Friday, August 12, 2016

ပြောင်းလဲကြစို့ သူငယ်ချင်းရေ...


နိုင်ငံတစ်နိုင်ငံပြောင်းလဲဖို့ ခေါင်းဆောင်တွေချည်းပဲ အားကိုးလို့မရဘူး

 ခေါင်းဆောင်ပိုင်းကလည်း သတ္တိရှိရှိနဲ့ အခက်အခဲတွေရင်ဆိုင်ပြီး အကောင်းဆုံးပြုပြင် ပြောင်းလဲကြိုးစားရမယ်

ငါတို့ ပြည်သူတစ်ယောက်ချင်းစီကလည်း
သတ္တိရှိရှိနဲ့ အခက်အခဲတွေရင်ဆိုင်ပြီး
အကောင်းဆုံးပြောင်းလဲကြိုးစားကြဖို့လိုတယ်

ဒါဟာ
ငါတို့မျိုးဆက်သစ်တွေနဲ့
ငါတို့တိုင်းပြည်အနာဂတ်အတွက်ဖြစ်တယ်

လင်းဝေ

အအေးချမ်းဆုံးကမ္ဘာ



ကောင်းကင်က
 နှင်းစက်တွေ
ခုန်ချလာတဲ့အခါ
ကျနော့် ကမ္ဘာလေးဟာ
ခိုက်ခိုက်တုန်လို့...

မြောက်ပြန်လေတွေရဲ့
ဝင်သက်ထွက်သက်မှာ
ကမ္ဘာဦးရဲ့ဂီတကို
လွမ်းလွမ်းဆွတ်ဆွတ်
ရှာဖွေတမ်းတမိတယ်...

ဆောင်းရာသီက
သူရဲ့အေးစက်တဲ့
လက်ချောင်းတွေနဲ့
ကျနော့်ကို
ထွေးပွေ့ထားရဲ့...

အောင်မြင်မှုတွေ
ကျရှုံးမှုတွေ
ဆင်းရဲမှု
ချမ်းသာမှု
ဝမ်းနည်းမှု
ပျော်ရွှင်မှု
အရာရာဟာ
ဆောင်းရာသီ
အိပ်မက်တွေလိုပါပဲ...

တကယ်ဆို
အေးချမ်းတဲ့
ကျနော့်ကမ္ဘာလေးထဲ
ကျနော့်ကဗျာတွေနဲ့အတူ
ကျနော်တယောက်ထဲ
ငြိမ်းချမ်းကြည်စင်စွာ
နေချင်မိတယ်....

လင်းဝေ

...အနှစ်သာရ...


ဘဝမှာ
သုညနဲ့စရတာ
အနှစ်သာရ အရှိဆုံးပါပဲ...

ကိုယ်ဒူးကိုယ်ချွန်သမား
တစ်ယောက်ရဲ့ ဘဝဟာ
အဓိပ္ပာယ်တွေနဲ့
ပြည့်နက်နေတယ်ဆိုရင်
ခင်ဗျား လက္ခံမလား=?

လင်းဝေ

...ကျနော်နဲ့ကျနော်...



ကျနော်ကတော့
လူတွေ
အထင်ကြီးတာကြီးကို
အရသာတစ်ခုလို
မခံစားချင်ပါဘူး...

လူတွေက
အထင်ကြီးပြီးရင်
လှောင်ပြောင်နှိမ့်ချဖို့ကိုလည်း
ဝန်လေးကြမှာ
မဟုတ်ဘူး...

သူများတွေကို
မှန်တစ်ချပ်လို
ကျနော်
မကြည့်ချင်ဘူး...

ကျနော်က
ကျနော့်ကိုယ် ကျနော်ပဲ
မှန်တချပ်လို ကြည့်ပြီး
ဆုံးဖြတ်ချင်တယ်...။

လင်းဝေ

ရိုးသားမှု ပညာ


လေးစားထိုက်တဲ့အလုပ်ကို လုပ်ရင်
 သာမန်စစ်သားကလေးကိုလည်း
 လေးစားအလေးပြုရမှာပါပဲ...

သိမ်ဖျင်းတဲ့အလုပ်ကို လုပ်ရင်တော့
ဗိုလ်ချုပ်တစ်ယောက်ဆိုရင်တောင်
ရှုတ်ချအပြစ်တင်ရမှာပါပဲ...

