Saturday, October 2, 2010

မြို့

ယဉ်ကျေးမှုတွေနဲ့
ဖွဲ့တည်ထားပါတယ်ဆိုပြီး
စည်းကမ်းသံတချောက်ချောက်နဲ့
တအုန်းအုန်းကြွေးကြော်နေတဲ့
အရှုင်လတ်လတ်မြို့ပြ
တစ်လှမ်းဝင်တစ်လှမ်းထွက်
ဝင်သက်ထွက်သက်တွေကြား
အသက်ထွက်လုမတတ်
အမှန်တရားတွေ
ရှာဖွေခဲ့ဖူးရဲ့...
ဆိုင်းဘုတ်တွေပေါ်မှာ
စည်းကမ်းတွေရှိတယ်
စာအုပ်တွေထဲမှာ
ယဉ်ကျေးမှုတွေကြုံကြိုက်ရတယ်
မျက်နှာဖုံးတွေထက်မှာ
ရိုးသားမှုတွေ မြင်ရတယ်
ဖိနပ်တွေပါးတယ်
ခြေထောက်တွေခွင်တယ်
မျက်လုံးတွေပြာတယ်
......
.......
နီးလာလိုက်...
ဝေးသွားလိုက်...
...
မေတ္တာတရားတွေ
ကိုယ်ချင်းစာမှုတွေ
လောကကြီးရဲ့မျက်နှာကြက်မှာ
ေ၀၀ါးစွာဖြန့်ကျက်
အကျင့်ပျက်
စာရိတ္တပျက်
စိတ်ဓာတ်ပျက်
..အပျက်တွေနဲ့..
လွဲမှားစွာရှင်သန်
မနက်ဖြန်ဆိုတာ
အိပ်မက်လား
တကယ်လား
ငါတို့တွေ ....
မှားပြီးရင်း...
မှားခဲ့ကြပေါ့......

သားထက် (မုံရွာနည်းပညာတ္ကသိုလ်)

No comments:

Post a Comment