ကောင်းကင်တွင် ဖြူလွှလွှတိမ်ဆုပ်ကလေးတွေက ကပိုကရိုလွင့်ဝဲနေလေရဲ့...
အေးမြသော လေပြေတို့သည် မြက်ခင်းစိမ်းစိမ်းပေါ် လွင့်ဝဲတိုက်ခတ်လျှက်ရှိပေသည်။
အနောက်ဘက်မှာ ခမ်းနားလှတဲ့ မြို့တော်ခန်းမ၊ပင်နီဇူးလားပလာဇာနဲ့
ခရစ်ယန်ဘုရားရှိခိုးကျောင်း၊
မြောက်ဘက်မှာတော့ စလင်ဒါပုံ တည်ဆောက်ထားတဲ့ မိုးထိုးနေတဲ့ အထပ် ၇၀ ကျော်တိုက်မြင့်ကြီး၊
တောင်ဘက်ကို ကြည့်လိုက်ပြန်တော့ ရောင်စုံကတ်ဗူးခွံတွေဆင့်ထောင်ထားသလို မိုးပေါ်ခုပဲ
ပျံတက်
တော့မလို MAY ဘဏ်၊POSB ဘဏ်၊OCBC ဘဏ် အစရှိသည့် လှပသော အဆောက်အဦးများ။
အရှေ့ဘက်ကိုမျှော်ကြည့်လိုက်ပြန်တော့ ဒူးရင်းသီးတစ်လုံးကို ချထားသလို အချွန်အတက်တွေနဲ့
ဒီဇိုင်းဖော်ထားတဲ့ သီရေတာအဆောက်အုံ နဲ့ မျက်နှာချင်းဆိုင်ရေပြင်အလယ်မှ santosa က အထပ်
၅၀ကျော် ယှဉ်ဆောက်ထားတဲ့ တိုက်ကြီးသုံးလုံးကလည်း
ဟီးဟီးထလျှက်..မြင်ကွင်းပတ်ပတ်လည်တွင်
ကမ္ဘာအဆင့်မီ တိုက်တာအဆောက်အဦးကြီးတွေက စင်္ကာပုနိုင်ငံ၏ ကြွယ်ဝချမ်းသာမှုကို လှစ်ဟပြသနေ
သလိုပါပဲ..ခန့်ငြားထည်ဝါလှပါပေ၏။သြော် ..ငါတို့ ရွှေနိုင်ငံကြီးမှာ ဘယ်နေ့များဒီလိုမြင်ကွင်းမျိုးကို
မြင်ရမှာပါလိမ့်..မြင်ချင်စမ်းလှပါဘိ......
ရာသီဥတုသာယာလှတဲ့ တနင်္ဂနွေအလုပ်ပိတ်ရက်ကလေးမှာ စင်္ကာပူမြို့အလယ်
ပင်နီဇူးလားပလာဇာအနီး
ဘောလုံးကွင်းနံဘေးက မြက်ခင်းစိမ်းလေးပေါ်မှာ ကျနော်တို့ထိုင်နေကြခြင်းဖြစ်သည်။
ပင်နီဇူးလားဆိုတာကတော့ စင်္ကာပူရောက်ရွှေမြန်မာတိုင်း မသွားမနေရသွားကြရတဲ့နေရာလေးပါပဲ....စင်္ကာပူမြို့
အလယ် cityhall MRT အနီး
စင်္ကာပူမြို့တော်ခန်းမနဲ့ကပ်လူနေမှုအဆင့်အတန်းမြင့်မားလျှက် တည်ရှိလေ၏။
မြန်မာစားသောက်ဆိုင်တွေ၊မြန်မာအသုံးအဆောင် စတိုးဆိုင်တွေ၊မြန်မာဟင်းချက်စရာအေ၇ာင်းဆိုင်တွေ၊
ငွေလွှဲအေးဂျင့်တွေနဲ့ မြန်မာလူမျိုးတွေဆိုင်ဖွင့်ရောင်းချနေကြတဲ့ စင်္ကာပူရဲ့
တစ်ခုတည်းသောမြန်မာပလာဇာကြီးပေါ့