ဒါဟာ
အမှားအမှန်
အကောင်းဆိုးကို
ိုခွဲခြားတတ်တဲ့
ရိုးသားအပြစ်ကင်းစင်ခြင်း
ပညာပါပဲ...။

လင်းဝေ

...ကွက်လပ်...



အိပ်မက်ဆိုတဲ့
မျှော်စင်ကလေးထက်ကနေ...

မနက်ဖြန်ဆိုတဲ့
အောင်မြင်မှုတွေဆီ
မျှော်လင့်ရင်ခုန်ကြရင်း...

မင်းနဲ့ငါကြားက
ပျော်ရွှင်ခြင်းဆိုတာလေးတောင်...

တခါတလေ
အေးခဲတိတ်ဆိတ်နေပြီလား
အချစ်ရယ်...

လင်းဝေ

"စက်ဘီးစီးသင်နေကြသူများ"



စက်ဘီးစီးသင်ရင်း ခဏခဏမှောက်လဲခဲ့တဲ့အဖြစ်ကို လူတိုင်းကြုံးဖူးကြမယ်ထင်တယ်။

ဒုတိယတန်းတုန်းက စက်ဘီးစီးတတ်ချင်လွန်းလို့ ဦးလေးက မသင်ပေးအားသေးဘူးပြောတာကို ဒေါကစ်ပြီး တယောက်ထဲ စက်ဘီးစီးကျင့်။ တယောက်ထဲ မှောက်လဲ။တယောက်ထဲ သတိမေ့နေခဲ့တာ မှတ်မိသေးတယ်။

လဲလိုက်မှောက်လိုက် ပြန်ပြန်ကြိုးစားလိုက်နဲ့ နောက်ဆုံးတော့ ကျွမ်းကျင်သွားတာပါပဲ။

ဘဝဆိုတာလည်းဒီလိုပါပဲ မကျွမ်းကျင်တဲ့ အလုပ်တွေမှာ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားရင်း ရင့်ကျက်လာရတာပဲမဟုတ်လား။

တခုတပြီးတခု သင်စရာတွေများတဲ့ လောကကြီးဟာ တကယ်တော့ ဘယ်တော့မှ မပြီးဆုံးနိုင်တဲ့ ကျောင်းတော်ကြီးပါပဲ။

လင်းဝေ

ကျင့်ဝတ်



ကျနော်တို့ဟာ 
တရားမှု မတရားမှုတို့ကို
သိအောင်လည်းကြိုးစားရမယ်

သိတဲ့အတိုင်းလည်း
လိုက်နာနိုင်အောင်ကြိုးစားရမယ် 

ကိုယ်ချင်းစာတရားသည်သာ 
အမြင့်မားဆုံး 
လူ့ကျင့်ဝတ် ဖြစ်တယ်...

လင်းဝေ

"...တန်ဖိုးများ..."



သူ့တန်ရာတန်ကြေးကို မပေးဆပ်ဘဲ လောကကြီးက ကျနော်တို့ကို ဘာမှပေးမှာ မဟုတ်ပါဘူး။

အဲဒီလိုပဲ ကျနော်တို့လုပ်နေတဲ့ အလုပ်တစ်ခုအတွက် တန်ရာတန်ကြေးတော့ ကျနော်တို့ ယူမှရမယ်။

"အလကားရ ရေ အသေသောက်" ဆိုတဲ့ စကားပုံက အလကားဖြစ်လာတာ မဟုတ်ဘူးလေဗျာ။

ကျနော်တို့မြန်မာတွေက ဖရီးဆို ဂျီးတောင် လာတွန်းခိုင်းမလားပဲဗျ။

ကိုယ်တကယ်စေတနာရှိလို့ လိပ်ပြာသန့်သန့် ကူညီလိုက်ရတာကတော့ တကယ့်ကို စိတ်ချမ်းသာပါတယ်။

အဲလိုမှ မဟုတ်ရင်တော့ တန်ရာတန်ကြေးကို တောင်းတတ်ဖို့တော့လိုတယ်။

ဘာဖြစ်လို့လဲဆိုတော့ တချို့လူတွေက တန်ဖိုးနားမလည်ကြဘူး။

ကိုယ်ပိုင်တဲ့အရာ ကိုယ်လုပ်တဲ့အလုပ်မှ တန်ဖိုးရှိတယ် မထင်ပါနဲ့။

အရာရာတိုင်းမှာ သူ့တန်ဖိုးနဲ့သူ ရှိကြတယ်ဆိုတာ ကျနော်တို့ နားလည်ဖို့လိုတယ်။

တစ်ယောက်ကိုတစ်ယောက် တန်ဖိုးထားတတ်ကြပါစေ။

လင်းဝေ

...အနိစ္စ...



