်။
တကယ်လိုအပ်လို့ အလုပ်လုပ်ရပြီဆိုရင်လည်း
သေခြင်းတရားကိုတောင် နှစ်နှစ်ခြိုက်ခြိုက် ထွေးပွေ့ထားနိုင်တယ်လေ”

ဆရာ မင်းခိုက်စိုးစန် ၁
“လူတွေက အကျီင်္တိုက်တဲ့ မီးပူနဲ့ တူတယ်ကွ”
“လူတွေက သူတို့ကိုယ်တိုင်လည်း ပူလောင်မှုကို သိမ်းပိုက်ထားကြတယ်။
ပြီးတော့ တခြားသူတွေကိုလည်း သူတို့အောက်မှာ
ပြားပြားဝတ်အောင် ဖိထားချင်ကြတယ်။”

Thursday, December 30, 2010
ကျေးဇူးပြုပြီး အမေ့ကို ပြန်မပြောပါနဲ့
ကျေးဇူးပြုပြီး အမေ့ကို ပြန်မပြောပါနဲ့
အမိမြေကနေ ခွဲခွါမှဖြစ်မယ်ဆိုတဲ့ အသိနဲ့ မတတ်သာလို့ ခွဲခွါခဲ့ရတဲ့
လူတစ်ယောက်ရဲ့ ပုဂ္ဂလိက ခံစားချက်တွေပါ။ နိုင်ငံခြားကိုမှ
လူပြည်လို့ထင်တဲ့ လူတချို့အတွက် ဟားစရာဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
လူတစ်ကိုယ် စိတ်တစ်မျိုးစီပဲ မဟုတ်လား…။
ကျွန်တော်ရဲ့ ပင်ကိုစိတ်က အေးအေးချမ်းချမ်းနဲ့
စားနိုင်သောက်နိုင်ဖြစ်ရင်ရပြီ။ ဘာတိုက်ကြီးနဲ့မှ၊ ဘာကားကြီးနဲ့မှ ဆိုတဲ့
လောဘစိတ်တွေမရှိဘူး။ ဘ၀ကို အေးအေးလူလူနဲ့ ကိုယ်လိုချင်တဲ့ ပစ္စည်းတစ်ခုကို
ကိုယ်လိုချင်တဲ့ အချိန်မှာ ကြောင့်ကြမဲ့စွာ ၀ယ်နိုင်ရင် တော်ပြီ
ဆိုတဲ့လူမျိုးပါ။
ကိုယ့်တိုင်းပြည်မှာက တစုံတယောက်ယောက်နဲ့ တည့်အောင်ပေါင်းနိုင်မှ
စီးပွားဖြစ်တာဆိုတော့ ပညာနဲ့က လွဲရင် အဲဒီလို ကပ်ဖား စီးပွားရေးမျိုးလဲ
မလုပ်တတ်တဲ့ ကျွန်တော့်အတွက် နိုင်ငံခြားထွက် အလုပ်လုပ်ပြီး
မိသားစုပြန်ကြည့်ဘို့ကလွဲလို့၊ တခြားနည်းလမ်းကလည်း မရှိ။
ဒီလိုနဲ့ တိုးတက်တဲ့ ကျွန်းလေးတစ်ကျွန်းပေါ် ရောက်လာတယ် ဆိုပါတော့။
ပြီးတော့အလုပ်ရဘို့၊ အလုပ်ရတော့ နေထိုင်ခွင့်ရဘို့၊ ဒါတွေပြီးသွားတော့
လုပ်ငန်းခွင်မှာ အဆင်ပြေဘို့။ အဆင့်ဆင့်ဖြတ်သန်းပြီး နည်းနည်းလေး
နေသားကျလာတော့ ပထမဆုံး တွေးမိတာက ငါဟာ လူနဲ့ မတူတော့ပါလားဆိုတဲ့
အတွေးပါဘဲ။
နိုင်ငံခြားမှာ အလုပ်လုပ်ရတာ တန်အောင်ခိုင်းတဲ့အပြင်
ကိုယ့်စိတ်နဲ့ကိုယ်တောင် နားခွင့်မပေးရဲတဲ့ ဘ၀မျိုးတွေပါ။ စိတ်ကို
လေးလံတဲ့အရာတစ်ခု အမြဲဖိစီးနေတဲ့အပြင် ညှစ်ပါညှစ်ခံထားရတာမျိုးပါ။ မနက် ၆
နာရီထ၊ မျက်စိမဖွင့်ဘဲ ရေချိုး၊ အ၀တ်အစားလဲပြီး Bus ကားတတန်၊
ရထားတတန်စီးပြီး ရုံးကိုရောက်၊ ရောက်တာနဲ့ ရုံးက ကွန်ပျူတာ Server
တွေနေကောင်းရဲ့လား၊ ကျန်းကျန်းမာမာရှိရဲ့လား လို့ အရင်စစ်ရတယ်။
သူတို့နေမကောင်း၊ နှာစီး ချောင်းဆိုး ဖြစ်ပြီဆိုရင်တော့
ှတွတ်ပီကံမကောင်းတဲ့နေ့ပါဘဲ။ အဲဒါစစ်ပြီးသွားရင် ရေးစရာရှိတဲ့ Program
တွေခေါင်းမဖော်တမ်း ရေးလိုက်ရတာ ၁၂း၃၀ အထိပါဘဲ။ ကျွန်တော့် Team မှာ
ကျွန်တော်အပါအ၀င် လူ (၃) ယောက်ပဲရှိရတဲ့ အထဲ ကျန်နှစ်ယောက်က ကုလားနဲ့
ကုလားမပါ။ သူတို့ပြောနေတဲ့ဘာသာ စကားကလဲ ကျွန်တော် နားမလည်တော့ အလုပ်ထဲမှာ
တစ်ယောက်တည်း ရေးစရာရှိရေးနေယုံပဲပေါ့။ ဒီလိုနဲ့ ထမင်းစားချိန် ၄၅ မိနစ်၊
ပြီးတာနဲ့ ထပ်ပြီးရေးရပြန်ရော။ Project တွေကလဲ တစ်ခုမပြီးသေးဘူး၊
နောက်အသစ်တစ်ခုက စောင့်နေပြီ။ အရေးထဲ Team Leader က ဘာမှမသိတဲ့
ကုလားဆိုတော့ Project Delivery Date တွေက Programmer တွေအတွက်
မဖြစ်နိုင်တဲ့ ရက်အကန့်အသတ်နဲ့။ ဒီလိုနဲ့ တစ်နေကုန်ရေးပြီး ဦးနှောက်က
၇း၀၀ နာရီလောက်ဆို ဒေါင်းသွားပြီ။ အိမ်ကို Bus ကားနဲ့၊ ရထား စီးပြီး
ပြန်ရောက်တဲ့ အချိန်က ၉း၀၀ နာရီ။ ညစာစားပြီး
ကိုယ့်အခန်းထဲရောက်တဲ့အချိန်က ၁၀း၀၀ နာရီ။ Blog လေး၊
သတင်းလေးဖတ်လိုက်တော့ ၁၁း၀၀ နာရီ၊ နောက်နေ့ ၆ နာရီထဖို့
အိပ်မှဖြစ်တော့မယ်လို့ ဦးနှောက်က အသိပေးနေပြီ။ ဒါပေမယ့် စိတ်က
မအိပ်ချင်သေးလို့ ဂီတာလေးကောက်ကိုင်လိုက်တော့ ၁၂း၀၀ နာရီ။ ကဲ... ဒါနဲ့ပဲ
တနေ၀င် တနေထွက်... စက်ရုပ်လူသားဘ၀။ စနေ၊ တနင်္ဂနွေ ကျတော့ အ၀တ်လျှော်၊
အခန်းရှင်း၊ မီးပူထိုး၊ တစ်ပတ်စာဈေးဝယ် မြန်မာဟင်း လွမ်းတာလေးတွေ
ချက်စား၊ စာအုပ်လေးဖတ်ရင်ဖတ်၊ အဲဒီနေ့တွေဆို အိမ်မှာပဲ အေးအေးဆေးဆေး
နေချင်တော့တယ်။ တခါတလေ အလုပ်က Program ပြဿနာတွေဖြေရှင်းဘို့ စာအုပ်တွေ
ရှာဖတ်၊ Internet မှာ download လုပ်။ ဘယ်မှာလဲ... အပေါင်းအသင်းအတွက်၊
မိတ်ဆွေသူငယ်ချင်းအတွက်အချိန်... သူငယ်ချင်းနေမကောင်းလဲ Ph နဲ့သတင်းမေး၊