စနေတနင်္ဂနွေ အလုပ်ပိတ်ရက်တွေဆိုရင် ခြေချစရာနေရာမရှိရအောင် ရွှေတွေကြိတ်ကြိတ်တိုးလို့ မြန်မာသံတွေ
ဖြင့် ညံနေတတ်ပါသည်။ရောက်တိုင်းလည်း စိတ်ထဲမှာရန်ကုန်က ယူဇနပလာဇာကို
ပြန်ရောက်သွားသလို ခံစားရသည်။
ဈေးနည်းနည်းကြီးသည်ကလွဲလို့ မြန်မာအစားအသောက်မှန်သမျှ အစုံရနိုင်လို့ မြန်မာတိုင်း အမြဲလာကြတဲ့နေရာ
ကိုရွှေမြန်မာ မရွှေမြန်မာတို့ရဲ့ ဆုံဆည်းရာနေရာလေးပေါ့ဗျာ..ခုလည်း ပလာဇာထဲမှာ
လူတွေပြည့်ကြပ်နေသည်။
အဲဒါကြောင့် ကျနော်တို့အဖွဲ့ လူအပမ်းဖြေရင်း စိတ်အနွမ်းဖြေရင်း ဘောလုံးကွင်းဘက်ထွက်ခဲ့ကြခြင်းဖြစ်သည်။ ပြီးတော့
မုံရွာနည်းပညာတက္ကသိုလ် မိတ်ဆုံစားပွဲအတွက် လုပ်စရာရှိတဲ့
လုပ်ငန်းကိစ္စလေးတွေလည်း
ဆွေးနွေးစရာရှိတာလည်းပါသည်။အလုပ်ပိတ်ရက်မို့ထင့်လူတွေကလည်း ဟိုမှဒီမှ
ဥဒဟိုသွားလာလှုပ်ရှားနေကြသည်မှာပျားပန်းခတ်မျှပါပဲ..။လူနေမှုအဆင့်အတန်းမြင့်မား
ပြီး တစ်ဦးချင်းဝင်ငွေကောင်းကြသော
ချမ်းသာတဲ့နိုင်ငံတနိုင်ငံဖြစ်တဲ့အတွက်ကြောင့် ဒီနိုင်ငံမှာရှိတဲ့
လူတော်တော်
များများရဲ့ မျက်နှာတွေမှာ ပူပန်မှုစိုးရိမ်မှုကို သိပ်မတွေ့ရပေ..။ဘ၀ရဲ့အာမခံချက်အပြည့်နဲ့ သူတို့အပြုံးတွေက
လန်းဆန်းလွန်းပါရဲ့..စိတ်လွတ်ကိုယ်လွတ် ပျော်ရွှင်စွာ အပန်းဖြေနေကြလေသည်။
Money is second god ဆိုတဲ့စကားဟာ မှန်နေသလိုပါပဲလား..။
အလုပ်ပိတ်ရက်ကလေးပဲအားကြတဲ့အတွက် ဒီနေရာလေးမှာ မေဂျာစုံဆရာတွေနဲ့ ကျောင်းသားတွေ တွေ့ဆုံဆွေး
နွေးဖို့ ချိန်းထားကြခြင်းဖြစ်သသည်။
ကဲဆရာတို့လူစုံကြပြီလားဗျ civil တစ်မေဂျာပဲလိုတော့တယ်ကွ...အဲဒါဆိုကျနော်တို့စောင့်ရင်း
ဆွေးနွေးစရာရှိတာလေးတွေ
အရင် ဆွေးနွေးထားရအောင် သူတို့လာမှ ထပ်တိုင်ပင်ကြတာပေါ့။
မင်းတို့ကျောင်းသားတွေ ဘယ်လိုဖြစ်ချင်တယ်ဆိုတာ အရင်ပြောကြကွာ..မင်းတို့ဆန္ဒက အရေးကြီးတယ်...
ကဲ...အဲဒါဆို ကိုသားထက်စပြောဗျာ...
ချစ်ညီလေးပဲအရင်ပြောပါဗျာ...
မက္ကနီကယ်ကအကိုပဲအရင်ပြောလိုက်ပါဗျာ...
ကျနော်ကတော့ ဒီမိသားစုလေးရဲ့ ရည်ရွယ်ချက်လေးကို အထမြောက်ချင်တယ်..
