Friday, October 1, 2010

မိဘကျေးဇူးကိုနားလည်ပြီးတော့ ကျေဇူးဆပ်တတ်ပါစေ...

မိဘကျေးဇူးကိုနားလည်ပြီးတော့
ကျေဇူးဆပ်တတ်ပါစေ...

လူဖြစ်မရှုံးပါစေနဲ့ …
မိဘနှစ်ဖြာရှိနေပါလည်း ကျေးဇူးမသိ မဆပ်ဘိက တစ်သက်လုံးလုံး လူဖြစ်ရှုံး၏။
ဒီမှာမိတ်ဆွေ…
လောကမှာ အမေကိုမှ မချစ်တတ်ဘူး မသိတတ်ဘူးဆိုတဲ့သူဟာလေ သူကိုယ်တိုင်
ဘယ်သူ့ကိုမှ ချစ်လိမ့်မယ်မထင်နဲ့။ တိုင်းပြည်ကိုလည်းမချစ်ဘူး။

ဘယ်သူ့ကိုမှလည်း
ရိုသေမှာမဟုတ်ဘူး။ ဘယ်သူ့ကျေးဇူးကိုမှာ့လည်း သိတော့မှာမဟုတ်ဘူးဆိုတာ
စိတ်သာချ ဒိဌ ဒိဌ အမှန်ပဲဗျာ…
(ဆရာကြီး ဦးသုခ စာအုပ်မှာ့)

မင်းကိုအချစ်ဆုံးဆိုတာ…
လောကကြီးမှာ ဘယ်သူတွေမင်းကို ဘယ်လောက်ချစ်ပါတယ်ပဲပြောနေနေ
မိဘမုန်းသလောက်ကိုတောင်မမှီဘူးဆိုတာ မြဲမြဲမှတ်ထားပါ…

မိဘဆိုတာ…
အနန္ဒ ဂိုဏ်းဝင် အဓိကထားပြီး မိဘနှစ်ပါးကြီးကျယ်စွာ
လက်ဦးဆရာ ဗြဟ္မာလားသို့ ဘဂ၀ါ ဘုရားဟောခဲ့ရာ
သူတို့မွေးတာ ကျေးဇူးမြတ်ကို ကျေးဇူးဆပ်ဖို့နားလည်ပါ
စွမ်းနိုင်လျက်သား အိုမင်းညား ပစ်ထား လူယုတ်မာ
အဲ့ဒါကြောင့် ဗုဒ္ဓထုတ်ဟော အယုတ်သဘောကင်းစေရာ…

ဘုရားရှင်ပြောတဲ့ လူယုတ်မာဆိုတာ…
မိဘတွေ အိုမင်းရင့်ရော်နေသောအချိန်တွင်
မိဘများအား လုပ်ကိုင်ကျွေးမွေးနိုင်စွမ်း ရှိပါလျှက်နှင့်
လုပ်ကိုင်မကျွေးမွေးသော လူတို့သည် လူယုတ်မာ…

နားလည်မဲ့အချိန်နောက်မကျပါစေနဲ့…
မိဘကို မသေခင်ကျွေးပါ ၊ သေမှ ငိုမနေပါနှင့်
မိဘအရိပ်ကိုခိုပါ ၊ မိဘကိုမစော်ကားပါနှင့်
အတော်စုံလျှင်ပြန်ပါ ၊ မိဘကိုမပုန်ကန်ပါနှင့်
မိဘမျက်ရည်တစ်စက် ၊
သားသမီးဆင်းရဲတစ်သက်
သင်ကိုယ်တိုင်မိဘဖြစ်မှာ့ မိဘရဲ့မေတ္တာကိုနားလည်မယ်…

နိယာမကိုလွန်ဆန်နိုင်သောအရာ…
သားလှချစ်စွာ မိမာတာ၏
နီတျာထွေးထွေး နှလုံးသွေးသည်
သည်းခြားသူ့အား နို့စို့ငြားသော်
သားမြတ်အဖျား ရောက်လာငြား၍
ဘော်သာ စွာသွေး ဖြူဖြူဖွေးသည်
ချစ်သွေးလူလှ ချစ်သောကြောင့်။