လေဆိပ်ဆင်းရမယ့်ရက်ဆိုလဲ ခွင့်မရလို့ လိုက်မပို့နိုင်၊ လူမှူရေးတွေ
ပျက်ကွက်လို့ သူငယ်ချင်းအားလုံးလဲ SMS လောက်နဲ့ နှုတ်ဆက်နေကြရ။ ကြာလာတော့
လူချင်းတွေ့ရင်တောင် SMS စကားတွေဖြစ်လို့။ ဟူး... တကယ်တော့
နိုင်ငံခြားဆိုတာ လူမှူရေးတွေကို တိုတိုတုတ်တုတ် ဖြစ်စေသတဲ့လား။
တစ်လကုန်လို့ရလာတဲ့ လစာကို အိမ်ပို့ဖို့အတွက်၊ အိမ်လခပေးဘို့အတွက်
တစ်လလုံးစားဖို့သောက်ဖို့အတွက်၊ Ph ဖိုးနဲ့ အထွေထွေကုန်ကျစရိတ်အတွက်၊
လိုအပ်တဲ့ပစ္စည်းလေးတွေဝယ်ဘို့အတွက် ခွဲခြမ်းစိတ်ဖြာလိုက်တော့ ၁၀ ပုံ ၁
ပုံတောင်စုဖို့က အနိုင်နိုင်။ တခါတလေ အပေါင်းအသင်းကို ကူညီလိုက်လို့
လခမထုတ်ခင် ပိုက်ဆံပြတ်သွားရင် ဥပုသ်စောင့်ရတာကရှိသေး။
ကိုယ့်မြေမှာတုန်းကလို သူငယ်ချင်းရေ... ငါ့ကိုဘယ်လောက်လှည့်ကွာ
လို့ပြောဘို့ အားလုံးကလဲ သူမသာ၊ ကိုယ်အသုဘ အဲ... အဲလိုလဲ ဟုတ်သေးပါဘူး
ကိုယ်လိုသူလို အတူတူ ဘ၀...။ ဒါ...ဘ၀တဲ့လား။
ကိုယ့်တိုင်းပြည်မှာဆို မနက်မိုးလင်းရင် ပဲပြုတ်ပူပူနွေးနွေး
မွှေးမွှေးလေးနဲ့ ထမင်းနဲ့ အမေက ကြော်ကျွေးတယ်။ ဒီမှာဆို ပဲပြုတ်တောင်
အေးခဲမာတောင့်၊ အနံ့ကလဲမရှိတော့။ အေးခဲနေတာကို ပူအောင်ပြန်လုပ်စား၊
စားသောက်စရာ တော်တော်များများကို အေးခဲလိုက်၊
ပြန်ပူအောင်လုပ်ပြီးစားလိုက်၊ မြန်မာပြည်မှာလို လတ်လတ်ဆတ်ဆတ်
ချက်ပြုတ်မစားနိုင်တဲ့ဘ၀၊ ဒီက Food Court က ဟင်းတွေကလဲ
ကြာကြာစားတော့နံလာပြီ။ အရသာတွေကလဲ အားလုံးတူနေသလိုပဲ။ ဒါနဲ့ပဲ
မြန်မာအစားအစာလေးတွေ တတ်သလောက်၊ မှတ်သလောက် လျှောက်လုပ်စား၊ တခါတလေလဲ
စားလို့ကောင်း၊ တခါတလေလဲ ဘာဟင်းကြီးမှန်း မသိတဲ့ ဟင်းမျိုးတွေဖြစ်လို့။
အိမ်ပြန်ချင်လိုက်တာအမေရယ်။
လူ့စိတ်ကလဲ မကောင်းတာများပြောပါတယ်။ မရနိုင်ဘူးဆိုမှ ဘိန်းမုန့်လေး၊
မုန့်လင်မယားလေး စားချင်တာက ရှိသေး... ရန်ကုန်မှာဆို ညဘက်လှည်းတန်းမှာ
မုန့်အစုံပေါမှပေါ.. ဒီမှာတော့ ငှက်ပျောသီး သရက်သီးတောင် မချိုပါဘူး
အမေရာ။အလုပ်ကအိမ်ပြန်၊ အိမ်မှာအိပ်ပြီး အလုပ်ပြန်သွား၊ အိပ်၊ စား၊
အလုပ်လုပ်၊ ဒီ (၃) ခုပဲရှိတဲ့ တနေ့တာက ပျော်စရာကောင်းတဲ့ ဘ၀တဲ့ လား။
ကျွန်တော်အပျင်းမကြီးပါဘူး။ တနေကုန်လ္ဘက်ရည်ဆိုင်ထိုင်ပြီး
ကောင်မလေးတွေအကြောင်း လျှောက်ပြောနေချင်တာမဟုတ်ပါဘူး။
အလုပ်လုပ်ချိန်လုပ်၊ စားချိန်စား၊ အိပ်ချိန်အိပ်၊ ဒါ့အပြင်
ကိုယ်ဝါသနာပါတဲ့ ပန်းချီဆွဲချိန်၊ ဒါမှမဟုတ် ဂီတာတီးချိန်၊ ဒါမှမဟုတ်
ရုပ်ရှင်ကြည့် အပန်းဖြေချိန်လေးတွေ စတဲ့ ကိုယ်စိတ်ပျော်ရာ ကို
စိတ်လက်ပေါ့ပါးစွာ လုပ်ခွင့်ရှိခဲ့တဲ့ ကိုယ်နိုင်ငံမှာတုန်းက
အချိန်လေးတွေကို လွမ်းတာပါ။ စိတ်ပန်းဖြေစရာမရှိ၊ အလုပ်ပြီးအလုပ်၊
စားပြီးရင်အိပ်၊ ဒီလိုနဲ့ အလုပ်ကဖိစီးတဲ့ဒဏ်၊ ပတ်ဝန်းကျင်က လူပါးဝတဲ့
လူတချို့ရဲ့ ဒဏ်၊ အထီးကျန်ပြီး အိမ်ကိုလွမ်းတဲ့ဒဏ် တွေနဲ့
ကဗျာရွတ်သံတွေတောင် တိုးတိတ်နေပါပြီ အမေရာ...။
့မြန်မာပြည်က လူတွေက တစ်ယောက်ယောက်များ နိုင်ငံခြားသွားတော့မယ်ဆိုရင်
ပုဇွန်ခြောက်ဆိုလဲ ရွှေပုဇွန်ခြောက်လေး၊ လ္ဘက်ဆိုရင်လဲ အညွှန့်လေးတွေချည်းပဲ
နှပ်ပေးရတာနဲ့၊ အရာရာကို အကောင်းလေးတွေချည်းပဲ ထည့်ပေးတတ်ကြတယ်။
ငါးပိဆိုရင်လည်း ရခိုင်ငပိလေး၊ ငါးခြောက်ဆိုရင်လည်း ငါးရံ့ခြောက်၊
ငါးပုတ်ခြောက် စသည်ဖြင့်ပေါ့။ ဒီကလူတွေကတော့ ရှိတာလေးကို ဝေပုံချပြီး
တိုင်းထွာသုံးနေရတဲ့ ဘ၀မျိုးမှာ မြန်မာပြည်ပြန်လို့
လက်ဆောင်တွေပေးရတော့မယ်ဆိုရင် ဈေးသက်သာတဲ့ ဆိုင်ကိုရွေး၊
လျှော့ဈေးရှာဝယ်ရနဲ့ ဖတ်ဖတ်ကို မောလို့။ ဒါပေမယ့်လည်း ကိုယ်ဝမ်းနာ
ကိုယ်သာသိ၊ ကိုယ့်ဒုက္ခနဲ့ ကိုယ်မဟုတ်လား။
စိတ်လက်ရွှင်လန်းပါစေတော့ရယ်လို့ အိမ်ရှေ့မှာ ပန်းအိုးလေးနဲ့ သစ်ပင်လေးတွေ
စိုက်ထားပြန်တော့လည်း ဈေးကြီးတဲ့သစ်ပင်လေးဆို ခိုးသွားပါလေရော။ ဟိုနား
ဒီနား အလွယ်တကူ သွားလို့ရအောင် စက်ဘီးလေးဝယ်ပြီး အိမ်ရှေ့ ၀ရန်တာ
လက်တန်းမှာ သံကြိုးနဲ့ ချည်ထားပြန်တော့ ဖြုတ်လို့ရတဲ့ ဒေါက်နဲ့
ခြေနင်းလေးတွေ ဖြုတ်သွားပြန်ရော။ တွန်းလှည်းလေးနဲ့ အပြည့် ဈေးဝယ်ပြီး
အပြန်လမ်းမှာ ဆိုင်လေးတစ်ခုထဲ ခဏ၀င်ပြီး ဖုန်းကတ်ဝယ်လိုက်တော့
