Thursday, September 30, 2010

ချစ်ခဲ့မိပါသည်မိနှင်းဆီ


့ဟေး....ညီဇော် အတန်းပြီးရင်
ကင်တင်းန်သွားပြီး လက္ဖက်ရည် သွားသောက်ရအောင်ကွာ.....
ထိုက်ဇော်က အဖော်လာညှိသည်။
လက္ဖက်ရည်ဆိုင် ယဉ်ကျေးမှုကို ကျနော်နှစ်သက်ပါသည်
ဒါပေမယ့် အမြဲပြားချပ်နေတတ်တဲ့ ပိုက်ဆံအိပ်က ကျနော့်ကိုအမြဲတားမြစ်တယ်။
တော်ပါပြီကွာ ငါ စာကြည့်စရာတွေရှိသေးတယ်။
လာပါကွာ ငါတိုက်မှာပါ တစ်ယောက်ထဲ ပျင်းလို့...
ဒါနဲ့ စကားမစပ် မင်း နှင်းဆီမေကိုသိလား..ကျောင်းမှာ တော်တော်စားနေတယ်ကွ.
.ငါတောင် လှုပ်ရှားမလားလို့.
ရင်ထဲလှိုင်းတွေ လှုပ်ခပ်သွားသည်။
စိတ်မဝင်စားနိုင်ပါဘူးကွာ တစ်နှစ်တစ်တန်းအောင်အောင် မနည်း ကြိုးစားနေရတာ
ငါက မင်းလို ကျူရှင် မတက်နိုင်ဘူး....ပြီးတော့ ငါဝါသနာပါတဲ့ ကဗျာလေး စာလေးရေးဖို့
အချိန်ပေးရသေးတယ်......ငါ့ ကဗျာတွေထဲမှာ ချစ်လို့၊လွမ်းလို့ရတာပဲလေ...
အေးကွာ မင်းမလိုက်ချင်လဲ ငါ သက်ကိုကိုပဲ ခေါ်သွားတော့မယ်...

နှင်းဆီမေတဲ့ နာမည်လေးလှသလို လူကလည်း အရမ်းလှပြီး အရမ်းချစ်စရာကောင်းတဲ့ ကောင်မလေးပါ
ကျောင်းမှာ ကျောင်းသားတွေရဲ့နှလုံးသားတွေကို ဖမ်းစားထားတဲ့ ဘုရင်မလေး
ချမ်းသာကြွယ်ဝတဲ့ အသိုင်းအဝိုင်းက မွေးဖွားလာခဲ့သူလေးမို့ထင့် နုပျိုခြင်းတွေနဲ့ အစွမ်းကုန် လင်းလက်နေသူလေးလေ

ကျနော်က ...အင်း...ကျနော်ကတော့ သူမနဲ့ဆန့်ကျင်ဖက်တွေအားလုံး ပိုင်ဆိုင်ထားတဲ့ အညတရ ကျောင်းသားတစ်ယောက်
တောကတက်လာပြီး ချွေချွေတာတာနဲ့ ပညာလာသင်ရတဲ့ ကျနော်လို ရွက်ကြမ်းရေကျိုတစ်ယောက်ဟာ
သူမအတွေးတွေထဲ ဘယ်လိုမှ မလင်းလက်နိုင်တဲ့ ကြယ်တစ်စင်းပါ။
ဒါပေမယ့် ကျနော် ချစ်မိခဲ့တယ် မိနှင်းဆီရယ်....အဲဒီနေ့ရက်တွေမှာ ကျနော်ဟာ ပန်းပွင့်အိပ်မက်တွေထဲမှာ မူးယစ်နေခဲ့...

တရွေ့ရွေ့ ရွေ့နေတဲ့
ခြေထောက်တွေက ဘယ်အရပ်ကို သွားနေသလဲ?
ကျနော်ရွေ့လျားရာဒေသက ချစ်သူရှိရာ ရပ်ဝန်း
တခွန်းထဲ အငြင်းပယ်ခံခဲ့ရတဲ့
ကျနော်အချစ်တွေအတွက်
နှလုံးသားက သဘောထားအပြည့်နဲ့ ခွင့်လွှတ်ခဲ့
ခြေထောက်တွေသူမရှိရာရောက်ရာက်သွားမြဲ...

”နင့်လိုကောင်ကများ မတန်မရာ ငါ့ကိုရည်းစားစကားပြောတယ်ပေါ့..ဟင်း..ဟင်း.
ကိုယ့်အခြေအနေကိုသိပါ ညီဇော်ရယ်ဟင်း..ဟင်း..ဟင်း..”
နားထဲမှာပဲ့တင်ထပ်နေဆဲ..ကျနော်ရဲ့ မာနတွေကိုရိုက်ချိုးခဲ့တဲ့ စကားတွေပါ။
ဒါပေမယ့် နာကြည်းလို့မရခဲ့ဘူး.မုန်းလို့ မရခဲ့ဘူး...
သူမရဲ့လှပတဲ့နှုတ်ခမ်းတွေဆီက ကျနော့်အတွက် သီးသန့်ရည်ရွယ်ခဲ့တဲ့ စကားလုံးတွေမို့
ကျနော် မြတ်မြတ်နိုးနိုး သိမ်းဆည်းထားမိပါသည်။
ချစ်ခဲ့ပါတယ် မိနှင်းဆီ ကျနော် ချစ်နေမိဆဲပါ ပြီးတော့ ချစ်နေလိမ့်ဦးမယ်လေ။

သားထက် (မုံရွာ နည်းပညာတက္ကသိုလ်)

No comments:

Post a Comment