Friday, October 1, 2010

အဖြူရောင်




















နှုတ်ဖျားကထွက်ကျခဲ့တဲ့

အသုံးအနှုံးတွေမှာ
ထွင်လုံးတစ်ခုမှမပါခဲ့ဘူး
ရင်ဘတ်တစ်ဆုံး

မြင်အောင်မကြည့်တတ်ဘဲနဲ့
မုန်းတယ်လို့
လှလှပပ
ပြောလိုက်တာကို

ရင်အနာဆုံးပဲ
အဲဒီလို
ချစ်သူတစ်ယောက်ကိုမှ

ကျနော်
မက်မက်စက်စက်

ချစ်ခဲ့မိတယ်ဆိုရင်
ဘာပြောမလဲ

ဘာမှမပြောတာပဲ

ကောင်းမယ်လောကကြီးရယ်

ချစ်သူအတွက်

တည်ဆောက်ခဲ့တဲ့

ရင်ဘတ်ထဲက မြို့ပြမှာ

အမုန်းပင်စိုက်ပျိုးရေး

စီမံကိန်းမပါခဲ့ပါဘူး

အကျိုးလိုလို့

ညောင်ရေလောင်းခဲ့တာ

မဟုတ်သလို

အငြိုးအတေးတွေကိုလဲ

မရှင်သန်ချင်ခဲ့ပါ

ကျနော်ရိုးသားစွာ

မြတ်နိုးခဲ့ပါသည်
ချစ်သူ


သားထက် (မုံရွာနည်းပညာတကသိုလ်)

No comments:

Post a Comment