Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Saturday, July 25, 2020

ညွန့်ပေါင်းဆိုတဲ့အသံနဲ့ ဘယ်ပါတီမှ မကြိုက် ၊ ကိုယ်လုပ်မှ ကိုယ်စားရတာမို့ ဒီနှစ် မဲမပေးတော့ဘူး ဆိုတဲ့အသံတွေကြားရတော့-

ညွန့်ပေါင်းဆိုတဲ့အသံနဲ့
ဘယ်ပါတီမှ မကြိုက် ၊ ကိုယ်လုပ်မှ ကိုယ်စားရတာမို့ ဒီနှစ် မဲမပေးတော့ဘူး ဆိုတဲ့အသံတွေကြားရတော့-

လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ပါဝင်မှု အချိုးအစားကြည့်ပြီး စဉ်းစားမိပါတယ်။
ရာခိုင်နှုန်းအချိုးအရ

1- NLD          56.4%
2- Military -  25 % နဲ့
စုစုပေါင်း 81.4% ရှိပြီး

ကျန်တဲ့ 18.6% ကိုသာ USDP အပါအဝင် အခြားပါတီများနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တွေ ရယူထားတာ တွေ့ရပါတယ်။

အဲဒီတော့ 2015-2020 လွှတ်တော်သက်တမ်းအတွင်း မှာ တိုင်းပြည်ကောင်းကျိုးအတွက် ဘယ်လောက် လုပ်နိုင်ခဲ့သလဲ။ ဘယ်သူတွေက လူပ်ခဲ့သလဲ ပြန်သုံးသပ်ကြည့်နိုင်ပါတယ်။ ကြည့်သင့်ပါတယ်။

ဒီနေရာမှာ နောက်သက်တမ်းအတွက် ညွန့်ပေါင်းဆိုတာနဲ့ ပတ်သက်ပြီး ဆက်စဉ်းစားကြည့်မိတယ်။

လက်ရှိ အချိန်မှာ မအောင်မြင်တာရှိရင် နေရာအများဆုံး ရထားတဲ့ NLD နဲ့ တပ်မတော်ကို ပဲ ဝိုင်း လက်ညှိုးထိုးကြပါတယ်။

နောက်သက်တမ်းမှာ
ညွန့်ပေါင်းဖြစ်စေနိုင်မဲ့ အခြေအနေ (၂) ခု တွေ့ပါတယ်။

(၁) လက်ရှိ 18.6% သာ ရှိတဲ့ အခြားပါတီတွေထဲ နောက်ထပ်မဲ 6.5% ရောက်သွားရင် NLD 49.9%ပဲကျန်ပါမယ်။

(၂) ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ NLD ကို မဲထည့်ခဲ့ပေမဲ့ ပထမ ၅ နှစ်သက်တမ်း လုပ်ဆောင်မှုကို မကြိုက်လို့ ဖြစ်စေ၊ အားမရလို့ ဖြစ်စေ NLD ကိုလည်း မဲမထည့်ချင်ဘူး၊ အခြားပါတီကိုလည်း မထည့်ချင်ဘူးဆိုပြီး နေကြတာကြောင့် NLD မဲ 6.5% လျော့သွားခဲ့ရင်လည်း NLD 49.9%

တပ်မတော်က ရထားတဲ့ 25% ကတော့ ပြည်သူလူထု မဲထည့်သည်ဖြစ်စေ၊ မထည့်သည်ဖြစ်စေ အပြောင်းအလဲ ရှိမှာမဟုတ်ပါဘူး။

အထက်ပါအကြောင်း နှစ်ခုအနက်က တစ်ခုခုကြောင့် ၆.၅% သောမဲ အနည်းငယ် ပြောင်းသွားခဲ့မယ်ဆိုရင် ညွန့်ပေါင်းဆီကို ဦးတည်သွားနိုင်ပါတယ်။

ညွန့်ပေါင်း ဖြစ်သွားပြီးနောက် လွှတ်တော်မှာ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ ထွက်မလာလို့ တိုင်းပြည် ရှေ့ဆက် မရွေ့ရင် ဘယ်ပါတီကို လက်ညှိုးထိုးကြမလဲ။ ????

ကဲ - ခင်ဗျားတို့ မဲပေးကြမလား

မိတ်ဆွေ ကြိုက်တဲ့ ကိုယ်စားလှယ်၊ ပါတီကို မဲပေးပါ။ စောင့်ကြည့်ပါ။ ထိန်းကြောင်းပါ။

ကျွန်တော်ကတော့ NLD ထဲမှာ မကြိုက်တဲ့ လူတွေရှိပေမဲ့ လူမကြည့်ပဲ ပါတီကိုပဲ ကြည့်ပြီး မဲထည့်ပါဦးမယ်။ ရွေးကောက်ပွဲ ပြီးမှ မဟုတ်တာလုပ်တဲ့ လူကို ဝေဖန်ပါမယ်။ တိုင်သင့်ရင် တိုင်ပါမယ်။

( ကျွန်တော်နိုင်ငံရေးသမား မဟုတ်ပါ၊ ပုဂ္ဂလိက အယူအဆနှင့် ခံယူချက်သာ ဖြစ်ပါသည်။ လွတ်လပ်စွာ သဘောထားကွဲနိုင်ပါသည်။ အားလုံးကို လေးစားပါသည်။)
Crd# SanNwe

#Propaganda(ဝါဒဖြန့်ဖြူးခြင်း)

#Propaganda(ဝါဒဖြန့်ဖြူးခြင်း)
*******************************

Propaganda ဆိုသည် မရိုးသားသောသဘောပါဝင်၍
တဆိတ်ကို တအိတ်လုပ်တတ်သော ချဲ့ထွင်သော
သဘောမျိုးပါဝင်၏ ။ လူထုဆန္ဒ အစစ်အမှန်ကို
လေးစားသော နိုင်ငံများတွင် Propoganda သည်
နာမည်ပျက်တခုသာဖြစ်သည် ။ A lie, if repeated
a thousand times, became truth ဟူသော
ကျင့်စဉ်မျိုးဖြစ်သည် ။

Public Relations တည်ဆောက်နေသော NLD ၏
အခြားတဘက်၌ မဲမပေးကြရန် NO VOTE ဟူသော
ဝါဒဖြန့်ဖြူးခြင်းသည် ယခင်စစ်အစိုးရတို့၏
လမ်းစဉ်နှင့်တူလှသည် ။ သို့သော်ထူးခြားနေသည်မှာ
NO VOTE သည် အစိုးရမရှိ၊ ပါတီမရှိ တပ်ဖျောက်
ထားသည် ။ ပါတီစွဲ ပုဂ္ဂိုလ်စွဲမထားလိုသော တကိုယ်ရေ
လွတ်လပ်ခွင့်နှင့် ဒီမိုကရေစီမယုံကြည်မှု့တို့အား
အကြောင်းပြချက်ပေးကြသည် ။

NO VOTE သည် လူသာမန်တို့၏ အတွေးမဟုတ် ။
ရှုံးနေသော်လည်း အက်ကွက်ဖမ်းချင်သော ကျွမ်းကျင်
ကစားသမားများဖြစ်ကြသည် ။ သို့တည်းမဟုတ်
ကိုယ်ကျိုးစီးပွားသက်သက်ဟု စွတ်စွဲရန်ရှိလာသည် ။
မဲပြားခြင်း၊ မဲမရခြင်းမှသည် ညွှန့်ပေါင်းကို ဦးတည်
နေသည်ကတော့ ထင်သာမြင်သာရှိလှသည် ။ မကြာမီ
ထွက်ပေါ်လာမည့် အမတ်စာရင်းနှင့်အတူ NO VOTE
သမားများ စွာကျယ်စွာကျယ်လုပ်အုန်းမည်ကား
မြေကြီးလက်ခတ်မလွဲပေ ။

#ဆရာဖုန်း

For UniCode

#အစိုးရနှင့်အုပ်ချုပ်ရေ

#အစိုးရနှင့်အုပ်ချုပ်ရေး

စင်္ကာပူရွေးကောက်ပွဲနောက် မိမိတို့နိုင်ငံ၏ ရွေးကောက်ပွဲသည်လည်း
မကြာမီကျင်းပတော့မည် ။ စင်္ကာပူအစိုးရ PAP ကား " လှေကားမတွေ့ရဘဲ
ထန်းပင်ပေါ်ရောက်နေသည့်သူ " နှင့်တူလှသည် ။ မိမိတို့ အစိုးရ NLDကား
အုပ်ချုပ်ရေးသက်တမ်း ၅နှစ်မျှသာရှိသေး၍ တဆင့်ခြင်းတိုးတက်သွားရန်
အချိန်လိုသေးသည် ။ ပထမအုပ်ချုပ်ရေးသက်တမ်းအတွင်း ဘယ်ဝန်ကြီး
(သို့)ဘယ်အစိုးရမျှ ပြည်သူနှင့်တသားတည်းဖြစ်သည်မရှိခဲ့ပါ ။ ထိုအပြင်
မိမိတို့နိုင်ငံသည် One Government Two Administrations ဆိုသည်ကို
သတိပြုသင့်သည် ။ အုပ်ချုပ်ရေးအာဏာ နှစ်ခုကွဲနေသည့်အပြင် ပြည်သူ့
အစိုးရအူပ်ချုပ်ရသော ဌာနတိုင်းလိုလို၌ " မိုးကျရွှေကိုယ် " များက
ရာထူးကြီးများကို စနစ်တကျ ဝင်ရောက်နေရာယူထားကြသည် ။
မိုးကျရွှေကိုယ်များသည် လက်ရှိအစိုးရကို သစ္စာခံသူများ မဟုတ်ကြပါ ။
စစ်အစိုးရထောက်ခံသူများနှင့် ကိုယ်ကျိုးသက်သက်ကြည့်သူများသာ
ဖြစ်ကြသည်။ ( တချို့သောသူများအား အကောင်းဘက်မှ
တွေးပေးနိုင်သည်)

အစိုးရနှင့်အုပ်ချုပ်ရေးကို တချို့က အတူတူစဉ်းစားလေ့ရှိကြသည်။
အစိုးရဟူသည်ကား အုပ်ချုပ်ရေး( Administration) နှင့် နိုင်ငံရေးဝါဒ
( Politics) တို့၏ ပေါင်းစပ်မှုသာ ဖြစ်ပါသည် ။ အစိုးရသည် အုပ်ချုပ်ရေး
နှင့်နိုင်ငံရေး ပေါင်းစပ်မှုဖြစ်သဖြင့် အုပ်ချုပ်ရေး၌ နိုင်ငံရေးမပါသည်ကို
သတိပြုသင့်သည် ။ သို့သော်လည်း အုပ်ချုပ်ရေးတွင် နိုင်ငံရေးကင်းသည်ဟု
မပြောနိုင်ပါ ။ အုပ်ချုပ်ရေးသည် အစိုးရမှ ပေါက်ဖွားလာရခြင်းကြောင့်
ဖြစ်သည် ။ အုပ်ချုပ်ရေးသည် အစိုးရမှ ချမှတ်ပေးလိုက်သော မူဝါဒများကို
တိတိကျကျ အသေးစိတ်ရုပ်လုံးဖော်ရသော ယန္တယားတခုလည်းဖြစ်သည် ။
အစိုးရ၏လုပ်ငန်းနှစ်ခုရှိရာ တခုက မူဝါဒချမှတ်ရပြီး ကျန်တခုက
၎င်းမူဝါဒကို အကောင်အထည်ဖော်ရခြင်းဖြစ်သည် ။ ထိုမူဝါဒကို
အကောင်အထည်ဖော်ရသော အပိုင်းသည် အုပ်ချုပ်ရေး၏ တာဝန်သာ
ဖြစ်ပါသည် ။

အစိုးရမှ မည်မျှကောင်းသော မူဝါဒများချမှတ်သည်ဖြစ်စေ
အကောင်အထည်ဖော်မည့် အုပ်ချုပ်ရေးယန္တယားသည်
ရည်ရွယ်ချက်နှင့်မကိုက်(သို့) ရည်ရွယ်ချက်ပျက်ပျားအောင်၊
ထိုအပြင် ရုပ်လုံးဖော်ကြမည့်သူများက ကျွမ်းကျင်မှုမရှိသော်
လိုရာမရောက်ဘဲ တိုင်းပြည်လည်းနင့်နာရပါမည်။
မိမိတို့၏ ခေါင်းဆောင်များသည် မည်မျှပင် ကောင်းသည့်စေတနာနှင့်
တိုင်းပြည်ကောင်းစားရေးအတွက် မူဝါဒများ သတ်မှတ်ငြားသော်လည်း
ရည်ရည်ချက်နှင့်မဆီလျှော်သည့် အုပ်ချုပ်ရေးယန္တယားကြီးကို
မောင်းနှင်ကာ အကောင်အထည်ဖော်နေပါလျှင် ပြည်သူလူထုအတွက်
အကျိုးများနိုင်မည် မဟုတ်ပေ ။ အုပ်ချုပ်ရေးနှင့်အစိုးရကိုခွဲမြင်ရန်
လိုသည် ။ ထိုပြင် အုပ်ချုပ်ရေး နှစ်ရပ်ကွဲနေသည်ကိုလည်း မမေ့အပ်ပေ။
ယနေ့ ပြည်သူ့အစိုးရသည် စစ်တပ်အုပ်ချုပ်ရေးကို အမိန့်မပေးနိုင် ။
၎င်းအပြင် စစ်တပ်အုပ်ချုပ်ရေးသည် မြန်မာ့နိုင်ငံရေးတွင်
နေရာတခုယူထားသည် ။ နိုင်ငံရေးမှဖယ်ရှား၍ မရအောင်
အခြေခံဥပဒေနှင့် စိတ်ကြိုက်စီမံထားပြီးလည်းဖြစ်သည် ။

မြန်မာနိုင်ငံအုပ်ချုပ်ရေးသမိုင်းကိုကြည့်ပါကလည်း ရှေးမြန်မာ
မင်းများကို “ Despot “ များအဖြစ် ရေးသားတာခံရဖူးသည်။
သို့သော်လည်း ထိုကဲ့သို့မထင်မိပါ လွှတ်တော်ဆိုသော
စကားသည် ပုဂံခေတ်ကတည်းက ရှိခဲ့ပြီးဖြစ်သည် ။ ထိုခေတ်
အုပ်ချုပ်ရေးသည် ပြည်သူထက် ရှင်ဘုရင်ကိုသာ မျက်နှာမူရ၏။
အင်္ဂလိပ်အုပ်ချုပ်ရေးခေတ်တွင် အုပ်ချုပ်ရေးအသွင်သဏ္ဍန်
ပြောင်းလဲသွားသော်လည်း မိမိတို့လူမျိုးများကား
အထက်ပိုင်းရာထူးများ မရခဲ့ကြ ။ ရှိသော်လည်း နည်းလှသည် ။
ထိုအပြင် အင်္ဂလိပ်အုပ်ချုပ်ရေးကို စိတ်ဝင်စားခြင်းမရှိကြချေ ။
သက်တမ်း၁၂၀တည်ဆောက်ခဲ့သော အင်္ဂလိပ်ခေတ်
အုပ်ချုပ်ရေးအဆောက်အအုံကား အခိုင်အမာကျန်ခဲ့၏ ။
ဂျပန်ခေတ်အုပ်ချုပ်ရေးကား ထူး၍ပြောစရာမရှိခဲ့ပေ ။
လွတ်လပ်ပြီးစ ဒီမိုကရေစီခေတ်အုပ်ချုပ်ရေးသည်
တိုင်းပြည်ထက် နိုင်ငံရေးခေါင်းဆောင်များနောက် လိုက်ကြသည်ဟု
မြင်မိသည် ။ ဖဆပလ နှစ်ခြမ်းကွဲရာတွင် ပို၍မြင်သာသည် ။
နိုင်ငံရေးမှာ တည်ငြိမ်မှုမရှိ၍အုပ်ချုပ်ရေးသည် တိုးတက်
သင့်သလောက် တိုးတက်မလာတော့ပေ ။ နောက်ပိုင်း စစ်အစိုးရ
တလျှောက်လုံး မှားယွင်းသော မူဝါဒများကို အကောင်အထည်ဖော်ရင်း
အုပ်ချုပ်ရေးဌာနများသည် အဂတိလိုက်စားမှုများသာ
ကျန်ခဲ့တော့သည် ။ လုပ်ငန်းပိုင်း မကျွမ်းကျင်မှုများအပြင်
အရာရှိဖြစ်ရေးသာ ဦးတည်လာကြပြီး ဂုဏ်သိရ်သည်လည်း
ပျောက်ဆုံးခဲ့ရသည် ။ တိုးတက်လာသည့် အုပ်ချုပ်ရေး
ပညာရပ်တို့နှင့် ဝေးကွာခဲ့ရသည် ။ ရာထူးထက် ဌာနရွေးချယ်
လာကြသည် ။ အရပ်ဘက်အုပ်ချုပ်ရေးဌာနများသည်
စစ်ဘက်အုပ်ချုပ်ရေးအောက်၌ လွတ်လပ်စွာအုပ်ချုပ်ခွင့်
မရှိခဲ့ကြပါ ။ ဖားရင်း၊ ဖိရင်း ၊ မိုးခါးရေသောက်ရင်း၊
လူမှန်နေရာမှန်ပျောက်ဆုံးသော အုပ်ချုပ်ရေးကာလဟု
ဆိုနိုင်ပါသည် ။ ယနေ့ဒီမိုကရေစီအုပ်ချုပ်ရေးသည်ပင်
စစ်အစိုးတို့၏ ယန္တယားကိုဆက်ခံခဲ့ရပြန်သည်။
NLD အစိုးရခေတ်တွင် မူအားဖြင့်ပြောင်းလဲလာသည်
ထင်ရသော်လည်း အသွင်အားဖြင့်ပြောင်းလဲရန်ကြိုးစား
နေဆဲကာလဟု ထင်မြင်ချက်ပေးရန်ရှိသည် ။
အချိန်ပေးရန်လည်း လိုလိမ့်မည် ။