ခြင်းတောင်းထဲက လိမ္မော်ရည် ပုလင်းက မရှိတော့ပြန်ဘူး။ ဖိနပ်အသစ်ကလေး
ဝယ်ပြီး အိမ်ရှေ့ ဖိနပ်စင်မှာ တင်ထားမိတော့ တစ်ညအတွင်း ဖိနပ်က
မရှိတော့ဘူး။ ကဲ... ဘာများထူးလို့လဲ အမေရာ...။
ကိုယ့်နိုင်ငံမှာ လာနေတဲ့ နိုင်ငံခြားသားကတော့ လုပ်ငန်းရှင်
စီးပွားရေးသမားတဲ့။ မျက်နှာငယ်ရတယ် လို့လည်း မကြားဖူးပါဘူး။
သူများနိုင်ငံမှာ ကိုယ်သွားနေရတော့ ပညာဖြင့် အသက်မွေးဝမ်းကျောင်းသော
အလုပ်သမားတဲ့။ မျက်နှာငယ်တယ် ဆိုတာထက် သေချာတဲ့ နေထိုင်ခွင့် မရခင်
Immigration သွားရတဲ့ ရက်တွေဆို ဒီကျွန်းပေါ်မှာ မျက်နှာထား အဆိုးဆုံး
မလေးရှားမတွေနဲ့ ရင်ဆိုင်ရပြန်ရော။ ကိုယ့် ကံကြမ္မာက သူတို့ လက်ထဲမှာ။
ရယ်ပြ၊ ပြုံးပြလို့လည်း အပိုပဲ။ ကဲ... မခက်ဘူးလား အမေရာ...။
အမေကတော့ အဲယားကွန်းထဲမှာ တစ်နေကုန် ထိုင်ပြီး အလုပ်လုပ်ရတဲ့
သားတော်မောင် ကွန်ပျူတာထဲမှာ ABCD တွေ ရေးနေယုံပဲ လို့ထင်နေရှာမှာပဲ။
ဟုတ်တယ် အမေရေ... အဲဒီ ABCD က error တစ်ခုခုများ တက်နေရင် စားလည်းဒါပဲ
စဉ်းစား၊ ထမင်းက ဘာအရသာမှန်း မသိလိုက်။ အိပ်လည်း အိပ်မက်ထဲမှာ ABCD ရွတ်၊
နောက်ဆုံး စိတ်ပြေလက်ပြောက် ဂီတာတီးရင်တောင် လက်တွေကသာ ကြိုးပေါ်မှာ၊
သံစဉ်တွေကတော့ ABCD ပဲလေ။ ကဲ... ဖိစီးမှုတွေ ပေါ့ပါးသတဲ့လား အမေရာ...။
စာအုပ်ထဲမှာတော့ လူဆိုတာ ရောင့်ရဲနိုင်တဲ့ နေ့မှာမှ
တကယ်ချမ်းသာသွားတာတဲ့။ ဒါပေမယ့် သားတွေအတွက် ဂုဏ်ယူနေတဲ့
အမေ့အပြုံးလေးတွေ၊ ဆွေမျိုးတွေအလယ်မှာ ပျော်ရွှင်ခြင်း အပြည့်နဲ့
တောက်ပနေတဲ့ အမေ မျက်လုံးလေးတွေ၊ အိုဇာတာကောင်းလိုက်တာလို့
ချီးမွမ်းခံနေရတဲ့ အမေ့ရဲ့ ကံဇာတာလေးတွေ၊ အရောင်မှိန်သွားမှာစိုးလို့
အခုချိန်ထိတော့ ရောင့်ရဲခြင်းဆိုတာနဲ့ ဝေးနေပါသေးတယ်။
တချို့အမှန်တရားတွေကို အမေသိသွားရင် စိတ်ဆင်းရဲနေရှာမှာမို့
ကျေးဇူးပြုပြီး ကျွန်တော်ပြောတာတွေ အမေ့ကို ပြန်မပြောကြပါနဲ့ဗျာ။ ။
မေးထဲရောက်လာတာလေးကြိုက်လို့ဗျို့
အမိမြေကနေ ခွဲခွါမှဖြစ်မယ်ဆိုတဲ့ အသိနဲ့ မတတ်သာလို့ ခွဲခွါခဲ့ရတဲ့
လူတစ်ယောက်ရဲ့ ပုဂ္ဂလိက ခံစားချက်တွေပါ။ နိုင်ငံခြားကိုမှ
လူပြည်လို့ထင်တဲ့ လူတချို့အတွက် ဟားစရာဖြစ်ကောင်းဖြစ်ပါလိမ့်မယ်
လူတစ်ကိုယ် စိတ်တစ်မျိုးစီပဲ မဟုတ်လား…။
ကျွန်တော်ရဲ့ ပင်ကိုစိတ်က အေးအေးချမ်းချမ်းနဲ့
စားနိုင်သောက်နိုင်ဖြစ်ရင်ရပြီ။ ဘာတိုက်ကြီးနဲ့မှ၊ ဘာကားကြီးနဲ့မှ ဆိုတဲ့
လောဘစိတ်တွေမရှိဘူး။ ဘ၀ကို အေးအေးလူလူနဲ့ ကိုယ်လိုချင်တဲ့ ပစ္စည်းတစ်ခုကို
ကိုယ်လိုချင်တဲ့ အချိန်မှာ ကြောင့်ကြမဲ့စွာ ၀ယ်နိုင်ရင် တော်ပြီ
ဆိုတဲ့လူမျိုးပါ။
ကိုယ့်တိုင်းပြည်မှာက တစုံတယောက်ယောက်နဲ့ တည့်အောင်ပေါင်းနိုင်မှ
စီးပွားဖြစ်တာဆိုတော့ ပညာနဲ့က လွဲရင် အဲဒီလို ကပ်ဖား စီးပွားရေးမျိုးလဲ
မလုပ်တတ်တဲ့ ကျွန်တော့်အတွက် နိုင်ငံခြားထွက် အလုပ်လုပ်ပြီး
မိသားစုပြန်ကြည့်ဘို့ကလွဲလို့၊ တခြားနည်းလမ်းကလည်း မရှိ။
ဒီလိုနဲ့ တိုးတက်တဲ့ ကျွန်းလေးတစ်ကျွန်းပေါ် ရောက်လာတယ် ဆိုပါတော့။
ပြီးတော့အလုပ်ရဘို့၊ အလုပ်ရတော့ နေထိုင်ခွင့်ရဘို့၊ ဒါတွေပြီးသွားတော့
လုပ်ငန်းခွင်မှာ အဆင်ပြေဘို့။ အဆင့်ဆင့်ဖြတ်သန်းပြီး နည်းနည်းလေး
နေသားကျလာတော့ ပထမဆုံး တွေးမိတာက ငါဟာ လူနဲ့ မတူတော့ပါလားဆိုတဲ့
အတွေးပါဘဲ။
နိုင်ငံခြားမှာ အလုပ်လုပ်ရတာ တန်အောင်ခိုင်းတဲ့အပြင်
ကိုယ့်စိတ်နဲ့ကိုယ်တောင် နားခွင့်မပေးရဲတဲ့ ဘ၀မျိုးတွေပါ။ စိတ်ကို
လေးလံတဲ့အရာတစ်ခု အမြဲဖိစီးနေတဲ့အပြင် ညှစ်ပါညှစ်ခံထားရတာမျိုးပါ။ မနက် ၆
နာရီထ၊ မျက်စိမဖွင့်ဘဲ ရေချိုး၊ အ၀တ်အစားလဲပြီး Bus ကားတတန်၊
ရထားတတန်စီးပြီး ရုံးကိုရောက်၊ ရောက်တာနဲ့ ရုံးက ကွန်ပျူတာ Server
တွေနေကောင်းရဲ့လား၊ ကျန်းကျန်းမာမာရှိရဲ့လား လို့ အရင်စစ်ရတယ်။
သူတို့နေမကောင်း၊ နှာစီး ချောင်းဆိုး ဖြစ်ပြီဆိုရင်တော့
ှတွတ်ပီကံမကောင်းတဲ့နေ့ပါဘဲ။ အဲဒါစစ်ပြီးသွားရင် ရေးစရာရှိတဲ့ Program
တွေခေါင်းမဖော်တမ်း ရေးလိုက်ရတာ ၁၂း၃၀ အထိပါဘဲ။ ကျွန်တော့် Team မှာ
ကျွန်တော်အပါအ၀င် လူ (၃) ယောက်ပဲရှိရတဲ့ အထဲ ကျန်နှစ်ယောက်က ကုလားနဲ့
ကုလားမပါ။ သူတို့ပြောနေတဲ့ဘာသာ စကားကလဲ ကျွန်တော် နားမလည်တော့ အလုပ်ထဲမှာ
