၁
ငါ့ရဲ့....
အိပ်မက်နတ်ပျိုမလေးရေ...
ငိုရမလို ရယ်ရမလို
ငါ့ရင်ဘတ်ထဲကို
ချိမြိန်တဲ့ ရင်ခုန်သံတွေ
တိတ်တိတ်လေး သိုဝှက်
အိပ်မက်တွေ အားလုံးကျိုချက်သောက်သုံးခဲ့
အမှတ်တမဲ့ ဖြစ်ရပ်တစ်ခုဟာ
ရူးသွပ်မှုတွေရဲ့ အစဆိုတာ
ငါကြိုသိမထားခဲ့ဘူး...
၂
မျက်နှာမူရာ ပတ်ဝန်းကျင်တို့သည် တောက်ရှလင်းပြနေကြသည်။ဆည်းဆာအောက်မှာနေရောင်ကြေုာင့် တိမ်တွေ တောက်နေတဲ့လှပခြင်းမျို့းဖြင့် တလောကလုံး လက်လက်စိုနေသည်။ စိတ်ထဲမှာတစ်မျိုးကြီးခံစားနေရ၏။
ထူးဆန်းနေလိုလို..
“တစ်ခုခုတော့တစ်ခုခုပဲ..”
သူ အိပ်နေရာကထလိုက်မိသည်။
“ဟင်...ငါကျောက်ဂူကြီးတစ်ခုထဲ ရောက်နေပါလား”
မနေ့ညကပဲ အဆောင်ကကုတင်ပေါ် သူစာအုပ် ဖတ်ရင်းအိပ်ပျော်သွားခဲ့တာကို သတိရသည်။ ဘယ်လိုမှ စဉ်းစား၍မရ။လောလောဆယ် အလင်းေ၇ာင်တွေ ထွက်ပေါ်နေတဲ့ ကျောက်ဂူ
ရဲ့ အတွင်းဘက်ဆီသို့ သူတစ်လှမ်းချင်း သတိထား ၀င်ခဲ့သည်။
ပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်လွန်း၏။
“ဟာ..”
ဂူရဲ့အတွင်းဘက်ကို
ရောက်ရောက်ချင်း မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် သူကြက်သေသေသွားသည်...။ပြီးနောက်
ရင်ခုန်သံက ဖြည်းဖြည်းချင်းမြန်နှုန်းတွေမြင့်လာသည်...။နောက်ဆုံးရင်တစ်ခုလုံး
ပေါက်ကွဲထွက်တော့မတတ်...။
အသက်ရှူသံတွေ ရပ်ဆိုင်းသွားသည်။လမင်းသည် သူရှေ့ကြမ်းပြင်မှာ ပြုတ်ကျလာပြီး ကြယ်တွေကသူ ရှေ့ကခုန်နေကြသည်..။
စိတ်ညှို့ခံနေရသူတစ်ဦးလို သူမျက်လုံးတွေက တနေရာထဲမှာ တောက်စားနေသည်။
ကျောက်ဂူရဲ့အလယ်မှာ စိန်တွေနဲ့ အတိပြီးတဲ့ ရေကန်ကလေး ရေတွေက စိန်ရောင်တို့ဖြင့်
တောက်ပနေသည်။ရေကန်လေးရဲ့အလယ်မှာ ကျွန်းကလေးတစ်ခုရွှေပင်ငွေပင်တွေပေါက်နေတဲ့
ကျွန်းကလေးပေါ်မှာ
တကိုယ်လုံး ရတနာတွေအပြည့် ၀တ်ဆင်ထားတဲ့ ကောင်မလေး ....လက်တောက်နေတဲ့ မျက်ဝန်းတွေ..ကော့ညွှတ်နေတဲ့
မျက်တောင်ရှည်ကြီးတွေ.နုဖတ်စိုလက်နေတဲ့ ကကြီးပုံ နှုတ်ခမ်းလေးနဲ့
ပြောရက်စရာမရှိ လှပလွန်းတဲ့ ဥစ္စာစောင့်မလေး...
