Saturday, October 2, 2010

ပညာရှင်၏တန်ဖိုး

ပညာရှိ၏တန်ဖိုးကို ပညာရှင်အား စနစ်တကျ အသုံးချတတ်သော
စီမံခန့်ခွဲသူ၊မူဝါဒချမှတ်သူတို့သာ သိနိုင်ပေသည်။
ပြောရလျှင် ပညာရှင်များကိုစနစ်တကျ စီမံခန့်ခွဲခြင်းမှာလည်း
ပညာတစ်ရပ်ဖြစ်ပါသည်။ပညာရှင်၏တန်ဖိုးကို သိသူများ
ကသာ ပညာရှင်ကို ထိုက်တန်သောနေရာပေး၍ ထိုက်ထိုက်တန်တန်
အခွင့်အရေး(လစားနှင့်အခြား) နေရာတို့ကို မပေး
ဘဲ ပညာရပ်ထံမှ ထိရောက်သော အကူအညီကို မမျှော်လင့်သင့်ပေ။လောက၌ ဘာကိုမှ
အလကားမရပါ။
တစ်ဖက်က ကြည့်မည်ဆိုလျှင်လည်း ဥာဏ်ပညာကြီးသော
စီမံခန့်ခွဲသူ၊မူဝါဒချမှတ်သူ တို့သာလျှင် ပညာရှင်၏ ပညာ
ကို ရှိသင့်၊ပါသင့်သော အင်္ဂါရပ်တစ်ခုအနေဖြင့်သာ သဘောထားနေသည်ကို တွေ့ရပါသည်။
ပညာရှင်တို့၏ ခြေရာလက်ရာကိုကြည့်လျှင် ပညာရှင်၏ တန်ဖိုးကို သိသာမည်
ထင်ပါသည်။ပညာရှင်၏တန်ဖိုးကို မသိနား
မလည်သော ပတ်ဝန်းကျင်တွင် ပညာရှင်များ ဖြစ်ထွန်းပွားများစရာ
အကြောင်းမရှိပေ။ထို့ကြောင့် နိုင်ငံတိုးတက်ရေး
အတွက် ပညာရှင်များ ဖြစ်ထွန်းလာစေချင်လျှင် ပညာရှင်များကိုတန်ဖိုးထားသည့်
ပတ်ဝန်းကျင် အခြေအနေမျိုးကို ဖန်တီ်း
ပေးရမည်ဖြစ်သည်။ပတ်ဝန်းကျင် တစ်ခုလုံးက ပညာရှင်ကို
တန်ဖိုးထားလျှင်၊ပညာရှင်၏ တန်ဖိုးကိုသိလာလျှင်
မျိုးဆက်သစ် လူငယ်များက ပညာရှင်ဖြစ်အောင် မကြိုးစားမှာ
လုံးဝပူစရာမလိုပါ။အခုအခြေအနေမှာတော့ ပတ်ဝန်းကျင်
က `လောပန်း´ကိုသာ တန်ဖိုးထားသောကြောင့် လူငယ်များက အဆင့်ကျော်ကာ
ငွေနောက်ကိုသာ လိုက်ချင်နေသည်
ကို တွေ့ရပါသည်။

ပညာတတ်နဲ့ ပညာရှင်

ကျွန်တော်တို့နိုင်ငံတွင် ပညာတတ်အလွန်ပေါသည်ဟူသောအချက်ကိုလက်ခံပါသည်။
လမ်းပေါ်မှာတွေ့ရသော လူဆယ်ယောက်တွင် ခြောက်ယောက်က အင်္ဂလိပ်လိုနားလည်သည်ဟု
နိုင်ငံခြားသားလုပ်ငန်းရှင်တစ်ယောက်က ပြောဖူးပါသည်။မြန်မာဈေးကွက်နှင့် ဗီယက်နမ်ဈေးကွက်
တို့ကိုနှိုင်းယှဉ်ရာတွင် မြန်မာနိုင်ငံ၌ ပညာတတ် အစုအဝေးကြီးရှိသည်ဟူသော အားသားချက်တစ်ချက်
ပါဝင်သည်ကို တွေ့ရသည်။သို့သော် ထိုပညာတတ်များသည် နိုင်ငံ၏ စီးပွားရေး၊လူမှုရေး
ဖွင့်ဖြိုးတိုးတက်
