Sunday, October 31, 2010

နေထိုင်မှုအသစ်

ငါနဲ့အတူ
အမြဲရှိနေတဲ့
သေခြင်းတရားရယ်..
ငါ့ဆီခဏခဏ
အလည်လာတတ်တဲ့
`ဒုက္ခ´ဆိုတဲ့ ဧည့်သည်ကြီးရယ်..
ငါဟာ..
သူတို့နဲ့အတူ
ဘ၀အတုတွေ ငှဲ့သောက်ရင်း...
အိပ်မက်အတုတွေ စားသုံးရင်း...
တဖြည်းဖြည်း ကြီးပြင်းလာတဲ့
`အတ္တ´ကို
မွေးမြူရင်းပေါ့လေ...
လူတချို့က
ကိုယ့်ရှင်သန်မှုအတွက်
သူတပါးရဲ့
အသွေးအသားကို
စားသုံးကြတယ်..
လူတချို့က
သူတပါးရှင်သန်မှုအတွက်
ကိုယ့်အသွေးအသားကို
ပေးဆပ်တယ်...
မြင့်မြတ်ခြင်းဟာ
ကိုယ်ချင်းစာတတ်သော
လူသားဆန်သော
လူသား၏ နူးညံ့တဲ့ နှလုံးသားမှ
ညင်သာစွာလှုပ်ခတ်လိုက်သော
ရင်ခုန်သံဖြစ်တယ်..။
အမှန်တရားဟာ
လင်းလက်ခဲတယ်...
မှေးမှိန်ခဲတယ်..
ငါကတော့
အမှန်တရားတွေကို
မြတ်နိုးတတ်ဖို့
ကြိုးစားတယ်...
ဘယ်လိုပဲ
မမြင်ကွယ်ယောင်ဆောင်ပေမယ့်
ငါ သယ်ဆောင်ရမယ့်
အတိတ်ဟာ
ငါ့နောက်မှာ
အရိပ်တွေလို
လိုက်နေခဲ့တာပါ....
ခဏလောက်
ငြိမ်ပေးစမ်းပါ
အမှန်တရားတွေကို
ကြိတ်မှိတ်မြိုသိပ်ထားရတဲ့
နှလုံးသားတွေရဲ့
တုန်ခါလှိုက်မောနေတဲ့
ရင်ခုန်သံတွေ
ငါ ကြားနေရတယ်
တခါတခါမှာ
ပျော့ညံ့တတ်တဲ့ ငါဟာ...
အမှားတွေကို
အမှားတွေကို
အမှားနဲ့တုန့်ပြန်တတ်ဆဲပဲ
`ကျား´ဆိုတာ မြက်မစားရဘူး...တဲ့
ငါ..ရဲရင့်ဖို့ကိုလည်း..
ကြိုးစားနေပါတယ်...
ဟော..
နေလုံးကြီးတောင်
တဖြည်းဖြည်း
မြင့်လာနေပြီ
ငါ့ရှေ့မှာ
ပျက်စီးနေတဲ့
ဥယျာဉ်ကြီးရှိတယ်
ဥယျာဉ်ဆိုတာ
သစ်ပင်ပန်းမံတွေရဲ့
ဆွတ်ပျံ့သင်းမြတဲ့
ရနံ့တွေနဲ့ပဲ
လှပနေဖို့ကောင်းတာ..
ခုတော့..
မြက်ပင်တွေနဲ့
စိန်းလန်းချင်ယောင်ဆောင်ထားတဲ့
အဲဒီ ဥယျာဉ်အပျက်ထဲ
နွားငတ်တွေ
ပွဲကျနေတယ်လေ..

သားထက် (မုံရွာနည်းပညာတက္ကသိုလ်)

လရောင်နဲ့ရေးတဲ့...တေးသွား...

ညတညရဲ့နိဂုံးဟာ
အာရုဏ်ဦးနေရောင်တွေနဲ့
ရွှန်းသစ်လက်တောက်လာတတ်သလိုမျိုး
အမြဲ..မှောင်မိုက်တိတ်ဆိတ်နေတတ်တဲ့
ငါ့ဘ၀မှာ...မျှော်လင့်ခြင်းတွေဟာ...
အပြာရောင်အိပ်မက်တွေနဲ့အတူ
နေရောင်လရောင်တွေလို
ယှက်ဖြာလှိုက်စိုနေပါတယ်...
ဆာလောင်လွန်းလို့
ရှိုက်ကြီးတငင် မှောက်ငိုနေတဲ့
ကလေးငယ်လေးရဲ့
ငတ်မွတ်တောင့်ခြင်းမျိုးနဲ့
ငါဟာ..တစုံတယောက်ဆီက
မေတ္တာအကြင်နာတွေကို
လိုချင်မြတ်နိုးခဲ့ပါရဲ့..
ရယ်စရာပဲ...
`အချစ်´ဆိုတာ
ပေးတိုင်းပြန်ပြီးရရပါစေမယ်လို့
ဘယ်သူက အာမခံမထားခဲ့သလို
`ဘ၀´ဆိုတာလည်း
တောင့်တတိုင်း ပြည့်စုံစေမယ်လို့
ဘယ်သူ့ကမှ အာမခံမထားဘူး
ငါကိုယ်ကရူးတာပါ
ဒီထက်နည်းနည်း သက်သာအောင်
ဖြည့်တွေးလိုက်တယ်
လူတွေအားလုံးနီးပါးဟာ
အရူးအမိုက်တွေချည်းပါပဲ.။
ပြိုမလိုညိုနေတဲ့ တိမ်တိုက်တွေက
မိုးစက်တွေ တဖွဲဖွဲခြွေချ
ငိုမလိုပြိုနေတဲ့ နှလုံးသားတစ်ခုကို ထွေးပိုက်
ငါကတော့ စရိုက်ဆန်ဆန်ပဲ
အဲဒီ မိုးရေစက်တွေထဲ
အသည်းကွဲခြင်းအထိမ်းအမှတ်နဲ့
လှလှပပလမ်းလျှောက်လိုက်တယ်
ဓာတ်ရှင်ထဲမှာဆိုရင်တော့
ဒါဟာ အကောင်းဆုံးအခန်းကို
ရောက်တာပဲပေါ့..
ဒီလိုနဲ့ မင်းနဲ့...ငါ....
အလွမ်းတွေ တစ်ခုပြီး..တစ်ခုခြားရင်း..ဝေးခဲ့တယ်..
ဒါပေမယ့်ကွယ်...
ဘာအကြောင်းနဲ့ပဲဖြစ်ဖြစ်
မင်းငါ့ကို ၁ စက္ကန့်လောက်လေး
သတိရပေးရင်
ငါ..ကျေနပ်ပါတယ်...ချစ်ရယ်..
အချစ်အတွက်...ရေးတယ်...
အလွမ်းအတွက်....ရေးတယ်....
ဘ၀အတွက်...ရေးတယ်....
ဒဿနအတွက်...ရေးတယ်....
အိုမယ်...နာမယ်...သေမယ်....
သစ္စာတရားတစ်ခုဟာ
ငါ့နှလုံးသားမှာ ရှင်သန်နေပါတယ်..။
လရောင်ရေးရေးနဲ့
ဆွေးဆွေးလျလျညတွေဆို
အလှပဆုံးကဗျာတွေ ငါခံစားချက်အတွက်
ငါရေးတယ်...
ပစ္စုပ္ပန်ဟာ
`အတိတ်´တစ်ခုလို
ဟန်ဆောင်ပြီး
ငါ့ရှေ့ကနေ
ရုတ်တရက် ထွက်ခွာသွားချိန်
အနာဂတ်ဟာ
ကမူးရှူးထိုးနဲ့
ငါရဲ့
နံနက်ခင်းတွေဆီ
`ဘ၀´အယောင်ဆောင်ပြီး
ရောက်လာခဲ့တယ်...
ငါကတော့
တညတခါဆီက
သာခဲ့ဖူးတဲ့
လရောင်အေးအေးလေးကို
လွမ်းနေမိတယ်....

သားထက် (မုံရွာနည်းပညာတက္ကသိုလ်)

ယုန်ပုံပြင်

ယုန်ပုံပြင်

တခါတုန်းက တောအုပ်လေးတခုမှာ ယုန် အသိုင်းအ၀ိုင်းလေး တခုရှိတယ်။ သူတို့တတွေက
အေးအေးချမ်းချမ်းလေး နေပြီး တောအုပ်ထဲက တခြားတောကောင်တွေနဲ့လဲ မရောပဲ
သီးခြားလေးနေလေ့ရှိတယ်။ ဒါပေမယ့် တောအုပ်ထဲမှာ ဖြစ်ပျက်နေတာတွေကို လုံးဝ
မျက်ချေပြတ်နေတာတော့ မဟုတ်ဘူး။ ဟိုးနား၊ ဒီနားတောလည်သွားရင်း ကြားလာရတဲ့
သတင်းတွေကို ယုန်လေးတွေ အချင်းချင်း ပြန်မျှဝေတတ်ကြတယ်။ ယုန်လေးတွေ
ပြောနေတာကို နားထောင်ပြီး၊ ယုန် ဖိုးဖိုး၊ ဖွားဖွားကြီးတွေက အကဲဖြတ်
သုံးသပ်ချက်တွေ ပေးတတ်ကြတယ်။ ယုန်လေးတွေကလဲ ပညာရှိ ဖိုးဖိုး၊
ဖွားဖွားကြီးတွေရဲ့ စကားလုံးတွေကို တလေးတစားနဲ့ နားထောင်တတ်ကြတယ်။ ဒါပေမယ့်
ယုန်လေးတကောင်ကတော့ ဒီလို မဟုတ်ဘူး။ ဖိုးဖိုးတို့ တွေးတာတွေက
တကယ့်လက်တွေ့နဲ့ ကိုက်မှာ မဟုတ်ဘူးလို့ အမြဲသံသယ ရှိနေတတ်တယ်။ ပညာရှိများ
တွေးကြည့်ရင်၊ ပြေးကြည့်တာထက် မှန်တယ် ဆိုတာကို ယုန်လေးက လုံးဝ လက်မခံဘူး။
ပြေးကြည့်မှ တကယ်သိမှာပေါ့လို့ အမြဲတွေးနေတတ်တယ်။



ဒီလိုနဲ့ တနေ့တော့ ယုန်အသိုင်းအ၀ိုင်းလေးကို စွန့်ခွာပြီး တောနက်ကြီးထဲကို ယုန်ကလေး
ထွက်လာခဲ့တယ်။ တောနက်ထဲ ရောက်ပြီး မကြာခင်မှာပဲ တနေရာမှာ တောကောင်တွေ
စုဝေးနေတာတွေ့လို့ အပြေးအလွှားသွားကြည့်လိုက်တယ်။ တောကောင်လေးတွေက
ကြမ်းပိုးလေး တကောင်ကို လိပ်ပါဆိုပြီး တကောင်က အဆိုတင်သွင်းလိုက်၊ တကောင်က
ထောက်ခံလိုက်နဲ့ လုပ်နေကြတယ်။ ဒါနဲ့ ယုန်ကလေးလဲ မနေနိုင်ပဲ
သူတို့ထင်နေကြတဲ့ လိပ်ကလေးဟာ ကြမ်းပိုးလေး ဖြစ်ကြောင်း ပြောလိုက်မိတယ်။
မကြာပါဘူး။ သူတို့ကို ၀င်နှောင့်ယှက်တယ်ဆိုပြီး တောကောင်တွေက သွားဖြီးပြီး
ဝိုင်းလိုက်ကြလို့ ယုန်ကလေးခမျာ သုတ်ချေတင်ရပါလေရော။



ပြေးရင်းလွှားရင်းနဲ့ သစ်ပင်တပင်ကို တွေ့တာနဲ့ အမောပြေဆိုပြီး သစ်ပင်ကြီးရဲ့ အရိပ်မှာ
ဝင်ခိုလိုက်ရတယ်။ မကြာပါဘူး။ သစ်ပင်ပေါ်က တောကြောတကောင်က ခုန်ဆင်းလာပါလေရော။
ဒီသစ်ပင်က သူပိုင်တဲ့ သစ်ပင်မို့ သစ်ပင်နားကို မကပ်နဲ့လို့ ယုန်ကလေးကို
ပြောတယ်။ ယုန်ကလေးက မောလွန်းလို့ ခဏနားပါရစေဆိုတော့ သူ့ကို ရွှေကျားကြီးလို့
ခေါ်ရင် နေခွင့်ပေးမယ် ဆိုပဲ။ တောကြောင်ကြီးကို မြင်ရက်နဲ့ ရွှေကျားကြီးလို့
ခေါ်ဖို့ ဆိုတာကလဲ မလွယ်တာမို့ ယုန်ကလေးလဲ စိတ်ပျက်လက်ပျက်နဲ့ သစ်ပင်အောက်က
ထွက်လာခဲ့တော့တယ်။



ဒီလိုနဲ့ မလှမ်းမကမ်းရောက်တော့ တီကောင်လေးတကောင်ကို တွေ့ပြန်ရော။ တီကောင်ကလေးက မြွေအဖွဲ့ဖွဲ့ဖို့ နှိုးဆော်နေတယ်ဆိုပဲ။

ယုန်ကလေးကိုလဲ မြွေအဖွဲ့ရဲ့ အတိုင်ပင်ခံ ယုန်ပညာရှိလေး လုပ်ဖို့ တီကောင်လေးက
ကမ်းလှမ်းတယ်။ ယုန်ကလေးလဲ စိတ်ဝင်စားသွားပြီး တီကောင်လေး ခေါ်သွားတဲ့
မြွေအဖွဲ့ဝင်လောင်းတွေဆီကို လိုက်သွားမိတာပေါ့။ ဒါပေမယ့် မကြာပါဘူး။
ယုန်ကလေး စိတ်ပျက်လက်ပျက်နဲ့ ပြန်ထွက်လာခဲ့ရတယ်။ မြွေအဖွဲ့ဖွဲ့ချင်နေတာတွေက
မြွေတွေ မဟုတ်ပဲ တီကောင်တွေပဲ ဖြစ်နေတာကိုး။

တီကောင်တွေဆီက ပြန်လာရင်း ယုန်ကလေး စိတ်ညစ်နေရတယ်။ ဘယ်လိုတောကြီးမှန်းလဲ မသိ။
တောကြောင်ကလဲ ရွှေကျားဖြစ်ချင်လိုဖြစ်၊ တီကောင်တွေကလဲ မြွေအဖွဲ့ ဖွဲ့ချင်တယ်
ဆိုပါလား။



စိတ်ညစ်ညစ်နဲ့ တောနက်ထဲကနေ ထွက်လာလိုက်တာ စားကျက်မြေနား ရောက်သွားပြန်တယ်။ အဲဒီမှာ သိုးလေးတွေကို
တွေ့လိုက်ရတာကြောင့် ယုန်ကလေး ပျော်သွားတယ်။ သိုးလေးတွေက
ပျော်ပျော်ရွှင်ရွှင်နဲ့ ခေါင်းဆောင်တင်မြှောက်ပွဲ ကျင်းပနေကြတယ်။
သိုးလေးတွေရဲ့ ခေါင်းဆောင်ကို ယုန်ကလေးက သေချာလိုက်ကြည့်နေမိတယ်။
ကြည့်နေရင်းနဲ့ လန့်သွားပြီး ထခုန်မိပါလေရော။ ခေါင်းဆောင်ဆိုတာက
သိုးရေခြုံထားတဲ့ ၀ံပုလွေကြီးပါလား။ ဒါဆို သိပ်မကြာခင်မှာ ၀ံပုလွေကြီးက
သိုးလေးတွေကို စားပစ်တော့မှာပဲ။ သိုးလေးတွေအတွက် စိုးရိမ်ပြီး ယုန်ကလေးက
ခုန်ဆွဆွနဲ့ သတိပေးစကားတွေ လှမ်းပြောတယ်။ ဒါပေမယ့် ယုန်ကလေးစကားကို
ဘယ်သိုးလေးကမှ နားမထောင်ကြဘူးလေ။ ဒါနဲ့ပဲ စိတ်ပျက်လက်ပျက်နဲ့ တောထဲ
ပြန်ဝင်ခဲ့တော့တယ်။



မကြာပါဘူး။ ရေချောင်းလေး တခုနားကို ယုန်ကလေး ရောက်သွားပြန်ရော။ ရေချောင်းလေးမှာ ရွှေသမင်လေးတကောင်က
ရေသောက်ဆင်းနေလေရဲ့။ ရွှေသမင်လေးက သိပ်လှတာကြောင့် ယုန်ကလေးလဲ
ငေးနေမိတာပေါ့။ အဲဒီအချိန်မှာ ရွှေသမင်လေးနားကို မုဆိုးကြီးတယောက်
ရောက်လာတယ်။ မြားကြီးနဲ့လဲ ချိန်ထားလိုက်သေးတယ်။ ယုန်ကလေး လန့်သွားပြီး၊
ရွှေသမင်လေးကို အော်ဟစ်သတိပေးမိတယ်။ မုဆိုးကြီးလာနေပြီလို့။ ရွှေသမင်လေးက
ဂရုမစိုက်ဖူး။ ငါ့ရဲ့ အဂါင်္အဆင်းကြောင့် မုဆိုးကြီးက တကယ် သတ်မှာ
မဟုတ်ပါဘူး။ ကျီစားတာ နေမှာပါတဲ့။ ကိုယ့်ကိုကိုယ် အဟုတ်ကြီးထင်ပြီး၊
မြားနဲ့ချိန်ထားတဲ့ မုဆိုးကြီးကို အထင်သေးနေတဲ့ ရွှေသမင်လေးကို ကြည့်ရင်း
ယုန်ကလေးက သနားနေမိတယ်။ မကြာခင်မှာ မြားတန်းလန်းနဲ့ အသက်ထွက်ရတော့မှာပါလား။
မကြည့်ရက်တာနဲ့ ယုန်ကလေး ပြေးထွက်လာခဲ့တယ်။



ခြေဦးတည့်ရာကို ပြေးထွက်လာတဲ့ ယုန်ကလေးဟာ တောနက်ထဲမှာ တရှူးရှူးတရှားရှား လုပ်နေတဲ့
တောဝက်ကြီးတကောင်နဲ့ သွားတိုးပါလေရော။ တောဝက်ကြီးက ဒေါသတွေ အရမ်းထွက်နေတယ်။
သူ့တောဝက် မိသားစုလေးကို ဖြိုခွဲသွားတဲ့ မုဆိုးကြီးကို လက်စားချေမလိုတဲ့။
ဒေါသနဲ့ တိုက်ပွဲဝင်ရင် ရှုံးတတ်တာကြောင့် ဒေါသတွေကိုလျှော့လို့ ယုန်ကလေးက
ဖြောင့်ဖြရတာပေါ့။ ဒါပေမယ့် တောဝက်ကြီးက ယုန်ကလေးပြောတာကို နားမလည်ဘူး။
သူ့ဘက်က လိုက်ပြောတာကိုလဲ ပြောတယ်လို့ မတွေးတတ်ဘူး။ မုဆိုးဘက်ကို
ဘက်လိုက်တယ်ဆိုပြီး ယုန်ကလေးကို ပြဿနာရှာပါလေရော။ ဒါနဲ့ ယုန်ကလေးလဲ
တောဝက်ကြီးနားက ပြေးထွက်ခဲ့ရပြန်တယ်။



မကြာပါဘူး။ တောကောင်တွေ စုဝေးနေကြတာ တွေ့တော့ မနေနိုင်၊ မထိုင်နိုင်နဲ့
အနားကပ်သွားမိပြန်တယ်။ တောကောင်တွေ စုပြီး တောဘုရင် ရွေးပွဲ
လုပ်နေကြတာပါကလား။ လည်ဆံဖွားဖွားနဲ့ ခြသေ့င်္ကြီးက ဟန်ရေးပြနေတယ်။
သူ့ပါးစပ်မှာလဲ တောကောင်တွေကို ကိုက်ဖြတ်ထားတဲ့ သွေးစတွေနဲ့။
တောကောင်လေးတွေလဲ ကြောက်ကြောက်လန့်လန့်နဲ့ သူ့ကိုပဲ တောဘုရင်
တင်မြှောက်လိုက်ကြရတယ်။ အဲဒီအချိန်ထိလဲ ခြသေ့င်္ကြီးက ဟိန်းဟောက်နေတုန်းပဲ။
ခြသေ့င်္ကြီးကို ယုန်ကလေးက အရမ်းမုန်းသွားတယ်။ တောကောင်လေးတွေကိုလဲ
သနားမိတယ်။ တောကောင်လေးတွေ ခြသေ့င်္ကြီးလက်က လွတ်ဖို့ ခြသေ့င်္ကြီးထက်
အကောင်ကြီးတဲ့ ဆင်ကြီးကို သွားခေါ်မှ ဖြစ်မယ်လို့ တွေးလိုက်မိတယ်။



ဒါနဲ့ ဆင်ကြီးကို ရှာဖို့ ယုန်ကလေး ထွက်လာခဲ့တယ်။ ဆင်ကြီးကို တောအနှံ့လိုက်ရှာတာ
မတွေ့ဘူး။ လယ်ကွင်းတွေဘက် ထွက်သွားတယ် ဆိုတာနဲ့ အပြေးအလွှား လိုက်ရပါလေရော။
ဒါပေမယ့် ဆင်ကြီးကို လယ်ပြင်မှာ တွေ့ရတော့ ဆင်ကြီးနားကို ယုန်ကလေး
မကပ်ရဲတော့ဘူး။ လယ်ပြင်မှာက ဆင်ကြီးတကောင်ထဲမှ မဟုတ်တာပဲ။ ကျားကြီးလဲ
ရှိသေးတယ်။ ဆင်ကြီးနဲ့ ကျားကြီးက လယ်ပြင်မှာ တွေ့ပြီး တကောင်နဲ့ တကောင်
တိုက်ခိုက်နေကြတယ်။ ဘာလို့ တိုက်နေကြတာလဲလို့ အနီးအနားက တောကောင်လေးတွေကို
ယုန်လေးက လိုက်မေးကြည့်တာပေါ့။ ဒါပေမယ့် အဖြေကိုကြားရတော့ ယုန်ကလေး
ပက်လက်လန် လဲကျသွားတယ်။ ကျားနဲ့ဆင် လယ်ပြင်မှာ တွေ့နေရတဲ့ အကြောင်းက
တောဘုရင်ရွေးပွဲမှာ ခြသေ့င်္ကို ဘယ်သူတိုက်ခိုက်မှာလဲဆိုတာကို ငြင်းခုန်ရင်း
တိုက်နေကြတာတဲ့။



တောဘုရင်ရွေးပွဲကတော့ ပြီးသွားပြီ။ ခြသေ့င်္ကြီးကလဲ တောဘုရင် ဖြစ်နေပြီ။ ကျားနဲ့ဆင်က တိုက်လို့ ကောင်းနေကြတုန်း။

ပက်လက်လှန်ပြီး ယုန်ကလေး ငိုကြွေးနေမိတယ်။ တောဘုရင် ရွေးပွဲက ပြီးသွားပြီလို့ တတွတ်တွတ်
ရွတ်ရင်းနဲ့ပေါ့။ ဒါပေမယ့် ယုန်ကလေးကို ဘယ်သူကမှလဲ ဂရုမစိုက်ကြပါဘူး။
အနီးအနားက တောကောင်တွေက ကျားကြီးနဲ့ ဆင်ကြီးကို ကြည့်ပြီး
ဘယ်သူနိုင်မလဲလို့ ဟောကိန်း ထုတ်နေကြတုန်းပဲ။