ပထမအကြိမ် တွေ့ဆုံပွဲတုန်းက အဖွဲ့အစည်းကို သတ်သတ်မှတ်မှတ် မဖွဲ့စည်းနိုင်ခဲ့ဘူး
အဖွဲ့အစည်းတစ်ခုဆိုတာ အဖွဲ့အစည်းတစ်ခုနဲ့တူအောင်လုပ်ဖို့တော့လိုတယ်ဗျ
ခုဟာက တွေ့ဆုံပွဲပြီးကတည်းက ကျနော်တို့ မိသားစုလေးရဲ့လှုပ်ရှားမှုဟာ
အရမ်းအေးစက်တိတ်ဆိတ်သွားတာဗျ..
အကိုပြောတာဟုတ်တယ်..၀က်ဆိုက်မှလည်း တစ်ယောက်မှ ရေးတာအကြံပေးတာ မတွေ့ကြရဘူး..
ကျနော်ပြောသလို အစကတည်းက ဥက္ကဌ၊ဘဏ္ဍာရေးမှူး၊အဖွဲ့ဝင်တွေနဲ့ ကျောင်းသားကိုယ်စားလှယ်တွေ
နဲ့ သေသေချာချာဖွဲ့ထားသင့်တယ်.
ကိုသားထက်ပြောတာမှန်တယ် လူဆိုတာလည်းတာဝန်ရှိမှ တာဝန်ပေးထားမှ တာဝန်ယူရမှန်းသိကြမှာပဲ
ဟုတ်တယ်ချစ်ညီလေးရေ မင်းတို့လိုတက်ကြွတဲ့ တာဝန်ယူစိတ်ရှိတဲ့လူငယ်တွေကိုပဲ တို့မိသားစုလေး
ကလိုအပ်နေတာ..
ဆရာကလည်းမနောက်ပါနဲ့ဗျာ ကျနော်တို့က တကယ်အားမရလို့ပါ ......
မင်းတို့က ဒီတစ်ခါကျရင် မိသားစုရဲ့ရည်ရွယ်ချက်ကိုသေသေချာချာနားလည်အောင် ပြောပြပြီး
စည်းရုံးကြဖို့လိုတယ်..အားလုံးရဲ့ဆန္ဒတွေကိုလည်း မေးမှရမယ် ခုတော့ အကြမ်းပြင်ဆွေးနွေးကြမယ်
(၁) ဘယ်မှကျင်းပမလဲ
(၂) ဘာကျွေးမှာလဲ
(၃) ဘယ်လိုပြောဆိုစည်းရုံးကြမလဲ
(၄) ခေါင်းဆောင်တာဝန်ယူလှုပ်ရှားမယ့်အဖွဲကဘယ်လိုဖွဲ့မလဲ
(၅) ဘာတွေကို အဓိကရည်ရွယ်ချက်ထားပြီးလုပ်ဆောင်ကြမှာလည်း
(၆) ငွေရေးကြေးရေးကိစ္စဘယ်လိုဆောင်ရွက်မလဲ
တစ်ယောက်တစ်ပေါက် ၀င်ပြောကြသည်။ ဟုတ်ပြီ ဒီ ၆ ချက်ကို အရင်ဆွေးနွေးကြတာပေါ့
east coast မှာကျင်းပမလား ညီညီပြောတာမဆိုးဘူး..
နည်းနည်းဝေးတယ်ကွ တချို့ကဝေးတော့သိပ်မလာချင်ကြဘူး နီးနီးနားနားပဲစဉ်းစားကြရအောင် ဒီတခါပွဲက
လူစုံမှဖြစ်မှာ..
သားထက်ပြောသလိုဆို ငါတို့အရင်နေရာပဲပြန်လုပ်ကြမယ် နောက်တစ်ကြိမ်ကျမှ
စိတ်ကြိုက်တစ်နေရာရွေးကြတာပေါ့
ချစ်ညီလေးရေ ဒါဆိုအရင်နေရာကိုပဲ အတည်ပြုကြစို့ ...
အိုကေ..
အရင်တစ်ခါဒန်ပေါက်ဆိုတော့ ဒီတစ်ခါ ဘာကျွေးကြမလဲ..