နာရီစက္ကန့်တံတွေဟာ
ပေါင်ချိန်ရဲ့ ခွေးခေါင်းဓားစက်လို
နေထိုင်ရှင်သန်မှုတွေကို
ပိုင်းဖြတ်ဝါးမြိုနေရဲ့...

ငါ စောစောက ရှူရှိုက်ခဲ့တဲ့
လေနုအေးက
ခုကျ မဟုတ်တော့ပြန်ဘူး...

ငါ မနေ့က ဆင်းကြည့်ခဲ့တဲ့
မြစ်တစ်စင်းကလည်း
ဒီနေ့ကျတော့ အသစ်ဖြစ်နေလေရဲ့...

နေလောင် ရေခဲတုံးတစ်တုံးလို
အရည်ပျော်ကျသွားခဲ့တဲ့
မနေ့ကဆိုတဲ့ ဖြစ်တည်ခြင်းကို
ဒီကနေ့ ပြန်အဖတ်ဆည်ဖို့ဆိုတာ
မဖြစ်နိုင်ခဲ့ဘူး....

ဘယ်လောက်ပဲ
ဂန္တဝင်ဆန်ခဲ့ဆန်ခဲ့
ကမ္ဘာကျော် မာယာဒိုနာဟာ
ကမ္ဘာ့ဖလား ဘောလုံးပွဲကို
ဝင်ကန်ဖို့မဖြစ်နိုင်တော့ဘူး....

မနေ့က
မြိန်ရည်ယှက်ရည်
စားသောက်ခဲ့တဲ့
ပွဲတော်စာတွေကလည်း
ဒီနေ့ရဲ့ ဆာလောင်မှုကို
မနှစ်သိမ့်နိုင်ခဲ့ဘူး...

ဒီလောက ကမ္ဘာကြီးရဲ့
အနှစ်မရှိခြင်းတွေထဲမှာ
ငါတို့ဟာ ဘယ်အရာတွေကို
ခုံမင်တမ်းတစွာ
ချစ်နေမိခဲ့ကြတာလဲ...

တကယ်တော့
အရာရာဟာ
မနေ့ကကြည့်ခဲ့တဲ့
ရုပ်ရှင်ဇာတ်ကားတကားလိုပါပဲ
တဖြည်းဖြည်း မှုံဝါးပြီး
ကျန်နေရစ်ခဲ့မှာပါပဲ...

တိမ်ပြေးတွေလို
နာရီလက်တံတွေဟာ
ငါ့ နုသစ်ပျိုမြစ်ခြင်းတွေပေါ်ကနေ
ပျံသန်းခုတ်မောင်းနေကြတယ်...

လင်းဝေ

...အစိုးရသစ်နဲ့ ကျနော်တို့...



အရင်အစိုးရတလျှောက် ရှုပ်ခဲ့တဲ့ အရှုပ်တွေကို အစိုးသစ်အနေနဲ့တခုချင်း အစဆွဲထုတ်ပြီး ဖြေရှင်းသွားမယ်လို့ထင်တယ်
ကျနော်တို့အားလုံးလည်း ပူးပေါင်းပါဝင်ကြဖို့လိုပါတယ်။

အစိုးရရော ပြည်သူပါ ကိုယ့်အကျိုးအတွက်ကိုမကြည့်ကြဘဲ တိုင်းပြည်အပေါ်စေတနာမှန်ကြဖို့လိုတယ်။

လာဘ်ပေးသူတွေရှိနေလို လာဘ်ယူသူတွေရှိနေသလို လာဘ်ယူသူတွေရှိနေလို့လည်း လာဘ်ပေးသူတွေရှိနေကြတာပါ။

