Saturday, October 2, 2010

မျှော်သူ

အပြစ်ရှိရင် ခွင့်လွှတ်တော်မူပါ
မိုးရေချိန် ကျဲပါးသော
ရာသီဥတု အလွတ်တစ်လုံးထဲတွင်
ကျွန်တော် ၀င်ပုန်းခဲ့ရဖူးပါသည်။
အပြစ်ရှိရင်ခွင့်လွှတ်တော်မူပါ
ဤပေါက်ချွန်းဖြင့် တစိုက်စိုက်တူးရင်း
ဟင်းလင်းပြင်ထဲတွင် ညပ်နေသည့်သစ်သီးတစ်လုံးကို
ကျွန်တော်ခူးခဲ့မိပါသည်။
ထိုသစ်သီးမှာ ပြာသောရနံ့ရှိပါသည်။
အပြစ်ရှိရင် ခွင့်လွှတ်တော်မူပါ
သို့တည်းမဟုတ် ...အပြစ်ယူတော်မူပါ။
မည်သို့ပင်ဖြစ်စေ....
သင်လာသောအခါတွင် တိုက်ကျွေးရန်အတွက်
အေးချမ်းတတ်သော သောက်ရေဖြူဖြူတစ်ခွက်ကို
ယခုပင်လျှင်
ဤလက်များဖြင့် ခပ်ယူခဲ့ပြီးဖြစ်ပါသည်။
မည်သို့ပင်ဖြစ်စေ....
ကျွန်တော်ကတော့ မျှော်နေမည် ဖြစ်ပါသည်။

တာရာမင်းဝေ
ဆရာတာရာမင်းဝေကို နှမျောမိတယ်ဗျာ
သားထက် (မုံရွာနည်းပညာတက္ကသိုလ်)

No comments:

Post a Comment