Thursday, April 30, 2015

Who n why

ဘာကြောင့်လဲ ဘယ်သူတွေကြောင့်လဲ

ဗိုလ်မှူး ဗိုလ်ချုပ်တွေက
တိုင်းပြည်ဘဏ္ဍာကို မတရားခိုးပြီး
ချမ်းသာချင်တိုင်းချမ်းသာ
သူတို့သားသမီးတွေက
နောက်ဆုံးပေါ်ကားတဝီဝီ
ရမ်းကားချင်တိုင်းရမ်းကား
ကုမ္ပဏီတွေ ၂ခု ၃ခု ထောင်ပြီး
စည်းစိမ်တွေရစ်လို့..

ပြည်သူတွေကတော့
ငတ်သည်ထက်ငတ်လို့...

ကျောထောက်နောက်ခံမဲ့
စစ်သားတွေကတော့
ဗိုလ်မှူးဗိုလ်ချုပ်တွေ စည်းစိမ်အာဏာတိုးစေဖို့...

သံဃာတော်တွေကို ပစ်သတ်ဆိုလဲ ပစ်သတ်လိုက်ကြရတာပဲ...

ကျောင်းသားပြည်သူတွေကို ပစ်သတ်ဆိုလဲ ပစ်သတ်လိုက်ကြရတာပဲ...

လယ်သမားတွေကို ပစ်သတ်ဆိုလဲ ပစ်သတ်လိုက်ကြရတာပဲ...

အလုပ်သမားတွေကို ပစ်သတ်ဆိုလဲ ပစ်သတ်လိုက်ကြရတာပဲ..

ခုတော့ ရှေ့တန်းတဲ့
အသေခံပြီး တိုက်ကြရပြန်ပြီ..

ဪ ဆိုးလိုက်တဲ့ဘဝတွေ...

ဗိုလ်မှူး ဗိုလ်ချုပ်တွေက
တိုင်းပြည်ဘဏ္ဍာကို မတရားခိုးပြီး
ချမ်းသာချင်တိုင်းချမ်းသာ
သူတို့သားသမီးတွေက
နောက်ဆုံးပေါ်ကားတဝီဝီနဲ့
ရမ်းကားချင်တိုင်းရမ်းကား
ကုမ္ပဏီတွေ ၂ခု ၃ခု ထောင်ပြီး
စည်းစိမ်တွေရစ်လို့..

ဒါတွေဟာ
ဘာကြောင့်လဲ
ဘယ်သူတွေကြောင့်လဲဆိုတာ...

ငါတို့ အသိဉာဏ်တွေ လင်းလက်သင့်ပါပြီ...

လင်းဝေ

Wednesday, April 29, 2015

ကြိုးစားကြပါစို့

လူမှာ
ဦးနှောက်နဲ့ နှလုံးသားဟာ
သိပ်အရေးကြီးတယ်...

ဦးနှောက်ဖြင့်
စဉ်းစားဆင်ခြင်နိုင်မှု
အသိဉာဏ်ပညာကို
တည်ဆောက်နိုင်တယ်..

နှလုံးသားဖြင့်
နူးညံ့တဲ့ မေတ္တာတရား
ကိုယ်ချင်းစာတရားကို
မွေးမြူနိုင်တယ်..

ဒီ ကမ္ဘာကြီးပေါ်
ခဏတာ
နေခွင့်ရခိုက်...

ငါတို့ဟာ
အသိဉာဏ်ပညာနဲ့ ပြည့်ဝပြီး
ကိုယ်ချင်းစာတရားရှိသော
လူသားတွေဖြစ်အောင်
ကြိုးစားရလိမ့်မယ်..


လင်းဝေ

Monday, April 27, 2015

သတိထားပါ...



မင်း သတိထားပါ
ဒီလောကမှာ
အဟာရ ၁ ခုသာလျှင်
မှီခိုအားထားရာ ရှိတယ်
ဒါဟာလည်း
မမြဲဘူးဆိုတာ...

မင်း သတိထားပါ
ဒီလောကမှာ
သတ္တဝါဟူသမျှ
ရုပ်နာမ် ၂ ပါးသာရှိတယ်
ဒါဟာလည်း
မမြဲဘူးဆိုတာ...

မင်း သတိထားပါ
ဒီလောကမှာ
သုခ၊ ဒုက္ခ၊ ဥပက္ခာ
ဝေဒနာ ၃ ခုသာရရှိတယ်
ဒါဟာလည်း
မမြဲဘူးဆိုတာ...

မင်း သတိထားပါ
ဒီလောကမှာ
ဒုက္ခ၊ သမုဒယ၊ နိရောဓ၊ မဂ္ဂ
သစ္စာ တရား ၄ ပါးရှိတယ်
ဒါတွေကို သိမှ
လွတ်မြောက်နိုင်မယ်ဆိုတာ...

မင်း သတိထားပါ
ဒီလောကမှာ
သတ္တဝါ ဟူသမျှ
ခန္ဓာ ၅ ပါးသာရှိတယ်
ဒါလည်း မမြဲဘူးဆိုတာ...

မင်း သတိထားပါ
ဒီလောကမှာ
သတ္တဝါ ဟူသမျှ
သဠာယတန ၆ ပါးက ဖြစ်တဲ့
အာရုံ ၆ ပါးသာရှိတယ်
ဒါဟာလည်း မမြဲဘူးဆိုတာ...

မင်း သတိထားပါ
ဒီလောကမှာ
ဗောဇ္ဈင် ၇ ပါးရှိတယ်
ဒါတွေကသာ
သစ္စာ ၄ ပါးကို ထိုးထွင်းသိဖို့ အကြောင်းဖြစ်တယ်ဆိုတာ...

မင်း သတိထားပါ
ဒီလောကမှာ
မဂ္ဂင် ၈ ပါးရှိတယ်
သံသရာက လွတ်ဖို့
ဒါတွေကို သိဖို့ကျင့်ဖို့ အရေးကြီးတယ်ဆိုတာ...

မင်း သတိထားပါ
ဒီလောကမှာ
ဘုံဌာနတွေပေါင်းချုပ်လိုက်ရင်
၉ ဘုံသာရှိတယ်
ဒါတွေဟာလည်း မမြဲဘူးဆိုတာ...

မင်း သတိထားပါ
ဒီလောက
ရဟန္တာတွေရဲ့ အကျင့် ၁၀ ပါးရှိတယ်
ဒါတွေ ပြည့်စုံမှသာ
လွတ်မြောက်နိုင်မယ်ဆိုတာ..

မင်း သတိထားပါ
ရေမှုတ်ထဲက ရေတဝက်ကို သွန်လိုက်တဲ့အခါ
တဝက်ပဲ ကျန်သလို
တခါလိမ်ညာပြောသူဟာ
ကိုယ်ကျင့်တရား
တဝက်ပဲ ရှိတယ်ဆိုတာ....

မင်း သတိထားပါ
ရေမှုတ်ထဲက ရေအကုန်သွန်လိုက်ရင်
ရေမှုတ်ထဲမှာ ဘာမျှ မကျန်တော့သလို
အမြဲ လိမ်ညာသူဟာ
ကိုယ်ကျင့်တရား လုံးဝမရှိသူပဲ ဆိုတာ...

ဗုဒ္ဓ မြတ်စွာက
သားတော် ရာဟုလာကို
ဟောတော်မူခဲ့တယ်..

လင်းဝေ

မနေ့က အိမ်မှာ ညီမတယောက် မွေးနေ့ပွဲ မွေးနေ့တရား အဖြစ် ဟောကြားပေးတဲ့
ဆရာတော့် တရားလေးကို ပြန်လည် အာရုံပြုရင်း
ဓမ္မကဗျာလေး ရေးစပ်ပြီး ကုသိုလ်ပြုလိုက်ပါတယ်..

သာဓု သာဓု သာဓု

Sunday, April 26, 2015

အသိတရား



တခါတရံ 
လူတစုရဲ့ 
အသိနည်းတဲ့ 
မိုက်လုံးကြီးတဲ့ 
အတ္တကြောင့်
သစ်တောတွေပြုံး ၊ 
တောင်တွေပြုံး၊ 
မြစ်တွေလည်းဆုံးရှုံးနိုင်သလို...

ဘယ်လို 
သယံဇာတ 
ပေါကြွယ်ဝပေမယ့် 
မွဲပြာကျပြီး
ကြွေးတင်နေတဲ့ 
ဘဝတွေဟာ
လက်တစ်ဆုပ်စာ အတွက်
စတေးပစ်ခံနေရတယ်ဆိုတာ
...

လူဆိုတာ
ကိုယ့်တစ်ဖို့တည်း အတွက် မစဉ်းစားရဘူး..

ကိုယ့်လုပ်တဲ့ အလုပ်အတွက်
ကိုယ့်ပတ်ဝန်းကျင်
ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး
ကိုယ့်မျိုးဆက်သစ် နောင်လာနောက်သားတွေအတွက်

ကောင်းကျိုး ဆိုးပစ်တွေကိုလည်း
စဉ်းစားပြီး 
လုပ်ကြဖို့ဆိုတဲ့ 
အသိတရားတစ်ခုဟာ
ဘယ်လောက်ထိ
အရေးကြီးသလဲဆိုတာ...

ဒါဟာ
ငါတို့ ရင်ထဲက 
ကိုယ်ချင်းစားတရားနဲ့အတူ
ရှိနေသင့်တဲ့
လူသားဆန်တဲ့
အသိတရားတစ်ခုဆိုတာကိုပေါ့..။

လင်းဝေ

Power

ဟောဒီ လောကကြီးမှာ
လောကဓံတရားတွေကို
ရင်ဆိုင်ဖို့
အကောင်းဆုံး လက်နက်ဟာ
မင်းရဲ့ စိတ်ပါပဲ

မင်းရဲ့ စိတ်က
သတ္တိတွေနဲ့
မာကျော ခိုင်မာနေသမျှ
ဘယ်လို လောကဓံတရားကမှ
မင်းကို
အလဲထိုးလို့ မရပါဘူး

လင်းဝေ

Saturday, April 25, 2015

ကျေးဇူးတော်ရှင် ဝေဘူဆရာတော်ဘုရားကြီး

((( ကျေးဇူးတော်ရှင် ဝေဘူဆရာတော်ဘုရားကြီး ဟောပြညွှန်ကြား ဆုံးမတော်မူသော သံသရာမှ လွတ်မြောက်ကြောင်း တရားတော် မှတ်စု )))