ရတနာတွေကြားမှား ၀င်းလဲ့တောက်ပလို့...ဟော ..သူကျနော်ကိုပြုံးပြနေသည်....ဘာကြောင့်စိတ်ထဲမှာ
အရမ်းရင်းနှီးနေမှန်းမသိ။
အတွေးတွေ မဆုံးလိုက်..သူကျနော်ကို လက်ရပ်ခေါ်နေပြန်သည်.
“ငါတော့.ရူးတော့မှာပဲ..”
.ရေထဲကိုဖြတ်သွားရမည်...ရေတွေကလည်း
ကြည်လဲ့နေ၏။ရောင်စုံငါးကလေးတွေ ပြေးနေတဲ့အောက် စိန်တုံးအကြီးကြီးတွေ
ထိုးထိုးထောင်ထောင်...။ငါနတ်ပြည်ရောက်နေတာ
ထင်တယ်....အပြန်ရောက်မှ စိန်တစ်တုန်းလောက်တောင်းသွားရမည်...။ငါတော့ လူပြည် ပြန်ရောက်ရင်
သူဌေးဖြစ်ပြီ..။စိတ်ထဲ မြူးကြွလာသည်...သူလာခဲ့မယ်ဟု ကောင်မလေးကို
လက်ဟန်ခြေဟန်နဲ့လှမ်းပြောလိုက်သေးသည်..ကောင်မလေးက ရှက်စနိုးလေး
ခေါင်းညိတ်ပြနေသည်...အချစ်ရေမောင်လာပြီ...စိတ်ထဲအကျယ်ကြီး
အော်ပြီးရေထဲကိုခုန်ချလိုက်သည်.......
“အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး”
ရင်တွေတလှပ်လှပ်သူ ဟိုးချောက်နက်ကြီးထဲကျသွားတော့သည်...
“ ၀ုန်းးး..........”
“အောက်မလေးဗျ
သေပါပြီ.....”
“ ဟားဟားဟား.....ဒေါင်းကြီးရာ ကြမ်းခင်းပေါ်အိပ်ချင်တာများ ညကတည်းက အောက်ဆင်းအိပ်တာ
မဟုတ်ဘူး ..”
“မကြီးမငယ် ကုတင်ပေါ်က လှိမ့်ချရတယ်လို့ လူကြားလို့မှမကောင်း နတ်ကြားလို့မှ
မတော်..ဟင်း မင်းအစား
ငါရင်လေးလိုက်တာနော်.မင်းကတော့ စံပါပဲကွာ..ဟားဟားဟား.....”
ဂူဂဲက ၀ါးလုံးကွဲ ရယ်နေတော့သည်။
(သူ့ နာမည်ရင်းက ကျော်သူ ကဗျာတစ်ပုဒ်ထဲမှာ မိန်းကလေးတစ်ယောက်ရဲ့အလှကို ဒေါင်းမလေးတစ်ကောင်ရဲ့ အလှနဲ့တင်စား
မိခဲ့လို့ သူငယ်ချင်းအားလုံးက ဒေါင်းကြီးဟု ကင်းပွန်းတတ်ပေးလိုက်ကြခြင်းဖြစ်သည်)
”ချီးတုတ်ရာ ဒီမှာခါးအောင့်ရတဲ့ အရေးထဲကွာ...ငါအိပ်မက်မက်နေတာကွ” ဒေါင်းကြီး မျက်နှာက ရှုံ့မဲ့နေလေသည်။
“မင်းဥစ္စာက ကုတင်ပေါ်ကလိမ့်ကျရလောက်အောင် ဘာအိပ်မက်မို့လို့လဲ.”
“အိပ်မက်ကဒီလိုကွ..+-x@######))((&&^^%$$$$##%^&&*(* အဲဒါပဲ”
“မင်းအိပ်မက်ကလည်း ကောင်းခန်းရောက်ခါနီးမှ ခွေထစ်သွားတဲ့ စီဒီချပ်လိုဖြစ်နေပြီ...”