မှုကိုဘယ်လောက်အထောက်ကူပြုသလဲလို့ စဉ်းစားကြည့်လျှင် (ခုထိတော့)ထိထိရောက်ရောက် အထောက်
အကူမပြုဟု ဖြေရမည်ထင်ပါသည်။အဘယ်ကြောင့် အထောက်အကူမပြုသနည်း။ပညာတတ်များပြီး
ပညာရှင်နည်းသောကြောင့်ဟု ပြောရမည်ထင်ပါသည်။

မြန်မာပညာတတ်များ

ပညာတတ်နဲ့ပညာရှင်အတူတူပါပဲလို့ ပြောကြပါသည်။ပညာတတ်တိုင်းသည် ပညာရှင်မဟုတ်ဟုဆိုလျှင်
သင်လက်ခံမည်လား။ဤအယူအဆသည် နေရာတိုင်းတွင် မှန်ချင်မှ မှန်မည်ဖြစ်သော်လည်း ကျွန်တော်တို့
ပတ်ဝန်းကျင်တွင် လက်တွေ့ဖြစ်နေသည်။ကျွန်တော်တို့ပတ်ဝန်းကျင်တွင် ပညာတတ်တော်တော်များများ
သည် ဘာကိုမှ ထိထိရောက်ရောက် မတတ်။ထိုသို့ထိထိရောက်ရောက် မတတ်ကြောင်းကိုလည်း
ကာယကံ
ရှင်များကိုယ်တိုင် သိကြပါသည်။
ယနေ့မြန်မာလူငယ်များသည် နိုင်ငံခြားသို့သွားရောက် အလုပ်လုပ်သောအခါ အများစုသည် အများစုသည်
အလုပ်ကြမ်းအဆင့်သာ လုပ်ကြရပါသည်။အဘယ့်ကြောင့် စားပွဲ၊ကုလားထိုင်နှင့် အလုပ်ကို မလုပ်ရသနည်း။
မြန်မာပညာတတ်များသည် နိုင်ငံခြားတွင် ပန်းကန်ဆေးနေရသည်ဟု ပြောကြသည်။တကယ်တော့ ဤကိစ္စသည်
မဆန်း။ပညာရှင် မဟုတ်သောကြောင့် ပညာရှင်နေရာမနေရသည်မှာ မဆန်းပါ။ပညာတတ်တိုင်း ပညာရှင်
မဟုတ်
ဟူသောအချက်မှာရှင်းပါသည်။
ပြီးခဲ့သော တစ်လောက မြန်မာနိုင်ငံတွင် ဟိုတယ်လုပ်ငန်း ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေသော
နိုင်ငံခြားသားတစ်ဦးနှင့်
စကားလက်ဆုံကျရင်း မြန်မာနိုင်ငံမှာ လုပ်ကိုင်ရတာ ဘာအခက်အခဲရှိပါသလဲဟု မေးကြည့်ဖူးပါသည်။
`ခင်ဗျားတို့တော့ ဘယ်လိုအဖြေမျိုး မျှော်လင့်ထားမလဲ မသိဘူး၊လူအများပြောလေ့ရှိတဲ့ လျှပ်စစ်မီး
အခက်အခဲ၊
ငွေလဲလှယ်မှုနှုန်းထား ကွာဟမှုစတာတွေကို ကျွန်တော့်အနေနဲ့ မပြောချင်ပါဘူး။ဒါတွေရှိမှန်းသိလျှက်နဲ့လာပြီးမှ
ဒါတွေကို အပြစ်မဖို့သင့်ပါဘူး။ကျွန်တော့်အနေနဲ့ ဒီမှာတွေ့ရတဲ့ အခက်အခဲက
`ပညာရှင်´(skillful worker)
ရှားပါးမှုပါပဲ။ကျွန်တော့် ဟိုတယ်လုပ်ငန်းမှာ အသုံးပြုဖို့ ပညာရှင်အမျိုးမျိုး၊လက်သမားခေါင်းဆောင်ကစလို့
ဟိုကခေါ်လာရတယ်။စက်မှုလက်မှုအထက်တန်းကျောင်း လက်မှတ်ရ လူငယ်လက်သမားလေးတစ်ယောက်အတွက်