* သီလရှိလျင် တောင့်တလိုချင်တိုင်း ပြည့်စုံစေနိုင်၍ သီလကို ကြိုးစားဖြည့်ရန်။
* သာသနာတည်ကြောင်း ကောင်းမှုများသည် နိဗ္ဗာန်သွားရန် ခြေထောက်သဖွယ်(စရဏ)ဖြစ်၍ တတ်အားသမျှ ပြုလုပ်ရန်။
* ဘုရားစကား၊ ဆရာ့စကားကို မြေဝယ်မကျ တထစ်ချနာယူရန်။...
* ယခုကဲ့သို့ နေနိုင်ခြင်းသည်ပင်” ပါရမီရှိသူ” မည်၍ အချိန်အခါ ဘဝကောင်းသည်မှာ ဘုရားရှင်လက်ထက်တော်ကနှင့်မထူး၊ ထို့ကြောင့် ရှေးကပုဂ္ဂိုလ်များကဲ့သို့ ဝီရိယကို အမှီလိုက်၍ စိုက်ထုတ်ကြိုးစားရန်။
* သင်ကြားမှတ်သားထားချက်များ ပြော၍မကုန်အောင် အများကြီးတတ်သိကြသည်။ ထိုသို့များစွာရှိသော်လည်း ကြိုက်ရာတစ်ခုကိုသာ စူးစူးစိုက်စိုက် ဝီရိယသန်သန်နှင့် မှန်မှန်လုပ်ရန်သာ အရေးကြီးသည်။ မွေးသည်မှ သေသည်ထိ ထင်ရှားရှိနေသော ထွက်လေ-ဝင်လေကား လူတိုင်းသိလွယ်၊ ထင်လွယ်၍ ဝင်တိုင်း၊ ထွက်တိုင်း နှာဖျားဝ၌ ထိသည်ကိုသာ သိအောင်လုပ်၊ ယခုလုပ်ကြည့်၊ ယခုမီးငြိမ်း၊ ယခုလက်ငင်းချမ်းသာ၏။
* ယင်းသို့ရှုမှတ်ခြင်းဖြင့် ကိုယ်နှုတ်နှလုံး သောင်းကျန်းမှုမရှိ၊ စိတ်သောင်းကျန်းမှုမရှိ၊ ရုပ်နာမ်မျှသာရှိပါကလားဟု နှာဖျားဝမှ တစ်ကိုယ်လုံး တလှုပ်လှုပ် တရွရွ ဖြစ်ပျက်နေသည်ကို မြင်ရမည်။ သို့ဖြစ်၍ သိက္ခာသုံးပါး အကျုံးဝင်သွားပြီ။ သမ္မာဒိဋ္ဌိစသော မဂ္ဂင်ရှစ်ပါးလည်း ပါသွားပြီ။ သတိပဋ္ဌာန်လေးပါးစသော ဗောဓိပက္ခိယတရား သုံးဆယ့်ခုနှစ်ပါးလည်း လုပ်ပြီးဖြစ်သွားပြီ။ အာနာပါနလုပ်နေခြင်းဖြင့် ပိဋကတ်သုံးပုံလုံးပင် အကျူံးဝင်လေပြီဖြစ်၍ ထွေလီကာလီ လျှောက်လုပ်မနေနဲ့။ တွေးသမျှ၊ ထင်သမျှမှားတတ်သည်။
* ရေခပ်ရင်း၊ ထမင်းချက်ရင်း၊ အလုပ်လုပ်ရင်းလည်း ရှုမှတ်နိုင်၍ တစ်ချိန်တည်းတွင် အလုပ်နှစ်ခုပြီးသည်။ မည်သည့်ဣရိယာပုဒ်နှင့်မဆို ရှုမှတ်နိုင်၏။ ကမ္မဋ္ဌာန်းထိုင်ရတာ ဘာမှလဲ မတွေ့ပေါင်၊ မရပေါင်ဟု မမှတ်ရ။ တစ်ခဏအတွင်းရသည့် အကျိုးကား ကုန်စင်အောင်ပင်မပြောနိုင်။ တစ်နေ့ထက်တစ်နေ့ တိုးတက်၍သာ သွားတော့သည်။
* အိမ်အမိုးမိုးသောအခါ စပ်အောင်မိုးလျှင် မိုး၊ နေကာကွယ်နိုင်သကဲ့သို့ တစ်ရက် နှစ်ဆယ့်လေးနာရီ တစ်ဆက်တည်း၊ တစ်စပ်တည်း ရှုမှတ်နိုင်အောင်ကြိုးစားရမည်။ နှစ်ဆယ့် လေးနာရီ တစ်စပ်လောက် ရလျှင်ပင် ထူးခြားသိသာလာမည်။
* မိမိအနားရှိ မြင်သမျှ၊ ကြားသမျှ ကျေးဇူးရှင်ချည်းဖြစ်သည်။ အသံဗလံဆူညံ၍ နေရာမပြောင်းနှင့်။ ဆူညံသံများက ဝီရိယတိုးလိုက်ပါဦးဟု ပြောသော ကျေးဇူးရှင်များဖြစ်သည်။ မေတ္တာထား၊ သည်းခံရှုမှတ်။
* မိဘ၊ သားသမီး ဝတ္တရားများကို ပြုလုပ်ရခြင်း၊ ကလေးငို၍ ချော့ထိန်းရခြင်းမှအစ သီလ၊ စရဏကုသိုလ်ချည်းဖြစ်သည်။
* မိမိ အာနာပါနရှုမှတ်ခြင်းကို အကြောင်းပြု၍ မိမိနှင့်တကွ မိမိပတ်ဝန်းကျင် လူတွေ၊ နတ်တွေ၊ ဗြဟ္မာတွေ မရေမတွက် နိုင်အောင် ကျေးဇူးများကုန်ကြတော့သည်။
* ရုပ်နဲ့နာမ်ကို မတွေ့ချင်ပေါင်ဆိုပြီး ရှောင်လို့ တိမ်းလို့များ ရပါ့မလား? ထွက်လေဝင်လေ နှစ်ရပ်ဟာ မွေးကတည်းက သေတဲ့အထိ ရှိနေတာ။ ဘုရားရှင် ဆုံးမတဲ့အတိုင်း စိတ်ကို ရုပ်ပေါ်၊ နာမ်ပေါ်ထားရတာ ပင်ပန်းသလား? ပိုက်ဆံရော ကုန်သလား? ငှားရ၊ ချေးရသေးသလား? အချိန်ရော ကုန်သလော? တစ်ပါးသူရော သိသလား? ထားတာက ဝီရိယ၊ ထားတဲ့အတိုင်း နေတာက ဝီရိယိဒ္ဓိပါဒ်၊ အခုထား၊ အခုနေ၊ အခုပစ္စုပ္ပာန်ချမ်းသာ၊ ဒီချမ်းသာ ဆိုက်လာတော့ ဝီရိယပိုင်ရှင် သိတယ်။ သများသွားမေးစရာ မလိုဘူး။ တစ်နေ့ထက်တစ်နေ့ မတိုးတက်ဘဲ နေပါ့မလား? ဘယ်လူ၊ ဘယ်နတ်၊ ဘယ်ဗြဟ္မာမှ တားဆီးပိတ်ပင်လို့ မရဘူး။ ဒီလူ့ထံမှ ချမ်းသာကို လုယူမယ်ဆိုပြီး အနိုင့်အထက် လုယူလို့ရော ရနိုင်ပါ့မလား? ဘယ်ဣရိယာပုဒ်နဲ့မှ ဖြစ်တာ၊ ဘယ်ဣရိယာပုဒ်နဲ့ မဖြစ်ဘူးလို့ရော ရှိရဲ့လား? နေရာရော ရွေးရဦးမှလား? ကိုယ်တစ်ယောက်တည်းနေရင်းရော၊ စေတီရင်ပြင်၊ ဗောဓိရင်ပြင်မှာ နေရင်းရော၊ သားတွေ၊ သမီးတွေနဲ့ နေရင်းရော၊ လုပ်လို့ရပါသဗျာ။ ခန္ဓာဝန်ကြီးက ရှိနေလေတော့ မိမိတို့ ရည်ရွယ်ထားတဲ့ အလုပ်လဲ လုပ်ရမှာပေါ့။ အဲဒီအလုပ်တွေ လုပ်ရင်းနဲ့ ရှုလို့မရဘူးလား? ရပါတယ်ဗျာ။ တစ်ချိန်ထဲမှာ အလုပ်နှစ်မျိုး ပြီးပါသဗျာ။ ဒီလိုလုပ်တော့ ပိုပြီးအလုပ်တွင်တယ်၊ အကျိုးများတယ် မဟုတ်လား? ဒီချမ်းသာကို သိပြီလားဆိုမှဖြင့် အားချိန်၊ နားချိန်မှ မထားဘဲ တစ်ဆက်တည်း ဆောင်ထားကြာတော့ တာပါပဲ။

ဤကောင်းမှု ဓမ္မဒါနကုသိုလ်ကံသည် မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ရွက်ဆောင်နိုင်သည် ဖြစ်ပါစေသတည်း။

ရိုသေလေးစားစွာဖြင့်

ဝင်းမြင့်

Webu Sayadaw's Teaching (ကျေးဇူးတော်ရှင် ဝေဘူဆရာတော်ဘုရားကြီး ဟောပြညွှန်ကြား ဆုံးမတော်မူသော သံသရာမှ လွတ်မြောက်ကြောင်း တရားတော် မှတ်စု) by Win Myint (ဝင်းမြင့်)

မင်္ဂလာရှိသော  တရားတော်များ နှလုံးသွင်း၍ ချမ်းသာကြပါစေကုန်သောဝ်

"စင်ကြယ်မှုအဆင့်ဆင့် "

"စင်ကြယ်မှုအဆင့်ဆင့် "
•••••••••••••••••••••

စိတ်ကလေးအေးအေး၊ နှလုံးအေးအေးထားနိုင်မှ
တစ်စတစ်စ ပူပန်မှုတွေ ငြိမ်းပြီးတော့ စင်ကြယ် မြင့်မြတ်တဲ့ဆီ ရောက်သွားရမယ်။...
စင်ကြယ်ရမှာက ဘာတွေလဲ။
ကိုယ်လည်းစင်ကြယ်ရမယ်။
နှုတ်လည်းစင်ကြယ်ရမယ်။
စိတ်လည်း စင်ကြယ်ရမယ်။
အသိအမြင်လည်း စင်ကြယ်ရမယ်။

ကိုယ်နှုတ် စင်ကြယ်တာ သီလပဲ။
သီလ၀ိသုဒ္ဓိ။
သီလ၀ိသုဒ္ဓိဖြစ်မှ စိတ်မှာ နီဝရဏတွေ ကင်းစင်လို့ စိတ်စင်ကြယ်မှု စိတ္တ၀ိသုဒ္ဓိဖြစ်မယ်။
စိတ္တ၀ိသုဒ္ဓိဖြစ်မှ အသိအမြင် စင်ကြယ်မှု ဒိဋ္ဌိဝိသုဒ္ဓိဖြစ်သွားမယ်။
အသိအမြင်စင်ကြယ်ချင်ရင် စိတ်စင်ကြယ်ရမယ်။
စိတ်စင်ကြယ်ချင်ရင်လည်း ကာယကံ၊ ၀စီကံ စင်ကြယ်ရတယ်။

သီလ၀ိသုဒ္ဓိဖြစ်မှ စိတ္တ၀ိသုဒ္ဓိဖြစ်၊ စိတ္တ၀ိသုဒ္ဓိဖြစ်မှ ဒိဋ္ဌိဝိသုဒ္ဓိဖြစ်မယ်။
စိတ်ပိုင်းဆိုင်ရာ၊ ပညာပိုင်းဆိုင်ရာ ၀ိသုဒ္ဓိတွေ အယူအဆတွေ စင်ကြယ်သွားမယ်။
အသိအမြင်တွေ စင်ကြယ်သွားမယ်။