“ဘာပဲဖြစ်ဖြစ် ငါကတော့ အိပ်မက်ထဲကကောင်မလေးကို စွဲလန်းသွားပြီ..ခုထိကို မျက်စိထဲက မထွက်တော့ဘူး...အပြင်မှာ
သူနဲ့တူတဲ့ကောင်မလေးရှိရင်
ကောင်းမယ်ကွာ”
“ ငါကသူကို ဆည်းဆာလို့တောင် နာမည်ပေးထားသေးတယ်...သူ့ကိုကြည့်ရတာ ဆည်းဆာရဲ့အလှကို ခံစားရသလိုမျိုး
ရင်ထဲမှာ ဆွေးဆွေးမြေ့မြေ့လေးပဲ...” ဒေါင်းကြီးက ခံစားချက် အပြည့်နဲ့ ပြောနေသည်။
“ဟေ့ကောင် စောစောစီးစီး မျက်နှာသစ်ဘာမသစ်သေးဘဲ ဆွေးပြမနေနဲ့ ကျက်သရေလည်းမရှိဘူး” “အာပုတ်စော်လည်းနံတယ်..သွားမျက်နှာသစ်ချေ
ဟိုကောင်တွေ လက်ဖက်ရည်ဆိုင်ရောက်နေလောက်ပြီ”
ဂူဂဲပြောမှပဲ အတွေးတွေရပ်တန့်သွားရသည်။
၃
အဆောင်ကနေကျောင်းကို နှစ်ယောက်သား စကားပြောပြောနဲ့လျှောက်လာကြသည်။ကျောင်းလမ်းမတလျှောက်
ကျောင်းသူ။ကျောင်းသားများဖြင့်
ပြည့်လျှံနေလေ၏။နက်ပြာရောင်လုံခြည် အင်္ကျီအဖြူရောင် နည်းပညာရဲ့ ၀တ်စုံတွေနဲ့ နံနက်ခင်းရဲ့ နေရောင်ခြည်အောက်
နုပျိုနေတဲ့ ဥယျဉ်ထဲက
ပန်းပွင့်လေးတွေပေါ့..လမ်းလျှောက်ရင်း ကျောင်းသူတွေရဲ့မျက်နှာတွေ တစ်ခုပြီးတစ်ခုလိုက်ဖတ်ရင်း သူအိပ်မက်ကို
စတင်အကောင်အထည် ဖော်ပါတော့သည်။
ဆည်းဆာလေးနဲ့တူတဲ့ ကောင်မလေးများတွေ့မလားဆိုတဲ့ မျှော်လင့်ချက်က ရင်ဘတ်ကြီးနဲ့ အပြည့်..တခါတခါ
“ဘ၀မှာစိတ်ကူးယာဉ်ခြင်းဟာလည်း
အရသာတစ်မျိုးပဲ...”
ဘာကောင်လဲ၊ဖွန်ကြောင်လား၊နှမချင်းမစာမနာ စသည့်အဓိပ္ပာယ်မျိုးစုံနဲ့ သူ့ကိုကြည့်သွားကြသည်။
ကြာတော့ ဂူဂဲဒေါထွက်လာသည်။
(နာမည်အရင်းက ဖြိုးဝေ မော်ဒန်ကဗျာတွေစပ် စာအုပ်တွေဖတ်ပြီး
ပါးစပ်ကလည်း အင်တာနက်တွေ ကွန်ပျူတာအကြောင်း
စကားကြီးစကားကျယ် ပြောတတ်လို့ ဂူဂဲဟု သူငယ်ချင်းတွေက၀ိုင်း သမုတ်ထားသည်)
သူငယ်ချင်း (8)ယောက်ရှိသည်။(8)နှစ်ယောက်စလုံးကို ဘယ်သူမှ နာမည်အရင်းတွေမခေါ်ကြ
..ရာဇ၀င်တွေနဲ့ နာမည်တစ်မျိုးစီ ခေါ်ကြသည်။
ဥာဏ်ထက် ခေါ် ကြီးလေပေါလေ ကြီးပေါ...သူငယ်ချင်းတွေအပေါ် အမြဲ ချောက်ချတတ်တဲ့ ကောင်..