ကျွန်တော်ဒီမှာဒေါ်လာ ၄ထောင်လောက်ကုန်နေရတယ်။ခင်ဗျားတို့မြန်မာတွေက ဘာမဆို
လုပ်တော့ လုပ်တတ်တယ်။
quality control နဲ့ mass production လုပ်ပါဆိုရင်
မလုပ်တတ်ကြတော့ဘူး။ထိုက်ထိုက်တန်တန်လည်း မတောင်း
ရဲကြဘူး။ကိုယ့်ကိုယ်ကို အပြည့်အ၀ယုံကြည်မှုရှိတဲ့
ပညာရှင်၊အရည်အသွေးကောင်းအောင်လုပ်ပြီး ထိုက်ထိုက်တန်
တန် ယူရဲတဲ့ပညာရှင် မတွေ့ရသလောက်ပါပဲ´ ဟုပြောဖူးသည်။
တစ်ခုတော့ တောပါသေးသည်။ထိုနိုင်ငံခြားသားက ကျွန်တော်တို့မြန်မာများတွင်
ဘာမဆိုဖြစ်အောင်လုပ်တတ်သည့်
အစွမ်းရှိကြသည့်အတွက် ပညာရှင်ဖြစ်ရန် ဗီဇ(potential)အသေအချာရှိနေပါသည်ဟု
ပြောသွားသောကြောင့်ပင်
ဖြစ်သည်။ဗီဇရှိလျှက်နဲ့ လက်တွေ့ဖြစ်မလာသည်မှာဘာကြောင့်လဲဟု
စဉ်းစားကြဖို့ကောင်းပါပြီ။
ယနေ့မဟာရန်ကုန်တွင် တွေ့နေရသော လူငယ်ပညာတတ် တော်တော်များများ၏
ရည်မှန်းချက်မှာ နိုင်ငံခြားသွား
အလုပ်လုပ်ရေးပင် ဖြစ်သည်။နိုင်ငံခြားသွားရာတွင်လည်း ဖြစ်နိုင်လျှင်
ဂျပန်နိုင်ငံကိုသာဆန္ဒရှိကြသည်။
စင်္ကာပူသည် ပညာရှင်များအတွက်သာ နေရာပေးနိုင်သောကြောင့် မိမိအရည်အချင်းကို
မိမိသဘောပေါက်သူများက
အလုပ်ကြမ်းလုပ်ရန် ဂျပန်ကိုသာသွားလိုကြခြင်းဖြစ်သည်။
မဖြစ်နိုင်၍ မြန်မာပြည်တွင် အလုပ်လုပ်ကြရသောအခါတွင်လည်း ကျွန်တော်တို့
မြန်မာပညာတတ် တော်တော်များများ
သည် စာရေးစာချီအဆင့်၊ဧည့်ကြို၊အတွင်းရေးမှူးအဆင့်ကိုသာ မျှော်မှန်းကြသည်ကို
တွေ့ရပါသည်။အမှုဆောင်
အရာရှိ၊မန်နေဂျာ စသော အဆင့်များကို
မမျှော်မှန်းရဲကြခြင်းမှာကိုယ့်အရည်အချင်းကို သဘောပေါက်သောကြောင့်
ဟု ဆိုရမည်ဖြစ်ပါသည်။အမှန်တကယ် အရည်အချင်းရှိလျှင် တစ်ခုခုကို အမှန်တကယ်
ကျွမ်းကျွမ်းကျင်ကျင်
တတ်မြောက်လျှင် ယနေ့နေရာမရှားကြောင်း ပြောလိုပါသည်။(ကိုယ့်အရည်အချင်းကို
အမြဲတမ်းသွေးနေဖို့တော့
လိုလိမ့်မည်။အရာရာကို ကိုယ်နှင့်ဆိုင်သည်ဟု
သဘောထားသင့်သည်။မြန်မာ့ရုပ်မြင်သံကြားမှ သတင်းများကိုပင်
ဘယ်လောက်ကြာကြာ အစအဆုံးစောင့်ကြည့်လေ့လာသင့်ပေသည်။)

ပညာရှင်နှင့် အခွင့်အရေး
အခွင့်အရေးများအကြောင်း ပြောရလျှင် စကားလုံးအဓိပ္ပာယ်က စရမည်