အဲလို စင်ကြယ်သွားသလောက် စင်ကြယ်မြင့်မြတ်တဲ့ စိတ်ထားတွေ ဖြစ်သွားမယ်။
အဲလိုစင်ကြယ်တဲ့စိတ်တွေ ဖြစ်လာအောင်
ခန္ဓာက ဖြစ်ခိုက်ဖြစ်ခိုက်ကလေးတွေကို ရှုမှတ်ရမယ်။
ပေါ်လာတယ်၊ သိလိုက်တယ်၊ ချုပ်ပျက်သွားတယ်။
ဖြစ်တိုင်းသိ၊ သိတိုင်း ပျက်နေတယ်။
ဖြစ်ပေါ်လာတာရော ပေါ်တိုင်းသိတဲ့ စိတ်ကလေးရော၊
ပေါ်တာရော၊ ရုပ်ရော နာမ်ရောဟာ ဖြစ်ပေါ်လာလိုက် ရင့်ရော်ပျက်စီးသွားလိုက်။
ဒါတင်ပဲလား၊ အားလုံးပါပဲ။ ရင့်ရော်မှု၊ ပျက်စီးမှုတွေကတော့ အကုန်လုံး ရှိနေတာပဲ။

ရှေးက ယခုလို စက်ခေတ်မဟုတ်တော့ မြင်းရထားတွေနဲ့ သွားရတယ်။
အင်မတန် လှပဆန်းကြယ် အောင် ပြုပြင်ထားတဲ့ ဘေးလောင်းတော်၊
ဘိုးလောင်းတော်တွေ လက်ထက်က အလွန်ဆန်းပြားတဲ့ မင်းစီး ရထားတွေဟာ
တစ်စတစ်စနဲ့ အိုမင်း ယိုယွင်းလာတယ်။
မင်းစီးရထားတွေ တစ်စတစ်စနဲ့ အိုသွားကြသလို ကိုယ်ခန္ဓာဟာလည်း
ဒီလိုပဲ တစ်နေ့တခြား အိုမင်း ရင့်ရော်လို့ သွားတယ်။
အဲဒီလို အိုမင်းရင့်ရော်ပျက်စီးမယ့် ကိုယ်ခန္ဓာက မအိုမနာမသေတဲ့
အမြိုက်နိဗ္ဗာန ဓာတ်ကြီးရအောင် ဖော်ထုတ်နေတာပါပဲ။
တရားအားထုတ်တယ်ဆိုတာ ဒါပါပဲ။

အမြိုက်ဓာတ်ရအောင် ဘယ်လိုလုပ်မှာလဲ။
သီလ စင်ကြယ်မှု၊ စိတ် စင်ကြယ်မှု၊ အသိအမြင်စင်ကြယ်မှု အဆင့်ဆင့်။
ကင်္ခါဝိတရဏ၀ိသုဒ္ဓိ = အကြောင်းကောင်းကြောင့် အကျိုးကောင်းတွေ ဖြစ်နေကြတယ်။
ဘယ်သူ့ဘယ်သူကမှ မ,စလို့ မရဘူး။

ကောင်းတဲ့အကြောင်းကြောင့် ကောင်းတဲ့အကျိုး ဖြစ်တာအမှန်ပဲ။
မကောင်းတဲ့အကြောင်းကြောင့် မကောင်းတဲ့ အကျိုးဖြစ်တာ
အမှန်ပဲလို့ ယုံမှားကင်းသွားတယ်။
အဲဒီလို ယုံမှား ကင်းတဲ့ ဥာဏ်တွေ ဖြစ်လာတယ်။

မဂ္ဂါမဂ္ဂဥာဏဒဿန၀ိသုဒ္ဓိ = တစ်ခါတစ်ခါ တရားတွေ ရင့်ကျက်လာရင်၊
သတိ၊ သမာဓိဥာဏ်တွေ အသိဥာဏ် တွေ ရင့်ကျက်လာရင်
ကိုယ်တွေ၊ စိတ်တွေ ငြိမ်းချမ်းလို့ ကြည်လင်ပေါ့ပါးနေတယ်။
ချမ်းသာလိုက်တာလို့ တစ်သက်တစ်ကိုယ် တစ်ခါမှ မကြုံဖူးတဲ့
တရားအားမထုတ်တဲ့ သာမန်လူတွေ နတ်တွေ မခံစားထိုက်တဲ့ ချမ်းသာ သုခတွေ သာမန်ချမ်းသာနဲ့မတူ မကြုံဖူးတဲ့ အတွေ့အကြုံမျိုးတွေကိုလည်း ကြုံလာရတယ်။
ဆိတ်ငြိမ်တဲ့ ဇရပ်၊ ဂူ၊ ကျောင်းထဲဝင်ပြီး အားထုတ်သူတွေမှာ သာမန်လူနတ်တွေ
မခံစားနိုင်တဲ့ သမာဓိ နဲ့စပ်တဲ့ ချမ်းသာထူးတွေ၊
အသိဥာဏ်နဲ့စပ်တဲ့ ချမ်းသာထူးတွေ ခံစားရတယ်တဲ့။
အဲဒါတွေကို ဒါပဲ မဂ်ထင်ပါရဲ့။ ဖိုလ်ထင်ပါရဲ့။
နိဗ္ဗာန်ထင်ပါရဲ့လို့ တစ်ခါတစ်ခါ ဥာဏ်ပေါ်မှာ ထင်ယောင် ထင်မှားဖြစ်တယ်။
တော်တော်လေး အားထုတ်မှု အရှိန်ရလာတော့ သူ့ဟာသူ သြော်…ဒီဟာနဲ့ မပြီးသေးဘူး။
ရှေ့ဆက်ပြီး အားထုတ်ရဦးမှာပဲလို့၊ အဲလို…ဒါမဂ်အစစ်မဟုတ်သေးဘူးလို့
လမ်းမှန် လမ်းမှား ခွဲခြားဝေဖန်တဲ့ဥာဏ် ဖြစ်ပေါ် လာတယ်။

ဒီလိုသိတာဟာ တစ်ဆင့်အားဖြင့် ဥာဏ်စင်ကြယ်သွားတယ်လို့ ဆိုပါတယ်။
ပဋိပဒါဥာဏဿန၀ိသုဒ္ဓိ = ဒီမဂ္ဂင်အကျင့်သာလျှင် အိုနာသေလွတ်တဲ့
နိဗ္ဗာန်ရောက်ကြောင်း အစစ်အမှန်ပဲလို့ ခိုင်ခိုင်မြဲမြဲ အသိအမြင် စင်ကြယ်သွားတယ်။
အကျင့်လမ်းစဉ်နဲ့ ပတ်သက်ပြီးတော့ ဇဝေဇ၀ါ ဟိုဟာ ဟုတ်နိုးနိုး၊
ဒီဟာကောင်းနိုးနိုး မရှိတော့ဘူး။

ဒီသတိကပ်ပြီး ရှုမှတ်နေတဲ့ လမ်းစဉ်၊ ဒီမဂ္ဂင်ရှစ်ပါးလုံး ပါဝင်နေတဲ့
ဒီသတိပဋ္ဌါန်အကျင့်လမ်းဟာ နိဗ္ဗာန်ရောက်ကြောင်း လမ်းမှန်ပဲလို့ မှန်မှန်ကန်ကန် အမြင်စင်ကြယ်သွားတယ်။
ဒါ အကျင့်လမ်းနဲ့ ပတ်သက်ပြီး အမြင်စင်ကြယ်သွားတာပဲ။
ပဋိပဒါဥာဏဒဿန ၀ိသုဒ္ဓိပေါ့။

နောက်ဆုံးပိတ်ကျတော့ ဖြစ်ပျက်နေတဲ့ ရုပ်နာမ်တွေကို မြင်ရင်း မြင်ရင်းနဲ
့ သြော်…ဖြစ်နေတဲ့ ဇာတိကြောင့် အိုမင်းရင့်ရော်တဲ့ ဇရာရှိနေတာပဲ။
မွေးမှုရှိနေလို့ သေမှုရှိနေတာပဲ။
ဒီဖြစ်မှု ပျက်မှုတွေ နှိပ်စက် နေလို့လည်း ဒီသံသရာ ၀ဋ်ဆင်းရဲကြီး မဆုံးနိုင်တာပဲ။
ဒီဖြစ်မှု ပျက်မှုတွေ မရှိရင် ကောင်းမှာပဲ။
ဖြစ်ပျက်တွေ မြင်ပြီးတော့ ဖြစ်ပျက်တွေပေါ်မှာ မဖြစ်ချင်တော့ဘူး။ မုန်းတီးလာတယ်။
ဖြစ်ချင်ရင် ဖြစ်နေမှာပဲ။ မဖြစ်ချင်ရင် မဖြစ်တော့ဘူး။
အဲဒီ သစ္စာလေးပါး လမ်းစဉ်ပေါ် သူရောက်သွား တော့တယ်။
ဖြစ်ပျက်နေတာက ရုပ်နာမ်ဓမ္မပဲ။ သင်္ခါရပဲ။
မဖြစ်မပျက်တာ အသင်္ခတနိဗ္ဗာန်ပဲလို့ သူ သဘောပေါက် သွားတော့တယ်။
ဥာဏ်ထိုးထွင်းမိသွားတယ်။
အဲလို မဂ်ဥာဏ်နဲ့စပ်ပြီး နိဗ္ဗာန်နဲ့စပ်ပြီး ယုံမှား ကင်းစင်သွားတယ်။
ဥာဏဒဿန၀ိသုဒ္ဓိဆိုတာ နိဗ္ဗာန်စပ် တဲ့ ဥာဏ်အမြင် စင်ကြယ်သွားတယ်။
ပညာပိုင်းဆိုင်ရာ စင်ကြယ်မှုခေါ်တယ်။
ကိုယ်နှုတ်တွေ စင်ကြယ်ရမယ်၊ စိတ်တွေ စင်ကြယ်ရမယ်၊
အသိဥာဏ်တွေ စင်ကြယ်သွားရမယ်။
စင်ကြယ်မှ ၀ိသုဒ္ဓိဖြစ်မယ်၊ ၀ိသုဒ္ဓိဖြစ်မှ ၀ိမုတ္တိဖြစ်မယ်။

အကျဉ်းချုံးလိုက်တော့ ၀ိသုဒ္ဓိနဲ့ ၀ိမုတ္တိပဲ ရှိတယ်။
အဲဒီနှစ်ခု ပိုင်နိုင်အောင် ကြိုးစား။

(ရွှေဥမင်ဆရာတော်ဘုရားကြီး)
----------------------*----------------------
_/|\_ ခပ်သိမ်းသော ရဟန်း၊ ရှင်၊ လူ၊ နတ်၊ ဗြဟ္မာ၊
သတ္တဝါ အားလုံး ဘေးရန် ကြောင့်ကြ ဆင်းရဲကင်း၍
ကိုယ်, စိတ်နှစ်ဖြာကျန်းမာ, ချမ်းသာကြပါစေ ။
လူအချင်းချင်း လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ၊… _/|\_

( မင်္ဂလာရှိသော ညချမ်းလေးမှာ တရားဓမ္မဖြင့် မွေ့ လျော်နိုင်ကြပါစေ ... Nyiyoemyay )

Dhamma Web မှ ကူးယူပူဇော်ပါသည် ခင်ဗျာ ....

