အထာလွဲနေတဲ့လူ
အားလုံးကို
နားလည်ဖို့ကြိုစားရင်း
ကျနော်ကိုယ် ကျနော်
တိုးတိုးတိတ်တိတ်
သိမ်းဆည်းထားဖြစ်တယ်
တခါတခါမှာ ခလုတ်တိုက်လဲအကျကို
ဟားတိုက်ဖို့စောင့်နေတတ်တဲ့
ပတ်ဝန်းကျင်ကိုလည်း
ဖာသိဖာသာမေ့လျော့ထားတယ်
တစ်ရက်ကို ထမင်းနှစ်နပ်စားရတာ ဘ၀လား?
တစ်ရက်ကို ရေတစ်ခါချိုးရတာ ဘ၀လား?
လက်ဖက်ရည် ကျဆိမ့်တစ်ခွက်သောက်ရတာ ဘ၀လား? ...... .... ..............
ဒီလိုနဲ့
ဘ၀ကို
ထာင်းထောင်းထအောင်
ရှိုက်ဖွာပြီး အချစ်ကို
မူးမှောက်အောင်
သောက်ပစ်ခဲ့ဖူးတယ်
မမိုက်ဘူး
ပေကျံနေတဲ့ နှလုံးသားနဲ့
လူလူချင်း
မသိုးမသန့်ပြုံးပြနေရတာကိုပဲ
မုန်းတယ်..
သားထက် (မုံရွာနည်းပညာတက္ကသိုလ်)
No comments:
Post a Comment