Saturday, October 2, 2010

ပြုံးရုံပြုံးနော်

တစ်ခုခုတော့ ဖြတ်ရမယ်

ဆရာဝန်-
ခင်ဗျား ဆေးလိပ်သောက်တာ ရပ်လိုက်ပါ။

လူနာ - ကျနော် လုံးဝဆေးလိပ် မသောက်တတ်ပါဘူး

ဆရာ ။
ဆရာဝန်- ဒါဆို အရက်လုံးဝ မသောက်ပါနဲ့ ။
လူနာ - အရက်လည်း လုံးဝ မသောက်တတ်ပါဘူး ။
ဆရာဝန်- ခင်ဗျား အာလူးကြော် ကြိုက်လားဗျ ။
လူနာ - ဟုတ်ကဲ့ အာလူးကြော်ကို သိပ်ကြိုက်ပါတယ် ။

ဆရာဝန်- ဒါဆို အာလူးကြော်နောက်မစားနဲ့တော့ ။
.............
အပင်ပန်း မခံချင်ပါနဲ့


ဆရာဝန်ကလူနာကို ပြောတယ်.......
"ခင်ဗျားကို ၀မ်းနည်းစကား ပြောရဦးမယ်
ခင်ဗျား ဗိုက်က ချုပ်ရိုးတွေ ပြန်ဖွင့်ရလိမ့်မယ်"
"ဘာဖြစ်လို့လဲ ဒေါက်တာ"
"ခင်ဗျား ဗိုက်ထဲမှာကတ်ကြေးတစ်လက်
မေ့ကျန်ခဲ့လို့"

"အင်း.....ကတ်ကြေးတစ်လက် အတွက်နဲ့တော့
ပြန်မဖွင့်ချင်ပါနဲ့တော့ ဒေါက်တာရယ် ၊
ရော့ ပိုက်ဆံ ၊ အသစ်တစ်လက်သာ ၀ယ်လိုက်ပါ"
...........
အဖြေမှန်


ဆရာ = ဆယ့်ရှစ် ရာစုနှစ်လောက်က ကမ္ဘာ ကျော်ခဲ့တဲ့
ပုဂ္ဂိုလ် ကြီးတွေ အကြောင်း ဘယ်သူပြောနိုင်သလဲ ?
ကျောင်းသား = ဟုတ်ကဲ့ ကျွန်တော် ပြောနိုင်ပါတယ် ဆရာ

ခု သူတို့ အားလုံး အနိစ္စ ရောက်ကုန် ကြပါပြီ ။
...........

ဗေဒင်ဆရာ


ဗေဒင်ဆရာ =
ခင်ဗျားမှာ ကလေးသုံးယောက်
ရှိရမယ်
မေးသူ = ဟင့်အင်း ၊ ဒါဆို ဆရာ မှာသွားပြီ ။
ကျနောမှာ ကလေးငါးယောက် တောင်
ရှိတယ်ဆရာ။

ဗေဒင်ဆရာ = ဘာလဲ ခင်ဗျားက သူတို့ အားလုံးရဲ့
ဖခင်လို့ ကိုယ့်ကိုကိုယ် ထင်နေတယ်ပေါ့လေ ။

..........

အပြန်အလန်


"ဟို.... မှာရပ်နေတဲ့ အမျိုးသမီးကို ရှင်
သိသလားဟင်"
"အဲဒါ ကျွန်တော့ ဇနီးပါ "
"အို.....မေးမိတာ တောင်းပန်ပါတယ်နော်"
"ဟုတ်ကဲ့ ကျွန်တော်လည်း ဖွင့်ပြောမိတာ

ဝမ်းနည်းပါတယ်ဗျာ"

..........

အဓိကလိုအပ်ချက်

“အဒေါ့် ခွေးကို ကျွန်တော့် ကားနဲ့
ကြိတ်မိတာကြောင့် ကျွန်တော် အစား

ပေးပါ့မယ်”
“နေပါဦးကွဲ့၊ မင်းက အစားထိုးပေးမယ်
ဆိုတော့ မင်းက ဟောင်တတ်လို့လား”
...........

မှားချက်ကယ်နာ

“ခင်ဗျားရဲ့ သွေးခုန်နှုန်း ကိုစမ်းကြည့်ရတာ

နာရီ လိုပဲ မှန်နေတာပဲ”
“ဒေါက်တာက ကျွန်မ လက်ပတ်နာရီကို
စမ်းကြည့်နေတာကိုး ရှင့်”
............

ဆောရီးဗျာ

ခင်ဗျား ကားနဲ့ တိုက်မိလို့ ဒဏ်ရာရပြီး

သတိမေ့နေတဲ့လူဟာ ဘယ်သူလဲဆိုတာ သိသလားဗျ”
“အေးဗျာ ၊ မတိုက်ခင်တုန်းက သူ့နာမည်နဲ့ လိပ်စာ
မေးမထားမိဘူး”

..........


ယောက္ခမအတွက် လက်ဆောင်မွန်

“ဘာ..အလိုရှိပါသလဲရှင်”
“ကျွန်တော့ ယောက္ခမကြီးကို ကန်တော့ဖို့
အတွက် ပစ္စည်း လိုချင်လို့ပါ”
“ဟုတ်ကဲ့ ကျွန်မတို့ ကုန်တိုက်မှာ

ပစ္စည်းအစုံရှိပါတယ် ။ လိုချင်တဲ့ပစ္စည်း
အမျိုးအမည်ကိုသာပြောပေးပါ”
“လျှပ်စစ်ကုလားထိုင် တစ်လုံးလောက်
လိုချင်လို့ပါ ဘယ်လောက်ပဲ ပေးရပေးရ
လိုချင်ပါတယ်”
............


သူ့ထင်မြင်ချက်

ခွဲစိတ်ခန်းထဲ ၀င်တဲ့အခါ ဆရာဝန်တွေ
သူနာပြုတွေအားလုံး ဘာဖြစ်လို့ သူတို့မျက်နှာတွေ
ပေါ်မှာ အ၀တ်ဖြူတွေ စည်းထားကြတာလဲ မသိဘူးနော်”
“မတော်တဆ ခြေချော် လက်ချော် ဖြစ်သွားရင်

သူတို့ကို မမှတ်မိအောင်လို့ နေမှာပေါ့”
............

တူညီသော သဘောထား


အခု ကျွန်တော် အရွယ်ရောက်ပြီ ဖေဖေ၊

လွတလပ်မှု၊စွန့်စားမှု၊ မိန်းမလှလှ ရလိုမှုတွေဟာ
ကျွန်တော်တို့လို လူငယ်တွေရဲ့ လိုလားချက်ပါပဲ။
ဒါတွေကို စိတ်ဝင်စားမိလို့ ဖေဖေအနေနဲ့ ဆူမယ်ဆိုရင်
သား အိမ်မှာ မနေဘူး ဆင်းသွားမယ်ဗျာ”
“ငါ့ကိုလည်း ခေါ်သွားပါကွာ
ဖေဖေလည်း သားသဘောနဲ့ ထပ်တူပါပဲ”

No comments:

Post a Comment