ပီးတော့
နိုင်လင်းခေါ် ၀ူးဝါး..၀ူးဝူးဝါးဝါးနဲ့
သူ့ကြည့်လိုက်ရင် အမြဲ အလုပ်ရှုပ်နေတတ်သည်..တစ်ယောက်တည်းတောင် ဟိုဘက်နည်းနည်းတိုးပါဦးဆိုတဲ့ ကောင်မျိုး...။
နောက်တစ်ယောက် မျိုးသက်ခေါ် ကြာကြီး ဒီကောင်က ရေချိုးလည်းကြ၊ထမင်းစားလည်းကြာ၊ အိမ်သာတက်လည်းကြာ..ဟိုဟာလုပ်လည်းကြာ...အုန်းဆီလိမ်းပြီး
ခေါင်းဖြီးတာပြောတာပါ။
ပြီးတော့ လင်းထင်ခေါ် နီကိုရဲ..သူက အရပ်ပုပု လုပ်လိုက်ရင်အမြဲစောက်တလွဲ
ဒါကြောင့်သူ့ကို နီကိုရဲလို့ပဲ ခေါ်တယ်...။
နောက်တစ်ယောက်တေဇ အမွေမရတဲ့ တေဇ ဒီကောင်က လောဂရက်သမ်ကျကွဲတယ်ဆိုပြီးတော့ အိမ်ကိုပိုက်ဆံပြန်မှာတတ်တဲ့ အကောင်မျိုး။
ဖဲရိုက်ရမည်ဆိုလျှင် ထမင်းမစားဘဲရိုက်သည်အထိ ဇွဲကြီးသည်..။
နောက်ဆုံးတစ်ယောက်က မျိုးထွန်းခေါ် လေးဖြူ ..သူကတော့ အဆိုတော်ရူး welcome
ကြိုဆိုပွဲမှာ လေးဖြူသီချင်းကိုတက်ဆိုလို့ လေးဖြူလို့ခေါ်ကြသည်။
ကျနော်တို့ အဖွဲ့မှာတော့ဂစ်တာတီး အကောင်းဆုံးဖြစ်သည်။ ဒါပေမယ့် သူနဲ့တွေ့ရင် ကမ္ဘာ မြူှးဇစ်တွေအကြောင်း နားထောင်ရတာ မသက်သာလှ..rock ဂီတကဘယ်လို၊punk
ဂီတကဘယ်ပုံ..စုံနေအောင်ပြောတတ်သည်။
ကောင်မလေးအဆောင်ရှေ့ မိုးလင်းပေါက်ဂစ်တာတီးတဲ့ထိ ဂီတကိုရူးသွပ်သူပေါ့....
အားလုံး ပျော်တတ်ကြသည်..ခင်စရာလည်းကောင်သည်။့
ပထမနှစ်ကနေ btech ဒုတိယနှစ်ထိ
တတွဲတွဲ လျှပ်စစ်စွမ်းအားမေဂျာရဲ့ အသည်းကျော်လောင်စိန်အဖွဲ့ဖြစ်သည်။
“ဒေါင်းကြီး မင်းမဟုတ်တော့ဘူး....ကြာရင်မင်းနဲ့ရောပြီး ငါပါးကွဲရမယ့်ကိန်းမြင်နေတယ်
...ပါးတွေတောင် ယားလာပြီ..မင်းဒီလို ငန်းကြောထနေမယ်ဆိုရင်
ငါမင်းနဲ့အတူ မလျှောက်တော့ဘူးကွာ...” ဂူဂဲက စိတ်ပျက်တဲ့လေသံနဲ့ပြောသည်
“အေးပါဂူဂဲရာငါတောင်းပန်ပါတယ်..ငါလဲစိတ်နဲ့လူ မကပ်ဘူးဖြစ်သွားတယ်..လာသွားမယ်...”
ထိုအချိန်တွင် ကျနော်တို့ နှစ်ယောက်ကြား ဆိုင်ကယ်တစ်စင်းပြေးဝင်လာသည်ကို ကျနော်သတိမထားမိ...
“ဟာ ဟေ့ကောင် ဒေါင်းကြီး ဆိုင်ကယ်..ဆိုင်ကယ်..”
ဂူဂယ်လှမ်းသတိပေးလိုက်ပေမယ့်
နောက်ကျသွားပြီ ဆိုင်ကယ်က ရှောင်လိုက်တဲ့ ကြားမှ
လက်မောင်းကို ချိတ်ဆွဲသွားတော့သည်။
“ဗွမ်း....”
