Thursday, September 30, 2010

အဟောင်းဆိုင်က စာအုပ်

ငါ့ကိုယ်ငါ
ဖွင့်ဖတ်ဖို့ ကြိုးစားရင်း
စာမျက်နှာတွေခဏခဏ
မှားယွင်းပျောက်ဆုံး
ခတ်မှိန်မှိန်စာအုပ်အဖုံးလေးနဲ့
ငါဟာ...
အဟောင်းဆိုင်က
စာအုပ်တအုပ်လို
လွတ်လပ်စွာရှင်သန်နေမယ့်
လူသားတယောက်ပါ
ငါကိုယ်ငါ
အဓိပ္ပာယ်ရှာရင်း
စကားလုံးတွေ
အကြိမ်ကြိမ်မှုန်ဝါးပျက်သုန်း
အကြမ်းသာသာစာရွက်ကလေးနဲ့
ငါဟာ..
လမ်းဘေးစာအုပ်ဆိုင်လေးက
စာအုပ်တအုပ်လို
ရိုးသားစွာဖြစ်တည်ချင်တဲ့
လူသားတယောက်ပါ
တချို့က ဂရုမစိုက်ကြ
တချို့က စိတ်ဝင်စားကြ
တချို့က ရှုံ့ချသွားကြ
တချို့က ချီးမွမ်းသွားကြ
တချို့က အထင်သေးကြ
တချို့က တန်ဖိုးထားကြ
........
................
................
ဘာကိုမှမသိချင်ပါဘူး
ငါက
ငါ့ကိုယ်ငါ ဖွင့်ဖတ်ဖို့
အမြဲကြိုးစားနေမယ့်
စာအုပ်တအုပ်ပါ


သားထက် (မုံရွာ နည်းပညာတက္ကသိုလ်)

No comments:

Post a Comment