Wednesday, October 6, 2010

လူ့ဘဝ

ငါတို့ဟာ လှည့်နေတဲ့ လေတွေရဲ့ အသံတွေ
ငြိမ်းမှုတမ်းတညည်း ငြိမ်းမှုမရကြပေ
ကြည့်ပေါ့ လေလိုပဲ လူ့ဘ၀ဆိုတာလည်း
ညည်းသံ၊ငိုသံ၊ရှိုက်သံ မုန်တိုင်း၊တိုက်ပွဲ
ငါတို့ ဘာကြောင့် ဘယ်က ဘ၀ဘယ်မှာစ
ဘ၀ ဘယ်ကိုသွားမလဲ သင်တို့မသိနိုင်ကြ
တို့လည်း သင့်လို လဟာပြင်က တစ္ဆေတွေပဲ
မမြဲတဲ့ ဒုက္ခမှာ ဘာသုခရလဲ
မပြောင်းလဲတဲ့ သင့်စည်းစိမ် ဘာပျော်စရာရှိလို့လဲ
မေတ္တာမြဲခဲ့ရင်ဖြင့် ကြည်နူးစရာပဲ
ဘ၀လမ်း လေရဲ့လမ်း အရာအားလုံးတွေ
ကြိုးအမျိုးမျိုးပေါ် တဒင်္ဂမြည်နေတဲ့ တဒင်္ဂအသံတွေ
အို.. မာယာရဲ့သားတွေ တို့ကမ္ဘာကို လှည့်ကြရာ
ဒီကြိုးပေါ်ငိုမိ မပျော်အားကြပါ
အပြည်ပြည်မှာ ဒုက္ခစုံ တို့မြင်ခဲ့ပေ
မျက်ရည်ရွဲ မျက်လုံး
ဆုတ်ထားတဲ့ လက်တွေဟာ
အခိုက်အတန့်သာ
ခိုင်မြဲဖို့အတွက်ပဲလေ...

ရာဘင်ဒြာနယ်တဂိုး

2 comments:

  1. ကိုသားထက်ရေ ကြိုက်တယ်ဗျာ တဂိုးရဲ့ ကဗျာလေးတွေ ရရင် ဖက်ချင်ပါသေးတယ် ကျေးဇူးပါ

    ReplyDelete