Tuesday, April 21, 2015

The trust

သူတပါးကို ယုံကြည်နိုင်ဖို့
ကြိုးစားသလို
မိမိကိုယ်တိုင်လည်း
ယုံကြည်ထိုက်သူဖြစ်အောင်
ကြိုးစားပါ...။

မည်သူ့ကိုမျှ
မျက်လုံးစုံမှိတ်ပြီး မယုံသင့်သလို
အကြောင်းအရင်းအမှန်ကို
မိမိကိုယ်တိုင် သေချာမသိဘဲ
မည်သူ့ကိုမှလည်း
အကြောင်းမဲ့ သံသယမထားပါနဲ့၊
တခြားသူပြောစကားဖြင့်
အပေါ်ယံကြည့်ပြီးလည်း
မစွတ်စွဲပါနဲ့...။

သံသယဆိုတဲ့
အဆိပ်ဟာ
မိသားစု ၊
ချစ်သူ၊
မိတ်ဆွေ သူငယ်ချင်း၊
လူ့အသိုင်းအဝိုင်း၊
လူ့အဖွဲ့အစည်းကြီး
တစ်ခုလုံးကို
ဖျက်ဆီးပစ်နိုင်တယ်ဆိုတာ
မမေ့ပါနှင့်..။

သင့်ပတ်ဝန်းကျင်တွင်
ယုံကြည်မှုကို တည်ဆောက်ပါ...။

ရိုးသားမှုနှင့် အမှန်တရား
ဒီနှစ်ခုဟာ
သင့်နှလုံးသားမှာ
လင်းလက်ပွင့်ဝေနေပါစေ...။

လင်းဝေ

Sunday, April 19, 2015

အတွေးလေးတွေ






































M&Eဆိုတာဘာလဲ

M&Eဆိုတာဘာလဲ
M&Eဆိုတာဘာလဲ (အပိုင်း ၁)
အများသူငါပြောဆိုနေကြသော်လည်းအဓ္ဓိပါယ်ကိုလုပ်ငန်းခွင်အတွင်းမှသူများသာသိကြပါသည်။
အဆောက်အဦးတစ်လုံးတည်ဆောက်ရာတွင်architectနှင့်အိမ်ရှင်တို့မှညှိနှိုင်းရေးဆွဲထားသည်ပုံစံကို၊လိုအပ်သည့်
(၁)ရေဖြန့်ဝေမှု
(၂)လျှပ်စစ်စနစ်
(၃)လေအေးပေးစက်
(၄)လေဝင်လေထွက်စနစ်(မြေအောက်ထပ်ကားပါကင်များ)
(၅)မိုးကြိုးလွှဲစနစ်(အထပ်မြင့်အိမ်ယာများ)
(၆)ဓာတ်လှေကား(ကွန်ဒိုများ)
(၇)အမှိုက်သိမ်းစနစ်၊(စုပေါင်းအိမ်ယာများ)
(၈) cctv
(၉)မီးသတ်သတိပေးစနစ်(shopping mallများ)
(၁၀)မီးသတ်ရေငုတ်လိုင်း(အိမ်ယာစီမံကိန်းများ)
(၁၁)ATS(Auto transfer switch)(မီးပျက်လျင်အလိုအလျေက်မီးစက်မောင်းသည့်စနစ်)
(၁၂)မိလ္လာစနစ်(septic tankစနစ်၊centralizeစနစ်)
(၁၃)fire sprinklerစနစ်(shopping mall,hotel,mutil mix complex)
(၁၄) ရေသန့်စင်မှုစနစ်
(၁၅) PA system(university,colleague,school,hotel,shopping mall,condo,colex)
စသည်၊စသည်တို့ကိုစီစဉ်ပြီးပုံစံရေးဆွဲသူပါ။
တစနည်းအားဖြင့်ပြောရင်architectနဲ့structural engineer မလုပ်တဲ့အစိတ်အပိုင်းအားလုံးဟာM&Eပါ
မိုးရေဆင်းပိုက်နဲ့sculper drainတို့ဟာarchitectရဲ့လုပ်ငန်းစဉ်ထဲမှာပါသော်လည်းsiteM&E engineer မှပြန်လည်analysisလုပ်ပြီးတွက်ကြရပါတယ်
M&E designer ရဲ့လုပ်ငန်းစဉ်မှာမပါဝင်ပါ။နံပါတ်စဉ်(၇)ဟာလည်းနိုင်ငံပေါ်မူတည်းပြီးတခါတရံarchitect under controlဖြစ်ပါတယ်
M&Eကိုပြန်လည်သရုပ်ခွဲရလျှင်
m&e coordinator
m&e manager
m&e designer(m&engineer)
m&e site engineer
m&e drafter ဆိုပြီးအမျိုးမျိုးရှိပါတယ်
ဒါကdeveloped country တွေမှာသတ်မှတ်တဲ့Normပါ။မြန်မာပြည်မှာတစ်မျိုးတည်းရှိတယ်လို့ထင်နေကြပါတယ်။
နံနက်ဖြန်မှာအပိုင်း(၂)ကိုဆက်ရေးပါမယ်
အပိုင်း(၂၀)ခန့်ရေးမယ်လို့လျာထားပါတယ်
M&Eဆိုတာဘာလဲ(အပိုင်း၂)
M&E coordinator
မြန်မာပြည်မှာဒီpositionမရှိသေးပါ
အဓိကတာဝန်မှာ
(၁)M&E serviceများစစ်ဆေးခြင်း
သက်ဆိုင်ရာCP(code of practice),SS(စင်္ကာပူစံသတ်မှတ်ချက်)၊IEE--စသည်တို့ဖြင့်တိုက်ဆိုင်စစ်ဆေးခြင်း
အပိုင်း(၁)မှာဖေါ်ပြခဲ့တဲ့service(၁၅)မျိုးဖြစ်ပါတယ်။
(၂)နှိုင်းယှဉ်စစ်ဆေးခြင်း
structural drawing နှင့် architectural drawing များ update ဖြစ်မဖြစ်စစ်ဆေးကာsuperimpose(reference point ယူကာdrawing များအားထပ်ကာစစ်ဆေးခြင်း
structural drawing ၏ beam နှင့် architectural wall တို့နှိုင်းယှဉ်စစ်ဆေးသောအခါ toilet(အောက်ထွက်)အတွက်အခက်အခဲဖြစ်လေ့ဖြစ်ထရှိသည်။
နမူနာ-ပုံမှန်အားဖြင့်၃၀၅မီလီမီတာစံသတ်မှတ်လေ့ရှိသော်လည်းရရှိအောင်siteတွင်coordianteလုပ်ခြင်း
(၃)Material/drawing submission scheduleအားproject manager၏Microsoft project scheduleဖြင့်ချိတ်ဆက်ခြင်း
consultantနှင့်architect၊client၊third party များတပြိုင်နက်submissionပြုလုပ်ခြင်း
**မြန်မာပြည်projectများတွင်Microsoft project scheduleအသုံးပြုခြင်းမရှိသလောက်နည်းပါသည်။
(၄)နေ့စဉ်contractorများအားshort discussionပြုလုပ်ခြင်း
(၅)drawing coordinationပြုလုပ်ခြင်း
structural,archi,M&E drawing များအားလုံးကိုpointတစ်ခုကိုfixလုပ်ကာsuperimposeလုပ်ခြင်း၊section drawing များဆွဲခြင်း
ကွန်ဒိုတစ်ခုတွင်၊မြေအောက်ကားပါကင်နှစ်ခုအတွက် တစ်လခွဲခန့်ကြာမြင့်နိုင်သည်။
sanitary drawing၊ACMV drawing၊plumbing drawing၊swimming pool drawingများမှာon going stageဖြစ်ကာဦးစားပေးအစဉ်လိုက်consultant၏approvalလိုအပ်ပါသည်။
(၆)On siteစစ်ဆေးခြင်း
contractorများဖြင့်စစ်ဆေးပြီးအသင့်ဖြစ်ပါကRTO(residence technical officer)အားသတင်းပို့ကာစစ်ဆေးပြီး၊ခွင့်ပြုလ့်မှတ်ထိုးမှကွန်ကရစ်လောင်းရပါသည်။
RTOသည်လုပ်သက်များသူဖြစ်သသည့်အတွက်သတ်ထားရန်လိုပါသည်။
လစာမှာစင်္ကာပူဒေါ်လာ၂၂၀၀မှ၃၅၀၀အတွင်းရရှိပါတယ်
M&E Manager
အဓိကတာဝန်များမှာ
(၁)contract departmentနှင့်ညှိနှိုင်းကာရွေးချယ်ခံကန်ထရိုက်တာများအားသတ်မှတ်target schdeuleအားရှင်းလင်းခြင်း၊နောက်ကျခဲ့လျင်ပေးဆပ်ရမည့်လျော်ကြေးများအားရှင်းပြခြင်း
(၂) safety issue၊personal protective equipment(PPE)၊site toolbox meeting များ၊Do and don'tများကန်ထရိုက်အဖွဲ့များအားSafety officerနှင့်အတူရှင်းလင်းခြင်း
(၃)coordinatorနှင့်site engineerတို့အားလိုအပ်သောညွှန်ကြားမှုများပေးခြင်း
(၄)progressတွက်ချက်ခြင်း၊prgressအလိုက်finance departmentသို့directorမှတစ်ဆင့်ပေးပို့ခြင်း
clientသို့billပေးပို့နိုင်ရန်စီစဉ်ခြင်း
(၅)ပစ္စည်းများမှာယူခြင်း
အချို့itemများ-ဥပမာ
ဓာတ်လှေကားသည်သုံးလမှလေးလခန့်
pumpများသည်နှစ်လခန့်
ကြာမြင့်တတ်သဖြင့်ကြိုတင်စီမံခြင်း
Material order and delivery scheduleရေးဆွဲကာsiteနှင့်officeကိုညှိနှိုင်းခြင်း
(၆)ကွပ်ကဲခြင်း
M&E Managerအဆင့်ပါဝင်သောအဆောက်အဦးများမှာ၁၆ထပ်နှင့်အထက်ဖြစ်ပြီး
၈ထပ်မြောက်သို့ရောက်ရှိလာသောအခါon siteတွင်ရုံးထိုင်ကာtesting and commissioningအတွက်အပိုင်းလိုက်လုပ်ဆောင်ခြင်း
ကနဦးtesting and commissioning များအား coordinatorမှဆောင်ရွက်လေ့ရှိပါသည်။
Master planတစ်ခုဆွဲကာကန်ထရိုက်တာများအားနံနက်တိုင်းဆယ်မိနစ်ခန့်meetingထိုင်ခြင်း၊
ညနေသုံးနာရီခန့်တွင်RTO၊REများဖြင့်ဆွေးနွေးခြင်း၊ညနေငါးနာရီတွင် in house team discussion ပြုလုပ်ခြင်း--
coordinatorနှင့်Managerလုပ်ဆောင်မှုနှိုင်းယှဉ်ခြင်းပါ။
ပြည်ပမှာသွားရောက်လုပ်ကိုင်လိုသူ၊လုပ်ကိုင်နေသူများအတွက်၊အပိုင်း(၂)ကိုရည်ရွယ်ရေးသားပါတယ်။
M&Eဆိုတာဘာလဲ(အပိုင်း၃)
ရေဖြန့်ဝေမှု
အပိုင်း(၁)နှင့်(၂)တို့မှာm&Eလုပ်ငန်းရဲ့၊roles and responsibiltyတို့ကိုရှင်းလင်းထားပါတယ်
အပိုင်း(၃)မှာရေဖြန့်ဝေမှုစနစ်ကိုရှင်းပါမယ်
စုပေါင်းအိမ်ယာ၊တန်ဖိုးနည်းအိမ်ယာ၊ကွန်ဒို၊အထပ်မြင့်အိမ်ယာတို့တွင်သန့်စင်မှုစနစ်ကွာခြားနိုင်သော်လည်း၊ဖြန့်ဝေရာတွင်၁၂ထပ်အောက်အဆောက်အဦးများအတွက်များစွာကွာခြားမှုမရှိနိုင်ပါ။