တစ်ယောက်တည်း ရေးစရာရှိရေးနေယုံပဲပေါ့။ ဒီလိုနဲ့ ထမင်းစားချိန် ၄၅ မိနစ်၊
ပြီးတာနဲ့ ထပ်ပြီးရေးရပြန်ရော။ Project တွေကလဲ တစ်ခုမပြီးသေးဘူး၊
နောက်အသစ်တစ်ခုက စောင့်နေပြီ။ အရေးထဲ Team Leader က ဘာမှမသိတဲ့
ကုလားဆိုတော့ Project Delivery Date တွေက Programmer တွေအတွက်
မဖြစ်နိုင်တဲ့ ရက်အကန့်အသတ်နဲ့။ ဒီလိုနဲ့ တစ်နေကုန်ရေးပြီး ဦးနှောက်က
၇း၀၀ နာရီလောက်ဆို ဒေါင်းသွားပြီ။ အိမ်ကို Bus ကားနဲ့၊ ရထား စီးပြီး
ပြန်ရောက်တဲ့ အချိန်က ၉း၀၀ နာရီ။ ညစာစားပြီး
ကိုယ့်အခန်းထဲရောက်တဲ့အချိန်က ၁၀း၀၀ နာရီ။ Blog လေး၊
သတင်းလေးဖတ်လိုက်တော့ ၁၁း၀၀ နာရီ၊ နောက်နေ့ ၆ နာရီထဖို့
အိပ်မှဖြစ်တော့မယ်လို့ ဦးနှောက်က အသိပေးနေပြီ။ ဒါပေမယ့် စိတ်က
မအိပ်ချင်သေးလို့ ဂီတာလေးကောက်ကိုင်လိုက်တော့ ၁၂း၀၀ နာရီ။ ကဲ... ဒါနဲ့ပဲ
တနေ၀င် တနေထွက်... စက်ရုပ်လူသားဘ၀။ စနေ၊ တနင်္ဂနွေ ကျတော့ အ၀တ်လျှော်၊
အခန်းရှင်း၊ မီးပူထိုး၊ တစ်ပတ်စာဈေးဝယ် မြန်မာဟင်း လွမ်းတာလေးတွေ
ချက်စား၊ စာအုပ်လေးဖတ်ရင်ဖတ်၊ အဲဒီနေ့တွေဆို အိမ်မှာပဲ အေးအေးဆေးဆေး
နေချင်တော့တယ်။ တခါတလေ အလုပ်က Program ပြဿနာတွေဖြေရှင်းဘို့ စာအုပ်တွေ
ရှာဖတ်၊ Internet မှာ download လုပ်။ ဘယ်မှာလဲ... အပေါင်းအသင်းအတွက်၊
မိတ်ဆွေသူငယ်ချင်းအတွက်အချိန်..
လေဆိပ်ဆင်းရမယ့်ရက်ဆိုလဲ ခွင့်မရလို့ လိုက်မပို့နိုင်၊ လူမှူရေးတွေ
ပျက်ကွက်လို့ သူငယ်ချင်းအားလုံးလဲ SMS လောက်နဲ့ နှုတ်ဆက်နေကြရ။ ကြာလာတော့
လူချင်းတွေ့ရင်တောင် SMS စကားတွေဖြစ်လို့။ ဟူး... တကယ်တော့
နိုင်ငံခြားဆိုတာ လူမှူရေးတွေကို တိုတိုတုတ်တုတ် ဖြစ်စေသတဲ့လား။
တစ်လကုန်လို့ရလာတဲ့ လစာကို အိမ်ပို့ဖို့အတွက်၊ အိမ်လခပေးဘို့အတွက်
တစ်လလုံးစားဖို့သောက်ဖို့အတွက်၊ Ph ဖိုးနဲ့ အထွေထွေကုန်ကျစရိတ်အတွက်၊
လိုအပ်တဲ့ပစ္စည်းလေးတွေဝယ်ဘို့
ပုံတောင်စုဖို့က အနိုင်နိုင်။ တခါတလေ အပေါင်းအသင်းကို ကူညီလိုက်လို့
လခမထုတ်ခင် ပိုက်ဆံပြတ်သွားရင် ဥပုသ်စောင့်ရတာကရှိသေး။
ကိုယ့်မြေမှာတုန်းကလို သူငယ်ချင်းရေ... ငါ့ကိုဘယ်လောက်လှည့်ကွာ
လို့ပြောဘို့ အားလုံးကလဲ သူမသာ၊ ကိုယ်အသုဘ အဲ... အဲလိုလဲ ဟုတ်သေးပါဘူး
ကိုယ်လိုသူလို အတူတူ ဘ၀...။ ဒါ...ဘ၀တဲ့လား။
ကိုယ့်တိုင်းပြည်မှာဆို မနက်မိုးလင်းရင် ပဲပြုတ်ပူပူနွေးနွေး
မွှေးမွှေးလေးနဲ့ ထမင်းနဲ့ အမေက ကြော်ကျွေးတယ်။ ဒီမှာဆို ပဲပြုတ်တောင်
အေးခဲမာတောင့်၊ အနံ့ကလဲမရှိတော့။ အေးခဲနေတာကို ပူအောင်ပြန်လုပ်စား၊
စားသောက်စရာ တော်တော်များများကို အေးခဲလိုက်၊
ပြန်ပူအောင်လုပ်ပြီးစားလိုက်၊ မြန်မာပြည်မှာလို လတ်လတ်ဆတ်ဆတ်
ချက်ပြုတ်မစားနိုင်တဲ့ဘ၀၊ ဒီက Food Court က ဟင်းတွေကလဲ
ကြာကြာစားတော့နံလာပြီ။ အရသာတွေကလဲ အားလုံးတူနေသလိုပဲ။ ဒါနဲ့ပဲ
မြန်မာအစားအစာလေးတွေ တတ်သလောက်၊ မှတ်သလောက် လျှောက်လုပ်စား၊ တခါတလေလဲ
စားလို့ကောင်း၊ တခါတလေလဲ ဘာဟင်းကြီးမှန်း မသိတဲ့ ဟင်းမျိုးတွေဖြစ်လို့။
အိမ်ပြန်ချင်လိုက်တာအမေရယ်။
လူ့စိတ်ကလဲ မကောင်းတာများပြောပါတယ်။ မရနိုင်ဘူးဆိုမှ ဘိန်းမုန့်လေး၊
မုန့်လင်မယားလေး စားချင်တာက ရှိသေး... ရန်ကုန်မှာဆို ညဘက်လှည်းတန်းမှာ
မုန့်အစုံပေါမှပေါ.. ဒီမှာတော့ ငှက်ပျောသီး သရက်သီးတောင် မချိုပါဘူး
အမေရာ။အလုပ်ကအိမ်ပြန်၊ အိမ်မှာအိပ်ပြီး အလုပ်ပြန်သွား၊ အိပ်၊ စား၊
အလုပ်လုပ်၊ ဒီ (၃) ခုပဲရှိတဲ့ တနေ့တာက ပျော်စရာကောင်းတဲ့ ဘ၀တဲ့ လား။
ကျွန်တော်အပျင်းမကြီးပါဘူး။ တနေကုန်လ္ဘက်ရည်ဆိုင်ထိုင်ပြီး
ကောင်မလေးတွေအကြောင်း လျှောက်ပြောနေချင်တာမဟုတ်ပါဘူး။
အလုပ်လုပ်ချိန်လုပ်၊ စားချိန်စား၊ အိပ်ချိန်အိပ်၊ ဒါ့အပြင်
ကိုယ်ဝါသနာပါတဲ့ ပန်းချီဆွဲချိန်၊ ဒါမှမဟုတ် ဂီတာတီးချိန်၊ ဒါမှမဟုတ်
ရုပ်ရှင်ကြည့် အပန်းဖြေချိန်လေးတွေ စတဲ့ ကိုယ်စိတ်ပျော်ရာ ကို
စိတ်လက်ပေါ့ပါးစွာ လုပ်ခွင့်ရှိခဲ့တဲ့ ကိုယ်နိုင်ငံမှာတုန်းက
အချိန်လေးတွေကို လွမ်းတာပါ။ စိတ်ပန်းဖြေစရာမရှိ၊ အလုပ်ပြီးအလုပ်၊
စားပြီးရင်အိပ်၊ ဒီလိုနဲ့ အလုပ်ကဖိစီးတဲ့ဒဏ်၊ ပတ်ဝန်းကျင်က လူပါးဝတဲ့
လူတချို့ရဲ့ ဒဏ်၊ အထီးကျန်ပြီး အိမ်ကိုလွမ်းတဲ့ဒဏ် တွေနဲ့