လမ်းဘေးရေမြောင်းထဲသို့ အရှိန်လွန်ပြီးထိုးကျသွားသည်။တကိုယ်လုံး ရွှံ့တွေပေပြီး
မြင်မကောင်းတော့...စိတ်လည်းတိုသွားသည်..
ဒီလောက်လူနှစ်ယောက်စလုံး လမ်းလျှောက်နေတာကို မမြင်ရအောင်မျက်လုံးမပါဘူးလားမသိ....ဆိုင်ကယ်က
အရှိန်မပြင်း၍ တော်သေးသည်...အရှိန်များပြင်းရင် တွေးရဲစရာ မရှိ...ယာဉ်နေတဲ့
စိတ်ကူးတွေတောင် ဘယ်ရောက်သွားမှန်းမသိ...ဘယ်ကကောင်လည်းဆိုပြီး
ဆိုင်ကယ်သမားကို...
လှမ်းကြည့်လိုက်သည်။
“ဟင်..”
ကောင်မလေးတစ်ယောက် နာကြင်လို့ထင်ရဲ့ မျက်နှာလေး ရှုံမဲ့ပြီး တောင်းပန်တဲ့ မျက်လုံးတွေနဲ့
ကျနော်ကို ကြည့်နေတဲ့
ချစ်စရာကောင်းတဲ့ ကောင်မလေး..ဒီထက်ပိုပြီးရင်ခုန်စရာကောင်းတာက ဆည်းဆာ ကျနော့်အိပ်မက်ထဲက
.နတ်သမီးလေး...
ဘာကြောင့်များဒီလောက်တိုက်ဆိုင်ရတာလည်း..ကျနော့်မျက်ဝန်းတွေထဲ ကြယ်တွေအစင်းစင်းထထလင်းနေသည်ထင်ရဲ့...
“ဟေ့ကောင် ဘာကြောင်ကြည့်နေတာလဲ တက်ခဲ့လေ ဒီမှာလူတွေကြီးပဲကြောင်တစ်ကောင်မှ မရှိဘူး”
ဂူဂဲကတော့ ဒေါသတွေထွက်နေ၏။
“ နေစမ်းပါဦး ဒီကဆရာမက ကျုပ်တို့ နှစ်ယောက်စလုံးကိုတောင်
မမြင်ရအောင် ဘာလဲ မျက်လုံးက ပါဝါတော်တော်နဲနေတယ်
ထင်တယ်.”
“.ခင်ဗျားလေးသာ အရှိန်ပြင်းရင် ကျုပ်တို့နှစ်ယောက် မုံရွာဆေးရုံကြီးမှာ အတွင်းလူနာ
ဖြစ်နေလောက်ပြီ....” ဂူဂဲက စိတ်တိုတိုနဲ့ ဖိဟောက်ပစ်လိုက်သည်။
“ဟို....သမီးသေချာ ၀င်တိုက်တာမဟုတ်ပါဘူး..ဆိုင်ကယ်ရှေ့မှာ မြွေတစ်ကောင်ဖြတ်သွားတာနဲ့ လန့်ပြီး
လက်ကိုင်မထိန်းနိုင်ဘဲ ဖြစ်သွား
ရတာပါ..”
“အကိုတို့နားရောက်တော့  ဘရိတ်အုပ်ပါသေးတယ် ဒါပေမယ့်
နည်းနည်းနောက်ကျသွားတယ်..တောင်းပန်ပါတယ်ရှင်ကျမဘာလုပ်ပေးရမလဲ
.ဟင့်.ဟင့်” ပြာရင်းဆိုရင်း ကောင်မလေးက ထငိုပါတော့သည်။
“ဟာမငိုနဲ့လေ ဟိတ်
..မင်းလုပ်ပုံနဲ့ ငါတို့ကိုလူတွေက တမျိုးထင်ကုန်တော့မှာပဲ”
“မင်းကလဲတိုက်သေး..မင်းကပဲငိုသေးတယ်..ငါတော့သေချင်တော့တာပါပဲ..“
ဂူဂဲလဲ တော်တော် ညစ်သွားသည်။
“ခြေတောက်ကနာတာကို ငိုမှာပေါ့..ဟင့်.ဟင့်” ပြောရင်း ထပ်ငိုပြန်သည်။
“ဂူဂဲရာ စိတ်လျှော့လိုက်စမ်းပါကွာ..တို့လဲ ဘာမှမဖြစ်ပဲဟုတ်တာ..” ဒေါင်းကြီး ပြေရာပြေကေကြာင်းပြောသည်။
“ကဲဆိုင်ကယ်ကို ကူပြီးထောင်ပေးလိုက်ပါဦး..”