၈ထပ်၊လေးခန်းတွဲတန်ဖိုးမျှတအိမ်ယာတစ်ခုကိုနမူနာယူပြီးတင်ပြပေးသွားပါမယ်။
ရေလိုအပ်ချက်
လူတစ်ဦး-တစ်ရက်-ရေဂါလံလေးဆယ်
တစ်ယူနစ်(တစ်ခန်း)-လူလေးဦးမှငါးဦး(ငါးဦးအနေဖြင့်တွက်ထားပါတယ်)
စုစုပေါင်း၃၂ခန်း
၄၀ဂါလံxလူငါးဦးx၃၂ခန်း= ၆၄၀၀ဂါလံဖြစ်ပါတယ်။
မြန်မာနိုင်ငံBuildingCode clause 5D.4.1.1မှာ
ဝင်ငွေနည်းလူတန်စား(low cost incoming people)ဆိုပြီးရည်ညွှန်းပြီး
သုံးစွဲမည့်ဂါလံကိုလျှော့ထားပါတယ်
ဝင်ငွေ၊ငွေကြေးနည်းပါးသူတွေကိုဒီလို၊စာနဲ့ပေနဲ့မနှိမ်ချသင့်ဘူးလို့ထင်ပါတယ်။
ကဲ--ဆက်မယ်
ဒီဇိုင်းလုပ်မယ်ဆိုရင်ဂါလံ၄၀သာလျာထားပါ။၃၀နှင့်ရံရံခါမလုံလောက်နိုင်ပါ။
အကြောင်းရင်းက-
toilet 1time=1 gallon
3 times/day= 3gallons
shower 1time=8 gallons to 10 gallons(ရေခွက်ဖြင့်ချိုးခြင်း)(no shower)
2 times/days= 16 gallons to 20gallons(for summer)
(မျက်နှာသစ်၊သွားတိုက်ခြင်းနှစ်ကြိမ်အပါအဝင်)
washing and cooking for kitchen= 3 gallons
wahing machine = 12 gallons to 14 gallons(depends upon option)
နှစ်ရက်မှတစ်ခါလျှော်လို့6 gallons to 7 gallons
drinking =0.7 gallon to 0.8 gallon
planting= 0.5 gallon
အမှန်တကယ်မှာနှစ်ဂါလံခန့်ဖြစ်ပြီးတစ်ခန်းလူလေးဦးနေသည်ဟုယူဆသည်။
ထို့ကြောင့်လူတစ်ဦးသုံးစွဲမှု-
အနည်းဆုံး၂၆.၂ဂါလံမှအများဆုံး၃၁.၃ခန့်ရှိနေပါတယ်။ဧည့်သည်များအတွက်မပါဝင်ပါ။
ground tank တွင်fire fightingအတွက်ဂါလံ၁၅၀၀မှ၂၀၀၀ခန့်ထပ်ဆောင်းထားသောကြောင့်
စုစုပေါင်းဂါလံ၈၄၀၀ထည့်သွင်းနိုင်ရပါမယ်
လိုအပ်သောအရွယ်အစားရရှိစေရန်အတွက်structural ground beamများအားtankတည်ဆောက်ရာတွင်ပြန်လည်deductလုပ်ရပါမည်။
ဖြန့်ဝေခြင်း
အပေါ်ဆုံးအထပ်(၈ထပ်)၊၇ထပ်တို့အားoverhead tankမှBoaster pumpဖြင့်ဆက်သွယ်ကာဖြန့်ဝေပါတယ်
၆ထပ်၊၅ထပ်၊၄ထပ်၊၃ထပ်၊၂ထပ်၊ပထမထပ်(မြေညီထပ်)(မြန်မာနိုင်ငံပြင်ပမှပုဂ္ဂိုလ်များအားလုံးသည်မြေညီထပ်ဟုခေါ်လေ့မရှိပဲပထမထပ်ဟုသာခေါ်ပါသည်)တို့အတွက်gravity flowဖြင့်ဖြန်ဝေပါတယ်။
ရေမီတာများမှာmachine roomအတွင်းတွင်ရှိပါတယ်။
အခုတင်ပြခဲ့တဲ့အဆောက်အဦးသည်ဗိုလ်မှုးဗထူးတန်ဖိုးမျှတအိမ်ယာမှပုံစံဖြစ်ပါတယ်။
၈ထပ်၊၁၄လုံးတည်ဆောက်နေဆဲဖြစ်ပါတယ်။မြန်မာနိုင်ငံ၏ပထမဆုံးprecast buildingဖြစ်ပါတယ်။
structural engineerမဟုတ်သူများအတွက်ထပ်မံရှင်းပြလိုသည်မှာအဆိုပါအဆောက်အဦးတွင်
columnများbeamများလုံးဝ(လုံးဝ)မပါဝင်ပါ။concrete wallများဖြင့်သာတည်ဆောက်ပါတယ်။
ထိုင်းနိုင်ငံဒီဇိုင်းထုတ်ပြီး၊မိမိမှdesign coordinateလုပ်ပေးရပါတယ်။national counterpartအနေဖြင့်မဟုတ်ပါ။
pumpများအနေဖြင့်
boaster pump-1.0-1.5hp
lift pump--2.0hp(head35m)-2no(one running-one stand by)
ခက်ခဲလှသည်မဟုတ်သော်လည်းM&Eအနေဖြင့်များစွာcoordinateလုပ်ရပါတယ်။လုပ်ငန်းမစတင်မှီdrawingများသည်revision4အထိရောက်ရှိခဲ့ရပါတယ်။
ဒီဇိုင်းစတင်ရေးဆွဲမည့်ညီငယ်၊ညီမငယ်များကိုပြောလိုတာက
singapore CPတွေSS(singapore standard)တွေမြန်မာနိုင်ငံမှbuilding codeတွေကို၁၀၀%
မယုံကြပါနဲ့။
မြတ်စွာဘုရားဟော်တော်မူခဲ့တဲ့ကာလာမသုတ္တံလို
ဆင်ခြင်ကြပါ။စည်းပူးလေ့လာကြပါ။
အပိုင်း(၄)ဆက်လက်ရေးပါမယ်
သည်းခံပြီးဆုံးအောင်ဖတ်လို့ကျေးဇူးတင်ပါတယ်။
M&Eဆိုတာဘာလဲအပိုင်း(၄)
အထပ်မြင့်အိမ်ယာ
(၃၂)ထပ်နှင့်အထက်အဆောက်အဦးများ
ယမန်နေ့ကအပိုင်း(၃)မှာရေဖြန့်ဝေမှုစနစ်ကို(၈)ထပ်အဆောက်အဦးတစ်လုံးကိုအခြေခံပြီးရှင်းပြခဲ့ပါတယ်။
ဒီတခါမှာ-
၃၂ထပ်နှင့်အထက်အဆောက်အဦးများအတွက်စံပုံစံတစ်ခုတင်ပြပါမယ်။
မတင်ပြမီမှာpumpတွေရဲ့အကြောင်းပြောပါရစေ။
pumpတွေမှာpower factorရှိပါတယ်။mechanical efficiency ဖြစ်ပြီးရေးထားတဲ့ဝန်အားရဲ့ရာခိုင်နှုန်းတချို့သာသုံးနိုင်တယ်လိုဆိုလိုပါတယ်
ဥပမာ-power factor 0.85ဆိုရင်မူလဝန်အားရဲ့၈၅%သာသုံးနိုင်ပါတယ်။
ဒါ့အပြင်
နှစ်တစ်နှစ်ချင်းအလိုက်capacityကျလာတတ်ပါတယ်။တစ်နှစ်လျှင်0.6%မှ0.85%အထိထုတ်လုပ်တဲ့နိုင်ငံရဲ့QCပေါ်မူတည်ပြီးကျဆင်းတတ်ပါတယ်။
pumpသက်တမ်း(၁၅)နှစ်ခန့်ဆိုလျှင်power factorနှင့်capacityကျဆင်းမှုကြောင့်မူလဝန်အား၏72%ခန့်အထိသာရရှိနိုင်ပါတော့တယ်။
ဒါကြောင့်ground tankသို့မဟုတ်supply pipeမှ (၃၂)ထပ်တင်ဖို့ရာမှာအခက်အခဲဖြစ်နိုင်တာကြောင့်(၁၆)ထပ်သို့မဟုတ်အထပ်နစ်ဆယ်မှာရေဖလှယ်ကန်ထားကြပါတယ်။
ရေဂါလံ(၈၀၀)မှ(၁၂၀၀)ခန့်သုံးစွဲမှုအပေါ်မူတည်ပြီးထည့်သွင်းပါတယ်။
(၃၂)ထပ်အထက်နှင့်အထက်အဆောက်အဦးများဟာတစ်လွှာမှာအများဆုံးခြောက်ယူနစ်ခန့်သာရှိငြပါတယ်။
Blockများအသီးသီးဖြန့်ကျက်ပြီးBlock-A,Block-B,Block-Cစသည်ဖြင့်mechanical ventilationအရရောလူဦးရေdistributionအရပါဖန်တီးလေ့ရှိပါတယ်။
အပိုင်း(၃)မှာရေးထားတဲ့သဘောအတိုင်း(၁၆)ထပ်မှ(၃၂)ထပ်ကိုပြန်လည်ဖြန့်ဝေပါတယ်။
water savingစနစ်ပါသောဘေစင်များ၊အိမ်သာများ၊showerများကိုစီစစ်ရွေးချယ်အသုံးပြုပါတယ်။
သုံးစွဲမှုမှာလူတစ်ဦးတစ်နေ့(၂၅)ဂါလံမှ(၂၇)ဂါလံခန့်အထိကျဆင်းသွားပါတယ်။
စာဖတ်သူမိတ်ဆွေအနေဖြင့်ယခင်အပိုင်းများမဖတ်ရသေးလျင်ပြန်လည်ဖတ်စေလိုပါတယ်။
အချိန်ပေးနိုင်ရင်ပေါ့ဗျာ၊မကြာပါဘူး၊တစ်ပိုင်းကိုငါးမိနစ်၊ဆယ်မိနစ်လောက်ပါ။
တရုပ်သိုင်းကားအလယ်မှဖြတ်ကြည့်လျင်နားလည်ရခက်ပါတယ်။
ဝူတန်ဂိုဏ်းမှဝမ်ဖေဟုန်၊ရေခဲတောင်ကြာပန်းစားပြီးမှပိုးသိုင်းအောင်သလိုပါပဲ။
ဖြု၊မဲညီနောင်၊တူကူဖုန်း၊သွေးလက်ဝါးတို့ကိုယှဉ်ပြိုင်ရမှာပေါ့ဗျာ
ကောင်းသောညပါ
M&Eဆိုတာဘာလဲ(အပိုင်း၅)
ခေတ္တရပ်နားထားရာမှပြန်လည်ရေးပါပြီ
ယခုအခါ--
M&Eအင်ဂျင်နီယာနဲ့structureသမားတို့ရဲcoordination planကိုတင်ပြပါမယ်
ground beamတွေမှာpipe penetrationရှိပါတယ်အထူးသဖြင့်Sanitary pipeတွေပါ။
ဘာကြောင့်လဲဆိုတော့ground beamရဲ့sofit levelကနေပိုက်ကိုconnectionဝင်ရင် (inspection chamber)သို့မဟုတ် MH(Manhole)များရဲ့invert levelဟာအောက်ကိုနိမ့်သွားပါမယ်။
-----
တစ်ခုတော့ကြိုပြီးမေတ္တာရပ်ခံခြင်ပါတယ်။
ဘာလဲဆိုတော့ရေးလာတာအပိုင်း(၅)ကိုရောက်လာပါပြီ။
တစိချို့အပိုင်းများကိုဆက်တိုက်ဖတ်လာသူတွေကိုငဲ့ငြာတဲ့အတွက်အသေးစိတ်မရေးတော့ပါ။ဒီလိုစာကိုဖတ်နေသူဟာဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်းမှပုဂ္ဂိုလ်၊ဒါမှမဟုတ်အင်/ယာတစ်ဦးလို့ယူဆပါတယ်။
-----
ဒီလိုနိမ့်သွားတာနဲ့saptic tankရဲ့top level နိမ်သွားပါပြီ။
starting point ၂၀၀မီလီမီတာနိမ့်ဆင်းတာနဲ့တပြိုင်နက်1:200နဲ့ဆင်းလာရင်အကွာအဝေးပေါ်
မူတည်ပြီး၃၀၀မီလီမီတာကနေ၄၀၀မီလီမီတာခန့်နိမ့်ဆင်းသွားပါတယ်
ဒီပြသနာဟာဒဂုံဆိပ်ကမ်း၊၁၈ထပ်အဆောက်အဦးများဆောက်လုပ်နေတဲ့
ဧရာဝဏ်နဲ့ရတနာစီမံကိန်းများမှာစတင်ရင်ဆိုင်နေရပါပြီ။
ဝိုင်းဝန်းဖြေရှင်းဆဲဖြစ်ပါတယ်။
pipeတွေground beamထဲကိုဖြတ်လျင်
additional trimming barထည့်ပေးရပါတယ်
pipe size diameter 100mm ဆိုလျင်140mm size rebarလေးချောင်းpipeကိုချုပ်ပြီးထည့်ပါတယ်
သဘောကတော့လစ်ဟာသွားတဲ့ပိုက်နေရာကိုအားပြန်ဖြည့်ခြင်းပါ။
structural post tensionတွင်M&Eအင်/ယာမှcoordinationပြုလုပ်ခြင်း