အမေ…
ဇမ္ဗူတိုင်းမှာ အဖြေညှိပြရင်
အပူလှိုင်းဖြာ ဝေဒနိကတွေနဲ့
လူတိုင်းဟာ အမေရှိကြတယ်။
မရေမရာ ပဟေဠိတွေကြောင့်
အသေအချာ အဖေမသိတောင်မှ
အမေရှိတယ်။
ချစ်သဒ္ဒါဝေကဲ
ပြည့်တန်ဆာ အမေလည်း
အမေ
အကြောင်းတရား အခြေမွဲ
သူတောင်းစားအမေလည်း အမေ
သမီးသားတွေ ကြီးထွားစေရာဖို့
စီးပွားအထွေအထွေ
စိန်ရွှေပတ္တမြား အိမ်မြေကားနှင့်
ငွေသားအမွေ မပေးနိုင်မှ အမေမဟုတ်
ယိုင်နဲ့နဲ့တဲအတွင်း
လှဲခင်း အိပ်နေစရာ တိုးဖယ်ပေးခဲ့
အရိုးဟင်း တစ်ဖဲ့စီဝေ
ထမင်းရည်အတူသောက်
ဗိုက်မှောက်တော့ အတူတူ
(ခြင်ထောင်မရှိ ခြုံစောင်မရှိ
ခင်းအိပ်စရာ ဖျာလည်းမရှိလို့)
ခြင်ကိုသွေးလှူ အတူတူ
အပူကိုမျှဝေခံစား
ဒုက္ခကိုပိုမိုလေးနက်စေ
ပညာအမွေ ရွှေအိုး
ရိုးသားမူ ဂုဏ်သိက္ခာ
မေတ္တာ အကြင်နာမှတပါး
အခြားပေးစရာ အထွေအထွေ မွဲသောလည်း

အမေဟာ အမေပဲလေ။ (အောင်လှိုင်ထွန်း)

မိဘကျေးဇူးကြီးမားပုံ…
အနှစ်တစ်ရာ သက်တမ်းမှာ အနှစ်တစ်ရာသက်တမ်း ကာလပတ်လုံး ညာဘက်ပခုံးပေါ်
အမိကိုတင်၊ ဘယ်ဘက်ပခုံးပေါ် အဖကိုတင်ပြီး အစစအရာရာ လိုလေသေးမရှိအောင်
လုပ်ကျွေးသော်လည်း မိဘကျေးဇူးမကုန်နိုင်ပေ…

မိဘကိုကျေးဇူးဆပ်ရန် အခြေအနေ (၄)ချက် ရှိရမည်…
(၁) သက်ရှိထင်ရှားရှိရမည်
(၂) မှီခိုနေရမည်
(၃) ကျွေးနိုင်မွေးနိုင်တဲ့စိတ်ရှိရမည်
(၄) ကျွေးနိုင်မွေးနိုင်တဲ့ ဓနဥစ္စာ ရှိရမည်။

မိကကျေးဇူးကျေအောင်ဆပ်နည်း
(၁) သဒ္ဒါတရား မရှိတဲ့မိဘကို သဒ္ဒါတရားနဲ့ ပြည့်စုံအောင်၊
(၂) သီလမရှိတဲ့မိဘကို သီလနဲ့ပြည့်စုံအောင်၊
(၃) မပေးရက် မလှူရက် နှမြောတွန့်တိုတဲ့မိဘကို စွန့်ကြဲပေးကမ်း
လှူဒါန်းခြင်းနဲ့ပြည့်စုံအောင်၊
(၄) ပညာဥာဏ်မရှိတဲ့ မိဘကို ပညာဥာဏ်နဲ့ ပြည့်စုံအောင်၊

မိဘကျေးဇူးကိုကျေအောင်ဆပ်နိုင်သော သားကောင်းသမီးမြတ်များ ဖြစ်ကြပါစေရန်
ရည်ရွယ်ပါသည်...
ဆက်လက်ဖြန့် ဝေပေးကြပါ...(မောင်ကောင်း)

မေးထဲရောက်လာတာလေးပါ အရမ်းကြိုက်ပါတယ်
သားထက် (မုံရွာနည်းပညာတက္ကသိုလ်)

No comments:

Post a Comment