Monday, March 30, 2015

Facebookကမ္ဘာ

သတိထားရမည့် facebook ကမ္ဘာ

အားလုံးသော သူငယ်ချင်းများ ခင်ဗျား

ယခုအခါ facebook သည် တကမ္ဘာလုံး အတိုင်းအတာဖြင့် လူတိုင်းနီးပါး သုံးနေကြပါသည်။

ဒီအထဲမှာ ပညာတတ်တွေ ပညာမဲ့တွေ၊ လူလိမ္မာတွေ လူရမ်းကားတွေ၊ လူယဉ်ကျေးတွေ လူယုတ်မာတွေ၊ မိမိကို အကျိုးပြုမည့်သူတွေ မိမိကို ဒုက္ခပေးမည့်သူတွေ၊ မိမိကို  ဂုဏ်တက်စေချင်သူတွေ မိမိကို သိက္ခာကျ အရှက်ရစေချင်သူတွေ၊ မိမိဓာတ်ပုံ မိမိလျှို့ ဝှက်ချက်ကို အသုံးချ အကြပ်ကိုင်ပြီး ငွေညှစ်ချင်သူတွေ ကာမကို အသုံးချချင်သူတွေ စသည်ဖြင့် ကောင်းတဲ့သူတွေနဲ့ ဆိုးတဲ့သူတွေဟာ facebook လောကမှာ ရောထွေးလျှက်ရှိပါသည်။

ထို့ကြောင့် facebook ပေါ်ရှိလူတိုင်းကို မယုံကြည်သင့်ပေ။

Friend လက်ခံရာတွင်လည်း မိမိနှင့် တကယ်ရင်းရင်းနှီးမသိဘဲ လက်မခံတာ အကောင်းဆုံးပင် ဖြစ်သည်။
သူ့ ပရိုဖိုင်ကို သေချာဝင်ကြည့်လေ့လာ သူ့ friend list တွေကို ကြည့်ပြီးမှသာ စီစစ်လက်ခံသင့်ပေသည်။

မိမိရဲ့ဓာတ်ပုံတွေကိုလည်း friend only or only me လုပ်ပြီး တင်သင့်သည်။ public မတင်မိဖို့ လိုသည်။ အရမ်းအန္တရာယ်များပါသည်။မိမိသူငယ်ချင်းများထဲတွင်လည်း ကိုယ့်ကို မကျေနပ်သူ ကိုယ့်ကို မတဲ့သူများပါလာတတ်ပေသည်။

ထို့ကြောင့် သူငယ်ချင်းများ မူမမှန်သူများကိုလည်း စီစစ် ပြီး ဖျက်သင့်ပါသည်။

မိမိရဲ့ အရေးကြီးတဲ့ လျှို့ဝှက်ချက်တွေကို facebook ပေါ်မှာ မတင်မိပါစေနှင့်။ ဘယ်လောက်ရင်းနှီးတဲ့ သူငယ်ချင်းဖြစ်စေ မပြောသင့်ပေ။

တယောက်နှင့်တယောက် အဆင်ပြေနေချိန်တွင် အရေးမကြီးပေမယ့် အဆင်မပြေချိန်တွင် တချို့လူများသည် မိမိလျှို့ဝှက်ချက် အားနည်းချက်တွေကိုနင်းပြီး အပုတ်ချတတ်သူတွေလည်းရှိပါသည်။

ယောက်ျားလေး ချောချောပုံ ၊ မိန်းကလေးချောချော ပုံမြင်တိုင်းလည်း သူငယ်ချင်းအဖြစ် မဖိတ်ခေါ်ပါနဲ့ လက်လည်းမခံပါနဲ့။

မိန်းကလေးများ ပိုပြီးသတိထားဖို့ လိုအပ်ပါသည်။ facebook လိင်မုဆိုးများသည် မိန်းကလေး အကောင့်များကို ပစ်မှတ်ထားကြပါသည်။

တချို့က မိမိပရိုဖိုင်တွင် လိင်နဲ့ ပတ်သက်တဲ့ ပို့စ်များ tag လုပ်လာတတ်သည်။

တချို့ မသမာသူ ယုတ်မာသူများသည် ချက်ဘောက်ထဲတွင် လိင်ဓာတ်ပုံများ၊ လိင်ဗီဒီယိုများ လိင်ဇာတ်လမ်း အပြာစာအုပ်များ ပေးပို့ကြတာလည်း ပြောသံကြားနေရပါသည်။

တချို့ မသမာသူတွေက ဓာတ်ပုံတွေယူပြီး ဖိုတိုရှော့ဖြင့် ကိုယ်လုံးတီးပုံလုပ်ကာ ကာမကို တောင်းဆိုခြင်း ငွေညှစ်ခြင်းများ ၊မိမိဓာတ်ပုံများ ယူသုံးကာ လိင်စာမျက်နှာများ၊ မိမိပုံများဖြင့် ဖာသည်မလေးများ ဇယားအလန်းလေးများ စသည်ဖြင့် အမျိုးကောင်းသမီးလေးများကို နာမည်ဖျက်လာကြခြင်းများ ကာမကိုတောင်းဆိုခြင်းအကြပ်ကိုင်ကာ ငွေညှစ်ခြင်းများ လုပ်လာကြပါသည်။

မိမိဘယ်နေရာမှရှိနေသည် ဘယ်သွားနေသည် ဆိုတာကိုလည်း မတင်သင့်ပေ။ မကောင်းကြံချင်သူများသည် စုံစမ်းစရာမလိုဘဲ မိမိကို အလွယ်တကူ ဒုက္ခပေးနိုင်ပါသည်။

တချို့ လူယုတ်မာများသည် သားကောင်ရဲ့ လှုပ်ရှားမှုတွေကို facebook ကနေ စောင့်ကြည့်နေတတ်ပါသည်။

မသမာသူတို့သည် နာမည်အမှန်ကို မသုံးကြပါ။ တချို့မှာ မိန်းကလေး နာမည်များဖြင့် မိန်းကလေးပုံလှလှလေးများ ကိုတင်ထားသည်လည်း ရှိပါသည်။
တချို့က ယောက်ျားလး ချောချောပုံ မင်းသားမင်းသမီးပုံများ တင်ထားကြပါသည်။

အားလုံး သတိထားကြစေချင်ပါသည်။ မိမိသူငယ်ချင်း တယောက် အယုတ်မာခံရပါကလည်း အချင်းချင်း အမြန် အသိပေးသင့်ပေသည်။

မိမိအကောင့်ကို လုံခြုံအောင် private လုပ်ထားပြီး အရေးကြီးလျှို့ဝှက်ချက်များကို မတင်ပါနှင့်။
ချက်ဘောက်မှာလည်း ဓာတ်ပုံတွေ မပို့တာ အကောင်းဆုံးပါပဲ။

မိမိသူငယ်ချင်းတယောက်ကို အပုတ်ချထားတာ ယုတ်မာထားတာ တစ်ခုခုတွေ့လျှင်လည်း မိမိသူငယ်ချင်း ကိုယ်ချက်ချင်း အကြောင်းကြား အသိပေးမေးမြန်းသင့်ပါသည်။

အားလုံး လိမ်ညာလှည့်ပတ်ခြင်း ၊ ယုတ်မာခြင်း၊ အပုတ်ချခြင်း ဘေးမှ ကင်းဝေးကြပါစေ။

သူငယ်ချင်းတို့ ရဲ့ တခြားအတွေ့ကြုံလေးတွေလည်း ကွန်မန့်ပေးကြပါဦး။

အားလုံး ရှောင်နိုင်အောင်လို့ပါ။

စေတနာဖြင့်

လင်းဝေ with ShWe Yi LiNn

Saturday, March 28, 2015

ကျောင်းတော်က ရင်ခုန်သံ အပိုင်း (၉) ဇာတ်သိမ်းပိုင်း

အပိုင်း (၈) မှ အဆက်

“ဟဟ...ကောင်မလေးတယောက် ရှက်သွားပြီဟေ့”

“ကဲပါ...မဟုတ်ဘူးဆိုလည်း မဟုတ်ဘူးလို့ပဲ မှတ်လိုက်မယ်နော် ဟုတ်ပြီလား..”
မမသဲမွန်က ပြုံးစစနဲ့ စလိုက်တော့ သူမမျက်နှာလေး ရဲနေအောင် ရှက်နေမိပြန်သည်။

“ကဲ စဉ်းစားနေတဲ့ ပုစ္ဆာကို ဆက်ပြီး စဉ်းစားနော် ပြီးရင် တို့ကိုလည်း ရှင်းပြဦး သိလား ဟဲဟဲ”

သူမအကြောင်းကို ရိပ်မိနေကြပြီဆိုတာ သိပေမယ့် ခုလို စတော့လည်း ရှက်နေမိသည်။

“သြော် ခက်ပါလားနော်”

အတွေးတွေနဲ့ ရင်ထဲမှာ ရှုတ်ထွေးနေမိသည်။

၁၃

သူထိုင်နေကျ နေရာမှာလေးမှာ သူ့အရိပ်ကို မတွေ့တော့ စာသင်ရတာလဲ မပျော်တော့ပါဘူး။
“ကိုရယ် ကျမ ဘယ်လိုလုပ်ရမလဲ”

ရှေ့မှာ တီချယ် ဘာတွေရှင်းပြနေသလဲဆိုတာ ကို မသိတော့။ စိတ်ထဲမှာ ဘယ်အရာကိုမှာ အာရုံစိုက်လို့မရဖြစ်နေမိသည်။ အတွေးတွေအားလုံးဟာ သူ့ဆီမှာပဲ ပျလွင့်နေမိသည်။

ဒေါင်းကြီးတယောက်လည်း အဆောင်မှ တယောက်ထဲ အထီးကျန်မှု ဝေဒနာကို ခံစားနေရသည်။
မနက်က အိပ်ယာထပြီး စာကြည့်တော့လည်း စာကကြည့်လို့မရ။ အဆောင်မှ တစ်ယောက်ထဲ ပျင်းခြောက်ခြောက်ကြီး။ ဘာပဲဖြစ်ဖြစ် ကျောင်းသွားတာကမှ ချစ်သူမျက်နှာလေးကို ခိုးကြည့်ခွင့်ရဦးမည်။

“မဖြစ်သေးပါဘူး။ သူမှ ကိုယ့်ကို မမြင်ချင်တာပဲလေ..”

ကိုယ်ကိုမြင်နေရရင် သူစိတ်ဆင်းရဲနေမှာပဲဆိုတဲ့ အတွေးဟာ ရင်ကို ဆို့နင့် နာကြင်စေသည်။
သက်ပြင်းတွေ ခဏခဏ ချနေမိရင်းက စာထဲမှာ ဘယ်လိုမှ အာရုံစိုက်လို့မရ။ အိပ်ယာထကတည်းက ဘာမှ မထည့်ရသေးတဲ့ အစာအိမ်က ဆန္ဒပြလာသည်။ လက္ဖက်ရည်ဆိုင်သွားပြီး ထမင်းကြော်တပွဲလောက် စားရရင် ကောင်းမှာပဲလို့ တွေးမိသည်။

အချစ်နှင့်
ဆာလောင်မှုသည်
မြိုသိပ်ဖို့
ခက်ခဲတဲ့
အရာတွေပါလား..

မကြာခင် ဆောင်းကုန်ပြီး နွေကူးတော့မည်။ ဆောင်းက ကုန်ခါနီးမို့များ အတိုးချပြီး အေးနေစေသလားမသိ ချမ်းနေအောင် အေးလွန်းသည်။ အေးစိမ့်စိမ့်ဖြစ်နေသဖြင့် ဂျာကင်လေးတထည်ကောက်စွတ်ပြီး လက္ဖက်ရည်ဆိုင်ဘက် ထွက်လာခဲ့မိသည်။

သစ်ပင်တို့သည် ရွက်ဟောင်းတို့ဖြင့် ဝေရွဲနေလေသည်။ တချို့သစ်ရွက်တွေကတော့ ကြွေဖို့စောင့်နေကြပြီး တချို့သစ်ရွက်တွေက ကြွေလွင့်။ လမ်းကလေးဟာ သစ်ရွက်ကြွေတွေ ဟိုတစသည်တစနဲ့ နွေကိုသရုပ်ကို စတင်ဖော်ကျူးနေလေသည်။ အဝေးဆီက နွေအကြို ဥသြသံကလေးကိုလည်း ဆွေးမြေ့ဖွယ် ကြားနေရသည်။ 

ကျောင်းဖက်က ဆိုင်တွေဆီ မသွားချင်။ မုံရွာ-ရေဦး လမ်းမကြီးပေါ်က လေထန်ကုန်း လက္ဖက်ရည်ဆိုင်ဆီကိုပဲ သူထွက်ခဲ့သည်။ နံနက်ခင်း နေရောင်ခြည်အောက် မြို့သစ်ဈေးကလေးသည် ဈေးသည်ဈေးဝယ်တွေနဲ့ အသက်ဝင်လှုပ်ရှား နေလေသည်။ ဈေးသေးသေးလေးဆိုပေမယ့် ဟင်းချက်စရာ သားငါး ဟင်းသီးဟင်းရွက် စုံလင်ပါသည်။ ထို့အပြင် စတိုးဆိုင်၊ အပ်ချုပ်ဆိုင်တွေလည်းရှိသဖြင့် မြို့သစ်ဈေးကလေးသည် မြို့သစ်ရပ်ကွက်ရှိ အိမ်ရှင်မတွေနဲ့ မုံရွာနည်းပညာ ကျောင်းသားကျောင်းသူတွေအတွက် ဒီဈေးကလေးက အလွန်အဆင်ပြေပါသည်။ ဈေးအရှေ့ဘက် က ကွင်းလပ်ကလေးမှာတော့ ကလေးတွေ ပျော်ပျော်ပါးပါး ဘောလုံးကန်နေကြသည်။

အင်း..ကိုယ်လည်း ငယ်ငယ်က သူငယ်ချင်းတွေနဲ့ ရွာမှာ ဒီလိုပဲ ကစားခဲ့ကြတာပါပဲ။ ခုလည်း ကျောင်းပိတ်ရက်တိုင်း ဘောလုံးကစားတုန်းပါပဲ။ ၀ါသနာဆိုတာ စွန့်လွှတ်နိုင်ခဲတယ်လေ။ ကလေးတွေရဲ့ဘ၀ဟာ အပြစ်ကင်းတယ်၊ အပူပင်ကင်းတယ်၊ ဖြူစင်တယ်၊ ဟန်ဆောင်မှုကင်းတဲ့ ဘ၀လေးတွေပေါ့။ လူတွေဟာ အသက်ကြီးလာလေ ပူပန်စရာတွေ များလာလေလေပါပဲလား။

ပေလမ်းမကြီးမှာ တမာပင်ကြီးတွေက ပင်လုံးကျွတ် ၀ါထိန်လို့။ နွေမရောက်ခင် လေရူးတွေက ရောက်နှင့်နေပါပြီ။ ကတ္တရာလမ်းမကြီးပေါ်မှာ တမာရွက်ကြွေတွေက လေပွေလေရူးတွေနဲ့အတူ ၀ဲလွင့်နေကြရဲ့။

“သြော်..မဝေးမခင်က ဆွေးနှင့်နေရပြီ အချစ်ရယ်..”

စာမေးပွဲတွေကလည်း နီးလာပြီ။ ဒီကြားထဲမှာ ချစ်သူမျက်နှာကိုလည်း မြင်ခွင့်ရမည် မဟုတ်။ စာမေးပွဲ ပြီးလျှင်လည်း ခွဲရဦးမည်။

“ဘယ်တော့မှ မဖြစ်နိုင်တဲ့ ဇာတ်လမ်းတပုဒ်တဲ့လား ချစ်သူရယ်...”

