Saturday, October 2, 2010

ဂိုးသမား










ဘ၀ဆိုတာ

ဘောလုံးပွဲတစ်ပွဲဖြစ်ခဲ့မယ်ဆိုရင်
ကျနော်က

ဂိုးသမားတစ်ယောက်

ဖြစ်လိမ့်မယ်ထင်တယ်
ဘ၀ရဲ့

ပင်နယ်တီ ဘောလုံးတွေကို

ဖမ်းဖို့အတွက်သက်သက်

ကမ္ဘာကြီးပေါ်

ရက်ရက်စက်စက်

ပစ်ချခံခဲ့ရတဲ့

အကောင်းစားဂိုးသမားလေ

အိပ်မက်တွေ တလှေကြီးနဲ့

ပေပေတေတေ

ဖြတ်သန်းခဲ့တဲ့
ကျနော့်ဘ၀ထဲ

ဆုတွေလဒ်တွေဆိုတာဟာလဲ

ကျဲတိကျဲသောက်ပါပဲ

အနိုင်ယူခွင့်တွေ

နည်းပါးလွန်းတဲ့

ဘ၀ဆိုတဲ့ကစားပွဲမှာ

မရှုံးအောင်

မနည်းကစားနေရတဲ့

ကျနော့်ရင်ဘတ်ထဲ

လောကဓံတရားက

တစ်လုံးပြီးတစ်လုံးကန်သွင်းတယ်

ဖေဖေနဲ့မေမေ

ပေးခဲ့တဲ့

ခြေထောက်သန်သန်မာမာတွေနဲ့

မားမားရပ်ရင်း

လက်ကြမ်းကြမ်းနှစ်ဖက်နဲ့

ကာကွယ်ရင်း

ရင်ဘတ်မာမာကြီးနဲ့

ရင်ဆိုင်ရင်း

အဲဒီလောကဓံတရားဆိုတာတွေ

တစ်လုံးပြီးတစ်လုံး

ကျနော်ဖမ်းနေရဆဲပါ……


သားထက်(မုံရွာနည်းပညာတက္ကသိုလ်)

No comments:

Post a Comment