ကြာဇံကြော်နဲ့ ခေါက်ဆွဲကြော် တစ်ခုခုကျွေးကြတာပေါ့
ချစ်ညီလေးရေ ကြာဇံကြော်တော့မလုပ်နဲ့ကွာ နည်းနည်းမျက်နှာငယ်တယ်
ညီညီပြောတာဟုတ်တယ် ကျနော်တို့ခေါက်ဆွဲကြော်ပဲ ကျွေးကြရအောင်
အဲဒါဆို အချိုရည်နဲ့ သစ်သီးလေးဘာလေးထည့်သင့်တယ် ဇော်လင်းပြောတာဟုတ်တယ်
အချိုရည်နဲ့ လိမ္မော်သီးထည့်ကြမယ်
ကောင်းပါတယ် အဲဒါတွေက ပါဆယ်ထုတ်လို့ရတာတွေချည်းပဲဆိုတော့ အလုပ်သိပ်မရှုပ်တော့ဘူးပေါ့
အဲဒါဆို ကိုသားထက်ရေ ဘယ်လိုစည်းရုံးကြမလဲ..
အထွေအထူးစည်းရုံးစရာ မလိုပါဘူးဗျာ အားလုံးက မုံရွာနည်းပညာကျောင်းထွက်တွေချည်းပဲဆိုတော့
ရှေ့က တက်တက်ကြွကြွလုပ်ပြတဲ့သူတွေပဲလိုတာ
ကျနော်တို့ကရှေ့ကတက်တက်ကြွကြွလှုပ်ရှားဖို့လိုတယ်
ပရဟိတဆိုတော့ အချိန်ပေးနိုင်ရမယ် လူလည်းအပင်အပန်းနည်းခံကြပေါ့ဗျာ ဒါမှ
နောက်ကလိုက်လာကြမှာ
ကျနော်တို့ ဦးဆောင်လုပ်မယ့်သူတွေက အဓိကတက်ကြွဖို့လိုတယ်...
အဲဒါဆိုကျနော်တို့အဖွဲ့ညီစေနော် ကိုယ့်မေဂျာနဲ့ကို တာဝန်ကြေပါတယ် ..ဟောဟို ရေဦးသားပြီဟေ့
ဆရာတို့ဆောရီးဗျာ အေးငါတို့က ဒီလိုဆွေးနွေးထားတယ်
ကောင်းပါတယ်ဗျာ....
မင်းကလည်းမင်းတို့civil ကိုတာဝန်ယူရမယ် မင်းတို့မေဂျာကအများဆုံးဆိုတော့ ပိုပြီးအားထားရတယ်
အများကြီးတာဝန်ယူစရာမရှိပါဘူး ..အားလုံးအားတဲ့ရက် အစည်းအဝေးလုပ်ရင်တက်ကြဖို့
အလှူခံစရာရှိရင် တာဝန်ယူပေးဖို့နဲ့ ဖြန့်စရာရှိတဲ့ အင်ဖော်မေးရှင်းလေးဖြန့်ပေးဖို့ပါပဲ....
ရပါတယ် ကိုသန်းနိုင်ရယ် ကုသိုလ်ရေး လူမှုရေးကိစ္စတွေပဲ လုပ်ပေးရမှာပေါ့...
ဟုတ်ပြီအဲဒါဆို ခေါင်းဆောင်ပိုင်းကို ဘယ်လိုဖွဲ့မလဲ...
ဆရာတွေထဲက ဥက္ကဌတစ်ယောက်နဲ့ ဘဏ္ဍာရေးမှူးတစ်ယောက်ရွေးမယ်
ဟုတ်တယ် ကျန်တဲ့ဆရာတွေကရော
မေဂျာအလိုက်ဆရာတွေက ကိုယ်စားလှယ်လုပ်ပေးကြရမယ်
အေးအဲဒါလည်းကောင်းတယ် အဲဒီအောက်မှာ ကျောင်းသားကိုယ်စားလှယ် ၂ယောက်စီထားမယ်ကွာ
သားထက်ေ၇၂ယောက်ထဲတော့လောက်မယ်မထင်ဘူး
တစ်ယောက်မအားရင် တစ်ယောက်တာဝန်ယူလို့ရတာပေါ့
အေးကွာချစ်ညီလေးပြောသလို ၃ ယောက်ရွေးကြတာပေါ့
အဲဒီ ၃ ယောက်ကတကယ်တက်ကြွတဲ့ တာဝန်ယူနိုင်တဲ့ အပေါင်းအသင်းဆန့်တဲ့လူတွေ
ဖြစ်ဖို့တော့လိုတယ်နော်....