“ညီမထနိုင်လား လာအကိုလက်ကိုဆွဲ
ပြီးထလိုက်..”
ငိုရာကနေမျက်နှာလေးရဲလာသည်..ပြီးတော့ ကျနော့်လက်ကို ကိုင်ပြီး သူမရပ်လိုက်သည်..။
သူမလက်ကလေးတွေကနူးညံ့လွန်းသည်။
“ခြေတောက်ကဖြစ်ရဲ့လား..ဆေးခန်းပြဦးမလား..”ဒေါင်းကြီးက စေတနာတွေပိုနေသည်။
“နေပါစေအကို ရပါတယ်..ဟိုလေ အရမ်းလန့်သွားလို့ ပါ..အကိုရော တကယ်
ဘာမှမဖြစ်ပါဘူးနော်..” ကောင်မလေးက မ၀ံ့မရဲလေး မေးသည်။
“ရွှံ့တွေပေနေတာလွဲရင် ဘာမှ မဖြစ်ပါဘူး..“
“သမီးကြောင့် ကျောင်းနောက်ကျရတဲ့ အတွက်
တောင်းပန်ပါတယ်.”
“ရပါတယ် ကျောင်းတက်တော့မယ်..မင်းသွားနှင့်တော့ ”
“....ဟုတ်...”
ခြေတောက်ကလေးထော့နဲ့ ထော့နဲ့ဖြင့် သူမဆိုင်ကယ်ပေါ်တက်ပြီး
မောင်းထွက်သွားသည်.။
ကျနော့်မျက်ဝန်းတွေက သူမရဲ့ကျောနောက်ဆီသို့
မျက်စိတစ်ဆုံး ကပ်ပါသွားသည်။
“ဘုန်း.”
“.အောင်မလေး.”.ဟေ့ကောင်ဂူဂဲ ဘယ်လို လုပ်တာလဲကွ..၊
“ဘယ်လိုမှမလုပ်ဘူး ဒီလိုအုပ်တယ်ကွာ..ဘယ့်နှယ်..”
“အနားမှာ ငါရှိတာရောမင်း သတိရသေးရဲ့လား .” “.ကိုယ့်ကိုဆိုင်ကယ်နဲ့တိုက်သွားတဲ့ သူကို
မတ္တာဝေ့နေတဲ့မျက်လုံးတွေနဲ့ ကြည့်နေလိုက်ပုံများ
ချီးပုံခွေးမျှော်နေသလား အောက်မေရတယ် ငါ့လခွီး...” ဂူဂဲကတော့ ဂွင်ထဲရောက်တုန်း အပြတ်ဆော်လေသည်။
“အင်းလေ မင်းငန်းကြောထမယ်ဆိုရင်လည်းထစရာ ကောင်မလေးက အမိုက်စားလေးကွ”
“ ငါလဲ အရှိန်နဲ့မို့သာ ဟန်ဆောင်ပြီး
ဆက်ငေါက်နေရတာ.....ဒါနဲ့ ဘယ်မေဂျာကလည်းတောင် မမေးလိုက်ရဘူးကွာ နာတယ်.”
“ဂူဂဲ အဲဒါငါ့အိပ်မက်ထဲက ဆည်းဆာကွ...”ဒေါင်းကြီးက ပြောလိုက်သည်။
“ဟား..ဟား..မ၀ယ်သေးဘူး..လာရောင်းမနေနဲ့..ဒါမျိုးတွေ
အန်တိုနေပြီ...” ဂူဂဲကလည်း လုံးဝမယုံပေ။
“ဒီတစ်တကယ်ယုံပေးပါကွာ..မင်းမယုံရင် ငါကျိန်ပြမယ်ကွာ...”