ရှင်ဘုရင်ခေတ် အမှုထမ်းတို့အား မင်းလုလင်၊ မင်းခယောက်ျားများ
အဖြစ်ခေါ်ဝေါ်ကြသည် ။ ထိုဝန်ထမ်းများသည် ဘုရင်၏
အမှုတော်ကိုသာ ထမ်းကြရခြင်းကြောင့်ဖြစ်၏ ။ အင်္ဂလိပ်
အစိုးရလက်အောက်၌ အမှုထမ်းရသူတို့အား အစိုးရဝန်ထမ်းဟု
ခေါ်ခဲ့ကြသည်ကို တွေ့ရသည် ။ အင်္ဂလိပ်အစိုးရ၏ တာဝန်ကို
ထမ်းရွက်ရခြင်းကြောင့် ခေါ်ခြင်းဖြစ်ပါသည် ။ ထိုနောက်
လွတ်လပ်ပြီးစ မြန်မာနိုင်ငံ၌ အစိုးရဝန်ထမ်းအစား ပြည်သူ့ဝန်ထမ်းဟု
ပြောင်းလဲခေါ်ဆိုလာကြသည် ။ အစိုးရတရပ်အား အမှုထမ်းခြင်းမဟုတ်
ပြည်သူက သူ့၌ရှိသောအာဏာကိုပါလီမန်ဒီမိုကရေစီနည်းဖြင့်
အမတ်တို့အား ရွေးချယ်ကာ အစိုးရတရပ်ဖွဲ့၍ အုပ်ချုပ်စေခြင်းကြောင့်
ပြည်သူ့တာဝန်ကို ထမ်းရွက်ရ၍ ပြည်သူ့ဝန်ထမ်းဟု ခေါ်ဆိုရခြင်း
ဖြစ်ပါသည် ။ ထို့ကြောင့်ပြည်သူနှင့်ဝန်ထမ်းတွင် ပြည်သူသည်
အခိုင်ခံမဟုတ် စေခိုင်းသူဖြစ်ကြောင်း သိသာပါသည် ။ ထိုအပြင်
ပြည်သူသည် အုပ်ချုပ်ခံမဟုတ် အုပ်ချုပ်သူသာဖြစ်သည် ။
စစ်အစိုးရလက်ထက် အစိုးရဝန်ထမ်းစိတ်ထားကြသော်လည်း
ယနေ့ ဒီမိုကရေစီအစိုးရလက်ထက်၌ ပြည်သူ့ဝန်ထမ်းစိတ်
မွေးမြူကြရန် အထူးလိုအပ်လှသည် ။ ပြည်သူ့ဝန် မဖြစ်ရန်လဲ
အရေးကြီးလှသည် ။

ယနေ့ အရပ်သားအစိုးရ၏ အခက်အခဲသည် အုပ်ချုပ်ရေးအာဏာ
အပြည့်အဝမရခြင်းအပြင် အုပ်ချုပ်ရေးယန္တယား၏ အဆင့်
နိမ့်ကျမှုလည်းပါဝင်သည် ။ ရုံးစာရေးမှသည် အတွင်းဝန်ထိ
စစ်အာဏာရှင်စနစ်ဆိုးအောက် နှစ်ပေါင်းများစွာနေလာကြ၍
အရိုးထဲထိ စွဲမြဲနေသော ဉာဉ်ဆိုးကလည်းရှိသည် ။ ထို့အပြင် မိမိ၏
နေရာသည် မည်သည့်နေရာ၌ရှိအပ်သည်ဟု သုံးသပ်ခြင်း
မရှိဘဲ လုပ်ငန်းရောထွေးစွာဆောင်ရွက်တတ်သော နိုင်ငံရေးမှ
ပုဂ္ဂိုလ်တို့သည်လည်း အကြောင်းရင်းတခုဖြစ်သည် ။
NLD အစိုးရ၏ ပထမသက်တမ်းသည် ပြုပြင်ရေးကာလဟုသာ
သတ်မှတ်ရပါမည် ။ အုပ်ချုပ်ရေးအာဏာ တိုးရန်လိုအပ်ပြီး
လာမည့်သက်တမ်းအတွက် အစိုးရတရပ် လွတ်လွတ်ကျွတ်ကျွတ်
ဖွဲ့စည်းနိုင်မှသာ တည်ဆောက်ရေးကို သွားနိုင်မည် ။ သို့မှသာ
ပြည်သူတို့လိုချင်သော အုပ်ချုပ်ရေးယန္တယားတခုသည်လဲ
ပီပီပြင်ပြင်ပေါ်ပေါက်လာမည်ဟုထင်ပါသည် ။ ပြည်သူတို့မှ
ပေါက်ဖွားလာသော အစိုးရသည်သာ ပြည်သူတို့၏ လိုဘကို
နားလည်နိုင်မည်ဖြစ်သည် ။ ဝန်ထမ်းတ်ု့၏ဘဝသည်လည်း
ဂုဏ်သိရ်အားဖြင့်၎င်း၊ အသွင်အပြင်အားဖြင့်၎င်း ကျေနပ်မှု
ရရှိကြမည်ဟုလည်း ယုံကြည်မိသည် ။

နိုင်ငံတနိုင်ငံ၏ စီးပွားရေး၊ နိုင်ငံရေးနှင့် လူမှုရေးများကို
ခေတ်မီသည့်အဆင့်အတန်းသို့ တိုးမြှင့်ရန်လိုအပ်ပါက
ထိုနိုင်ငံ၏ အုပ်ချုပ်ရေးအဆင့်အတန်းကိုလည်း
အလားတူတိုးမြှင့်နိုင်မှသာ ကိစ္စအဝဝအောင်မြင်နိုင်ပါမည် ။
ထို့သို့ဆောင်ရွက်နိုင်ရန် စစ်တပ်အုပ်ချုပ်ရေးသည်
နိုင်ငံရေးမှ ထွက်ခွာသွားရန်လိုပါသည် ။ သမိုင်းပေးတာဝန်ဟူသော
ဂျင်းကြီးကို ပြည်သူတို့အား မပေးရန်လိုသည်။
ယနေ့ပြည်သူတို့သည် သွယ်ဝိုက်အုပ်ချုပ်ရသောဒီမိုကရေစီမှ
ကျယ်ကျယ်ပြန့်ပြန့်အုပ်ချုပ်နိုင်သော ဒီမိုကရေစီစနစ်ထိ
ပါဝင်ပတ်သက်ရန် စိတ်အားပြင်းပြနေကြလေပြီ ။
ထို့ကြောင့် လာမည့်ရွေးကောက်ပွဲမှစ၍ လွတ်လပ်သောအစိုးရနှင့်
စနစ်ကျသော အုပ်ချုပ်ရေးသည်သာ ပြည်သူလူထုကို
ပေးအပ်ရန်ပင်ဖြစ်ပါသည် ။ သို့မှသာ ပြည်သူ၏အာဏာသည်
ရွေးကောက်ပွဲပေါ်၌ထင်ဟပ်ပြီး မဲပေးရခြင်း၏ အနှစ်သာရကို
ရရှိနိုင်မည်ဖြစ်ပါကြောင်း မဲဆန္ဒရှင်များကိုယ်စား ရေးသားမိပါသည်။

#ဆရာဖုန်း

For Unicode

န်ိုင်ငံရေးမှ ထွက်ခွာသွားရန်လိုပါသည် ။ သမိုင်းပေးတာဝန်ဟူသော
ဂျင်းကြီးကို ပြည်သူတို့အား မပေးရန်လိုသည်။
ယနေ့ပြည်သူတို့သည် သွယ်ဝိုက်အုပ်ချုပ်ရသောဒီမိုကရေစီမှ
ကျယ်ကျယ်ပြန့်ပြန့်အုပ်ချုပ်နိုင်သော ဒီမိုကရေစီစနစ်ထိ
ပါဝင်ပတ်သက်ရန် စိတ်အားပြင်းပြနေကြလေပြီ ။
ထို့ကြောင့် လာမည့်ရွေးကောက်ပွဲမှစ၍ လွတ်လပ်သောအစိုးရနှင့်
စနစ်ကျသော အုပ်ချုပ်ရေးသည်သာ ပြည်သူလူထုကို
ပေးအပ်ရန်ပင်ဖြစ်ပါသည် ။ သို့မှသာ ပြည်သူ၏အာဏာသည်
ရွေးကောက်ပွဲပေါ်၌ထင်ဟပ်ပြီး မဲပေးရခြင်း၏ အနှစ်သာရကို
ရရှိနိုင်မည်ဖြစ်ပါကြောင်း မဲဆန္ဒရှင်များကိုယ်စား ရေးသားမိပါသည်။

#ဆရာဖုန်း

One World, One Fight... ကမ္ဘာတစ်ခု၊ တိုက်ပွဲတစ်ခု

One World, One Fight...
[ ကမ္ဘာတစ်ခု၊ တိုက်ပွဲတစ်ခု ]
---------------------------- <> <®> <> -------------------------------

တောင်တရုတ်ပင်လယ်မှာ ဖြစ်နေတဲ့ စစ်မြားဦးက မြန်မာပြည်ထဲကို သန်း
လာပါပြီး...မြန်မာနိုင်ငံမှာရှိတဲ့ အမေရိကန်သံရုံးကနေ ခေတ္တတာဝန်ယူထားတဲ့ ဂျော့အန်ဆယ်ဘယ်လီရဲ့ အက်ဆေးတစ်ပုဒ်အပေါ် တရုတ်တို့က ဆက်ဆက်ခါနာပြီး နောက်တစ်ရက်မှာပဲ တုံ့ပြန်ပါတယ်... စကားအသုံးအနှုန်းက ပြေပြစ်ပြီး အကိုးအကားလှနေတာကို တွေ့ရတယ်...

"ဆွေမျိုး ပေါက်ဖော်ဆက်ဆံရေး"

"ဆင်စွယ်မှန်ရင် ပိုးမစားဘူး"

ဆိုတဲ့ သံတမန်ရေးအသုံးအနှုန်းနဲ့ စကားပုံတွေကိုအသုံးပြုသွားတာပဲ...တကယ်တမ်း တရုတ်တို့အနေနဲ့ မြန်မာနိုင်ငံအပေါ် တစ်ဆင့်နှိမ့်ထားတဲ့ middle kingdom အယူအဆနဲ့ ကြွေးမြီထောင်ချောက်တွေ အသုံးပြုပြီး စီမံကိန်းနဲ့ သယံဇာတအပေါ် ပြောင်သလင်းခါအောင် လုပ်ဆောင်ခဲ့တာကိုတော့ မဖော်ပြခဲ့ဘူး... ကိုဗစ်ကိစ္စနဲ့ ပတ်သတ်ပြီး တရုတ်က မြန်မာကို ကူညီထောက်ပံ့ပေးနေတဲ့ကိစ္စမှာ ပြည်သူလူထုနဲ့အစိုးရကို ကူညီထောက်ပံ့ပေးနေတာလား သို့တည်းမဟုတ် စစ်တပ်ကို ကူညီထောက်ပံ့ပေးနေတာလားဆိုတာ ဧပြီနဲ့မေလမှာ တရုတ်ဆေးဝါးအကူအညီပေးရေးအဖွဲ့တွေ စစ်တပ်နဲ့ပဲ နှစ်ပါးသွားခဲ့တာကို မြင်ခဲ့ရတယ်...

အသက်ရူစက်တွေ၊ နှာခေါင်းစည်းကိစ္စတွေကို အစိုးရကို ပေးအပ်တာလား...
စစ်တပ်ကို ပေးအပ်တာလား ရှင်းရှင်းလင်းလင်းဖော်ပြသင့်တယ်...ဧပြီလမှာ မြန်မာကို Covid လှိုင်းစဝင်နေတဲ့အချိန်မှာ သံသယရှိလူနာတွေကို စစ်ဆေးမယ့်စက်တွေအတွက် တရုတ်က အကူအညီမပေးတဲ့အပြင် နဂိုကတည်းက သည်စက်တွေ ရှိနေတဲ့စစ်တပ်ကလည်း အနီရောင်အဆင့်ရောက်မှ ကူညီမယ်လို့ ဆိုထားတဲ့စကားလည်း ရှိခဲ့တယ်...ဧပြီလမှာ တရုတ်က မူဆယ်နယ်စပ် ၁၀၅မိုင် ဂိတ် နယ်စပ်ကုန်သွယ်ရေးကို ပိတ်ခဲ့တဲ့အပြင် တရုတ်ပြည်ထဲမှာ ရှိတဲ့ ကျပန်းလုပ်နေတဲ့ မြန်မာလုပ်သား ၂၀၀၀၀ကျော်ကို နှင်ထုတ်ခဲ့တယ်..

နယ်စပ်ကုန်သွယ်ရေးကို ပိတ်ခဲ့တဲ့အတွက် ရာသီပေါ် သစ်သီးဝလံတွေ၊ ကုန်စိမ်းတွေ ပုပ်ပြီး မြန်မာကုန်သည်တွေ၊ စိုက်ပျိုးရေးခြံပိုင်ရှင်တွေ ထိခိုက်ဆုံးရှုံးနစ်နာခဲ့တာကို တရုတ်ဘက်က စာနာကြောင်းမပြခဲ့တဲ့အပြင် "မျက်ဖြူဆိုက်လေ၊ ဆရာကြိုက်လေ"ဆိုတဲ့စကားပုံအတိုင်း ပြုမှုခဲ့တာကို မျက်စိပိတ် နားပိတ်နေရမှာပေါ့ ဟုတ်လား... "ဆွေမျိုး၊ ပေါက်ဖော်"ဆိုတဲ့စကားကို လှိုင်လှိုင်သုံးပြီး အရပ်သားအစိုးရအပေါ် နောက်ကျောဓားနဲ့ အကြိမ်ကြိမ်ထိုးခဲ့တာ၊ မြေနိမ့်ရာ လှံစိုက်တတ်တဲ့ တရုတ်တွေရဲ့ ကိုယ်ပိုင်လက္ခဏာလားဆိုတာ ဖြေပေးစေချင်တယ်...

၂၀၂၀ခုနှစ် ဇူလိုင်လ၁၆ရက်မှာ တရုတ်အထူးကိုယ်စားလှယ်အဖွဲ့ဟာ တပ်ချုပ်နဲ့ သွားရောက်တွေ့ဆုံပြီးနောက်မှာ ဟောင်ကောင်ဒေသ အမျိုးသားလုံခြုံရေးဥပဒေကြမ်းပြဌာန်းတာ၊ စင်ကျန်းဝီဂါကိစ္စ၊ ထိုင်ဝမ်နဲ့ တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်တို့ လက်ရုံးဆန့်တန့်မှုအပေါ် မြန်မာဘက်က ထောက်ခံသဘောတူတဲ့ကိစ္စမှာ အစိုးရအာဘော်ပါသရောင် လုပ်ခဲ့တာ အစိုးရအာဏာကို တမင်စော်ကားတာ  သံတမန်ရေးချိုးဖောက်တာကို ဇွန်လ၁၈ရက်မှာ အမေရိကန်သံရုံးယာယီတာဝန်ခံ ဂျော့အစ္စဘယ်လီက ဆောင်းပါးရေးပြီး ထုတ်ပြန်တာကို နာနေကြတာ မချိမဆန့်ပဲ...