အင်းပေါ့လေ ငါ့လို ရွက်ကြမ်းရေကြို အညတရ တောသားတစ်ယောက်ကို မင်းဘယ်လိုလုပ်ပြီး စိတ်ကူးယဉ်ချင်မှာလဲလေ...။ အတွေးတွေနဲ့ လျှောက်လာရင်း လေထန်ကုန်း လက္ဖက်ရည်ဆိုင်ကိုရောက်လာသည်။

“အကို ဘာသောက်မှာလဲ”
စားပွဲထိုးလေးက သွက်လက်စွာ လာမေးသည်။

“အေး ကျဆိမ့်တခွက်၊ ထမင်းကြော်တပွဲ၊ နေခြည်ဆေးပေါ့လိပ်တပွဲ ချကွာ”
“ဟုတ် အကို”

စားပွဲထိုးလေးက အော်မည်လုပ်နေတုန်းကျနော် လှမ်းတားလိုက်သည်။
“ညီလေးနေဦး ထမင်းကြော်မစားတော့ဘူးကွာ လိပ်ခုတ်တပွဲပဲ လုပ်ကွာ ဆောရီး”

“ ဟာ ကကိုကလည်း အမျိုးမျိုးပဲ ဒီတခါ အတည်နော် ကျနော်မှာပြီ လိပ်ခုပ် ၀မ်း ကျဆိမ့် ၀မ်း နေခြည်ဝမ်း ဆရာရေ့”

စားပွဲထိုးလေးက သူ့ကို နားမလည်သလို ကြည့်ရင်း ကမန်းကတန်း မှာလိုက်သည်။

လိပ်ခုတ်ဆိုတာ နံပြားပါပဲ။ နံပြားပူပူကို ထောပတ်လေးသုတ်ပြီး စားတော်ပဲပြုတ်နဲ့ သကြားနဲ့ရောထည့်ပြီး လိပ်ထားတာကို ဓားနဲ့ခုတ်ပေးထားတာပါ။ ကျနော်က အချိုကြိုက်တော့ ဒီဆိုင်ထိုင်တိုင်း လိပ်ခုတ် စားဖြစ်သည်။

“သံယောဇဉ်ဆိုတာ သကြားလုံးလိုပဲ အချိုကြိုက်တဲ့ သူဟာ တနေ့တော့ သွားပိုးစားခံရမှာပဲတဲ့” ကျနော် စာအုပ်တအုပ်ထဲမှာ ဖတ်ဖူးတယ်။ ချစ်သူရယ် သွားတင်မဟုတ်ပါဘူး တကိုယ်လုံး ပိုးစားသွားပါစေ ငါဟာ နင့်ရဲ့ အပြုံးချိုချိုလေးတွေကို တသက်လုံးစွဲလန်းသွားမှာပါပဲ။ ချစ်သူအပေါ်မှာထားတဲ့ ကျနော့်ရဲ့ သံယောဇဉ်ဟာ ကျနော့်ရင်ထဲမှာ ခိုင်မြဲစွာ အမြစ်တွယ်နေပါပြီ။

လမ်းမကြီးပေါ်မှာ ကားတွေ၊ ဆိုင်ကယ်တွေ၊ မြင်းလှည်းတွေ၊ ဆိုက်ကားတွေ၊ စက်ဘီးတွေ ၊ လူတွေ ဖြတ်သန်း သွားလာနေကြသည်။ လူ့ဘ၀ဆိုတာ သံသရာကြီးရဲ့ လှေကားထစ်ကလေး တစ်ခုပါပဲ။ နတ်ပြည်ကိုသွားမလား ငရဲပြည်ကိုသွားမလား အတက်အဆင်းတွေများလွန်းတဲ့ ဘ၀တွေပါပဲ။

မင်းနဲ့ငါဟာ အဲဒီ ဘ၀တွေဆိုတဲ့ လှေကားအတက်အဆင်းတွေကြားမှာ မမျှော်လင့်ဘဲ ဆုံခဲ့ကြတယ်။ တွေ့ဆုံကြုံကွဲတဲ့ ဆုံဆည်းခြင်းတွေပြီးရင် ခွဲခွာခြင်းဟာ မလွဲမသွေ ရောက်လာမှာပါပဲ။ ဆင်းတဲ့သူကဆင်း တက်တဲ့သူက တက် ကိုယ့်လမ်းကို သွားကြရမှာပေါ့လေ။ ဒါပေမယ့် ချစ်သူရယ်တို့နှစ်ယောက်ရဲ့ ဆုံဆည်းခွင့်လေးကို ဘ၀တစ်လုံးစာအထိ ဆွဲဆန့်ထားချင်တာကတော့ ငါ့ရဲ့ အတ္တတစ်ခုပဲ ဖြစ်မယ်ထင်ရဲ့။

 ဖြစ်နိုင်မယ်ဆိုရင် သံသရာဆုံးထိ ဆင်းရဲလည်းအတူ ချမ်းသာလည်းအမျှ ဘ၀လှေကားထစ်တွေကို မင်းနဲ့အတူ ဖြတ်သန်းချင်မိတာ ငါစိတ်ကူးယဉ်လွန်းတာများလား။ မင်းဟာ ငါနဲ့အတူ ဘ၀ဆက်တိုင်း ပါရမီ ဖြည့်ပေးမယ့် လက်တွဲဖော်လေးပဲလို့ စိတ်ကူးယဉ်မိတာ ငါမှားနေပြီလား ချစ်သူ။

“ဟင်း..” သက်ပြင်းနဲ့အတူ ဆေးလိပ်မီးခိုးတွေကို လွှင့်ထုတ်လိုက်သည်။ ဆေးလိပ်မီးခိုးပြာပြာတွေကြားမှာ လမ်းမကြီးဟာ မှုန်ဝါးနေရဲ့။ ကျနော့်နှလုံးသားတေကလည်းေ၀၀ါးလမ်းပျောက်နေပါသည်။ အေးစက်နေတဲ့ လက်ကျန်လက္ဖက်ရည်ခွက်လေးကို မော့သောက်ပစ်လိုက်သည်။

ခါးသက်တဲ့ အရသာဟာ လည်ချောင်းကတဆင့် ကျနော့်နှလုံးသားဆီ တိုးယိုပေါက် စီးဆင်းသွားသလားမသိ ရင်ထဲမှာ ခါးသက်ဆူဝေနေလေသည်။ မျက်နှာတည့်တည့်ဆီ ထိုးကျနေတဲ့ နေရောင်ကလည်း တဖြေးဖြေး ပြင်းရှ တောက်လောင်လာပြီ။

ဒါပေမယ့် ခုချိန်မှာတော့ အဲဒီအပူထက် ရင်ထဲက အချစ်ဆိပ်ရဲ့ အပူက ပိုပြီး ပူလောင်စေတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ လက္ဖက်ရည်ဆိုင်က ထွဏ်းခမ်ရဲ့ နှုတ်ဆက်မျက်ရည် သီးချင်းက ဆို့ဆို့လှိုက်လှိုက် လွင့်လာသည်။

“မင်း လိုအင်တွေ ကိုယ်တတ်စွမ်းသမျှ ဖြည့်ဆည်းကာ...
မင်း အဖော်လိုရင် ကိုယ်ဟာ အနားမှာ ရှိစမြဲပဲ..
အရာရာမင်းအတွက် ပေးဆပ်ကာ ရှုင်သန်လာတာ မင်းအတွက်ပါ..
မင်းကလေးကို ခင်တွယ်လွန်းသူ ပါ.....
မင်း ပျော်မယ်ဆို လိုရာခရီး မင်း သွားလိုက်ပါ..
အထီးကျန်ညများ ကိုယ်ကျေနပ်စွာ ခံယူမယ်..
အိပ်မက်များထဲ မင်း အကြောင်းတွေ
ရှာဖွေနေမယ် မင်းသတင်းတွေ
မသိစိတ်မှာ အစဉ်ထာဝရပါ မေ

ဒါဟာ နှုတ်ဆက်မျက်ရည်
ဒါဟာ လမ်းခွဲ မျက်ရည်
ဒီမျက်လုံး ဒီနှုတ်ခမ်း ငိုမယ်မတားနဲ့တော့..”

သီချင်းစာသားတွေ လိုက်ငြီးရင်း မျက်လုံးမှိတ် သံစဉ်တွေနဲ့အတူ စီးမျောနေမိသည်။

အဲဒီအချိန်မှာပဲ
“ဟေ့ကောင် ဒေါင်းကြီး ဘာလဲ မင်းငုတ်တုတ်ကြီး မေ့နေတာလား”

“ဒါမှ မဟုတ် မတ်တပ်ကြီး အသက်ထွက်သွားတာလားကွ ဟေ”
ဘယ်အချိန်က ရောက်လာမှန်းမသိတဲ့ ဂူဂဲ အသံကြောင့် သူလန့်သွားရသည်။ အလွမ်းတွေတောင် ဘယ်ရောက်သွားမှန်း မသိ။
“မဟုတ်ပါဘူး ဂူဂဲရာ ငါ သီချင်းက
ို ခံစားနေတာပါ”

“ဒီလောက် နေပူနေတာကို မင်းက လသာနေတယ်များမှတ်နေလားကွာ အံ့ပါ့ကွာ မင်းကတော့ တကယ်ပဲ”

“မဟုတ်ပါဘူးကွာ ငါစထိုင်တုန်းက မပူသေးဘူးကွ ခုမှပူလာတာ”

“ထားပါတော့ကွာ လာ နေရိပ်တဲ့နေရာ ပြောင်းထိုင်ကြမယ်”
ပြောပြောဆိုတို ဂူဂဲက နေရာပြောင်းထိုင်တယ်။ သူလည်း အတူလိုက်ပြောင်းထိုင် လိုက်သည်။

“မင်းကြည့်ရတာလဲ စိတ်နဲ့လူ ကပ်ပုံမပေါ်ပါဘူး ဒေါင်းကြီးရာ”

“အေးကွာ ငါလည်း လမ်းမကြီးကို ငေးကြည့်နေရင်း အတွေးတွေ များသွားလို့ပါကွာ”

“မင်းလည်းမှာလေ ဘာစားမလဲ ငါကတော့ စားပြီးပြီ”

“အေး ငါဘာမှစားရသေးဘူး အဆောင်ပြန်ရောက်တော့ မင်းမရှိတာနဲ့ ဒီမှာ ရှိမှာပဲဆိုပြီး လိုက်လာတာ”

“အေးကွာ ငါလည်း အစက စာကြည့်နေတာပဲ ဒါပေမယ့် ဘယ်လိုမှ အာရုံသွင်းမရလို့ ဗိုက်ကလဲဆာလာတာနဲ့ ဒီထွက်လာတာ”

“အကို ဂဂူဘာစားမလဲ”
“ဟာ ဒီကောင်လုပ်ပြန်ပြီ ..ငါ့နာမည် ဖြိုးဝေ အကိုဖြိုးဝေလို့ ခေါ်ခိုင်းတာ ဘယ်နှစ်ခါ ရှိပြီလဲကွာ မှတ်မိဘူးလား ငါမင်းကို တင်းလာပြီနော် ဟင်း”

“မဟုတ်ပါဘူး အကိုရ အကိုဂူဂဲလို့ ခေါ်ရတာကောင်းတယ်ဗျ မှတ်ရတာလဲ လွယ်တယ် အဲဒါကြောင့်ပါဗျ ဟဲဟဲ”

“ထားပါတော့ကွာ မင်းဦးနှောက်ကလဲ မကောင်းတာကျ မှတ်မိတယ် ကောင်းတာကျတော့် မမှတ်မိဘူး ကောင်းပါကွာ”

“သွားသွား နန်းကြီးသုတ်တပွဲ ကြက်သားနဲ့ ချဉ်ငန်စပ်ကလေး မြန်မြန်လုပ်ခဲ့ကွာ”

“ဟုတ်ကဲ့ နန်းကြီးသုတ်တပွဲ ချဉ်ငန်စပ်ကလေး တပွဲဗျို့”

“ရော့ ရေနွေးလည်းကုန်နေပြီ ထည့်ပေးဦး”

“ဟုတ်ကဲ့ပါ ကိုကြီးဂူဂဲ”

“ဟာကွာ ဒီကောင်”
စားပွဲထိုးလေးက ဂူဂဲကိုစပြီး ထွက်သွားသည်။ ဂူဂဲက ပျော်ပျော်နေတတ်သည် ။ အဆင့်အတန်းလဲမခွဲတတ် လူတိုင်းကို ချိုချိုသာသာဆက်ဆံသည်။ ရယ်စရာလည်း အမြဲပြောသည်။ ထို့ကြောင့် စားပွဲထိုးလေးတွေက သူ့ဆို ခင်ကြသည်။

“ကဲပါကွာ ထားလိုက်ပါတော့ ဂူဂဲဆိုတာ ကမ္ဘာကျော်ပဲ မင်းမနစ်နာပါဘူး ကလေးနဲ့ ရန်ဖြစ်မနေပါနဲ့”

“ဒါတော့ ဒါပေါ့ကွာ ကလေးဆိုတာ နေရာတိုင်း အလိုမလိုက်ရဘူးကွ။ အရောဝင်ရင် အရိုသေတန်တယ် ဆိုတာ မင်းကြားဖူးတယ်မို့လား။ မျက်နှာသာပေး ခွေးလေး ပါးယက်နားယက်ဆိုသလိုပေါ့ကွာ။ ခုခေတ်ကလေးတွေကို လျော့မတွက်နဲ့ မင်းခေါင်းပေါ်အီးတက်ပါသွားမယ် ဘာမှတ်လဲ”
ဂူဂဲက တခါတခါ ဒီလိုပဲ သူ့ဒဿနတွေကို ပြောတတ်သည်။

“အဲလောက်ကြီးလည်း မဟုတ်ပါဘူးကွာ။ ကလေးတွေက ဖြူစင်ပါတယ်၊ အပြစ်ကင်းတယ်၊ ဟန်မဆောင်တတ်ဘူး၊ ရိုးရိုးလေးပဲ တွေးတတ်ကြတယ်။ သူတို့စိတ်ထဲမှာ သဘောကျရင် ကျတယ် သဘောမကျရင် မကျဘူး။ ဒါပဲ သူတို့တွေးတာ။”

ပြောရင်းရေနွေး တခွက် မော့လိုက်သည်။ ဂူဂဲကလည်း ရောက်လာတဲ့ နန်းကြီးသုတ်ကို စားရင်း နားထောင်နေသည်။

“ကလေးတွေကို ခြောက်လန့်ပြီး အမြဲရိုက်နှက်နေလို့လဲ မဖြစ်ဘူး။ ချော့တန်ချော့ ခြောက်တန်ခြောက် ဆုပေးဒဏ်ပေးပေါ့ကွာ။
ငယ်ရွယ်နုညံ့တဲ့ ကလေးတယောက်ရဲ့ စိတ်ထဲမှာ အားငယ်ကြောက်ရွံ့မှုတွေ မရှိအောင်၊ ကိုယ်ကိုယ်ကို ယုံကြည်တဲ့ အားမာန်တွေ ကိန်းအောင်းလာအောင် ၊ ကိုယ်တိုင်တွေးခေါ် ဆုံးဖြတ်နိုင်တဲ့ အလေ့အကျင့်လေးတွေ လုပ်ပေးရမှာကွ၊ တခုခု အမှားလုပ်ရင် အရင်ဆုံးမရိုက်ဘဲ ပါးစပ်နဲ့ နားဝင်အောင် ဆုံးမနိုင်ရင်တော့ အကောင်းဆုံးပေါ့ကွာ”

မရည်ရွယ်ပါဘဲ သူငယ်ချင်းနှစ် ဒဿနတွေ ဖလှယ်နေမိကြသည်။

“ ဟ ဒေါင်းကြီးရ မင်းက သိလှချည်လားကွာ၊ ကလေးဆယ်ယောက် အဖေတောင် မင်းလောက်သိမယ် မထင်ဘူး ဟဟား”

“ မဟုတ်ပါဘူးကွာ ငါတွေးမိတာလေးတွေပါ၊ မင်းအတွေးလဲမမှားပါဘူး ငါက မင်းမတွေးတဲ့ တခြားတဖက်ကတွေးကြည့်တာပါ”

“ဟုတ်တယ်ကွ  လူဆိုတာ ရှုထောင့်ပေါင်းစုံက တွေးကြည့်ရမှာ ဒါမှ တကယ်အမှန်တရားကို ချဉ်းကပ်နိုင်မှာပေါ့ကွာ။ ဒီနေ့မင်းနဲ့ပြောရတာ အရသာရှိတယ် ဒေါင်းကြီးရေ”

“လုပ်ပြီ မင်းကတော့ ပြောရင်း ဖောက်လာပြီ”

“တကယ်ပြောတာဟ ငါမိန်းမယူပြီးရင် မင်းဆီ သင်တန်းလာတက်ရမယ် ဟဲဟဲ”

“ဟဟ အသာလုပ်ပါကွာ”

သူငယ်ချင်းနဲ့ ခုလို ပြောလိုက်တော့လည်း ရင်ထဲက ဝေဒနာတွေ ခဏတော့ မေ့ပျောက်သွားတာပေါ့လေ။

“တချို့ကလေးတွေက လူကြီးကို လူကြီးမသိ မလေးစားကြဘူး ဒေါင်းကြီးရ”

“တချို့လူကြီးတွေကလည်း ကလေးကို ကလေးဆို သနားကြင်နာစွာ ဆက်ဆံရမှန်း မသိပါဘူး ဂူဂဲရာ”

“မင်းပြောတာလည်း ဟုတ်တာပဲ”

“အေးပေါ့ ဥပမာကွာ မင်းက လေးစားအောင်နေရင် ကလေးတွေက လေးစားမှာပေါ့။ ခုတော့ မင်းပုံစံက စပ်ဖြီးဖြီး ကိုးယိုးကားယားနဲ့ ဘယ်ကလေးကလေးစားမှာလဲ ဟုတ်ဘူးလား ဟားဟား”
အကွက်ဝင်တုန်း ဂူဂဲကို တွယ်လိုက်ရတာ အရသာရှိသည်။

“မင်းပြောမှ ငါက ငပေါကြီးဖြစ်နေပြီ”

“မဟုတ်ဘူးလား ၊ ဒါပေမယ့် ကလေးတွေက မင်းကိုတော့ ချစ်ကြပါတယ်ဟ”

“တော်ပီကွာ ထားလိုက်တော့ ငါနန်းကြီးသုတ်လေး အရသာခံစားပါရစေဦး”