ခင်မမမျိုး (၃၀၊ ၁၀၊ ၂၀၁၀)
မေးထဲရောက်လာတာလေး ဂွတ်လို့

Thursday, October 28, 2010

ဒါလားဟဲ့လူ့ဘဝ

ဒီစာလေးဟာ
18.5.2010 နေ့ လည် ( ၃ ) နာရီခန့် တွင် ကွယ်လွန်သွားသောကိုဇေမျိုးလတ် (
၂၇ ) နှစ်မကွယ်လွန်မှီမှာ ရေးသားခဲ့သောစာလေးပါ ဘဝသရုပ်တွေ
အများကြီးရှိနေပါတယ် ဖတ်သင့်တယ်ထင်လို့ မျှဝေပေးလိုက် တာပါ

ဒီနေ့ ကျွန်တော်တို့မှာ အိမ်ကြီးကြီးတွေ ရှိကြတယ်။ ဒါပေမယ့်
မိသားစုဝင်နည်းနည်းနဲ့။
အဆင်ပြေမှုတွေ ပိုများလာတယ်၊ ဒါပေမယ့် အချိန်တွေ နည်းကုန်ကြတယ်။
ကျွန်တော်တို့မှာ ဘွဲ့လက်မှတ်တွေများများ ပိုင်ဆိုင်လာတယ်၊ ဒါပေမယ့်
ယေဘုယျအသိတွေ နည်းလာတယ်။


ဗဟုသုတတွေ များလာတယ်၊ ဒါပေမယ့် ဝေဖန်ပိုင်းခြားမှုတွေ နည်းလာတယ်။
ကျွန်တော်တို့မှာ တတ်ကျွမ်းသူတွေ များများရှိတယ်။ ဒါပေမယ့် ပြဿနာတွေ
ပိုများလာတယ်။
ဆေးတွေ များများစားစား ရှိတယ်။ ဒါပေမယ့် ကျန်းမာရေးကောင်းတဲ့သူတွေ နည်းလာတယ်။


ကျွန်တော်တို့ အမှုမဲ့အမှတ်မဲ့ သုံးဖြုန်းနေကြတယ်။
ရယ်တာတော့ အတော်နည်းသွားပြီ။
ကားမောင်းတာ အတော်မြန်လာကြတယ်။
ဒေါသဖြစ်ဖို့ အတော်လေးမြန်လာပြီ။
အိပ်ယာဝင်တာ နောက်ကျလွန်းတယ်။
စာဖတ်တာ အတော်လေးနည်းတယ်။
ရုပ်မြင်သံကြားတော့ အတော်ကြည့်ကြသား။* ဘုရားရှိခိုးတာ အတော်နည်းလာပြီ။*


ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို တိုးပွားဖို့လုပ်ခဲ့ကြတယ်။ ဒါပေမယ့်
ကျွန်တော်တို့ရဲ့ တန်ဖိုးတွေတော့ လျော့လာကြတယ်။
ကျွန်တော်တို့ စကားကို ရွှန်းရွှန်းဝေအောင် ပြောကြတယ်။ မေတ္တာတွေနည်းလာပြီ။
လိမ်တာညာတာတော့ မကြာခဏပဲ။
ကျွန်တော်တို့ နေထိုင်ဖို့အတွက် သင်ယူခဲ့ကြတယ်။ ဒါပေမယ့် ဘ၀အတွက်မဟုတ်ဘူး။


ကျွန်တော်တို့ သက္ကရာဇ်မှာ ဘ၀ကို မြှုပ်နှံနေကြတယ်။ ဘ၀အတွက် သက္ကရာဇ်တွေကို
အသုံးမချနိုင်ဘူး။
ကျွန်တော်တို့မှာ ကြီးမားတဲ့အဆောက်အဦးတွေ ရှိတယ်။ ဒါပေမယ့်
စိတ်ရှည်သည်းခံနိုင်မှုဟာ အတော်သေးကွေးလာတယ်။
ကျယ်ပြန့်တဲ့ လမ်းမကြီးတွေ ရှိတယ်။ ဒါပေမယ့် အမြင်တွေ ရှုထောင့်တွေ
သေးသိမ်လာတယ်။


ကျွန်တော်တို့ များများသုံးလာတယ်။ ဒါပေမယ့် နည်းနည်းပဲ ရတယ်။
ကျွန်တော်တို့ များများစားစား ၀ယ်လာတယ်။ ဒါပေမယ့် ကျေနပ်မှုကတော့ အတော်နည်းတယ်။
ကျွန်တော်တို့ လဆီကို သွားဖို့၊ ပြန်ဖို့ နည်းလမ်းတွေရှိတယ်။
ဒါပေမယ့် လမ်းကူးပြီး အိမ်နီးနားချင်းဆီသွားဖို့ အတော်ခက်နေတယ်။


ကျွန်တော်တို့ အပြင်အာကာသကို ကြီးစိုးနိုင်တယ်။ ဒါပေမယ့် အတွင်းအဇ္ဈတ္တကို
မပိုင်နိုင်ဘူး။
ကျွန်တော်တို့ အက်တမ်ကို ခွဲခြမ်းနိုင်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ အာဂါတ
တရားကို မဟုတ်ဘူး။
ကျွန်တော်တို့ များများရေးတယ်။ ဒါပေမယ့် လေ့လာမှုတွေနည်းလာတယ်။
စီမံကိန်းတွေများတယ်။ ပြီးမြောက်တာ နည်းတယ်။


*ကျွန်တော်တို့ ခပ်သုတ်သုတ်လုပ်ဖို့ သင်ယူကြတယ်။ ဒါပေမယ့် စောင့်စားတတ်ဖို့
မပါဘူး။
ကျွန်တော်တို့ မြင့်မားတဲ့ဝင်ငွေတွေ ရှိလာတယ်။ ဒါပေမယ့် သေးသိမ်တဲ့
စိတ်ဓါတ်တွေနဲ့။*
ကျွန်တော်တို့ သတင်းအချက်အလက်များသိမ်းဖို့ ကော်ပီများများပွားဖို့
ကွန်ပြူတာတွေထွင်ခဲ့ကြတယ်။


ဒါပေမယ့် အဆက်အသွယ်တော့ နည်းလာကြတယ်။
ကျွန်တော်တို့ အရည်အတွက်များများ ထုတ်နိုင်ကြတယ်။ ဒါပေမယ့် အရည်အသွေး
နည်းနည်းနဲ့။
အသင့်စားအစားအစာတွေ ခေတ်စားနေတယ်။ အစာချေဖျက်နိုင်မှုက အတော်နှေးလာတယ်။
လူ ခပ်မြင့်မြင့်တွေ ဖြစ်ပေမယ့် စရိုက်တွေက ခပ်သိမ်သိမ်ပဲ။


အားလပ်ချိန် ပိုလာပေမယ့် ပျော်ရွင်မှုတွေ နည်းလာတယ်။
အစားအစာအမျိုးအစားများလာပေမယ့် အဟာရတွေနည်းလာတယ်။
နှစ်ယောက်စာ ၀င်ငွေတွေဖြစ်လာပေမယ့် လင်မယားကွာရှင်းမှုတွေများလာတယ်။
လှပတဲ့ အိမ်ယာတွေမှာ ကျိုးပျက်နေတဲ့ အိမ်ထောင်တွေနဲ့။

Monday, October 25, 2010

လူမိုက်တစ်ယောက်ရဲ့ ရင်ခုန်သံ....

ဘ၀ဆိုတာ
တိုက်ဆိုင်မှုတစ်ခုပဲလား....
ကောင်မလေးရေ...
မင်းနဲ့ငါ
တွေ့ခဲ့ကြတာဟာလည်း
တိုက်ဆိုင်မှုတစ်ခုပဲဖြစ်မယ်ထင်ရဲ့....
ငါကတော့
အဲဒီတိုက်ဆိုင်မှုလေးကို
အမြဲလွမ်းနေမှာပါ...
ခိုင်ခိုင်မာမာ
ပြောနိုင်တာတစ်ခုကတော့
ငါ..မင်းကို..
မြတ်မြတ်နိုးနိုးချစ်မိသွားတာဟာ
တိုက်ဆိုင်မှုတစ်ခု
မဟုတ်ခဲ့ပါဘူး..အချစ်ရယ်...
အရာရာကို
ဆုတ်ကိုင်ထားချင်တဲ့
ကလေးဆန်ဆန်စိတ်ကူးတွေနဲ့
ငါဟာ
ခတ်ဆိုးဆိုး ခတ်မိုက်မိုက်
ကောင်လေးပါ...
ငါ့လို....
လူမိုက်တစ်ယောက်ရဲ့
ရင်ခုန်သံဟာ
မင်းအတွက်တော့
သစ်ရွက်ခြောက်တစ်ရွက်
ကြွေကျသွားတာလောက်တောင်
ရင်ခုန်ဖွယ်ကောင်းမယ်မဟုတ်ပေဘူး....
ဘ၀ရဲ့ရိုက်ချက်တွေနဲ့
ငါ့နှလုံးသားဟာ
ဖွာလန်ကြဲအောင်
တိုက်စားပွန်းပဲ့နေပါတယ်...
အချစ်ရယ်
င့ါရင်ထဲမှာ
မုန်တိုင်းတွေ..မုန်တိုင်းတွေလေ..
ရင်တစ်ခုလုံး...ပွင့်ထွက်....လောင်မြိုက်သွားမတတ်ပါပဲ....
မုန်းတီးရက်စက်စွာ
မင်းပေးခဲ့တဲ့
မျက်စောင်းလှလှလေးတွေလေ
ငါ..ရင်အကွဲခံပြီး
သိမ်းဆည်းထားပါတယ်....
အရာရာကို
ထိရှခံစားလွယ်လွန်းတဲ့
ငါ့အသည်းနှလုံးတွေ
ခမ်းခြောက်သွားကြစမ်းပါကွာ
အရက်တွေ
တစ်ခွက်ပြီး..တစ်ခွက်...
ငါ...
မိုက်မိုက်မဲမဲ
သောက်နေမိတယ်
အချစ်ရယ်..
ဖြစ်နိုင်မယ်ဆိုရင်
မူးမှောက်ပြီး
ရူးသွပ်ခဲ့မှုတွေအားလုံး
မေ့ပျောက်ကုန်ဆုံးသွားအောင်
သောက်လိုက်ပါရစေ....
ကောင်မလေးရယ်
မင်းက
ငါချစ်တဲ့အတိုင်း ပြန်မချစ်နိုင်ပေမယ့်
ဟောဒီ....အရက်တွေကတော့
ငါသောက်တဲ့အတိုင်း
အမှန်အကန်ကို
မူးစေမှာပါပဲလေ........

သားထက် (မုံရွာ)

Saturday, October 23, 2010

ကျနော်ဖန်ဆင်းသော.....

နူးညံ့တဲ့ ပန်းတစ်ပွင့်ဟာ
ကြမ်းတမ်းတဲ့ လက်တစ်စုံထဲ
အစွမ်းကုန် လှပနေခဲ့ပါတယ်.....
ငါ ယုယသမျှ
တကုတက
ပွင့်ရှာတဲ့ ပန်းကလေးတစ်ပွင့်ဟာ
`အချစ်´ပါပဲ
အိပ်မက်တွေ ဆွဲလှန်ပြီး
နိုးထလာသလိုမျိုး
`အချစ်´ဟာ
ငါ့အတွက်
ရှင်းသန့်ဖြူစင်လွန်းပါတယ်..
တူရွင်းနဲ့တူတဲ့
ငါ့လက်တွေနဲ့
ငါ့နှလုံးသားကိုထွန်ယက်
ငါကိုယ်တိုင်
ငါ့အသွေးတွေနဲ့ သွန်းလောင်း
ငါ့ရဲ့...
ဘယ်တော့မှ မဟောင်းနိုင်တဲ့
အကြင်နာလေပြေတွေအောက်မှာ
ညင်သာစွာ
ဖူးပွင့်နေပါ
`အချစ်´ ရယ်...
နူးညံ့တဲ့ ပန်းတစ်ပွင့်ဟာ
ကြမ်းတမ်းတဲ့ လက်တစ်စုံထဲ
အစွမ်းကုန် လှပနေခဲ့ပါတယ်.....

သားထက် (မုံရွာ)

Thursday, October 21, 2010

သတင်းအတုတွေနဲ့ `လူ´......

ပါးစပ်က အသံထွက်တော့
နားက ကြားတယ်...
ပုံရိပ်က လင်းလက်တော့
မျက်လုံးက မြင်တယ်...
ဦးနှောက်က စဉ်းစားတော့
နှလုံးသားက ခံစားတယ်...
စားဖို့...၀တ်ဖို့...နေဖို့...
လူတွေ လုပ်ကြံဖန်တီးနေတဲ့
ဇာတ်လမ်း အတုတွေပါ...
ဘတ်စ်ကားတစ်စင်း
စီးနင်းဖြတ်သန်းသွားရာ နောက်က
ဖုန်တွေ အမှိုတ်တွေလိုပဲ
ကျနော်...အာရုံတွေနောက်
လိုက်နေ...မိုက်နေဆဲ...
နံနက်ခင်းတစ်ခုဟာ
အကုသိုလ်အမှုတွေနဲ့
လန်းဆန်းနေဖို့မကောင်းဘူး..
ဖောင်းပွနေတဲ့
နာတာရှည် ယဉ်ကျေးမှုတွေနဲ့
သမုဒယ အခန်းကျဉ်းလေးထဲမှာ
ကျနော့် အယူအဆတွေဟာလည်း
တဖြည်းဖြည်း..
ဟောင်းနွမ်းဆွေးမြေ့လာခဲ့ပါပြီ..
ခတ်ကြမ်းကြမ်းတီးခတ်နေတဲ့
မြို့ပြရဲ့ `ပွဲတော်ည´က
ပျိုမျစ်တဲ့ အသွေးအသားကိုမှ
ငတ်မွတ်တောင့်တနေပါသတဲ့..
ပြာလောင်ခတ်နေတဲ့ ကမ္ဘာကြီးထဲ
အမှန်တရားဆိုတာတွေဟာ
နင်းပြားခံထားရတဲ့ ဗူးခွံတွေလို
ပုံပျက်ပန်းပျက် လှပနေရဲ့လေ...
ဥပဒေအောက်က ပြည့်နက်နေတဲ့
ဆိတ်ကွယ်ရတွေဟာ
၂၁ရာစုကို ဖန်တီးပြစ်မယ့်
လက်နက်အသစ်တွေတဲ့လား...
ကောင်းရောင်းကောင်းဝယ် လာဘ်စားမှုနဲ့
ကောင်းရောင်းကောင်းဝယ် လာဘ်ထိုးမှုကြား
ဆင်းရဲသားဟာ ဖျားနာနေပါတယ်..
တချို့က ပြူတင်းတံခါးဖွင့်ပြီး
စုတ်တသတ်သတ်...
တချို့က လမ်းမပေါ်က ငေးမောပြီး
ခေါင်းတခါခါ...
ကောင်းတာတွေရောင်း ကောင်းတာတွေဝယ်..
စုတ်သတ်ခေါင်းခါ သနားပြတတ်တာ
အဆင့်မြင့်ယဉ်ကျေးမှုထင်ရဲ့...
ကမ္ဘာကြီးရဲ့ ဆာလောင်မှုအတွက်
ဘ၀တွေဘယ်နှစ်ခုများ ထိုးကျွေးရဦးမလဲ
ဆေးဆိုးထားတဲ့ အပြုံးတွေဟာ
ပြာနှမ်းပုတ်အက်နေလိုက်တာများ
လေတိုက်တိုင်းနံတယ်...
ကျနော့်ရင်ထဲက...ထွန်းကားနေတဲ့
ယဉ်ကျေးမှုကရော ဘာလဲ....
ကျနော်ဟာ..
အောက်ဆီဂျင်တွေ
ရှူရှိုက်ဖို့သက်သက်...
ကမ္ဘာကြီးပေါ်
မိုက်မိုက်မဲမဲ ရောက်ရှိခဲ့တဲ့
မည်ကာမတ္တ လူသားတစ်ယောက်ပါ
တစ်ရက်တစ်ရက်
မှန်ထဲမှာပြန်ပြန်မြင်နေရတဲ့
ကိုယ့်အရိပ်ကို မကြည်ညိုနိုင်သေးတဲ့
မျောက်သာသာ လူတစ်ယောက်ပါလေ...
ဟောဒီ....ဘာမှမခမ်းနားတဲ့လူမှာ
အကောင်းစား အိပ်မက်တွေတော့ရှိတယ်..
စိန်းလန်းတဲ့ တောအုပ်တွေ ဖြတ်သန်း
စမ်းချောင်းတွေရဲ့တေးသံ နားဆင်ဖို့...
လှပတဲ့ ဥယျာဉ်တွေ စိုက်ပျိုး
ပန်းတွေရဲ့ ရနံ့ကို ဆွတ်ပျံ့စေဖို့...
မြင့်မားတဲ့ တောင်တန်းတွေ ကျော်ဖြတ်
လေပြေတွေရဲ့ အေးမြခြင်းကို ယူဆောင်ဖို့...
ကောင်းကင်ကြီးကို ထမ်းပိုးပြီး
လမင်းဆီအရောက် လမ်းလျှောက်ထွက်မယ့်
အကောင်းစားအိပ်မက်တွေနဲ့ပေါ့....
ခုတော့...
တက်မက်,ကပ်ညိ,တွေဝေတတ်တဲ့..
လူတစ်ယောက်ဟာ
ဆင်းရဲခြင်းဆိုတဲ့ လမ်းအိုကြီးထက်
ပျော်ရွှင်ရယ်မောနေတတ်တုန်းပဲ.....

သားထက် (မုံရွာ)

Sunday, October 17, 2010

ချစ်သူမသိသော..

တိတ်ဆိတ်တဲ့
နေ့ရက်တွေဟာ
ငါ့ရဲ့
အရိပ်တွေပါပဲ...
အတိတ်ဆိုတာ
မေ့ပစ်ဖို့
ဖြတ်သန်းခဲ့ရတဲ့
ရှင်သန်မှုတစ်ခု ဖြစ်ခဲ့ရင်
ကောင်းမှာပဲ...
ငါ...
မတောင်းဆိုပါဘူး...
ငါ့ရင်ထဲက
အမြဲနုပျိုနေမယ့်
အမြုတေတစ်ခုဟာ
မင်းရှိရာရပ်ဝန်းတွေဆီမှာ
အမြဲဆွတ်ပြန်.နေမှာပါပဲ...
ရပ်တန့်လို့မရတဲ့
စီးဆင်းမှုတွေနဲ့
ငါဟာ
သူလိုငါလို
မြစ်တစ်စင်းပါ
အချစ်ရယ်..
ခရီးကြမ်းအရှည်ကြီးကို
ဖြတ်သန်းရဦးမယ့်
ငါ့ဘ၀အတွက်
မင်းဟာ..
ငါ ခဏတာခိုလှုံခဲ့ဖူးတဲ့
တောအုပ်လေးအဖြစ်
ငါအမြဲတမ်းတနေမိမှာပါ..
မင်းမသိဘဲ
လွမ်းရတဲ့နေ့ရက်တွေကို
မင်းပေးတဲ့
ဆုလဒ်တွေအဖြစ်
ငါ
ယုယစွာ
မြတ်နိုးနေပါ့မယ်
..
ငါအတွက်တော့
တစ်နေ့နေ့ဆိုတာ
ပြန်လည်ဖူးပွင့်မလာနိုင်တော့တဲ့
ပန်းတစ်ပွင့်
ဖြစ်နေသလား...
ငါကတော့
အားရှိပါးရှိ
ချစ်နေပါတယ်
အချစ်ရယ်....

သားထက် (မုံရွာ)

Friday, October 15, 2010

ဆုတောင်းမယ်

လွမ်းတယ်ဆိုတာ ဘာလဲ...
ကျနော်..အဓိပ္ပာယ် မဖွင့်ရက်ဘူး...
ကျနော့် ရင်ဘတ်ထဲက အလွမ်းတွေ...
ကြေပျက်ကြွေနွမ်းသွားမှာ..စိုးလို့...
မိုးရေစက်တွေနဲ့အတူ
ကျနော် သူမကို သိပ်သိပ်သည်သည်း
သတိရနေမိပါတယ်...
မြတ်နိုးဖွယ်..
သူမအကြည့်ဖြူဖြူလေးက
နွေးထွေးမှုတွေ
ညညတွေဆို...ကျနော့်ဆီ
ယူလာဆဲပါ..
တကူးတက လွမ်းလာတဲ့အခါ
ထုတ်ထုတ်ကြည့်ဖို့
သူမအပြုံးလေးတွေ
ကျနော်နှစ်ပေါင်းများစွာကတည်းက
သိမ်းဆည်းထားခဲ့တာပါ...
အဲဒါကို..
သူငယ်ချင်းတွေက
ရူးတယ်တဲ့
ချစ်သူရေ ...
ဒီ...အရူးက
နင်တစ်ယောက်ထဲကိုပဲ
အရူးအမူးချစ်ရင်း
ရူးခဲ့တာပါလို့
ငါသူတို့ကို
တယုတယပြောခဲ့ဖူးတယ်..
ခုနေချိန်များ
တန်ခိုးရှင်တစ်ပါးရောက်လာပြီး
မောင်အူဝဲ...မင်းလိုရာဆုတောင်းစမ်းပါဆိုရင်
ချစ်သူရေ...
ငါတောင်းမိမှာက
မင်းရဲ့
မြူကင်းစင်တဲ့...
အပြုံးလှလှလေးကိုပါပဲ...
သားထက် (မုံရွာနည်းပညာတက္ကသိုလ်)

Tuesday, October 12, 2010

ဒိုင်ယာရီ


ရိုးရိုးကျင့် မြင့်မြင့်ကြံ
မှန်ကန်တဲ့ ဝေါဟာရတွေနဲ့
ဘယ်တုန်းကမှ
အထာမကျခဲ့ဖူးတဲ့...လူပါ...
ဆိုးဆိုးဆစ်ဆစ်
ရင်ဘတ်ထဲမှာ
ကိုက်ခဲလာတဲ့အခါ
ကျနော်ကဗျာရေးတယ်...
ညီ, ညီမတွေက
အားကိုးရတဲ့..အကိုကြီး..
မေမေကတော့
လိမ္မာလိုက်တဲ့...သားကြီး..
ချစ်သူတွေကတော့
သစ္စာမရှိတဲ့ အယုတ်တမာကောင်တဲ့...
ပတ်ဝန်းကျင်..
အင်း..ပတ်ဝန်းကျင်ကတော့..
နားနဲ့မဆန့်ဘူး..
ကျနော်....
အားလုံးကို.....
သိမ်းဆည်းမထားတတ်ပါဘူး...
ဘိန်းစားချင်းအတူတူ
တစ်မူး ပိုရှူချင်ကြတာ..
သဘာဝပဲလား..
ပျားသကာလိုချိုတဲ့
မုသားလှလှတွေ
ဈေးကောင်းရနေကြတဲ့ ခေတ်ဆိုတော့..
ကျနော် သူတို့အကြောင်းကို
ခတ်ပေါ့ပေါ့လေးပဲ
တွေးလိုက်တယ်..
ကျနော်ပေးသမျှကိုပဲ
လောကကြီးဆီက
ပြန်ရမှာပဲလေ....
အရေးမကြီးတာနဲ့
အရေးကြီးတာ ရောထွေးနေကြတဲ့
ကမ္ဘာကြီးမှာ စစ်ပွဲတွေဖြစ်တာ
မထူးဆန်းလှပါဘူး..
တစ်ယောက်ခွက်တစ်ယောက် ဖြည့်ရင်း
တစ်ယောက်ကိုတစ်ယောက် ချစ်ကြပါ...တဲ့
ကိုယ့်ကိုယ်ကို တအားချစ်နေတဲ့
လူတွေအတွက်...
ဒီအရေးအသားတွေဟာ..
ကျွဲပါးစောင်းတီးစကားတွေပဲ ဖြစ်မယ်ထင်ရဲ့..
ကျနော်ကတော့
ငါးတွေကို
မျှားလို့ကောင်းနေတုန်းပဲ
ငါးလေးတွေကို
ကျနော်သနားပါတယ်...
ဒါပေမယ့် ငါးမျှားတဲ့
အရသာကိုတော့
ကျနော်နှစ်သက်တတ်ခဲ့တယ်..
ဒါဟာလည်း
ကျနော့်ရဲ့
အမြင်ကတ်စရာ
ယဉ်ကျေးမှုတစ်ခု ဖြစ်မယ်ထင်ရဲ့...။