ကဗျာရွတ်သံတွေတောင် တိုးတိတ်နေပါပြီ အမေရာ...။
့မြန်မာပြည်က လူတွေက တစ်ယောက်ယောက်များ နိုင်ငံခြားသွားတော့မယ်ဆိုရင်
ပုဇွန်ခြောက်ဆိုလဲ ရွှေပုဇွန်ခြောက်လေး၊ လ္ဘက်ဆိုရင်လဲ အညွှန့်လေးတွေချည်းပဲ
နှပ်ပေးရတာနဲ့၊ အရာရာကို အကောင်းလေးတွေချည်းပဲ ထည့်ပေးတတ်ကြတယ်။
ငါးပိဆိုရင်လည်း ရခိုင်ငပိလေး၊ ငါးခြောက်ဆိုရင်လည်း ငါးရံ့ခြောက်၊
ငါးပုတ်ခြောက် စသည်ဖြင့်ပေါ့။ ဒီကလူတွေကတော့ ရှိတာလေးကို ဝေပုံချပြီး
တိုင်းထွာသုံးနေရတဲ့ ဘ၀မျိုးမှာ မြန်မာပြည်ပြန်လို့
လက်ဆောင်တွေပေးရတော့မယ်ဆိုရင် ဈေးသက်သာတဲ့ ဆိုင်ကိုရွေး၊
လျှော့ဈေးရှာဝယ်ရနဲ့ ဖတ်ဖတ်ကို မောလို့။ ဒါပေမယ့်လည်း ကိုယ်ဝမ်းနာ
ကိုယ်သာသိ၊ ကိုယ့်ဒုက္ခနဲ့ ကိုယ်မဟုတ်လား။
စိတ်လက်ရွှင်လန်းပါစေတော့ရယ်လို့ အိမ်ရှေ့မှာ ပန်းအိုးလေးနဲ့ သစ်ပင်လေးတွေ
စိုက်ထားပြန်တော့လည်း ဈေးကြီးတဲ့သစ်ပင်လေးဆို ခိုးသွားပါလေရော။ ဟိုနား
ဒီနား အလွယ်တကူ သွားလို့ရအောင် စက်ဘီးလေးဝယ်ပြီး အိမ်ရှေ့ ၀ရန်တာ
လက်တန်းမှာ သံကြိုးနဲ့ ချည်ထားပြန်တော့ ဖြုတ်လို့ရတဲ့ ဒေါက်နဲ့
ခြေနင်းလေးတွေ ဖြုတ်သွားပြန်ရော။ တွန်းလှည်းလေးနဲ့ အပြည့် ဈေးဝယ်ပြီး
အပြန်လမ်းမှာ ဆိုင်လေးတစ်ခုထဲ ခဏ၀င်ပြီး ဖုန်းကတ်ဝယ်လိုက်တော့
ခြင်းတောင်းထဲက လိမ္မော်ရည် ပုလင်းက မရှိတော့ပြန်ဘူး။ ဖိနပ်အသစ်ကလေး
ဝယ်ပြီး အိမ်ရှေ့ ဖိနပ်စင်မှာ တင်ထားမိတော့ တစ်ညအတွင်း ဖိနပ်က
မရှိတော့ဘူး။ ကဲ... ဘာများထူးလို့လဲ အမေရာ...။
ကိုယ့်နိုင်ငံမှာ လာနေတဲ့ နိုင်ငံခြားသားကတော့ လုပ်ငန်းရှင်
စီးပွားရေးသမားတဲ့။ မျက်နှာငယ်ရတယ် လို့လည်း မကြားဖူးပါဘူး။
သူများနိုင်ငံမှာ ကိုယ်သွားနေရတော့ ပညာဖြင့် အသက်မွေးဝမ်းကျောင်းသော
အလုပ်သမားတဲ့။ မျက်နှာငယ်တယ် ဆိုတာထက် သေချာတဲ့ နေထိုင်ခွင့် မရခင်
Immigration သွားရတဲ့ ရက်တွေဆို ဒီကျွန်းပေါ်မှာ မျက်နှာထား အဆိုးဆုံး
မလေးရှားမတွေနဲ့ ရင်ဆိုင်ရပြန်ရော။ ကိုယ့် ကံကြမ္မာက သူတို့ လက်ထဲမှာ။
ရယ်ပြ၊ ပြုံးပြလို့လည်း အပိုပဲ။ ကဲ... မခက်ဘူးလား အမေရာ...။
အမေကတော့ အဲယားကွန်းထဲမှာ တစ်နေကုန် ထိုင်ပြီး အလုပ်လုပ်ရတဲ့
သားတော်မောင် ကွန်ပျူတာထဲမှာ ABCD တွေ ရေးနေယုံပဲ လို့ထင်နေရှာမှာပဲ။
ဟုတ်တယ် အမေရေ... အဲဒီ ABCD က error တစ်ခုခုများ တက်နေရင် စားလည်းဒါပဲ
စဉ်းစား၊ ထမင်းက ဘာအရသာမှန်း မသိလိုက်။ အိပ်လည်း အိပ်မက်ထဲမှာ ABCD ရွတ်၊
နောက်ဆုံး စိတ်ပြေလက်ပြောက် ဂီတာတီးရင်တောင် လက်တွေကသာ ကြိုးပေါ်မှာ၊
သံစဉ်တွေကတော့ ABCD ပဲလေ။ ကဲ... ဖိစီးမှုတွေ ပေါ့ပါးသတဲ့လား အမေရာ...။
စာအုပ်ထဲမှာတော့ လူဆိုတာ ရောင့်ရဲနိုင်တဲ့ နေ့မှာမှ
တကယ်ချမ်းသာသွားတာတဲ့။ ဒါပေမယ့် သားတွေအတွက် ဂုဏ်ယူနေတဲ့
အမေ့အပြုံးလေးတွေ၊ ဆွေမျိုးတွေအလယ်မှာ ပျော်ရွှင်ခြင်း အပြည့်နဲ့
တောက်ပနေတဲ့ အမေ မျက်လုံးလေးတွေ၊ အိုဇာတာကောင်းလိုက်တာလို့
ချီးမွမ်းခံနေရတဲ့ အမေ့ရဲ့ ကံဇာတာလေးတွေ၊ အရောင်မှိန်သွားမှာစိုးလို့
အခုချိန်ထိတော့ ရောင့်ရဲခြင်းဆိုတာနဲ့ ဝေးနေပါသေးတယ်။
တချို့အမှန်တရားတွေကို အမေသိသွားရင် စိတ်ဆင်းရဲနေရှာမှာမို့
ကျေးဇူးပြုပြီး ကျွန်တော်ပြောတာတွေ အမေ့ကို ပြန်မပြောကြပါနဲ့ဗျာ။ ။
မေးထဲရောက်လာတာလေးကြိုက်လို့ဗျို့
အမတို့ရွာ
အမတို့ရွာ
ခုနေခါ
ဘယ်လိုနေပါလိမ့်….။
မိုးမှာလည်း မရောက်
နွေမှာလည်း မပြန်နိုင်
ဆောင်းတိုင်လည်း မရောက်အား
စိမ်းကားတယ် ဆိုကြမလား…..။
ရွာဦးက စေတီ
နှင်းစီတဲ့
နတ်တော်လ
ပွဲတော်မှ
ခင်းသေးရဲ့လား….။
ချောင်းထိပ်က
ကန္တာရတော
ထင်းခွေသူမှ
ပေါသေးရဲ့လား….။
စခန်းထိပ်
ထန်းရိပ်က
ညိုညို
ထန်းရေချိုမှ ထွက်သေးရဲ့လား….။
ရွာတောင်က
မဂျီး (မန်းကျည်း) တန်း
ကျီးကန်းတွေမ
ှ အသိုက်လုပ်သေးရဲ့လား….။
ချောင်းထဲက
လက်ယက်တွင်း
ကျေးလက်သူဖော် တစ်သင်း
ရေခပ်မှ ဆင်းသေးရဲ့လား….။
တမာရိပ်
ရွာထိပ်က
ရေချမ်းစင်
အရင်လို တည်ဆဲလား….။
ကဗျာလေးကြိုက်လို့
ခုနေခါ
ဘယ်လိုနေပါလိမ့်
မိုးမှာလည်း မရောက်
နွေမှာလည်း မပြန်နိုင်
ဆောင်းတိုင်လည်း မရောက်အား
စိမ်းကားတယ် ဆိုကြမလား…..။
ရွာဦးက စေတီ
နှင်းစီတဲ့
နတ်တော်လ
ပွဲတော်မှ
ခင်းသေးရဲ့လား….