ဇူလိုင်၁၉ရက်မှာ တရုတ်သံရုံးက ကြေညာချက်ထုတ်ပြန်ပေမယ့် ဓားသွားပေါ်က ပျားရည်စက်တွေဆိုတာ မြန်မာပြည်သူလူထုအားလုံးသိကြတယ်...

"ဆွေမျိုးပေါက်ဖော်"ဆိုတဲ့စကားနောက်ကွယ်မှာ "သူခိုး သေဖော်ညှိ"တဲ့ ကစားကွက်မျိုးပဲ မြင်မိတာ မဆန်းဘူးထင်တယ်...

—ကချင်ပြည်နယ် ဝိုင်းမော်မှာ တစ်သျူးငှက်ပျောစိုက်ခဲ့တဲ့ကိစ္စ၊ လက်ပံတောင်းတောင်နဲ့ တကောင်းတောင်နီကယ်စီမံကိန်းတွေမှာ အရင်စစ်အစိုးရနဲ့အပြင် စစ်တစ်ပိုင်းဘောင်းဘီချွတ်အစိုးရနဲ့ နှစ်ရှည်စာချုပ်ချုပ်ဆိုပြီး သူခိုးဈေးသာသာပေးခဲ့တာကို စာချုပ်နဲ့ အတိအကျရှင်းပြဖူးပါသလား...

— ၂၀၀၆ ဒီဇင်ဘာ၂၈ရက်မှာ မြန်မာစစ်အစိုးရနဲ့ တရုတ် CIP တို့ ချုပ်ဆိုခဲ့တဲ့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို တရုတ် CPI က ၈၅%၊ မြန်မာက ၁၅% ချုပ်ဆိုပြီး တစ်ရက်ကို လျှပ်စစ်ဓာတ်အား MW6000ထုတ်မယ်လို့ သဘောတူစာချုပ်ချုပ်ခဲ့ကြတယ်... တရုတ်ကို လျှပ်စစ်ဓာတ်အားအကုန်ပို့ပြီး မြန်မာက ဝယ်ယူချင်ရင်တော့ ပေါက်ဈေးအတိုင်း ရောင်းမယ်လို့ ပါရှိတယ်... မြန်မာကတစ်နှစ်လျှင် ကန်ဒေါ်လာသန်း၅၀၀ရရှိမယ်လို့ ဖော်ပြထားပြီး MoUထဲမှာ ဘယ်လိုနှုန်းထားနဲ့ အပေးအယူလုပ်ခဲ့တယ်ဆိုတာ ဖုံးကွယ်ထားတယ်...စာချုပ်ထဲမှာ နှစ်ရှည် ၂၅+၃၀ = ၅၅နှစ်အထိ ချုပ်ဆိုထားတာ နိုင်ငံတကာစာချုပ်စည်းကမ်းနဲ့ မညီဘူး...

အရပ်သားပြည်သူလူထုနဲ့တတ်သိပညာရှင်တွေက မြစ်ဆုံစီမံကိန်းကို ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့လို့  ၂၀၁၁ခုနှစ် စက်တင်ဘာ၃၀ရက်နေ့မှာ ဦးသိန်းစိန်က ယာယီရပ်ဆိုင်းခဲ့တယ်... ရပ်ဆိုင်းခဲ့တဲ့အတွက် တစ်နှစ်ကို ကန်ဒေါ်လာသန်း၅၀ တရုတ်
ကို ပေးခဲ့ရတယ်... ၂၀၁၉ ဇန်နဝါရီလမှာ တရုတ်ဘက်က မြစ်ဆုံစီမံကိန်းကို ပြန်စဖို့ တရုတ်သံအမတ်ဟုန်လျှံ(ယခုပြောင်းရွှေ့)က ကချင်ခေါင်းဆောင်တွေနဲ့ သဘောတယ်ဆိုပြီး မြစ်ဆုံပြန်စဖို့ လုပ်ဆောင်ခဲ့တယ်... နောက်တစ်ကြိမ်ပြည်သူလူထုက ထပ်မံကန့်ကွက်ခဲ့ပြီး လျော်ကြေးပေးမယ်လို့ တုံ့ပြန်တဲ့အခါမှာ တရုတ်CPIရဲ့ Options သုံးခုထွက်လာခဲ့တယ်...

*ကန်ဒေါ်လာ ၃.၆ဘီလီယံတန် မြစ်ဆုံစီမံကိန်းကို ဆက်လုပ်မယ်ဆိုရင် မြန်မာက တစ်နှစ်ကို ဒေါ်လာသန်း၅၀၀ရမယ်...

*ဆက်ပြီး ရပ်ဆိုင်းမယ်ဆိုရင် တစ်နှစ်ကို ဒေါ်လာသန်း၅၀ တရုတ်ကို နှစ်စဉ်ပေးနေရမယ်...

*လျော်ကြေးပေး ဖျက်သိမ်းမယ်ဆိုရင် တရုတ်ကို ဒေါ်လာသန်း၈၀၀ပေး ဆောင်ရမယ်...

အပိုင်ချည်ပြီး၊ တုပ်ပြီးသားကိစ္စ...မိအေးအခါခါ နစ်နာရမယ့်အဖြစ်မျိုးကို လုပ်ဆောင်ခဲ့တယ်... ဧရာဝတီမြစ်ကို ထိပ်ပိုင်းကနေစပြီး မြစ်ဆုံဆည်လို စီမံကိန်း၇ခု တည်ဆောက်ပြီး ပုံမှန်လျှပ်စစ်ထုတ်ပြီး တရုတ်ကို ပေးပို့မယ့် အကြံအစည်အပြင် နိုင်ငံရေးအရလိုအပ်ရင် ရေထိန်းတံခါးတွေဖွင့်ပြီး မြန်မာပြည်ကို ရေထဲနစ်မြုပ်သတ်မယ့်အကြံအစည်...

မြစ်ဆုံစီမံကိန်းကို စတင်လုပ်ဆောင်နေတဲ့အချိန်မှာ တရုတ်တို့က Rare Earth Elements တွေပါ တူးဖော်ထုတ်လုပ်ခဲ့ပြီး၊ ကမ္ဘာရဲ့ Rare earth elements တွေရဲ့ ၈၀ရာခိုင်နှုန်းကို ချုပ်ကိုင်ထားတယ်... စရိတ်စကသက်သာပြီး သက်သာ
တဲ့ဈေးနှုန်း(သူခိုးဈေးသာသာ)ရတဲ့အတွက်ကြောင့် တရုတ်ဟာ ရှားပါးသဲမြေ (REE)ဈေးနှုန်းနဲ့ ကမ္ဘာကို ချုပ်ကိုင်ဖို့ကြိုးစားလာခဲ့တယ်... ၂၀၁၉ မေလ ကုန်သွယ်ရေးစစ်ပွဲမှာ တရုတ်က USကို REEနဲ့ တိုက်ခိုက်ဖို့ကြိုးစားချိန်မှာ
အမေရိကန်ကလည်း REEကို အလောတကြီးပြန်ထုတ်ဖို့ စိုင်းပြင်ခဲ့ရတယ်...အချိန်မှီပြန်ထုတ်ဖို့ ကြိုးစားခဲ့တာကြောင့်လည်း တရုတ်အကြံအစည် သဲထဲရေသွန်ဖြစ်ခဲ့ရတယ်...

ဗိုလ်တင်အောင်မြင့်ဦး(ရှစ်လုံး) အမိုက်ခံလက်မှတ်ရေးထိုးထားတဲ့ မြစ်ဆုံစာချုပ်အရ အရပ်သားအစိုးရတက်လာချိန်မှာ တရုတ်ဘက်ကနေ စာချုပ်ပြပြီး ဆက်လုပ်မယ့်အစီအစဉ်ကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အချိန်ဆွဲရုံကလွဲပြီး ပြတ်
ပြတ်သားသား ဖြေရှင်းလို့မရခဲ့ဘူး... ရှည့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာ (Let's lives its let live) ပုံစံမျိုးသာ ကြည့်နေခဲ့ရတယ်... တရုတ်ဘက်က ဆက်တိုးမယ်ကြံရင်တော့ နိုင်ငံတကာကို ချပြပြီး သည်လို မောင်ပိုင်စီးထားတဲ့ စာချုပ်
ကို လှစ်ဟပြလိုက်ရုံပဲ...

၂၀၂၀ခုနှစ် ဇူလိုင်၂ရက်နေ့မှာ ကချင်ပြည်နယ် ဖားကန့်ဒေသ၊ ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာမှာဖြစ်တဲ့ မှော်ထဲမှာ နွံကန်ပေါက်ကျပြီး မြေပြိုမှုဖြစ်ပွားခဲ့တယ်...သေဆုံးသူ ၁၇၂ဦးရှိခဲ့ပြီး ဒဏ်ရာရသူ၅၄ဦးဖြစ်ခဲ့တဲ့ ဝှေခါမှော်ပြိုကျမှုမှာ အဓိကတာဝန်ရှိသူဟာ ဘယ်သူဖြစ်မယ်ထင်သလဲ...မဆင်မခြင်တူးပြီး
မြေစာပုံတွေကို ပုံချင်ရာပုံတဲ့ ကုမ္ပဏီကြောင့်လား... ပေထောင်ပေါင်းများစွာတူးပြီး မဆင်မခြင်မြေစာတွေကိုစွန့်ပစ်ရာက မိုးရာသီမှာနွံကန်တွေဖြစ်၊ စိမ့်ပြီးအက်ကွဲလာရာကနေ မြေပြိုကျမှုတွေက နှစ်စဉ်နှစ်တိုင်းဖြစ်တာကို အစိုးရလည်း မတားဆီးနိုင်ဘူး...

သည်ကျောက်စိမ်းလုပ်ကွက်တွေနောက်မှာ စစ်တပ်ပိုင်ကုမ္ပဏီတွေ၊ ဝ"အဖွဲ့တွေ၊ ကချင်KIAအဖွဲ့တွေနဲ့ တရုတ်တွေ ခြေရှုပ်ပြီးလုပ်စားနေကြတာကို သိရဲ့သားနဲ့ ဘာမှမလုပ်နိုင်ခဲ့ဘူး...စစ်တပ်က တပ်ရင်းမှူးတစ်ဦးနဲ့ ကချင်နယ်/လုံ
ဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်းကို တာဝန်မှရပ်စဲပြီး မူလစစ်ဘက်မှာတာဝန်ပြန်ထမ်းဆောင်စေတယ်လို့ တပ်မတော်သတင်းမှန်က ထုတ်ပြန်ကြေညာတယ်...
အကုန်လုံးကို လိုက်ဖုံးဖိနေတာပဲ...ထိပ်တန်းကျောက်စိမ်းကုမ္ပဏီတွေက တပ်ပိုင်၊ တိုင်းရင်းသားအမည်ခံတရုတ်ကုမ္ပဏီပိုင်တွေချည်းပဲ...

၂၀၁၄ခုနှစ် Global Witness အစီရင်ခံစာအရ ပြည်ပ (တရုတ်) ကို တရားမဝင်ထွက်သွားတဲ့ ကျောက်စိမ်းတန်ဖိုးက ကန်ဒေါ်လာ၃၁ဘီလီယံရှိတယ်လို့ ထုတ်ပြန်ကြေညာခဲ့တယ်... ကျောက်စိမ်းလုပ်ကွက်တွေနောက်မှာ လက်မည်းကြီးတွေကို မရှင်းနိုင်သရွေ့ ရေမဆေးကျောက်သမားတွေရဲ့အသက်တွေက တန်ဖိုးမဲ့နေအုံးမယ်ဆိုတာ ...ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊ နိုင်ငံတကာက ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ပေမယ့် တရုတ်ကတော့ တုန့်တုန့်မလုပ်ခဲ့ဘူး...

သည်လိုပဲ...

တရုတ်ဟာ သူတို့လုပ်ခိုင်းတာကို တသွေမတိမ်းလိုက်ပြီး ကြိုးဆွဲရာကမယ့် အစိုး
ရတစ်ရပ်ကို လိုချင်တယ်...အရင်စစ်အစိုးရကို ထိန်းချုပ်ထားတဲ့အတွက်ကြောင့်
တရုတ်ဟာ လိုချင်တဲ့စီမံကိန်းနဲ့ သယံဇာတကို အတားအဆီးမရှိ ရခဲ့တာပဲ...အရပ်
သားအစိုးရတက်လာချိန်မှာ ဒီမိုကရေစီစနစ်ပါ အားကောင်းလာတဲ့အတွက် ဂွင်
တွေ၊ စားကွက်တွေ ပိတ်လာခဲ့တယ်...ဒါကြောင့် လက်နက်ကိုင်တပ်ဖွဲ့လမ်းကြောင်း
ကနေ မြန်မာပြည်တွင်းစစ်ကနေ အစိုးရရဲ့ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနဲ့
ဖွဲ့စည်းပုံပြင်ဆင်ရေးကို နောက်ကွယ်ကနေ အမျိုးမျိုးဒုက္ခပေးခဲ့တယ်...

တရုတ်တို့ရဲ့ ပိုးလမ်းမ(BRI)နဲ့ CMECအတွက် သမ္မတရှီကျင့်ဖျင်ဟာ ၂၀၂၀
ဇန်နဝါရီ၁၇ရက်နေ့မှာ မြန်မာပြည်ကို ရောက်ရှိလာခဲ့ပြီး CMECအတွက် MoU
ထိုးဖို့ ရောက်လာခဲ့တယ်... ဒေါ်စုကလည်း တိုင်းရင်းသားလက်နက်ကိုင်တွေ
အနောက်ကနေ ကူညီထောက်ပံ့ပေးနေတဲ့အဖြစ်မျိုးမလုပ်ဖို့ ပြောခဲ့တယ်...
အရေးပါတဲ့ ကျောက်ဖြူစီမံကိန်းနဲ့ ဆက်စပ်နေတဲ့ စာချုပ်တွေအပေါ် မယုတ်
မလွန်ပဲ ပြောထားပြီး မန္တလေး-မူဆယ်-ကူမင်ရထားလမ်းကိုသာ ဖောက်လုပ်
ဖို့သာ MoUထိုးခဲ့တယ်... ပြောင်းလွယ် ပြင်လွယ်တဲ့အနေအထားမျိုးက တရုတ်
ကို မယုံကြည်ဘူးဆိုတာ တရုတ်ကလည်း သဘောပေါက်တယ်...။

ဒါသံရေးတမန်ရေးအရ ငြင်းပယ်လိုက်တယ်ဆိုတာ... မိတ်မပျက်ချင်တယ့်အပြင်
အိမ်နီးချင်းအင်အားကြီးနိုင်ငံအပေါ် ယဉ်ယဉ်ကျေးကျေးနဲ့ ပထုတ်တယ်ဆိုတာ...
နောက်ပြီး တရုတ်-အမေရိကန်တို့ရဲ့ အားပြိုင်မှုကို စောင့်ကြည့်နေပြီး မဟာဗျူ
ဟာမြောက်လှုပ်ရှားနိုင်ရင် မြန်မာအတွက် အခွင့်အလမ်းဆုပ်ကိုင်နိုင်မယ်ဆိုတာ
ဒေါ်စု ကောင်းကောင်းသဘောပေါက်တယ်... ဒါကြောင့် နဂိုကကျင့်သုံးခဲ့တဲ့ ဘက်မလိုက်မူဝါဒကို ဆက်လက်ကျင့်သုံးသွားမယ်ဆိုတာ ထုတ်ပြန်ခဲ့တယ်...

ဂျော့အန်ဆန်ဘယ်လီရဲ့ဆောင်းပါးဟာ တရုတ်တို့ရဲ့ မြန်မာပြည်အပေါ် နိုင်ထက်
စီးနင်းအကျင့်တန်မှုကို ဖော်ပြထားပြီး၊ မြန်မာနိုင်ငံအနေနဲ့ သည်အတိုင်းဆက်
ပြီးသွားရင် တရုတ်တို့ရဲ့ဝါးမျိုးမှုကို ဆက်ပြီးခံရလိမ့်မယ်လို့ သတိပေးထားတယ်...
တောင်တရုတ်ပင်လယ်ပြင်တွင် တရုတ်နဲ့ အာဆီယံ၊ ကပ္ပလီပင်လယ်ပြင်တွင် တရုတ်နဲ့အိန္ဒိယသာမက၊ အရှေ့တရုတ်ပင်လယ်တွင် ဂျပန်နှင့်တရုတ်တို့ ကျွန်း
များပိုင်ဆိုင်မှုအရေးနဲ့ ပြဿနာတတ်နေပြီး၊ အမေရိကန်ကလည်း တရုတ်ကို
ဖိအားပေးရေးအတွက် အင်ဒို-ပစိဖိတ်အားပြိုင်မှုအရ အင်အားသုံးဝင်ရောက်
လာပြီး ဖြစ်သည်...