လာဘ်ပေးသူရော လာဘ်ယူသူရော ပြင်းပြင်းထန်ထန်အပြစ်ပေးတဲ့ ဥပဒေအသက်ဝင်လာဖို့ရေးကြီးတယ်။

ကျနော်တို့အရိုးသားဆုံးနဲ့အကောင်းဆုံးကြိုးစားရင်း မတရားမှုတွေကို တိုက်ဖျက်ကြတာပေါ့။

ဆန္ဒတွေမစောကြပါနဲ့ဦး အမှန်တရားနဲ့ ကျနော်တို့အတွက် နေရာတနေရာ ရှိကိုရှိမှာပါ ဖိုက်တင်း😊😊😊

လင်းဝေ

..ကျနော့်ရဲ့ ညလယ်စာများ..



တခါတလေကျတော့
စာဖတ်ရတဲ့
ဲ့အရသာကို...

ပွဲတော်စာအနေနဲ့
မြိန်ရည်ယှက်ရည်
်ခံစားပစ်လိုက်ဖို့ပေါ့...

ကျနော်က
ခရီးများများ
မသွားနိုင်တော့
ဒီလိုပဲ
စာများများ
ဖတ်ရမှာပေါ့လေ...

ခောတ်ကိုက
ငွေ တစ်ထောင်နှစ်ထောင်
ငွေ တစ်သောင်းနှစ်သောင်း
သုံးဖို့လွယ်သလောက်
စာအုပ်တစ်အုပ်ကို
တလတခါ ဝယ်ဖြစ်ဖို့
မလွယ်ကြတဲ့ခောတ်...

ဒီမိုး
ဒီလေ
ဒီလူတွေနဲ့
ဒီခောတ်ကို
အသစ်အဖြစ်
ပြောင်းလဲပစ်ဖို့
မဖြစ်နိုင်ဘူးတဲ့လား?

ဒီအနုံညာတ
ခောတ်အပျက်ကြီးထဲ
အသစ်စက်စက်
စကားလုံးတွေနဲ့
တည်ခင်းထားတဲ့
ညလယ်စာအတွက်
မိတ်ဆွေတချို့ကို
ဖိတ်စာ ပို့လိုက်တယ်...။

လင်းဝေ

ဖတ်မိသမျှ



"ချစ်သူဆိုတာ
လရောင်အောက်မှာ
ရှာသင့်တယ်...။

တကယ်
လက်ထပ်သင့်တဲ့
လူကိုတော့
နေရောင်အောက်မှာ
ရှာသင့်တယ်.."

ခင်နှင်းယု (ယောက်ျ်ားတို့ အကြောင်း)

ကွန်ပျူတာဂိမ်းတဲ့ ကျနော်တို့

တခါတရံ
ဂိမ်းကစားကြတာ
စိတ်ပြေလက်ပျောက်
ကောင်းပါတယ်...

ဒါပေမယ့်
ဂိမ်းတစ်ခုကို
စွဲလန်းသွားရင်တော့
မျက်စိအတွက်ရော
ကျန်းမာရေးအတွက်ရော
မိမိအလုပ်အတွက်ပါ
မကောင်းပါဘူး...

အောင်မြင်တဲ့လူတွေက
ဂိမ်းဆော့ခြင်းဖြင့်
သူတို့ရဲ့
တန်ဖိုးရှိတဲ့အချိန်တွေကို
ဖြုန်းတီးမပစ်ကြဘူး...

တကယ်ကြိုးစားနေတဲ့လူအတွက်
ဂိမ်းကို စွဲစွဲလန်းလန်းဆော့ဖို့လည်း
အချိန်မရှိဘူး...

ဂိမ်းဆော့မည့်အချိန်အတွက်
အားကစား တစ်ခုခုလုပ်လိုက်ပါ
မိမိအိမ်မှာ လုပ်စရာတခုခုလုပ်လိုက်ပါ
ဒါမှမဟုတ်
ခရီးတစ်ခုခုသွားလိုက်ပါ
ဒါဟာ ကျနော်တို့အတွက်
အကျိုးရှိစေပါတယ်...

ကျနော်တို့
ဘာကြောင့်
မအောင်မြင်ကြတာလဲ
အမြဲသုံးသပ်ဖို့လိုပါတယ်...

လင်းဝေ