ချောင်းထိပ်က
ကန္တာရတော
ထင်းခွေသူမှ
ပေါသေးရဲ့လား….။
စခန်းထိပ်
ထန်းရိပ်က
ညိုညို
ထန်းရေချိုမှ ထွက်သေးရဲ့လား….
ရွာတောင်က
မဂျီး (မန်းကျည်း) တန်း
ကျီးကန်းတွေမ
ှ အသိုက်လုပ်သေးရဲ
ချောင်းထဲက
လက်ယက်တွင်း
ကျေးလက်သူဖော် တစ
ရေခပ်မှ ဆင်းသေးရဲ့လား….
တမာရိပ်
ရွာထိပ်က
ရေချမ်းစင်
အရင်လို တည်ဆဲလား….။
ကဗျာလေးကြိုက်လို့
Sunday, October 31, 2010
ယုန်ပုံပြင်
ယုန်ပုံပြင်
တခါတုန်းက တောအုပ်လေးတခုမှာ ယုန် အသိုင်းအ၀ိုင်းလေး တခုရှိတယ်။ သူတို့တတွေက
အေးအေးချမ်းချမ်းလေး နေပြီး တောအုပ်ထဲက တခြားတောကောင်တွေနဲ့လဲ မရောပဲ
သီးခြားလေးနေလေ့ရှိတယ်။ ဒါပေမယ့် တောအုပ်ထဲမှာ ဖြစ်ပျက်နေတာတွေကို လုံးဝ
မျက်ချေပြတ်နေတာတော့ မဟုတ်ဘူး။ ဟိုးနား၊ ဒီနားတောလည်သွားရင်း ကြားလာရတဲ့
သတင်းတွေကို ယုန်လေးတွေ အချင်းချင်း ပြန်မျှဝေတတ်ကြတယ်။ ယုန်လေးတွေ
ပြောနေတာကို နားထောင်ပြီး၊ ယုန် ဖိုးဖိုး၊ ဖွားဖွားကြီးတွေက အကဲဖြတ်
သုံးသပ်ချက်တွေ ပေးတတ်ကြတယ်။ ယုန်လေးတွေကလဲ ပညာရှိ ဖိုးဖိုး၊
ဖွားဖွားကြီးတွေရဲ့ စကားလုံးတွေကို တလေးတစားနဲ့ နားထောင်တတ်ကြတယ်။ ဒါပေမယ့်
ယုန်လေးတကောင်ကတော့ ဒီလို မဟုတ်ဘူး။ ဖိုးဖိုးတို့ တွေးတာတွေက
တကယ့်လက်တွေ့နဲ့ ကိုက်မှာ မဟုတ်ဘူးလို့ အမြဲသံသယ ရှိနေတတ်တယ်။ ပညာရှိများ
တွေးကြည့်ရင်၊ ပြေးကြည့်တာထက် မှန်တယ် ဆိုတာကို ယုန်လေးက လုံးဝ လက်မခံဘူး။
ပြေးကြည့်မှ တကယ်သိမှာပေါ့လို့ အမြဲတွေးနေတတ်တယ်။
ဒီလိုနဲ့ တနေ့တော့ ယုန်အသိုင်းအ၀ိုင်းလေးကို စွန့်ခွာပြီး တောနက်ကြီးထဲကို ယုန်ကလေး
ထွက်လာခဲ့တယ်။ တောနက်ထဲ ရောက်ပြီး မကြာခင်မှာပဲ တနေရာမှာ တောကောင်တွေ
စုဝေးနေတာတွေ့လို့ အပြေးအလွှားသွားကြည့်လိုက်တယ်။ တောကောင်လေးတွေက
ကြမ်းပိုးလေး တကောင်ကို လိပ်ပါဆိုပြီး တကောင်က အဆိုတင်သွင်းလိုက်၊ တကောင်က
ထောက်ခံလိုက်နဲ့ လုပ်နေကြတယ်။ ဒါနဲ့ ယုန်ကလေးလဲ မနေနိုင်ပဲ
သူတို့ထင်နေကြတဲ့ လိပ်ကလေးဟာ ကြမ်းပိုးလေး ဖြစ်ကြောင်း ပြောလိုက်မိတယ်။
မကြာပါဘူး။ သူတို့ကို ၀င်နှောင့်ယှက်တယ်ဆိုပြီး တောကောင်တွေက သွားဖြီးပြီး
ဝိုင်းလိုက်ကြလို့ ယုန်ကလေးခမျာ သုတ်ချေတင်ရပါလေရော။
ပြေးရင်းလွှားရင်းနဲ့ သစ်ပင်တပင်ကို တွေ့တာနဲ့ အမောပြေဆိုပြီး သစ်ပင်ကြီးရဲ့ အရိပ်မှာ
ဝင်ခိုလိုက်ရတယ်။ မကြာပါဘူး။ သစ်ပင်ပေါ်က တောကြောတကောင်က ခုန်ဆင်းလာပါလေရော။
ဒီသစ်ပင်က သူပိုင်တဲ့ သစ်ပင်မို့ သစ်ပင်နားကို မကပ်နဲ့လို့ ယုန်ကလေးကို
ပြောတယ်။ ယုန်ကလေးက မောလွန်းလို့ ခဏနားပါရစေဆိုတော့ သူ့ကို ရွှေကျားကြီးလို့
ခေါ်ရင် နေခွင့်ပေးမယ် ဆိုပဲ။ တောကြောင်ကြီးကို မြင်ရက်နဲ့ ရွှေကျားကြီးလို့
ခေါ်ဖို့ ဆိုတာကလဲ မလွယ်တာမို့ ယုန်ကလေးလဲ စိတ်ပျက်လက်ပျက်နဲ့ သစ်ပင်အောက်က
ထွက်လာခဲ့တော့တယ်။
ဒီလိုနဲ့ မလှမ်းမကမ်းရောက်တော့ တီကောင်လေးတကောင်ကို တွေ့ပြန်ရော။ တီကောင်ကလေးက မြွေအဖွဲ့ဖွဲ့ဖို့ နှိုးဆော်နေတယ်ဆိုပဲ။
ယုန်ကလေးကိုလဲ မြွေအဖွဲ့ရဲ့ အတိုင်ပင်ခံ ယုန်ပညာရှိလေး လုပ်ဖို့ တီကောင်လေးက
ကမ်းလှမ်းတယ်။ ယုန်ကလေးလဲ စိတ်ဝင်စားသွားပြီး တီကောင်လေး ခေါ်သွားတဲ့
မြွေအဖွဲ့ဝင်လောင်းတွေဆီကို လိုက်သွားမိတာပေါ့။ ဒါပေမယ့် မကြာပါဘူး။
ယုန်ကလေး စိတ်ပျက်လက်ပျက်နဲ့ ပြန်ထွက်လာခဲ့ရတယ်။ မြွေအဖွဲ့ဖွဲ့ချင်နေတာတွေက
မြွေတွေ မဟုတ်ပဲ တီကောင်တွေပဲ ဖြစ်နေတာကိုး။
တီကောင်တွေဆီက ပြန်လာရင်း ယုန်ကလေး စိတ်ညစ်နေရတယ်။ ဘယ်လိုတောကြီးမှန်းလဲ မသိ။
တောကြောင်ကလဲ ရွှေကျားဖြစ်ချင်လိုဖြစ်၊ တီကောင်တွေကလဲ မြွေအဖွဲ့ ဖွဲ့ချင်တယ်
ဆိုပါလား။
စိတ်ညစ်ညစ်နဲ့ တောနက်ထဲကနေ ထွက်လာလိုက်တာ စားကျက်မြေနား ရောက်သွားပြန်တယ်။ အဲဒီမှာ သိုးလေးတွေကို
တွေ့လိုက်ရတာကြောင့် ယုန်ကလေး ပျော်သွားတယ်။ သိုးလေးတွေက
ပျော်ပျော်ရွှင်ရွှင်နဲ့ ခေါင်းဆောင်တင်မြှောက်ပွဲ ကျင်းပနေကြတယ်။
သိုးလေးတွေရဲ့ ခေါင်းဆောင်ကို ယုန်ကလေးက သေချာလိုက်ကြည့်နေမိတယ်။
