Thursday, September 30, 2010

အားလုံးကြားနိုင်ပါစေအမေ

လေလွင့်၇က်စွဲတွေထဲ
အမေ့ကိုလွမ်းတဲ့စိတ်က
ပြင်းပြင်းပြပြတောက်လောင်တယ်
”အမေ”လမင်းရဲ့တံခါး အဖွင့်အပိတ်မှာ
ကျွန်တော့်အရိပ်အရောင်ကို
ရှာနေမှာလား
နံနက်ခင်းဆို ပန်းပွင့်လေးတွေငုံ့နမ်းပြီး
ကျွန်တော့်ပါးပြင်ကို
ဆာလောင်နေမလား
ကျွန်တော့်ဘဝဟာ
မိုးရေထဲကျုံးကန်ခံရတဲ့
ဘောလုံးတလုံးလို
ဟိုရောက်ဒီရောက်
လောကဓံတွေထဲပေါ့
မေမေရယ် ခွင့်လွှတ်ပါ
365 ကြိမ်မြောက်
ပြက္ခဒိန်အကြည့်မှာ
အမေ့ အိမ်ပြန်ဖို့အသိ
သားမှာမရှိခဲ့ဘူး
တေလေတယောက်ရဲ့
အိပ်မက်တွေ
ဘယ်တော့မှများ ဖူးပွင့်မှာလဲ
အမေနဲ့ဝေးတဲ့အရပ်မှာ
လမ်းသရဲဆံပင်တွေလို
အဆင်မပြေမှုတွေ ရှုပ်ထွေး
ရှည်လျား ဖရိုဖရဲ
ဖိနပ်တွေပါးလာတယ်
လွမ်းတယ် ”အမေရယ်”
အဝေးကွင်းမှာ ပွဲကြပ်တွေကစားရတိုင်း
တဖက်ကတိုက်စစ်တွေကို
အမေပေးတဲ့
ရင်ဘတ်နဲ့ ခံကန်နေခဲ့တယ်
ဣိတ္ထဝင်္က နဒီဝင်္က တဲ့
မဟုတ်သေးဘူး
ကမ္ဘာမှာမျဉ်းဖြောင့် မြစ်တစင်းရှိတဲ့အကြောင်း
ကျွန်တော်ခေါင်းလောင်းထိုးလိုက်တယ်
အားလုံးကြားနိုင်ပါစေ အမေ


ဖတ်ခဲ့ဖူးတဲ့ကဗျာစာအုပ်ထဲကပါ

သားထက် (မုံရွာ နည်းပညာတက္ကသိုလ်)

No comments:

Post a Comment