တရုတ်နဲ့ အမေရိကန်တင်းမာမှုက  တောင်တရုတ်ပင်လယ်မှာ ကန်ဘက်က USS
Nimitz နဲ့ USS Ronald Reaganတို့ဟာ စစ်ရေးလေ့ကျင့်မှုတွေလုပ်နေခဲ့တယ်...
ဇူလိုင်လ၁၃ရက်နေ့မှာ US နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက သူ့ကြေညာချက်
မှာ ကုလသမဂ္ဂ၏ပင်လယ်ဆိုင်ရာဥပဒေ(UNCLOS)အရ ၂၀၁၆ ဇူလိုင်လ၁၂ရက်
တွင်ချမှတ်ခဲ့သော The Hagueရှိ သမာဓိခုံရုံးက ဖိလစ်ပိုင်ကိုအနိုင်ပေးခဲ့သော်
လည်း တရုတ်ကလျစ်လျူရှုခဲ့မှုကို ဖော်ပြခဲ့သည်...တရုတ်အနေဖြင့် အဆိုပါဆုံး
ဖြတ်ချက်ကို လျစ်လျူရှုပြီး ၎င်းတို့ထုတ်ခဲ့သော မျဉ်းပြတ်ကိုးခု (Nine- dash-line)တွင် ကျွန်းတုများ၊ ရေနံနဲ့သဘာဝဓာတ်ငွေ့စင်များ၊ လေယာဉ်ပြေးလမ်း
များကို တိုးချဲ့တည်ဆောက်နေသည့်အတွက် အာဆီယံနိုင်ငံများနှင့် ထိပ်တိုက်
တိုးနေပြီး ဖြစ်သည်...

ဖိလစ်ပိုင်၏ စကားဘရူ(Scarborough) ရေတိမ်သောင်ခုံနှင့် ပတ်သတ်၍ ဖိလစ်
ပိုင်၏ပိုင်ဆိုင်ကြောင်းကို အမေရိကန်က ထပ်လောင်းအတည်ပြုခဲ့သလို၊ Second
Thomas ရေတိမ်သောင်ခုံနှင့် Mischief ကျောက်တန်းနေရာများအပေါ် ပိုင်ဆိုင်
မှုနှင့်ပတ်သတ်၍ တရုတ်နိုင်ငံ၏ ပြောဆိုချက်ကို ပယ်ချခဲ့သည်...

ယခုအခါ တရုတ်နိုင်ငံက ပြန်လည်သိမ်းပိုက်ထားသည့် Mischief ကျောက်တန်း
နှင့် Second Thomas ရေတိမ်သောင်ခုံနှင့်ပတ်သတ်၍ ထိုနေရာနှစ်ခုလုံးကို ဖိလစ်
ပိုင်နိုင်ငံ၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုနှင့် တရားစီရင်ပိုင်ခွင့်အောက်တွင်
အပြည့်အဝကျရောက်နေကြောင်း အမေရိကန်က ဖိလစ်ပိုင်၏ တောင်းဆိုမှုဘက်
မှ ပွင့်ပွင့်လင်းလင်း ရပ်တည်လာသည်...ထို့ပြင် စွမ်းအင်ကြွယ်ဝသော Natuna
Besar ကျွန်း(အင်ဒိုနီးရှား)၊ Vanguard Bank(ဗီယက်နမ်)၊ Luconia ရေတိမ်
သောင်ခုံများ(မလေးရှား)၊ ဘရူးနိုင်၏ EEZစသည့် အာဆီယံနိုင်ငံများ၏ ပတ်
ဝန်းကျင်မှ ရေပိုင်နက်များများအပေါ် တရုတ်နိုင်ငံ၏ ပိုင်ဆိုင်ကြောင်း ပြောဆိုမှု
မှန်သမျှကို အမေရိကန်က ပယ်ချထားသည်...

တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်အငြင်းပွားမှုပြဿနာများကို နိုင်ငံတကာ
ဥပဒေနှင့်အညီသာ ဖြေရှင်းရမည်ဆိုသည့်အကြောင်း ခိုင်မာသည့်ကြေညာချက်
တစ်ရပ်ကို အရှေ့တောင်အာရှနိုင်ငံများက ၂၀၂၀ခုနှစ် ဇွန်လ၂၆ရက်နေ့ အာဆီယံထိပ်သီးအစည်းအဝေးတွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်...

ကိုဗစ်ကြောင့် ကမ္ဘာတစ်ဝန်းလုံးထိခိုက်ခံနေရချိန်တွင် တရုတ်၏ အဆောတလျင်
တောင်တရုတ်ပင်လယ်တွင် ၎င်းတို့၏ Nine-dash -lineအစီအစဉ်အရ စစ်ရေး
လေ့ကျင့်ခြင်း၊ ဖိလစ်ပိုင် ဗီယက်နမ်တို့၏ ငါးဖမ်းလှေများကို တိုက်ခိုက်နစ်မြုပ်
ခြင်းစသည့် ရန်စကျူးကျော်မှုများကို ပြုလုပ်နေသည်... ထိုအချက်ကြောင့် US
မှ တောင်တရုတ်ပင်လယ်ပြင်တွင် လေယာဉ်တင်သဘောင်္ နှစ်စင်းစေလွှတ်၍ အာ
ဆီယံနိုင်ငံများကို မူတည်၍ ထိပ်တိုက်ရင်ဆိုင်ရန် ကြိုးပမ်းလာသည်... စစ်အေး ခေတ်သီအိုရီအရ အကြောင်းပြချက်ကောင်းကောင်း ရှာတွေ့ပြီးဖြစ်သည်...တောင်
တရုတ်ပင်လယ်ကျွန်းများနှင့် ပတ်သတ်၍ တရုတ်နှင့် အာဆီယံတို့ အငြင်းပွားလေ
အမေရိကန်တို့ အကြောင်းပြချက်ရလေလေဖြစ်သည်...

တရုတ်ဘက်က အိန္ဒိယနှင့်လည်း ရန်စောင်နေပြီး၊ ထိုအခြင်းအရာကြောင့် အိန္ဒိ
ယသမုဒ္ဒရာအတွင်း အိန္ဒိယနှင့် အမေရိကန်လေယာဉ်တင်သဘောင်္ USS Nimitz တို့သည် ကပ္ပလီပင်လယ်ပြင်နှင့်နီကိုဘာကျွန်းများတွင် ဒုတိယအကြိမ်စစ်
ရေးလေ့ကျင့်နေသည်... ၂၀၁၉ နိုဝင်ဘာလတွင် အိန္ဒိယနှင့်ကန်တို့ ပထမအကြိမ်
စစ်ရေးလေ့ကျင့်အပြီး ယခုဒုတိယအကြိမ် စစ်ရေးလေ့ကျင့်မှုသည် တရုတ်တို့၏
မဟာဗျူဟာမြောက် ပိုးလမ်းမ(BRI)ကို ချေဖျက်ပစ်ရန် ခြေလှမ်းဖြစ်သည်...
အိန္ဒိယရေတပ်က ဒီစစ်ဆင်ရေးကို Passage ဆက်ဆံရေးပေါင်းကူးလေ့ကျင့်
မှုလို့ နာမည်ပေးထားတယ်...

စစ်ဖြစ်၊ မဖြစ် ယတိပြတ်မပြောနိုင်သော်လည်း ဒုတိယကမ္ဘာစစ်ပြီးချိန် ကန်-ဆိုဗီ
ယက် စစ်အေးခေတ်ထက်ပင် အားပြိုင်မှုက ပြင်းထန်နေသည်... တစ်ခါတစ်ရံ
အမေရိကန်၏ နိုင်ငံခြားရေးပေါ်လစီမှာ ခပ်ကြောင်ကြောင်နိုင်သော်လည်း စီး
ပွားရေး၊နိုင်ငံရေးသိပ္ပံဆိုင်ရာနှင့် ပထဝီနိုင်ငံရေးဆိုင်ရာ strategic တွင် အမေရိကန်က အမြဲတမ်းModify လုပ်နိုင်သောကြောင့်  ကမ္ဘာကြီးကို မောင်းနှင်
နေဆဲရှိသည်သာဖြစ်သည်...

တရုတ်တို့သည် စီးပွားရေးတွင် ကမ္ဘာဒုတိယအင်အား ကြီး နေရာသို့ရောက်လာသော်လည်း စစ်ရေး၊နည်းပညာများတွင် USမဆိုထားဘိ ရုရှားထက်ပင်နောက်ကျနေသေးသည်...၎င်းတို့၏ခပ်လျိုလျိုမူဝါဒ(တိန့်ပေါ်လစီ) အခြေခံပြီး၊ နောင်နှစ်ပေါင်း ၂၅နှစ်အကြာမှ အစွယ်ထုတ်ပြလျှင် တရုတ်တို့ Super
Powerကို လွှဲပြောင်းယူနိုင်သော်လည်း၊ ရှီကျင့်ဖျင်၏ လောဘရမ္မက်ကြီးမှု
နှင့် မော်စီတုန်းထက်ပင် အာဏာကိုချုပ်ကိုင်မှု တစ်ဘက်စောင်းနင်းရောက်
လာမှုကြောင့် ကမ္ဘာရေကြောင်းသွားလာမှု၏ သုံးပုံနှစ်ပုံရှိသောတောင်တရုတ်
ပင်လယ်ကျွန်းများအပေါ် ၎င်းတို့သာ ပိုင်ဆိုင်ကြောင်း Middle kingdom
အစွယ်ကို ထုတ်ပြခဲ့သည်...

တရုတ်-အိန္ဒိယနယ်စပ်ဖြစ်သည့် လာဒါ့ရ်ှဒေသပြဿနာကို အရှိန်လျှော့ချ
နိုင်ခဲ့သော်လည်း၊ WHO၏ ကိုဗစ်စဖြစ်ရာ ဝူဟန်မြို့သို့ စစ်ဆေးရန်ရောက်
ရှိလာမှုကိုလည်း ရေကြီးမှုနှင့် ရော၍ တရုတ်ပြည်အလယ်ပိုင်း ဟူဘေးပြည်
နယ်ရှိ ယန်စီမြစ်ရေကိုဖောက်ချမှုကြောင့် တရုတ်ပြည်သူ သန်း၄၀ကျော်
ရေဘေးဒုက္ခရောက်နေမှုများသည် အပေါ်ယံမျက်လှည့်ပြမှုဖြစ်ကြောင်း
နိုင်ငံတကာက သုံးသပ်လာကြပြီးဖြစ်သည်...

Trump၏ ကွက်ကျော်မြင်နိုင်စွမ်းရှိသော စီးပွားရေးဗျူဟာအောက်တွင်
တရုတ်တို့ ထောင်ချောက်ကို မြင်နေရက်ကနေ လောဘကြောင့် ခြေလှမ်း
ပြန်နုတ်လို့မရပဲ ကျွံဝင်နေရက်သားဖြစ်သည်... ကုန်သွယ်ရေးတိုက်ပွဲကနေ
နည်းပညာတိုက်ပွဲအစ ယခု စစ်အင်အားပြခြင်း၊ စစ်အေးတိုက်ပွဲကြီး
ထွားလာမှုအဆုံး Trump လိုချင်နေသည်က တရုတ်ဘက်က ကျည်စထွက်
ဖို့ပင်... ဘေဂျင်း-ဝါရှင်တန် စကားလုံးတိုက်ပွဲများအဆုံး အမေရိကန်၏
ဝိုင်းပတ်ပိတ်ဆို့ရေးဗျူဟာ(China Containment Policy) သည် ပြီးပြည့်
စုံနေပြီး ဖြစ်သည်...

အီရန်ဘက်ကနေ ဖိအားလျှော့ရန် တရုတ်လုပ်ဆောင်လာမှုအပေါ်တွင် ဇွန်လ
၂၀ရက်တွင် အစ္စရေးက ၁၉၆၇ ၆ရက်စစ်ပွဲကမေ ၎င်းတို့သိမ်းပိုက်ထားသည့် ဂိုလန်ကုန်းမြင့်ကနေ ဆီးရီးယားအခြေစိုက် အီရန်စစ်စခန်းတစစ်ခုကိုတိုက်ခိုက်ခဲ့
သည်... အမေရိကန်ဥာဏပစ္စည်းမူပိုင်ခွင့်ကို တရုတ်ဘက်က မကြာခဏခိုးယူ
မှုကြောင့် ဇူလိုင် ၂၂ရက် အဂါင်္နေ့တွင် တက္ကဆက်ပြည်နယ် ဟူစတန်ရှိ တရုတ်
ကောင်စစ်ဝန်ရုံးကိုပိတ်ပစ်ရန် USနိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက အမိန့်
ပေးခဲ့သည်...ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ်သုတေသနလုပ်နေတဲ့ USကုမ္ပဏီတွေ
ကို စုံစမ်းတာအပြင် အခြားခိုးယူမှုတွေလုပ်ဖို့ တရုတ်အစိုးရထောက်လှမ်းရေး
တွေဆီက အကူအညီယူခဲ့တယ်ဆိုပြီး တရုတ်အမျိုးသား အီလက်ထရောနစ်
အင်ဂျင်နီယာဟောင်း လီဇောင်ဝူနဲ့ ဒေါင်ဇီဟီတို့ကို ဇူလိုင်၂၁ရက်မှာ ဖမ်းဆီးလိုက်တယ်...

တရုတ်ဘက်ကလည်း ဇူလိုင်၂၄ရက်မှာပဲ ဝူဟန်မြို့မှာရှိတဲ့ အမေရိကန်ကောင်စစ်
ဝန်ရုံးကို ပိတ်သိမ်းဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက အမိန့်ထုတ်လိုက်ပြီးဖြစ်တယ်...
တစ်ဖက်နှင့်တစ်ဖက် ကောင်စစ်ဝန်ရုံးတွေ ပိတ်သိမ်းမှုနောက်ကွယ်မှာ အခြေအနေ
က ပြန်လည်စေ့စပ်ညှိနှိုင်းဖို့ဆိုတာ ခဲယဉ်းသွားပြီး ဖြစ်တယ်...

အဓိက အိန္ဒိယသမုဒ္ဒရာထွက်ပေါက်မှာ တရုတ်တို့ရဲ့ ဗျူဟာမြောက်အထိုင်ချမှု
ကို အပြီးတိုင်ချေဖျက်ဖို့ လုပ်ဆောင်လာချိန်မှာ ဂျော့အန်ဆယ်လဘီရဲ့ ဆောင်း
ပါးဟာ မြန်မာအပေါ် အမေရိကန်ရဲ့မူဝါဒသစ်ကို ထင်ဟပ်စေပြီး၊ တရုတ်တို့ရဲ့
မြန်မာအပေါ် စီးပွားရေးလုပ်ကိုင်မှုကြောင့် မြန်မာရဲ့လူနေမှုဘဝနဲ့ သဘာဝပတ်
ဝန်းကျင်ကို ထိခိုက်ကြောင်း ရေးထားတယ်... အဓိက တရုတ်နဲ့ မြန်မာတပ်ချုပ်
တို့ရဲ့ ဇူလိုင်၁၆ရက်တွေ့ဆုံမှုကနေ တရုတ်ကို မြန်မာက ထောက်ခံကြောင်း သဘော
ထားကြေညာချက်ထုတ်အပြီးမှာ ဖြစ်ပေါ်လာတဲ့အတွက် တရားဝင်အစိုးရရဲ့
သဘောထားကိုသာ သိလိုကြောင်း ဆောင်းပါးရေးလိုက်တာပါ...