post tension slabတွေဟာcable duct စနစ်နဲ့သွားပါတယ်။
cableဆိုတာelectrical wireမဟုတ်ပဲsteelကြိုးများဖြစ်ကြပါတယ်
နိုင်ငံအများစုမှာcableလို့သာသုံးနှုန်းပါတယ်
ductကတော့cableဆွဲမယ့်(tensionပြည့်မီအောင်)သွပ်ပြားအပါး(5mm ခန့်အထူ၊လေးထောင့်ပိုက်)
ဖြစ်ပါတယ်။
M&Epipeတွေအထူးသဖြင့်မီးပိုက်တွေဟာcable ductနဲ့အလျားလိုက်အပြိုင်ဖြစ်နေရင်
အနည်းဆုံးအကွာအဝေး၇၅မီလီမီတာထားရပါတယ်
ဒါ့အပြင်--
duct profileဟာရေလှိုင်းပုံစံ(wave version)ဖြစ်တာကြောင့်ductအောက်ကိုပိုက်ဖြတ်ရင်
၂၅မီလီမီတာအနည်းဆုံချန်ပေးရပြန်တယ်။
ဘာကြောင့်လဲဆိုတော့concreteလောင်းပြီးသတ်မှတ်tensionရအောင်ပြန်ပြီးဆွဲတဲ့အခါသိတ်ကပ်လွန်းရင်ပိုက်တွေထိခိုက်နိုင်ပါတယ်
slabဟာ၂၀မီလီမီတာမှ၃၀မီလီမီတာခန့်ကြွတက်လာပါတယ်။
ကိုယ့်ရဲ့M&Eပိုက်တွေမထိခိုက်အောင်စီမံရတာM&Ecoordinatorရဲ့တာဝန်ပါ
Main bar lappingတွေspacer (bottombarအောက်က၂၅မီလီမီတာလောက်အထူရှိတဲ့ကွန်ကရစ်တုံးလေးများ)တွေ
chair(bottom barနဲ့top bar မနီးကပ်စေရန်ထောက်တဲ့ဒေါက်ကလေးများ)ဟာ
structural drawing အတိုင်းfollowup 100%မဖြစ်ပါ။duct profileလဲလွဲတတ်ပါတယ်
ဒါတွေကိုsiteမှာstructural engineerနဲ့ညှိရပါတယ်။
form workစတင်တာနဲ့တပြိုင်နက်grid line markingပေးပြီး
ရေချိုးခန်း၊အိမ်သာများရဲ့အခန်းနဲ့dimensionတွေကိုအထပ်သားပေါ်မှာနေရာချပါတယ်။
ဒီနေရာမှာမြန်မာတွေထက်ဖိလစ်ပင်းတွေပိုပြီးမြန်ဆန်သပ်ရပ်ပါတယ်။
ပြီးလျင်RTO(resident technical officer)ယခင်အခေါ်(COW)ကိုသတင်းပို့ပြီးစစ်ဆေးပါတယ်။
ခွင့်ပြုချက်ရမှconcreteလောင်းရပါတယ်။
ရံဖနိရံခါRTOနှစ်ဦး(structuralနှင့်M&E)ဖြစ်နေလျင်နှစ်ဦးလုံး၏ခွင့်ပြုချက်လိုပါတယ်။
RC structureမှာM&Epipeဘယ်လောက်%ထည့်ခွင့်ရှိသလဲ??
normal ground beammမှာmaximum1%ပါ
slabတွေမှာ 1to2%ပါ
areaနဲ့loadလည်းမူတည်ပြီးပြန်တွက်ပါတယ်
post tension slabနဲ့post tension beam(optional)မှာtension ductပေါ်မူတည်ပြီးmaximum2%ပါ။
အပိုင်း(၆)ဆက်ရေးပါမယ်။
ပြီးဆုံးအောင်ဖတ်ရှုတဲ့အတွက်ကျေးဇူးတင်ပါတယ်။
M&Eဆိုတာဘာလဲ(အပိုင်း၆)
မြေအောက်ထပ်ပါဝင်သောအထပ်မြင့်အဆောက်အဦးများတည်ဆောက်ခြင်း
၁၀ထပ်နှင့်အထက်အထပ်မြင့်အဆောက်အဦးတိုင်းတွင်မြေအောက်ကားပါကင်များထည့်သွင်းတည်ဆောက်နေကြပါပြီ။
သတိပြုရမည့်အချက်တွေကတော့
(၁)ကားများမှထွက်သည့်ကာဗွန်မိုနောက်ဆိုဒ်နှင့်ကာဗွန်ဒိုင်အောက်ဆိုဒ်များ
ကားများထွက်လေ့ရှိသည့်အထက်ပါဓာတ်ငွေ့နှစ်မျိုး(အင်ဂျင်ပါဝါကျလျင်ကာဗွန်မိုနောက်ဆိုဒ်အထွက်များပြီး၊ပါဝါသင့်တင့်လျငကာဗွန်ဒိုင်အာက်ဆိုဒ်အထွက်များ)သည်။မြေအောက်ထပ်သို့ဝင်ရောက်သည့်ကားမောင်သူများ၊shopping mall ရှိခဲ့လျင်ဈေးလာဝယ်သူများ
အတွက်လုံလောက်သောလေသန့်စင်မှုမရနိုင်ပါ။
ကဲ---
မျက်လှည့်ဆရာဗင်ထုသလိုဖြစ်နေပြီ
calculationတွေတွက်ရအောင်
၁။Basement floor areaတွက်မယ်
ပုံမှန်အားဖြင့်အနည်းဆုံးsquare feet 20000ကနေအများဆုံး50000ခန့်ရှိလေ့ရှိတယ်။
basementတစ်ထပ်စာကိုရည်ညွန်းပါတယ်။အများအားဖြင့်နှစ်ထပ်မှသုံးထပ်ခန့်ရှိပါတယ်။
floor areaရဲ့minimum2%ကိုfresh rair supply ပေးရပါမယ်။
မရခဲ့လျင်MV(mechanical ventilation)ပေးရပါမယ်။
fresh air supply
ဆိုတာအပေါ်အကျဆုံး
ground beamနဲ့
basement(အပေါ်ဆုံးထပ်)ရဲ့ကြားလွတ်နေတဲ့အစိတ်အပိုင်းလေးဖြစ်ပါတယ်။
ပြင်ပမှလေဝင်ရောက်လာမည့်လမ်းကြောင်းပါ။အဆောက်အဦး၊သစ်ပင်၊ကားပါကင်များပိတ်နေလျင်၁၀၀%ယူ၍မရပါ။
ထို့အပြင်--
ကားပါကင်အထဲမှလေ(CO and CO2) ကိုExhaust duct များဖြင့်ဆွဲထုတ်ယူပါတယ်။
design concept အရ
fresh air supply နဲ့return air outlet တို့ဟာ
directionတစ်ခုတည်းကျရောက်ရပါမယ်။
မကျရောက်ရင်Exhaust fanရဲ့sppedကိုညှိရပါမယ်။
supply air inlet နဲ့ return outletတို့ဟာminimum 5m ကွာဝေးရပါမယ်။
အဆောက်အဦးအပြင်မှာရောက်နေတဲ့return air outletကို ပြင်ပမိုးရေမဝင်အောင်အကာအရံ၊အမိုးလေးလုပ်ထားပြီးDog houseလို့ခေါ်လေ့ရှိပါတယ်။
မိုးရေမဝင်အောင်Louver တပ်ဆင်ထားတာကြောင့်
return air ဟာ40%သာ
ထွက်ခွင့်ရှိနေတာမမေ့စေချင်ပါ။
၂။ပြင်ပမှဝင်ရောက်လာနိုင်သည့်ရေများ
Sculper drian များဖြင့်စုစည်းပြီး
အောက်ဆုံးထပ်မှာrain water harvesting tank ထားရှိသင့်ပါတယ်။
မိတ်ဆွေတစ်ယောက်စောင့်ရင်းရေးရတာမို့conceptကိုသာအားပြုရေးရပါတယ်
ရွှင်လန်းချမ်းမြေ့ပါစေ
M&Eဆိုတာဘာလဲ(အပိုင်း၇)
Infra အကြောင်းကိုတင်ပြလိုပါတယ်
Infraဆိုတာအဆောက်အဦးရဲ့ပြင်ပမှာရှိပြီးအဆောက်အဦးတိုင်းရဲ့လိုအပ်တဲ့မီး၊ရေလုပ်ငန်းများအပြင်မီးသတ်သတိပေးစနစ်၊မီးသတ်စနစ်၊ရေဆိုးမြောင်း၊ရေနှုတ်မြောင်းရေစုကန်၊ရေသန့်ကန်CCTV၊Card access စနစ်စတာတွေပါပါတယ်
ပြင်ပလျှပ်စစ်စနစ်
Buildingပြင်ပမှ 11KVလိုင်း(high tension line) သွယ်တန်းပြီးtransformer အထွက်မှာ400voltလိုင်းသွယ်တန်းပါတယ်
မန်မာနိုင်ငံမှာYESBရဲ့စံသတ်မှတ်ချက်အရone unit ကို 10KVAပါ
unit 100ကျော်ရင်developerမှ ထရန်စဖော်မာများအားကိုယ်တိုင်တပ်ဆင်ရမှာပါ။100မကျော်လျင်EPCမှတပ်ဆင်ပါမယ်
(2015 မတ်လအထိသိထားတဲ့သတင်းအချက်အလက်ပါ)
ရေပိုက်များနဲ့under groundကြိုးများရဲ့အကွာအဝေးဟာအနည်းဆုံး 1meterပါ
မြန်မာbuilding code မှာမပါသေးပါ။architectနဲ့ပိုင်ရှင်တို့ဟာရောင်းကွက်ဝင်အောင်၊လှပအောင်
ဖန်တီးလေ့ရှိတော့တတ်နိုင်သလောက်road overhead crossing ကိုရှောင်ပါ။
ဖြစ်နိုင်လျင်lamp post များကိုလည်းsolar system ကိုသုံးပါ။နှစ်နှစ်လောက်ကြာတဲ့အခါenergy cobsumption cost အရ
solar lamp post ဟာ အရင်းကြေကာလရောက်သွားပါပြီ။
IC system
centrlize system မြန်မာပြည်မှာstar city ကလွဲလို့မရှိသေးပါ အကောင်းအဆိုးဒွန်တွဲနေပါတယ်
(ဒီအတွက်သီးခြားရေးပါမယ်)
urban အဖွဲ့ခေါင်းဆောင်ဖြစ်သူဒေါက်တာကျော်လတ်နဲ့ကျွန်တော်အကြိမ်များစွာဆွေးနွေးဘူးပါတယ်
တချို့project တွေဟာနေရာကြောင့်မလုပ်နိုင်ပါ။YCDCကလည်uးrbanရဲ့လွှမ်းမိုးမှုကိုမခံလိုပါ။YCDCဟာseptic tank စနစ်ကိုစွန့်လိုဟန်မရှိပါ
မိမိရဲ့personalise ပြောရရင်centralize ကိုကြိုက်တယ်
ဒီစနစ်ကbuildingရဲ့ဘေးမှာsepic tankများsopic tankများမလိုပါ
ပိုက်များ ICများဖြင့်Storage tank ဖြင့်စုစည်းကာချေဖြက်သည့်စနစ်ပါ။
ဘာကြောင့်လဲဆိုတော့ထွက်လာတဲ့sludge cake(waste)မှဝင်ငွေပြန်
ရမယ်။စိုက်ပျိုးရေးလုပ်ငန်းများအတွက်အကျိုးရှိမယ်။
စာအရှည်ကြီးဖတ်လို့ကျေးဇူးပါ။
နှစ်သစ်မှာ
လူသစ်၊စိတ်သစ်နဲ့
ကျန်းမာပျှော်ရွှင်ကြပါစေ
M&Eဆိုတာဘာလဲ(အပိုင်း၈)
အပိုင်း(၇)မှာinfra စနစ်ကိုintroductionလုပ်ထားပါတယ်
လျပ်စစ်စနစ်နဲ့မိလ္လာစနစ်ကိုရှင်းထားပါတယ်။ဒီတစ်ခါမှာလမ်းပိုင်းအကြောင်းပြောလိုပါတယ်။
လမ်းတွေဟာroad centerကနေroad shoulder ဆီကို1:200 minimum gradient (1mမှာ5mmအဆိုင်း) ထားလေ့ရှိပါတယ်။condo area အတွင်းရှိလမ်းများကိုဆိုလိုပါတယ်။
မေးစရာတစ်ခုရှိလာပါပြီ။မင်းကM&Eမင်းနဲ့ဘာဆိုင်လဲပေါ့