ပြောပြီး ဂူဂဲက နန်းကြီးသုတ်ကို ခေါင်းမဖော်ဘဲ အားရပါးရစားနေတော့သည်။

တရှူးရှူးတရှဲရှဲနဲ့ ရထားကြီးမောင်းနေသလို ဟင်းချိုသောက်လိုက်စားလိုက် တွယ်နေတဲ့ သူ့ကိုကြည့်ရတာ ဘေးလူပင် သွားရည်ကျချင်ချင်ပါပဲ။ နန်းကြီးသုတ် တပန်းကန်က ခဏချင်း ပြိုက်ခနဲ ကုန်သွားလေသည်။

“မင်းဟာက ဝေသာလီပြည် ဘီလူးဝင်စီးနေတာကျနေတာပဲကွာ ဖြေးဖြေးစားလဲ ရပါတယ် ဂဂူရယ်”
“ဆာတကိုးကွ”

“စားပိုးနင့်ပြီး သေနေဦးမယ်၊ ဘေးလူတွေမြင်ရင် အီသီယိုးပီးယားက လာတဲ့သူလို့ ထင်နေလောက်ြပီ”

“ထင်လည်း မတတ်နိုင်ဘူး ငါ့လူရေ စားနိုင်မှ အားရှိမှာ၊ အားရှိမှ ကျန်းမာမယ်၊ ကျန်းမာမှ စာကောင်းကောင်းကြည့်နိုင်မယ်၊ စာကောင်းကောင်းကြည့်နိုင်မှ စာမေးပွဲအောင်မယ်၊ စာမေးပွဲ အောင်မှ ကျောင်းမြန်မြန် ပြီးမယ်၊ ကျောင်းမြန်မြန်ပြီးမှ အလုပ်မြန်မြန်ရမယ် မိန်းမမြန်မြန်ရမယ် ဟုတ်တယ်ဟုတ် ဟဲဟဲ”

ဂူဂဲက ရီစရာတော့ အမြဲပြောတတ်သည်။ သူအမြဲပြောသလိုပေါ့ ပျော်ပျော်နေသေခဲ မော်တော်တွေရေထဲ ဆိုသလိုထင်ပါသည်။ တခါတလေတော့လဲ သူ့လို အပူပင်ကင်းစွာ နေချင်မိသည်။

“ရော့ မင်းလည်း ပြောရစားရတာ မောသွားပြီ ရေနွေးသောက်ပါဦး”

“မင်းရဲ့ ကြီးကျယ် ခမ်းနားတဲ့ စကားတွေကြားပြီး ဘေးလူတွေက တို့ကို အဆောင်မှာ စာအတွေ အသေအလဲ ကြည့်တယ်လို့ ထင်ကုန်တော့မှာပဲကွာ ဟားဟား”

“အင်း ကောင်းလိုက်တဲ့ သားသမီး မိဘလုပ်ကျွေးဖို့တော့ မစဉ်းစားဘူးမိန်းမယူဖို့ပဲ ကျောင်းပြီးချင်တဲ့ မင်းကတော့ မနိုင်ဘူး ဂဂူရေ”

သူငယ်ချင်းအရင်းပြောမနာဆိုမနာတွေဆိုတော့ တယောက်တယောက် ဘာပြောပြော စိတ်မဆိုးကြပါ၊ တခါတရံ ကိုယ်ယုံကြည်ရာကို ငြင်းကြရင် ဘေးလူတွေက ရန်ဖြစ်တယ်ထင်ရတဲ့အထိ။

“ဒါက ဒီလိုရှိတယ်လေ ဒေါင်းကြီး က ဟိုဟာက ဟိုလိုရှိတယ် ဘယ်လိုပြောရမလဲ ဆိုတော့ ဒီလိုပေါ့ကွာ ဟုတ်တယ်မို့လား”

“မင်းပြောတာရှင်းတာကွာ မင်းကတော့ ဟုတ်နေပြီ”

“မဟုတ်ဘူးလေကွာ ငါပြောချင်တာက...”

“လိုရင်းပြောကွာ ငါ ထထိုးမိတော့မှာနော် အသည်းကွဲနေတာ မင်းတရားခံဖြစ်သွားမယ်”

“ဟဲ ဟဲ မင်းကလည်းစိတ်ကြီးပဲ ငါက မိဘကိုလဲ ကျေးဇူးဆပ်မှာပါ  ဒီကိစ္စက အော်တိုတာဝန်ရှိပြီးသားဆိုပြီး မပြောတာပါလို့ ဟုတ်ဘူးလား။”

“အဲဒီလို ပေါ့ပေါ့လေး ပြောလို့မရဘူး ဂူဂဲ မိဘတွေရဲ့ မေတ္တာတရား၊ စွန့်လွှတ်အနစ်နာခံမှု၊ ငါတို့အတွက် ရုန်းကန်ကြိုးစားရမှုတွေ စသဖြင့် ဒါတွေကို နားလည်ခံစားပေးနိုင်မှ တကယ် ကျေးဇူးဆပ်နိုင်မှာကွ ၊ အဲဒါကြောင့် ငါဒီစကားကို လေးလေးနက်နက်ပြောတာ ”

“အေးပါကွာ ငါနားလည်ပါတယ် ငါလည်း စကားကို ပေါ့ပေါ့လေးပြောတဲ့ အကျင့်ကို ပြင်ရဦးမယ်။”

“ဟုတ်တယ် စကားတခွန်းတိုင်း တခွန်းတိုင်းက အရေးကြီးတယ်၊ ဘယ်စကားပဲ ပြောပြော လေးလေးနက်နက် စဉ်းစားပြီး ပြောပေါ့ကွာ၊ ငါတို့ဟာ အမှန်တရားကို မြတ်နိုးတတ်ဖို့ ရိုးသားဖြောင့်မတ်ဖို့လဲ ကြိုးစားရမယ်”

“ဟုတ်တယ် ဒေါင်းကြီး တို့ ဘုရားဟောထားသလိုပေါ့ စကားတခွန်းဟာ သူတပါး နားဝင်ချိုရဲ့လား၊ ကောင်းကျိုးရှိရဲ့လား၊ မှန်ရဲ့လား၊ ပြောရမယ့် အချိန်အခါရော ဟုတ်ရဲ့လားဆိုတာ စဉ်းစားရမယ်ကွ”

“အေးမင်းပြောတာ မှန်တယ် ဒါပေမယ့် အရမ်းစဉ်းစားလွန်းတော့ လဲ ပြောစရာစကားမရှိတော့ဘူး ဒီလိုပဲ အလိုက်အထိုက်ပြောရမှာပေါ့ကွာ တို့က သူတော်စင်တွေမှ မဟုတ်ကြသေးတာ”

“အင်းအဲဒါကလည်း အကျင့်ပါပဲ ပထမတော့ တကူးတက စဉ်းစားရတာပေါ့ ဒါပေမယ့် အကျင့်ရသွားတဲ့ အခါ သူ့အလိုလို စဉ်းစားပြီး ပြောတတ်သွားတာပေါ့”

“အေးပါ ငါလည်း စာအုပ်ထဲက ဖတ်မိတာလေးတွေ ပြောတာပါ ငါလဲ ခုထိ စကားကို ပေါ့ပေါ့တန်တန် ပြောနေမိတုန်းပါပဲ”

တယောက်ဒဿန တယောက် ပြောကြရင်း စကားတွေ ဖောင်ဖွဲ့နေမိကြသည်။ ဒီလိုပါပဲ ကျနော်တို့နှစ်ယောက်က အကြောင်းအရာ တစ်ခုကို အာရုံစိုက်ပြောမိပြီဆို တော်တော်နဲ့ စကားမပြတ်တော့ပေ။

“အင်း ဟုတ်တယ် ဂူဂဲ လူ့ဘ၀ဆို တာ တိုတိုလေးပါကွာ၊ ရှင်သန်ခွင့်ရတဲ့ အခိုက်အတန့်လေးမှာ ကောင်းကောင်းမွန်မွန် ကြိုးစားပြီး အကျိုးရှိရှိ ပြောဆိုပြုမူ လုပ်ကိုင်ကြဖို့ အရေးကြီးတာပါပဲ”

“ဘာလဲ မင်းက ကောင်မလေးနဲ့ အဆင်ပြေတာနဲ့ တရားပေါက်တော့မှာလား ဒေါင်းကြီး”
သူပြောမှပဲ ကျနော့်ရဲ့ သံယောဇဉ်မလေးကို သတိရသွားသည်။

“တရားမပေါက်လို့ပဲ သူ့ကိုငါ  အရူးအမူးစွဲလန်းနေတာပေါ့၊ ဘယ်တတ်နိုင်မလဲကွာ မေတ္တာတရားမှာ အသွား အပြန်ရှိပေမယ့် အချစ်မှာ အသွားအပြန် မရှိဘူး ထင်တယ်ကွာ”

သူဆွေးမြေ့နာကြင်စွာ ပြောမိသည်။

“အေးပေါ့ကွာ ချစ်သူတိုင်းသာ သူတို့ ချစ်သူတိုင်းကို ပိုင်ဆိုင်ခွင့်ရနေရင် ကမ္ဘာမှာ အသည်းကွဲတဲ့ သူတွေ မရှိနိုင်သလို အသည်းကွဲကဗျာတွေ အသည်းကွဲသီချင်းတွေလည်း ဘယ်ရှိပါတော့မလဲ ”

ဂူဂဲပြောတာလည်း မှန်ပါသည်။ တကယ်တော့ ချစ်သူနဲ့ ကွေကွင်းရခြင်း မချစ်မနှစ်သက်သူနဲ့ တွေ့ဆုံရခြင်းတွေဟာလည်း လူသားတိုင်း ကြုံတွေ့နေရတဲ့လောကဓံတရားတွေပဲ မဟုတ်လား။

“အေးကွာ ငါကလည်း အဲဒီ ဒုက္ခတွေကိုမှာ ချိုမြိန် ဒုက္ခတွေလို့ ထင်နေမိတာပါ ဂူဂဲရာ”

“မင်း သိပ်လဲ ဆွေးမနေပါနဲ့ကွာ ငါ့အထင်မမှားဘူးဆို သူလည်းမင်းအပေါ်သံယောဇဉ်ရှိသလိုပါပဲ၊ သူမင်းကို ခုလောက်ကြီး အတင်းငြင်းနေတာ တခုခု တော့ အကြောင်းရှိမယ်ထင်တယ်၊ အိသွယ်တို့သဲမွန်တို့ အဖွဲ့တွေတော့ သိမယ်ထင်တယ်ကွာ”
ဂူဂဲက သူစိတ်သက်သာအောင် ဖေးဖေးမမ ပြောရှာသည်။ သူလည်း ဒီလို မျှော်လင့်နေမိတာပါပဲလေ။

“သူငယ်ချင်းပဲ သံယောဇဉ်တော့ ရှိမှာပေါ့ကွာ၊ အိမ်မှာမွေးထားတဲ့ ခွေးလေးကြောင်လေးတွေတောင် သံယောဇဉ် ဖြစ်ကြသေားတာပဲ သူငယ်ချင်းရာ”
သူ့အသံတွေက ခံစားချက်တို့ဖြင့် တုန်ရင် ဆို့နင့်နေသည်။ ဂဲဂူလဲ သူ့အတွက် စိတ်မကောင်းဖြစ်နေပုံရသည်။

“မဟုတ်ဘူးကွ ဒီနေ့မင်းမလာတော့ ဒီကလေးမ တော်တော် မှိုင်နေတာ မင်းထိုင်နေကျနေရာကို လှမ်းလှမ်းကြည့်ပြီး ဆွေးနေတာ ငါတွေ့တယ်။ သေချာတယ်ကွာ သူလဲ မင်းကို ချစ်နေလိမ့်မယ် ငါတကယ်ပြောတာ”
ဂူဂဲစကားတွေကြားတော့ သူကြည်နူးအားတက်မိပါသည်။ဒါပေမယ့် ရင်ထဲမှာ မယုံရဲဘူး။

“မဖြစ်နိုင်ပါဘူးကွာ..ကဲ ဒါတွေ ထားလိုက်ပါတော့ စကားကောင်းနေတာနဲ့ ဒီမှာ တော်တော်ကြာနေပြီ တော်ကြာ ဆိုင်ရှင်က ရိုက်လွှတ်လိမ့်မယ် ငါတို့ အဆောင်ပြန်ကြစို့”

အဆောင်ပြန်ရောက်တော့ ကြီးပေါတို့ အုပ်စုက အဆောင်မှာ ရောက်နှင့်နေကြပြီ။

“မင်းတို့နှစ်ကောင်ရောက်လာတာနဲ့ အတော်ပဲ။ ငါတို့တောင် လေထန်ကုန်းဘက် လိုက်လာခဲ့ကြတော့မလို့”
လင်းထင်က စပြောပါသည်။

“နေပါဦး မင်းတို့က ဘာလုပ်မလို့တုန်း ဘာအရေးကြီးကိစ္စ ရှိလို့တုန်းဟ”

“ဟ ငါတို့က ကိစ္စရှိမှ လာရမှာလား ဂူဂဲ မင်းတော့ နာချင်ပုံရပြီ”
တေဇက ဒေါသထွက်ပြီး ဂူဂဲကို ငေါက်လိုက်သည်။

“အေးလေ တေဇပြောတာ ဟုတ်တာပဲ မင်းမကြီးကျယ်နဲ့ ချီးထုပ်ဂူဂဲ ငါတို့က ပိုက်ကျော်ခြင်းလေးခတ်ရင်း မင်းတို့အဆောင်မှာ နှပ်ကြမလို့ဟ” နိုင်လင်းကပါ ၀င်ပြောသည်။

“ဘယ်လိုလဲ အသည်းကွဲဆရာကြီး ကောင်မလေးနဲ့ အဆင်မပြေတာနဲ့ မင်းက တို့သူငယ်ချင်းတွေကို စိမ်းကားသွားပြီလာကွ မင်းတော့ နာမယ်နော်”

“မဟုတ်ပါဘူး လေးဖြူရာ မင်းတို့အားလုံးက ငါ့အချစ်ဆုံးသူငယ်ချင်းတွေပဲ ဘာစိမ်းကားစရာရှိလဲ ငါ့ဒုက္ခနဲ့ ငါမို့ပါကွာ ငါ့ကို နားလည်ပေးကြပါ”

“ရုပ်ကြမ်းကြီးနဲ့ နွဲ့မနေနဲ့ ရွံစရာကြီး ကွာ လခွီးပဲ”

ကြီးပေါစကားကြောင့် ဒေါင်းကြီး အမြီးကုတ်သွားသည်။

“ကဲ တော်ကြပါတော့ ကွာ ကျနော်မောင်ဂူဂဲကပဲ အားလုံးကို တောင်းပန်ပါတယ်၊ သိဘူးလေကွာ မင်းတို့က အဖွဲ့လိုက်ချီတက်လာကြတာဆိုတော့ ငါက တခြား အရေးကြီးကိစ္စများရှိသေးသလားဆိုပြီး မေးမိပါတာ မင်းတို့ကလဲ ငေါက်မယ်ဆိုတာချည်းပဲ ဟဲဟဲ”

“အရေးကြီးတာဆိုလို့ စာမေးပွဲ နီးပြီး စာမရသေးတာပဲ ရှိတာ၊ ဂူဂဲ မင်းဂစ်တာ သွားယူကွာ မင်းတို့က ခြင်းခတ် ငါတို့က ဂစ်တာတီးမယ်”
“ငါ့ကောင်ကြီးအတွက် အသည်းကွဲ သီးချင်း ဆိုပေးရမယ်”
လေးဖြူစကားကြောင့် ဂူဂက အဆောင်ထဲ ၀င်ကာ ဂစ်တာသွားယူသည်။

“မင်းတို့ကလည်းကွာ ဒေါင်းကြီးကို ၀ိုင်းစမနေကြပါနဲ့ ဒီကောင် တကယ် အသည်းကွဲနေပုံရပါတယ်”
ဝူးဝါးက ဒေါင်းကြီးကို စာနာစွာ ပြောသည်။

“ မင်းတို့ ပြောသလောက်လဲ မဟုတ်ပါဘူးကွာ”
ရင်ထဲမှာ ကြေကွဲနေပေမယ့် သူငယ်ချင်းတွေကိုတော့ ၀မ်းနည်းမှုကို မမြင်စေချင်ပါ။

“အေး ဒါဆို ငါတို့ ခြင်းခတ်ကြမယ် မင်းရော ခတ်မှာမို့လား”
 “ငါမခတ်တော့ဘူး တေဇရာ မင်းတို့ပဲ ခတ်ကြတော့၊ ငါစာနည်းနည်းကြည့်လိုက်ဦးမယ်၊ ဒါနဲ့ ဆရာမက ဘာပြောသေးလဲ”

“ဘာမှတော့ မပြောပါဘူး အရေးကြီးတဲ့ အခန်းတွေကို revision ပြန်နေတာဆိုတော့ လာနားထောင်ရင်တော့ ပိုကောင်းတာပေါ့ မဟုတ်ဘူးလား မင်းကလည်း အသည်းကိုနုလွန်းတယ်”
ဝူးဝါးက ကရုဏာဒေါသောဖြစ်ကာ စေတနာနဲ့ ပြောရှာသည်။