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနဘက်က ဒီအရေးမှာ ဘက်မလိုက်မူဝါဒကျင့်သုံးကြောင်း သဘောထားထုတ်ပြန်ခဲ့ပြီးဖြစ်လို့ တပ်ချုပ်သဘောထားသည် အရာမဝင်ဘူးလို့ ပြလိုက်တာပဲဖြစ်တယ်...ကြက်လည်း မော၊ ယာလည်းကြက်လို့ ဆိုရမယ့် သည်မူဝါဒဟာ ကျွဲနှစ်ကောင်ကြားမှာ မြေစာပင်ဖြစ်ရမယ့် တပ်ချုပ်ရဲ့တရုတ်ဘက်လိုက်မယ့်မူဝါဒထက် အပုံကြီးသာတယ်...

သွေးအေးမနေပါနဲ့...

သွေးပူပူနဲ့လည်း မဆုံးဖြတ်ပါနဲ့...

မြန်မာမြေအပေါ် ကျည်ကျမခံပဲနဲ့ ရခိုင်ဒေသမှာစစ်ပွဲဖြစ်နေမှုကို ငြမ်းသက်နိုင်မယ့် နိုင်ငံခြားရေးပေါ်လစီတစ်ရပ်ကို အမြန်ဆုံးလုပ်ဆောင်နိုင်ပါစေလို့...။

Written by: A.M.H#(Irony)
Thant Zin Aung

#ပြောင်းလဲမှုတွေဆက်လုပ်ဖို့NLDကိုမဲပေးစို့

#ပြောင်းလဲမှုတွေဆက်လုပ်ဖို့NLDကိုမဲပေးစို့

ကျနော် NLD ကို 100% မကြိုက်ပါဘူး 😊

(ဒီ ၅နှစ်တာ ကာလမှာ NLD အစိုးရဟာလည်း အလွဲတွေ အများကြီးနဲ့ပါ 😁)

ဒါပေမယ့် NLD ကိုပဲ မဲပေးမှာ (No Choice ပါ) 😊

ဘာကြောင့်လဲဆိုတော့
အဘကြောက်ရ၊ အဘသားသမီးကြောက်ရ၊
အဘတပည့်ကြောက်ရ၊ အဘဘောမကြောက်ရ
အစိုးရကို ဘာမှထောက်ပြဝေဖန်ခွင့်မရတဲ့
အဘသားကား သွားတားမိလို့
ကားပေါ်ကဆင်းပြီး ပါးအရိုက်ခံရတဲ့
မော်တော်ပီကယ်လိုမျိုး
အာဏာရှင်အစိုးရအောက်က
နင်းပြားပြည်သူတွေဘဝမျိုးကို
ပြန်မရောက်ချင်လို့ပါပဲ

NLD အစိုးရကို ပိုက်ဆံရှိရှိ မရှိရှိ ကျနော်တို့ ကြိုက်သလိုဝေဖန်ခွင့်ရှိတယ် မကြိုက်တဲ့ဝန်ကြီးကို ကြိုက်သလို တိုင်ခွင့်ရှိတယ် 😊

အာဏာရှင်အစိုးရ လက်ထဲပြန်ရောက်သွားရင်တော့ ပိုက်ဆံမချမ်းသာရင်၊ အာဏာရှင်နဲ့မပိုင်ရင် အီးတောင်ကျယ်ကျယ်ပေါက်လို့ ရမယ်မထင်နဲ့ဗျို့ 😊

ကြက်သားဆီပြန်ချက် မစားရရင်နေပါဗျာ
ငါးပိချက် အတို့အမြှုပ်နဲ့ စားနေရတဲ့ဘဝနဲ့စာရင်
ကြက်ဘူးလေးနဲ့ စားရတဲ့ဘဝက အပုံကြီးသာပါတယ်ဗျာ 😊

ဒီ ၅ နှစ်တာကာလမှာ NLD အစိုးရဟာ 75% ပဲ လုပ်ပိုင်ခွင့်ရပါတယ်။ ကျန် 25% ကို ပြည်သူ့ရွေးချယ်မှုမပါဘဲ လွှတ်တော်ထဲအော်တိုရောက်နေတဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် 25%က ကိုင်ထားပါတယ် ။ ဒါကြောင့် ပြီးခဲ့တဲ့ ၅နှစ်မှာ ကျနော်တို့ဟာ ဒီမိုကရေစီကို 75% သာ ခံစားခွင့် ရခဲ့ပါတယ်။

NLD 100% လုပ်ပိုင်ခွင့်ရဖို့၊ ဒီမိုကရေစီကို 100% အပြည့် ခံစားခွင့်ရဖို့ဆိုရင် ပြည်သူ့ရွေးချယ်မှုမပါဘဲ လွှတ်တော်ထဲအော်တိုရောက်နေတဲ့ တပ်မတော်သား လွှတ်တော်အမတ် 25% ကို ဖယ်ရှားနိုင်မှ/သူတို့က ဖယ်ပေးမှ ဖြစ်မှာပါ။

အသိမိတ်ဆွေထဲက သဘောထားမတိုက်ဆိုင်တဲ့သူများကိုလည်း စိတ်အနှောင့်အယှက်ဖြစ်ရင် တောင်းပန်ပါတယ် 😊

 လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါတယ်
ကိုယ့်ယုံကြည်ရာ မဲပေးကြတာပေါ့ဗျာ 😊

ပညာတတ်တွေ ဥာဏ်ရှိကြပါ အခြေခံလူတန်းစားတွေကို အသိတွေ ဖြန့်ဝေပေးကြပါ 😊

လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)

Wednesday, July 15, 2020

#အစိုးရနှင့်အုပ်ချုပ်ရေ

#အစိုးရနှင့်အုပ်ချုပ်ရေး

စင်္ကာပူရွေးကောက်ပွဲနောက် မိမိတို့နိုင်ငံ၏ ရွေးကောက်ပွဲသည်လည်း
မကြာမီကျင်းပတော့မည် ။ စင်္ကာပူအစိုးရ PAP ကား " လှေကားမတွေ့ရဘဲ
ထန်းပင်ပေါ်ရောက်နေသည့်သူ " နှင့်တူလှသည် ။ မိမိတို့ အစိုးရ NLDကား
အုပ်ချုပ်ရေးသက်တမ်း ၅နှစ်မျှသာရှိသေး၍ တဆင့်ခြင်းတိုးတက်သွားရန်
အချိန်လိုသေးသည် ။ ပထမအုပ်ချုပ်ရေးသက်တမ်းအတွင်း ဘယ်ဝန်ကြီး
(သို့)ဘယ်အစိုးရမျှ ပြည်သူနှင့်တသားတည်းဖြစ်သည်မရှိခဲ့ပါ ။ ထိုအပြင်
မိမိတို့နိုင်ငံသည် One Government Two Administrations ဆိုသည်ကို
သတိပြုသင့်သည် ။ အုပ်ချုပ်ရေးအာဏာ နှစ်ခုကွဲနေသည့်အပြင် ပြည်သူ့
အစိုးရအူပ်ချုပ်ရသော ဌာနတိုင်းလိုလို၌ " မိုးကျရွှေကိုယ် " များက
ရာထူးကြီးများကို စနစ်တကျ ဝင်ရောက်နေရာယူထားကြသည် ။
မိုးကျရွှေကိုယ်များသည် လက်ရှိအစိုးရကို သစ္စာခံသူများ မဟုတ်ကြပါ ။
စစ်အစိုးရထောက်ခံသူများနှင့် ကိုယ်ကျိုးသက်သက်ကြည့်သူများသာ
ဖြစ်ကြသည်။ ( တချို့သောသူများအား အကောင်းဘက်မှ
တွေးပေးနိုင်သည်)

အစိုးရနှင့်အုပ်ချုပ်ရေးကို တချို့က အတူတူစဉ်းစားလေ့ရှိကြသည်။
အစိုးရဟူသည်ကား အုပ်ချုပ်ရေး( Administration) နှင့် နိုင်ငံရေးဝါဒ
( Politics) တို့၏ ပေါင်းစပ်မှုသာ ဖြစ်ပါသည် ။ အစိုးရသည် အုပ်ချုပ်ရေး
နှင့်နိုင်ငံရေး ပေါင်းစပ်မှုဖြစ်သဖြင့် အုပ်ချုပ်ရေး၌ နိုင်ငံရေးမပါသည်ကို
သတိပြုသင့်သည် ။ သို့သော်လည်း အုပ်ချုပ်ရေးတွင် နိုင်ငံရေးကင်းသည်ဟု
မပြောနိုင်ပါ ။ အုပ်ချုပ်ရေးသည် အစိုးရမှ ပေါက်ဖွားလာရခြင်းကြောင့်
ဖြစ်သည် ။ အုပ်ချုပ်ရေးသည် အစိုးရမှ ချမှတ်ပေးလိုက်သော မူဝါဒများကို
တိတိကျကျ အသေးစိတ်ရုပ်လုံးဖော်ရသော ယန္တယားတခုလည်းဖြစ်သည် ။
အစိုးရ၏လုပ်ငန်းနှစ်ခုရှိရာ တခုက မူဝါဒချမှတ်ရပြီး ကျန်တခုက
၎င်းမူဝါဒကို အကောင်အထည်ဖော်ရခြင်းဖြစ်သည် ။ ထိုမူဝါဒကို
အကောင်အထည်ဖော်ရသော အပိုင်းသည် အုပ်ချုပ်ရေး၏ တာဝန်သာ
ဖြစ်ပါသည် ။

အစိုးရမှ မည်မျှကောင်းသော မူဝါဒများချမှတ်သည်ဖြစ်စေ
အကောင်အထည်ဖော်မည့် အုပ်ချုပ်ရေးယန္တယားသည်
ရည်ရွယ်ချက်နှင့်မကိုက်(သို့) ရည်ရွယ်ချက်ပျက်ပျားအောင်၊
ထိုအပြင် ရုပ်လုံးဖော်ကြမည့်သူများက ကျွမ်းကျင်မှုမရှိသော်
လိုရာမရောက်ဘဲ တိုင်းပြည်လည်းနင့်နာရပါမည်။
မိမိတို့၏ ခေါင်းဆောင်များသည် မည်မျှပင် ကောင်းသည့်စေတနာနှင့်
တိုင်းပြည်ကောင်းစားရေးအတွက် မူဝါဒများ သတ်မှတ်ငြားသော်လည်း
ရည်ရည်ချက်နှင့်မဆီလျှော်သည့် အုပ်ချုပ်ရေးယန္တယားကြီးကို
မောင်းနှင်ကာ အကောင်အထည်ဖော်နေပါလျှင် ပြည်သူလူထုအတွက်
အကျိုးများနိုင်မည် မဟုတ်ပေ ။ အုပ်ချုပ်ရေးနှင့်အစိုးရကိုခွဲမြင်ရန်
လိုသည် ။ ထိုပြင် အုပ်ချုပ်ရေး နှစ်ရပ်ကွဲနေသည်ကိုလည်း မမေ့အပ်ပေ။
ယနေ့ ပြည်သူ့အစိုးရသည် စစ်တပ်အုပ်ချုပ်ရေးကို အမိန့်မပေးနိုင် ။
၎င်းအပြင် စစ်တပ်အုပ်ချုပ်ရေးသည် မြန်မာ့နိုင်ငံရေးတွင်
နေရာတခုယူထားသည် ။ နိုင်ငံရေးမှဖယ်ရှား၍ မရအောင်
အခြေခံဥပဒေနှင့် စိတ်ကြိုက်စီမံထားပြီးလည်းဖြစ်သည် ။

မြန်မာနိုင်ငံအုပ်ချုပ်ရေးသမိုင်းကိုကြည့်ပါကလည်း ရှေးမြန်မာ
မင်းများကို “ Despot “ များအဖြစ် ရေးသားတာခံရဖူးသည်။
သို့သော်လည်း ထိုကဲ့သို့မထင်မိပါ လွှတ်တော်ဆိုသော
စကားသည် ပုဂံခေတ်ကတည်းက ရှိခဲ့ပြီးဖြစ်သည် ။ ထိုခေတ်
အုပ်ချုပ်ရေးသည် ပြည်သူထက် ရှင်ဘုရင်ကိုသာ မျက်နှာမူရ၏။
အင်္ဂလိပ်အုပ်ချုပ်ရေးခေတ်တွင် အုပ်ချုပ်ရေးအသွင်သဏ္ဍန်
ပြောင်းလဲသွားသော်လည်း မိမိတို့လူမျိုးများကား
အထက်ပိုင်းရာထူးများ မရခဲ့ကြ ။ ရှိသော်လည်း နည်းလှသည် ။
ထိုအပြင် အင်္ဂလိပ်အုပ်ချုပ်ရေးကို စိတ်ဝင်စားခြင်းမရှိကြချေ ။
သက်တမ်း၁၂၀တည်ဆောက်ခဲ့သော အင်္ဂလိပ်ခေတ်
အုပ်ချုပ်ရေးအဆောက်အအုံကား အခိုင်အမာကျန်ခဲ့၏ ။
ဂျပန်ခေတ်အုပ်ချုပ်ရေးကား ထူး၍ပြောစရာမရှိခဲ့ပေ ။
လွတ်လပ်ပြီးစ ဒီမိုကရေစီခေတ်အုပ်ချုပ်ရေးသည်
တိုင်းပြည်ထက် နိုင်ငံရေးခေါင်းဆောင်များနောက် လိုက်ကြသည်ဟု
မြင်မိသည် ။ ဖဆပလ နှစ်ခြမ်းကွဲရာတွင် ပို၍မြင်သာသည် ။
နိုင်ငံရေးမှာ တည်ငြိမ်မှုမရှိ၍အုပ်ချုပ်ရေးသည် တိုးတက်
သင့်သလောက် တိုးတက်မလာတော့ပေ ။ နောက်ပိုင်း စစ်အစိုးရ
တလျှောက်လုံး မှားယွင်းသော မူဝါဒများကို အကောင်အထည်ဖော်ရင်း
အုပ်ချုပ်ရေးဌာနများသည် အဂတိလိုက်စားမှုများသာ
ကျန်ခဲ့တော့သည် ။ လုပ်ငန်းပိုင်း မကျွမ်းကျင်မှုများအပြင်
အရာရှိဖြစ်ရေးသာ ဦးတည်လာကြပြီး ဂုဏ်သိရ်သည်လည်း
ပျောက်ဆုံးခဲ့ရသည် ။ တိုးတက်လာသည့် အုပ်ချုပ်ရေး
ပညာရပ်တို့နှင့် ဝေးကွာခဲ့ရသည် ။ ရာထူးထက် ဌာနရွေးချယ်
လာကြသည် ။ အရပ်ဘက်အုပ်ချုပ်ရေးဌာနများသည်
စစ်ဘက်အုပ်ချုပ်ရေးအောက်၌ လွတ်လပ်စွာအုပ်ချုပ်ခွင့်
မရှိခဲ့ကြပါ ။ ဖားရင်း၊ ဖိရင်း ၊ မိုးခါးရေသောက်ရင်း၊
လူမှန်နေရာမှန်ပျောက်ဆုံးသော အုပ်ချုပ်ရေးကာလဟု
ဆိုနိုင်ပါသည် ။ ယနေ့ဒီမိုကရေစီအုပ်ချုပ်ရေးသည်ပင်
စစ်အစိုးတို့၏ ယန္တယားကိုဆက်ခံခဲ့ရပြန်သည်။
NLD အစိုးရခေတ်တွင် မူအားဖြင့်ပြောင်းလဲလာသည်
ထင်ရသော်လည်း အသွင်အားဖြင့်ပြောင်းလဲရန်ကြိုးစား
နေဆဲကာလဟု ထင်မြင်ချက်ပေးရန်ရှိသည် ။
အချိန်ပေးရန်လည်း လိုလိမ့်မည် ။