ထင်ပါသည်။အခွင့်အရေးဆိုသော စကာလုံးသည်
သာမန်အားဖြင့် တစ်ခါတစ်ရံ negative သဘော အနည်းငယ်ဆောင်မည်
ထင်ပါသည်။မိမိရသင့်ရထိုက်သော အခွင့်အရေးကို
တောင်းဆိုခြင်းသည် negative မဟုတ်ပေ။
အခွင့်အရေးနှင့်ပတ်သက်၍ စင်ကာပူတွင် အဆင့်မြင့်ရာထူး ရထားသော
မြန်မာအင်ဂျင်ယာတစ်ဦး ပြောဖူးသော စကားတစ်
ခွန်းကို ပြန်ပြောလိုပါသည်။ထိုအင်ဂျင်နီယာကြီး တာဝန်ထမ်းဆောင်နေသော
စင်ကာပူကုမ္ပဏီကြီးအတွက် အငယ်တန်း
အင်ဂျင်နီယာများ သတင်းစာမှ ခေါ်ယူ၍ အင်တာဗျူးထိုင်ကြသောအခါ
လာဖြေသူများထဲတွင် သူ၏တပည့်ရင်း မြန်မာလူ
ငယ်တစ်ယောက်လည်း ပါလာသည်ဟု ဆိုပါသည်။ကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ်က
လူတိုင်းကို လစာဘယ်လောက်
လိုချင်သလဲဟူသော မေးခွန်းကို ထည့်မေးသည်ဟု ဆိုပါသည်။မြန်မာလူငယ်က
ပေးချင်သလောက်ပေးပါဟု ပြော၍
စင်ကာပူ အင်ဂျင်နီယာတစ်ဦးကတော့ အဆမတန်တောင်းသည်ဟုဆို၏။အမှုဆောင်
အရာရှိချုပ်က လစာအများဆုံး
တောင်းသော လူငယ်ကို ရွေးချယ်ချင်သည်။ဈေးဆစ်ကြည့်ရအောင်ဟု
တိုင်ပင်ကြည့်သောအခါ မြန်မာအင်ဂျင်နီယာကြီးက
ပေးချင်သလောက် ပေးပါဆိုသော မြန်မာလူငယ်မှာ သူ့တပည့်ဖြစ်၍
အရည်အချင်းနှင့်ပတ်သက်၍ အာမခံကြောင်းပေးချင်
သလောက်ပေးပါဟု ပြောခြင်းမှာ ထိုလူငယ်မှာ မြန်မာလူမျိုးဖြစ်နေသောကြောင့်ဟု
ရှင်းပြလိုက်ရသည်ဟု ဆိုပါသည်။
ထိုက်ထိုက်တန်တန် အခွင့်အရေးဆိုသည်ကို တစ်ခါမှမရဖူးသောကြောင့်
ရရကောင်းစေဟူသော သဘောထား မရှိတော့သည်ကို သတိထား မရှိတော့သည်ကို
သတိထားမိမည်ကို ထင်ပါသည်။
ထိုက်ထိုက်တန်တန် အခွင့်အရေးဟု ဆိုသည်နှင့် အခုအခါ
နိုင်ငံခြားကုမ္ပဏီကြီးများ၊ပုဂ္ဂလိက ကုမ္ပဏီကြီးများ ပေါ်လာသောကြောင့်
ပညာရှင်များအတွက် နေရာနှင့် အခွင့်အရေးကိစ္စ အဆင်ပြေစရာအကြောင်း ရှိသည်
ဟု မျှော်လင့်ဖူးပါသည်။လက်တွေ့ ဖြစ်နေသော အခြေအနေကို ဥပမာတစ်ခုဖြင့်
ပြောဖူးပါသည်။
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနေသော နိုင်ငံခြားကုမ္ပဏီတစ်ခု၏
မြန်မာလူမျိုး ၀န်ထမ်းအင်ဂျင်နီယာတစ်ဦး၏