အနုပညာတစ်ခုအနေနဲ့
လက်ရာမမြောက်ခဲ့ဘူး ဆိုရင်တောင်
မှောင်မိုက်နေရှာတဲ့
ကျနော့်နှလုံးသား
တစ်ထောင့်....တစ်နေရာလေးမှာတော့
ကျနော့်ကိုယ်...ကျနော်...ထွန်းညှိဖို့
ကျနော့် ကဗျာလေးတွေက
တောက်ပ...တည်ရှိနေကြဦးမှာပဲလေ....
ပျောက်ဆုံးသွားတဲ့..တစ်စုံတစ်ရာအတွက်..
ကျနော်ကိုက...အရာရာကို..
မသိသလို နေတတ်ခဲ့ဖို့ကောင်းတာ..
တကယ်တော့...
မနေ့တစ်နေ့က...အကြောင်းတွေပါပဲ..
တွေးတွေးနေမိသမျှ
သတိတရ နေ့ရက်တွေက
မေ့ဖို့မလွယ်ဘူး..
အလွမ်းနဲ့ဖာထေးထားတဲ့...ဒဏ်ရာတွေက
ပြက္ခဒိန်ဟောင်းကို
ပြန်လှည့်ကြည့်မိတိုင်း...
နှလုံးသားကို
ထိခိုက်နာကြင်စေတုန်းပဲ...
ကျနော်ကတော့...ရူးသွပ်စွာ..
ခံစားခဲ့တာပါ..ချစ်သူ...
ကိုယ့်အတတ်နဲ့ကိုယ်
စူးခဲ့သလား..
ကျနော့် အချစ်တွေဟာ
စစ်မရောက်ခင် မြားကုန်ခဲ့ရတယ်..
သူမပြစ်သွားခဲ့တာတော့ မဟုတ်ဘူးပေါ့..
ကျနော်ကိုက..
သူမခြေလှမ်းတွေကို.
မှီအောင်မလိုက်တတ်ခဲ့တာပါ..
ခုတော့...
လျှောက်ရင်း...နင်းနေရတဲ့
ဟောဒီ..လမ်းမကြီးက
အထီးကျန်ဆန်ခြင်းကိုပဲ
အဓိပ္ပာယ်ဖွင့်ဟနေသလိုလို..
မာနတွေနဲ့ လက်စိုနေတဲ့
သူမနှုတ်ခမ်းလှလှတွေထက်
ကျနော့်အချစ်တွေ
ပုန်းခိုလို့ကောင်းနေကြတုန်းပဲ..
သူမမရှိတဲ့
လမ်းမကြီးထက်
ကျနော့်အသက်ရှူသံတွေ
ခြောက်ကပ်အက်ရှနေပါတယ်..
တကယ်တော့
ကျနော်ဟာ..
ကျနော့်အတွက် မထိုက်တန်တဲ့
ပန်းတစ်ပွင့်ကိုမှ..
နမ်းရှိုက်ခွင့် ရချင်ခဲ့တာလေ..
ပန်ဆင်ခွင့်မရှိတဲ့
အိပ်မက်လှလှတွေနဲ့အတူ
ကျနော်သူမကို
တစ်သက်လုံး
သတိရနေမိမှာပါ..
လေလွင့်နှလုံးသားတစ်ခုကို
ထိန်းကျောင်းရင်း
အလွမ်းကဗျာ...ခတ်ရင့်ရင့်တွေ...
ဟောဒီ..လေထုထဲကနေ..
ကျနော် ပစ်လွှင့်လိုက်ပါတယ်...
အခိုက်အတန့်လေးပဲဖြစ်ဖြစ်
..နားစွင့်ပေးပါလား...
...ချစ်သူ....

the end

သားထက် (မုံရွာနည်းပညာတက္ကသိုလ်)

Monday, October 11, 2010

စာရေးဆရာ့သတ္တိ

စာရေးဆရာဆိုသော သတ္တ၀ါကို လူတစ်ချို့က အတင်သေးသည်။မြန်မာပြည်သာမဟုတ်၊အခြားတိုင်းပြည်များတွင်လည်း အထင်သေးသောလူစုရှိသည်။အထင်ကြီးသော အစိတ်အပိုင်းကလည်း မသေးငယ်လှချေ။
အထင်သေးသော အစိတ်အပိုင်းမှ ကဲ့ရဲ့သင်္ဂြိုမှုပြုသည့် အကြောင်းမှာ မထူးဆန်းလှ။မျှော်လင့်ရပေမည်သာ။သို့ရာတွင် အထင်ကြီးသော အစိတ်အပိုင်းကလည်း အန္တရာယ်လာပေးသေးသည်။အထင်ကြီးရာ၌ အထင်ကြီးလွန်းသည့် သဘောသက်ဝင်သည်က ပိုများသည်။အထင်သေးသော အစိတ်အပိုင်းက စာရေးဆရာတွေဟာ လူရှုပ်တွေ၊လူပွေတွေ၊လူ့ဘရုတ်တွေဟု ထင်ကြသည်။အထင်ကြီးသည့် အစိတ်အပိုင်းကလည်း စာရေးဆရာများကို လူတော်များ၊သူတော်ကောင်းများ လေးစားအပ် ကြည်ညိုအပ်သော ပုဂ္ဂိုလ်များဟူ၍ အမျိုးမျိုး ထင်ကြသည်။
ယင်းသို့ အထင်ကြီးလွန်းရာမှ စာရေးဆရာက လူသာမန် ပုဂ္ဂိုလ်တို့ လုပ်သော အလုပ်အကိုင်ကို လုပ်လျှင် ချက်ချင်းအထင်သေးသွားကြသည်။တဖန်လူသာမန်တို့က မလုပ်စကောင်းမပြောစကောင်းဟု မှတ်ယူထားသောအရာကို လုပ်လိုက်ပြောလိုက်လျှင် ချက်ချင်းပင် အထင်အသေးကြီးသေးသွား ကြကုန်၏။
စားရေးဆရာသည် အထင်သေးခြင်းကိုလည်း မမှု အထင်ကြီးခြင်းကိုလည်း ဂရုမပြု၊မှန်သည့်စကားကို ဆို၏။အမှန်တရားကို ဖော်ပြကြ၏။ယင်းသို့ ပြုရာတွင် သတ္တိရှိ၏။ကဲ့ရဲ့လိုသူတို့ အားရအောင်ကဲ့ရဲ့နိုင်သည်။ချီးမွမ်းလိုသူတို့လည်း ချီးမွမ်းကြပါစေလေ။ သူ၌၀တ္တရားကို ကျေပွန်အောင်ဆောင်ရွက်၍ စာပေသစ္စာကို စောင့်၏။စာရေးဆရာ၏ ၀တ္တရားများတွင် အရုပ်ဆိုးသော်လည်း မှန်သောစကားကို ရဲဝံ့စွာဆိုခြင်းသည် အလွန်အရေးကြီးလှပေသည်။ `အရုပ်ဆိုးသော သစ္စာစကား´ သည် အပေါ်ယံရွှေမှုံကြဲသော ညာတာဝါဒ စကားထက် များစွာ ပို၍ အဖိုးတန်ပေရာ ထိုစကားကို ဆိုရဲနိုင်ဘို့သာ လိုအပ်သည်။စာရေးဆရာသည် ထိုလိုအပ်မှုကို ဖြည့်ဆည်းကာ လောကအကျိုးကို ဆောင်ရွက်ရန် ၀တ္တရားကျေပွန်ရပေမည်။
လောကကြီးတစ်ခုလုံး၌ ပိတ်ဖုံးလွှမ်းခြုံလျက်ရှိသည်က အခြားမဟုတ် ညာတာဝါဒပင် ဖြစ်သည်။လူအပေါင်းတို့သည် ညာနေကြသည်၊ညာမှန်းသိလျက်နှင့်ညာနေကြ၏။ညာမှန်းမသိဘဲနှင့်လည်း ညာနေကြ၏။သူတပါးကို ညာကြသည်။ မိမိကိုယ်ကိုလည်း ညာကြသည်။ညာသည့်အချက် ညာသည့်အကြောင်းတို့ကိုပင် ဟုတ်လှမှန်လှပြီဟု ထင်ကြကုန်၏။ ညာမှန်းသိလာသည့်တိုင်အောင်ညာသည်ဟု ဖွင့်မပြောရဲ၊ချောလဲရောထိုင်လိုကြသည်သာတည်း။
အင်ဒါဆင် ပုံပြင်တစ်ပုဒ်တွင် လူညာနှစ်ယောက်က ပလာကို နတ်ဝတ်ပုဆိုးဟုဆိုကာ ဘုရင်အားဆက်ကြ၏။ဘုရင်ကလည်း ပလာသက်သက်မှန်း သိသော်လည်း ဆက်၍ညာ၏။မှူးမတ်တို့က လည်း ၀ိုင်း၍ညာ၏။မိမိတို့စိတ်တွင်း၌ ညာမှန်းသိသော်လည်း ဖွင့်ဟနိုင်စွမ်းသော သတ္တိမရှိကြချေ။တိုင်းသူပြည်သားတို့ကလည်း ဆရာ့ဆရာ သခင့်သခင်တို့ကို လွန်ဆန်၍ မဖွင့်ဟရဲသည့်အလျောက် ဘုရင်ကြီး၏ ပလာပုဆိုးကို လျှာဦးတည့်ရာ ချီးမွှမ်းကြကုန်၏။
ဤသည်တွင် လူတို့၏ မိုက်မဲမှု မူမမှန်မှုတို့ဖြင့် ငြိစွန်းခြင်း ကင်းလျှက်ရှိသော လူမမယ်ကလေး တစ်ယောက်က....´ဘုရင်ကြီး ကိုယ်တုံးလုံး´ဟု ဟစ်အော်ကျေညာလိုက်လေသည်။ထိုအရုပ်ဆိုးသော အမှန်စကား၏ဒဏ်ကို မခံနိုင်ကြသော လူထုကြီးသည် အုတ်အုတ်ကျက်ကျက်ဖြစ်ကာ လူမမယ်၏ စကားအတိုင်း လိုက်နာကြွေးကျော်ကြလေ၏။အရုပ်ဆိုးသော အမှန်စကားသည် ရွှေမှုန်ကြဲသော အညာစကားတွေကို အောင်နိုင်လိုက်လေသည်။
စာရေးဆရာသည်ကား အရုပ်ဆိုးသော အမှန်စကားကို ဟစ်အော်ကြွေးကြော်ရဲသော လူမမယ်ကလေးငယ် ဖြစ်ရပေမည်။
အင်ဒါဆင်ပုံပြင်မှာကဲ့သို့ အရုပ်ဆိုးသော အမှန်စကားက ရုတ်တရက် အောင်နိုင်သည်ဟု မဆိုသာ `ဘုရင်ကြီးကိုယ်တုံးလုံး´ဟု ဟစ်အော်လိုက်သော လူမမယ်ကလေးကို မိဘတို့က ရိုက်နှက်ကောင်းရိုက်နှက်ကြမည်။လူထုက ရဲရဲနှိတ်စက်ကောင်း နှိတ်စက်ကြမည်။အမှန်တရားသည် ရုတ်တရက် အောင်နိုင်ခဲလှသည်။မူမမှန်သော အင်အားစုသည် လောက၌ပို၍ကြီးမား လေရကား ယင်း၏ အနှိတ်အစက်အတိုက်အဖျက်ကို လှိမ့်၍ခံရမည်မှာ မုချပင်။နောက်ဆုံး၌သာ အမှန်တရား၏ အောင်နိုင်ခြင်းသည် ပေါ်ထွန်းလာပေမည်။ထိုနောက်ဆုံးအချိန်အခါတွင် အမှန်တရား၏ စစ်သည်တော် (စာရေးဆရာ) မှာ အသက်နဲ့ကိုယ် တွဲဖက်တည်မြဲနေဦးမည်ဟု မဆိုသာ။
စာရေးဆရာဖြစ်ချင်သူများအား သတိပေးလိုက်ပါသည်။စာရေးဆရာသည် ဘ၀အခြေအနေအားဖြင့် သာမန်ပုဂ္ဂိုလ်မျှသာ ဖြစ်သည်။ ဆိုခဲ့သည့်အတိုင်း အချို့သောသူတို့က အထင်သေးကြသည်၊အထင်ကြီးသူတို့ကလည်း ယင်းအထင်ကြီးမှုဖြင့် စာရေးဆရာကို တနည်းအားဖြင့် ချုတ်ချယ်ထားကြကုန်၏။
စာရေးဆရာဖြစ်ချင်သူသည် စာရေးတတ်ရုံနှင့် ကိစ္စမပြီးမြောက်၊၀တ္ထုကဗျာပေါင်းများစွာ ရေးနိုင်ရုံနှင့်လည်း မပြီးသေး။ လူကြိုက်များနေရုံနှင့်လည်း အောင်မြင်သည် မဆိုသာ။စာရေးဆရာသည် ပျော်တော်ဆက်လည်း မဟုတ်၊ရှေ့ဆောင်လမ်းပြဟု လည်း မဆိုသာ။စာရေးဆရာသည် ညာတာဝါဒကြီးစိုးနေသော လူ့လောက၌ အမှန်တရားကို ရှာဖွေ၍ အမှန်တရားဖက်မှနေလျက် တော်လှန်ပုန်ကန်နေသော စစ်သည်တော်တဦးမျှသာ ဖြစ်သည်။
စာရေးဆရာကို အထင်သေးစရာလည်း မလို၊အထင်ကြီးစရာလည်းမလို။
လူသည် လူဖြစ်၏။နတ်မဟုတ်၊နွားမဟုတ်။လူသည် နတ်သို့ကျင့်၍မဖြစ် နွားသို့ကျင့်၍လည်း မတော်။လူသည် ပုထုဇဉ်ဖြစ်သည်။ လူ၌ရက်စက်မှုရှိသည်နှင့်အမျှ ကြင်နာမှုလည်း ရှိသည်။တကိုယ်ကောင်းစိတ်နဲ့ မျှတသည့်စိတ်သည် တွဲဖက်လျှက် ရှိ၏။ ဥာဏ်အလင်းရောင်နှင့် အမိုက်အမှောင်ယှဉ်လျက်ရှိလေသည်။ပုထုဇဉ်ဖြစ်ပါလျက် အရိယာသိုပြုမူခြင်းသည် ဟန်ဆောင်ခြင်း မျှသာဖြစ်၏။ပုထုဇဉ်သည် မည်သို့ပင် ဟန်ဆောင်စေကာမူ ပုထုဇဉ်၏ နကိုရုပ်ကို ဖျောက်ဖျက်၍မရနိုင်။ဟန်ဆောင်ရုံမျှနှင့် သူတော်စင် မဖြစ်နိုင်ကား ဧကန်ပင်။
စာရေးဆရာသည် လူ့သဘာဝ ကို လေ့လာကျင့်သုံးနေသောပုဂ္ဂိုလ် ဖြစ်သည်။ထို့ကြောင့်လူလိုနေဘို့ အမြဲကြိုးစား၏။လူလိုလိမ္မာ ဘို့ ကြိုးပမ်းသည်။ဟန်ဆောင်မှုကို ရွံရှာသည့်အလျောက် ဟန်ဆောင်သည့်အလုပ် ဟန်ဆောင်သည့် အပြုအမူအပြောအဆိုတို့ကို ရှောင်ရှားသည်။အမှန်ကို အရင်းအတိုင်း ပြောပြတတ်၏။ယင်းသို့ပြောရာ၌ ဟန်ဆောင်သမားတို့၏ အငြိုအငြင်ကို ခံယူရန်အသင့် ရှိသည်။
စာရေးဆရာကို လူထူးလူဆန်းဟု ထင်နေကြသည်။စင်စစ်သော်ကား စာရေးဆရာသည် လူ့သဘာဝနဲ့ ကိုက်ညီအောင် နေသောကြောင့် ရိုးသားသော သူမျှသာ ဖြစ်သည်။သဘာဝကို ဖုံးအုပ်၍ ဟန်ဆောင်မှုမျက်နှာပန်းနှင့် ပြုအမူနေထိုင်သော များလှစွာသော လူယဉ်ကျေး တို့သာလျှင် လူထူးလူဆန်းများ ဖြစ်ကြချေသည်။
ယခုခေတ်၌ ယဉ်ကျေးမှု ဟုခေါ်နေသောအရာတွင် ဟန်ဆောင်မှု မြောက်များစွာ ပါနေသည်ကို သတိပြုမိစေလိုပါသည်။
အမှန်ကို အမှန်အတိုင်း မပြောဝံ့ အမှန်အတိုင်းမလုပ်ဝံ့ဘဲ ညာ၍လှိုင်း၍ နှုတ်ချိုချိုလက်သာသာဖြင့် ပြောဆိုပြုမူနေကြသည်ကိုပင် ယဉ်ကျေးသိမ်မွေ့သည်ဟု ခေါ်ဆိုချီးကျူးကြကုန်၏။
ယဉ်ကျေးမှုအစစ်သည်ကား မေတ္တ၊ကရုဏာ၊မုဒိတာ၊ဥပက္ခာ ဗြဟ္မစိုရ်တရားလေးပါး၌သာ တည်နေကြောင်း စာရေးဆရာသည် သိသည့်အလျောက် စိတ်၌မစ္ဆေရတရားပွားများရင်း နှုတ်ချိုစကားပြောကြားနေသော ဟန်ဆောင်သမား လူယဉ်ကျေးကို မုန်းတီးရွံရှာ၏။အကုသိုလ်တရား၌ ဆိတ်ကွယ်ရာ ဟူ၍ မရှိသည့် အမှန်တရားကို သိသည့်အလျောက် လူတောထဲတွင် သူတော်ကောင်းစကားပြောပြီး ကွယ်ရာ၌ သောင်းကျန်းနေသော လူကြီးလူကောင်းတို့ကို အနူထက်ပင်ရွံရှာပေသည်။လက်တွင် ပုတီးကိုင်၍ နှုတ်က မေတ္တာသုတ်ရွတ်ဆိုလျက် မှတ်၊ခြင်၊ယင်ကလေးကို ပင် မတော်တဆသတ်လိုက်မိရမှာကို ရင်တမမဖြစ်နေသော ပုဂ္ဂိုလ်သည် အမြတ်ကြီးစားကာ ဆင်းရဲသားတို့ကို အမှတ်မထင်သတ်နေချေသည်။ထိုလူယဉ်ကျေး သူတော်စင်ကို စာရေးဆရာ ရယ်သွမ်းသွေး၏။ကိုယ်တွင်း၌ ရာဂစိတ်ပြည်လျံနေသော်လည်း မိမိကိုယ်ကို ရဟန္တာထင်၍ သူတပါးအားလည်း ထင်စေသောပုဂ္ဂိုလ်မျိုးကို စာရေးဆရာက ပြုံး၍ မျက်စောင်းထိုး၏။ ကလောင်နှုင့် အလှည့်ကြုံတိုင်း ကလိသည်။
စာရေးဆရာသည် ပုထုဇဉ်အဖြစ်ကို မရှက်မကြောက်ခံယူသည။ပုထုဇဉ်တို့၏ မိုက်မဲမှုကို ရဲဝံ့စွာ တင်ပြသည်။ပုထုဇဉ်သဘာဝကို မထိမ်မချန် ဖော်ပြသည်။ယင်းသို့ပြုသောကောင်းမှုကြောင့် သူ့အားလူအများက စည်းမဲ့ကမ်းမဲ့သည်ဟု ဆို၏။ဖောက်ပြန်သည်ဟု ကဲ့ရဲ့ကြ၏။
အမှန်တရားကို ထုတ်ဖော်ပြောပြသောကြောင့် ဒဏ်ခတ်ခံရပေါင်း များလှချေပြီ။လူ့သမိုင်းစဉ်တွင် အမှန်တရားကို မထိမ်မချန် မထောက်မညှာ ထုတ်ဖော်ပြောပြရက်သောကြောင့် အမှန်တရားဆေးခါးကြီးကို မမျိုလိုသောလူအများစုက ၀ိုင်းဝန်း၍ ဒဏ်ခတ်ကြလေ၏။
ရှေးဟောင်းခေတ်က ဂရိပညာရှိကြီး ဆိုကရေးတီးသည် အမှန်တရားကို ပြောရဲဆိုရဲ၊ပြောရက်ဆိုရက်သဖြင့် အဆိပ်ကျွေး၍ သတ်ခံရသည်။ခရစ်တော်ကို သေဒဏ်ပေးသော ရောမတရားသူကြီးပိုင်းလိတ်က `အမှန်တရားဆိုတာ ဘာလဲ´ဟု ပြက်ရယ်ပြု မေးလိုက်လေသည်။
ဘ၀၏အခြင်းအရာကို ရဲဝံ့စွာ တင်ပြကာ မိမိ၏ရိုးသားတော်မှန်သော ထင်မြင်ချက်တို့ကို ထုတ်ဖော်ပြောဆိုရဲသော စာရေးဆရာသည်ပရိတ်သတ်အကြိုက် မလိုက်ပေ။ယင်းသို့မှ ပရိတ်သတ်က သူ့အကြိုက်လိုကက်၍ဖတ်လာကြလျှင် ၀မ်းမြောက်သည်။မကြိုက်ဘဲသူ့ကို ရှုတ်ချအပြစ်တင်ကြလျင်လည်း သူက တွန့်ဆုတ်ခြင်းမရှိ။အရုပ်ဆိုးသော အမှန်တရားကို
တင်ပြမြဲ တင်ပြလျှက် ရှိပေ၏။သူသေပြီးနောက် အတန်ကြာမှ ပရိတ်သတတ်က လက်ခံလာကြသည့် ဥဒါဟရုဏ်များလည်း ကမ္ဘာစာပေသမိုင်းတွင် ကြုံတွေ့ရတတ်ပါသည်။
လူအများဟုတ်လှပြီထင်သော သမားရိုးကျ အလေ့အထအတွေးအခေါ်တို့ကို တော်လှန်သည့် အမှန်တရားဘက်တော်သား စာရေးဆရာများပေါများလာရေးသည် အရေးကြီးလှပေသည်။ထိုလူများသည် ပရိတ်သတ်၏ကဲ့ရဲ့ရှုတ်ချမှုကို အလူးအလဲခံကြရမည်မှာ မုချပင်။သို့ရာတွင် စာရေးဆရာ့သတ္တိနှင့် အမှန်တရားကို အမိုက်ခံ၍ ဖော်ပြနိုင်ကြဖို့လိုသည်။

ဆရာကြီးတက်တိုးရဲ့ ၁၉၆၅ခုနှစ်ကထုတ်တဲ့ ရွှေစင်နှင်းဆီစာအုပ်ထဲက ဆောင်းပါးလေးကို မျှဝေလိုက်ပါတယ်
အမှန်တရားတွေကို မြတ်နိုးတတ်ပါစေ လက်ခံရဲပါစေ...
သမိုင်းကို ဖုံးကွယ်ထားရင် အနာဂတ်ကို သစ္စာဖောက်ရာရောက်တယ်...(ဆရာအောင်သင်း)
အမှန်တရားကို ဖုံးကွယ်ထားရင် ပညာကိုသစ္စာဖောက်တာပဲ.. (ဆရာအော်ပီကျယ်)

သားထက် (မုံရွာနည်းပညာတက္ကသိုလ်)

Friday, October 8, 2010

ငပေ..ငတေ..မောင်တေလေ....