တယောက်ထဲ အဆောင်ထဲသို့ ၀င်ခဲ့သည်။ အခန်းထဲဝင်ဝင်းပြီး စာကြည့်စားပွဲထိုင်ကာ တွက်စရာ ရှိတာတွေ တွက်နေမိသည်။ ဘ၀အတွက် စာကြည့်ရမည်မဟုတ်ပါလား။ စာမေးပွဲကျလို့တော့ မဖြစ်ပေ။ အသည်းကွဲပြီး စာမေးပွဲကျသည်ဆိုလျှင် လူကြားလို့လဲမကောင်း မိအေးနှစ်ခါနာဖြစ်ဦးမည်။
အောင်စရင်းထွက်ရင်လည်း အဆင့်တစ် မဟုတ်တောင် ခုံနံပါတ်ရှေ့နားမှာ ရှိချင်သည်။

တနေ့နေ့ကျရင် အဖက်ဖက်က နိမ့်ကျနေတဲ့ မြန်မာနိုင်ငံကြီးအတွက် တထောင့်တနေရာကနေ အကျိုးပြုနိုင်မယ် အင်ဂျင်နီယာကောင်းတစ်ယောက်ဖြစ်ရမည်ဟု ကျနော်ဆုံးဖြတ်ထားသည်။ အချစ်အတွက် ရည်မှန်းချက်ပျက်သွားတယ်ဆိုတဲ့ သူတွေကိုတော့ ကျနော့်  ရှုတ်ချပါသည်။

တကယ်တော့ အချစ်ဆိုတာ ဖန်တီးလို့လဲမရ ဖျက်ဆီးလို့လဲ မရနိုင်တဲ့ အချစ်အဖြစ်ပဲ သန့်ရှင်းစွာ ဖြစ်တည်နေသင့်တဲ့ အရာလို့ တွေးမိသည်။

အချစ်ကြောင့် ဘ၀ပျက်တယ်ဆိုတာ ကိုယ့်ရဲ့ ညံ့ဖျင်းမှုအတွက် အချစ်ကို တရားခံရှာခြင်းလို့လဲ တွေးမိသည်။

“၀ူးဝါး အဲဒါ ဖောင်းဘောကွ မင်းခေါင်းက ပိုက်ထိသွားတာ ငါမြင်တယ် မင်းမငြင်းနဲ့”

“ဟေ့ကောင် ကြီးပေါ ငါဒီနားမှာ ရပ်နေတာလေ ပိုက်နဲ့အဝေးကြီး မင်း လျှောက်မပြောနဲ့”

“မင်းခုတ်ချတဲ့ ခြင်းလုံးကလဲ စည်းအပြင်မှာကွာ မယုံရင်လာကြည့် ဒီမှာ ခြင်းလုံးရာ“

“ကဲကွာ အဲဒါဆို အစက ပြန်ပေး ဒါပဲ ဘာကောင်တွေမှန်းမသိဘူး”

အပြင်မှာ တော့ သူငယ်ချင်းတွေ ခြင်းခတ်ရင်း ငြင်းကြ ခုန်ကြနဲ့ ဆူညံနေသည်။
လေးဖြူဆိုတဲ့ ကောင်ကလည်း အိပ်မက်ကဗျာသီချင်းကို အဆောင်ရှေ့မှာ အာဖြဲအော်နေလေသည်။

ဆန်နီ့ရဲ့ ပုံရိပ်တွေက နှလုံးသားထဲ အာရုံထဲ ခဏခဏ ၀င်လာသည်။ စာထဲကို မနည်းအာရုံစိုက်နေရတဲ့ အဖြစ်ပါလား။

၁၄

ကျေးငှက်ကလေးတွေရဲ့ တေးသံနဲ့အတူ နေရောင်ခြည်နွေးနွေးဟာ ပြူတင်းပေါက်မှတဆင့် အခန်းထဲကို လင်းပြစွာ ဖြာကျနေလေသည်။ မနေ့ညက တညလုံးစဉ်းစားပြီး သေချာတဲ့ အဖြေတခုကို ဆုံးဖြတ်ချက် ချနိုင်ခဲ့သည်။ သူမအတွက် ယနေ့သည် ရင်ခုန်စရာကောင်းသော နေ့တနေ့ဖြစ်သည်။တွေးရင်း သူမမျက်နှာလေးတွေ ရဲနေအောင် ရင်ခုန်ရှက်နွေးနေမိရသည်။

နာရီကြည့်တော့ ၈ နာရီထိုးခါနီးပြီ။

အင်း လန်းလန်းဆန်းဆန်း ဖြစ်သွားအောင် ရေအရင်ချိုးတာ ကောင်းတယ်။ သီချင်းလေးတအေးအေး နဲ့ ရေချိုးရင်း သူမ ပျော်ရွှင်ကြည်နူးနေမိသည်။ ရေစက်တို့သည် သူမရဲ့ လှပတ့ ကိုယ်လုံးလေးပေါ်တွဲခိုလို့ သူမဟာ ခါတိုင်းထက် အေးမြလန်းဆန်းမှုကို ခံစားနေရသည်။ အချစ်သည် တခါတရံ လူကို အေးမြလန်းဆန်းမှုကိုလည်း ပေးတတ်ပါလားလို့ သူမတွေးနေမိသည်။

ရေချိုးပြီး တော့ မှန်တင်ခုံရှေ့ထိုင်ပြီး သူမကိုယ်သူမ ကြည့်နေမိသည်။ သူမဒီနေ့ အရမ်းလှချင်နေသည်။ အလှဆုံးပြင်ဖို့ ကြိုးစားမည်လို့လဲ တွေးနေမိသည်။ မနက်ခင်းတိုင်းထပြေးပြီး အားကစားလုပ်တဲ့အတွက် သူမကိုယ်လုံးလေးက အချိုးစားကျလှသည်။ အသားရေလေးတွေက ၀င်းမွတ်ဖြူစင်ပြီး ပါးပြင်ပေါ်မှာ သွေးကြောစိမ်းလေးတွေ ယှက်ဖြာနေသည်။ ရှည်လျားကော့ညွတ်နေတဲ့ မျက်တောင်ရှည်တွေနဲ့ ကာရံထားတဲ့ ၀ိုင်းစက်လှပတဲ့ မျက်ဝန်းနက်နက်ကလေးတို့ အရည်လဲ့ နေသည်။နှာသီးလုံးလုံးလေးနဲ့ စင်းနေတဲ့နှာတံ၊ ပြီးတော့ ကကြီးပုံ နှုတ်ခမ်းဖောင်းဖောင်းလေးတွေက နီရဲနေရဲ့။

တကယ်တော့ သူမ အလှပြင်တာ ၀ါသနာမပါပါဘူး။ ဒါပေမယ့် ဒီနေ့တော့ ဘာမှ မလိမ်းခြယ်ရသေးဘဲ လှပနေတဲ့ သူမမျက်နှာလေးကို သူမ အားမရ ဒီထက် လှချင်နေမိသည်။

မိန်းကလေးတိုင်းဟာ သူမချစ်သူရှေ့မှာ အလှဆုံးဖြစ်ချင်ကြတာပဲလေ။

မသုံးဖြစ်တာကြာပြီဖြစ်တဲ့ SK2 မိတ်ကပ်ဗူးလေးကို ဖွင့်ပြီး ပါးပါးလေးလိမ်းလိုက်သည်။ ပြီးတော့ လော်ရယ်လ် နှုတ်ခမ်းနီ ပန်းရောင်လေးကို ပါးပါးလေးဆိုးလိုက်သည်။ မျက်ခုံးမွှေးလေးကို အိုင်းရှဲဒိုးလေးနဲ့ ဆွဲလိုက်တဲ့အခါမှာတော့ သူမကိုသူမ တော်တော်လေးလှသွားတယ်လို့ ထင်မိသည်။ သူမ ဒီထက်လဲ ပိုပြီး မပြင်တတ်တော့ပါ။

အ၀တ်အစားကိုတော့ ကျောင်းယူနီဖောင်းပဲ ၀တ်သွားတာကောင်းပါတယ်။ အ၀တ်စားကို သတ်သတ်ရပ်ရပ်ဖြစ်အောင် သေချာဆွဲဆန့်ပြီး မနေ့က ဆရာမ ပြန်လှန်လေ့ကျင်းခန်းလုပ်ပေးထားတဲ့ စာအုပ်လေးကို ယူပြီး အဆောင်အောက် ဆင်းခဲ့သည်။

“အိုး ဆန်နီလေး အရမ်းလှနေပါလား၊ အိသွယ်တို့ ဇာခြည်တို့ ဇင်ကြီးတို့ ဒီမှာလာကြည့်စမ်း ဆန်နီ ဒီနေ့ အရမ်းလှနေတယ်ဟေ့”

“အာ မမသဲမွန်ကတော့ လုပ်ပြီ အဲလောက်မဟုတ်ပါဘူး မမပြောမှ တဆောင်လုံး သိတော့မှာပဲ သမီးရှက်လာပြီ”

“ဟုတ်ပ ငါ့သမီး အရမ်းလှနေတယ်ဟေ့”
အဆောင်ရှင် အန်တီချိုက ထွက်လာပြီး ပြောသည်။

“ငါ့သမီး ဒီနေ့ ကျောင်းမသွားဘူးလား”

“မသွားဘူးအန်တီချို သမီး သူငယ်ချင်းတယောက်ဆီ စာသွားရှင်းမလို့”

“အင်း ဧကန္တ စာသွားရှင်းမယ့် သူက ကောင်လေးချောချောလေး ဖြစ်မယ်ထင်တယ်ဟေ့”

“ဟာ မဟုတ်ပါဘူးအန်တီချိုရယ် တကယ် သူငယ်ချင်းပါ”

“အေးပါအေ မဟုတ်ရင်လည်း ပြီးတာပါပဲ ဘာပဲဖြစ်ဖြစ် မိန်းကလေးဆိုတာ ကိုယ့်ကိုယ်ကိုတန်ဖိုးထားရတယ်၊ ထိမ်းထိမ်းသိမ်းသိမ်း နေကြနော် သမီးတို့”

“ဟုတ်ကဲ့ပါ အန်တီချို ခုလို ဆုံးမတာ ကျေးဇူးပါ၊ သမီးသွားလိုက်ဦးမယ်နော်”

“အေးအေး သွားသမီး”

“မမ သဲမွန်တို့ သမီး ကိုကျော်သူဆီ သွားလိုက်ဦးမယ်နော် ”

“ဟာ တကယ်လား ကောင်းတယ်ဟေ့ ငါတို့သတင်းကောင်းစောင့်နေမယ် ၊ ငါတို့အားလုံးက နင်တို့ ၂ ယောက်ကို အဆင်ပြေစေချင်နေတာ၊ သွားသွား”

အဆောင်က ထွက်လာခဲ့ပြီးမှ စိတ်ထဲမှာ ကြောက်ရွံ့နေမိသည်။ ငါ ယောက်ျားလေးအဆောင်သွားရင် ကိုကျော်သူများ ငါ့ကို အထင်သေးသွားမလား။ လမ်းလျှောက်ရင်း ရင်တွေ အရမ်းခုန်နေမိသည်။ နောက်ဆုံးတော့ နှလုံးသားတစုံးရဲ့ ဆန္ဒကို သူမ မလွန်ဆန်နိုင်တော့ပါဘူးလေ။

ကျော်သူခေါ် ဒေါင်းကြီးတယောက်လဲ တယောက်ထဲ စာကျက်မယ်ဆိုပြီး အဆောင်ရှေ့ ပိတောက်ပင်အောက်မှာ တယောက်ထဲ ထိုင်နေမိတာ ၁၅ မိနစ်လောက်ရှိပြီ။ လက်ထဲ ကိုင်ထားတဲ့ Insatallation စာအုပ်ကို ခုထိ တရွက်မှ မလှန်ရသေး။ ကောင်းကင်ပြာပြာကြီးကို သူ ဆွေးမြေ့စွာ ငေးမောကြည့်နေမိသည်။

ချစ်တတ်သူမို့ လွမ်းတတ်တာ မဆန်းပါဘူး။ ကောင်းကင်ပြာပြာမှာ တိမ်လွှာဖြူဖြူလေးတွေ လွင့်ဝဲနေတာကိုကြည့်ရင်း သူမကို လွမ်းသည်။ လေပြေလေးတွေတိုက်တိုင်း ပိတောက်ရွက်ကလေးတွေ လှုပ်ရှားသွားတာကိုကြည့်ရင်း သူမကို လွမ်းသည်။

အလွမ်းသည် ကျနော့်အတွက်တော့ ချစ်သူပေးသော အိပ်မက်ရှည်တပုဒ်ဟု ကျနော်ထင်သည်။ မေ့ဖို့ကြိုးစားရင် မုန်းဖို့အားထုတ်ရင် ရင်မှာ ပိုပိုသတိရလာတယ်ဆိုတဲ့ ကိုညီထွဋ်ရဲ့ စာသားတွေက ခုအချိန်မှာ ကျနော့်အတွက် ကွက်တိပါပဲ။ မဖြစ်သေးပါဘူး အပြင်ဖက်မှာဆိုတော့ အာရုံတွေက ပိုလွင့်တယ်။ အခန်းထဲ ပြန်ဝင်ပြီး ကြည့်မှဖြစ်မယ်။ အရူးတယောက်လိုပဲ သူတယောက်ထဲ ယောက်ယက်ခတ်နေမိသည်။

အခန်းထဲ ပြန်ဝင်ပြီး အိပ်ယာပေါ်ခဏလှဲကာ မျက်ဝန်းတွေကို ပိတ်ထားလိုက်သည်။ မျက်ဝန်းတွေ မှိတ်ထားလိုက်ပေမယ့်လည်း သူမပုံရိပ်တွေက ကျနော့် မြင်ကွင်းထဲမှ ပျောက်ကွယ်မသွားပါ။ အစကတည်းက မေ့ဖို့ချစ်ခဲ့တာမှ မဟုတ်ဘဲလေ။

“မောင်ကျော်သူ ဟေးမောင်ကျော်သူရေ အိပ်ပျော်နေလား”
အဆောင်ရှင် အသံကြောင့် သူအတွေးပျက်သွားရသည်။

“ဗျာ ဟုတ်ကဲ့ ဂျီးတော် မအိပ်ပါဘူးခင်ဗျ ဘာကိစ္စရှိလို့လဲ”

“ ဒီမှာဟေ့ အဆောင်ရှေ့မှာ ကလေးမလေးတယောက် ရောက်နေတယ် မင်းသူငယ်ချင်းတဲ့”

“ဗျာ ဟုတ်ကဲ့ ဂျီးတော် လာပါပြီ”
မိန်းကလေးဧည့်သည်တဲ့ ဘယ်သူပါလိမ့်။ သဲမွန်တို့ အိသွယ်တို့ဆိုလဲ အဖွဲ့လိုက်လာကြမှာပါ၊
ဘယ်သူဖြစ်နိုင်မလဲ တွေးရင်းနဲ့ပဲ အဆောင်ရှေ့ထွက်ခဲ့လိုက်သည်။

အဆောင်ရှေ့ရောက်တော့ ကိုယ့်မျက်လုံးတွေကိုပင် မယုံချင်။ ဘုရားဘုရား အိပ်မက်များ မက်နေတာလား၊ ကိုယ့်လက်မောင်းကို ဆိပ်ကြည့်မိသည်။ အဆောင်ရှေ့မှာ ကျနော့် အချစ်ဆုံးနတ်သမီးလေး ဆန်နီ မခို့တရို့လေးရပ်နှေရှာသည် ။သူမ အလှပြင်တာ တခါမှ မမြင်ဘူးပါ။ လက်ထဲမှာ စာအုပ်ကလေးကိုပိုက်လို့ မိတ်ကပ်လူးထားတဲ့ မျက်နှာလေးက ဖူးလှဝင်းလဲ့နေလေသည်။

ကျောင်းဝတ်စုံလေး ကျက်သရေရှိစွာ ချစ်စရာကောင်းတဲ့ ချစ်သူလေးကို သူမင်သက်စွာ ငေးကြည့်နေမိသည်။ သူ့အတွက် ကမ္ဘာကြီးသည် အခိုက်အတန့် ရပ်တန့်သွားသလိုပါပဲ။

“ဘာလို့ အဲလောက်ကြီး ရပ်ကြည့်နေရတာလဲ ဧည့်သည်ကို ဘာမှ ဧည့်မခံတော့ဘူးလား”
သူမက မျက်နှာလေးရဲပြီး ပြောရှာသည်။

“ဟာ အဲသလို မဟုတ်ပါဘူး ကိုအရမ်းအံသြနေလို့ပါ”
သူအသံတွေကလည်း ရင်ခုန်တုန်ရီနေပါသည်။

“ဘာလဲ မလာစေချင်းဘူးလား”
သူမက ချစ်စဖွယ် ရန်တွေ့သည်။

“ဟာ မဟုတ်ပါဘူးဆန်နီရဲ့ အဲဒီ ပိတောက်ပင် အောက်က ခုံလေးမှာ ထိုင်နော်”
“ဓာတ်ဗူးထဲမှာ ရေနွေး ရှိသေးတယ် ကျနော်ကော်ဖီ ဖျော်လိုက်မယ်နော် ခဏစောင့်”
ရင်ထဲမှာ အတိုင်းမသိ ကြည်နူးပျော်ရွှင်နေမိသည်။

“ရတယ် ဘာမှမလုပ်နဲ့တော့ ကျမမဆာပါဘူး”