ရှင်ဘုရင်ခေတ် အမှုထမ်းတို့အား မင်းလုလင်၊ မင်းခယောက်ျားများ
အဖြစ်ခေါ်ဝေါ်ကြသည် ။ ထိုဝန်ထမ်းများသည် ဘုရင်၏
အမှုတော်ကိုသာ ထမ်းကြရခြင်းကြောင့်ဖြစ်၏ ။ အင်္ဂလိပ်
အစိုးရလက်အောက်၌ အမှုထမ်းရသူတို့အား အစိုးရဝန်ထမ်းဟု
ခေါ်ခဲ့ကြသည်ကို တွေ့ရသည် ။ အင်္ဂလိပ်အစိုးရ၏ တာဝန်ကို
ထမ်းရွက်ရခြင်းကြောင့် ခေါ်ခြင်းဖြစ်ပါသည် ။ ထိုနောက်
လွတ်လပ်ပြီးစ မြန်မာနိုင်ငံ၌ အစိုးရဝန်ထမ်းအစား ပြည်သူ့ဝန်ထမ်းဟု
ပြောင်းလဲခေါ်ဆိုလာကြသည် ။ အစိုးရတရပ်အား အမှုထမ်းခြင်းမဟုတ်
ပြည်သူက သူ့၌ရှိသောအာဏာကိုပါလီမန်ဒီမိုကရေစီနည်းဖြင့်
အမတ်တို့အား ရွေးချယ်ကာ အစိုးရတရပ်ဖွဲ့၍ အုပ်ချုပ်စေခြင်းကြောင့်
ပြည်သူ့တာဝန်ကို ထမ်းရွက်ရ၍ ပြည်သူ့ဝန်ထမ်းဟု ခေါ်ဆိုရခြင်း
ဖြစ်ပါသည် ။ ထို့ကြောင့်ပြည်သူနှင့်ဝန်ထမ်းတွင် ပြည်သူသည်
အခိုင်ခံမဟုတ် စေခိုင်းသူဖြစ်ကြောင်း သိသာပါသည် ။ ထိုအပြင်
ပြည်သူသည် အုပ်ချုပ်ခံမဟုတ် အုပ်ချုပ်သူသာဖြစ်သည် ။
စစ်အစိုးရလက်ထက် အစိုးရဝန်ထမ်းစိတ်ထားကြသော်လည်း
ယနေ့ ဒီမိုကရေစီအစိုးရလက်ထက်၌ ပြည်သူ့ဝန်ထမ်းစိတ်
မွေးမြူကြရန် အထူးလိုအပ်လှသည် ။ ပြည်သူ့ဝန် မဖြစ်ရန်လဲ
အရေးကြီးလှသည် ။

ယနေ့ အရပ်သားအစိုးရ၏ အခက်အခဲသည် အုပ်ချုပ်ရေးအာဏာ
အပြည့်အဝမရခြင်းအပြင် အုပ်ချုပ်ရေးယန္တယား၏ အဆင့်
နိမ့်ကျမှုလည်းပါဝင်သည် ။ ရုံးစာရေးမှသည် အတွင်းဝန်ထိ
စစ်အာဏာရှင်စနစ်ဆိုးအောက် နှစ်ပေါင်းများစွာနေလာကြ၍
အရိုးထဲထိ စွဲမြဲနေသော ဉာဉ်ဆိုးကလည်းရှိသည် ။ ထို့အပြင် မိမိ၏
နေရာသည် မည်သည့်နေရာ၌ရှိအပ်သည်ဟု သုံးသပ်ခြင်း
မရှိဘဲ လုပ်ငန်းရောထွေးစွာဆောင်ရွက်တတ်သော နိုင်ငံရေးမှ
ပုဂ္ဂိုလ်တို့သည်လည်း အကြောင်းရင်းတခုဖြစ်သည် ။
NLD အစိုးရ၏ ပထမသက်တမ်းသည် ပြုပြင်ရေးကာလဟုသာ
သတ်မှတ်ရပါမည် ။ အုပ်ချုပ်ရေးအာဏာ တိုးရန်လိုအပ်ပြီး
လာမည့်သက်တမ်းအတွက် အစိုးရတရပ် လွတ်လွတ်ကျွတ်ကျွတ်
ဖွဲ့စည်းနိုင်မှသာ တည်ဆောက်ရေးကို သွားနိုင်မည် ။ သို့မှသာ
ပြည်သူတို့လိုချင်သော အုပ်ချုပ်ရေးယန္တယားတခုသည်လဲ
ပီပီပြင်ပြင်ပေါ်ပေါက်လာမည်ဟုထင်ပါသည် ။ ပြည်သူတို့မှ
ပေါက်ဖွားလာသော အစိုးရသည်သာ ပြည်သူတို့၏ လိုဘကို
နားလည်နိုင်မည်ဖြစ်သည် ။ ဝန်ထမ်းတ်ု့၏ဘဝသည်လည်း
ဂုဏ်သိရ်အားဖြင့်၎င်း၊ အသွင်အပြင်အားဖြင့်၎င်း ကျေနပ်မှု
ရရှိကြမည်ဟုလည်း ယုံကြည်မိသည် ။

နိုင်ငံတနိုင်ငံ၏ စီးပွားရေး၊ နိုင်ငံရေးနှင့် လူမှုရေးများကို
ခေတ်မီသည့်အဆင့်အတန်းသို့ တိုးမြှင့်ရန်လိုအပ်ပါက
ထိုနိုင်ငံ၏ အုပ်ချုပ်ရေးအဆင့်အတန်းကိုလည်း
အလားတူတိုးမြှင့်နိုင်မှသာ ကိစ္စအဝဝအောင်မြင်နိုင်ပါမည် ။
ထို့သို့ဆောင်ရွက်နိုင်ရန် စစ်တပ်အုပ်ချုပ်ရေးသည်
နိုင်ငံရေးမှ ထွက်ခွာသွားရန်လိုပါသည် ။ သမိုင်းပေးတာဝန်ဟူသော
ဂျင်းကြီးကို ပြည်သူတို့အား မပေးရန်လိုသည်။
ယနေ့ပြည်သူတို့သည် သွယ်ဝိုက်အုပ်ချုပ်ရသောဒီမိုကရေစီမှ
ကျယ်ကျယ်ပြန့်ပြန့်အုပ်ချုပ်နိုင်သော ဒီမိုကရေစီစနစ်ထိ
ပါဝင်ပတ်သက်ရန် စိတ်အားပြင်းပြနေကြလေပြီ ။
ထို့ကြောင့် လာမည့်ရွေးကောက်ပွဲမှစ၍ လွတ်လပ်သောအစိုးရနှင့်
စနစ်ကျသော အုပ်ချုပ်ရေးသည်သာ ပြည်သူလူထုကို
ပေးအပ်ရန်ပင်ဖြစ်ပါသည် ။ သို့မှသာ ပြည်သူ၏အာဏာသည်
ရွေးကောက်ပွဲပေါ်၌ထင်ဟပ်ပြီး မဲပေးရခြင်း၏ အနှစ်သာရကို
ရရှိနိုင်မည်ဖြစ်ပါကြောင်း မဲဆန္ဒရှင်များကိုယ်စား ရေးသားမိပါသည်။

Credit #ဆရာဖုန်း

ProjectProject Management Triangle

Project Management Triangle

Quality cost time ဆိုတဲ့ ဒီတြိဂံလေးကို တွေ့ဖူးကြပါမယ်။ မြန်ကောင်းသက်သာဆိုပြီး မြန်မာမှုပြုကြတယ်။ project management triangle လို့ခေါ်ပါတယ်။ တြိဂံဆိုတဲ့အတိုင်း တစ်ခုနှင့်တစ်ခုက ဆက်စပ်နေတယ်။ တစ်ခုရဲ့ အနည်းအများ အလျော့အတင်းက ကျန်တဲ့၂ခုကို သက်ရောက်မှုရှိတယ်။ လူတိုင်းက အဲဒီ ၃ခုစလုံး အိုကေချင်တယ် ဆိုတဲ့ theory သဘောတရားအရ ရည်မှန်းချက်တွေ ထားနေကြပေမယ့် practical သဘောတရားအရ it is not possible to optimize all three – one will always suffer တဲ့။ ၃ခုစလုံး အိုကေဖို့ဆိုတာ မဖြစ်နိုင်ပါဘူးတဲ့။ တစ်ခုကတော့ အမြဲတန်း ကျန်နေမယ် ဖြစ်ပါတယ်။ pick any two ၂ခုသာရွေးချယ်နိုင်ပါတယ်လို့ ဆိုပါတယ်။
Fast, Good, Cheap ဆိုတဲ့ အဲဒီ pick any two ပုံကို Euler's diagram လို့ခေါ်ပါတယ်။
- quickly and to a high standard, but then it will not be cheap
- quickly and cheaply, but it will not be of high quality
- with high quality and cheaply, but it will take a relatively longer time ပါတဲ့။
မြန်ချင်ရင် ကောင်းချင်ရင် စျေးမပေါတော့ဘူး
မြန်ချင်ရင် စျေးပေါချင်ရင် မကောင်းတော့ဘူး
ကောင်းချင်ရင် စျေးပေါချင်ရင် မမြန်တော့ဘူး ဆိုပါတယ်။
အိမ်ဆောက်မယ်ဆိုတဲ့ အိမ်ရှင်တွေကို ဒီပုံလေးပြပြီး မေးလိုက်ပေါ့။ " Pick any two" လို့။

Credit @ #OriginalPost

#မုံရွာနည်းပညာကျောင်းသားညီငယ်တို့.... (2015)

#မုံရွာနည်းပညာကျောင်းသားညီငယ်တို့.... (2015)

ညီလေးတို့ကြိုးစားကြပါ။ တက္ကသိုလ်က ဘွဲ့လက်မှတ်တစ်ခုပဲပေးမှာပါ။ မင်းတို့ရဲ့ အောင်မြင်မှုနဲ့ မင်းတို့ရဲ့အနာဂတ်ကို မင်းတို့ကိုယ်တိုင်သာ ထုဆစ်ရမှာပါ။

မင်းတို့ရင်ထဲမှာ အင်ဂျင်နီယာကောင်း တကယ်ဖြစ်ချင်တဲ့စိတ်အားကြီးရင် ဘယ်အရာတွေကမှ မင်းတို့ကိုမတားဆီးနိုင်ပါဘူး။

ခု ဘီအီးဘွဲ့ရအောင်အရင်ကြိုးစားပါ။ ပြီးရင် စာများများဖတ်ပါ စာကြည့်တိုက်ထဲမှာပဲ တန်ဖိုးရှိတဲ့အချိန်တွေအသုံးချပါ။ (တို့တုန်းက ဒီလိုပြောမယ့်သူမရှိလို့ လေခဲ့ပေခဲ့တဲ့ အချိန်က ပိုများတယ်)

ကျောင်းပိတ်ချိန်တွေမှာ လက်တွေ့ပိုင်းတွေလေ့လာပါ ။ဖြစ်ချင်တယ်လို့ထိုင်အော်နေရုံနဲ့ မရပါဘူး။

ဖြစ်အောင်ကြိုးစားရမယ့်တာဝန်က မင်းတို့ငါတို့ လူတိုင်းမှာရှိပါတယ်။

ဘဝဆိုတဲ့ စာမေးပွဲက ကျောင်းစာမေးပွဲတွေထက် ပိုပြီးခက်ခဲပါတယ်။ မင်းတို့ထင်ထားတာထက် ပိုခက်ခဲလိမ့်မယ်။

ပင်ပမ်းမယ်၊ ဆင်းရဲမယ်၊ အနှိမ်ခံရမယ် ကျရှုံးမှုတွေရှိမယ်။ တခါတလေ လုံးဝလဲကျသွားမည့် အခိုက်အတန့်တွေရှိမယ်။ အဓိကအရေးအကြီးဆုံးက လဲကျတိုင်းပြန်ထလို့ တို့တွေဇွဲမလျော့ဘဲ ဆက်လျှောက်နေကြဖို့ပဲ။

အဆင်သင့်ဖြစ်အောင် ခုကတည်းက သင်ယူကြပါ၊ လေ့လာကြပါ၊ ကြိုးစားကြပါ၊ ရည်မှန်းချက်မြင့်မြင့်ထားကြပါ၊ ပြီးတော့ စာများများဖတ်ကြပါ။

မင်းတို့ငါတို့သာ အရည်အချင်းပြည့်ရင် ကမ္ဘာကြီးက တို့အတွက် တစ်နေရာရာတော့ အသေအချာရှိလိမ့်မယ်ကွာ။

အဝေးကြီးကို မကြည့်ပါနဲ့ မင်းတို့အနာဂတ်နဲ့ မင်းတို့အောင်မြင်မှုက မင်းတို့လက်ထဲမှာပါပဲ။

"ငှက်တွေ ပျံရင်းသေ လူတွေကြံရင်းသေ" တဲ့ အကိုတို့လည်း လောကဓံလှိုင်းလုံးတွေထဲ လဲကျလိုက်ပြန်ထလိုက်နဲ့ ရုန်းကန်နေဆဲပါပဲ။

လင်းဝေ
B.E (Electrical Power)
(2001-2006)
Monywa Technological University

#လုပ်ငန်းရှင်ပေါက်စ

#လုပ်ငန်းရှင်ပေါက်စ
(2020 Covid 19 အမှတ်တရ)

 Project ကနေ ပိုက်ဆံ ရစရာမရှိရင်တောင် ဝန်ထမ်းတွေအတွက် ပေးစရာရှိမှရမယ်
(ကိုယ့်ကို မှီခိုနေကြရသူတွေကိုး 😊 )

Project တွေက အပြိုင်အဆိုင်များတော့ စျေးတွေကလည်း အမြတ်တွေ ပိုပိုပါးလာ 😔

အရေးထဲ Covid က ထဖြစ်တော့ ကုမ္ပဏီ ရပ်မသွားဖို့ ကိုယ့်အိပ်ထဲကရှိတာလေး မစားရက်မသောက်ရက် စိုက်ပြီး လည်ရပတ်ရ 😭
(အကြွေးမကင်း သူဌေးမင်းဆိုလား 😁 စိတ်ရင်းကောင်းတဲ့ သူငယ်ချင်းကောင်းတွေဆီက ဟိုဟိုဒီဒီ ပိုက်ဆံပတ်ချေးရတာလည်း ပါသေး ကျေးဇူးမမေ့ပါဘူးလို့ 🙏🙏🙏)

ဝန်ထမ်းတွေကလည်း လစာပိုပိုတိုးချင် 🤯
(မစားလောက်ကြဘူးထင်ပါ့)

ကိုယ့်ဝန်ထမ်းတွေကို စားလောက်အောင် လစာကောင်းကောင်း ပေးချင်တဲ့စေတနာက ရင်ဘတ်နဲ့အပြည့်ပါပဲ 😊

(ဒါပေမယ့် ကုန်စျေးနှုန်းက တစ်နှစ်ထက်တစ်နှစ် ပုံမှန်တက်လာပေမယ့် လက်ခစျေးနှုန်းတွေ လွန်ခဲ့တဲ့၃နှစ်လောက်က စျေးတွေနဲ့ Project တွေကို အောက်စျေးနဲ့ ရှာနေရတဲ့ ဒုက္ခ 😟
လက်ခတိုးပြီး Project ရှာပြန်တော့ စျေးကြီးလို့တဲ့ Project မပေးချင်ကြ 😔)

ဝန်ထမ်းတွေကို လစာမှန်မှန် ပေးနိုင်ဖို့ 🤯

Project အသစ်တွေ ရဖို့ Project အသစ် ရှာဖို့ အလုပ်လေးရလိုရငြါး အလုပ်ရှင် သူဌေးတွေဆီ ပြေးရလွှားရ ဟိုလူ့အောက်ကျို့ရ ဒီလူ့အောက်ကျို့ရ (ရမရကတော့ မသေချာဘူး 😁)

Project လုပ်လက်စတွေ အချိန်မီပြီးစီးဖို့ Quality ကောင်းဖို့ ကိုယ့်အလုပ်ရှင်သူဌေးတွေ စိတ်ချမ်းသာဖို့ 😁

ကိုယ့်တပည့်တွေ/ကိုယ့်ဝန်ထမ်းတွေ သောက်တလွဲ လုပ်ကြရင်လည်း ဒူးဖက်မတတ် တောင်းပန်ရ 😂

(ခက်ခက်ခဲခဲရှာရတဲ့ Project တစ်ခုအပေါ် ဝန်ထမ်းတွေကလည်း တန်ဖိုးထားတတ်ဖို့လိုတယ် ဝန်ထမ်းကောင်းမှ ကုမ္ပဏီကောင်းမယ်လေ 😊)

အစိုးရကို အခွန်တွေ မှန်မှန်ဆောင်နိုင်ဖို့ 🥵

 (မြတ်မမြတ်မသေချာပေမယ့် အခွန်ဆောင်ဖို့ကတော့ သေချာတယ်လေ ခုတောင် အခွန်ရုံးက ဖုန်းတဂွမ်ဂွမ်ဆက်နေပေါ့ 😔)

လုပ်ငန်းရှင် တစ်ယောက်ရဲ့ဒုက္ခတွေ လုပ်ငန်းရှင် လုပ်ဖူးမှ သိလိမ့်မယ် ဒါတောင် ကုမ္ပဏီ သေးသေးလေးရှိသေးတယ် 😁

 ဒါတွေကို ရင်ဆိုင်ရဲမှ ကိုယ်ပိုင်လုပ်ငန်း လုပ်ကြပါလို့ 😁

Project တွေလိုက်ရှာနေရတာ မောတယ်ဗျာ
ဟူး ... 😢

လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)

Saturday, September 26, 2015

Chatting

ကျနော်နှင့် အွန်လိုင်းပေါ်မှ မိတ်ဆွေတစ်ဦး..