ကြည့်နေရင်းနဲ့ လန့်သွားပြီး ထခုန်မိပါလေရော။ ခေါင်းဆောင်ဆိုတာက
သိုးရေခြုံထားတဲ့ ၀ံပုလွေကြီးပါလား။ ဒါဆို သိပ်မကြာခင်မှာ ၀ံပုလွေကြီးက
သိုးလေးတွေကို စားပစ်တော့မှာပဲ။ သိုးလေးတွေအတွက် စိုးရိမ်ပြီး ယုန်ကလေးက
ခုန်ဆွဆွနဲ့ သတိပေးစကားတွေ လှမ်းပြောတယ်။ ဒါပေမယ့် ယုန်ကလေးစကားကို
ဘယ်သိုးလေးကမှ နားမထောင်ကြဘူးလေ။ ဒါနဲ့ပဲ စိတ်ပျက်လက်ပျက်နဲ့ တောထဲ
ပြန်ဝင်ခဲ့တော့တယ်။
မကြာပါဘူး။ ရေချောင်းလေး တခုနားကို ယုန်ကလေး ရောက်သွားပြန်ရော။ ရေချောင်းလေးမှာ ရွှေသမင်လေးတကောင်က
ရေသောက်ဆင်းနေလေရဲ့။ ရွှေသမင်လေးက သိပ်လှတာကြောင့် ယုန်ကလေးလဲ
ငေးနေမိတာပေါ့။ အဲဒီအချိန်မှာ ရွှေသမင်လေးနားကို မုဆိုးကြီးတယောက်
ရောက်လာတယ်။ မြားကြီးနဲ့လဲ ချိန်ထားလိုက်သေးတယ်။ ယုန်ကလေး လန့်သွားပြီး၊
ရွှေသမင်လေးကို အော်ဟစ်သတိပေးမိတယ်။ မုဆိုးကြီးလာနေပြီလို့။ ရွှေသမင်လေးက
ဂရုမစိုက်ဖူး။ ငါ့ရဲ့ အဂါင်္အဆင်းကြောင့် မုဆိုးကြီးက တကယ် သတ်မှာ
မဟုတ်ပါဘူး။ ကျီစားတာ နေမှာပါတဲ့။ ကိုယ့်ကိုကိုယ် အဟုတ်ကြီးထင်ပြီး၊
မြားနဲ့ချိန်ထားတဲ့ မုဆိုးကြီးကို အထင်သေးနေတဲ့ ရွှေသမင်လေးကို ကြည့်ရင်း
ယုန်ကလေးက သနားနေမိတယ်။ မကြာခင်မှာ မြားတန်းလန်းနဲ့ အသက်ထွက်ရတော့မှာပါလား။
မကြည့်ရက်တာနဲ့ ယုန်ကလေး ပြေးထွက်လာခဲ့တယ်။
ခြေဦးတည့်ရာကို ပြေးထွက်လာတဲ့ ယုန်ကလေးဟာ တောနက်ထဲမှာ တရှူးရှူးတရှားရှား လုပ်နေတဲ့
တောဝက်ကြီးတကောင်နဲ့ သွားတိုးပါလေရော။ တောဝက်ကြီးက ဒေါသတွေ အရမ်းထွက်နေတယ်။
သူ့တောဝက် မိသားစုလေးကို ဖြိုခွဲသွားတဲ့ မုဆိုးကြီးကို လက်စားချေမလိုတဲ့။
ဒေါသနဲ့ တိုက်ပွဲဝင်ရင် ရှုံးတတ်တာကြောင့် ဒေါသတွေကိုလျှော့လို့ ယုန်ကလေးက
ဖြောင့်ဖြရတာပေါ့။ ဒါပေမယ့် တောဝက်ကြီးက ယုန်ကလေးပြောတာကို နားမလည်ဘူး။
သူ့ဘက်က လိုက်ပြောတာကိုလဲ ပြောတယ်လို့ မတွေးတတ်ဘူး။ မုဆိုးဘက်ကို
ဘက်လိုက်တယ်ဆိုပြီး ယုန်ကလေးကို ပြဿနာရှာပါလေရော။ ဒါနဲ့ ယုန်ကလေးလဲ
တောဝက်ကြီးနားက ပြေးထွက်ခဲ့ရပြန်တယ်။
မကြာပါဘူး။ တောကောင်တွေ စုဝေးနေကြတာ တွေ့တော့ မနေနိုင်၊ မထိုင်နိုင်နဲ့
အနားကပ်သွားမိပြန်တယ်။ တောကောင်တွေ စုပြီး တောဘုရင် ရွေးပွဲ
လုပ်နေကြတာပါကလား။ လည်ဆံဖွားဖွားနဲ့ ခြသေ့င်္ကြီးက ဟန်ရေးပြနေတယ်။
သူ့ပါးစပ်မှာလဲ တောကောင်တွေကို ကိုက်ဖြတ်ထားတဲ့ သွေးစတွေနဲ့။
တောကောင်လေးတွေလဲ ကြောက်ကြောက်လန့်လန့်နဲ့ သူ့ကိုပဲ တောဘုရင်
တင်မြှောက်လိုက်ကြရတယ်။ အဲဒီအချိန်ထိလဲ ခြသေ့င်္ကြီးက ဟိန်းဟောက်နေတုန်းပဲ။
ခြသေ့င်္ကြီးကို ယုန်ကလေးက အရမ်းမုန်းသွားတယ်။ တောကောင်လေးတွေကိုလဲ
သနားမိတယ်။ တောကောင်လေးတွေ ခြသေ့င်္ကြီးလက်က လွတ်ဖို့ ခြသေ့င်္ကြီးထက်
အကောင်ကြီးတဲ့ ဆင်ကြီးကို သွားခေါ်မှ ဖြစ်မယ်လို့ တွေးလိုက်မိတယ်။
ဒါနဲ့ ဆင်ကြီးကို ရှာဖို့ ယုန်ကလေး ထွက်လာခဲ့တယ်။ ဆင်ကြီးကို တောအနှံ့လိုက်ရှာတာ
မတွေ့ဘူး။ လယ်ကွင်းတွေဘက် ထွက်သွားတယ် ဆိုတာနဲ့ အပြေးအလွှား လိုက်ရပါလေရော။
ဒါပေမယ့် ဆင်ကြီးကို လယ်ပြင်မှာ တွေ့ရတော့ ဆင်ကြီးနားကို ယုန်ကလေး
မကပ်ရဲတော့ဘူး။ လယ်ပြင်မှာက ဆင်ကြီးတကောင်ထဲမှ မဟုတ်တာပဲ။ ကျားကြီးလဲ
ရှိသေးတယ်။ ဆင်ကြီးနဲ့ ကျားကြီးက လယ်ပြင်မှာ တွေ့ပြီး တကောင်နဲ့ တကောင်
တိုက်ခိုက်နေကြတယ်။ ဘာလို့ တိုက်နေကြတာလဲလို့ အနီးအနားက တောကောင်လေးတွေကို
ယုန်လေးက လိုက်မေးကြည့်တာပေါ့။ ဒါပေမယ့် အဖြေကိုကြားရတော့ ယုန်ကလေး
ပက်လက်လန် လဲကျသွားတယ်။ ကျားနဲ့ဆင် လယ်ပြင်မှာ တွေ့နေရတဲ့ အကြောင်းက
တောဘုရင်ရွေးပွဲမှာ ခြသေ့င်္ကို ဘယ်သူတိုက်ခိုက်မှာလဲဆိုတာကို ငြင်းခုန်ရင်း
တိုက်နေကြတာတဲ့။
တောဘုရင်ရွေးပွဲကတော့ ပြီးသွားပြီ။ ခြသေ့င်္ကြီးကလဲ တောဘုရင် ဖြစ်နေပြီ။ ကျားနဲ့ဆင်က တိုက်လို့ ကောင်းနေကြတုန်း။
ပက်လက်လှန်ပြီး ယုန်ကလေး ငိုကြွေးနေမိတယ်။ တောဘုရင် ရွေးပွဲက ပြီးသွားပြီလို့ တတွတ်တွတ်
ရွတ်ရင်းနဲ့ပေါ့။ ဒါပေမယ့် ယုန်ကလေးကို ဘယ်သူကမှလဲ ဂရုမစိုက်ကြပါဘူး။