“ကို ဆန်နီကို ဘာမှ ထပ်မနှောင့်ယှက်တော့ပါဘူးနော်”
သူပြာပြာသလဲ တောင်းပန်မိသည်။

“ဘယ်သူက နှောင့်ယှက်တယ်ပြောနေလို့လဲ”
သူမရဲ့ စူဆောင့်ဆောင့်ပြောပုံလေးက ချစ်စဖွယ်ပါပဲ။

“ဒါပေမယ့် ဟိုလေ..ဟို”

“ကဲပါ တော်ပါပီ အဲဒါတွေမပြောပါနဲ့တော့ ဘာလို့အတန်းလာမတက်တာလဲ”

“အဲဒါက ဟိုလေ သင်ခန်းစာတွေကလည်း ပြီးနေပြီဆိုတော့ အိမ်မှာ အေးအေးဆေးဆေး စာကျက်မလို့ပါ ဆန်နီရယ်”

“ကျမလိမ်တာကို အရမ်းမုန်းတာပဲ ဘာလို့အမှန်အတိုင်း မပြောရတာလဲ ကိုကျော်သူ”
တခါတခါကျတော့ အကင်းမပါးသော သူ့ကို ကျမတကယ် အသည်းယားမိသည်။

“ကို အမှန်အတိုင်း ပြောရယ်ပါတယ် ဆန်နီရယ် ဒါပေမယ့် ကိုယ့်စကားတွေကြောင့် ဆန်နီ စိတ်အနှောက်အယှက် ဖြစ်သွားမှာ စိုးလို့ပါ”
သူမကို မြတ်နိုးစွာကြည့်နေမိရင်းက သူပြောနေမိသည်။

“ဘာ ဆိုင်လို့လဲ”
သူမက မျက်လုံးကလေးထောင့်ကပ်ပြီး ပြန်မေးသည်။

“ဆိုင်တာပေါ့ ဆန်နီရယ် ကိုမင်းကို အရမ်းချစ်လွန်းလို့ပေါ့ . ဟုတ်တယ် ဆန်နီ ကို ဆန်နီကို အရမ်းချစ်တယ် တဘ၀လုံးအတွက် ရည်ရွယ်ပြီး ချစ်တာ”
သူမရဲ့ လှပတဲ့ မျက်ဝန်းတွေကို စိုက်ကြည့်ရင်း သူလေးလေးနက်နက်ပြောလိုက်သည်။

“ အပိုတွေ ပါ”

“ကျေးဇူးပြုပြီး ကိုအချစ်တွေကို ယုံပေးပါ”

“မယုံပါဘူး တကယ်ချစ်ရင် ဘာလို့ ကျောင်းမလာဘဲ ရှောင်နေသေးလဲ”
သူ့မ မျက်နှာလေး ရဲနေပါသည်။

“ဒါဆို အတန်းပြန်တက်ရင် ယုံမှာပေါ့ ဟုတ်လား”

“အင်း”
ခေါင်းငြိမ့်ပြီး နှုတ်ခမ်းလေးကိုက် ခတ်ဖွဖွ ပြောပုံလေးက ချစ်စရာကောင်းလှသည်။ကျနော်ကို ရင်ခုန်ရူးသွပ်စေပါသည်။

“ဒါဆို ဆန်နီ ကိုယ့်အချစ်ကို လက်ခံတယ်ပေါ့နော်”

သူမ ခေါင်းငြိမ့်လိုက်သည်ထင်သည်။

“ဟာ ၀မ်းသာလိုက်တာ ဆန်နီရယ် ကို အရမ်းပျော်တာပဲ ပြီးတော့ ဆန်နီကို အရမ်းကျေးဇူးတင်တယ်”

“လုပ်ပြန်ပြီ ဘာကျေးဇူးတင်တာလဲ အဲလို အူကြောင်ကြောင်လုပ်တာတွေ မုန်းတာ”

“ဆန်နီ ဒီနေ့ အရမ်းလှတာပဲ သိလား  ကိုအရမ်းချစ်တာပဲ ဆန်နီရယ်”

“ဟာ ကိုနော် ဒီစကားပဲ ခဏခဏပြောနေတော့တာပဲ ဆန်နီ ရှက်လာပြီ ပြန်တော့မယ်”

“ ဘယ်လို ကိုယ့်ကို ဘယ်လို ခေါ်လိုက်တာလဲ ပြန်ခေါ်ပါဦး”

“ဟာ မသိတော့ဘူး သွားတော့မယ့်”

“ မသွားပါနဲ့ ဆန်နီရယ်”
နူးညံ့တဲ့ တက်ဖ၀ါးလေးကို လှမ်းဆွဲထားရင်း ချစ်သူရဲ့ ရှက်ဝဲစွာ လှနေတဲ့ မျက်နှာ ၀င်းဝင်းမွတ်မွတ်ကလေးကို မြတ်နိုးစွားကြည့်လိုက်သည်။

“ဟိုးထားဆရာ ဟိုးထား အရင်တခါလို ထပ်လုပ်ရင်တော့ တသက်လုံး မခေါ်တော့ဘူး”

“မလုပ်ရဲတော့ပါဘူး ကိုလေ တခါတည်းနဲ့ကို မှတ်သွားပါပြီ ဟဲဟဲ”

“ဆန်နီ ကိုယ့်ကို ချစ်တယ်လို့ပြောပါလား ကိုယ်အရမ်းကြားချင်တာပဲ”

“မပြောရဲပါဘူး ရှက်စရာကြီး ခေါင်းငြိတ်ပြပြီးပြီပဲ ကျေနပ်တော့ လောဘကို ကြီးတယ် တကယ်ပဲ”

“ပြောပါ ဆန်နီရယ် ကိုယ် အရမ်းကြားချင်လွန်းလို့ပါကွာနော်”

မျက်ဝန်းတွေ လက်တောက်ပြီး ကလေးလေးတယောက်လို ပျော်နေတဲ့ သူ့ကို ငေးကြည့်ရင်း ကျမရင်ထဲမှာ သူ့ပေါ်အရမ်းချစ်မိသွားရသလို ရင်ထဲမှာလည်း အရမ်း ရင်းနှီးသွားမိရပါသည်။
ဒါပေမယ့် ချစ်တယ်လို့ ပြောဖို့ကျတော့လည်း ကျမနှုတ်ခမ်းတွေက ရှက်ရွံ့နေမိပြန်သည်။

“ပြောပါ ဆန်နီရယ် တခွန်းထဲပါနော်”

“ဘယ်လိုလူကြီးလဲ မသိဘူးဇွတ်ကြီးပဲ သူများက ရှက်လို့ပါဆို”

“ဘာရှက်စရာ ရှိလဲ ချစ်လေးရယ်ကိုတို့က ချစ်သူတွေဖြစ်သွားကြပြီပဲ သူစိမ်းတွေမှ မဟုတ်တာပဲ”

“ကိုလည်း ချစ်လေးလို့ခေါ်မယ်နော်”
ကလေးတယောက်လို အတင်းပူဆာနေတဲ့ သူ့ကို မလွန်ဆန်ချင်တော့ သူ့ကို ပျော်ရွှင်စေချင်မိသည်။

“ကဲ ချစ်တယ် ချစ်တယ် ချစ်တယ် ကို့ကို ချစ်တယ် ...ကျေနပ်ပီလားကဲ..ဘာမှန်းကို မသိဘူး”

“ပျော်လိုက်တာ ချစ်လေးရယ် ကျောင်းဖက်သွားရအောင် ဟိုကောင်တွေကို သွားကြွားရမယ်”

“ဟာ မသွားချင်ပါဘူး ဆန်နီ ရှက်တယ်”

“သွားရအောင်ပါကွာ ချစ်လေးလည်း ကိုယ့်ကြောင့် ဒီတမနက်ခင်းလုံး အတန်းတွေ ပျက်သွားပြီ၊ လာပါ နောက်အချိန်တွေ သွားတက်ကြမယ်။ ဒီနှစ်စာမေးပွဲကို ခုံနံပါတ်ကောင်းကောင်းနဲ့အောင်အောင်ကြိုစားကြမယ်နော်”

“ကဲ သွားသွား ..ဟိုရောက်ရင် အတင်းသည်းမပြနဲ့နော်”

“အင်းပါခဏစောင့် ကို ကျောင်းဝတ်စုံလဲပြီး လွယ်အိတ်သွား ယူလိုက်ဦးမယ်”
နှစ်ယောက်လုံး ကြည်နူးပျော်ရွှင်နေမိကြသည်။

မျှော်လင့်မထားဘဲ ပေးလားတဲ့ ချစ်သူရဲ့ လက်ဆောင်ကို ကျနော့်နှလုံးသားထဲမှာ တသက်လုံးပဲ တခမ်းတနား သိမ်းဆည်းထားပါမည်။

“ချစ်လေးရေ လာ သွားမယ်..ကို့လက်ကိုတွဲထား”

“မတွဲပါဘူး”
မျက်စောင်းလှလှလေးက ကျနော့်ဆီ စွေ့ကနဲ လွင့်လာပါသည်။

ကျနော့်ချစ်သူသည် ထိုကဲ့သို့ မျက်စောင်းလှလှလေးတွေလဲ ပိုင်ဆိုင်ထားပါသည်။

“အရမ်းချစ်တယ် ချစ်လေးရယ်”

“သွား အရူး”

“ဟုတ်တယ် ကိုက ရူးနေတာ ..ကမ္ဘာကျော်မယ့် အချစ်ရူးကြီးလေ သိလား”

“သိပါဘူး အရမ်း ပိုတာပဲတော့ ”

“မြန်မြန်သွား သူများတွေ ကြည့်နေကြတယ်”
ရှက်ဝဲ၀ဲ မျက်နှာလေးနဲ့ သူမလေးက ကျနော့် ဘေးကနေ သိမ်မွေ့ညင်သာစွာ လိုက်လာသည်။
ကျနော့် ခြေထောက်တို့သည် ချစ်ခြင်း၏ အဟုန်ဖြင့် မြေကြီးနှင့် မထိချင်တော့။

ချစ်သူနဲ့ တွဲပြီး လမ်းလျှောက်ရခြင်းရဲ့ အရသာကို ခင်ဗျားတို့ခံစားဖူးပါသလား.....

ပြီးပါပြီ
အားလုံး ရွှင်လန်း ချမ်းမြေ့ကြပါစေ..
လင်းဝေ

Friday, March 27, 2015

Don't trust the fox

ဆာလောင်မွတ်သိပ်နေတဲ့ ဝံပုလွေတစ်ကောင်ဟာ

သူ့ပါးစပ်ထဲက သားကောင်လေးကို

သနားလို့ဆိုပြီး လွှတ်ပေးမှာ မဟုတ်သလို...

လောဘရမ္မက်တွေနဲ့ အာဏာရူးနေတဲ့

စစ်အာဏာရှင် အစိုးရဟာ

ပြည်သူတွေကို သနားလို့ဆိုပြီး

ဘယ်တော့မှ အာဏာစွန့်မှာ မဟုတ်ဘူး...

လင်းဝေ

What is the truth

အမှန်တရားကို သိရပါမယ်..

ကျနော်တို့ စင်္ကာပူကို မချစ်ပါဘူး ကျနော်တို့ကိုယ့်နိုင်ငံကိုယ်ပဲ ချစ်တာပါ..

ဒါပေမယ့် ကျနော်တို့ အမှန်တရားကို မြင်တတ်ရပါမယ်..

ဒီအနှစ် ၅၀ အတွင်းမှာ စင်္ကာပူနိုင်ငံကို ခေါင်းဆောင်ပြီး အုပ်ချုပ်ခဲ့တဲ့ လီကွမ်ယုနဲ့ ခေါင်းဆောင်တွေကို မြန်မာနိုင်ငံကို ခေါင်းဆောင်ပြီးအုပ်ချုပ်နေတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ ခေါင်းဆောင်တွေနဲ့ အာဏာရှင် အတူတူပဲဆိုပြီး တန်းညှိလို့မရပါဘူး..

လီကွမ်ယုဟာ ဘာသယံဇာတအရင်းအမြစ်မှ မရှိတဲ့ နိုင်ငံငယ်လေးကို အာရှအဖွံ့ဖြိုးဆုံးဖြစ်အောင်၊ ကမ္ဘာ့ အသန့်ရှင်းဆုံးဖြစ်အောင်၊ ပညာတတ်နိုင်ငံဖြစ်အောင်၊ ကျန်းမာရေး အဆင့်မြင့်အောင်၊ တရားဥပဒေ စိုးမိုးပြီး တရားမျှတအောင်၊ မိသားစုတစ်စု တိုက်ခန်းတစ်ခန်း ကားတစ်စီးပိုင်အောင် စသည့် ဖြင့် သူ့တိုင်းပြည်သူ့လူမျိုးတိုးတက်အောင် စွမ်းဆောင်ပေးခဲ့တဲ့ ကမ္ဘာက လေးစားရတဲ့ ခေါင်းဆောင်တစ်ယောက်ပါ..

စင်္ကာပူနိုင်ငံသား အနိမ့်ဆုံးအလုပ်သမား မပြောပါနဲ့ စင်္ကာပူက အိမ်ဖော်တစ်ယောက်ရဲ့လစာဟာ မြန်မာနိုင်ငံက အင်ဂျင်နီယာဘွဲ့ရတစ်ယောက်ရဲ့ လစာထက်များပါတယ်..

စင်္ကာပူခေါင်းဆောင်တွေရဲ့ ပညာအရည်အချင်း၊ စွမ်းဆောင်မှု၊ သူ့တို့တိုင်းပြည်နဲ့ လူမျိုးအပေါ် ချစ်မြတ်နိုးမှု၊ တန်ဖိုးထား စေတနာထားမှုနဲ့ မြန်မာစစ်ဗိုလ်ချုပ်ခေါင်းဆောင်တွေနဲ့ ဆီနဲ့ရေလို ကွာခြားပါတယ်

မြန်မာစစ်ဗိုလ်ချုပ်ခေါင်းဆောင်တွေရဲ့ ပညာအရည်အချင်း၊ စွမ်းဆောင်မှု၊ တိုင်းပြည်နဲ့ လူမျိုးအပေါ် ချစ်မြတ်နိုးမှု၊ တန်ဖိုးထား စေတနာထားမှုတွေဟာ စင်္ကာပူခေါင်းဆောင်တွေရဲ့ ဖိနပ်မှာကပ်နေတဲ့ ဖုန်မှုန့်ကိုတောင် မမှီသေးပါဘူး..

ကျနော်တို့ဟာ ရလဒ်တွေကို ကြည့်ရမှာပါ..

ဘာသယံဇာတမှမရှိတဲ့ စင်္ကာပူနိုငံဟာ အဖွံ့ဖြိုးဆုံး နိုင်ငံအဖြစ်ရပ်တည်နေချိန်မှာ
သယံဇာတ ပေါကြွယ်ဝပါတယ်ဆိုတဲ့ ကျနော်တို့မြန်မာနိုင်ငံဟာ အနိမ့်ကျဆုံးနေရာမှာ ရောက်ရှိနေပါပြီ..

 ကျနော်တို့ဟာ အထင်ကြီးလေးစားသင့်တာကို အထင်ကြီးလေးစားပြီး အတုယူသင့်တာတွေ အတုယူရပါမယ်..

သူတို့ထက်သာအောင် ကြိုးစားရပါမယ်..

အမှန်တရားကို သိရပါမယ်..

လင်းဝေ

Monday, March 23, 2015

အတော်လုပ်ကြပါ

သေနတ်ပစ်တတ်ရုံနဲ့ နေရာတကာ လူတော်လူတတ်ကြီးတွေ မလုပ်ချင်ကြစမ်းပါနဲ့ဗျာ

ဓားပြတွေ သူပုန်တွေလည်း သေနတ်ပစ်တတ်ကြပါတယ်ဗျ

ပညာတတ်တွေ အုပ်ချုပ်တဲ့ တိုင်းပြည် ဘယ်လို တိုးတက်တယ်ဆိုတာ နှိုင်းယှဉ်ကြည့်ပြီး တွေးကြည့်ပေါ့ဗျာ ဦးနှောက်ကောင်းရင် မြင်လိမ့်မယ်
ပြည်သူတွေက နလပိန်းတုံးတွေမှ မဟုတ်တာ
အမှန်တရားကို ပြောတော့ တချို့ မမှန်တဲ့လူလူတွေ မခံစားနိုင်ဖြစ်ကြမှာပါပဲ
ဟုတ်ဘူးလား

လီကွမ်ယု

He has already passed away today in Singapore but his soul and his name will alive in his country and in the hearts of  his citizens.

He is the best leader of his country who improved his country form the small poor country (nothing natural resource) to the richest country of Asia, to the most developed  country of Asia, to the clearest country of the world and to the educated country ,... during his living in the world.

He proof that the best leader, the best gorvenment and the educated government is the most important for every country of the world.

Your are very great person of your country and of the World .

Every country need the best learder like you.

Eventhough I am not a Singaporean, I am really very respect to you and really sad for your leaving from this world.

And then, I also want the best leader for my country(Myanmar) like you.

Mr. Lee , may you be rest in peace at heaven.