ကောင်မစုတ်လေးရေ...
ငါက
ခတ်ပေပေ နေတတ်ခဲ့တဲ့
အညတရ တေလေတစ်ယောက်ပါ...
ဟောဒီ..ညစ်စုတ်စုတ် ကောင်က..
အသစ်တွေကိုမှ
ခဏခဏ ခုံမင်တတ်သေးသတဲ့..
ကျေးဇူးပြုပြီး
ငါ့ကို မယုံပါနဲ့..
ငါက လူဆိုးလေးတစ်ယောက်ပါကွယ့်...
အဲဒါကြောင့်ပဲ
အချစ်ဆိုတဲ့ စိတ္တဇပစ္စည်းကို
မှတ်မှတ်ရရ
ချောင်ထိုးထားတယ်..
ဆောရီးပဲကောင်မစုတ်မလေးရေ
ငါ..မင်းကို...
ယောင်ယမ်းပြီးချစ်မိလိုက်တာလား...။
ထားလိုက်ပါလေ
အချစ်ဆိုတာ
တခါတခါကျတော့
ဟောင်းနွမ်းဆွေးမြေ့လွယ်တတ်သလားပဲ..
ငါကတော့
အရာရာတိုင်းအတွက်
ရေကုန်ရေခမ်း
ကြိုးပမ်းခဲ့တာပါ...
ဒါပေမယ့်
တချို့လူတွေက
ဆန်ကုန်မြေလေးလို့
လက်ညှိုးတွေထိုးနေကြတုန်းပဲ..
အရှုံးတွေနဲ့
လေ့ကျင့်ခဲ့ရတဲ့
သင်ခန်းစာတွေအတွက်
ငါ..သူတို့ကို..
ရိုးရိုးလေးပဲ ပြုံးပြလိုက်တယ်..
ဘာပဲပြောပြော
ပိုက်ဆံတွေက
သုံးလို့ ကောင်းနေကြတုန်းပဲလေ..
အဲင်္ဒီတော့..ငါလည်း...
ရှာဆဲ...ရုန်းဆဲပေါ့..
ငါ့ဘ၀နဲ့...ငါ..
ငါ့ဒဿနနဲ့..ငါ..
ငါ့အထာနဲ့..ငါ..ပါ..
ပြုံးပြတော့ (၇)ရက်
ရယ်ပြကြတော့လည်း (၇)ရက်ပါပဲ..
ခတ်တုံးတုံး အိပ်မက်တွေ
ဆုံးရှုံးသွားလို့
ချုံးပွဲချ ငိုကြွေးနေတဲ့
အရည်မရ အဖတ်မရ လူတချို့ကိုတော့
ငါ..မသိချင်ယောင်ဆောင်ထားတယ်...
မှောင်တော့မယ်...
...မှောင်တော့မယ်လေ.....
ခုတောင်..
နေ့တစ်ဝက်ကျိုးလုပေါ့...
သမုဒယတွေနဲ့
မူးယစ်ဆွံ့အနေတဲ့ တေလေတစ်ကောင်လေ..
တကယ်တော့ ..ငါဟာ...
ဟုတ်ချင်ယောင်ဆောင်နေတဲ့
အပုတ်ကောင်တစ်ကောင်ပါပဲ..
ဆုတွေလည်း..မတောင်းချင်တော့ပါဘူး..
နောက်ဆုံးတော့
ငါ့ ပဲ့တင်သံတွေကိုပဲ
ငါ ပြန်ကြားရမယ်ဆိုတာ
သိနေခဲ့ပြီပဲလေ...
ဒါပေမယ့်...
ဒါပေမယ့်ပေါ့..
ကောင်မစုတ်လေးရေ...
တယုတယ...
စိုက်ပျိုးခဲ့သမျှအတွက်..
ညအခါ လင်းလက်လာမယ့်..
ကြယ်ရောင်လရောင်လေးတွေကိုတော့..
ငါ....
မသိဆိုးရွားစွာ..
တမ်းတနေတတ်တုန်းပဲလေ....

သားထက် (မုံရွာ နည်းပညာတက္ကသိုလ်)

Thursday, October 7, 2010

သင်ခန်းစာ `ထ´

ထိပ်ထားရေ..
ဆိတ်ဆိတ်လေးနေခဲ့ပေမယ့်
မြိုသိပ်မှုတွေ ရင်နဲ့မဆန့်ဘူး
ထွက်ပေါက်မဲ့နှလုံးသားက
ထိန်းသိမ်းဖို့ခက်ခဲလွန်းရဲ့...
ကျနော်ကိုယ်တိုင် ထုဆစ်ခဲ့တဲ့
အချစ်ဆိုတဲ့ ပန်းပုရုပ်ကလေးက
သူထားရာမှာနေ သူစေရာသွားဖို့
အဆင်သင့်ပါပဲ...
ထူးဆန်းတယ် အချစ်မှာမျက်စိမရှိဘူးတဲ့
ထူးဆန်းတယ် အချစ်မှာဦးနှောက်လဲမရှိဘူးတဲ့
ထွင်းဖောက်မြင်နေခဲ့ပါရက်နဲ့
ရင်ထဲကအချစ်တွေ သူလစ်လျူရှုရက်တယ်
ချစ်သူရေ...
အရှုံးပေးခဲ့သူမို့ စစ်ကူမလိုပါဘူး...
ကျနော့်နှလုံးသားက ထူးခတ်ပြီးသားပ
နှုတ်မဆက်ခဲ့ပါဘူး တိတ်ဆိတ်စွာပဲ
သူမရှိရာရပ်ဝန်းကနေ ကျနော်ထွက်ခွာခဲ့တယ်
ထုံထိုင်းနေတဲ့ညနေတွေ ထမ်းပိုးရင်း
ထီမထင်တဲ့အပြုံးကို မျက်နှာမှာချိတ်ဆွဲ
ထွန်းလင်းခွင့်မရှိတဲ့ညတွေဆီက
ကျနော်ပြန်ခဲ့ပါပြီ...
ဒါပေမယ့်လည်း..
ရင်ဘတ်ထဲထိုးသိပ်ထည့်ထားတဲ့ အလွမ်းတွေနဲ့
နင့်ကိုငါ တမ်းတမ်းတတ သတိရနေဆဲပါ
ထွက်ခွာခဲ့တာတော့ အဝေးဆုံးကိုပါ
အလိုက်မသိတဲ့ နှလုံးသားတွေက
နင့်ရဲ့မျက်ဝန်းကွန်ယက်တွေဆီက ရုန်းမထွက်နိုင်ခဲ့ဘူးလေ
ထူးထူးခြားခြား သတိရမိတဲ့ အခါတွေဆို ကဗျာတွေကိုပဲရေးတယ်
ထီးသုံးနန်းသုံးစကားနဲ့ ဆရာတာရာမင်းဝေလို ရေးရရင်
နင့်ကိုချစ်ခဲ့တဲ့ အချစ်တွေကို
ရွှေပေလွှာစာစီကုံး နန်းသုံးပေပုရပိုဒ်မှာ
ရာဇ၀င်တွင်ရစ်အောင် ပေထက်အက္ခရာတင်ချင်စမ်းရဲ့....
သြော်..ထိပ်ထားရေ....ဒီဘ၀တော့ဒီမျှပဲထင်ပါတယ်
လောကကြီးထဲ အချစ်မပါပဲ ရှင်သန်နေရတာဖြင့်
မောပန်းလွန်းပါရဲ့ကွယ်...
အဲဒီလိုနဲ့ ဘ၀နွေခေါင်ခေါင်မှာ
ထီးမဆောင်းပဲ လျှောက်ခဲ့ရတဲ့ကောင်လေ
မိုးဗြဲဒယ်လို လောကပြဲပြဲကြီးထဲ
လောကဓံယောင်းမကြီးတွေနဲ့ ထိုးနှက်ခံရဖန်များလို့
ဘ၀ကလည်း စေးကပ်ကပ်နိုင်ခဲ့ပါပြီ
ခဏခဏထစ်ချုန်းနေတဲ့ မိုးကြိုးမုန်တိုင်းတွေကြား
ဘ၀က ဘယ်တုန်းကမှ အထာမကျခဲ့ဘူး
ထိန်းထိန်းသိမ်းသိမ်းနေတတ်ဖို့ လေ့ကျင့်ခဲ့ပါရက်နဲ့
ဘ၀ကခုထိ ဖရိုဖရဲပါပဲ
ထူးထူးခြားခြားမရှိလှတဲ့ နိစ္စဓူဝနေ့တွေ ဖြတ်သန်းရင်း
ထိတ်လန့်တတ် တဲ့ ငယ်ဘ၀တွေကျော်ခဲ့တာကြာပေါ့
လူတွေကတော့ ကိုယ့်ထမင်းကိုယ်စားပြီး
သူများအတင်းတွေပြောလို့ကောင်းကြတုန်း
အပြုံးတွေထပ်တူကျမဲ့နေ့ကို စောင့်ရင်း
ကမ္ဘာကြီးကလည်း တဖြေးဖြေးရင့်ရော်ယိုရွဲလို့
မနက်ဖြန်ပေါင်းများစွာအတွက် မသေချာမယေရာတဲ့ ထီကိုထိုးရင်း
အဖိုးအဖွားတွေဖြစ်မှန်းမသိ ဖြစ်ခဲ့ကြပြီ....
ထစ်ချုန်းနေတဲ့မိုးကြိုးတွေကြား မိုက်လို့ကောင်းကြတုန်းပ
ထိုက်တန်တဲ့ ဆုလဒ်တွေဟာ
ထိုက်ထိုက်တန်တန်ကြိုးစားသူတွေ အတွက်ပဲဖြစ်လိမ့်မယ်
လိုက်လေလွဲလေ လောဘတရားတွေက အထိုက်အလျှောက်ပဲကောင်းပါတယ်
တောင်းတိုင်းပေးရင် ကန်းတက်လွန်းတဲ့ လူတွေကြောင့်
လောကကြီးကလည်းတောင်းတိုင်းမပေးတော့ဘူးတဲ့
ပြောင်းလဲတတ်လွန်းတဲ့ စကြာဝဠာကြီးထဲ
အရာရာဟာဟောင်းနွမ်းဆွေးမြေ့နေလေရဲ့
ထောင်းထောင်းထအောင် ဘ၀ကိုရှိုက်ဖွာရင်း
အလွမ်းနဲ့ဖွဲ့တည်ထားတဲ့ ညနေခင်းတွေမှာ
တိမ်တိုက်နီနီတွေကိုငေးကြည့်
မထီတရီပဲ ကောင်းကင်ကြီးကိုပြုံးပြမိပါရဲ့
ဒါတွေအားလုံးဟာ ထန်းသီးကြွေခိုက်ကျီင်္းနင်းခိုက်တဲ့လား
စမ်းတ၀ါးဝါးလျှောက်နေရတဲ့ဘ၀ ဘာကိုမှမတွေးဆချင်တော့ဘူး
ဘယ်သူတွေက ပိုပြီးထက်မြက်သလဲ
ကိုယ့်ဓားကိုယ်သွေးခဲ့ကြတာပဲလေ.....
ဦးနှောက်တွေထက်မြက်လာသလောက်
အသိတရားတွေ ဒီဂရီလွန်အောင်ထုံထိုင်းနေတဲ့ခေတ်
ဘာပဲဖြစ်ဖြစ် ကိုယ့်ထမင်းပွဲလေးစိုပြေဖို့အတွက်
သူတပါးရဲ့ထမင်းပွဲလေးတွေကိုတော့ မဖျက်ဆီးသင့်ဘူးပေါ့
လူတွေက ကိုယ့်တံတွေးခွက်မှာကိုယ်
ပက်လက်မျောရမှာတောင် မရှက်ကြတော့ဘူးတဲ့လား
ထုံးလိုကြေရေလိုနှောက်
ထက်ထက်မြက်မြက်သင်ထားတဲ့အတတ်ပညာတွေနဲ့
ခေတ်ဆန်ဆန် ရိုင်းပြနေလိုက်ကြပုံများ
တိရစ္ဆာန်တွေတောင် ငိုချင်းချလောက်ရဲ့
အနှစ်မရှိပါဘူး
ပြိုင်ဆိုင်ခြင်းတွေ တက်မက်ခြင်းတွေပဲအပြည့်အနက်
တိုးတက်လွန်းတဲ့အိုင်တီခေတ်ကြီးထဲ လူဖြစ်ရတာထက်
ဝန်ကြီးပဒေသရာဇာရဲ့ ကဗျာထဲက
ထန်းတက်သမားလေးဘ၀က ပိုအေးချမ်းမယ်ထင်ရဲ့
ရက်စက်မှုတွေရဲ့ အဝေး.....လိမ်ညာမှုတွေရဲ့အဝေး.....
တကိုယ်ကောင်းဆန်မှုတွေရဲ့ အဝေး......
...................
.................................
ရိုးသားခြင်းကို နှလုံးသားမှာ ထွင်းခတ်
ကျနော် ပြတ်သားစွာ ထွက်ခွာသွားချင်ပါရဲ့....
ရိုးသားတဲ့ဒေသမှာ ရိုးသားတဲ့လူသားတစ်ယောက်အဖြစ်
ရိုးသားစွာရှင်သန်ချင်ပါသေးရဲ့...
မနက်ဖြန်
ထီပေါက်ခဲ့ရင် အိမ်ဝယ်မယ်........
ထီပေါက်ခဲ့ရင် ကားဝယ်မယ်.....
ထီပေါက်ခဲ့ရင် အိမ်ထောင်ပြုမယ်....
ထီပေါက်ခဲ့ရင် အလှူပေးမယ်...
.......................
.................................
လူတွေကတော့ ထီတွေထိုးကြတုန်း..
စိတ်ကူးတွေယာဉ်ကြတုန်း....
ကမ္ဘာကြီးက လည်နေတုန်း.....
သံသရာကြီးက လည်နေတုန်း.....
ထီးထီးမားမားကြီး သူတို့ရှေ့ရပ်နေခဲ့တဲ့ သေမင်းကို
သူတို့မမြင်နိုင်ခဲ့ကြဘူးလေ........

သားထက် (မုံရွာနည်းပညာတက္ကသိုလ်)

သင်ခန်းစာ `တ´

တိမ်တွေကြား
လှပစွာ လင်းပနေတဲ့ လမင်းရယ်..
တွယ်တာတတ်တဲ့ သံယောဇဉ်နဲ့
နှလုံးသားကို အထပ်ထပ် ရစ်ပတ်နှောင်ဖွဲ့
သူမဟာ ကျနော်တိုးတိတ်စွာ ချစ်ခဲ့ရသူပါ....
တမ်းတလိုက်တိုင်း....
ရင်ထဲအမြဲလန်းလာတတ်တဲ့ ပန်းကလေးတစ်ပွင့်ပါပဲ..
တေးသွားတွေ တစ်ပုဒ်ပြီးတစ်ပုဒ်..
သူမအတွက်
ကျနော်ရေးခြစ်ခဲ့
နောက်ဆုံးဒီလိုနဲ့ပဲ ....ဝေးရမယ်ထင်ရဲ့
မထိုက်တန်ပါဘူး ချစ်သူ...
သိမ်ငယ်စိတ်နဲ့....ကျနော်....
နေ့ပေါင်းများစွာ မြိုသိပ်ခဲ့တယ်..
ဘ၀ရဲ့လမ်းကလည်း တောင်တန်းတွေ အထပ်ထပ်
တာအထွက်မှာ ခဏခဏ မှောက်လျက်လဲကျခဲ့တဲ့
အပြေးသမား တစ်ယောက်လို..
ဘ၀က ဒဏ်ရာဗရပွနဲ့ပါ....
တောအုပ်တွေ တစ်ခုပြီးတစ်ခု ဖြတ်ခဲ့ပေမယ့်
ကျနော်ကတော့ မြို့ပြတွေနဲ့ ဝေးနေဆဲ..
အညာက တမာတန်းလေးကိုလွမ်းတယ်..
မေမေ့ကို လွမ်းတယ်...
တောရွာသေးသေးကလေးဆီက မိသားစုလေးကိုလွမ်းတယ်..
လူတွေကမလွယ်ပါဘူးကွာ.....တဲ့
တွေးတွေးဆဆ ပြောခဲ့ဖူးတဲ့
ငယ်သူငယ်ချင်းတစ်ယောက်ကိုလည်းလွမ်းတယ်.....
တိုးတက်ချင်လွန်းလို့ဆိုပြီး..ရင်နာစွာနဲ့
ကျေးလက်ကို ကျောခိုင်းခဲ့တဲ့..မေမေ့သား ကျနော်ပါ
တံတိုင်းတွေ အထပ်ထပ်ကာထားတဲ့ မြို့တော်ဆီ လာခဲ့တယ်
မာယာတွေနဲ့ စည်ကားနေတဲ့ မြို့တော်ဆီကိုလေ...
တောသားတစ်ယောက်အတွက် မတူမတန်ပါဘူးတဲ့..
တီးတိုးသံတွေ ကြားနေပေမယ့်..
ကျနော်က...အဲဒီတောင်တန်းကြီးတွေထက်...
မြင့်မားအောင် ပျံသန်းချင်ခဲ့တယ်..
တောင့်တတိုင်း ပြည့်စုံရအောင်ကလည်း
ကမ္ဘာကြီးဟာ မီးခွက်စောင့်တဲ့ နတ်ဘီလူးတစ်ကောင်မဟုတ်ခဲ့..
ဘာကြောင့် တစ်ယောက်ကို တစ်ယောက် တုတ်နှောင်ချင်ခဲ့ကြတာလဲ..
ကျနော် မစဉ်းစားချင်တော့ဘူး..
တကယ်တော့...
ဘယ်သူ့ `အတင်း´ ကိုမှ မပြောချင်သလို
ကိုယ့် `အတင်း´ကိုလည်း မပြောချင်ဘူး..
တိုက်တိုက်ဆိုင်ဆိုင် မိုက်မဲခဲ့သမျှအတွက်..
ထိုက်ထိုက်တန်တန် အရိုက်ခံလိုက်ပါမယ်..
ဘယ်သူတွေဘာပြောပြော ကျနော်ကတော့ လှော်ခတ်နေဆဲပါ..
တစ်ဖက်တည်းနဲ့ လှော်လို့မရောက်ရင်..
လက်နှစ်ဖက်နဲ့ လှော်မယ်..အဲဒါမှ မရောက်သေးဘူးဆိုလည်း
ခြေရောလက်ရော လှော်မယ်...
တေလေတစ်ယောက်လိုပဲ ကျနော် ရိုးသားစွာ စီးဆင်းခဲ့တယ်..
ကံ၊ဥာဏ်၊၀ိရိယတဲ့...တူရွင်းသုံးလက်နဲ့
တတ်သလောက်မှတ်သလောက် ဘ၀ကို တူးဆွနေဆဲပါ..
အလည်လွန်နေတဲ့ ရတနာတွေလေ
ထိတ်ထိတ်လန့်လန့် မျှော်လင့်နေရှာတဲ့
ကျနော်အိတ်ကလေးထဲ ခုထိေ၇ာက်မလာကြသေးပါ...
အသားမာတွေတက်နေတဲ့ ကျနော့်လက်ဖ၀ါးတွေကလည်း
ဘယ်သူ့အတွက်မှ ရင်ခုန်ချင်စရာ မကောင်းခဲ့ဘူး..
ဒီလိုနဲ့....သူမနဲ့ ကျနော့်ကြား
ချောက်ကမ်းပါးတွေ အထပ်ထပ်ခြားခဲ့တယ်..
တံတားတွေ တစ်စင်းပြီးတစ်စင်းခင်းပြီးမှ
တကူးတက ဖြတ်သန်းရမယ့်လမ်းမို့...
ချစ်သူကို လက်မကမ်းရက်တော့ပါဘူး..
တောက်တီးတောက်တဲ့ ကျနော့်ဘ၀လေးထဲကို
မခိုလှုံချင်ပါနဲ့ဦးကွယ်.....
တနွေလုံး ငိုကြွေးခဲ့တဲ့ နှလုံးသားကမျက်ရည်တွေနဲ့ရင်းပြီး
ချစ်သူအတွက် ပန်းတစ်ခင်း ကျနော်ပျိုးထားပါတယ်..
တစ်ဘ၀စာအတွက် ချစ်သက်လက်ဆောင်ပါပဲ ချစ်သူရယ်...
ကျနော်ပေးခဲ့ဖူးတဲ့ လက်ဆောင်တွေက
တန်ဖိုးနည်းခဲ့တယ်ဆိုပေမယ့်
ချစ်သူသာ တန်ဖိုးထားတတ်ရင် အဖိုးဖြတ်လို့မရပါဘူးကွယ်...
သူမရဲ့အလှမှာ
တောက်တဲ့တစ်ကောင်လို တွယ်ကပ်နေခဲ့တဲ့ စွဲလန်းခြင်းတွေနဲ့
ကျနော်သက္ကရာဇ်များစွာ အိပ်မောကျခဲ့ပါတယ်..
ခုတော့လည်း အချစ်ဆိုတဲ့
တံဇဉ်ကလေးတစ်လက်နဲ့ပဲ....
သူမဆီထားခဲ့တဲ့ မျှော်လင့်ချက်အားလုံးကို
ရိပ်သိမ်းနိုင်လိုက်ပါပြီ..
တောင်ကျချောင်းကလေး စီးဆင်းရာ...
တောပန်းလေးတွေ ပျော်ပါးရာ...
တောင်တန်းပြာလေးတွေ ကျက်စားရာ...
ငြိမ်းချမ်းလှပတဲ့ ဒေသလေးမှာပဲ
အတွယ်တာမဲ့လူသားတစ်ယောက်အဖြစ်
ငါတမ်းတမိပါရဲ့

သားထက် (မုံရွာ နည်းပညာတက္ကသိုလ်)