အတွေ့အကြုံဖြစ်ပါသည်။ထိုအင်ဂျင်နီယာသည် လစာ အမေရိကန်ဒေါ်လာ ၆၀၀
ခန့်ရနေသူတစ်ဦးဖြစ်သည်။
အလုပ်ကိုလည်း ၆၀၀နဲ့တန်အောင်ခိုင်းတတ်ပါပေတယ်ဟု
ပြောပါသည်။မည်မျှခိုင်းတတ်ပါသလဲဆိုသည်ကို
ပညာရှင်အင်အား ဖြုန်းတီးပြစ်နေသူများကို ခေါ်ပြချင်သည်ဟု ထိုအင်ဂျင်နီယာက
ပြောပါသည်။ကုမ္ပဏီလုပ်ငန်းများ
တစ်စထက်တစ်စ မနိုင်မနင်းဖြစ်လာသောအခါ လက်ထောက်အင်ဂျင်နီယာတစ်ဦး မဖြစ်မနေ
လိုအပ်လာသဖြင့်
ခေါ်ယူခန့်ထားဖို့ စီစဉ်ကြသည်ဟု ဆိုပါသည်။အဆိုပါအင်ဂျင်နီယာက လစာ ဒေါ်လာ200
လောက်သာ ပေးပါ
မိမိလို ကျွမ်းကျင်သော လက်ထောက်အင်ဂျင်နီယာတစ်ဦး ရစေမည်ဟု ပြောသောအခါ
ကုမ္ပဏီအကြီးအကဲက
၁၀၀ ပဲပေးမည်။လူဘယ်လောက်လျှောက်သလဲ မင်းစောင့်ကြည့်ပါဟု
ပြောသည်ဆို၏။ကျွန်တော်တို့၏ အခြေအနေကို
နိုင်ငံခြားသားများပင် ရိပ်စားမိသောကြောင့် ကောင်းကောင်းကြီး
အခွင့်အရေးယူခံနေရပြီ ဖြစ်သည်။
မြန်မာပုဂ္ဂလိက ကုမ္ပဏီများတွင် ပိုဆိုးသည်။လုပ်ငန်းရှင်တော်တော်များများက
ဌာနဆိုင်ရာ လစာထက်ဘယ်နှစ်ဆ
ပေးထားတာဟူသော ပေတံကိုသာ ထုတ်ပြနေကြသည်ကို တွေ့ရပါသည်။သူတို့ပေးထားနေသော
လစာဖြင့် သူတို့၏
ဝန်ထမ်းအနေနှင့် မည်သို့မျှမစားလောက်သည်ကို မသိမဟုတ်။သိလျှက်နှင့်
များလှပြီဟုယူဆကာ မပေးချင်ကြခြင်း
ဖြစ်ပါသည်။သာမန်ဝန်ထမ်းရာထူးများအတွက် ရွေးစရာပေါများသောကြောင့်
ထိုက်ထိုက်တန်တန် မပေးခြင်းမှာ
ယထာဘူတကျသည်ဟု ဆိုနိုင်ဖွယ် ရှိသော်လည်း ပညာရှင်များကို ထိုက်ထိုက်တန်တန်
မပေးချင်သော သဘောထား
မှာ ဆိုးလှပါသည်။ဤအခြေအနေမျိုးတွင် ဦးနှောက်ယိုစီးမှု ဖြစ်သည်မှာ
လုံးဝမဆန်းပါ။
ကျွန်တော်ထင်ပါသည်။ကျွန်တော်တို့နိုင်ငံတွင် လစာသိန်းဂဏန်းရသော ပညာရှင်
အလွန်ရှားပါလိမ့်မည်။အမှန်တော့
လစာတစ်သိန်းဆိုသည်မှာပင် အိမ်ထောင်သည် တစ်ဦးအဖို့ လောက်ငစရာ မမြင်ပါ။
ညစောင့်တစ်ယောက်ကို ကုမ္ပဏီတစ်ခုက လစာ၃သောင်းပေး၍
ငှားထားသည်ဆိုပါစို့။ညစောင့်သည် သူစောင့်ရသော
ပစ္စည်းများကို ခိုးသည်ဟုဆိုလျှင် ထိုကိစ္စတွင် ညစောင့်ကခိုးယူသော
အဖြစ်အပျက်မှာ မဆန်း။ညစောင့်ကို ၃သောင်းပေးထား
ခြင်းကသာ ဆန်းသည်ဟု ဆိုရမည်ဖြစ်သည်။
