ရင်သက်ရှုမောဖွယ်
မီးတောက်လျှံတို့ဖြင့်
နေမင်းသည် ကောင်းကင်ယံထက်
တစ်နွေလုံး
ထွန်းလင်းတောက်စားနေလေရဲ့...
တသွင်သွင် စီးဆင်းနေတဲ့
မြစ်တွေကလည်း သွေ့ခြောက်လို့
လောကကြီးတစ်ခုလုံး
ပူလောင်တောက်ရှ
ဝိဥာဉ်တို့ တွန်ကြူးသံကို ကြားရတယ်
အလေအလွင့်များလွန်းတဲ့မိုးဟာ
တို့ဆီကိုရောက်မလာခဲ့ဘူး
အသက်ရှူသံတွေက
ကျယ်လောင်နှေးကွေးလွန်းရဲ့
နိမ့်လိုက်မြင့်လိုက်
ရင်အုံတွေက
သောက်ရေ တစ်ပေါက်ကိုပဲတမ်းတတယ်
ရွာပါတော့မိုးရယ်
ယောင်ယမ်းပြီးအကြိမ်ကြိမ်တမ်းတမိသလောက်
ကံတရားက စမ်းတ၀ါးဝါးပါပဲ
တချိန်တုန်းက ပေါများခဲ့ပါရဲ့
ခုတော့ တ၀မ်းတခါးအတွက်တောင်
မလောက်ငတော့ဘူးလေ...
တရှိန်ရှိန်ခမ်းခြောက်နေတဲ့
ရေတွင်းရေကန်တွေနဲ့အတူ
့တို့နှလုံးသွေးကြောတွေသည်လည်း
တမြေ့မြေ့ ပြတ်တောက်သွားတော့မယ်ထင်ရဲ့..
ကယ်ပါ.....ကယ်ကြပါ.....
တောင်းပန်ဖို့စကားတစ်ခွန်းတောင်
ပါးစပ်က ကျယ်ကျယ်မအောင်နိုင်တော့
တို့ဘာမှမတတ်နိုင်ပြီ...
သြော်ရေငတ်လို့ အမောဖောက်နေရှာတဲ့
မေမေရယ်
မနက်ဖြန်အတွက် စာနာမယ့်သူတစ်ဦးကို
မျှော်ရင်း
သားတို့အသက်ဆက်ကြရဦးမယ်လေ.....
တလောကလုံးငတ်မွတ်ခြင်းဘေးမှ ကင်းဝေးကြပါစေ
သားထက် (မုံရွာနည်းပညာတက္ကသိုလ်)
No comments:
Post a Comment