သင်ခန်းစာ `ည´

ည´က
ညာသံမပေးပါဘူး...
သို့သော် ကျနော်ရင်ဘတ်ဆီ
ငြိမ့်ငြောင်းစွာပင် စီးဆင်းခဲ့တယ်...
ညောင်းညာကိုက်ခဲနေတဲ့ နှလုံးသားလေ
ညနဲ့အတူ အတိတ်တွေဆီ လွင့်ဝေသွားရဲ့
ညိုလွင်တောက်ပတဲ့ ညနေခင်းတွေမှာ
ညာတာပါတေးချစ်သူလေးနဲ့
အညောင်းပြေအညာပြေတဲ့..
တေးတွေဆိုရင်း လျှောက်ခဲ့ဖူးရဲ့...
ညံ့သက်နွေးထွေးတဲ့ အကြင်နာတွေဟာ..
တစ်သက်စာလုံးအတွက်ဆိုပြီး..
မျှော်လင့်ချက်တွေနဲ့ အချစ်ညီမျှချင်းအချစ်ဆိုပြီး
ကြီးကြီးကျယ်ကျယ်ရူးသွပ်ခဲ့ဖူးရဲ့...
ညီညာတဲ့ သွားစွယ်ဖွေးဖွေးလေးတွေလေးတွေနဲ့
ငါ့နှလုံးသားကို ခဏခဏကိုက်ဆွဲတတ်တဲ့ ညီမလေးရေ..
ညွှတ်ပြောင်းနူးညံ့လွန်းတဲ့ ရင်ထဲကချစ်ခြင်းတွေဟာ..
ခင်ဗျားလေးတစ်ယောက်ထဲအတွက်ဆိုပြီး
အသည်းကြားကလာတဲ့အသံနဲ့...နှလုံးသားကိုပဲ့တင်ထပ်ခဲ့
ဒါပေမယ့်....အားလုံး ညာစားခံခဲ့ရတယ်..
ငါညံ့ခဲ့တယ်ပေါ့.....ဂွတ်ဘိုင်ဟန်နီ..
ခဏခဏထိုးနှက်ခံရဖန်များလို့ အညိုအမဲတွေစွဲနေတဲ့
နှလုံးသားကို အမှတ်တရ သိမ်းဆည်းထားရင်း
ဘ၀ဆိုတဲ့ အိပ်မက်ထဲကို ကျနော်ခုန်ဆင်းခဲ့တယ်..
ညင်းသိုးသိုးဆံပင်ရှည်တွေနဲ့ ဘ၀ကို ဖားလျားချ ပစ်ခဲ့ဖူးရဲ့..
ကဗျာဆရာတစ်ယောက်ရဲ့ လွတ်လပ်မှုဟာ
ကမ္ဘာကြီးကို ညစ်ညမ်းစေသတဲ့လားဗျာ
အဲဒါဆိုရင်လည်း ကမ္ဘာမှာရှိသမျှကဗျာဆရာတွေရဲ့ကိုယ်စား
လောကကြီးကို ဆောရီးပါ..
တောမှာကြီးပြင်းခဲ့ရတဲ့ ပန်းပွင့်တွေ တော်ဝင်နန်းမထိုက်ခဲ့တာ မဆန်းပါဘူး
ကျနော်နမ်းမိခဲ့သမျှပန်းပွင့်တွေနဲ့ပဲ ကျနော်အဆိပ်သင့်ခဲ့ရတာပါ..
ညစ်တီးညစ်ပတ်လောကကြီးကိုတော့
ကျနော်တခါတခါ ညစ်ကျယ်ကျယ်ပဲ တုန့်ပြန်ပါသည်...
ညောင်ပင်တစ္ဆေဝေလေလေ....
တေလေငှက်တစ်ကောင်လို ကြုံရာကိုင်းမှာ နားခဲ့ဖူးရဲ့..
ဘ၀က ခါးတယ်လို့တော့ မငြီးငြူချင်တော့ဘူး..
အဆင်မပြေတိုင်းသာ ငြီးတွားရမယ်ဆိုရင်
ကမ္ဘာကြီး နားကွဲသွားလောက်ရဲ့..
ညမွှေးပန်းတွေက ညမှာမွှေးကြတယ်တဲ့
ကျနော့်ကဗျာတွေကလည်း လူတွေအိပ်မောကျချိုန်မှ
ရှင်သန်နိုးထခွင့်ရကြတယ်..
မဆင်မခြင် ကျနော် ခဏခဏမှားတတ်တုန်းပါပဲ..
အဲဒီဥာဉ်ဆိုးလေးကလည်း ကြာလာတော့
ကျနော့်ရဲ့အမှတ်အသားတစ်ခု ဖြစ်ခဲ့ပေါ့..
ငယ်ငယ်ကလို ညအခါလသာသာဆိုပြီး
လသာတိုင်း တေးတကြော်ကြော်မအော်တော့ပါဘူး..
ဒါပေမယ့် လရောင်ရေးရေးအောက်မှာ
ကျနော်ခဏခဏဆွေးတတ်ခဲ့ပြီလေ..
ထားလိုက်ပါတော့ကွာ..ညီညွတ်ခြင်းသည် အင်အားတဲ့
သူငယ်ချင်း မင်းနဲ့ငါရန်မဖြစ်ချင်တော့ဘူး..
ခန်းခြောက်နေတဲ့ ညောင်ရေအိုးလေးကို ရေဖြည့်ကြမယ်..
ပြီးတော့ ပန်းတွေကို ညင်သာစွာစိုက်ပျိုးကြမယ်..
ရိုးသားခြင်းကို အဆိတ်ခတ်ခဲ့တဲ့ သက္ကရာဇ်တွေကို ငါတို့ ဖြိုပစ်ကြပါစို့..
ထားခဲ့လိုက်ပါတော့ သူငယ်ချင်းရယ်..
အဲဒီညနက်နက်တွေထဲမှာ ဘာတက်မက်စရာမှ မရှိပါဘူး..
ငြိမ့်ငြောင်းသာယာတဲ့ ဂီတသံတွေရှိရာ တို့သွားကြမယ်
ကျနော်တို့မေ့လျှော့နေခဲ့တဲ့ ပျော်ရွှင်မှုဟာ
ခုပဲကျနော်တို့ဆီကို `လ´ရထားကိုစီးပြီးလာနေခဲ့ပြီ..
အားတင်းထားလိုက်စမ်းပါ ဒုက္ခဟာရောဂါသည်တစ်ယောက်လို
ညောင်နာနာထွက်သွားတာကို တို့မြင်ရတော့မယ်လေ..
ညံဖျင်းမှုဆိုတာ ၀ိရိယမရှိသူတွေနဲ့ မစဉ်းစားမဆင်ခြင်သူတွေရဲ့`
စုတ်ချာနေတဲ့ နံနက်စာဖြစ်သတဲ့..
ကျနော်တို့ကိုညံ့တယ်လို့ ၀ိုင်းထိုးနေတဲ့ လက်ညှိုးတွေအောက်မှာပဲ
မင်းနဲ့ငါ မညံ့ဘူးဆိုတာကို ယုံကြည်လိုက်ကြရအောင်..
ကိုယ်ပိုင်အလင်းနဲ့တောက်ပခွင့်တွေနည်းခဲ့တာ ၀န်ခံပါတယ်..
ဒါပေမယ့်  `လ´တစ်စင်းလို နေမင်းဆီက ညှိယူပြီးလင်းလက်သလိုမျိုး
တို့မှာ မျှဝေလင်းလက်ဖို့ အားတွေရှိတယ်..
ဒါဟာမှီခို ပျော့ညံ့မှုမဟုတ်ဘူးလေ..
ကိုယ်သမိုင်းကိုရေးပြီး ကိုယ့်ဝန်းကျင်ကိုယ်လင်းလက်ကြပါစို့
တတိယကမ္ဘာကြီးရဲ့ အကြီးကျယ်ဆုံးလက်နက်က ပညာဆိုပဲ..
ထင်၇ာစိုင်းနေတဲ့ တို့စိတ်တွေ အိပ်မွေ့ချကြမယ်..
ူ့လှပတဲ့ အနာဂတ်ဟာ ဆည်းလည်းသံတွေနဲ့အတူ
ကျနော်တို့ဆီလာနေခဲ့ပြီ

သားထက် (မုံရွာနည်းပညာတက္ကသိုလ်)

သင်ခန်းစာ `ဇ´

ဇင်ယော်တောင် မျက်ခုံးလေးတွေနဲ့
သမင်ပျိုမျက်လုံးလေးတွေနဲ့
ဇလပ်ပန်းလေးလို ဖြူစင်နူးညံ့လွန်းတဲ့
ငါရဲ့ ဇာတ်လိုက်မလေးရေ.....
နင်ပာာ ..ငါနှလုံးသား ပိတ်ကားထက်
အကြိမ်ကြိမ်တင်ဆက်လို့ ပြီးနိုင်တဲ့
ကမ္ဘာမှာ ငါအကြိုက်ဆုံး....ဇာတ်လိုက်မလေးပါပဲ
အဲဒီလောက်တောင် ငါဆိုတဲ့ကောင်က အစွဲအလမ်းကြီးခဲ့တာပါ...
ဇွန်ဇူလိုင်တွေ အခါခါပြောင်းခဲ့ပေမယ့်
ငါ့နှလုံးသားရဲ့ ကောင်းကင်မှာတော့ ..
အချစ်မိုးတွေဟာ ခုထိ ခေါင်လို့ကောင်းနေတုန်းပါ
ဇီးကွက်တစ်ကောင်ရဲ့ မျက်လုံးတွေလို
နင့်ကြောင်းတွေ တွေးတွေးနေမိတဲ့ ညတွေက
အိပ်စက်ခွင့်တွေနဲ့ ဝေးခဲ့ရဘူးတယ်...
တစ်ဘ၀စာအတွက် ဆုံးဖြတ်ပေးလှည့်ပါ...အိုချစ်သူ....
ဇီးပြားစားပြီး ရည်းစားစကားလာမပြောနဲ့လို့ သူမက မပြောပါဘူး
အပိုအလိုမရှိတဲ့ သူမရဲ့ဆုံးဖြတ်ချက်က
ဇိုးခနဲဇတ်ခနဲ ပြတ်သားလွန်းလှရဲ့...
ပိတ်ကားတစ်ချက် အဖုံးမှာပဲ ....ဇာတ်လိုက်မလေးရဲ့ အမုန်းတွေ
ကျနော်ပြိုင်ဘက်မရှိ သိမ်းပိုက်နိုင်ခဲ့ပါတယ်...
ချစ်ခဲ့တုန်းက ရဲရဲရင့်ရင့်ပါပဲ..အမုန်းခံရတော့လည်း သတ္တိရှိရှိပေါ့...
အဲဒီလိုနဲ့ ကျနော် ... အောင်ပွဲရစစ်သူကြီးတစ်ယောက်ရဲ့ အပြုံးနဲ့
အရှုံးနဲ့ပိုင်းင်္ပြီး ကျောခိုင်းထွက်ခဲ့တယ်...
အချစ်မရှိတဲ့ နှလုံးသားနဲ့...
ဇင်ယော်တစ်ကောင်လို မြစ်တွေ တစ်စင်းပြီးတစ်စင်းဖြတ်ရင်း
ဇွဲနပဲကြီးစွာပဲ ကျနော်ပျံသန်းခဲ့ရပေါ့
ဇီဝဇိုးငှက်တစ်ကောင်လိုပဲ ငါ့ရဲ့အသိုက်အမြုံလေးကို
ငါ့ရင်ထဲက အန်ဖတ်တွေနဲ့ တည်ဆောက်ခဲ့ရဖူးတယ်..
ဝမ်နည်းဖို့ကောင်းလိုက်ပုံများ...ချော့မရ ချောက်မရ....
ဇီဇာကြောင်တတ်လွန်းတဲ့ လောကဓံတရားလေ..
အသည်းကွဲနေတဲ့ ကျနော့်အတွက် အလဲထိုးဖို့စောင့်နေခဲ့သတဲ့
ဇွတ်တရွတ်နိုင်ခဲ့တယ်ဆိုပေမယ့် ..ကျနော်တို့မျိုးစေ့လေးတွေမှာ
`ဇ´ကလေးတွေ ရှိပါတယ်..
ပြုစုပျိုးထောင်ကြည့်ကြစမ်းပါ...
မိုးထိမြင့်အောင် ရှင်သန်ကြီးထွားပြစ်လိုက်မယ့်..အားတွေ..
ကျနော်တို့ အသွေးအသားတွေထဲမှာ ဆူဝေနေကြပါတယ်..
ဒါပေမယ့် သူတို့မသိယောင်ဆောင်ခဲ့ကြတယ် ..အဖိုးရယ်...
ဇူလိုင် ၁၉ ကတည်းက မက်ခဲ့တဲ့ အိပ်မက်ဆိုးလေ
ကျနော်တို့တွေ ခုထိလန့်နိုးလို့ မဆုံးနိုင်ခဲ့ဘူး.....
`ရိုးရိုးကျင့် မြင့်မြင့်ကြံ´ ...အဖိုးရဲ့ ....
ဇာတိသွေး ဇာတိမာန်တွေက ရုပ်တုမှာတောင် လင်းပြောင်နေဆဲပါ..
ခုတော့ ကျနော်တို့ဟာ ဘ၀ကို တောင်မြောက်တောင် မကွဲခဲ့
ဆူးတောထဲပွင့်နေရတဲ့ ပန်းပွင့်လေးတွေရဲ့ဘ၀လိုပဲ
အစွမ်းကုန် ကြိုးစားပွင့်ဝေခဲ့သမျှ ပန်ဆင်သူမဲ့ခဲ့ရတယ်
ထားလိုက်ပါတော့ အဖိုးရယ်...တမလွန်မှာ ငြိမ်းချမ်းပါစေ...
ကျနော် အပူမကပ်လိုတော့..
ဘ၀ဆိုတာ ရုပ်ရှင်ဇာတ်လမ်းတစ်ခုဖြစ်ခဲ့ရင်
အဲဒီဇာတ်ဝင်ခန်းတွေပါတဲ့ ဖလင်ကိုကျနော်ဖြတ်ပစ်မိမှာပါ
တကယ်တော့ ဘယ်သူ့ဘယ်သူကမှ ဇာတ်လိုက်တွေ မဟုတ်ခဲ့ကြဘူးတဲ့
ကိုယ့်အမိုက်အမှောင်ကို လင်းလက်ဖို့
လောင်စာတွေ အထပ်ထပ်ရှို့နေကြသူတွေချည်းပါပဲ..
ဇလုတ်အကြီးကြီးနဲ့ ငှက်ကြီးဝန်ပိုလို လူတွေကလည်းများလိုက်တာ
အမြတ်ကို ဆာလောင်နေတဲ့ အသံတွေ....အဟာရကို ငတ်မွတ်တောင်းတနေတဲ့အသံတွေ.
လက်ပံပင် ဇရက်(ဆက်ရက်)ကျသလို ကမ္ဘာကြီးမှာ ပွက်ပွက်ညံလို့
ပြုသူတွေက အသစ်တွေရပြီး ဖြစ်သူတွေက ဟောင်းသွားကြ
ကျနော်တို့ဟာ ..
ဇယ်တောက်တမ်းကစားခံရတဲ့ ဇယ်ခုံပေါ်က ဇယ်လေးတွေတဲ့လား
သူတို့ရဲ့စကားလုံးတွေအောက် ကျနော်တို့ဘ၀တွေ
ခေါက်တုံ့ခေါက်ပြန်ဖြစ်ခဲ့ရပေါင်းလည်း များပါပြီ
အင်္ကျီလိုဇိတတ်မထားတော့
ရင်ဖွင့်ရတယ်ဆိုတာလည်း အားမလို အားမရပါပဲ
ခံစားချက်တွေကို ဇွတ်မှိတ်မြိုချခဲ့ရရဲ့
ဇာချဲ့ပြောတာမဟုတ်ဘူး....တခါတခါလဲကျတိုင်း
ပြန်တည့်မတ်ဖို့ ကြိုးစားရတာ ပင်ပန်းလွန်းတယ်
ဇွန်လရဲ့ မိုးစက်တွေဆိုတာလည်း ဘ၀ရဲ့ အမောတွေကို
ချွေးမသိပ်နိုင်ခဲ့ဘူး...
ဘာပဲပြောပြော ခုလိုမိုးတွေ စွတ်နေတဲ့နေ့တွေဆိုရင်
ကျနော်လေ....
ကျနော့်ရဲ့ ဇာတ်လိုက်မလေးကို လွမ်းလို့နေတုန်းပဲ...


သားထက် (မုံရွာနည်းပညာတက္ကသိုလ်)

သင်ခန်းစာ `ဆ´

ဆွတ်ယူခွင့်မရှိတဲ့ ပန်းတပွင့်ဟာ
ဟိုးအမြင့်ကြီးဆီမှာ မွှေးမြလန်းဆန်းနေရဲ့
ဆွဲဆွဲငင်ငင်အူလိုက်တဲ့ ဥသြသံဟာ
တို့နှစ်ယောက်ရဲ့ ခွဲခွာခြင်းများလား
ဟုတ်မယ်ထင်တယ်..မတွေးတတ်တော့ဘူး...
အနွေးဓာတ်တွေ မဆွတ်ပြန့်နိုင်တော့လို့
စွန့်ခွာသွားခဲ့တယ်ဆိုရင်လဲ..ကျနော်ရဲ့
ဆုတောင်းမှားမှုတစ်ခုခု ဖြစ်လိမ့်မယ်
ဖြစ်ချင်ရာဖြစ်
ချစ်သူနဲ့ကျနော့်ရဲ့နာရီလက်တံတွေ
ဆွဲဆန့်ထားပါရစေ
ဆေးဆရာကတော့ မမှားခဲ့ဘူး
သို့ပေမယ့်
နှလုံးသားတစ်ခုဟာဖြင့် သေဆုံးသွားခဲ့ပေါ့
သူမအတွက်တော့ အပြုံးကလေးတစ်လက်
နှုတ်ခမ်းလေးတစ်ချက်အမဲ့ပါပဲ..ကျနော့်မှာ....
ဆင်ကျီစားရာ ဆိတ်မခံနိုင်ဖြစ်ခဲ့ရတယ်
ဆေးမရှိတဲ့ အနာလိုပဲ
အချစ်ဆိုတာလည်း ၀ဋ်နာကံနာတစ်မျိုးထင်ရဲ့
ဆန့်ငင်ဆန့်ငင် ဖြစ်နေတဲ့ အဲဒီအမှတ်မရှိတဲ့ နှလုံးသားလေ
အချစ်ကိုပဲ ဆာလောင်ငတ်မွတ်ပါတယ်တဲ့
ဆုတ်လည်းစူး စားလည်းရူးတဲ့
ရင်ဘတ်တစ်ခုလုံး
ဆတ်ဆတ်ခါအောင်နာကြင်ခဲ့ဖူးတယ်
ရူးတယ်လို့ပဲ ဆိုကြပါစို့
ဆူးတွေနဲ့နှင်းဆီကိုမှ
ကျနော်က အဆုံးမဲ့
မြတ်နိုးတတ်ခဲ့တာလေ...
ခုတော့..ဆောင်ထားတဲ့ဓားတစ်လက်နဲ့ပဲ
အဲဒီကြိုးတွေအားလုံး ဖြတ်ထားခဲ့တယ်
လူတွေရဲ့ စပ်စုတတ်ကြခြင်းကိုတော့
ဆင်ဝှေ့ရန်ရှောင်ပေါ့
အဲဒီလိုနဲ့...
ဆားငန်ပင်လယ်တစ်ခုဆီကနေ
ကျောမှာ မျှော်လင့်ခြင်းသစ်ပင်တွေထမ်းပြီး
တောင်ကုန်းတစ်ခုလို
ကျနော်...ကျောခိုင်းခဲ့တယ်
ဘ၀က အဆုံးသတ်မလှခဲ့တဲ့
စာမျက်နှာတွေပြန့်ကျဲလို့
ဆီဆမ်းထားတဲ့ထမင်းတစ်ပန်းကန်အတွက်
လမင်းကိုတောင်းပန်ခယခဲ့ရတဲ့
သက္ကရာဇ်တွေဆီ
ဆောင်းညပေါင်းများစွာ ပေးဆပ်ခဲ့ဖူးတယ်
ဆုံနိုင်ခွင့်နည်းလွန်းတဲ့
ကံကြမ္မာကောင်းတွေ ကျနော်တံခါးကို
ခေါင်းလောင်းထိုးဖို့ မေ့ခဲ့တယ်ထင်ရဲ့
ဆွတ်ယူလိုက်တဲ့ အဲဒီနှလုံးသာဟာ
ကျနော်ဆီ ဆိုက်ဆိုက်မြိုက်မြိုက် မဆိုက်ရောက်ခဲ့ဘူး
ဆေးစက်တွေပေကြံနေတဲ့
ကျနော်ဆိုတဲ့ ခတ်ညစ်ညစ် ကင်းဘက်စတစ်စဟာဖြင့်
သူမအတွက် အမြတ်တနိုးသိမ်းဆည်းစရာ
ပန်းချီကားလှလှတစ်ချပ် မဟုတ်ခဲ့ပေဘူး
ဆက်ဆံရေးဆိုတာလည်း
ငွေမရှိတော့ ကျဲတိကျဲသောက်နဲ့ပေါ့
ဆည်းလည်းသံလေးတွေကိုတော့
ကျနော်ခုထိလွမ်းနေတတ်တုန်းပါ ချစ်သူ..
စန့်စန့်ကြီးရပ်နေရတာ ညောင်းတယ်တဲ့
ရပ်နေတဲ့ ခြေတောက်တွေက ပြောတယ်
နှလုံးသားတစ်ခုလုံး မောလျှနွမ်းနေတာ
သူတို့ကိုယ်ချင်းမစာကြဘူး
ဆူးခင်းထားတဲ့လမ်းတွေမလျှောက်ရသေးတော့
သူတို့က နာကြင်မှုကို အဓိပ္ပာယ်မဖွင့်တတ်ကြဖူးထင်ရဲ့
ဆင်ခြေဆက်လက်တွေ အပြည့်နဲ့ပဲ ကျနော်
သူတို့ကိုငြင်းလိုက်ပါတယ်
ဆန့်တန်းထားတဲ့ လက်တွေနဲ့
ကျနော် မကြိုခဲ့ဘူး..သို့ပေမယ့်
ဒုက္ခတွေ တေးဆိုပြီး ကျနော်ရင်ဘတ်ဆီ
ခုန်ဆင်းလာကြရဲ့..
သူများတွေမှာ နွေရယ်မိုးရယ်ဆောင်းရယ်
ကျနော့်နှလုံးသားက ဆီးနှင်းတွေမအေးမြနိုင်တဲ့အရပ်
မိုးရေတွေ မစွတ်စိုနိုင်တဲ့ဒေသတဲ့
ဆောင့်ကြောင့်ထိုင်ကြည့်နေတဲ့ လောကဓံတွေနဲ့
ကျနော့်နှလုံးသားထဲမှာတော့
နွေပြီးရင်းနွေပါပဲလေ........
ဆားမပါတဲ့ဟင်းလို ပေါ့ပျက်ပျက်နိုင်လွန်းတဲ့
ညတွေ..အရိုးမထွင်ဘဲ မျိုချခဲ့ရ
ဆီမပါတဲ့ဟင်လျာလိုပါပဲ
လူတွေရဲ့`စေတနာ´ဆိုတဲ့ စကားလုံးကလည်း
အရသာ မဲ့လွန်းလှရဲ့
ဆေးစက်ကျရာ အရုပ်မထင်နိုင်တဲ့ဘ၀က
စုတ်ချက်တွေနဲ့ရှုတ်ထွေးလို့ ကိုယ့်ကိုယ်ကိုရေးခြစ်ခဲ့တာလေ
ဆဲလ်တွေပေါက်ကွဲ ထွက်သွားတဲ့အချိန်ထိ
အမှန်တရားဆိုတာကို ကျနော်တို့ချစ်တတ်ရလိမ့်မယ်
ဆီကုန်သည်ဆန်ကုန်သည်ကြီးရဲ့သမီးက
လည်ပင်းကဆွဲကြိုးအတွက် စိန်လော့ကက်သီးတစ်ခုပူဆာနေချိန်
ဆိုက်ကားသမားတစ်ဦးရဲ့သမီးက `ဖေဖေ..မနက်ဖြန်အတွက်
ဆန်အိုးထဲမှာဆန်မရှိဘူး ဆီအိုးထဲမှာဆီမရှိဘူး´တဲ့
အဲဒီအသံက ကျနော့်နားထဲလာလျှံတယ်
ပိတ်နေတဲ့မျက်လုံးတစ်ဖက်ကို ကျနော်တို့တွေ ဆွဲဖွင့်ပစ်ရမယ်
ဆင်သရေကို ဆိတ်သရေနဲ့ဖုံးထားတဲ့
ကောက်ကျစ်မှုတွေမြင်တိုင်း
ဟောဒီကမ္ဘာကြီးအက်ကွဲသွားအောင်
စိတ်ရှိလက်ရှိအော်ဆဲပစ်လိုက်ချင်တယ်
ဘာအတွက် ရှင်သန်နေကြတာတဲ့လဲ
ဘ၀ရဲ့ဆည်းဆာဆိုတာလည်း
ကျနော်တို့သတိမထားခင် ရောက်လာတော့မယ်လေ
တစ်ယောက်ကိုတစ်ယောက် ဘာကြောင့်ချေမှုန်းချင်ရတာလည်း
နောက်ဆုံးမှာ အားလုံးဟာ သေဆုံးရမှာပဲလေ
`ကံကိုယုံပြီး ဆူးပုံမနင်းရာ´တဲ့
ကံကိုယုံပြီးဆူးပုံကိုနင်းခဲ့ကြသလား
ဆူးတောကိုမတိုးရဲလို့ ကံကိုပဲရိုးခဲ့ကြသလား
လူတွေက မိုးခါးရေကိုပဲ အမောပြေတယ်ထင်ခဲ့ကြတယ်
အမေပြောသလိုပြန်ပြောရရင် `မင်းတို့ခေတ်ကြီးက မကောင်းပါဘူးကွယ်တဲ့´
ကူးတော့ကူးနေတာပဲ အမေရဲ့..ဒါပေမယ့်
ကျနော်တို့ နစ်ပြီးရင်းနစ်ခဲ့ရတယ်
ဆန်းစသော်တာ လကွေးကွေးလေးအောက်
စိတ်အေးလက်အေး တေးဆိုခဲ့တဲ့ညတွေ
ပြန်လွမ်းမိပါသေးတယ် `အမေ´
ဆပ်ပြာသည် လင်ပျောက်နေတဲ့ ကမ္ဘာကြီးကတော့
ဆလိုက်မီးရောင်စုံတွေကြား
ဆန်းဆန်းပြားပြားကခုန်နေဆဲပဲလေ...