မိတ်ဆွေ။ ။"ဟိတ်ကောင်စကားအကြီးတွေပြောမနေနဲ့  မင်းအပါအဝင်မင်းမိသားစုအားလုံးနိုင်ငံတော်အတွက်မွေးထဲကဘာတာဝန်တွေကျေခဲ့ပြီလဲပြန်ကြည့်မင်းတို့တပ်မတော်မကောင်းကြောင်းပြောနေတာမင်းမရှက်ဘူးလားမင်းမီသားစုသွေးတစ်စက်ကြဘူးလားမင်းကိုခြင်စာတပ်မတော်သားဆိုတာကိုအသက်တောင်ကိုမပိုင်ဘူးကွ ကလေးမုန့်ဖိုးလောက်ရှီတဲ့လစာနဲ့အသက်ပေးလုပ်နေတာအပျော်လုပ်နေတယ်ထင်လား လူမျိုးနဲ့နိုင်ငံကိုချစ်တဲ့မျိုးချစ်စိတ်ကြောင့်ကွ မင်းတို့လိုကောင်မျိုးတွေရှီလို့ကတော့တပပ်မတော်လဲရှီမှာမဟုတ်ဘူး တပ်မတော်မရှီရင်အင်အားမရှီရင်မင်းအမေ မင်းနှမတွေ တရုပ်မယား ကလားမယားတွေဖြစ်နေပြီ ငကြောက်ရ"

ကျနော်။ ။"တာဝန်ကျေတယ်ဆိုတာဘာကိုပြောတာလဲ?

လူဆိုတာ ကိုယ့်နေရာကိုယ်နေ ကိုယ့်တာဝန်ကိုကျေရတယ်

စစ်သား- ပြည်သူကို ကာကွယ်ရမယ်၊ စစ်တိုက်ရမယ်၊ တရားမျှတရမယ်၊ လက်နက်အားကိုးနဲ့ အနိုင်မကျင့်ရဘူး

လယ်သမား-စပါးစိုက်ရမယ်
ဆရာဝန်-ဆေးကုရမယ်
အင်ဂျင်နီယာ-တိုင်းပြည်တည်ဆောက်ရမယ်
ဆရာဆရာမ-စာသင်ရမယ်

လူတိုင်းက သူ့နေရာနဲ့သူအရေးကြီးတယ်

ထမင်းလုံးက ထမင်းပန်းကန်ထဲမှာပဲ တင့်တယ်တယ်အသုံးဝင်တယ်  ခေါင်းပေါ်ရောက်သွားရင် အမှိုက်ပဲ အသုံးမဝင်ဘူး
ဆံပင်ကလည်း ခေါင်းပေါ်မှာပဲတင့်တယ်တယ် လှပတယ် ထမင်းပန်းကန်ထဲရောက်သွားရင် မတင့်တယ်တဲ့အမှိုက်ပါပဲ

ကျနော်စစ်သားတွေမမုန်းပါဘူး ကိုယ့်နေရာကိုနေ တာဝန်ကျေနေတဲ့စစ်သားတွေကို အစဉ်လေးစား ဂုဏ်ယူတန်ဖိုးထားတယ်

ဒါပေမယ့် စစ်သားကမှပိုတန်ဖိုးရှိတယ် ပိုတာဝန်ကျေတယ်ဆိုတာတော့ လက်မခံပါဘူး
လူတိုင်းဟာ သူ့နေရာနဲ့သူ တန်ဖိုးရှိကြပါတယ်

တာဝန်ကြေတဲ့စစ်သားဆိုတာ ပြည်သူတွေဘက်က အမှန်တရားဘက်က တသားထဲရပ်ပြီး ပြည်သူ့ရန်ကိုကာကွယ်ပေးတဲ့စစ်သား
စစ်ပညာ စစ်လက်နက်ထုပ်လုပ်မှုမှာ အဆင့်မြှင့် ပြည်တွင်းစစ်လုံးဝမရှိအောင်ကာကွယ်ပေးတဲ့စစ်သားကိုပြောတာ

အာဏာရှင်ခိုင်းတိုင်း
ပြည်သူကိုပစ်သတ်
ကျောင်းသားကို ပစ်သတ်
ဘုန်းကြီးကိုပစ်သတ်
သေနတ်နဲု့ချိန်ပြီးလယ်တွေသိမ်းတဲ့အလုပ်ဟာ
တပ်မတော်သားကောင်းတယောက်ရဲ့အလုပ် မဟုတ်ပါဘူး။

ကိုယ့်အလုပ်ကိုလုပ်ကြရမှာကို ဂုဏ်ဖော်ပြောနေစရာမလိုပါဘူး
သူများအလုပ်လည်းဝင်ရှုတ်စရာမရှိပါဘူး

ခုကျနော်ပြောနေတာတွေထဲမှာ စစ်သားမုန်းတီးရေးတစ်ခုမှ မပါပါဘူး

ဒီအနှစ် ၅၀  အတွင်းမှာ တိုင်းပြည်ကို ကမ္ဘာ့အဆင်းရဲဆုံး၊ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး အနိမ့်ကျဆုံးဖြစ်အောင် အုပ်ချုပ်နေကြတဲ့ ခေါင်းဆောင်ညံ့တွေနေရာမှာ ခေါင်းဆောင်ကောင်းတွေ ရွေးချယ်ကြဖို့ ပြောနေတာပါ။

ပြည်သူနဲ့စစ်သားမတဲ့လေ စစ်တပ်ခါးပိုက်ထဲထည့် တိုင်းပြည်ကို ထင်တိုင်း ရောင်းစားချင်နေတဲ့ အာဏာရှင် တဘို့တည်းသမားတွေက ကြိုက်လေပေါ့ဗျာ။

ပြည်သူတွေနဲ့ အောက်ခြေစစ်သားတွေက ဘဝတူ အဖိနှိပ်ခံ အသုံးချခံ အနင်းခံတွေပါ။
ပြည်သူနဲ့ တပ်မတော် ညီညွတ်ကြဖို့ အချိန်ရောက်ပါပြီ။

ပြည်သူကျွေးတာစားနေတဲ့ တပ်မတော်ဟာ နိုင်ငံအတွက် မရှိမဖြစ်နေနဲ့ ပြည်သူတွေဖက်က ရပ်တည်ပေးပါလို့ပဲ တောင်းဆိုချင်ပါတယ်။

ပြည်သူတွေနဲ့ တသားထဲရပ်ပြီး ပြည်တွေကို ကာကွယ်ပေးမယ့် ပြည်သူချစ်တဲ့တပ်မတော်ကို ကျနော်တို့ပြည်သူတွေက ထာဝရလေးစားပြီး တန်ဖိုးထားလျက်ပါပဲဗျာ"

မိတ်ဆွေ။ ။"တိုင်းပြည်ကောင်းစားဖို့ဆိုတာလူတိုင်းမှာတာဝန်ရှီပါတယ် အပြစ်ပြောနေမဲ့အစားတာဝန်တွေသိဖို့လိုပါတယ် လူတစ်ယောက်ထူးချွန်လို့နိုင်ငံတော်က ထောက်ပံ့ပြီး နိုင်ငံခြားမှာပညာတော်သင်လွှတ်လိုက်တယ် ပညာစုံတော့ အမိနိုင်ငံအလုပ်ကျွေးပြုစုရမှာကို သူ့ကိုယ်ကျိုးစီးပွားအတွက် သူများနိုင်ငံမှာစီးပွားသွားလုပ်တယ် ဖြစ်သင့်လား ကိုကျိုးအတွက်ကာကြည့်တတ်တဲ့ဒီလိုပညာတတ်မျိုးတွေကြောင့်နိုင်ငံမတိုးတက်တာပါအဓိကအကြောင်းရင်းကတော့ လူ့လောဘလူ့အတ္တ  ပညာမတတ်အယုံလွယ်သူ မိမိနဲ့မဆိုင်သလိုနေတဲ့သူတွေ  တွေကြောင့် တိုင်းပြည်မတိုးတက်တာပါ မိမိနဲ့မဆိုင်သလိုနေမယ် ဗိုဟ်ချုပ်လိုရဲရင့်တဲ့သူမပေါ်လာဘူးဆိုရင် ဒီတိုင်းသူ့ကျွန်ဘဝကဒီအချိန်ထိလွတ်မြောက်မှာမဟုတ်ဘူးသူငယ်ချင်းငါ့ခံယူချက်ကဒါပါပဲ"

ကျနော်။ ။"ခုလိုအမြင်ချင်းဖလှယ်ခွင့်ရတာ ဝမ်းသာပါတယ် ကျနော်တို့က ညီနောင်သားချင်းတွေပဲ
အစိုးရကောင်းရင် ကျနော်တို့အားလုံး အဆင်ပြေဖို့ အခွင့်အလမ်းတွေများတယ်
အစိုးရမကောင်းရင်တော့ ကျနော်တို့ဘဝတွေဒီထက်စုတ်ပြတ်သတ်နေမှာပါ
လက်ရှိအစိုးရကောင်းမကောင်းကို တခြားတိုးတက်တဲ့နိုင်ငံတွေနဲ့ စီးပွားရေး၊ ကျန်းမာရေး၊ဥပဒေ၊ပညာရေးတွေ ယှဉ်ကြည့်ပါ
ကျနော်တို့ရင်ဆိုင်နေရတဲ့ဘဝတွေနဲ့ယှဉ်ကြည့်ပါ
ဘယ်သူ့ကိုမှ ရွေးချယ်ပါလို့ ဇွတ်မတိုက်တွန်းပါဘူး
သေချာစဉ်းစားပြီး ကိုယ်ပိုင်အသိနဲ့ဆုံးဖြတ်ကြပါ
ကျနော်တို့ရဲ့ရွေးချယ်မှုဟာ ကျနော်တို့ မျိုးဆက်လူငယ်တွေနဲ့ တိုင်းပြည်ရဲ့ အနာဂတ်ပါပဲ

မြန်မာပြည်သားအားလုံး စနစ်ကောင်းကောင်း၊ တရားမျှတပြီး ဖက်မလိုက်ဘဲ တိကျတဲ့ဥပဒေကောင်းကောင်း၊ ပညာရေးအထောက်အပံ့ကောင်းကောင်း၊ ကျန်းမာရေးအထောက်ပပံ့ကောင်းကောင်းနဲ့
တခြားတိုးတက်တဲ့နိုင်ငံတွေလို အမြန်တိုးတက်ပါစေဗျာ

အဲဒါတွေအားလုံးအတွက်

ကျနော်တို့အားလုံးဟာ တယောက်ချင်းတိုင်းအရေးကြီးသလို တယောက်ချင်းတိုင်းမှာလည်း တာဝန်ရရှိပါတယ်ဗျာ"

လင်းဝေ

Saturday, April 11, 2015

အမေစုသာ

အမေစု အကျယ်ချုပ်က လွတ်လာတာ မနေ့တနေ့ကပါ အမေစုဟာ ခုချိန်ထိ ဘယ်လူမျိုးခြားဘာသာခြားတဦးတယောက်ကိုမှာ မြန်မာပြည်ထဲကို ဝင်ခွင့်၊နေထိုင်ခွင့် မပေးခဲ့ဖူးပါဘူး
လုပ်ပိုင်ခွင့်လည်းမရှိပါဘူး။

သူမဟာတရားအမြဲထိုင်လေ့ရှိတဲ့ ဘာသာရေးကိုင်းရှိုင်းတဲ့ ဗုဒ္ဓဘာသာ စစ်စစ်ပါ။

အမေစုက ဘယ်တုန်းကမှ ဘုန်းကြီးတွေ၊ ကျောင်းသားတွေ၊ လယ်သမား အလုပ်သမား ပြည်သူတွေကို သေနတ်နဲ့ မပစ်သတ်ခဲ့ဖူးဘူး။

မြန်မာစကားတောင် မတတ်တဲ့ သန်းနဲ့ချီတဲ့ တရုတ်၊ဘင်္ဂလား ဘာသာခြားတွေကို လာဘ်စားပြီး ဝင်ရောက်ခွင့် နေထိုင်ခွင့်ကဒ်ပြားတွေ ထုတ်ပေးခဲ့တာဟာ စစ်စိုးရပါ အအေစု မဟုတ်ဘူး။

ပညာရေးနိမ့်လို့ တချို့လူတွေ ဉာဏ်ရည်နိမ့်ပြီး အတွေးအခေါ်တွေ နိမ့်ကျရတာပါ

အမေစုနဲ့ ပြည်သူ ရန်တိုက်ပေးချင်တဲ့ မသမာသူတွေရဲ့ လှည့်ကွက်ထဲ မျောနေကြတာပါ

အမြင်ချင်းမတူတာ လက်ခံပါတယ်။ ကျနော်တို့ဟာ အမြင်ချင်းဖလှယ်ရင်း အမှန်တရားကို မြင်လာကြမှာပါ။

မြတ်စွာဘုရားတောင် အပြစ်ပြောကြသေးတာပဲ အမေစုလို ပုထုဇဉ်တယောက်ကို အပြစ်ပြောကြတာ မဆန်းပါဘူး။

တိုင်းပြည် မွဲသည်ထက်မွဲအောင် ချုးစားရောင်းစားပြီး ပြည်သူတွေကို ဒုက္ခရောက်အောင် လုပ်ခဲ့တာ လုပ်နေကြတာဟာ စစ်အစိုးရလား အမေစုလားဆိုတာ မြင်အောင်ကြည့်ပါ။

ကိုယ့်တဖို့တည်းအတွက် မျက်တောင်တဖျား မကြည့်ကြပါနဲ့ အများကောင်းကျိုးအတွက်မျက်ဝန်းတဆုံး ဟိုဘက်ထိ မြင်အောင် ကြည့်ကြပါ။

အမြင်ကျယ်ကျယ်နဲ့ တိုင်းပြည်တိုးတက်ရေးအတွက် ဆွေးနွေးကြတာပေါ့။

ကျနော်တို့အားလုံးဟာ မြန်မာနိုင်ငံသားတွေပါပဲ။ အစိုးရ ကောင်းခြင်းဆိုးခြင်းကို ကျနော်တို့ သားစဉ်မြေးဆက် အတူတူ ခံစားကြရမှာ ။

ကျနော်လည်း တမျိုးလုံး ဗုဒ္ဓဘာသာစစ်စစ်ပါ ပညာမဲ့အမြင်နဲ့မပြောပါနဲ့ဗျာ။ စာများများဖတ်ပါ အဲဒီလူတွေ ဒီလောက်များလာအောင် ဝင်ခွင့်ပေးခဲ့ တာ ပြီးတော့အဲဒီလူတွေ ငွေနဲ့ပေါက်ပြီး ထင်တိုင်းကြဲခွင့်ရအောင် ဥပဒေကို လက်တစ်လုံးခြားလုပ် လာဘ်စားပြီး ကာကွယ်ပေးနေကြတာဟာ အမေစု မဟုတ်ပါဘူး
ဘယ်သူတွေလည်းဆိုတာ သေချာစဉ်းစားပါဗျာ။

ဒါကြောင့် အစိုးရကောင်းကောင်းနဲ့ ဥပဒေကောင်းကောင်း လိုအပ်နေတာပေါ့ ဒီလူတွေဆက်အုပ်ချုပ်ရင် တနိုင်ငံလုံးရောင်းစားကြမှာ ရခိုင်မှာ ဘင်္ဂလားတွေ သန်းနဲ့ချီနေပြီ တရုပ်နယ်စပ် တွေမှာလည်း တရုပ်တွေ သန်းနဲ့ချီနေပြီ မန္တလေးမြို့ကြီးတောင် တရုပ်တွေ ကြီးစိုးနေပြီ။ ကျနော်တို့အားလုံးက ဘဝတူ ညီကိုတွေပါဗျာ။

အမေစု သမ္မတဖြစ်ရင် ဒါတွေဖြစ်လာမှာ မဟုတ်သလို ကမ္ဘာကလည်း ဝိုင်းဝန်းကူညီကြမှာ ပညာရေးလည်းကောင်းလာလိမ့်မယ် အဖက်ဖက်က ကောင်းလာဖို့သေချာပါတယ်။

တလှေတည်းစီးတဲ့သူအချင်းချင်း ပင်လယ်ပြင် လှေမှာက်ခဲ့ရင် အားလုံးနစ်မြုပ်ခံကြရမှာပါပဲ။

အားနည်းသူတွေနဲ့ အမှန်တရားဘက်က ရပ်တည်ပေးကြပါ။

ဒါဟာ မြတ်ဗုဒ္ဓရဲ့ လမ်းစဉ်ပါပဲ။

ရန်ုဖြစ်နေရမယ့် အချိန် မဟုတ်ပါဘူး။ စည်းလုံးကြရမယ့် အချိန်ပါ။

အားလုံး စိတ်ချမ်းသာကြပါစေ
စနစ်ဆိုးမှ ကင်းလွတ်ကြပါစေ...