ကျွန်တော်တို့နိုင်ငံတွင် သယံဇာတများစွာရှိသည်ကို
လူတိုင်းသိကြပါသည်။ကျွန်တော်တို့နိုင်ငံတွင် ပညာတတ်များစွာ
ရှိသည်ကိုလည်း လူတိုင်းသိပြီး ဖြစ်ပါသည်။ထို့အတူ ကျွန်တော်တို့သည်
ကုန်ကြမ်းရောင်းစားနေရသူများ ဖြစ်နေသည်
ကိုလည်း လူတိုင်းသိပါသည်။ဤနေရာတွင် အရေးကြီးသည်မှာ
နည်းပညာပင်ဖြစ်သည်။နည်းပညာ ဘယ်ကလာသနည်း။
ပညာရှင်ထံမှ လာပါသည်။ပညာရှင်၏တန်ဖိုးကိုသိမှ ပညာရှင်တို့ကို
ထိုက်ထိုက်တန်တန် အသုံးချတတ်မှ(နေရာပေးတတ်မှ)
ထိုက်ထိုက်တန်တန် အခွင့်အရေးပေးမှ ပညာရှင်ထံမှ တူတူတန်တန်
ပြန်ရမည်ဖြစ်ပါသည်။


ပညာရှင်နှင့်ဦးနှောက်ယိုစီးမှု


ယခင်စီမံကိန်းစီးပွားရေးစနစ်ကျင်သုံးစဉ်က နိုင်ငံအတွင်း
ပုဂ္ဂလိကလုပ်ငန်းကြီးများ ပျောက်ကွယ်သွားရသောကြောင့်
ပညာရှင်များကို ချီးမြှင့်မြှောက်စားမည့်သူ၊နေရာပေးမည့်သူအဖြစ် အစိုးရကိုသာ
မျှော်လင့်ခဲ့ရပေသည်။ထိုစဉ်က အစိုးရမှ
နေရာမပေးနိုင်သောအခါ ချီးမြှင့်မြှောက်စားမှုများ ထိုက်ထိုက်တန်တန် ဖြစ်သောအခါ ပညာရှင်များ
နိုင်ငံပြင်ပသို့
ရောက်ရှိသွားရပါတော့သည်။
ယခုအခါ မြန်မာနိုင်ငံအတွင်း စီးပွားရေးအခွင့်အလမ်းများ ပွင့်လန်းလာသောကြောင့်
နိုင်ငံခြားကုမ္ပဏီကြီးများ များစွာ
ဝင်ရောက်လာနေပြီး မြန်မာကုမ္ပဏီများလည်း တစ်စတစ်စ ပေါ်ပေါက်လာနေပါသည်။တစ်နေ့တွင်
ပညာရှင်များအတွက်
နေရာတစ်ချို့ပေါ်လာမည်ဟု ထင်ပါသည်။ပညာရှင်များအနေဖြင့် မိမိတို့၏ပညာကို ထိထိရောက်ရောက် အသုံးချခွင့်ရလာ
ကြတော့မည် ဖြစ်ပါသည်။ပညာရှင်များ၏ အရည်အသွေးဆိုသည်မှာလည်း အသုံးချခွင့်ရမှ ပို၍ပို၍
ထက်မြက်လာသော
သဘောရှိပါသည်။မဝေးလှသောအနာဂတ်တွင် ဦးနှောက်ယိုစီးမှုများကို ကျွန်တော်တို့ ထိမ်းသိမ်းနိုင်တော့မည်ဖြစ်သည်။
ဦးနှောက်ယိုစီးမှုများဖြစ်ခဲ့သည်ကို ကျွန်တော်ဝန်ခံရပါပြီ။
သို့သော်ထိုယိုစီးမှုများကို ကာယကံရှင်များ စိတ်ပါလက်ပါမရှိဘဲ
မရနိုင်ဟုထင်ပါသည်။တိုင်းပြည်အပြင်ကို ထွက်ချင်နေသော ပညာရှင်ကို မထွက်ပါနှင့်ဟုတားခြင်းထက် မထွက်ချင်အောင်
ကူညီမှပြဿနာ ပြေလည်မည်ဖြစ်ပါသည်။အတင်းအကြပ်တားဆီးခြင်းဖြင့် သူ့ထံမှ မရနိုင်သည်ကိုလည်း