Linn Wai

လိမ်ညာတတ်သူ



လိမ်ညာတတ်တဲ့လူဟာ ကြောက်စရာအကောင်းဆုံးပဲ..

ဘာလို့လဲဆိုတော့
လိမ်ညာတတ်တဲ့လူတယောက်ဟာ
ကိုယ်ကျင့်တရား ကောင်းသူ မဟုတ်သလို
မဟုတ်တာ၊ မကောင်းတာမှန်သမျှ
ဘာမဆို လုပ်ဖို့ ဝန်မလေးဘူး..

ငါတို့ဟာ
ရိုးသားဖို့၊ကိုယ့်ကျင့်တရားကောင်းဖို၊့
အမှန်တရားကို မြတ်နိုးတတ်ဖို့
ကြိုးစားရလိမ့်မယ်..

လင်းဝေ

ဝံပုလွေ

ဆာလောင်မွတ်သိပ်နေတဲ့ ဝံပုလွေတစ်ကောင်ဟာ

သူ့ပါးစပ်ထဲက သားကောင်လေးကို

သနားလို့ဆိုပြီး လွှတ်ပေးမှာ မဟုတ်သလို...

လောဘရမ္မက်တွေနဲ့ အာဏာရူးနေတဲ့

စစ်အာဏာရှင် အစိုးရဟာ

ပြည်သူတွေကို သနားလို့ဆိုပြီး

ဘယ်တော့မှ အာဏာစွန့်မှာ မဟုတ်ဘူး...

လင်းဝေ

Saturday, March 21, 2015

သွေးချင်းတွေမို့



ကျနော်တို့ဟာ...

ကိုယ့်ဘဝ ကိုယ့်အနာဂတ် အတွက်...
ကိုယ့်မိသားစု ကိုယ့်ဆွေမျိုး အတွက်..
ကိုယ့်ပတ်ဝန်းကျင် ကိုယ့်အသိုင်းအဝိုင်း အတွက်..
ကိုယ့်မြို့ ကိုယ့်ရွာ အတွက်..
ကိုယ့်လူမျိုး ကိုယ့်ဘာသာ အတွက်....
ကိုယ့်တိုင်းပြည် ကိုယ့်နိုင်ငံ အတွက်...
ကိုယ့်ကမ္ဘာ ကိုယ့်လောက အတွက်...

အရိုးသားဆုံး..
အမွန်မြတ်ဆုံး..
တရားအမျှတဆုံး...
အကောင်းဆုံး..
ကြိုးစားရလိမ့်မယ်..

ဒါနဲ့မပြီးသေးပါဘူး...

မရိုးသားတဲ့သူ...
မမွန်မြတ်တဲ့သူ...
တရားမမျှတတဲ့သူ...
မကောင်းတဲ့သူတွေကိုလည်း...
ရှုတ်ချ တိုက်ဖျက်ရပါလိမ့်မယ်..

သူတို့ကို
ရိုးသားလာအောင်...
မွန်မြတ်လာအောင်...
တရားမျှတတဲ့ လူတွေဖြစ်လာအောင်...
လူကောင်းတွေဖြစ်လာအောင်လည်း...
ကြိုးစားရလိမ့်မယ်..

လင်းဝေ

Wednesday, March 18, 2015

လူဆိုတာ

မင်းရောဘာဘွဲ့ရပြီး ပါးရည်နပ်ရည်ရှိရှိနဲ့ မင်းပါတ်ဝန်းကျင်ကောင်းအောင်  တိုးတက်အောင် ဘာတွေလုပ်ခဲ့ပြီလဲ မင်းမိသားစုမှာ ဘယ်လောက်ပြည့်စုံကောင်းမွန်အောင် ဖန်တီးနိုင်နေပြီလဲ???
တဲ့ လူတစ်ယောက်က ကျနော့်ကိုမေးတယ်...

ဒီမေးခွန်းမျိုးက သူများမမေးရဘူး သမ္မတကြီးကအစ သူတောင်းစားအဆုံး လူတိုင်းဟာ နေ့တိုင်း မှန်ကြည့်ပြီး ငါဟာ ရိုးသားတဲ့သူ တကယ် ဟုတ်ရဲ့လား ၊အမှန်တရားမြတ်နိုးတဲ့သူ တကယ် ဟုတ်ရဲ့လား၊အများအကျိုးတကယ် သယ်ပိုးချင်တဲ့ လူတော်လူကောင်းတယောက် တကယ်ဟုတ်ရဲ့လားလို့ ကိုယ့်ကိုယ်ကိုပြန်မေးရမယ့် မေးခွန်းပါဗျာ..

ကျနော်ကတော့ ကိုယ့်လိပ်ပြာကိုယ် လုံဖို့ပဲလိုတယ်လို့ထင်တယ်ဗျာ..

ကိုယ့်စိတ်ထဲမှာ ဘာတွေရှိတယ် ကိုယ်ဘာတွေလုပ်နေတယ်ဆိုတာ တခြားသူတွေ မသိရင်တောင်မှ ကိုယ်သိနေတယ်၊ ကိုယ်စောင့်နတ်တွေ သိတယ်၊ လောကပါလ နတ်တွေ သိတယ်..

တနေ့တော့ လူဆိုတာ ကိုယ့်စေတနာအတိုင်း အကျိုးပေးကြမှာပါဗျာ ဟုတ်ဘူးလား

လင်းဝေ

Sunday, March 15, 2015

ဒါအစိုးရလား

ပြည်သူကို ဘာလုပ်ပေးမလဲတော့ မစဉ်းစားဘူး..
 တိုင်းပြည်ဘယ်လိုတိုးတက်အောင်လုပ်ရမလဲဆိုတာတော့ မစဉ်းစားဘူး.

  တပ်မတော်ကို ခါးပိုက်ထဲထည့်

 ပြည်သူ့ချွေးနဲစာတွေ မိုက်ကြေးခွဲ

တိုင်းပြည်သံယံဇာတတွေရောင်းစားပြီး သူတို့အိတ်ထဲထည့်

ပြည်သူလူထုကို ဖိနှိပ် အကြမ်းဖက်

အဲဒါ အစိုးရတော့ မဖြစ်နိုင်ဘူး

ဒါဟာ ဓါးပြထက်ဆိုးတဲ့ လူယုတ်မာ ဓါးပြတွေပဲ

ဪ ငါတို့တိုင်းပြည်ဟာ လူယုတ်မာ ဓါးပြတွေ အုပ်ချုပ်နေတဲ့ တိုင်းပြည်ပါလားလို့  ခံစားမိပါတယ်  

လင်းဝေ

မေးခွန်းလေးတစ်ခုလောက် မေးခွင့်ပြုပါ


ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရင် မွတ်စလင်နိုင်ငံကြီးဖြစ်မယ်လို့ ပြောနေကြတဲ့လူတွေ တစ်ခုလောက်မေးချင်တယ်

ယ္ခု မြန်မာနိုင်ငံအတွင်းမှာ ဘယ်ကဝင်လာမှန်း မသိတဲ့  သန်းနဲ့ချီနေတဲ့ တရားမဝင် ဘင်္ဂါလီတွေနဲ့ တရုတ်တွေဟာ
ဒေါ်အောင်ဆန်းစုကြည်က လာဘ်စားပြီး ဝင်ခွင့်ပေးထားခဲ့တာလား လက်ရှိအစိုးရအဆက်ဆက်က လာဘ်စားပြီး ဝင်ခွင့်ပေးထားခဲ့တာလားဆိုတာ
မေးချင်တယ်..

ဘာမှ မဟုတ်တာ မလုပ်တဲ့သူကို အပြစ်ပုံမချချင်စမ်းပါနဲ့

မဟုတ်တမ်းတရားတွေနဲ့ ပြည်သူကို လိမ်ညာလီဆည် မပြောကြစမ်းပါနဲ့ဗျာ
ပြည်သူတွေက ခင်ဗျားတို့လို ချီးဘရိမ်းတွေမဟုတ်ဘူးဆိုတာ
နားလည်စမ်းပါ အမှန်တရားကို မြင်ကြစမ်းပါ

မြန်မာပြည်တိုးတက်ရေးဟာ ခင်ဗျားတို့နဲ့လဲ ဆိုင်တယ်ဆိုတာ
စေတနာကောင်းလေးနဲ့ ပညာ အသိလေးတွေနဲ့ တွေးကြစမ်းပါ
ချီးဘရိမ်းတွေရယ်

လင်းဝေ

ခါးသက်တဲ့ အမှန်တရားတွေ မပြောချင်ဘူး



ကိုယ့် သမ္မတ မကောင်းကြောင်း ကိုယ့်အစိုးရမကောင်းကြောင်းတွေ မပြောချင်ပါဘူး..
ဒါတွေပြောရတာ ကိုယ့်ပေါင်ကို လှန်ထောင်းရသလို မလှတာရွာလည်ပြရသလို ရင်နာစရာလဲကောင်း အရမ်းရှက်စရာလဲကောင်းပါတယ်..

တကယ်ဆို ကျနော်တို့နိုင်ငံက ဘယ်လိုတိုးတက်တာဗျ..
ကျနော်တို့ အစိုးရက အရမ်းကောင်းတာဗျ..
ကျနော်တို့ သမ္မတကြီးက အရမ်းတော်တာဗျလို့
ကမ္ဘာ့အလည်မှာ ခေါင်းမော့ရင်ကော့ပြီး ပြောချင်တာ ကျနော်တစ်ယောက်ထဲ မဟုတ်ပါဘူး
 မြန်မာပြည် တိုးတက်ရေးလိုလားကြတဲ့  မြန်မာနိုင်ငံသား အားလုံး ဖြစ်မယ်လို့ ယုံကြည်တယ်..

ခုတော့ ကျနော်တို့ ပြောချင်တဲ့ စကားတွေ ခုထိပြောခွင့်မရခဲ့ဘူး

ကျနော်တို့ မပြောချင်တဲ့ ခါးသက်တဲ့ အမှန်တရားတွေ မပြောချင်ပေမယ့် ပြောနေရတယ်..

အစိုးရလူကြီးမင်းများခင်ဗျာ ၁ လ သိန်းတရာမှ လောက်မယ်ဆို သိန်းတရာ ယူပါ၊ ၁လသိန်းတထောင်မှလောက်မယ်ဆိုရင် သိန်းတထောင်ယူပါ

လာဘ်မစားဘဲ တိုင်းပြည်ကိုရောင်းမစားဘဲ တိုင်းပြည် တိုးတက်အောင် လုပ်ပေးကြပါ ခင်ဗျား

ခါးသက်တဲ့ အမှန်တရားတွေ ဆက်မပြောပါရစေနဲ့ဗျာ ကျနော်တို့ ပြည်သူတွေ ရင်နာရတာတွေ ဘဝနာရတာတွေ များလှပါပြီဗျာ

လင်းဝေ

Thursday, March 12, 2015

ရိုးသားတဲ့ အမှန်တရားဟာ ပွဲလယ်တင့်ပါတယ်


လက်နက်မဲ့သူတွေက အမှန်တရားတွေကို ရင်ဆိုင်ရဲသလောက် လက်နက်ကိုင်တွေက အမှန်တရားကို ကြောက်ရွံ့ လိမ်ညာ ဖုံးကွယ်နေကြတာ ဘာကြောင့်လို့ထင်ပါသလဲ ..?

ဒီမှာ မိတ်ဆွေ
အသိဉာဏ်မရှိတဲ့ လူမိုက်ဟာ
ကြောက်ဖို့ကောင်းပါတယ်
ဒါပေမယ့် အသိဉာဏ်ရှိပြီး လိမ်ညာကောက်ကျစ်တတ်တဲ့ လူယုတ်မာက ပိုကြောက်ဖို့ ကောင်းတယ် ဆိုတာ
မသေမချင်း မှတ်ထားလိုက်ပါ..

လင်းဝေ

တို့နဲ့ မဆိုင်ဘူး....ဟုတ်လား

တို့နဲ့ မဆိုင်ဘူး....ဟုတ်လား

ပညာရေးကောင်းကောင်း မကောင်းကောင်း... တို့နဲ့မဆိုင်ဘူး ဟုတ်လား
ပညာရေးမကောင်းတော့ အသိပညာ အတတ်ပညာတွေ နိမ့်ကျလာမယ်၊ စဉ်းစားတွေးခေါ်မှုတွေနိမ့်ကျလာမယ်
အသိပညာအတတ်ပညာ နိမ့်ပါးလာတဲ့ အတွက် ပညာမဲ့လူတန်းစာတွေ အသိဉာဏ်မဲ့ လူတန်းစားတွေ လူမိုက် လူယမ်းကားတွေနဲ့ မကောင်းတာ လုပ်စားတဲ့ မိန်းကလေးတွေ တိုးပွားလာမယ်၊ စီမံခန့်ခွဲမှုနဲ့ တီထွင်မှုတွေ နိမ့်ကျလာမယ်၊ အလုပ်အကိုင်ရှားပါး ဝင်ငွေနိမ့်ပါးပြီး စာရိတ္တပိုင်းပါ ယိုယွင်းလာမယ်၊ လူ့စွှမ်းအား အရင်းအမြစ် ကျဆင်းတဲ့ အတွက် နိုင်ငံဟာ ပညာနဲ့ နိုင်ငံခြားငွေ မရှာနိုင် ပြည်တွင်း ထုပ်လုပ်မှု စက်မှုလုပ်ငန်းတွေ မတိုးတက်တဲ့ အတွက် ရှိတဲ့ သဘာဝ သယံဇာတ အရင်းအမြစ်တွေကိုပဲ မတန်မရာ ရောင်းချလည်ပတ်နေရပြီး သူများနိုင်ငံတွေလို မတိုးတက်နိုင်တော့ပါဘူး တိုင်းပြည်နိမ့်ကျတာပေါ့

ဥပဒေကောင်းကောင်း မကောင်းကောင်း..တို့နဲ့မဆိုင်ဘူး ဟုတ်လား
ဥပဒေမကောင်းတော့ တိုင်းပြည် ရာဇဝတ်မှုတွေ ထူပြောလာမယ်၊ လာဘ်ပေးလာဘ်ယူတွေကြောင့် ဥပဒေလက်တလုံးခြားလုပ်တတ်တဲ့ ရာဇဝတ် ခေါင်းဆောင်ကြီးတွေ ထပ်တိုးပြီး ပေါ်လာမယ် အစိုးရနဲ့ ပြည်သူ ၂ဖက်စလုံးက လူတွေက ဥပဒေကို မလေးစားကြတဲ့အတွက် တိုင်းပြည်ဟာ ဘယ်သူ့ကိုမှ မယုံကြည်ရဘဲ ငွေများတရားနိုင် ရိုးသားမှု နဲ့ အမှန်တရားတွေ ဆိတ်သုံးပြီး တိုင်းပြည်ဟာ မလုံခြုံနိုင်တော့ပါဘူး။

ဆေးရုံတွေကောင်းကောင်း မကောင်းကောင်း..
တို့နဲ့မဆိုင်ဘူး ဟုတ်လား
ဆေးရုံမကောင်းတော့ ကျန်းမာရေးတွေ ယို့ယွင်းတာပေါ့
ကူးစက်ရောဂါတွေ ဆိုးရွားလာမယ်၊ ဆေးပညာနိမ့်ကျတဲ့အတွက် အသေပျောက်တွေများလာမယ်၊ ဆေးရုံစားရိတ်တွေ မြင့်မားလာတဲ့ အတွက် အခြေခံလူတန်းစားတွေ ဒုက္ခရောက်လာမယ် ကြပ်တည်းလာကြမယ်..
ပြည်သူတွေရဲ့ ကျန်းမာရေးတွေနိမ့်ကျလာမှာပေါ့ဗျာ။

အစိုးရကောင်းကောင်း မကောင်းကောင်း ..တို့နဲ့ မဆိုင်ဘူး ဟုတ်လား
အစိုးရမကောင်းရင် ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ဥပဒေ ဘာတစ်ခုမှ ကောင်းမယ် မထင်နဲ့
အတွေးအခေါ်တွေ နိမ့်လာမယ်၊
လူမိုက်တွေပေါလာမယ်၊ခိုးဆိုးလုယက်မှုတွေများလာမယ်၊ ရာဇဝတ်မှုတွေ များလာမယ်၊
တိုင်းပြည်ဆင်းရဲတာပေါ့၊ တိုင်းပြည် နိမ့်ကျတာပေါ့၊ တိုင်းပြည်မလုံခြုံတော့ဘူးပေါ့ဗျာ..။

ဒီအတိုင်းဆက်သွားလျှင် ဒီထက်နိမ့်ကျ လာမှာ အမှန်ပါပဲ.. ဒီထက်နိမ့်ကျ လာခဲ့ရင်
အဲဒီဆိုးကျိုးတွေကို ကျနော်တို့တိုင်းပြည်မှာ ရှိတဲ့ လူ့အလွှာ အသီးသီးက ခံစားလာရမှာ အမှန်ပါပဲ..။

ဆိုင်တာပေါ့ဗျာ သိပ်ဆိုင်တာပေါ့
ဟုတ်ဘူးလား..။

တိုင်းပြည် လူကြီးများ အမှန်ကိုမြင် တိုင်းပြည် အနာဂတ်ကိုရှေးရှု တိုင်းပြည်တိုးတက်ရေးအတွက် ကရုဏာ ရှေ့ထား ကြိုးစားနိုင်ကြပါစေဗျာ..

