Thursday, September 30, 2010

လောကသည်တွယ်တာသာယာမှုဖြင့် ဖမ်းစားခံနေရ၏

မြတ်စွာဘုရားသည် လောကနှင့်ပတ်သက်၍ ဤသို့မိန့်တော်မူခဲ့၏
”ငါသိထားသော ဤတရားက နက်နဲ၏ မြင်နိုင်ခဲ၏ သိနိုင်ခဲ၏ ငြိမ်းအေး၏ မွန်မြတ်၏
သိမ်မွေ့၏ ကြံစည်ခြင်းဖြင့်မရောက်နိုင်သော ပညာရှိတို့သာသိနိုင်သော တရားပေတည်း
ဤသတ္တ၀ါများကား တွယ်တာမှု၌ မွေ့လျောကြကုန်၏ တွယ်တာသာယာမှုတို့၌ ပျော်ပိုကကြကုန်၏
တွယ်တာသာယာမှု၌ အလွန်နှစ်ခြိုက်ကြကုန်၏ အမှန်ပင်လျှင် တွတ်တာသာယာမှုတို့၌ မွေ့လျော်ပျော်ပိုက်
နှစ်ခြိုက်နေကြသော ဤသတ္တသါများသည် အကျိုတရားတို့၏ အကြောင်းဖြစ်သော ပဋိစ္စသမုပ္ပဒ်တရားကို
မြင်နိုင်ခဲလှ၏ ပြုပြင်မှုအားလုံး၏ ငြမ်းရာအမှန် ပဋိသန္ဓေနေခြင်း၏ အခြေခံဥပဓိအားလုံးပယ်စွန့်ရာ တဏှာ၏
ကုန်ရာ ရာဂ၏ကင်းရာချုပ်ရာ ငြိမ်း၇ာဖြစ်သော နိဗ္ဗာန်တရားကိုလည်း မြင်နိင်ခဲ၏
သို့ပါသော်လည်း ပညာမျက်စိ၌ ကိလေသာမြူနည်းပါးသော သတ္တ၀ါတို့သည် ရှိပါကုန်၏
ထိုသူများသည် သစ္စာတရားကို သိပါကုန်လတ္တံ့။”

သာဓု...သာဓု...သာဓု (ဒီဃနိကာယ် မဟာဝဂ်ပါဠိတော် အနက်)

သတ္တ၀ါတို့ကျန်းမာချမ်းသာကြပါစေ
သားထက် (မုံရွာ နည်းပညာတက္ကသိုလ်)

No comments:

Post a Comment