Wednesday, September 29, 2010

ဦးညွှတ်ခွင့်

လမင်းကြီးလို
ဝိုင်းဝိုင်းစက်စက်
လှရက်လွန်းသောချစ်သူရှေ့၌
ကျနော်မြက်ခင်းကလေးလို
စိမ်းမြစွာဦးညွှတ်ပါ၏။
ဖြစ်နိုင်လျှင်
ကြယ်တွေကြွေနေတဲ့
ညလှလှတွေအားလုံး
သူမအတွက်
အပိုင်ဝယ်ပေးချင်ပါသည်...
ချစ်သူနှုတ်ဖျားမှထွက်ကျသော
သံစဉ်တို့သည်...
ကျနော်အတွက်
အောက်စီဂျင်များဖြစ်၏။
မြင်နိုင်ခွင့်ရှိမည်ဆိုလျှင်
သူမရဲ့အပြုံးလက်လက်
ရွှန်းစက်တဲ့အလှအားလုံး
ကျနော့်အတွက်
အပိုင်သိမ်းထားချင်ပါသည်..
ချစ်သူအပြုံးနဲ့ရှင်သန်လို့
ချစ်သူအသံနဲ့သာ
အပ်စက်ချင်ပါသည်
သြော်....
ကျနော့်ရဲ့
ချစ်လှစွာသော
ချစ်သူ...

သားထက်(မုံရွာနည်းပညာတက္ကသိုလ်)

No comments:

Post a Comment