အစိုးရအနေနဲ့ မပြောင်းလဲပေးလို့ မဖြစ်ပါဘူး.ပညာရေး၊ ကျန်းမာရေး၊ ဥပဒေ အဖက်ဖက်က ပြောင်းလဲ ပြင်ဆင်ပေးရပါလိမ့်မယ်

ကျနော်တို့နိုင်ငံတိုး တက်ရေးဟာ ကျနော်တို့ အားလုံးနဲ့ ဆိုင်တဲ့အတွက် အစိုးရနဲ့ ပြည်သူ အားလုံး ညီညီညွတ်ညွတ် ပြောင်းလဲကြိုးစားမှ ရမှာပါ..

လင်းဝေ

ကျောင်းသားသပိတ်နှင့် ကျနော်တို့ ဖြတ်သန်းခဲ့သော ပညာရေး

ကျောင်းသားသပိတ်နှင့် ကျနော်တို့ ဖြတ်သန်းခဲ့သော ပညာရေး

ကျောင်းသားတွေ သပိတ်မှောက်တယ် အစိုးရက အကြမ်းဖက်နှိမ်နင်းခဲ့တဲ့ ၂၀၁၅ မတ်လရဲ့ ဖြစ်ရပ်ဆိုးကို အားလုံးသိကြမှာပါ.

အဲဒါနဲ့ ပတ်သက်ပြီး ကျနော့် အမြင်ကို ပြောချင်ပါတယ်.

ကျောင်းသားတွေတောင်းဆိုချက်တွေထဲမှာ ဘာတစ်ခုမှ မကောင်းတာ မပါဘူး...

အားလုံးဟာ လိုအပ်လို့တောင်းခဲ့ကြတာပါ..

နိုင်ငံတကာကို လေ့လာလာကြည့်ပါ တခြားနိုင်ငံတွေ ပညာရေးကို ဘယ်လို ဆောင်ရွက်ပေးသလဲဆိုတာ..

ကျောင်းသားတွေက မရှိတာကို မဖြစ်နိုင်တာကို တောင်းဆိုခဲ့ကြတာ မဟုတ်ပါဘူး..
ဖြစ်နိုင်တာ ဖြစ်သင့်တာတွေကို တောင်းဆိုခဲ့ကြတာပါ..

၅၀၀ ပဲရှိတာကို ၁၀၀၀ တောင်းတာမဟုတ်ပါဘူး
၅၀၀ ရှိတဲ့ အထဲကမှာ ရသင့်တဲ့ ရာခိုင်နှုန်းကို တောင်းခဲ့ကြတာပါ..

နိုင်ငံတိုင်းဟာ အစိုးရစနစ် မတူတဲ့အတွက် နိုင်ငံတိုးတက်မှု နှင့်ချမ်းသာမှု ကြွယ်ဝမှု မတူကြပါဘူး..

အစိုးရကောင်းတဲ့ စနစ်ကောင်းတဲ့ နိုင်ငံဟာ ထိပ်ဆုံးမှာ ရှိနေမယ် ဆိုတာ အမှန်တရားပါ..

အင်မတန်တော်တဲ့ ကောင်းတဲ့ အစိုးရတိုင်းက သူတို့လူငယ်တွေရဲ့ ပညာရေးကို နိုင်ငံရဲ့ နံပါတ် ၁ အရေးကြီးဆုံးနေရာမှာ ထားပြီး လူငယ်တွေကို မြှင့်တင်ပေးကြပါတယ် ဘာလို့လဲဆိုတော့ ယနေ့လူငယ်တွေဟာ အနာဂတ်ရဲ့ ခေါင်းဆောင်တွေ ဖြစ်လာမယ်ဆိုတာ သူတို့ သဘောပေါက်လို့ပါပဲ..

"ပညာမြင့်မှ လူမျိုးတင့်ပါမည်"
"ပညာဟူသည် မြတ်ရွှေအိုး" ပါပဲ
ကမ္ဘာမှာ ထိပ်တန်းရောက်နေကြတဲ့နိုင်ငံတွေဟာ ပညာမြင့်ပြီး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ ဖြိုးတဲ့ ပညာရေးကို အလေးထားတဲ့ နိုင်ငံတွေပါပဲ..

ဥပမာဆိုပါစို့ အရှေ့တောင်အာရှအနေနဲ့ပဲ တွေးကြည့်ရအောင်.
စင်္ကာပူက တသောင်း ချမ်းသာတယ်, ထိုင်းက တထောင် ချမ်းသာတယ်, မြန်မာပြည်က ၁၀၀ ချမ်းသာတယ်ထားပါတော့.
ပညာရေးအတွက် ၃၀ % စီသုံးမယ်ဆိုရင်
စင်္ကာပူက ၃၀၀၀
ထိုင်းက ၃၀၀,
မြန်မာက ၃၀ သုံးရမှာ ဖြစ်ပါတယ်.. ရာခိုင်နှုန်း အတူတူ သုံး ကြမယ်ဆိုရင်တောင် ကမ္ဘာ့ အဆင်းရဲဆုံး အဆင့် ၆ နေရာမှာ ရောက်နေတဲ့ အလွန်ဆင်းရဲလှတဲ့ ကျနော်တို့ နိုင်ငံဟာ သူတို့ထက် အများကြီးနိမ့်ကျနေပါသေးတယ်.,
ခုဟာက ၂ ရာခိုင်နှုန်းကျော်လေးပဲ သုံးထားတယ်ဆိုတော့ ဒါဟာ ဖြစ်သင့်လား မဖြစ်သင့်ဘူးလားဆိုတာ စဉ်စားသာကြည့်ပါ..

ကျနော်တို့အားလုံး ဒီလို ခတ်ညံ့ညံ့ ပညာရေးစနစ်နဲ့ ဖြတ်သန်းခဲ့ကြရတာပါ

ကျောင်းအပ်ခတွေကဈေးကြီး, အစိုးရက ကျောင်းဆောင်တွေလုံလာက်အောင် ဆောက်မပေးလို့ ကိုယ်ထူကိုယ်ထဆောက်ရတော့
ကျောင်းဆောင်ခဆိုပြီး ထပ်ပေးရတဲ့အခါ အလုပ်သမားလူတန်းစားနဲ့ ဆင်းရဲသားလူတန်းစားတွေဟာ သားသမီးတွေကို ကျောင်းမထည့်နိုင်ရှာတော့ပါဘူး.

ကျောင်းတက်နိုင်တဲ့ ကျောင်းသားတွေကြတော့လည်း
သူငယ်တန်းကနေ တက္ကသိုလ် ပြီးသည်အထိ စာရေးကိ
ရိယာတွေ, ဖတ်စာအုပ်တွေ မဲနှိုက်ခဲ့ရတယ်. မဲပေါက်တဲ့ကျောင်းသား ကိုင်ရတယ် မဲမပေါက်တဲ့ ကျောင်းသားက အပြင်မှာ ဈေးကြီးပေး ဝယ်နိုင်ရင်ဝယ် မဝယ်နိုင်ရင် မကိုင်ကြရရှာပါဘူး အခက်အခဲများစွာနဲ့ စာသင်ကြရပါတယ်..

ကျောင်းတွေအများကြီးဖွင့်ပေးပြီး ဆရာဆရာမ မလုံလောက် , သင်ထောက်ကူပစ္စည်း မလုံလောက်နဲ့ ကျောင်းသားတွေဟာ အဆင့်တန်းအလွန်နိမ့်တဲ့ ပညာရေးမှာ ဖြတ်သန်းခဲ့ရတာပါ..

ကျနော်တို့ နည်းပညာကျောင်းတက်တော့လည်း ပထမနှစ်ကနေ နောက်ဆုံး ဘီအီးအထိ ဆရာဆရာမ မလုံလောက်သလို ဖတ်စာအုပ်လဲ မလုံလောက်ခဲ့ပါဘူး..
ကျောင်းသားကြီးတွေကနေ ကျောင်းသားငယ်တွေဆီ စာအုပ်ကလေးတွေ အဆင့်ဆင့် လက်ဆင့်ကမ်းခဲ့ကြရတာပါ..

တနှစ်ပြီးတိုင်း ကျနော့်နောက်တန်းက နှစ်တိုင်း အဆင့်၁ ရတဲ့ ညီငယ် တယောက်ကို ကျနော့ ဖတ်စာအုပ်တွေ ရေးစာအုပ်တေကအစ လက်ဆင့်ကမ်းခဲ့လို့
ဘီအီးပြီးတော့ ကျနော့် လက်ထဲမှာ သိမ်းထားစရာ ရေးစာအုပ်/ဖတ်စာအုပ်မကျန်သလောက်ပါပဲ..

နောက်ဆုံးနှစ် ၉ ဘာသာရှိတာမှာ ဆရာဆရာမက သုံးယောက်ပဲ ရှိပါတယ်.. ဖတ်စာအုပ်ကတော့ ရှိကိုမရှိတာ..

အင်တာနက်လည်း မရှိခဲ့တော့
ကျနော်တို့ တခြားကျောင်းတွေသွား ဖတ်စာအုပ်တွေ လက်ချာတွေ ကောပီဆွဲပြီး တချို့ ဆရာဆရာမမရှိတဲ့ ဘာသာရပ်တွေကို ကိုယ့်ဘာသာကိုယ် သူငယ်ချင်းတွေ စုပြီး ခက်ခက်ခဲခဲ လေ့လာခဲ့ကြရတာပါ..
လက်တွေ့တို့ , အလုပ်သင် လေ့လာရေးဆိုတာတွေက အဝေးကြီးမှာပါ..
ကျောင်းသားတွေရဲ့ ပညားအခွင့်အရေး ဆုံးရှုံးမှုတွေ နိမ့်ကျမှုတွေ ပြောရရင်တော့ ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်နေမှာပါပဲ..

ဒါတွေဟာ အာဏာပိုင် သားသမီးတွေ, အရာရှိ သားသမီးတွေ, သူဌေးသားသမီးတွေလို နိုင်ငံခြားထိ ကျောင်းထားပေးနိုင်တဲ့ လက်တစ်ဆုပ်စာ လူတမ်းစားတွေအတွက် အရေးမကြီးပေမယ့် အစိုးရပညာရေးကိုသာ အားထားနေရတဲ့ ပြည်သူတွေအတွက်တော့ တော်တော် နစ်နာစေပါတယ်..
ဒါဟာ တိုင်းပြည်အတွက်လည်း အဆိုးရွားဆုံးနစ်နာစေတဲ့ အချက်တစ်ချက်လည်း ဖြစ်ပါတယ်..
ကျနော်တို့တိုင်းပြည် ကမ္ဘာမှာ အဖက်ဖက်က နိမ့်ကျနေရတာဟာ ပညာနိမ့်ကျနေလို့ပါပဲ.

ဒီလို နိမ့်ကျမှုတွေအတွက် ကျောင်းသားတွေက တနိုင်ငံလုံးကျောင်းသားတွေ ကိုယ်စား , ကျောင်းသားမိဘတွေကိုယ်စား
အစိုးရရဲ့ ၁၀၀ ချမ်းသာမှုထဲက ပညာရေးအတွက် ၂၀/၃၀ ပေးဖို့ အားကိုးတကြီး ပူဆာခဲ့ကြတာပါ..

အစိုးရအနေနဲ့ သဘောထားကြီးကြီးနဲ့ ကျောင်းသားတွေနဲ့ နွေးထွေးစွာ ညှိနှိုင်း အေးချမ်းစွာ ဖြေရှင်းသင့်ပါတယ်.
ကျောင်းသားတွေကလည်း သူတို့ပန်းတိုင် ရန်ကုန်ကို အရောက်လှမ်း အောင်ပန်းတွေဆင်ပြီး ကိုယ့်အိမ်ကို အေးချမ်းစွာ ပြန်ပါ့မယ့်လို့ ကတိပြုပြီးသားပဲလေ..
သူတို့ဖြစ်ချင်တာလေးတွေ သူတို့ပျော်အောင် လိုက်လျောပေးသင့်ပါတယ်..

ကလေးတွေမှားတာမှန်တာ အသာထား ခုလို လူမဆန်စွာ ရိုက်နှက်ခဲ့တာကတော့ အရမ်းမှားပါတယ်

ဘာလို့လဲဆိုတော့ သူတို့ဟာ မြန်မာနိုင်ငံသားစစ်စစ် လက်နက်မပါတဲ့ ပြည်သူ့ရင်သွေး ကျောင်းသားငယ်လေးတွေမို့ပါပဲ..
တခြားနည်းနဲ့ဖြေရှင်းသင့်တယ်လို့မြင်ပါတယ်
မြန်မာပြည် တိုးတက်ဖို့ အားလုံးက အတူတူ ပူးပေါင်း အပြုသဘောနဲ့ ဖြေရှင်းရမှာပါ..

ဒါကို ပြဿနာ တမင်ဖန်တီးပြီး အကြမ်းဖက် လက်နဲ့မဲ့ ကျောင်းသားတွေကို လက်နက်အားကိုးနဲ့ လူမဆန်စွာ ရိုက်နှက်ခဲ့တာကိုတော့
ပြန်တွေးတိုင်း ရွံမိတယ်..

ကျောင်းသားတွေကို ဒီလို လူမဆန်စွာ အကြမ်းဖက်ရိုက်နှက်တာကို ဝမ်းသာ ကျေနပ် အကြမ်းဖက်ရဲတွေဖက်က ထောက်ခံ
ကျောင်းသားတွေကို ဆဲဆို အပြစ်တင်နေတဲ့ လူတွေကိုလဲ အံသြမိတယ် ရွံမိတယ်..

အကြမ်းဖက်သမားကို ထောက်ခံတာဟာ အကြမ်းဖက်သမားနဲ့ အလိုတူ အလိုပါ အကြမ်းဖက်သမားပါပဲ..

ပညာ အသိရှိသူဟာ လုပ်သင့် မလုပ်သင့် အကောင်းဆိုးကို ဝေဖန် ပိုင်းခြားနိုင်တယ်..

လူတော်လူကောင်းဆိုတာ တရားတဲ့ဖက်မှာ အမြဲ ရပ်တည်ရမယ်
တရားမျှတမှုကိုသာ အားပေးရမယ်
အမှန်တရားကို မြတ်နိုးတယ် ဖက်မလိုက်ဘူး...

မြန်မာပြည် ပညာရေး အမြန်တိုးတက်အောင် စွမ်းဆောင်နိုင်ဖို့ အစိုးရနဲ့ ပြည်သူတွေ အမြင်ကျယ်ပြီး ပညာအသိနဲ့ ကိုယ်ချင်းစာစိတ်နဲ့ ဆောင်ရွက်နိုင်ကြပါစေ..

လင်းဝေ

Real heroes

သူရဲကောင်း စစ်စစ်များ

ညီညီမငယ်တို့ရေ
မင်းတို့ရဲ့ ကူကယ်ရာမဲ့ အဖြစ်ကို
မြင်နေရတာ
စကားလုံးရှာမရအောင်
ရင်ထဲမှာ
 ကြေကွဲ ဆို့နင့်နေရပါတယ်..

ငါတို့ မထားနိုင်တဲ့ စိတ်ဓာတ်မျိုးတွေ
မင်းတို့
ထားခဲ့ကြတယ်...

ငါတို့ မလုပ်နိုင်တဲ့
အလုပ်မျိုး
မင်းတို့
လုပ်ခဲ့ကြတယ်...

ငါတို့ မစွန့်စားရဲတဲ့
စွန့်စားမှုတွေ
မင်းတို့
စွန့်စားခဲ့ကြတယ်..

ငါတို့
မပေးဆပ်နိုင်တာမျိုးတွေ
မင်းတို့
ပေးဆပ်ခဲ့ကြတယ်...

တတိုင်းပြည်လုံးက
ကျောင်းသားပြည်သူတွေအတွက်

ဘယ်သူမှ မခိုင်းဘဲ
ဘယ်သူမှ အမိန့်မပေးဘဲ
ဘယ်သူမှ မြှောက်မပေးဘဲ

တတိုင်ြး့ပည်လုံး လက်ညှိုးထိုး
ရောင်းစားခံနေရတဲ့
ချွတ်ခြုံကျနေတဲ့
ကမ္ဘာအလည်မှာ မျက်နှာငယ်နေရရှာတဲ့
ငါတို့တိုင်းပြည်လေးအတွက်..

ငါတို့ တတိုင်းပြည်လုံး ကောင်းစားရေးအတွက်..

မြင့်မြတ်တဲ့ စိတ်ဓာတ်တွေနဲ့
မင်းတို့ သွေးတွေ မျက်ရည်တွေကို
စတေး
မင်းတို့သမိုင်းကို
အကောင်းဆုံး
ရေးခဲ့ကြပြီ..

ငါတို့ရဲ့
အသေးစားပရဟိတ အလုပ်ကလေးတွေနဲ့ တိုင်းပြည်အတွက် ပေးဆပ်မှုဆိုတာ
မင်းတို့ပေးဆပ်မှုနဲ့ ယှဉ်ရင်
မင်တို့ ဖိနပ်မှာ ကပ်နေတဲ့ ဖုန်တမှုန့်လောက်တောင် မရှိခဲ့ဘူး..