သားထက် (မုံရွာနည်းပညာတက္ကသိုလ်)

Wednesday, October 6, 2010

သင်ခန်းစာ `င´

ငုဝါတွေပွင့်တိုင်း
ချစ်သူလွမ်းဆွတ်ရတာကို
ဘ၀ရဲ့ အနှစ်သာရတစ်ခုလို့
ကျနော်ရူးသွပ်ဖူးတယ်
ငယ်ငယ်ကလို
ငိုပြတိုင်း ဆန္ဒတွေ မပြည့်နိုင်တော့ဘူးလေ
(ဆရာမင်းလူပြောသလို ပြောရရင် ငယ်ငယ်တုန်းကတော့ ကလေးလေးတွေပေါ့ဗျာ)
အတောင်လဲစုံရော လောကကြီးဆီ ငှက်တစ်ကောင်လို ကျနော် ပျံသန်းကြည့်တယ်
ပြန်သန်းရင်း ငုံ့ကြည့်လိုက်တာ ကမ္ဘာကြီးကို အပြားလိုက် ကျနော်မြင်လိုက်ရတယ်
(ဆရာကျော်ဝင်းရဲ့ ကမ္ဘာပြားပြီကို မဆီမဆိုင် သတိရလိုက်သေး၏)
ငွေကစကားပြောတဲ့အခါ
ပညာရှိတွေတောင်ဆွံ့အ သွားတယ်ဆိုပဲ ထို့ကြောင့် ပညာမဲ့တွေ ရူးသွပ်ကြတာ မဆန်းဘူးထင်ရဲ့
အငမ်းမရဆာလောင်မွတ်သိပ်နေမှုတွေနဲ့ ဟောဒီကမ္ဘာကြီးဟာ
ငါးခုံးမလိုလူတွေကြောင့် တလှေလုံး ပုတ်ခဲ့ရတာလား
ငုတ်ချည်ပေါ်ချည် ကံကောင်းခြင်းတွေနဲ့ အိပ်မက်တွေကို မျှော်လင့်ရတာ
ကျနော်လည်ပင်းတွေတောင် ငန်းတစ်ကောင်လို ရှည်ခဲ့ပြီ
ငါးပွက်ရာ ငါးစာချတာကို ငန်းငန်းတက် ယုံကြည်မှုနဲ့
အငိုက်မမိကြဖို့တော့ အရေးကြီးပါသည်
ခဏတာ ငှားထားရတဲ့ တို့ခန္ဓာတွေက
ငတ်ကြီးကျဖို့တစ်ခုပဲသိတာ တဆိတ်ဆိုးရွားလွန်းတယ်
ငိုစားရီစား တဲ့ ငါ့စကားနွားရပြောပြီး
သူတပါး၏ ရီစာကိုလည်း မစားလို သူတပါး၏ငိုစာကိုလည်း မစားရက်
ကိုယ့်ချွေးစက်နဲ့ကိုယ် ဖန်တီးထားတဲ့ နံနက်စာကိုသာ
ကျနော် ရိုးသားစွာ ဆာလောင် ငတ်မွတ်တောင့်တပါမည်
ငှက်ကြီးတောင်ဓား ကိုင်ထားသူတိုင်း သူရဲကောင်းမဟုတ်သလို
ငှက်ပျောသီးစားတိုင်းလည်း မျောက်ဖြစ်ကြပါ
လူဆိုတာ ကိုယ့်ဓားကိုသွေး ကိုယ့်အစာကိုကျွေး
ကိုယ်အထာနဲ့ကိုယ်တွေးပြီး ကိုယ့်သွေးကိုရဲအောင် ကျင့်ရမည်
မိတ်ဆွေ လမ်းမဆုံးသေးဘူး...လမ်းတ၀က်မှာ
တငူငူ တငေါင်ငေါင်ထိုင်ပြီး ဘ၀ကိုအရှုံးပေးမလို့လား
တိုက်ပွဲတွေများလွန်းတဲ့ဘ၀မှာ ငိုက်မြည်းနေဖို့ အချန်မရှိဘူး
ငှက်မသိတော့ ဇရက်ချိုးထင် လူဆိုတာ အမှားတွေကိုပဲ
ခဏခဏခုံမင်တတ်ရဲ့ ...
အချက်မသိတော့ သမက်သခိုးထင်
ကျနော် sorry လို့ခဏခဏတောင်းပန်ခဲ့ရဖူးတယ်
သြော်..ဘ၀ဆိုတာ အငိုနဲ့ စခဲ့ကြရတာပါလား
ငိုက်စိုက်ငိုက်စိုက်လျှောက်ရင်း စဉ်းစားမိတယ်
ဒါဆို အငိုနဲ့များဆုံးရရင်.......ဆက်မတွေးရဲတော့
ကျနော် ငိုင်တိုင်တိုင် ဖြစ်သွားပါသည်
ဘာကြောင့်ပဲ ငိုငို မျက်ရည်ကျတာကိုက အရှုံးရဲ့ သင်္ကေတပဲ..
ငုတ်တုတ်ထိုင်နေတဲ့ တောင်ကုန်းကြီးက ကျနော့်ကိုပြောတယ်
မင်းတို့လူဆိုတဲ့ သတ္တ၀ါတွေဟာ...............
ငွေရဲ့ကျေးကျွန်...မျက်ရည်ရဲ့ အကျဉ်းသား.....
ငါဆိုတဲ့ အတ္တတစ်ခုအတွက် ....အငိုနဲ့သေရမယ့်...သတ္တ၀ါတွေ...
ငယ်သံပါအောင်အော်ပြီး
အိပ်မက်ကြီးတွေပေါ်က ကျနော်ပြုတ်ကျသွားတယ်...

ငိုကြွေးပူပန်ခြင်းများမှ ကင်းဝေးကြပါစေ
သားထက် (မုံရွာ နည်းပညာတက္ကသိုလ်)

သင်ခန်းစာ `စ´

စိမ်းစိမ်းကားကား
နေစိမ့်နိုင်လွန်းတဲ့ ကောင်မလေးရေ
ငါဟာမင်းစွတ်စွဲရလောက်အောင်
မကောက်ကျစ်ခဲ့ပါဘူး
မစူးစမ်းမဆင်ခြင်တတ်ခဲ့တဲ့
ယုန်သူငယ်လေးလိုပဲ..ငါဟာ...
အချစ်နဲ့ပတ်သက်ရင်
ကမ္ဘာပြိုမှာကိုတောင်ကြောက်နေတတ်တဲ့ကောင်
ဘ၀ဆိုတာ တိုက်ပွဲတစ်ခုဆို
ငါက လက်နက်မဲ့ခဲ့တဲ့ စစ်သည်တစ်ယောက်
ဒိုင်းမပါ ဓါးမရှိ
ဒါပေမယ့်..နင့်အတွက်ဆို
နပိုလီယံရဲ့စစ်တပ်နဲ့လည်း တိုက်ခိုက်ပစ်လိုက်ဖို့
ငါဘယ်တုန်းကမှ မစိုးထိပ်ခဲ့ဖူးဘူး
မင်းဆီက မေတ္တာဆိုတဲ့ ကြိုးတစ်ချောင်းသာ
ငါ့အတွက် ပေးကြည့်
ဟိုးကောင်းကင်ကြီးရဲ့ အမြင့်ဆုံးထိ
ငါပျံသန်းပြလိုက်မယ်..ချစ်သူ
စပယ်လို နူးညံ့လွန်းတဲ့
ကောင်စုတ်မလေးရေ
နင့်အတွက် ကဗျာတွေစာတွေဖွဲ့ရင်း
စိတ်ကူးစစ်စစ်တွေ အထပ်လိုက်ယဉ်ခဲ့ဖူးရဲ့
နင့်ဆီက ချစ်ခြင်းရဲ့ ရာသီဥတုကတော့
ငါ့အတွက် စမ်းရေတစ်စက်တောင် မကျခဲ့ဘူး
ခုတော့ငါမှာ ကဗျာရူးစာရူးတဲ့ မင်းကြောင့်သတ်မှတ်ခံခဲ့ရတဲ့
ဘွဲ့ထူးဂုဏ်ထူးတွေလေ..
နင့်ကိုချစ်ရတာကလဲ စက်သေနတ်တွေကြားထဲ
ဖြစ်ပြီး ပြေးနေရသလိုလို
နောက်ဆုံး မင်းရဲ့အမုန်းကြည်ဆံတွေနဲ့ပဲ
ငါကျဆုံးရမှာထင်ရဲ့
စမ်းသတ်ခံရဖန်ရဖန်များလို့
ကြေမွနေတဲ့ နှလုံးသားက
ညညတွေဆို တစစ်စစ်ကိုက်တယ်
ခုတော့ အဲဒီအချစ်တွေ..သွားစမ်းပါကွာ
ငါခတ်ရင့်ရင့်ပဲ စွန့်ပစ်လိုက်ပြီ
စွဲလန်းခြင်းဆိုတဲ့ နာတာရှည်
ကဗျာရေးခြင်းအတတ်နဲ့ ကုစားပစ်မယ်
ငါဘ၀ငါ စူးစိုက်ပြင်တော့မယ်
စွယ်တော်ရွက်တွေကတော့
နှစ်လွှာပေါင်းမှတစ်ရွက်တဲ့ အော်နေကြဆဲ
ငါကတော့ ကဗျာတွေနဲ့ ဆက်လက်ထွက်ခွာခဲ့တယ်
ဘယ်လိုအဖြစ်တွေကများ
စားမြုံ့ပြန်ဖို့ ကောင်းနေတာတဲ့လဲ
လူတွေအကြောင်းစပ်စုကြည့်လိုက်တော့
စုန်းထီးလိုလူတွေက အများကြီးပဲ
စား ၀တ် နေရေး ခေါင်းစဉ် အကြီးကြီးတွေချိတ်
ူလောကကြီးမှာ စင်တင်ပြဇာတ်တွေလို
အငိုတွေ အပျော်တွေစားသုံးရင်း
ရယ်မောနေကြရဲ့
ဒုက္ခက စခန်းသိမ်းအောင်ပွဲတွေ အခါခါကျင်းပ
ကမ္ဘာ့အလည် အောင်လံတလူလူ လွှင့်ထူဆဲပဲ
စိတ်ရှုတ်ပါတယ်ကွာ
စာအုပ်ကိုဖွင့်အကြည့်
စွဲစွဲမြဲမြဲ လေ့လာပြီး
စွန့်စွန့်စားစားလုပ်ဆောင်ပါတဲ့
အဲဒီလိုနဲ့ငါ
စဉ်းစားရင်း အချိန်တွေကုန်ခဲ့
ဟော..စူးစူးရှရှ နေရောင်အောက်
လောကဓံတရားက
စွေစောင်းစွေစောင်း
လျှောက်လှမ်းနေရဲ့.....

သားထက် (မုံရွာ နည်းပညာတက္ကသိုလ်)

နိုက်ကလပ်ကကောင်မလေး

မှိတ်တုတ် မှိတ်တုတ်
မီးရောင်အောက်က
လှုပ်လှီလှုပ်လဲ့မလေး (မလုံ့တလုံနဲ့)
ရင်နာစရာကွာ..
သနားကမား
မင်းရုပ်ကလေးနဲ့
အဆီပြန်ပြန် မျက်နှာကြီးတွေ
ဟာ..မလိုက်ပါဘူးကွာ..
`စား..၀တ်..နေရေး..လေ..´
`ဘာ...စားဝတ်နေရေး´ ဟုတ်လား..?
ငွေရှာနည်းတွေ
အများကြီးပါ..
လက်လှုပ်ရင်
ပါးစပ်လှုပ်လို့ရတယ်..
ထမင်းတစ်လုတ်တော့ စားလို့ရပါတယ်..
`ဒါဆို..ဘာဝတ်ပြီး
ဘယ်မှာသွားနေရမလဲ..?
အား...ဟုတ်သားပဲ
ဆောရီးကွာ...
ကိုယ်နည်းနည်း မူးသွားတယ်...

သူငယ်ချင်းတစ်ယောက်ရဲ့ ကဗျာလေးပါ

အချစ်၌တွေ့ရှိခြင်း

လကွယ်ညတွေကမှောင်မိုက်တိတ်ဆိတ်လွန်းရဲ့
အချစ်ကွယ်ခဲ့တဲ့နှလုံးသားက ပိုမှောင်ခဲ့တယ် ချစ်သူ
ဟိုတစ်စဒီတစ်စ ကြယ်လေးတွေနဲ့
ကောင်းကင်ကနိုးကြားချင်ယောင်ဆောင်တယ်
ဘ၀နက်နက်ထဲက အသက်တမျှ တန်ဖိုးထားခဲ့တဲ့
ငါ့ရင်ဘတ်ထဲက အချစ်တွေ ထုတ်ထုတ်ကြည့်ရင်း
မိုးချုပ်မှန်းမသိ မှောင်မိုက်မှန်းမသိ
ငါ့တစ်ယောက်ထဲ လင်းလက်နေခဲ့တာပါ
ရိုးသားစွာမွေးဖွားလာမယ့် နံနက်ခင်းတစ်ခု မရောက်ခင်ထိ
ငါအိပ်မောကျချင်ယောင်ဆောင်ရတဲ့ ညတွေမှာ
ငါ့နှလုံးသားထက် ငှက်ဆိုးတွေ ခဏခဏ တက်အော်ကြတယ်
အိပ်မက်ဆိုးတွေကြားမှာ ငါခြောက်ခြားလိုက်တာ ချစ်သူရယ်
အိပ်မက်ထဲမှာတောင် မင်းငါ့ကို မုန်းတယ်တဲ့လား
ကူးခတ်ဖို့ခက်ခဲလွန်းတဲ့ပင်လယ်က
ငှဲ့သောက်ဖို့ကျတော့ မလွယ်ခဲ့ပါဘူး
ငါရေငတ်လိုက်တာ ချစ်သူ
ရင်ထဲမှာနေတွေတစ်စင်းပြီးတစ်စင်းထွန်းနေသလိုပဲ
တက်မက်မှုက ပူလွန်းလှရဲ့ ငါ့အချစ်က အတ္တဆန်လွန်းနေပြီထင်ရဲ့
ကမ္ဘာကြီးမှာ မှားယွင်းခွင့်တွေ အများကြီးပါ
ငါဘာကြောင့်ဒီအမှားကိုမှ သိမ်းပိုက်မိရတာလဲ
ငါက အချစ်ကို လိုချင်တောင့်တမှုနဲ့ ရှူရှိက်ခဲ့မိသူပါ
ခွင့်လွှတ်ပါချစ်သူ ..ခုတော့....
ယူခြင်းနဲ့ပေးခြင်း ဝေါဟာရနှစ်ခုကြားက
နုသစ်တောက်ပနေတဲ့ အချစ်ကို
ငါတွေ့ရှိခဲ့ပါပြီ

သားထက် (မုံရွာ နည်းပညာတက္ကသိုလ်)

သင်ခန်းစာ `ဂ´















ကျနော် လောကကြီးထဲမှာ

 ဂျင်လို လိမ့်နေချင်ပါသည်
ဂျောက် (ချောက်) ထဲကိုတော့ လှိမ့်မချရဲပါ

မေမေ့ရင်ခွင်ထဲ ခေါင်းဝှေ့ရင်း
ဂျောက်ဂျက်ကစားပြီး ဂျီကျတတ်တဲ့
ဂျစ်တူးလေးဘ၀ကို လွန်မြောက်ခဲ့တာ ကြာပါပြီ

ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ ဂူဂဲ အတူတူပဲလားတဲ့
လူတစ်ယောက် ကျနော့်ကို ကဂျီကဂျောင် လာမေးတယ်`
တော်တော်ဂွကျတဲ့ပုဂ္ဂိုလ် (သူတို့က အမျိုးတွေဗျ ..ကဲ)
ဂျပိုးကို လိပ်ဖြစ်အောင် ကျနော်ပြောမပြလိုက်ပါ

ခေါင်းငြိမ့်ခေါင်းခါလုပ်ရင်း
ဂ်ါဇီလာတစ်ကောင်လို သူထွက်သွားပါသည်
ပါးစပ်ကလည်း ကိုငှက်ကြီးရဲ့ 
ဂျက်ဆင်ထိပ်က လရိပ်ပြာသီချင်းကို ညည်းလို့....
ဂီတကို ချစ်မြတ်နိုးတယ်ထင်ရဲ့..

ဂျာနယ်တစ်စောင်ထဲ
ဂျိမ်းစ်ဘွန်းအကြောင်းဖတ်လိုက်ရ၏
ဂျိမ်းစ်ဘွန်း နဲ့ဂျက်လီကို မကြိုက်ပေမယ့်
ဂျက်ကီချမ်းရဲ့ ချက်ကျလက်ကျ 
သရုပ်ဆောင်မှုကို သဘောကျပါသည်

တဂိုးလို့ ချစ်စနိုးခေါ်ကြတဲ့ အိန္ဒိယ စာရေးဆရာကြီးကို အားကျဖူးသလို
ဂျနီဖာလိုပက်စ်၏ ကိုယ်လုံးကလေးကိုလည်း စွဲလန်းခဲ့ဖူးသည်
(စာရူး နှာဘူး...ချစ်သူက ကျနော်ခေါင်းကို ချစ်စနိုးခေါက်ပါသည် ..ဖွဖွလေး)

ဂျင်းဘောင်းဘီဝတ်ပြီး 
ဂစ်တာတီးရတာကို နှစ်ခြိုက်သည်
ကန့်ကော်ပင်တွေ တစ်ဖက်တစ်ချက် စီချထားတဲ့ လမ်းမှာ
ဂျော်ဒန်းနိုးဖိနပ်စီး ချစ်သူကိုထမ်းလမ်းလျှောက်ချင်၏
ဖြစ်နိုင်လျှင် ဂျစ်ကားတစ်စီးနဲ့ ချစ်သူကိုတင်
ကမ္ဘာတစ်ပတ်လောက် တက်တက်စင်အောင် ပတ်မယ်လို့
ဂျစ်ပစီဆန်ဆန် စိတ်ကူးယဉ်ထားတယ်
အမှတ်တမဲ့ ဆွဲလှန်လိုက်တဲ့ ဖဲတစ်ချပ်ဟာ
ဂျိုကာဖြစ်မနေဘူးလို့ ဘယ်သူပြောနိုင်သလဲ

၂၈ နှစ်ဖြတ်သန်းခဲ့တဲ့ ကာလတွေအတွက်
ကျနော်ရဲ့ စိတ်နဲ့ ကိုယ်ဟာ ဂျီး(ချေး)အထပ်ထပ်ပါပဲ
ခန္ဓာကိုယ်ဂျီးတွေ ချွတ်ဖို့
ဂျင်ဗဲလား ဆပ်ပြာကောင်းကောင်းဝယ်ထားတယ်
ဟင်း..စိတ်ထဲက ဂျီးတွေ ဘာနဲ့ချွတ်ရပ...