လင်းဝေ

Friday, April 3, 2015

အရှက်အကြောက်တရား...

 ဘုရားရှင် ဟောကြားခဲ့သည်မှာ အရှက်အကြောက်တရားသည် လူသားတို့အတွက် အစောင့်အကြပ်တရားများပင် ဖြစ်လေသည်။ ဘုရားရှင်ဟောကြားခဲ့သော လူတိုင်းထားသင့်သော အရှက်အကြောက်တရားဆိုသည်မှာ မကောင်းတာ လုပ်ရမှာ၊ မဟုတ်တာမမှန်တာကို လုပ်ရမှာကို ရှက်ခြင်းနဲ့ကြောက်ခြင်း ဒီတရားနှစ်မျိုးပင် ဖြစ်လေသည်။
 
 ဒါပေမယ့် ပညာမဲ့သောသူတို့သည် ရှက်သင့်ကြောက်သင့်သည်ကို မရှက်မကြောက်ကြဘဲ မရှက်သင့်သည် မကြောက်သင့်သည်တို့ကို မိုက်မဲစွာ ရှက်ကြောက်နေကြသောအခါ လောကသည် ရုပ်ဆိုးအကျည်းတန်လာတတ်ပါသည်။
 
တခါတရံ ထိုမိုက်မဲသော အရှက်အကြောက်တရားသည် ပညာမဲ့သောသူတို့ကို ဖုံးလွှမ်းတတ်လေသည်။ ထိုမိုက်မဲသော အရှက်အကြောက်တရား ဖုံးလွှမ်းခြင်းခံရသော လူတယောက် အဖွဲ့အစည်း တခု၊ တိုင်းပြည်တခုသည် ဘယ်တော့မှ မအေးချမ်းနိုင်သလို ဘယ်တော့မှလည်း တိုးတက်သာယာနိုင်မည် မဟုတ်ပေ။
 
 ထိုမိုက်မဲသော အကြောက်တရားကြီးစိုးလာတဲ့အခါ လူတွေဟာ ကိုယ်ကျင့်တရားကို မစောင့်ထိမ်းနိုင်ကြတော့ဘူး။ ပြီးတော့ အမှန်တရားဆိုတာကိုလည်း မပြောရဲ မလုပ်ရဲကြတော့ပေ။
 
 ထိုမိုက်မဲသော အကြောက်တရားတို့မှာ
(၁) အမှန်တရား အတွက် မိမိကို ထောင်ချမှာကို ကြောက်ခြင်း
(၂) အမှန်တရား အတွက် မိမိကို ဖမ်းမှာ ကြောက်ခြင်း
(၃) အမှန်တရား အတွက် မိမိကို သတ်မှာ ကြောက်ခြင်း
(၄) အမှန်တရား အတွက် မိမိ မိသားစုကို ဒုက္ခပေးမှာ ကြောက်ခြင်း
(၅) အမှန်တရား အတွက် မိမိ ရာထူးပြုတ်မှာ ကြောက်ခြင်း
(၆) အမှန်တရား အတွက် မိမိစည်းစိမ်တွေ ယုတ်လျော့သွားမှာ ကြောက်ခြင်း
(၇) အမှန်တရား အတွက်  မိမိ အချောင်ရနေတဲ့ အခွင့်အရေးတွေ ဆုံးရှုံးမှာ ကြောက်ခြင်း
(၈) အမှန်တရား အတွက် မိမိရရှိနေတဲ့ အာဏာဆုံးရှုံးမှာ ကြောက်ခြင်း
စသည်ဖြင့် မိုက်မဲသော အကြောက်တရား များစွာရှိလေသည်။
 
မိုက်မဲသောအကြောက်တရား လွှမ်းမိုးခံရသူတို့သည် မဟုတ်မမှန်တာတွေလုပ်ဖို့ ၀န်မလေးကြတော့ပေ။ထိုကြောက်စိတ် ကြောင့်ပင် အမှားတွေကျူးလွန်ရင်း မှားပြီးရင်းမှားက အမှားသံသရာတွင် ပိတ်မိကြကာ အသိတရားကိုယ်ကျင့်တရားတို့ ကင်းမဲ့လာကြလေသည်။ ထို့ကြောင့်ပင် ကမ္ဘာကျော် အာဏာရှင်ကြီးတို့သည် ထိုမိုက်မဲသော အကြောက်တရား အသုံးချခဲ့ကြလေသည်။
 
ထို့ကြောင့် မိုက်မဲသော အကြောက်တရားသည် အလွန် ကြောက်စရာ ကောင်းလှပါသည်။ 

ထိုမိုက်မဲသော အကြောက်တရားသည် လောကကို ဖျက်စီးတတ်သော တရားပင်ဖြစ်လေသည်။ 

 လူ့ဘ၀သည် တိုးတောင်းလွန်းပါသည်။ ထိုတိုတောင်းလွန်းလှသော ဘ၀တိုတိုလေးတွင် ကျနော်တို့၏ ကံတရားသည် ကျနော်တို့နောက် အရိပ်ပမာ ထပ်ကြပ်မကွာ လိုက်ပါလာနေပါသည်။ ကျနော်တို့ ပြုလိုက်သော ကံတရား၏ ကောင်းမှုဆိုးမှုကို ယ္ခုဘ၀မှာပဲဖြစ်စေ၊ နောင်တမလွန်ဘ၀မှာပဲ ဖြစ်စေ သံသရာမဆုံးသရွေ့ ပြန်လည်ခံစားကြရမည်ဖြစ်သည်။

တနေ့နေ့မှာ သူဌေးပဲဖြစ်ဖြစ် ဆင်းရဲသားပဲဖြစ်ဖြစ်၊ ရာထူးရှိသူပဲဖြစ်ဖြစ် ရာထူးမဲ့သူပဲဖြစ်ဖြစ် ကျနော်တို့ အားလုံးဟာ ပိုင်ဆိုင်ခဲ့သမျှ တက်မက်တွယ်တာခဲ့သမျှတွေကို ထားခဲ့ကြရမည် ဖြစ်သည်။ ကျနော်တို့နှင့်အတူ ယူဆောင်သွားနိုင်သည်မှာ ကျနော်တို့ ပြုခဲ့သော ကောင်းမှုဆိုးမှု ကံတရားများပင် ဖြစ်လေသည်။
 
 ပြုသူအသစ် ဖြစ်သူအဟောင်းဆိုသလို အတိတ်က လုပ်ခဲ့တဲ့ ဆိုးကျိုးများကြောင့် ဖြစ်သူအဟောင်းဆိုပြီး ဒုက္ခတွေ ခံစားနေရပေသည်။ မကောင်းမှု မပြုရသေးခင် ပြုသူအသစ်ဖြစ်ပြီး သံသရာကျွေးတို့ ထပ်မံ မသယ်ဆောင်သွားသင့်တော့ပေ။
 
တိုတောင်းတဲ့ လူ့ဘ၀လေးမှာ နေခွင့်ရစဉ်မှာ အများအကျိုး လောကအကျိုးပြုနိုင်တဲ့ လူသားတယောက်အဖြစ် မိမိဘ၀ မိမိသံသရာအတွက် အကောင်းဆုံး ပိုင်ဆိုင်မှုကို ရယူနိုင်ဖို့ ကြိုးစားသင့်ပေသည်။
 
ကျနော်တို့သည် မိုက်မဲသော အကြောက်တရားမှ လွတ်မြောက်အောင် ကြိုးစားမရမည် ဖြစ်သည်။
မြင့်မြတ်သော အရှက်အကြောက်တရားများဖြင့် လောကအတွက် မကောင်းတာ၊ မဟုတ်တာမမှန်တာတွေ လုပ်ရမှာကို ရှက်ကြောက်ပြီး ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်မြို့ကိုယ့်ရွာ၊ ကိုယ့်နိုင်ငံ ကိုယ့်ကမ္ဘာ ၊ ကိုယ့်လောကကို ကောင်းကျိုးပြုနိုင်ဖို့ ကြိုးစားရပါလိမ့်သည်။

လူတိုင်း မိုက်မဲသော အရှက်အကြောက်တရားတို့မှ ကင်းဝေးပြီး မြင့်မြတ်သော အရှက်အကြောက်တရားများကို ထိမ်းသိမ်းကာ သံသရာခရီးသွားကောင်းများ ဖြစ်ကြပါစေ။
 
လင်းဝေ
 
Monday, March 30, 2015

Facebookကမ္ဘာ

သတိထားရမည့် facebook ကမ္ဘာ

အားလုံးသော သူငယ်ချင်းများ ခင်ဗျား

ယခုအခါ facebook သည် တကမ္ဘာလုံး အတိုင်းအတာဖြင့် လူတိုင်းနီးပါး သုံးနေကြပါသည်။

ဒီအထဲမှာ ပညာတတ်တွေ ပညာမဲ့တွေ၊ လူလိမ္မာတွေ လူရမ်းကားတွေ၊ လူယဉ်ကျေးတွေ လူယုတ်မာတွေ၊ မိမိကို အကျိုးပြုမည့်သူတွေ မိမိကို ဒုက္ခပေးမည့်သူတွေ၊ မိမိကို  ဂုဏ်တက်စေချင်သူတွေ မိမိကို သိက္ခာကျ အရှက်ရစေချင်သူတွေ၊ မိမိဓာတ်ပုံ မိမိလျှို့ ဝှက်ချက်ကို အသုံးချ အကြပ်ကိုင်ပြီး ငွေညှစ်ချင်သူတွေ ကာမကို အသုံးချချင်သူတွေ စသည်ဖြင့် ကောင်းတဲ့သူတွေနဲ့ ဆိုးတဲ့သူတွေဟာ facebook လောကမှာ ရောထွေးလျှက်ရှိပါသည်။

ထို့ကြောင့် facebook ပေါ်ရှိလူတိုင်းကို မယုံကြည်သင့်ပေ။

Friend လက်ခံရာတွင်လည်း မိမိနှင့် တကယ်ရင်းရင်းနှီးမသိဘဲ လက်မခံတာ အကောင်းဆုံးပင် ဖြစ်သည်။
သူ့ ပရိုဖိုင်ကို သေချာဝင်ကြည့်လေ့လာ သူ့ friend list တွေကို ကြည့်ပြီးမှသာ စီစစ်လက်ခံသင့်ပေသည်။

မိမိရဲ့ဓာတ်ပုံတွေကိုလည်း friend only or only me လုပ်ပြီး တင်သင့်သည်။ public မတင်မိဖို့ လိုသည်။ အရမ်းအန္တရာယ်များပါသည်။မိမိသူငယ်ချင်းများထဲတွင်လည်း ကိုယ့်ကို မကျေနပ်သူ ကိုယ့်ကို မတဲ့သူများပါလာတတ်ပေသည်။

ထို့ကြောင့် သူငယ်ချင်းများ မူမမှန်သူများကိုလည်း စီစစ် ပြီး ဖျက်သင့်ပါသည်။

မိမိရဲ့ အရေးကြီးတဲ့ လျှို့ဝှက်ချက်တွေကို facebook ပေါ်မှာ မတင်မိပါစေနှင့်။ ဘယ်လောက်ရင်းနှီးတဲ့ သူငယ်ချင်းဖြစ်စေ မပြောသင့်ပေ။

တယောက်နှင့်တယောက် အဆင်ပြေနေချိန်တွင် အရေးမကြီးပေမယ့် အဆင်မပြေချိန်တွင် တချို့လူများသည် မိမိလျှို့ဝှက်ချက် အားနည်းချက်တွေကိုနင်းပြီး အပုတ်ချတတ်သူတွေလည်းရှိပါသည်။

ယောက်ျားလေး ချောချောပုံ ၊ မိန်းကလေးချောချော ပုံမြင်တိုင်းလည်း သူငယ်ချင်းအဖြစ် မဖိတ်ခေါ်ပါနဲ့ လက်လည်းမခံပါနဲ့။

မိန်းကလေးများ ပိုပြီးသတိထားဖို့ လိုအပ်ပါသည်။ facebook လိင်မုဆိုးများသည် မိန်းကလေး အကောင့်များကို ပစ်မှတ်ထားကြပါသည်။

တချို့က မိမိပရိုဖိုင်တွင် လိင်နဲ့ ပတ်သက်တဲ့ ပို့စ်များ tag လုပ်လာတတ်သည်။

တချို့ မသမာသူ ယုတ်မာသူများသည် ချက်ဘောက်ထဲတွင် လိင်ဓာတ်ပုံများ၊ လိင်ဗီဒီယိုများ လိင်ဇာတ်လမ်း အပြာစာအုပ်များ ပေးပို့ကြတာလည်း ပြောသံကြားနေရပါသည်။

တချို့ မသမာသူတွေက ဓာတ်ပုံတွေယူပြီး ဖိုတိုရှော့ဖြင့် ကိုယ်လုံးတီးပုံလုပ်ကာ ကာမကို တောင်းဆိုခြင်း ငွေညှစ်ခြင်းများ ၊မိမိဓာတ်ပုံများ ယူသုံးကာ လိင်စာမျက်နှာများ၊ မိမိပုံများဖြင့် ဖာသည်မလေးများ ဇယားအလန်းလေးများ စသည်ဖြင့် အမျိုးကောင်းသမီးလေးများကို နာမည်ဖျက်လာကြခြင်းများ ကာမကိုတောင်းဆိုခြင်းအကြပ်ကိုင်ကာ ငွေညှစ်ခြင်းများ လုပ်လာကြပါသည်။

မိမိဘယ်နေရာမှရှိနေသည် ဘယ်သွားနေသည် ဆိုတာကိုလည်း မတင်သင့်ပေ။ မကောင်းကြံချင်သူများသည် စုံစမ်းစရာမလိုဘဲ မိမိကို အလွယ်တကူ ဒုက္ခပေးနိုင်ပါသည်။

တချို့ လူယုတ်မာများသည် သားကောင်ရဲ့ လှုပ်ရှားမှုတွေကို facebook ကနေ စောင့်ကြည့်နေတတ်ပါသည်။

မသမာသူတို့သည် နာမည်အမှန်ကို မသုံးကြပါ။ တချို့မှာ မိန်းကလေး နာမည်များဖြင့် မိန်းကလေးပုံလှလှလေးများ ကိုတင်ထားသည်လည်း ရှိပါသည်။
တချို့က ယောက်ျားလး ချောချောပုံ မင်းသားမင်းသမီးပုံများ တင်ထားကြပါသည်။

အားလုံး သတိထားကြစေချင်ပါသည်။ မိမိသူငယ်ချင်း တယောက် အယုတ်မာခံရပါကလည်း အချင်းချင်း အမြန် အသိပေးသင့်ပေသည်။

မိမိအကောင့်ကို လုံခြုံအောင် private လုပ်ထားပြီး အရေးကြီးလျှို့ဝှက်ချက်များကို မတင်ပါနှင့်။
ချက်ဘောက်မှာလည်း ဓာတ်ပုံတွေ မပို့တာ အကောင်းဆုံးပါပဲ။

မိမိသူငယ်ချင်းတယောက်ကို အပုတ်ချထားတာ ယုတ်မာထားတာ တစ်ခုခုတွေ့လျှင်လည်း မိမိသူငယ်ချင်း ကိုယ်ချက်ချင်း အကြောင်းကြား အသိပေးမေးမြန်းသင့်ပါသည်။

အားလုံး လိမ်ညာလှည့်ပတ်ခြင်း ၊ ယုတ်မာခြင်း၊ အပုတ်ချခြင်း ဘေးမှ ကင်းဝေးကြပါစေ။

သူငယ်ချင်းတို့ ရဲ့ တခြားအတွေ့ကြုံလေးတွေလည်း ကွန်မန့်ပေးကြပါဦး။

အားလုံး ရှောင်နိုင်အောင်လို့ပါ။

စေတနာဖြင့်

လင်းဝေ with ShWe Yi LiNn