မင်းတို့ဟာ
 ငါတို့အတွက်
တကယ် လေးစားရလောက်တဲ့
တကယ် တန်ဖိုးထားရလောက်တဲ့
ငါတို့ ရင်ထဲက
သူရဲကောင်း စစ်စစ်တွေအဖြစ်
ငါတို့ရင်ထဲကို ထိုးဖောက်
သမိုင်းမှတ်တိုင်သစ် စိုက်ခဲ့ပြီ...

ဘာပဲ ဖြစ်ဖြစ်
အမှန်တရားမှာ မင်းတို့ မရှုံးဘူး..
အကျင့်သိက္ခာတရားမှာ မင်းတို့ မရှုံးဘူး..
သူရဲကောင်း စိတ်ဓာတ်မှာ မင်းတို့ မရှုံးဘူး..
....
......
မင်းတို့
.....
ဘယ်တော့မှ မရှုံး...ဘူး...

မင်းတို့ဟာ
ပြည်သူတွေအတွက်
သူရဲကောင်း စစ်စစ်တွေ ဖြစ်ခဲ့ကြတယ်..

လင်းဝေ

ခေါင်းဆောင်



ဘယ်နေရာပဲ
 ခေါင်းဆောင်လုပ်လုပ်..

ခေါင်းဆောင် တယောက်ဟာ
အခွင့်အရေးယူ
အာဏာယူနေရုံနဲ့ မပြီးဘူး..

ကိုယ့်အလုပ်အတွက် ကိုယ့်နောက်လိုက်တွေအတွက် စေတနာကောင်းထားရတယ်,
 ပြတ်သားရတယ်,
အမြော်အမြင်ရှိရတယ်,
သည်းခံရမယ်,
မေတ္တာတရား ပြည့်ဝရမယ်,
တာဝန်ခံရဲရတယ်, တာဝန်ယူရဲရတယ်, အနစ်နာခံရဲရတယ်,
အရာရာကို ရင်ဆိုင်ဖြေရှင်းရဲရတယ်..
...

တို့နိုင်ငံရဲ့ နေရာတိုင်းအတွက်

ခေါင်းဆောင် ကောင်းတွေ
 အများကြီးလိုတယ်

လင်းဝေ

ခင်ဗျားတို့မှ စိတ်မဝင်စားရင်



ခင်ဗျားတို့
ပညာတတ်တွေ လူတော်လူကောင်းတွေကမှ နိုင်ငံရေးကို စိတ်မဝင်စားရင် လစ်လျူရှုနေကြရင်..

ကျုပ်တို့ နိုင်ငံကြီးဟာ
ပညာမဲ့တွေ
လူဆိုးလူမိုက်တွေ လက်ထဲ ထပ်ရောက်သွားမှာပါပဲ...

လင်းဝေ

သဘောထားကြီးကြပါခင်ဗျာ



အစိုးရ အနေနဲ့ ကလေးတွေနဲ့ ဖက်ပြီး ရန်မဖြစ်ဘဲ လူကြီးလူကောင်းဆန်စွာ နွေးထွေးစွာ သဘောထားကြီးကြပါလို့
တောင်းဆိုပါရစေ...

ကျောင်းသားတွေနဲ့ တရင်းတနှီး ဆွေးနွေးပြီး လိုက်လျောသင့်တာ လိုက်လျော နှစ်ဖက်စလုံး မထိခိုက်စေဘဲ
အာဏာမသုံးဘဲ အားလုံးအကျိုးရှိမယ့် အပြုသဘောဆောင်တဲ့ ဖြေရှင်းမှုမျိုးကိုသာ လုပ်ကြပါလို့လည်း
တောင်းဆိုလိုက်ပါရစေ.,.

လင်းဝေ

Monday, March 9, 2015

နိုင်ငံရေး=ပရဟိတ



လူတွေက နိုင်ငံရေးဆိုတာဟာ အစိုးရကို တော်လှန်မှုလို့ပဲ မြင်နေကြတယ်..

ဒါဟာ တော်တော်မှားပါတယ်လို့ မြင်ပါတယ်..

နိုင်ငံရေးဆိုတာ ပရဟိတ အလုပ်တစ်ခုလို့ပဲ မြင်ပါတယ်..

ကျနော်တို့ လုပ်နေကြတဲ့ ပရဟိတ ဆိုတာလည်း အသေးစား နိုင်ငံရေးပါပဲ..

တကယ့် စေတနာနဲ့ ဘဝတွေ စတေးပြီး နိုင်ငံရေးလုပ်နေကြတဲ့ သူတွေဟာ သူတို့ မိသားစုလေးအတွက် လုပ်နေကြတာမဟုတ်ပါဘူး .,

အများကောင်းစားဖို့ တတိုင်းပြည်လုံး အတွက် လုပ်နေကြတာပါ...
ဥပမာ-ဗိုလ်ချုပ် အောင်ဆန်းနဲ့ သူ့သမီး ဒေါ်အောင်ဆန်းစုကြည်တို့ပါပဲ..

တကယ်တော့ နိုင်ငံကောင်းစားစေချင်တဲ့ စေတနာကောင်းနဲ့ လုပ်တဲ့  နိုင်ငံရေးဆိုတာဟာ လူတိုင်း လုပ်သင့်တဲ့ မွန်မြတ်တဲ့ ပရဟိတ အလုပ်တစ်ခုလို့ပဲ မြင်ပါတယ်..

ဒီလို လူတွေကို ကျနော်တို့ အားပေးရပါမယ်..

အစိုးရကောင်းရင် ကျနော်တို့ ဘာမှ ပြောနေစရာ မလိုပါဘူး
တော်လှန်စရာလည်း မလိုပါဘူး..
အစိုးရကောင်းရဲ့သားနဲ့ အပြစ် ပြောနေခဲ့ရင် ပြောသူ နိုင်ငံသား အပြစ်ပါ

မကောင်းလို့ မကောင်းဘူးပြောတာကတော့ မကောင်းတဲ့သူရဲ့ အပြစ်ပါ

ပြည်သူက မကောင်းဘူးပြောနေရင် အစိုးရအနေနဲ ပြည်သူ့အသံကို နားစွင့် ပြည်သူ့ လိုအပ်ချက်ကို ရှေးရှု့ ပြင်သင့်တာပြင် ဖြေရှင်းသင့်တာ ဖြေရှင်း ပြည်သူနဲ့ နွေးထွေးစွာ ဆွေးနွေးသင့်ပါတယ်
၁၀၀ ရာခိုင်နှုန်း လိုက်လျောရမယ်လို့ မဆိုလိုပါဘူး
နိုင်ငံရဲ့ စစ်ရေး, စီးပွားရေး, ဥပဒေရေး အပေါ် အခြေခံပြီး ပြည်သူနဲ့ သဘောထားကြီးစွာ ညှိနှိုင်းသင့်ပါတယ်

နိုင်ငံသားတွေ ဖြစ်ကြတဲ့အတွက်
နိုင်ငံ့ အရေးနဲ့ ပတ်သက်လို့
ကျနော်တို့ တွေးရမယ် , ပြောရမယ်, လုပ်ကြရပါမယ်..

ကျနော်တို့ ပြောရပါလိမ့်မယ်
ကောင်းတာကို ချီးမွမ်းရမယ်
မကောင်းတာကိုလဲ ရှုတ်ချရပါမယ်

မင်းတို့ ပြောနေရုံနဲ့ ဘာထူးမှာလည်း ကိုယ်တိုင် ဝင်လုပ်လိုက်ကြပါလားလို့ ပြောတဲ့ သူတွေ ရှိပါတယ်..

ဒါဟာ တော်တော် အမြင်ကျဉ်းတဲ့ စကားတွေလို့ ယူဆပါတယ်...

ကျနော်တို့ ပြောမှ ဆွေးနွေးမှ အမှားအမှန် သိမှာပါ...

အမှားအမှန် သိမှလည်း မှန်တာကို လုပ်နိုင်မှာပါ.

ခုဟာကလည်း တရားမမျှတလို့ တာဝန်မယူကြလို့
ကျနော်တို့ တိုင်းပြည် ပြဿနာတွေ ဖြစ်နေရတာပေါ့ဗျာ

အစိုးရရော ပြည်သူပါ ပညာပြည့်ပြီး အမြင်ကျယ်ဖို့လိုတယ် မျက်တောင် တဆုံးပဲမကြည့်ကြဘဲ မျက်စိတဆုံးဟိုဖက်ထိ မြင်အောင်ကြည့်ရမယ်ဗျ
စာများများဖတ်ကြဖို့လိုတယ်
နိုင်ငံရဲ့ တောတောင်ရေမြေ သဘာဝတွေထိမ်းသိမ်းဖို့ လူ့စွမ်းအာအရင်းမြစ် ဖွံ့ဖြိုးဖို့လအနာဂတ် မျိးဆက်ပေါင်းများစွာအတွက် စဉ်းစားဖို့လိုတယ်
တဘဝစာလေးအဆင်ပြေရုံလေးပဲ တွေးမနေကြဖို့လိုတာပေါ့ဗျာ

မဟုတ်တာလုပ်နေတာကို ဘာမှပြောကြဘဲ ငြိမ်ခံနေကြမယ် ကိုယ်နဲ့ မဆိုင်သလို နေကြမယ်ဆိုရင်
မဟုတ်တာလုပ်တဲ့သူတွေဟာ ဒီထက်ပိုဆိုးလာပါလိမ့်မယ်

တတိုင်းပြည်လုံး အမှန်တရားကို သိအောင် ကျနော်တို့ ပြောကြရမှာပါ..

အစိုးရကို လမ်းမှန်ရောက်အောင် ကျနော်တို့ တတိုင်းပြည်လုံး ဝိုင်းပြောကြရမှာပါ

တတိုင်းပြည်လုံး ဝိုင်းပြောလို့ ဆန္ဒပြလို့မှမရရင် ကျနော်တို့ ရွေးစရာ လမ်းမရှိတော့ဘူးလို့ပဲ မြင်ပါတယ်...

လင်းဝေ

Wednesday, March 4, 2015

ဘဝတူတွေပဲဗျာ


ဆိုက်ကားသမားလဲ နိုင်ငံသား
အလုပ်သမားလဲ နိုင်ငံသား
စီးပွားရေးသမားလဲ နိုင်ငံသား...
လယ်သမားလဲ နိုင်ငံသား
ကျောင်းသားလဲ နိုင်ငံသား
အစိုးရဝန်ထမ်းလဲ နိုင်ငံသား
ရဲသားလဲ နိုင်ငံသား
စစ်သားလဲ နိုင်ငံသား
...
....
နိုင်ငံသား တစ်ယောက် အနေနဲ့ပဲ
နိုင်ငံတကာကို လေ့လာ ဦးနှောက်လေးသုံးပြီး ဖြစ်သင့် မဖြစ်သင့် လုပ်သင့် မလုပ်သင့် စဉ်းစားသင့်ပါတယ်..

အစိုးရကောင်းမှ နိုင်ငံကောင်းမယ်
နိုင်ငံကောင်းမှ တို့အားလုံးနဲ့ တို့သားစဉ်မြေးဆက် အနာဂတ်အတွက် ကောင်းမယ်
နိုင်ငံအကျိုးဟာ တို့နိုင်ငံသား အားလုံးနဲ့ ဆိုင်တယ်ဆိုတာသိရင်
အတူလက်တွဲ ပြီး
တိုင်းပြည်တိုးတက်ရေးကို
ကြိုးစားသင့်ပါတယ်
လင်းဝေ

Tuesday, March 3, 2015

သူရဲကောင်းမစစ်တဲ့ သူရဲပေါများ

လက်နက်ချင်းယှဉ်တဲ့ပွဲမှာပဲ အကျအရှုံးမရှိ နိုင်အောင်တိုက်ကြစမ်းပါ...
 
လက်နက်မဲ့သူတွေနဲ့ကျမှ
 
လက်နက်ကြီးတွေ တကားကားနဲ့
 
သူရဲကောင်းလုပ်မပြကြစမ်းပါနဲ့..
 
သတ္တိရှိရင် တဦးချင်း လက်နက်မဲ့ ကြိုးဝိုင်းမှာ
 
တက်ထိုးတာမှ ရွှေခါးပတ်နဲ့ နီးစပ်ပါသေးတယ် ...
 
ဒါမျိုးက သူငယ်တန်းကလေးတောင်လုပ်တတ်တဲ့
 
ခတ်ညံ့ညံ့ အကွက်တွေပါကွာ..
 
မင်းတို့ တကယ် ရှက်တတ်ရင်

အဲဒီ နေရာမှာ လဲသေလိုက်လို့ရတယ်...
 
 လင်းဝေ

မဖြစ်သင့်တော့ဘူး


ကျောင်းသားတွေကို အကြမ်းဖက် ဖြေရှင်းမယ်တဲ့
သမ္မတကြီးက အမိန့်ပေးတာလား
...
ဒါဆိုရင်တော့ အစိုးရက အကြံဆိုးနဲ့ ခုလို ပွဲဆူအောင်လုပ်တာလို့ မြင်ပါတယ်.
ဒါကိုပဲ ချဟေ့ချဟေ့ ဆိုပီး အားပေးနေကြတဲ့
သခင်အားရ ကျွန်းပါးဝ
တိုင်းပြည်လူမျိုး နောင်ရေးအတွက် စေတနာမထား
နိုင်ငံတကာနဲ့ နိင်းယှဉ် ကိုယ်တိုင်းပြည်အတွက် ရင်မလေး
ဘယ်သူသေသေ ငတေမာပြီးရော
ဆန်ကုန်မြေလေး
အာဏာရှင်ဖော်လန်ထားများကလဲ အစိုးရကို လမ်းမှားရောက်အောင်
မြှောက်ပေးနေရဲ့
ဪ ဒီလူတွေ ဘာကြောင့် ဒီလောက် ဦးနှောက်မဲ့ ပြီး အသိခေါင်းပါးရတာလဲဗျာ
အာဏာရှင်နဲ့ပေါင်း ဖားယားပြီး အဆင်ပြေနေတဲ့လုတွေက
အခြေခံလူတန်းစားတွေရဲ့ နိမ့်ကျတဲ့ ဘဝတွေကို မစာနာနိုင်ဘူးပေါ့ဗျာ
အစိုးရတရပ်ဟာ သိက္ခာရှိရှိနဲ့ ပြည်သူနဲ့ ကျောင်းသားတွေအပေါ် နွေးနွေးထွေးထွေး ဖြေရှင်းရမှာပါ.
ငြိမ်းချမ်းစွာ ဆန္ဒပြတာကို အကြမ်းဖက်ပြီး မဖြေရှင်းသင့်ပါဘူး.
လက်နက်မဲ့ ပြည်သူနဲ့ကျောင်းသားတွေကို လက်နက်နဲ့ အနိုင်ကျင့်တာကတော့ အထင်သေးစိတ်ပျက်စရာပါပဲ.
ဘယ်လို အစိုးရပဲတက်တက်
ပြည်သူအပေါ် မရိုးသားတဲ့ စာနာစိတ်မရှိတဲ့ တိုင်းပြည်အပေါ်
တာဝန်မယူတာဝန်မကျေတဲ့ အရည်အချင်းညံ့ဖျင်းတဲ့
စွမ်းဆောင်ရည်မရှိတဲ့
အစိုးရမျိုးကို
ဘယ်ပြည်သူကမှ ကြည်ညိုမှာ မဟုတ်ပါဘူး
လက်နက်ကြောက်လို့ ငုံ့ခံခဲ့ကြပေမယ့် တကမ္ဘာလုံးအကြောင်း စက္ကန့်ပိုင်းအတွင်း သိနိုင်တဲ့ ဒီနေ့ အင်တာနက် ခောတ်ကြီးမှာ ပြည်သူတွေက နလပိန်းတုံး စောက် အ တွေမှ မဟုတ်တော့ဘဲလေ
ပြည်သူအပေါ် စေတနာမထားတဲ့ အစိုးရတရပ်အနေနဲ့ ပြည်သူရဲ့မေတ္တာကို ဘယ်တော့မှရမှာမဟုတ်ပါဘူး.
ဒီလိုသာ မထူးတွန်းဆက်တွန်းမယ်ဆိုရင် ဒီထက်ရင်နာစရာတွေ ဖြစ်လာဖို့ များပါတယ်
နှစ်ပေါင်း များစွာ လက်နက်အားကိုးနဲ့ ရာထူးအားကိုးနဲ့
နိုင်ငံသယံဇာတတွေကို
မသမာတဲ့ အစိုးရ, ဝန်ထမ်းနဲ့ ခရိုနီတွေပေါင်းပြီး အကျင့်ပျက် ချစား ခိုးဝှက်ဖျက်ဆီး
နိုင်ငံကို ရောင်းစား
တတိုင်းပြည်လုံးကို ကမ္ဘာအဆင်းရဲဆုံး, ရောဂါအထူပြောဆုံး, ပညာရေးအနိမ့်ကျဆုံး အရာရာ နောက်ပိတ်ဆုံးဖြစ်အောင်လုပ် ဒီလောက် အနိုင်ကျင့်ရက်စက်ခဲ့ရတာ ကျေနပ်သင့်ပါပီ ရပ်သင့်ပါပြီ.
လင်းဝေ