“ကြိမ်ပြရအောင် ငါ့ကို နွားမှတ်နေသလားဟင်”
“ကဲ မယားတရူး ပြန်မယ်အဆောင်ကို အဲဒီမှာဆက်ရပ်နေ၇င် မင်းခွေးသေးပန်းပင် ဖြစ်သွားမယ်..”
ဂူဂဲအတော် တင်းနေသည်။
“မြားနတ်မောင်က ဆိုင်ကယ်စီးပြီးလာတတ်တာကိုလည်း ငါကြုံဖူးသွားပြီ”
ဒေါင်းကြီးကတော့ ရောဂါစတက်လာပါပြီ။
“အေး မင်းအချစ်တွေကလည်း အဲဒီ မြောင်းပုတ်တွေထဲက ဖူးပွင့်လာတာပေါ့...နံလိုက်တဲ့
အချစ်ကွာ..ဟား..ဟားး”
ဂူဂဲကတော့ ဖဲ့ပြီးရင်းဖဲ့နေလေသည်။
“သြော် ပဒုံမာကြာတို့မည်သည် ရွှံ့နွံမှာ ရှင်သန်ရပေမယ့် တင့်တယ်တဲ့အဆင်းနဲ့ သင်းပျံ့တဲ့ ရနံ့ကို
ပေးစွမ်းနိုင်တယ်ဆိုတာ မကြားဖူးဘူးလား ငတုံးရဲ့...ဘာပဲဖြစ်ဖြစ်ပျော်တယ်ကွာ”
ဒေါင်းကြီးတကယ်ပျော်နေပုံရသည်။
“ဒီနေ့လက်ဖက်ရည်ဝိုင်း ငါရှင်းမယ်.” ဒေါင်းကြီးက ပြောလိုက်သည်။
“ ဖြစ်သင့်တယ်..အဲဒါကတော့ အတိအကျကို ဖြစ်သင့်တယ်..”
“တမနက်ခင်းလုံးကြားရတဲ့ အသံတွေထဲမှာ ခုမင်းပြောလိုက်တဲ့အသံက ငါ့အတွက်
မင်္ဂလာ အရှိဆုံးပဲ ..”
ဂူဂဲအသံက ခုမှ ၀မ်းသာလုံးဆို့သွားသလိုလို ၀ရုန်းသုန်းကားထွက်လာသည်။
“မင်းတနေ့တခြားတော်လာပြီပဲဒေါင်းကြီးရ....န.မ.ခက
အမြောက်ကြီးနဲ့..ဟီ.း..ဟီး..”
၎
လက်ဖက်ဆိုင်ကိုရောက်တော့ ကြီးပေါတို့အဖွဲ့က ရောက်နှင့်နေပြီ။ “သူတောင်းစားနှစ်ကောင်..လုပ်စားမယ်ဆိုလည်း နေမြင့်နေပြီ”
“တောင်းစားမယ်ဆိုရင်တော့ စောသေးတယ်ကွ.”
ကြီးပေါက စပြီးကောပါတော့သည်။
“ချီးထဲမှပဲ မင်းတို့နှစ်ကောင်စောင့်ရတာနဲ့ မော်တာကွန်ထရိုးတစ်ချိန်တောင် လွတ်သွားပြီး မော်တာကွန်မထိုးဘဲ မင်းတို့ကိုထိုးရလိမ့်မယ်”
ကြာကြီးကလည်း ၀င်တွယ်သည်။
ဒီလိုပဲပြောမနာဆိုမနာသူငယ်ချင်းတွေမို့ စကားတွေရိုင်းပေ မယ့်ဗွေမယူတတ်ကြ..။
“တောင်းပန်ပါတယ်ကွာ ငါတို့ အက်ဆီးဒင့်တစ်ခုဖြစ်နေလို့ နောက်ကျသွားတာပါ...ပြီးတော့ဒီဝိုင်းကို
ငါရှင်းမှာပါ...”
“ငါတို့နားကြားများမှားနေသလား“
ဆက်ရန်
သားထက် (မုံရွာ နည်းပညာတက္ကသိုလ်)
No comments:
Post a Comment