ချောင်ထိုးခံထားရတဲ့လူငယ်တွေ
ဂျစ်ကန်ကန်ဖြစ်နေတာ မဆန်းဘူး
ကိုယ့်ဂိုးကို ပြန်သွင်းပြီး အောင်ပွဲခံနေတဲ့လူလောက် ဘယ်သူရူးသလဲ
ဒါပေမယ့် နောက်တန်းက 
ကန်ပေးနေရတဲ့ကျနော်ကတော့
ဂိုးပေါက်ရှေ့မရောက်တာတောင်
အတော်ကြာနေပါပြီ
 
တခါတခါ အထာမကျတဲ့လူတွေကြား
ကျနော် ဂျစ်စုတ်စုတ်နေပါသည်
ထို့ကြောင့် ကျနော့်ကို ကဂျိုးကဂျောင်ဟု ပြောကြရဲ့

ဂုဏ်သရေရှိ လူသားအပေါင်းတို့
ဂန္တ၀င်မြောက်တဲ့ စကားသုံးခွန်း ပြောမည်
ဂိုက်ပေးကြမ်းချင်ကြမ်းပါ ကုန်းချောခြင်း၌မကျွမ်းကျင်ပါစေနဲ့
ဂုတ်သွေးစုတ်ခြင်းအတတ်၌ မပျော်မွေ့ကြလေနှင့်
ဂံဒူးဖြစ်ခြင်းမှ ကင်းဝေးအောင်နေထိုင်လော့
ပါးစပ်အငြိမ် မနေနိုင်သူများ ဂွေးယားသီး ငုံထားကြပါလေ

ကျနော် ဂျစ်တူးတူးပြန်ကြည့်ပြီး
ဂေါက်တောက်တောက် ပြန်ပြောလိုက်သည်
(မှတ်ချက်-ကိုယ့်ကိုယ်ကို ဂေါက်နေသည်ဟု ပြောသောသူသည် တကယ်မဂေါက်
ကျနော်ကိုယ်ကျနော်ဂေါက်နေသည်ဟု ကျနော်ပြောလိုက်ပါသည် ထို့ကြောင့် ကျနော်မဂေါက်သေး)
အဲဒါနဲ့ပဲ ဂျင်းသုတ်စားပြီး ချောင်းဆိုးပစ်လိုက်သည်..
ကျနော် ဂျက်ထိုးမထားပါ
ဖွင့်ထားတဲ့နှလုံးသားနဲ့ အားလုံးကိုခံစားနားလည်ပေးဖို့
လေ့ကျင့်နေပါသည်
ဂွတ်ဘိုင် လို့ နှုတ်ဆက်ရမှာ ရင်ထဲ၌ အမြင်ကတ်ဆုံးဖြစ်၏
သို့သော်....
တနေ့နေ့၌ ကျနော်တို့ ဂွတ်ဘိုင် ဟု နှုတ်ဆက်ကြရမည် ဖြစ်သည်

အရာရာတွင်ဂရုစိုက်ခြင်းအတတ်ဖြင့်နေထိုင်ရင်း
ကရုဏာတရားကို ဖြန့်ဝေနိုင်ကြပါစေ

လင်းဝေ (မုံရွာ နည်းပညာတက္ကသိုလ်)

သင်ခန်းစာ `ခ´

ကျနော်ဟာ ခရီးသည်ကြီးပေါ့
မှတ်တိုင်ပေါင်းများစွာ
ချဉ်းကပ်ခဲ့ဖူးသည် ခွဲခွာခဲ့ဖူးသည်
ခါးသီးခြင်း ချိုမြိန်ခြင်းတွေ ဖြတ်သန်းခဲ့ရသည်
ချွတ်ခြုံကျအိပ်မက်တွေ နဲ့
ချာတူးလန်နေ့ရက်တွေအတွက်
ချြိးခြံစွာ လျှောက်လှမ်းခဲ့ရဲ့
ခွက်ခွက်လန်အောင် ရှုံ့ချမှုတွေ
ချွေချွေတာတာ ချီးကျူးမှုတွေအတွက်
ခပ်မဆိတ်ပဲနေဖြစ်ပါသည်
ချမ်းချမ်းသာသာ မဖြစ်ရင်နေပါ
ခြောက်ခြောက်ခြားခြား မနေပါရစေနဲ့ဟု
ခြောက်တီးခြောက်ချက်တွေးဖူးရဲ့
ခြစ်ခြုပ်စုထားတဲ့ သိက္ခာလေးနဲ့
ချပ်ချပ်ရပ်ရပ်နေတတ်ပါပြီ
ရိုးသားမှု ဟာ၂၁ရာစုအတွက်
ဘာကြောင့်ခက်ခဲနေကြတာလဲဟုတွေးတိုင်း
အမြဲ ခိုးလိုးခုလုဖြစ်မိသည်
ခံစားချက်အပြည့်နဲ့ရေးခြစ်ခဲ့တဲ့ ကျနော့်ကဗျာတွေ
ခွက်ထိုးခွက်လှန် အလှောင်ခံခဲ့ရဖူးသည်
ချစ်တတ်သူအတွက် ကဗျာသည် ပန်းခင်းဖြစ်ပေမယ့်
မခံစားတတ်သူအတွက် ခပ်ညံ့ညံ့ စက္ကူစပေါ်က
ခေါင်းစားမခံချင်တဲ့ မင်စက်တွေဖြစ်ပေလိမ့်
အဲဒီအတွက် အချက်လက်တွေနဲ့ ကျနော်ရှင်းမပြချင်ပါ
ခက်ခက်ခဲခဲမြိုချထားခဲ့ရတဲ့ ၇င်ဘတ်ထဲကဖြစ်တည်မှုတွေနဲ့
တခါတခါကျနော် ခပ်တည်တည်ပဲနေပါသည်
ဒါကိုပဲ ခွဲခြားခွဲခြားလုပ်သည်ဟု
ချူချူချာချာပြောကြပြန်၏
ချွဲကြပ်မှာစိုးလို့ အချိုမစားဘူးဆိုမှ
သူတို့ကျနော့်ကို ချော့ကလက်တွေ လာကျွေးကြတယ်
ကျနော် ချောင်းတဟွတ်ဟွတ်ဆိုးရပါသည်
အဲဒီနေ့မှာပဲ ကျနော် အချစ်ကို အချစ်ဟု တွေ့ရှိနားလည်ခဲ့ရ
(ဟုတ်တယ် အချစ်က ချော့ကလက်နဲ့တူသည်
အစကတော့ ချို၏ ခဏခဏစားတော့ ချောင်းဆိုးလေသည်)


အားလုံး ချြိုးခြံခြွေတာ ချမ်းသာကြပါစေ

သားထက် (မုံရွာ နည်းပညာတက္ကသိုလ်)

ဆု

တယုတယ
သိမ်းဆည်းထားတဲ့
အဲဒီ..`လ´တစ်စင်းက
ကျနော့်ဘ၀ထဲ
တလင်းတချင်း သာနေဆဲပါ..
ကျနော့်ရင်ထဲ
သူမစကားသံလေးတွေ
ချိုလွင်နေဆဲပါပဲလေ..
စိုက်ပျိုးထားတဲ့
အဲဒီ..အိပ်မက်လှလှတွေက
အဆိပ်ပန်းတွေ
ပွင့်ဝေမလာပါစေနဲ့
ကျနော်ဆုတောင်းတယ်
သူမကိုချစ်နေရင်းကပဲ
ကျနော်
အားလုံးကို ကျေနပ်လိုက်ပါတယ်
ချစ်ခဲ့မိသမျှသည်
အချစ်သာ
ဖြစ်ပါစေ....

သားထက် (မုံရွာနည်းပညာတက္ကသိုလ်)

ဘယ်လိုရှေ့ဆက်မလဲ

သင်ပြုလုပ်နိုင်စွမ်းရှိသည့်အရာနှင့် သင်ပြုလုပ်နိုင်စွမ်းမရှိသည့် အရာတို့ကို လက်သင့်ခံပါ။
အတိတ်ကို မပယ်ပါနှင့်.။မစွန့်ပစ်ပါနှင့်။အတိတ်ကို အတိတ်အဖြစ် လက်သင့်ခံပါ။
သင့်ကိုယ်သင် ခွင့်လွှတ်ဖို့နှင့် အခြားသူများကို ခွင့်လွှတ်ဖို့ သင်ယူဆည်းပူးပါ။
ပါဝင်ပတ်သက်ဖို့ အချိန်နှောင်းလွန်းနေပြီဟု မမှတ်ယူပါနှင့်။
ယဉ်ကျေးမှုဆိုတာ အဆင့်အတန်းရှိရမယ် အကျိုးပြုရမယ်၊အများက လက်ခံနိုင်တဲ့အရာ ဖြစ်ရမယ်။
လူတော်တော်များများဟာ အဓိပ္ပာယ် မဲ့တဲ့ ဘ၀ထဲမှာ လှည့်ပတ်ကျင်လည်နေကြတယ်။
သူတို့ဟာ သူတို့စိတ်ထဲမှာ အရေးကြီးတယ်လို့ထင်တဲ့ကိစ္စတွေကိုလုပ်ကိုင်ပြီး အလုပ်ရှုတ်နေကြသည့်တိုင်အောင်
သူတို့ကို ကြည့်ရတာ အိပ်တ၀က် နိုးတ၀က်နဲ့ မှားယွင်းတဲ့အရာတွေနောက် ကောက်ကောက်ပါအောင် လိုက်နေကြသလိုပါပဲ။
အလုပ်တစ်ခုဟာ ဦးတည်ချက်ရှိရမယ်။အဓိပ္ပာယ်ရှိရမယ်။
မေတ္တာတရားတွေ ဖြန့်ကျက်နေရမယ်။
မေတ္တာတရားသည်သာ တစ်ခုတည်းသော ဆင်ခြင်တုံတရားနှင့် ပြည့်ဝသည့် အပြုအမူ ဖြစ်သည်။

လူ့ဘဝ

ငါတို့ဟာ လှည့်နေတဲ့ လေတွေရဲ့ အသံတွေ
ငြိမ်းမှုတမ်းတညည်း ငြိမ်းမှုမရကြပေ
ကြည့်ပေါ့ လေလိုပဲ လူ့ဘ၀ဆိုတာလည်း
ညည်းသံ၊ငိုသံ၊ရှိုက်သံ မုန်တိုင်း၊တိုက်ပွဲ
ငါတို့ ဘာကြောင့် ဘယ်က ဘ၀ဘယ်မှာစ
ဘ၀ ဘယ်ကိုသွားမလဲ သင်တို့မသိနိုင်ကြ
တို့လည်း သင့်လို လဟာပြင်က တစ္ဆေတွေပဲ
မမြဲတဲ့ ဒုက္ခမှာ ဘာသုခရလဲ
မပြောင်းလဲတဲ့ သင့်စည်းစိမ် ဘာပျော်စရာရှိလို့လဲ
မေတ္တာမြဲခဲ့ရင်ဖြင့် ကြည်နူးစရာပဲ
ဘ၀လမ်း လေရဲ့လမ်း အရာအားလုံးတွေ
ကြိုးအမျိုးမျိုးပေါ် တဒင်္ဂမြည်နေတဲ့ တဒင်္ဂအသံတွေ
အို.. မာယာရဲ့သားတွေ တို့ကမ္ဘာကို လှည့်ကြရာ
ဒီကြိုးပေါ်ငိုမိ မပျော်အားကြပါ
အပြည်ပြည်မှာ ဒုက္ခစုံ တို့မြင်ခဲ့ပေ
မျက်ရည်ရွဲ မျက်လုံး
ဆုတ်ထားတဲ့ လက်တွေဟာ
အခိုက်အတန့်သာ
ခိုင်မြဲဖို့အတွက်ပဲလေ...

ရာဘင်ဒြာနယ်တဂိုး

Monday, October 4, 2010

စာမေးပွဲခန်း

အခန်းက
မှုန်ဝါးဝါး...
အဲဒီအထဲမှာ
မသေချာမှုတွေ
သော့ခတ်သိမ်းထားသေးရဲ့...
ဘာပဲပြောပြော
ဒီကနေ့တော့
ငါ့ကံကြမ္မာကို
ပစ်ထည့်ကြည့်လိုက်ဦးမယ်..
မေးခွန်းတွေ...
ပုစ္ဆာတွေ...
အလေ့ကျင့်ပျက်ခဲ့တဲ့
ငါ့ဦးနှောက်က
အရာအားလုံးကို
တွေဝေစေခဲ့...
၃ နာရီတိတိ
မသေချာမှုတွေကို
ခတ်တည်တည်
ထမ်းပိုးပြီး
ငါ...
အခန်းထဲက ထွက်ခဲ့တယ်...
ဘ၀ဆိုတာ
စာမေးပွဲတစ်ခုလား..
ပုစ္ဆာတစ်ပုဒ်လား...
လူတွေရဲ့
မျက်ဝန်းတွေမှာ
ဘာတွေရှိပါသလဲ...
အမှောင်အောက်မှာ
ငါဟာ
ဘာကိုမှ
မြင်ခွင့်မရခဲ့ပါဘူး..
မေးခွန်းသတ်မှတ်ချက်မရှိ
အမှတ်ကန့်သတ်ချက်မရှိ
အဲဒီ..
ခတ်ဟောင်းဟောင်း
စာမေးပွဲခန်းထဲ
ငါက
ဘ၀နဲ့ရင်းပြီး
အလောင်းအစား
ထပ်ခဲ့ဖုးတယ်...
`
သားထက် (မုံရွာနည်းပညာတက္ကသိုလ်)

Saturday, October 2, 2010

ပြန်လမ်းမဲ့မြစ်

လမ်းတလျှောက်
ကမ်းပါးတွေဖြိုချရင်း
တံတားတွေ
တစ်စင်းပြီးတစ်စင်း
ကျနော်ဖြတ်ခဲ့တယ်.....
ရင်ဘတ်ဆီစီးဆင်းလာတဲ့
စမ်းချောင်းမြစ်လက်တက်တွေကို
ဘယ်၍ဘယ်မျှ ဆိုပြီး
ကျနော်မကန့်သတ်ခဲ့ဘူး
အားလုံးကို ချစ်မြတ်နိုးခြင်းအတတ်နဲ့ပဲ
ကြိုခဲ့တယ်......
တူးမြောင်းတွေတစ်ခုပြီးတစ်ခု
လူတွေက ကျနော့်နှလုံးသားကို
ဖောက်ထုတ်ကြရဲ့
တစ်ဘ၀စာလုံး ရေစုန်မျောခံခဲ့ရတဲ့
မြစ်တစ်စင်းပါ.....
တခါတခါ တောင်ကုန်းတွေကြား
တခါတခါ လွင်ပြင်တွေအလယ်
တခါတခါကျတော့ တောအုပ်တွေကို
တိုးဝှေ့လို့......
ကျနော်ညစ်ကျယ်ကျယ်ပဲ
တေးတွေအော်ရင်းစီးဆင်းခဲ့
ဘယ်တော့မှ ပြန်လှည့်ခွင့်မရှိတဲ့
ခြေလှမ်းတွေဟာ
စွန့်ခွာခဲ့ အရပ်ကိုပဲ
လွမ်းလို့ ကောင်းနေဆဲလေ...
ပင်လယ်ကြီးက အကျယ်ကြီးပဲတဲ့
နေပူမရှောင် မိုးရွာမမှု
ကောင်းကင်ကြီးကို မိတ်ဆွေပြုရင်း
ချွေးသံတရွှဲရွှဲ စီးဆင်းခဲ့သမျှ
မိုင်ထောင်သောင်း ဝေးလွန်းလှရဲ့.....
ဒါပေမယ့်...
ကျနော် မငြင်းဆန်နိုင်ခဲ့ဘူး
ရေစုန်မျောခံရတာခြင်းအတူတူ
ဘယ်မြစ်က ပိုပြီးရေစီးသန်သလဲ
ကျနော်...မပြိုင်ချင်တော့ဘူး...
ဖြစ်နိုင်ရင် ရင်ဘတ်ပေါ်ဖြတ်ပျံသွားတဲ့
ကြိုးကြာတစ်အုပ်ကို မှာလိုက်ချင်ရဲ့
ကျနော်ကို အိမ်ပြန်ပို့ပေးကြပါလို့....
အဲဒီလိုနဲ့
ကျနော်စွဲလမ်းတဲ့
မှိုင်းညို့ညို့တောင်တန်းတွေကိုလမ်းခွဲ
အားလုံးရဲ့ အဝေးဆုံး
ကျနော်ကျောခိုင်းလိုက်တယ်.....

သားထက် (မုံရွာ နည်းပညာတက္ကသိုလ်)

မိုးခေါင်ခံခဲ့ရတဲ့လွင်ပြင်

စကားလုံးလှလှတွေက
အချစ်ကို နားလည်စေသလား......
ကြွယ်ဝချမ်းသာမှုကရော
အချစ်ကိုဖန်ဆင်းနိုင်သတဲ့လား....
လှပတင့်တယ်ခြင်းကများ
အချစ်ကို မွေးဖွားစေသလား...
သာယာတဲ့ အသံကလေးဟာ
အချစ်ကိုဆွဲဆောင်ခဲ့တာလား...
နူးညံ့တဲ့အတွေအထိတွေသည်
အချစ်ကို ယစ်မူးစေတတ်သလား...
ဘယ်အရာတွေကများ
အချစ်ကို ဖြစ်တည်စေခဲ့ပါသလဲ...
ဒဏ္ဍာရီတွေထဲမှာတော့
အချစ်ဟာ...
ပန်းသီးတစ်လုံးက
စခဲ့တာဆိုပဲ..
အားလုံးကို ကျနော်ငြင်းလိုက်တယ်..
ခဏခဏ အုံ့ခဲ့သလောက်
အကြိမ်ကြိမ် ခေါင်ခဲ့တဲ့
မိုးတိမ်တွေ
စိုးရိမ်ရေအမှတ်ကို ကျော်နေလေရဲ့
ဘယ်ပင်လယ်ဆီက
အငွေ့ပြန်ခဲ့လို့
ဘယ်မြစ်တွေဆီမှာ
ရွာသွန်းပါလိမ့်...
ပန်းချီဆရာတစ်ယောက်
စိတ်တိုင်းမကျတိုင်း
စွန့်ပစ်လိုက်တဲ့ ပန်းချီကားတွေလို
တိမ်တွေ တစ်ဆုပ်ပြီးတစ်ဆုတ်
ကျနော့်ခေါင်းပေါ်
ဖြတ်ခုတ်ပျံသန်းနေကြတယ်...
ရင်ခုန်သံတွေဟာ
မြောက်ပြန်လေနဲ့အတူ
အေးခဲငြိမ်သက်ခဲ့ပါပြီ...
မစို့မပို့ နေရောင်လေးနဲ့
သောင်ပြင်ကလေး အထက်မှာ
တဘ၀စာလုံး
နွေးထွေးချင်ယောင်ဆောင်ခဲ့ရတဲ့ ကောင်လေ...
သေဆုံးဖို့စောင့်ဆိုင်းနေကြတဲ့
အဲဒီ မြက်ပင်လေးတွေနဲ့အတူ
ကျနော်လည်း တဖြည်းဖြည်း...
သွေ့ခြောက်ရမယ်ထင်ရဲ့
ကောင်းကင်မှာ ဟန်ရေးပြကောင်းသလောက်
ကျနော်ရင်ခွင်ဆီ ရွာသွန်းဖို့ကျတော့
အဲဒီမိုးစက်တွေက
ကောင်းကင်ကို ချစ်တတ်နေလိုက်တာများ
တစ်စက်တစ်လေတောင်
ကျနော့်ဆီ...
ယောင်ပြီးမဖိတ်စင်ခဲ့ဘူး
ချစ်သူရယ်
ကျနော်ဟာ
ရေငတ်နေတဲ့ လွင်ပြင်လေ....

သားထက် (မုံရွာ နည်းပညာတက္ကသိုလ်)

ပျင်းနေမှာစိုးလို့

တနင်္ဂနွေ
“နွေ” ကာလရောက်လာချိန်တွင် “တနင်္ဂနွေ” သားသမီးများသည်
မီးနားနေရသလို
ပူစပ်ပူလောင်ဖြစ်လတ္တံ့။ တနင်္ဂနွေနံနိုင်ငံဖြစ်သော အမေရိကန်တွင် တနင်္ဂနွေသား
အိုဘားမားသမ္မတဖြစ်လာသော်လည်း အကျယ်ချုပ်ကျခံနေရသော တနင်္ဂနွေနံ နာမည်ရှိ
အမျိုးသမီးသည် အိမ်ထဲတွင်ပင် ဆက်နေရဦးအံ့။ နံတူအကျိုးပေးလုပ်ငန်းများကို
ထင်ရှားစွာတွေ့မြင်နေရသဖြင့် အိမ်သာကျင်းတူးခြင်း၊ အုတ်ဂူဆောက်ခြင်းတို့ကို
အင်တာပရိုက်စ်တည်ထောင်လုပ်ကိုင်သင့်သည်။ ကျန်းမာရေးတွင် အော်ဟစ်ညည်းညူရမည့်
ရောဂါကြီးများကို အောင်မြင်စွာလက်ခံနိုင်သည့် အခြေအနေများရှိနေသည်။
အချစ်ရေးတွင် အထာကျသည့် ချစ်သူလေးများရခါနီးကာမှ အူကြောင်ကြားများနှင့်
အကြောင်းပါသွားသဖြင့် အုတ်အော်သောင်းနင်း ဖြစ်တတ်သည်။ ယတြာချေလိုသူများအနေဖြင့်
အသုဘတစ်ခုသို့သွားပြီး အလောင်းနှင့်အတူ ၂ ရက်ခန့် ယှဉ်အိပ်နေပါ။



တနလာၤ

“ကျားဆိုမှကျား” တနင်္လာသားသမီးများသည် ယခုလအတွင်း ကြောင်တောင်တောင်နိုင်ခြင်း၊
ကျပ်မပြည့်ခြင်းတို့ကြောင့် ကျက်သရေမရှိဖြစ်တတ်သည်။ ခြေထောက်၊ ခါး၊ ခေါင်းစသည့်
တနင်္လာနံအင်္ဂါအစိတ်အပိုင်းများ ခွဲစိတ်ခံရကိန်းရှိသည်။ ကိုယ်ပိုင်အရည်အချင်းဖြင့်
ဘာအလုပ်မှ မရနိုင်သဖြင့် ဘာမှ မလုပ်ပါနှင့်။ ချစ်သူနှင့် ချိန်းတွေ့စဉ်
ချောင်းရိုက်ခံရတတ်သဖြင့် သတိပြုပါ။ ချက်တင်း (Chatting) ဝင်သူများ
ချူစားခံရလတ္တံ့။ ပညာရေးတွင် ကျောင်းထုတ်ခံရခြင်း၊ စာမေးပွဲကို
ခွေးကျကျခြင်းများဖြစ်တတ်သဖြင့် ဖြစ်နိုင်လျှင် ကျောင်းမသွားပါနှင့်။
ဂေါ်လီရိုက်ခြင်း၊ ဂက်စ်မီးခြစ်ဂက်စ်ထည့်ခြင်း၊ ကူလီထမ်းခြင်းများကို ယခုလအတွင်း
တနင်္လာသားသမီးများအတွက် ဝင်ငွေကောင်းသော လုပ်ငန်းများအဖြစ် မြင်နေရသည်။
အဆိုးများပျောက်ကင်းစေမည့် ယတြာမှာ (အင်လျားကန်ကဲ့သို့သော) ကန်ဘောင်တစ်ခုသို့
အဝတ်အစားလုံးဝမဝတ်ဘဲ သွားကာ “ကံတွေ ဟောဒီလို လွတ်လွတ်ကျွတ်ကျွတ် တက်လာပြီ”
ဟု
သက်စေ့ကြွေးကြော်ပါ။


အင်္ဂါ
ယခုလအတွက် အကောင်းဆုံး ဇာတာရှင်များမှာ အင်္ဂါသားသမီးများပင်ဖြစ်သည်။ မကြာခဏ
အလှူအဖိတ်ခံရခြင်း၊ လိုင်းကားပေါ်တွင် ထိုင်စရာရတတ်ခြင်းတို့ကြောင့်
အနေအစားချောင်နေနိုင်သည်။ စုတ်ပြတ်နေသည့်တိုင်အောင် “ဆရာကြီး” ဟု
အထင်ခံရနိုင်သည်။ ဆွဲကြိုးချသတ်သေသည့်တိုင် ဇက်မကျိုးဘဲ လှလှပပ
အသက်ထွက်သွားမည့် အင်္ဂါသားသမီးများဖြစ်သည်။ စစ်သားများ ဆီးသွားရာတွင်
ဇယားကပ်နိုင်သည်။ စီးပွားရေး ကောင်းနေစဉ် ညရေးညတာ သွားလာရေးအဆင်ပြေစေရန်
ဆင်တစ်ကောင် ဝယ်ထားသင့်သည်။ ကျန်းမာရေးတွင်မူ
ဆိုးဆိုးရွားရွားကြီးမဟုတ်သော်လည်း ဆေးများ ဆက်တိုက်ဆိုသလို သောက်နေရတတ်သည်။
နှလုံးသားရေးရာတွင် စိတ်ဖောက်ပြန်နေသူများ၊ ဇိမ်မယ်များ၊ ဇီဇာကြောင်သူများ၊
ညစောင့်များနှင့် စွဲစွဲမြဲမြဲချစ်သွားဖွယ်ရှိနေသည်။ ယတြာအနေဖြင့်
ဇော်ဂျီအဝတ်အစားများဝတ်ပြီး ဈေးဝယ်ထွက်ပါ။




ၥၥၰဗုဒၶဟူး
ကံဇာတာမှေးမှိန်နေခြင်း မဟုတ်သည့်တိုင် တောက်ပနေခြင်းမျိုးလည်း
မဟုတ်သဖြင့် ဗုဒ္ဓဟူးသားသမီးများ အလယ်တွင် လတ်နေတတ်သည်။ ယမကာကြိုက်တတ်သူများ
ရန်များအံ့။ လေထိုးကျွတ်ဖာလုပ်ငန်း လုပ်ကိုင်နေသူများ လျှမ်းလျှမ်းတောက်
အောင်မြင်အံ့။ လောင်းကစားကြောင့် ယောက္ခမနှင့် ရင်ဆိုင်ရဖွယ်ရှိသည်။ ဝ သောသူများ
ဝိတ်မချနိုင်ပါက ဝက်နှင့်တူလတ္တံ့။ ပညာရေးတွင် ယောင်ချာချာဖြစ်နေသူများ
လျက်ဆားပြောင်းရောင်းသင့်သည်။ ရုပ်ဆိုးသော၊ ယုတ်မာသော၊ လော်မာသော
အိမ်ထောင်ဘက်သည် သင့်အားအကျိုးပေးလတ္တံ့။ အကန်းလည်း ပေးလတ္တံ့။ ယတြာချေလိုပါက
တစ်ခုသော ဗုဒ္ဓဟူးနေ့တွင် ရထားလာနေချိန်၌ ရထားလမ်းပေါ် ခဏလေးလှဲအိပ်ပါ။