ဒီအတိုင်းဆိုရင်တော့ တို့မိသားစုလေး ရှေ့ဆက်ပြီးကောင်းကောင်းလုပ်လို့ရပြီ
အေး...ရည်ရွယ်ချက်ကို မိသားစုဝင်တွေနားလည်လက်ခံအောင်ပြောနိုင်ဖို့လိုတယ်
မင်းတို့ဒီမိသားစုလေးဖွဲ့ဖြစ်တဲ့ရည်ရွယ်ချက်ကဘာလဲ?အဲဒါအရေးကြီးဆုံးပဲ
ဒီမိသားစုလေးဖွဲ့ရတဲ့ရည်ရွယ်ချက်က ကျနော်တို့မုံရွာနည်းပညာမောင်နှမတွေ
အဆက်အသွယ်
မပြတ် နွေးနွေးထွေးအမြဲရှိနေဖို့
တယောက်အခက်အခဲတစ်ယောက်ကူညီဖြေရှင်းပေးဖို့၊
ပြီးတော့ ညီကိုမောင်နှမတွေပူးပေါင်းပြီး ဘာသာရေးလူမှုရေး
ပရဟိတလုပ်ငန်းလေးတွေလုပ်ချင်တာကြောင့်ပါ..
ကိုသန်းနိုင်ပြောတာမှန်တယ် ဒီလိုမှမဟုတ်၇င်ကျနော်တို့ဒီလိုတနေရာတည်းမှာ
အတူတွေ့ဖို့မပြောနဲ့ တစ်လနေလို့ တခါ
လူစုံအောင်တွေ့ဖို့မလွယ်ဘူးဗျ..
ပြီးတော့ကျနော်က ပရဟိတလုပ်ငန်းတွေကိုစိတ်ဝင်စားတယ်..
အဲဒါတကယ်လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စပဲ သားထက်ရ..
ငါတို့ဒီမှာယောက်နေတဲ့လူတွေက အဆင်ပြေကြပေမယ့် တို့နိုင်ငံမှာ အဆင်မပြေကြတာတွေက အများကြီး
ဘုန်းတော်ကြီးကျောင်းတွေ၊မိဘမဲ့ကလေးကျောင်းတွေ၊ဘိုးဘွားရိပ်သာတွေ၊ခုနာဂစ်မုန်းတိုင်းကြောင့်ဖြစ်တဲ့
ဧရာဝတီတိုင်းက ရေပြဿနာ စသည်ဖြင့်အများကြီးပါ...ငါတို့မိသားစုလေးက တို့နိုင်ငံက ဒုက္ခရောက်နေ
ကြတဲ့တို့လူမျိုးတွေအတွက် တတ်နိုင်သလောက် အုတ်တစ်ချပ်သဲတပွင့် ကူညီသင့်တယ်..
မိသားစုဝင်တွေကို တစ်လ ၁၀လောက်ကောက်လိုက်ရင် တလ ၅၀၀၊၁၀၀၀ ရနိုင်တယ် ၃ လလောက်စုလိုက်ရင်
်၂၀၀၀ဆိုလဲဟုတ် ၃၀၀၀ဆိုလည်းဟုတ်ပေါ့ကွ အဲဒီငွေပမာဏဟာ မများလှပေမယ့်
ဒုက္ခရောက်နေကြသူတွေအတွက်
ရေတစ်ခွက် ထမင်းတလုတ်အဆင်ပြေသွားတယ်ဆိုရင် ကျေနပ်စရာပဲပေါ့ တို့လို့မိသားစုတွေများလေ
ကောင်းလေပေါ့ကွာ
ဟုတ်ပါပြီပိုက်ဆံကျတော့ဘယ်လိုကောက်ကြမှာလဲကွ..