ဟုတ်ကဲ့ပါ
လမ်းပုခုံးဘေးမှာdrainရှိပါတယ်။ဒီdrainရဲ့invert levelနဲ့ sofit level တွေဟာM&Eသမားအတွက်အသက်ပါ။ဘာကြောင့်လဲဆိုတော့over head cableများကိုမမြင်တွေ့လိုတဲ့ကိုကိုအာခီတက်များနှင့်ပိုင်ရှင်များမှundergroundမှcableများwireများအားU/G စနစ်ဖြင့်သွယ်ယူစေလိုပါတယ်။
ထိုအပြင်saniatry pipeများရေပိုက်များ
ဟာလည်း road crossing လုပ်ရာမှာdrainရဲ့sofit level
ပေါ်အခြေတည်ပြီးတွက်ရပါတယ်။
သူတို့နက်ရင်ကိုယ်နက်ပါတယ်သူတို့တိမ်ရင်ကိုယ်တိမ်ပါတယ်။
ဒီနေရာအပိုင်း(၁)မှာရှင်းလင်းတင်ပြခဲ့တဲ့M&E Coordinatorရဲ့အလုပ်စလာပါပြီ။
drawingအားလုံးsuperimopseလုပ်ကာဖြေရှင်းကြပါပြီ။
သို့သော်site peopleများမှ
မစောင့်နိုင်တဲ့အခါပြသနာတက်ကြပါတယ်။road compactionပေးဖို့အတွက်
်M&Eအင်/ယာရဲ့pressure testလုပ်ငန်းစဉ်ကိုမစောင့်လိုပါ။
ဒါကြောင်မို့
လမ်းလုပ်ငန်းစဉ်မှာဝင်ပါရပါတယ်။ကျွန်တော့်စာလေးတွေကိုစဉ်တိုက်ဆက်တိုက်အားပေးသူများကိုဂါဝရထားပါတယ်။
ဒီလိုဖတ်ဖို့ဆိုတာအချိန်ပေးရယုံမက၊တခါတတရံမိမိအသိနဲ့ယှဉ်တော့ခေါင်းစားပါတယ်။
နှစ်သစ်မှာအသိညဏ်တိုးပွားပျော်ရွှင်ကြပါစေ။
M&Eဆိုတာဘာလဲအပိုင်း(၉)
၈ထပ်ဝန်းကျင်အဆောက်အဦးပုံစံရေးဆွဲမည်ဆိုလျငarchitectနှင့်clientအားမေးရန်အချက်အလက်များ
လျှပ်စစ်အပိုင်း
(၁)လှေကားမီးဟာtimerသုံးပြီးညနေမှနံနက်သို့အလိုအလျောက်ဖွင့်ပိတ်လား။ပိုင်ရှင်မှmanualဖြင့်ဖွင့်ပိတ်လုပ်မည်လား
(၂)living roomတွင်power points 4pointsထားရှိပါမည်။
1 TV, 2 CD Player,3 sattlite receiver, 4 other (sound box, phone charging, sweeping, ironing purposes)
သဘောတူပါသလား
(၃)Living roomများတွင်power point နှစ်ပွိုင့်ထည့်ပါမည်။
for--Hand phone, power bank,CD,စာကြည့်မီးetc
(၄)အိပ်ခန်းတွင်းအလင်းရောင်ကျနှုန်း၃၀၀-၄၀၀luxထားရှိမည်။စာကြာကြာဖတ်မရအနေအထားမျိုးပုံစံဆွဲပါမည်။
(၅)အိမ်သာတွင်exhaust fan(6")တပ်လိုပါသလား
(၆)exhaust fan အားအိမ်သာမီးဖြင့်interlockလုပ်လိုပါသလား
ရေသန့်/မိလ္လာ
(၁)ခေါင်းမိုးမှရေဖြန့်ဝေသည့်စနစ်မျိုးသုံးလိုသည်လား။တစ်ယူနစ်ချင်းOverhead tankအသေး(ဂါလံ၁၀၀-၂၀၀)သုံးလိုသည်လား။
(၂)water heaterတပ်မည်လား
(၃)pipeများသုံးရာတွင် pvcသုံးမည်လားpprလား
မေးခွန်းလေးတွေနဲ့confirmလုပ်ရပါမယ်
M&Eဆိုတာဘာလဲ(အပိုင်း၁၀)
M&Einspection
M&Eလုပ်ငန်းများစစ်ဆေးခြင်း(QC)
constructionsiteများမှာသတ်မှတ်ပြည့်မီတဲ့အရည်အသွေးရရှိဖို့အတွက်စစ်ဆေးတဲ့ပုဂ္ဂိုလ်တွေရှိကြပါတယ်။စင်္ကာပူမှာတော့ယခင်ကCOW(clerk of work)လို့ခေါ်ပြီးယခုတော့RTO(resident technical officer)လို့ခေါ်ကြပါတယ်။
ကဲစပြီ--
စလုံးမှာ--ဘယ်လိုစစ်လဲ
inspection form ကိုsiteထဲမဆင်းခင်နှစ်နာရီကြိုပြီးတင်ရတယ်။Drawing ကိုစပြီးစစ်တယ်။M&Edrawingဟာconsulatntမှapprovedဖြစ်မဖြစ်၊သို့မဟုတ်approved with comment/No resubmission is requiredလားဆိုပြီးပြန်ကြည့်တယ်။မဟုတ်ရင်လက်မခံဘူး။
ကမ္ဘာကျော်Alpha consultant ကတော့No exception takenဆိုပြီးလက်မှတ်ထိုးတယ်။ဒီသဘောနှစ်ခုဟာအကွာကြီးကွာခြားပါတယ်။contractorကိုလုံးဝတာဝန်ယူခိုင်းတဲ့သဘောဖြစ်တယ်။
အာခီdrawingနဲ့အတူsubmitလုပ်ရတယ်။အာခီdrawingဟာconstruction drawingဟုတ်မဟုတ်ကြည့်တယ်။ဟုတ်ပြီဆိုရင်M&Ecoordinatorနဲ့အတူsub contractorတွေရဲ့superviorများနဲ့အတူsiteကိုသွားတယ်။
ဒီနေရာမှာထပ်မှန်သတိထားရမှာကsite safety။safety အခြေအနေမကောင်းရင်နားထဲကိုကြက်တောင်မွှေ့သလိုကောလိမ့်မယ်။
စပြီ----
archiရဲ့grid lineကိုစစ်တယ်။Measurementတိုင်းတယ်။
structureရဲ့beam depthနဲ့widthကိုကြည့်တယ်၊တိုင်းလေ့မရှိဘူး။မီးပိုက်တွေရဲ့အနေအထားကိုတိုင်းတယ်5mm to 10mmအမှားခံတယ်။ကျော်ရင်ပြန်ပြင်။FT(floor trapတွေကိုတံခါးအဖွင့်နဲ့စစ်တယ်၊တံခါးခွင်ထဲမှာထားခွင့်မပေးဘူး
Wall finishingကိုမေးတယ်။WCဟာအောက်ထွက်ဆိုရင်305mmမှာpipeရဲ့centerဖြစ်လေ့ရှိတယ်။ဒါမှမဟုတ်ရင်WC catalgueပြရပါမယ်။M&E pipe(မီး၊ရေ)များဟာslab soffitlevelကနေအနည်းဆုံး5mmရှိရပါမယ်။
အခုရေးတာBefore castingဖြစ်ပါတယ်။
M&Eမှန်ရင်အာခီdrawing၊striucture drawingများကိုကြေကြေညက်ညက်မဟုတ်တောင်အနည်းအကျင်းသိထားသင့်တယ်။
တရံရောအခါကမိမိလုပ်ခဲ့တဲ့ကုပ္မဏီမှာstructure engineerနဲ့stuctural supervisor အလုပ်ကထွက်သွားတော့ခေတ္တအစားထိုးတဲ့အနေဖြင့်RTOရဲ့စစ်ဆေးမှုများခံခဲ့ရဘူးတယ်။အဲ့ဒီမှာအနည်းငယ်ကျွမ်းကျင်သွားတာအခုဆိုရင်သူရို့ကိုဆေးထိုးနိုင်တဲ့အဆင့်ကိုရောက်နေပါပြီ(ကြုံကြွားလို့သာမှတ်ပါ)။
နောက်ရက်တွေမှာ--
after casting inspectionကိုသီခြားရေးပါမယ်။
credit Mr. Sithu Nyo