ကြာသပတေး

မူယာမာယာများတတ်သော ကြာသပတေး သားသမီးများအတွက် ပြတ်ပြတ်သားသား
ကြိုးစားရမည့်အချိန်ပင်ဖြစ်သည်။ ပြဿဒါးကိန်းထဲရောက်သဖြင့်
ပြောင်ချော်ချော်လုပ်ခဲ့သမျှ ပြဿနာတတ်နိုင်သည်။ စီးပွားရေးတွင်
ပူဖောင်းရောင်းခြင်း၊ ဖိနပ်စောင့်ခြင်း၊ ဖဲရိုက်ခြင်းများ အမြတ်များအံ့။
ကျန်းမာရေးတွင် ပန်းနာရင်ကြပ်မှသည် ပန်းညှိုးပန်းသေ၊ မျက်စိကွယ်၊
ဖုတ်လှိုက်ဖုတ်လှိုက်နှင့် အသက်သေသည်အထိဖြစ်တတ်သဖြင့် ဘုရားတရားလုပ်ချိန်တန်ပြီဟု
ဆိုချင်သည်။ ပညာရေးတွင် ပထမရရန်ကြိုးစားခဲ့သော်လည်း အခြေအနေမပေးသဖြင့်
ပန်းရံဆရာဖြစ်သွားအံ့။ နှလုံးသားရေးတွင် ချစ်ရေးဆိုလာသူကို ပဲများပြီး
ပါးရိုက်မိပါက မိုက်မဲခြင်းသာဖြစ်ပြီး မည်သူ့ကိုမဆို
မြန်မြန်လက်ခံလိုက်သင့်သည်။ ကံကောင်းစေမည့် ယတြာမှာ ပိတ်စတစ်ခုတွင်
“ဘိန်းဖြူရောင်းသည်” ဟုရေးပြီး မ.ယ.က ရုံးသို့ ပျော်ပွဲစားထွက်ပါ။


သောကြာ
သောကြာသားသမီးများ ကြွက်ကလေးများလို တွင်းအောင်းနေရအံ့။
အပြင်ထွက်လာသူများသည်လည်း ကြွက်ကလေးများလို ထောင်ချောက်မိကာ ထောင်ကျအံ့။
အလုပ်အကိုင် အကြံအစည်များကို သိုသိုသိပ်သိပ် ကြံစည်သည့်တိုင်အောင်
သောကများနေနိုင်သည်။ ကျန်းမာရေးတွင် သေလောက်သည့် ကံများမရှိသော်လည်း
သစ်ပင်ပိခြင်း၊ ဟီးနိုးကားအတိုက်ခံရခြင်းတို့ကြောင့်
ဆေးရုံဆေးခန်းရောက်ရန်ရှိသည်။ “သိပ်ချစ်မိနေပြီ ကလေးရယ်” ဟု ပြောလာသူရှိပါက
“ရူးချင်ယောင် ဆောင်မနေနဲ့” “ရှေ့မှာ သေခြင်းရဲ့ တံခါးများ” ဟု ပြန်ပြောရန်
ဝန်မလေးပါနှင့်။ ကံတက်စေမည့် ယတြာမှာ - တစ်ခုသော သောကြာနေ့တွင် သိက္ခာရှိ
သူတော်ကောင်းတစ်ဦးကို သဲနှင့်ပက်ပြီး “သိပ်တတ်နေတယ်ပေါ့လေ” ဟု
သက်စေ့ရေရွတ်ပါ။





စနေ

* *တင့်တောင့်တင့်တယ်နေချင်သော စနေသားသမီးများ “ဒုက္ခ” ဆိုသော စကားလုံးနှင့်
ရင်းနှီးပြီး တဲထိုးနေရကိန်းများရှိနေသဖြင့် သတိရှိစေချင်သည်။
နိုင်ငံရေးသမားများ ထောင်ကမလွတ်လာသေးသည့်တိုင်အောင်
တရားရုံးထပ်တက်ရဖွယ်ရှိသည်။
နိဗ္ဗာန်ယာဉ်လုပ်ငန်းများ နေပြည်တော်တွင် အောင်မြင်အံ့။ ပညာရေးလိုက်စားသူများ
နိုင်ငံခြားမထွက်နိုင်ပါက ပြည်တွင်းတွင်ပဲ နေရလတ္တံ့။ နေမကောင်းသူများ
နှုတ်ဆက်ချိန်ပင်မရလိုက်ဘဲ အသက်ပါသွားအံ့။ တရားဝင်လက်ထပ်ထားသည့်သူ
ရှိနေသည့်တိုင်အောင် တောင့်တောင့်ဖြောင့်ဖြောင့် အငယ်အနှောင်း
ထပ်ရရန်ရှိနေသဖြင့် အိမ်ထောင်ဘက်ကို အလစ်မပေးသင့်ပေ။ အဆိုးများ
ပြေပျောက်သွားမည့် ယတြာမှာ နှာစေးနေသူတစ်ဦးထံမှ နှပ်ချေးနည်းနည်းတောင်းစားပါ။

permit

ဟင်းလင်းပြင်တစ်ခုပါ
ဒါပေမယ့်..
အဲဒီဟင်းလင်းပြင်ထဲမှာ
အရာအားလုံးပြည့်နက်နေတယ်လို့
ထင်ရရဲ့..
မင်းဘာကိုမှ
ဆုတ်ကိုင်မထားလိုက်မိခင်မှာပဲ
အဲဒီအရာတွေ
ပျောက်ကွယ်သွားမှာပါကွာ
အဲဒါ...
ကမ ၻာၾကီးရဲ့အမွန္တရားတဲ့..
စိတ်ကူးတွေကလဲ
ဗလာသက်သက်ပါပဲလား
အက္ခရာမဲ့နေတဲ့
ရင်ဖွဲ့ကဗျာခတ်ရင့်ရင့်တွေ
ငါ့နှလုံးသားထဲကနေ
တစချင်းကြွေကျနေရဲ့
ပြက္ခဒိန်တချို့ကိုတော့
လမိုက်ညတွေလို
မမြင်မစမ်း
ဖြတ်သန်းခဲ့ပြီးပြီ
သူငယ်ချင်းရေ
သံစဉ်မတူတဲ့
တေးသွားတပိုဒ်ကို
အတူမဆိုချင်တော့ဘူးဆိုလဲ
ငါရိုးသားစွာ
နှုတ်ဆက်ပါတယ်
ကိုယ့်ဘ၀ကိုရှာရင်း
နေ့ရက်တွေဖြတ်သန်းကြတာပေါ့
ဖြစ်နိုင်မယ်ဆိုရင်
မြေပုံမရှိတဲ့ဒေသမှာပဲ
ငါ့ကိုငါရှာဖွေချင်တယ်
ရင်ခုန်သံအသစ်တွေနဲ့
ငါတည်မဲ့မြို့ပြမှာ
မှတ်ပုံတင်မလိုဘူး
ဗီဇာမလိုဘူး
လက်မှတ်မလိုဘူး
တံဆိပ်ခေါင်းမလိုဘူး
ပကာသနမလိုဘူး
နေကာမျက်မှန်မလိုဘူး
အာဏာလည်းမလိုဘူး
ဘာအရောင်မှ
မစွန်းထင်းရသေးတဲ့
နှလုံးသားတစ်ခုနဲ့ပဲ
မင်းကိုဝင်ခွင့်ပြုမယ်
သားထက် (မုံရွာနည်းပညာတက္ကသိုလ်)

{7th Batch EMDevS} Fwd: အင်တာဗျုး

မေး- စာမေးပွဲဖြေရတော့မယ်နော်။ ဘာတွေပြင်ဆင်နေပြီလဲ

ဖြေ- အချိန်မီ ဆရာ့ထဲကို ကိုယ့်ခုံနံပါတ်လေး ပါသွားအောင် ကျူရှင်လခ
သွင်းနေပါတယ်။ နောက်တစ်ခုကတော့ ဆရာတွေ လိပ်စာကို စုဆောင်း နေပါတယ်။
ဒါမှလည်း စာမေးပွဲပြီးပြီးချင်း ကန်တော့လို့ ရအောင်ပါ။ ကန်တော့ဖို့
ပိုက်ဆံကိုတော့ ဟိုနေ့ကမှ အိမ်ကို လှမ်းပြီး ဖုန်းဆက် ပြောထားပါတယ်။
လောလောဆယ် စာတော့ မလုပ်ဖြစ်သေးဘူး။

မေး-ဒါကနောက်ဆုံးနှစ်လည်းဖြစ်တယ် ဒီစာမေးပွဲအောင်ရင်
ဘွဲ့လည်းရတော့မယ်ဆိုတော့ ဘယ်လိုခံစားရလဲ

ဖြေ-သိပ်ကိုဝမ်းနည်းပြီး ယူကြုံးမရဖြစ်မိပါတယ်။ ဘာလို့လည်းဆိုတော့
တကယ်လို့ ဘွဲ့ရခဲ့ရင် ကျွန်တော့်အနေနဲ့က တရားဝင် လိုင်စင်ရ အလုပ်လက်မဲ့
တစ်ယောက် ဖြစ်သွားပါပြီ။ အခုက ကျောင်းတက်နေတာဆိုတော့ ဘာပြောပြော
ကျောင်းသားဘ၀ ဆိုတော့ အိမ်က ထောက်ပံ့ပေးနေဆဲပါ ဒါပေမဲ့
ကျောင်းပြီးသွားရင်တော့ လုံးဝကို supply တွေ ပိတ်ကုန်မှာ ဖြစ်ပါတယ်။
ဒီတော့ ကျွန်တော့ အနေနဲ့ကတော့ ကျောင်းတော်ကြီးကို လွမ်းတာတို့၊
သူငယ်ချင်းတွေကို တမ်းတတာတို့၊ ချစ်သူလေးကို ခွဲရမှာတို့ထက်
သောက်သုံးမကျတဲ့ ကောင်ကြီးဖြစ်သွားပြီဆိုပြီး ၀မ်းနည်းမိပါတယ်။
မေး- ကျောင်းသားဘ၀ဆိုတာကလေ တောက်ပတဲ့ အနာဂတ်တွေ ရှိတယ်လို့ဆိုတယ်။ ဒီတော့
မောင်လေးရဲ့ အနာဂတ်ကိုရော ဘယ်လိုစိတ်ကူးထားလဲ။ အမေရီကားမှာဆိုရင်
University Graduate တွေဟာ များသောအားဖြင့်
နိုင်ငံတော်နဲ့ဆိုင်တဲ့နေရာတွေတို့ ဘာတို့တွေတောင်ရောက်ကြတယ်လေ
မောင်လေးတို့ရော။

ဖြေ- ဒါမျိုးစဉ်းစားဖို့ တော်တော်လေးကို ခက်ပါတယ်။ တစ်နေ့သင်လိုက်တဲ့
စာတွေကို တစ်နေ့စာတစ်နေ့ မှန်မှန်လုပ်ရအောင် မီးမလာလို့ စိတ်ညစ်ရပါတယ်။
တကယ်ဆိုရင် နေ့သင်တဲ့စာတွေကို ပြန်လုပ်ဖို့ ညကိုတော့
မီးလာပေးစေချင်ပါတယ်။ နောက်တစ်ခုကတော့ နိုင်ငံတော်နဲ့ ဆိုင်တဲ့
ရာထူးမျိုးတွေကို စိတ်ကူးဖို့နေနေသာသာ လက်တစ်ဖက်က
ထမင်းချိုင့်ကိုကိုင်ပြီး လက်တစ်ဖက်က ကားကလက်တန်းကို ကိုင်ထားပြီးစီးရတဲ့
မူဆယ်လားရှိုးဘက်က ၀က်တင်တဲ့ကားတွေလို ကျောင်းကားတွေကို
နေ့တိုင်းစီးနင်းကျော်ဖြတ်နေရတာ အရင်ပြီးဆုံးစေချင်ပါတယ်။ ကျန်တာဘာကိုမှ
စိတ်မကူးပါဘူး။ အသက်မပျောက်ဘဲ အိမ်ပြန်ရောက်လာရင် ကျေနပ်နေပါတယ်။

မေး- ကျောင်းသားဆိုတာက များသောအားဖြင့် အရပ်သားတွေနဲ့ ကွဲပြားတတ်တယ်လေ။
မောင်လေးရဲ့ ကျောင်းသားတစ်ဦးပုံစံကိုပြောပေးပါဦး။

ဖြေ-အရပ်သားနဲ့တော့ ကွာသွားတယ်ဗျ။ ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းတို့
ခေတ်ကလို ကွဲပြားခြားနားသွားတာ မဟုတ်ဘူး ပြောင်းပြန်ဖြစ်သွားတယ်။
ဘာလို့လဲဆိုတော့ အရပ်သားတော်တော်များများကတော့ မြို့တော်ကြီးတွေထဲမှာ
နေကြတာဖြစ်ပါတယ်။ ကျွန်တော်တို့ ကျောင်းသားတွေဆိုတာက များသောအားဖြင့်
တောကြီးမျက်မဲလို နေရာတွေ မြို့ပြင်တွေ ကျေးလက်တွေမှာ နေရတာများတော့
အများကြီးကို ကွဲပြားသွားပါတယ်။ ဒီတော့ ပြောရရင် ကျွန်တော်တို့တွေက
အရပ်သားတွေနဲ့ ဘာမှမဆိုင်တော့လောက်အောင်ကို မိုက်ရိုင်းသွားကြတော့တာပေါ့။

မေး- အခုကိုယ်က ကျောင်းပြီးတော့မယ်ဆိုတော့ သူများနိုင်ငံကလို
ကျောင်းပြီးရင် သူတို့ဆီမှာ လာလုပ်ဖို့ ကမ်းလှမ်းတာတို့

ဖြေ- အခုထက်ထိတော့ အဲဒါမျိုးမရှိသေးပါဘူး။ ဒါပေမယ့် ဟိုနေ့က
ပါချုပ်ရုံးရှေ့မှာ ကပ်ထားတာကတော့ ဒီကနေ ဘွဲ့ရသွားတဲ့ ကျောင်းသားတွေကို
ဗထူးဗိုလ်သင်တန်းကျောင်းမှာ တက်ဖို့ခေါ်ထားတဲ့ စာတော့တွေ့ပါတယ်။ OTS
လို့ခေါ်တာပေါ့ဗျာ။ ဒါလောက်ပါပဲ၊ သိပ်တော့ မထူးဆန်းပါဘူး။ ဘာလို့လဲ
ဆိုတော့ အလုပ်ရရေးမရရေးသည် ကျောင်းနဲ့ မဆိုင်ပါဘူး။
အလုပ်ရှင်တွေအနေနဲ့ကရော ပြီးတော့ အစိုးရပြန်တမ်းဝင်စာမေးပွဲလို့ ခေါ်တဲ့
PSC စာမေးပွဲအနေနဲ့ရော ကျောင်းသားတွေကို ဘွဲ့ရပြီးပြီးခြင်း
ခန့်မှာမဟုတ်ပါဘူး။ ဘွဲ့ရတာသည် အလုပ်ရဖို့ အထောက်အကူကောင်းတစ်ခု
မဟုတ်ပါဘူး။ တကယ်ကို ကျောင်းပြီးပြီးချင်း အလုပ်တန်းရတာတို့ ဘာတို့ဆိုတာက
လုပ်ငန်းရှင်တစ်ယောက်ယောက်နဲ့ အမျိုးနီးစပ်တော်နေသလား ဥပမာပြောရရင်
လုပ်ငန်းရှင်တစ်ယောက်ကိုးကွယ်နေတဲ့ ဘကြီးဘုန်းကြီးနဲ့ကို
ကိုယ်ကခင်နေရင်လောက်ဆိုရင်ကိုဖြစ်ပါတယ်။ စောစောကပြောတဲ့ PSC
စာမေးပွဲဆိုတာကတော့ ဖြစ်နိုင်ရင် ကံစမ်းမဲပေါ့နော်။ လူ ၁၂
ဦးစာခေါ်တယ်ဆိုရင် များသောအားဖြင့် ၁၀ ဦးလောက်က ဖြေဖြေ မဖြေဖြေ
အလုပ်ရကြမှာဖြစ်ပြီးသားပါ။ ကျန်တဲ့ ၂ နေရာစာကိုတော့ ကျွန်တော်တို့ ဘွဲ့ရ
ပညာတတ် အယောက် ၅၀ လောက်က ကံစမ်းကြပါတယ်။

မေး- ကျောင်းမှာ ဆရာပြန်လုပ်ဖို့ ရည်ရွယ်ချက်ရှိပါသေးလား

ဖြေ- လုံးဝကိုမရှိပါဘူးခင်ဗျာ။ တကယ်ကို မရှိတာပါ။ မသိတဲ့သူတွေက
မတတ်တဲ့သူတွေကို ပြန်သင်ပေးရတာလောက် စိတ်ကုန်စရာမရှိပါဘူး။ ပြီးတော့
ကျွန်တော်က စာသင်တယ်ဆိုရင် စာဘဲသင်ချင်တာပါ။ ကြက်ဆူပင်စိုက်ရတာတို့၊
မိုးရာသီ သစ်ပင်စိုက်ရတာတို့၊ ဂိတ်ဂျူတီစောင့်ရတာတို့ မလုပ်ချင်ပါဘူး။

မေး- ကိုယ်ယူုထားတဲ့ မေဂျာနဲ့ ကိုက်ညီတဲ့ အလုပ်ကို စိတ်ကူးနေပါသလား

ဖြေ-လုံးဝကို စိတ်မကူးပါဘူး။ လုပ်စားလို့ လည်းမရပါဘူး။ လုပ်စားစရာ
နေရာလည်း မရှိပါဘူး။ မိဘလက်ငုတ်စီးပွားရေးဖြစ်ဖြစ် တစ်ခြားတစ်ခုဖြစ်ဖြစ်
စိတ်ကူးရပါလိမ့်မယ်။ ကုန်ကုန်ပြောရရင် လမ်းဘေးပလက်ဖေါင်းမှာ
ခိုးကူးခွေလေးတွေ ချရောင်းဖြစ်ချင်လည်းရောင်းဖြစ်မှာပါ
လမ်းဘေးကွမ်းယာဆိုင်လေး တစ်ဆိုင်လောက်ဖွင့်ဖြစ်ရင်လည်း ဖွင့်ဖြစ်မှာပါ။
သေသေချာချာတော့ မပြောနိုင်သေးပါဘူး။

မေး-မောင်လေးရဲ့ ပညာ အပေါ်သုံးသပ်ချက်ကလေး သိပါရစေ။

ဖြေ-တချို့တွေကပြောကြပါတယ် ပညာစီးပွား ဆိုတာပေါ့။ ဒီနေ့ခေတ်ပညာရေးက
စီးပွားရေးဆန်လာတယ်တဲ့။ အကောင်းမြင်တဲ့သူရှိသလို အဆိုးမြင်တဲ့
သူတွေလည်းရှိပါတယ်။ ဘာပြောပြောပေါ့ ပညာရေးမှာ ငွေကအဓိကဆိုတာတော့
အားလုံးကို သိစေချင်ပါတယ်။ ပြောရရင် ဆရာလူထုစိန်ဝင်း ပြောပြောနေကြပေါ့။
ပညာသင်တာ စဉ်းစားတတ်စေချင်လို့တဲ့ ဒါပေမယ့် စဉ်းစားလို့ မရပါဘူး။
ကျွန်တော်သိလိုက်ရတဲ့ ပညာ ဆိုတာကတော့ မူလတန်းကနေ ဒီနေ့အထိ
အလွတ်တွေကျက်ပြီး အလွတ်တွေချရေးပြီး အောင်မြင်လာတာပါဘဲ။ အခုနေ
ကျွန်တော့်ကို အလွတ်ကျက်ခဲ့တဲ့ စာတွေ ဖြေနိုင်ခဲ့တဲ့ စာတွေကို
ပြန်မေးကြည့်ပါ ကျွန်တော် မြန်မာလို တစ်လုံးမှ မသိပါဘူး။ ဒါပေမယ့်
ချရေးခိုင်းရင်တော့ ကောင်းကောင်းကို ရေးပြနိုင်ပါတယ်။

မေး- မကြာခင် နိုင်ငံတော်သစ်ကို တည်ဆောင်ကြတော့မယ်လေ။
ကျောင်းသားတစ်ယောက်အနေနဲ့ ဘယ်လိုပြင်ဆင်ထားလဲ။ ကိုယ့်တိုင်းပြည်
ကို့လူမျိုးအတွက်ပေါ့။

ဖြေ-ဘာမှမပြင်ဆင်ထားပါဘူး။ ထမင်းနပ်မှန်အောင်စားချင်ရင် ဒါမျိုးတွေ
မမေးပါနဲ့လား။ တကယ်တော့ ဒါတွေက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့
တပ်မတော်ရဲ့ အလုပ်သက်သက်ဖြစ်ပါတယ်။ ဘယ်သူဘဲ တက်တက်ပေါ့နော် ရပ်ကွက်ထဲက
ပဲပြုတ်သည်တွေလဲ ပဲပြုတ်ဆက်ရောင်းကြမှာပဲ၊ ဆိုက်ကားဆရာတွေလည်း
ဆိုက်ကားဆက်နင်းကြမှာပဲ။ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ ကုလားကြီးကို
ကုလားကြီးလို့ခေါ်ခေါ် မာမူကြီးလို့ခေါ်ခေါ် အရားကြီးလို့ခေါ်ခေါ် ကုလားက
ကုလားပါပဲ။ ကျွန်တော်ဘာမှမပြင်ဆင်ထားပါဘူး။ ဒါတွေက
စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ တပ်မတော်ကြီးရဲ့ တာဝန်သာဖြစ်ပါတယ်။
ပိုက်ဆံမရှိ အင်အားမတောင့်ဘဲနဲ့ အခြေအနေကို ကြိုတင်မသုံးသပ်ဘဲနဲ့
ဝင်ပြိုင်ဖို့ကြိုးစားတဲ့ ပါတီငယ်လေးတွေကိုတော့ သနားပါတယ်။
စိတ်မကောင်းဘူး။ အခုကို အဖြေက ရှင်းနေပြီလေ ပါတီလေးတွေက ပိုက်ဆံမရှိလို့
ညည်းတွားနေကြချိန်မှာ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်တွေကတော့
စီးပွားရေလုပ်ငန်းရှင် အကြီးစားကြီးတွေဖြစ်နေကြပါတယ်။ ဒီတော့
ကျောင်းသားဆိုတာကရော ဘာများတတ်နိုင်နေဦးမှာလဲဗျာ။

အခုလိုဖြေကြားပေးတာကျေးဇူးအထူးတင်ပါတယ် မောင်လေးရယ်

ကျွန်တော်ကလည်း အခုလိုမေးမြန်းပေးတဲ့ ရိုက်စား အပတ်စဉ်ထုတ်ဂျာနယ်က
အစ်မကို ကျေးဇူးအထူးတင်ပါတယ်။
--
Regards,
Zaw Lin Myat
+65 9236 5324
NB. How to eat an Elephant?
A bite at a time!
Batch EMDevS} Fwd: အင်တာဗျုး
မေးထဲရောက်လာတာလေး ကြိုက်လို့ပါ