Saturday, October 2, 2010

ကဗျာဆရာ




















ငါ့လက်ချောင်းတွေက

ကဗျာကိုထုဆစ်လို့
ငါ့အတွေးတွေက
ကဗျာထဲမျောလွင့်ရင်း
ငါ့အသွေးအသားတွေက
ကဗျာကိုဆာလောင်တယ်
အယောင်ယောင်အမှားမှား
ထွက်ကျသွားတဲ့
စကားလုံးတွေက
ငါ့နှလုံးသားရဲ့
ဖြစ်တည်ခြင်း
ပုံရိပ်စစ်တွေပါ
အချစ်အကြာင်း...
လူတွေအကြောင်း...
သဘာဝတွေအကြောင်း...
လောကကြီးအကြောင်း...
ပြီးတော့...
ငါ့ဘ၀....
ငါ့ဒဿန...
....အားလုံး....
ကဗျာထဲရွက်လွင့်ကြ
ရုတ်တရက်
အိပ်ပျော်သွားတဲ့အခိုက်မှာတောင်
အိပ်မက်ထဲမှာ
ငါ...ကဗျာစပ်တယ်

သားထက် (မုံရွာနည်းပညာတက္ကသိုလ်)

No comments:

Post a Comment