မြင့်မြတ်ခြင်း

လူသားတစ်ယောက်ရဲ့
ကြီးကျယ် မြင့်မြတ်မှု ဆိုတာ..

ထိုလူသားရဲ့
အများအတွက် ပေးဆပ်ခြင်းနှင့်
သူ့ရဲ့ အများအပေါ်မှာ
စောင့်ထိန်းနိုင်သော
သူ့ကိုယ်ကျင့်တရားပင်
ဖြစ်သည်...

လင်းဝေ

Thursday, April 16, 2015

တရားအသိ

ကရုဏာတရားကြောင့် တခြားသူရဲ့ စိတ်ဆင်းရဲမှု ဒုက္ခကို နားလည်နိုင်မယ်...

တခြားသူရဲ့ စိတ်ဆင်းရဲမှု ဒုက္ခကို ပြေပျောက်အောင် ကူညီနိုင်မယ်...

ကောင်းခြင်းတရားတွေကို ပြောသည်ဖြစ်စေ ဖတ်သည်ဖြစ်စေ...

ထိုအရာများကို မိမိကိုယ်တိုင် လိုက်နာမှု မရှိလျှင် မည်သည့် အကျိုးထူးမျှ မဖြစ်နိုင်ပါ...

ဗုဒ္ဓ

တရား

လူတစ်ယောက်၏ အကြီးမားဆုံး ရန်သူမှာ
မိမိ၏ စိတ် ဖြစ်၏။

စိတ်က မိမိကို ခိုင်းစေနိုင်သည်။

ပြုလုပ်မှုအပေါ်တွင် အခြေခံပြီး အကျိုးဆက် ဖြစ်မည်။

ကောင်းခြင်းကိုပြုလုပ်လျှင် ကောင်းကျိုးရမည်။

မကောင်းခြင်းကိုပြုလုပ်လျှင် ဆိုးကျိုးရမည်။

ဒါဟာ လောကကြီးရဲ့ သဘာဝတရားပင် ဖြစ်သည်။

ဗုဒ္ဓ

Saturday, April 11, 2015

အမေစုသာ

အမေစု အကျယ်ချုပ်က လွတ်လာတာ မနေ့တနေ့ကပါ အမေစုဟာ ခုချိန်ထိ ဘယ်လူမျိုးခြားဘာသာခြားတဦးတယောက်ကိုမှာ မြန်မာပြည်ထဲကို ဝင်ခွင့်၊နေထိုင်ခွင့် မပေးခဲ့ဖူးပါဘူး
လုပ်ပိုင်ခွင့်လည်းမရှိပါဘူး။


သူမဟာတရားအမြဲထိုင်လေ့ရှိတဲ့ ဘာသာရေးကိုင်းရှိုင်းတဲ့ ဗုဒ္ဓဘာသာ စစ်စစ်ပါ။


အမေစုက ဘယ်တုန်းကမှ ဘုန်းကြီးတွေ၊ ကျောင်းသားတွေ၊ လယ်သမား အလုပ်သမား ပြည်သူတွေကို သေနတ်နဲ့ မပစ်သတ်ခဲ့ဖူးဘူး။

မြန်မာစကားတောင် မတတ်တဲ့ သန်းနဲ့ချီတဲ့ တရုတ်၊ဘင်္ဂလား ဘာသာခြားတွေကို လာဘ်စားပြီး ဝင်ရောက်ခွင့် နေထိုင်ခွင့်ကဒ်ပြားတွေ ထုတ်ပေးခဲ့တာဟာ စစ်စိုးရပါ အအေစု မဟုတ်ဘူး။

ပညာရေးနိမ့်လို့ တချို့လူတွေ ဉာဏ်ရည်နိမ့်ပြီး အတွေးအခေါ်တွေ နိမ့်ကျရတာပါ

အမေစုနဲ့ ပြည်သူ ရန်တိုက်ပေးချင်တဲ့ မသမာသူတွေရဲ့ လှည့်ကွက်ထဲ မျောနေကြတာပါ

အမြင်ချင်းမတူတာ လက်ခံပါတယ်။ ကျနော်တို့ဟာ အမြင်ချင်းဖလှယ်ရင်း အမှန်တရားကို မြင်လာကြမှာပါ။

မြတ်စွာဘုရားတောင် အပြစ်ပြောကြသေးတာပဲ အမေစုလို ပုထုဇဉ်တယောက်ကို အပြစ်ပြောကြတာ မဆန်းပါဘူး။

တိုင်းပြည် မွဲသည်ထက်မွဲအောင် ချုးစားရောင်းစားပြီး ပြည်သူတွေကို ဒုက္ခရောက်အောင် လုပ်ခဲ့တာ လုပ်နေကြတာဟာ စစ်အစိုးရလား အမေစုလားဆိုတာ မြင်အောင်ကြည့်ပါ။

ကိုယ့်တဖို့တည်းအတွက် မျက်တောင်တဖျား မကြည့်ကြပါနဲ့ အများကောင်းကျိုးအတွက်မျက်ဝန်းတဆုံး ဟိုဘက်ထိ မြင်အောင် ကြည့်ကြပါ။

အမြင်ကျယ်ကျယ်နဲ့ တိုင်းပြည်တိုးတက်ရေးအတွက် ဆွေးနွေးကြတာပေါ့။

ကျနော်တို့အားလုံးဟာ မြန်မာနိုင်ငံသားတွေပါပဲ။ အစိုးရ ကောင်းခြင်းဆိုးခြင်းကို ကျနော်တို့ သားစဉ်မြေးဆက် အတူတူ ခံစားကြရမှာ ။


ကျနော်လည်း တမျိုးလုံး ဗုဒ္ဓဘာသာစစ်စစ်ပါ ပညာမဲ့အမြင်နဲ့မပြောပါနဲ့ဗျာ။ စာများများဖတ်ပါ အဲဒီလူတွေ ဒီလောက်များလာအောင် ဝင်ခွင့်ပေးခဲ့ တာ ပြီးတော့အဲဒီလူတွေ ငွေနဲ့ပေါက်ပြီး ထင်တိုင်းကြဲခွင့်ရအောင် ဥပဒေကို လက်တစ်လုံးခြားလုပ် လာဘ်စားပြီး ကာကွယ်ပေးနေကြတာဟာ အမေစု မဟုတ်ပါဘူး
ဘယ်သူတွေလည်းဆိုတာ သေချာစဉ်းစားပါဗျာ။


ဒါကြောင့် အစိုးရကောင်းကောင်းနဲ့ ဥပဒေကောင်းကောင်း လိုအပ်နေတာပေါ့ ဒီလူတွေဆက်အုပ်ချုပ်ရင် တနိုင်ငံလုံးရောင်းစားကြမှာ ရခိုင်မှာ ဘင်္ဂလားတွေ သန်းနဲ့ချီနေပြီ တရုပ်နယ်စပ် တွေမှာလည်း တရုပ်တွေ သန်းနဲ့ချီနေပြီ မန္တလေးမြို့ကြီးတောင် တရုပ်တွေ ကြီးစိုးနေပြီ။ ကျနော်တို့အားလုံးက ဘဝတူ ညီကိုတွေပါဗျာ။

အမေစု သမ္မတဖြစ်ရင် ဒါတွေဖြစ်လာမှာ မဟုတ်သလို ကမ္ဘာကလည်း ဝိုင်းဝန်းကူညီကြမှာ ပညာရေးလည်းကောင်းလာလိမ့်မယ် အဖက်ဖက်က ကောင်းလာဖို့သေချာပါတယ်။

တလှေတည်းစီးတဲ့သူအချင်းချင်း ပင်လယ်ပြင် လှေမှာက်ခဲ့ရင် အားလုံးနစ်မြုပ်ခံကြရမှာပါပဲ။

အားနည်းသူတွေနဲ့ အမှန်တရားဘက်က ရပ်တည်ပေးကြပါ။

ဒါဟာ မြတ်ဗုဒ္ဓရဲ့ လမ်းစဉ်ပါပဲ။

ရန်ုဖြစ်နေရမယ့် အချိန် မဟုတ်ပါဘူး။ စည်းလုံးကြရမယ့် အချိန်ပါ။

အားလုံး စိတ်ချမ်းသာကြပါစေ
စနစ်ဆိုးမှ ကင်းလွတ်ကြပါစေ...


လင်းဝေ

အမှားနဲ့ အမှန်

ပါရဂူဘွဲ့ပဲ ရရ
ဘာဘွဲ့ကြီးပဲ ရရ
လူတစ်ယောက်ဟာ
အမှန်နှင့် အမှား
မခွဲခြားတတ်ဘူးဆိုရင်
အမှန်တရားဘက်က
မရပ်တည်ရဲဘူးဆိုရင်

အဲဒီလူဟာ
ပညာရှိ
မဖြစ်နိုင်သလို
ကိုယ်ကျင့်တရားကောင်းသူလည်း
မဖြစ်နိုင်ပါဘူး

လင်းဝေ

ရင်ထဲက ဒုတိယမြောက် အမေ


မြန်မာနိုင်ငံအတွက်
ရင်ထဲမှာ
အဖြစ်ချင်ဆုံး ...
ဆန္ဒတစ်ခုကို
ပြောပြပါဆိုရင်...

ဒေါ်အောင်ဆန်းစုကြည်
အမေစုကို
သမ္မတ ဖြစ်စေချင်တယ်..
ဘာဖြစ်လို့လဲဆိုတော့..
မြန်မာနိုင်ငံအတွက်
သူ့လောက် ကောင်းနိုင်တဲ့သူ
သူ့လောက် စေတနာထားနိုင်တဲ့သူ
သူ့လောက် စွန့်လွှတ်အနစ်နာခံနိုင်တဲ့သူ
သူ့လောက် ပေးဆပ်တာဝန်ကျေတဲ့သူ
သူ့လောက် စွမ်းဆောင်ပေးနိုင်တဲ့သူ
သူ့လောက် တရားမျှတတဲ့သူ
သူ့လောက် ဖြောင့်မတ်ရိုးသားတဲ့သူ
သူ့လောက် အဂတိကင်းတဲ့သူ
သူ့လောက် ရဲရင့်ပြတ်သားတဲ့သူ
...
...
....
သူ့လို
ပြည်သူချစ်
ကမ္ဘာချစ် ခေါင်းဆောင်ကောင်းတစ်ယောက်ဟာ
ခုချိန်မှာ
သူမက လွဲပြီး
မရှိနိုင်တော့ဘူးဆိုတာ
ကျနော့် နှလုံးသားထဲက
ယုံကြည်လို့ပဲ...
ကျနော့် အမေပြီးရင်
သူမဟာ
အမေတယောက်လို
လေးစားချစ်ခင်မိတဲ့
ကျနော့် ရင်ထဲက
ကျနော့်ရဲ့
ဒုတိယမြောက်အမေ...
ပြည်သူအားလုံးအပေါ်
မိခင်တယောက်လို
မိခင်စိတ်အပြည့် ထားနိုင်မည့် ကျနော်တို့
အားလုံးရဲ့
ဒုတိယမြောက် အမေ...
ပြည်သူအားလုံး
အမေ့ကို
အမေစုကို
ဝိုင်းရံကြပါ
ယုံကြည်ကြပါ
လက်တွဲကြပါလို့
တောင်းဆိုချင်တယ်....
လင်းဝေ