အနီးအနားက တောကောင်တွေက ကျားကြီးနဲ့ ဆင်ကြီးကို ကြည့်ပြီး
ဘယ်သူနိုင်မလဲလို့ ဟောကိန်း ထုတ်နေကြတုန်းပဲ။
ခင်မမမျိုး (၃၀၊ ၁၀၊ ၂၀၁၀)
မေးထဲရောက်လာတာလေး ဂွတ်လို့

Thursday, October 28, 2010
ဒါလားဟဲ့လူ့ဘဝ
ဒီစာလေးဟာ
18.5.2010 နေ့ လည် ( ၃ ) နာရီခန့် တွင် ကွယ်လွန်သွားသောကိုဇေမျိုးလတ် (
၂၇ ) နှစ်မကွယ်လွန်မှီမှာ ရေးသားခဲ့သောစာလေးပါ ဘဝသရုပ်တွေ
အများကြီးရှိနေပါတယ် ဖတ်သင့်တယ်ထင်လို့ မျှဝေပေးလိုက် တာပါ
ဒီနေ့ ကျွန်တော်တို့မှာ အိမ်ကြီးကြီးတွေ ရှိကြတယ်။ ဒါပေမယ့်
မိသားစုဝင်နည်းနည်းနဲ့။
အဆင်ပြေမှုတွေ ပိုများလာတယ်၊ ဒါပေမယ့် အချိန်တွေ နည်းကုန်ကြတယ်။
ကျွန်တော်တို့မှာ ဘွဲ့လက်မှတ်တွေများများ ပိုင်ဆိုင်လာတယ်၊ ဒါပေမယ့်
ယေဘုယျအသိတွေ နည်းလာတယ်။
ဗဟုသုတတွေ များလာတယ်၊ ဒါပေမယ့် ဝေဖန်ပိုင်းခြားမှုတွေ နည်းလာတယ်။
ကျွန်တော်တို့မှာ တတ်ကျွမ်းသူတွေ များများရှိတယ်။ ဒါပေမယ့် ပြဿနာတွေ
ပိုများလာတယ်။
ဆေးတွေ များများစားစား ရှိတယ်။ ဒါပေမယ့် ကျန်းမာရေးကောင်းတဲ့သူတွေ နည်းလာတယ်။
ကျွန်တော်တို့ အမှုမဲ့အမှတ်မဲ့ သုံးဖြုန်းနေကြတယ်။
ရယ်တာတော့ အတော်နည်းသွားပြီ။
ကားမောင်းတာ အတော်မြန်လာကြတယ်။
ဒေါသဖြစ်ဖို့ အတော်လေးမြန်လာပြီ။
အိပ်ယာဝင်တာ နောက်ကျလွန်းတယ်။
စာဖတ်တာ အတော်လေးနည်းတယ်။
ရုပ်မြင်သံကြားတော့ အတော်ကြည့်ကြသား။* ဘုရားရှိခိုးတာ အတော်နည်းလာပြီ။*
ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို တိုးပွားဖို့လုပ်ခဲ့ကြတယ်။ ဒါပေမယ့်
ကျွန်တော်တို့ရဲ့ တန်ဖိုးတွေတော့ လျော့လာကြတယ်။
ကျွန်တော်တို့ စကားကို ရွှန်းရွှန်းဝေအောင် ပြောကြတယ်။ မေတ္တာတွေနည်းလာပြီ။
လိမ်တာညာတာတော့ မကြာခဏပဲ။
ကျွန်တော်တို့ နေထိုင်ဖို့အတွက် သင်ယူခဲ့ကြတယ်။ ဒါပေမယ့် ဘ၀အတွက်မဟုတ်ဘူး။
ကျွန်တော်တို့ သက္ကရာဇ်မှာ ဘ၀ကို မြှုပ်နှံနေကြတယ်။ ဘ၀အတွက် သက္ကရာဇ်တွေကို
အသုံးမချနိုင်ဘူး။
ကျွန်တော်တို့မှာ ကြီးမားတဲ့အဆောက်အဦးတွေ ရှိတယ်။ ဒါပေမယ့်
စိတ်ရှည်သည်းခံနိုင်မှုဟာ အတော်သေးကွေးလာတယ်။
ကျယ်ပြန့်တဲ့ လမ်းမကြီးတွေ ရှိတယ်။ ဒါပေမယ့် အမြင်တွေ ရှုထောင့်တွေ
သေးသိမ်လာတယ်။
ကျွန်တော်တို့ များများသုံးလာတယ်။ ဒါပေမယ့် နည်းနည်းပဲ ရတယ်။
ကျွန်တော်တို့ များများစားစား ၀ယ်လာတယ်။ ဒါပေမယ့် ကျေနပ်မှုကတော့ အတော်နည်းတယ်။
ကျွန်တော်တို့ လဆီကို သွားဖို့၊ ပြန်ဖို့ နည်းလမ်းတွေရှိတယ်။
ဒါပေမယ့် လမ်းကူးပြီး အိမ်နီးနားချင်းဆီသွားဖို့ အတော်ခက်နေတယ်။
ကျွန်တော်တို့ အပြင်အာကာသကို ကြီးစိုးနိုင်တယ်။ ဒါပေမယ့် အတွင်းအဇ္ဈတ္တကို
မပိုင်နိုင်ဘူး။
ကျွန်တော်တို့ အက်တမ်ကို ခွဲခြမ်းနိုင်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ အာဂါတ
တရားကို မဟုတ်ဘူး။
ကျွန်တော်တို့ များများရေးတယ်။ ဒါပေမယ့် လေ့လာမှုတွေနည်းလာတယ်။
စီမံကိန်းတွေများတယ်။ ပြီးမြောက်တာ နည်းတယ်။
*ကျွန်တော်တို့ ခပ်သုတ်သုတ်လုပ်ဖို့ သင်ယူကြတယ်။ ဒါပေမယ့် စောင့်စားတတ်ဖို့
မပါဘူး။
ကျွန်တော်တို့ မြင့်မားတဲ့ဝင်ငွေတွေ ရှိလာတယ်။ ဒါပေမယ့် သေးသိမ်တဲ့
စိတ်ဓါတ်တွေနဲ့။*
ကျွန်တော်တို့ သတင်းအချက်အလက်များသိမ်းဖို့ ကော်ပီများများပွားဖို့
ကွန်ပြူတာတွေထွင်ခဲ့ကြတယ်။
ဒါပေမယ့် အဆက်အသွယ်တော့ နည်းလာကြတယ်။
ကျွန်တော်တို့ အရည်အတွက်များများ ထုတ်နိုင်ကြတယ်။ ဒါပေမယ့် အရည်အသွေး
နည်းနည်းနဲ့။
အသင့်စားအစားအစာတွေ ခေတ်စားနေတယ်။ အစာချေဖျက်နိုင်မှုက အတော်နှေးလာတယ်။
လူ ခပ်မြင့်မြင့်တွေ ဖြစ်ပေမယ့် စရိုက်တွေက ခပ်သိမ်သိမ်ပဲ။
အားလပ်ချိန် ပိုလာပေမယ့် ပျော်ရွင်မှုတွေ နည်းလာတယ်။
အစားအစာအမျိုးအစားများလာပေမယ့် အဟာရတွေနည်းလာတယ်။
နှစ်ယောက်စာ ၀င်ငွေတွေဖြစ်လာပေမယ့် လင်မယားကွာရှင်းမှုတွေများလာတယ်။
လှပတဲ့ အိမ်ယာတွေမှာ ကျိုးပျက်နေတဲ့ အိမ်ထောင်တွေနဲ့။

Subscribe to:
Posts (Atom)