`လူ့ဘ၀ဆိုတာ ကန္တာရကြီးတစ်ခုကို သွားနေရတဲ့ ခရီးသည်တစ်ယောက်နဲ့ တူတယ်တဲ့၊အဲဒီလိုကန္တာရမှာ ခရီးသွားနေတုန်း နောက်က သားရဲတိရစ္ဆာတစ်ကောင်ကလိုက်လာသတဲ့။ဒီတော့ ခရီးသည်ဟာ ဒီသားရဲတိရစ္ဆာန်ရဲ့ရန်ကို ကြောက်လို့ ရေတွင်းတစ်ခုထဲ ခုန်ချပြီး ပုန်းသတဲ့။ရေတွင်းထဲ ငုံ့ကြည့်လိုက်တော့လည်း နဂါးကြီးတစ်ကောင်က သွားဖြဲပြီးသူ့ကို
ကိုက်စားပစ်ဖို့စောင့်နေသတဲ့၊ဒါနဲ့ခရီးသည်ဟာ ရေတွင်းအောက်ထိအောင် မဆင်းရဲဘဲ၊ရေတွင်းဘောင်ဘောင်အလယ်မြေကြီးမှာ ပေါက်နေတဲ့ သစ်ပင်လေးတစ်ပင်ကိုတွဲလွဲခိုထားတယ်။အဲဒီသစ်ပင်ကိုင်းကို ကြွက်ဖြူနဲ့ကြွက်မဲက တလှည့်စီ ကိုက်ဖြတ်နေကြသတဲ့။မကြာခင် ကြွက်ဖြူနဲ့ ကြွက်မဲကိုက်ဖြတ်လို့ အဲဒီသစ်ကိုင်းဟာ ကျိုးကျတော့မယ်။ရေတွင်းထိပ်မှာသားရဲတိရာစ္ဆာန်ကြီးကစောင့်နေလို့ ခရီးသည်ဟာတွင်း ပေါ်ပြန်မတက်ရဲဘူး။ အောက်ကိုငုံ့ကြည့်လိုက်တော့လည်း နဂါးကြီးကသွားဖြဲပြီးစောင့်နေတယ်။ကြွက်ဖြူနဲ့ကြွက်မဲက ကိုက်ဖြတ်လို့သစ်ကိုင်းကလည်း ကျိုးကျတော့မယ်။ခရီးသည်ဟာတွယ်ရာမဲ့ ဖြစ်နေပြီ၊ခိုးကိုးရာမဲ့ ဖြစ်နေပြီ၊ အဲဒီအချိန်မှာ သစ်ရွက်ကလေးပေါ်မှာ
ပျားရည်စက်ကလေးတွေ တင်နေတာတွေ့ရတော့ ခရီးသည်ဟာ အဲဒီပျားရည်စက်ကလေးတွေကို လျက်ပြီး
ကြည်နူးနေလိုက်သေးသတဲ့။လူ့ဘ၀ဆိုတာ အဲဒီခရီးသည် အဖြစ်နဲ့ ဘာမှမခြားဘူးလို့ တော်လစတွိုင်းက ဆိုတယ်´
`ဘယ်လိုလဲ´တဲ့လူဟာ မွေးလာကတည်းက နောက်မှာ ဘေးအန္တရာယ်တွေထပ်ကြပ် ပါလာတယ်တဲ့။
ဒီအန္တရာယ်တွေ့လွတ်လို လွတ်ငြား ရှောင်ပုန်းဖို့ ကြိုးစားရင်းအောက်ကသွားဖြဲပြီးစောင့်နေတဲ့
သေခြင်းတရားဆိုတဲ့ နဂါးကြီးရဲ့ ပါးစပ်ဝကိုရောက်သွားတယ်တဲ့။ဒီတော့သူရှေ့မတိုးရဲဘဲ တွင်းဝဘောင်မှာ
ပေါက်နေတဲ့ သစ်ကိုင်းလေးတစ်ကိုင်းကို တွယ်ထားတယ်။နောက်လည်းပြန်မဆုတ်ရဲဘူး။ရှေ့ဆက်ပြီးလည်း
မသွားရဲဘူး။အဲဒီသစ်ကိုင်းကို နေ့နဲ့ ည ဆိုတဲ့ ကြွက်ဖြူကြွက်မဲဟာ တလှည့်စီကိုက်ဖြတ်နေကြတယ်။
မကြာခင်ဘဲ သူခိုစီးထားတဲ့ ဘ၀ဆိုတဲ့ သစ်ကိုင်းလေးဟာ ကျိုးပြတ်ကျပြီး သူလဲအောက်က စောင့်နေတဲ့
နဂါးရဲ့ပါးစပ်ထဲကို ရောက်တော့မယ်။လူဟာ ဒီလောက်ခိုးကိုးရာမဲ့ အခြေအနေရောက်နေတာတောင်
သူ့အဖြစ်သူမစဉ်းစားနိုင်သေးဘဲ သစ်ရွက်ကလေးပေါ်မှာတင်နေတဲ့ပျားရည်စက်ကလေးတွေကို လှမ်းလျက်ပြီး
အရသာခံနေသေးတယ်။နဂါးဟာ သေခြင်းတရား၊သစ်ကိုင်းဟာသူမှီခိုနေတဲ့ဘ၀၊ကြွက်ဖြူနဲ့ကြွက်မဲဟာ နေ့နဲ့ည၊
သစ်ကိုင်းပေါ်က ပျားရည်စက်ဟာ လူ့ဘ၀ရဲ့ သာယာမှုလို့သူထင်နေတဲ့သူ့သားမယား၊သူ့ဝါသနာ၊သူ့စိတ်ဝင်စား
မှုတွေ တဲ့။ဒီလောက်ဘေးအန္တရာယ်တွင်းထဲကျနေတာတောင် လူဟာ ဘ၀ရဲ့ သာယာမှုကိုအဟုတ်ထင်ပြီး
မိုက်မှားနေတယ်တဲ့။လူ့ဘ၀ဆိုတာ အဲဒါပါပဲတဲ့´။
အဲဒီစကားလုံးကို ကျနော်အရမ်းကြိုက်မိပါသည်။
ထို့ကြောင့်လည်း ဆရာမြသန်းတင့် ရဲ့ ကျွန်တော်ဆက်၍ရေးချင်သော ၀တ္ထုများ ၇
မှ ကူးယူမျှဝေပေးခြင်းဖြစ်ပါသည်။
သားထက် (မုံရွာနည်းပညာတက္ကသိုလ်)
No comments:
Post a Comment