သတိပြုဖွယ်
ဖြစ်ပါသည်။
ပညာရှင် ဦးနှောက်ယိုစီးမှုကိုကာကွယ်ရန်အလို့ငှာ ပညာရှင်များ
ရှင်သန်ဖွင့်ဖြိုးနိုင်သော ရာသီဥတုတစ်ရပ် ဖန်တီးပေးရန်
လိုအပ်မည်ထင်ပါသည်။ပညာရှင်ကို ထိုက်ထိုက်တန်တန် နေရာပေးခြင်း၊ပညာရှင်ကိုတန်ဖိုးထားခြင်း၊ပညာရှင်ကို
ထိုက်တန်
သောအခွင့်အရေး ပေးခြင်း၊ပညာရှင်၏ဦးနှောက်က ထွက်လာတဲ့အကြံဥာဏ်၊အယူအဆတို့ကို အလေးထားခြင်း(မပယ်ရှား
ခြင်းထိ မဆိုလိုပါ)များသည် အကောင်းဆုံးရာသီဥတုများ ဖြစ်ပါသည်။မိခင်တိုင်းပြည်တွင်
မပျော်ပိုက်သောပညာရှင်ဟူ၍
အနည်းစုသာ ရှိမည်ထင်ပါသည်။ရာသီဥတုကြောင့်သာ ဦးနှောက်များ ယိုစီးခဲ့ရသည်ဟု ထင်ပါသည်။မိခင်တိုင်းပြည်တွင်
ရာသီဥတုကောင်းလျှင် အပြင်ကိုရောက်သွားသော ပညာရှင်များ၏ ဦးနှောက်ကိုပင်
ပြန်၍မျှော်လင့်နိုင်သည်ဟု ထင်ပါသည်။ ယခုလက်ရှိမှာပင် မြန်မာပြည်မှ
ထွက်ခွာသွားသော စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံသို့ပြန်လာ၍
စီးပွားရေးလုပ်ငန်းများ
ပြန်လည်လုပ်ဆောင်နေကြသည်ကို တွေ့နေရသည်။အချို့ဆိုလျှင် မြန်မာနိုင်ငံသားအဖြစ် ပြန်လည်ခံယူခြင်းများပင်
ရှိခဲ့ပါသည်။
ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းများ၊နိုင်ငံတကာ
အဖွဲ့အစည်းများ၊နိုင်ငံခြားတက္ကသိုလ်များတွင် ရောက်ရှိနေသော မြန်မာ
ပညာရှင်များစွာ ရှိနေပါသည်။အချို့ဆိုလျှင် နိုင်ငံခြားအစိုးရများထံတွင်
အကြံပေးပညာရှင်များအဖြစ်ရောက်ရှိနေကြသူများ
ပင် ရှိပါသည်။
ပြီးခဲ့တာတွေ ပြီးခဲ့ပါပြီ ကျွန်ပညာရေးစနစ်ကြောင့်၊စီမံကိန်းစီးပွားရေးစနစ်ကြောင့်၊ဟိုလူ့ကြောင့်ဒီလူ့ကြောင့်
လွှဲမချလိုတော့
ပါ။လွှဲချနေရမည့် အချိန်လည်း မဟုတ်တော့ပါ။မျိုးဆက်သစ်များကို လက်တွေ့ကျကျ အမြန်ဆုံးပြုစု
ပျိုးထောင်နိုင်ရေး
အတွက် လက်တွေ့ကျကျ စဉ်းစားဆုံးဖြတ် လုပ်ကိုင်ကြရန်သာ လိုရင်းဖြစ်ပါသည်။မတူတာတွေထားလိုက်ပါ။
တူတာတွေအတွက် ကျွန်တော်တို့ ၀ိုင်းဝန်းလုပ်ဆောင်ပေးကြပါစို့။

ဆရာနေ၀င်းမောင်
ဖတ်ထားတာလေးတွေ မျှဝေတာပါ
သားထက် (မုံရွာနည်းပညာတက္ကသိုလ်)

No comments:

Post a Comment