ဆရာရယ် ကိုယ်စားလှယ်တွေကပဲတာဝန်ယူကောက်ရမှာပဲပေါ့
လစဉ်ထည့်နိုင်မယ့်အမာခံလူစာရင်းကိုအရင်
စာရင်းလုပ်ထားရမယ် ဒါမှတလတလကျနော်တို့အမာခံအလှူငွေရမယ်
မိသားစုဝင်အားလုံးလစဉ်
ထည့်နိုင်၇င်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ..
ညီညီပြောတာမှန်တယ် တစ်လတစ်ဆယ်ဆိုတာ
မများပါဘူးလစာ၁၀၀၀ကျော်ဝင်နေကြတဲ့လူတွေအနေနဲ့
တရက်ပြား၃၅ပြားပဲစုရမယ့်ငွေလေးပါ...
သြော်လူတိုင်းက စိတ်ချင်းစေတနာတရားချင်းမတူနိုင်ကြဘူး
လစဉ်မထည့်နိုင်တဲ့သူတွေလည်း ၂လ တစ်ခါထည့်နိုင်ရင်မဆိုးပါဘူး
ကဲအဲဒါဆို လာမယ့်တနင်္ဂနွေမှာ တို့မိသားစုလေးရဲ့ ရည်ရွယ်ချက်နဲ့ ရှင်သန်မှုကို
အကောင်အထည်ဖော်ကြမယ်..လောလောဆယ်တော့ မိုးလည်းချုပ်တော့မယ်
ခေါက်ဆွဲဆိုင်သွားပြီး
အော်ဒါမှာရအောင် သွားကြစို့ရဲ့ ..အဓိပ္ပာယ်ရှိတဲ့ မြင့်မြတ်တဲ့
မိသားစုလေးဖြစ်ပါစေကွာ...
တနေ့တာသည် မင်္ဂလာရှိစွာ ကုန်ဆုံးသွားပေပြီ စင်္ကာပူမြို့လေးသည်
မီးရောင်တွေနဲ့ ညကိုဖျော်ဖြေဖို့
လင်းလက်လာပေပြီ........
ကျနော်တို့ရင်ထဲမှာတော့
မိသားစုလေးစည်းလုံးရေး၊တစ်ယောက်ကိုတစ်ယောက်ရိုင်းပင်းကြရေး၊
လူသားဆန်တဲ့လူသားတွေအဖြစ်လောကကြီးကို အကျိုးပြုရေးဆိုတဲ့ စိတ်ဓာတ်တွေနဲ့
တက်ကြွနေပါသည်။
love is god မေတ္တာတရားသည် ဘုရားသခင်ဖြစ်၏တဲ့ ဘာသာတွေဘယ်လိုပဲကွဲကွဲ
ဘာသာတိုင်းရဲ့
ဘုရားတွေက မေတ္တာတရားနှင့်ကိုယ်ချင်းစာတရားကိုသာ ဦးစားပေးခဲ့ကြပေသည်။
အသက်ရှင်သန်ရတဲ့ နေ့တိုင်းမှာ
အသိဥာဏ်ဖြင့် ရှာဖွေအပ်သော ပညာ
သမ္မာအာဇီဝအလုပ်ဖြင့်
ရှာဖွေအပ်သော ဥစ္စာ
စေတနာဖြင့် ပြုလုပ်အပ်သော ကုသိုလ်
သုံးပါး၌
တစ်ပါးမျှ မရလျှင်
မြတ်သောအသက်ရှင်ခြင်းသည် မဖြစ်နိုင်..
ပေးဆပ်ခြင်းသည်
မြင့်မြတ်၏
သည်းခံခြင်းသည် အောင်နိုင်ရာ၏
မိသားစုဝင်များ
အများအကျိုးသယ်ပိုးနိုင်သော
မြင့်မြတ်သူများ
သည်းခံနိုင်သူများ
ဖြစ်ကြပါစေ
မိသားစုဝင်အားလုံး ကိုယ်ချင်းစာတတ်သော မေတ္တာကြီးမားသော
မြင့်မြတ်သူတွေဖြစ်ပါစေ
မေတ္တာတရားဖြင့်ပေးဆပ်ရှင်သန်နိုင်တဲ့မိသားစုလေးဖြစ်ပါစေ
လေးစားစွာဖြင့်
ပြည့်ဖြိုးဝေ (ခ) အူဝဲ
သားထက် (မုံရွာနည်းပညာတက္ကသိုလ်)
No comments:
Post a Comment