Thursday, September 30, 2010

စကားဝိုင်းထဲက နေလောင်ပန်းပွင့်များ

လွန်ခဲ့သော ၆နှစ် စင်္ကာပူမှာနေတုန်းက ရေးခဲ့တဲ့ စာတစ်ပုဒ်

စကားဝိုင်းထဲက နေလောင်ပန်းပွင့်များ

တနင်္ဂနွေအလုပ်ပိတ်ရက်မို့ သူငယ်ချင်းတွေနဲ့ဆုံကြရင်း ဘီယာဆိုင်လေးဘက်ခြေဦးလှည့်ခဲ့ကြသည်။ အလုပ်ထဲမှာ ပင်ပန်းသမျှ တစ်လတစ်ကြိမ် သူငယ်ချင်းတွေဆုံပြီး ဘီယာလေးသောက်ရင်း ဘော်ဒါတွေဆုံရင်း ဘဝအမောဖြေတာဟာ ကျနော်တို့အတွက် ယဉ်ကျေးမှုတစ်ခုလို ဖြစ်နေပေမယ့်  ကျနော်တို့ဟာ အရက်သမားများတော့ မဟုတ်ပါ။ ထုံးစံအတိုင်း ဘီယာလေးတကြိုက်လောက်ဝင်ရုံရှိသေး အာလေးလျှာလေးကသွက်လာပြီပေါ့ဗျာ...

"ကိုလင်း...မိန်းမမယူသေဘူးလားဗျ..ခုအသက်ဘယ်လောက်ရှိပြီလဲ.."

"လူပျိုကြီး လုပ်မယ်လို့ စိတ်ကူးထားလို့လား.."

လုပ်ရှူ အမေးကြောင့် ကိုလင်းတစ်ယောက် ဘီယာသောက်ရင်း အီလည်လည်ကြီး ဖြစ်သွားကြသည်။

"အေးကွာ ငါလည်း ၃၀ ကျော်ပြီကွ...
ယူဖို့နေနေသာသာ ရည်းစားတောင် မူးလို့ ရှူစရာ မရှိပါဘူးကွာ...."
ကိုလင်းပုံက အခုကျတော့ သနားစဖွယ်ဖြစ်နေပါသည်။

"ဟေ့ကောင် ပြောင်ကြီး ကိုလင်းကို မင်းသူငယ်ချင်း ချောချောလေးတွေနဲ့ မိတ်ဆက်ပေးလိုက်ပါဦးကွာ.."

"အောင်မာ ဟေ့ကောင် လုပ်ရှူ....မင်းက မိန်းကလေးသူငယ်ချင်း ပိုပေါတယ်လေ.."
လုပ်ရှူနဲ့ပြောင်ကြီးဒီလိုပဲ တယောက်နဲ့တယောက် အမြဲငြင်းနေတတ်တာမျိုး။

"ကဲ..ကဲ ဘာမှဖြင့်မသောက်ရသေးဘူး စကားတွေ များမနေကြနဲ့ ဘီယာတွေ အေးကုန်လိမ့်မယ် သောက်ကြဦး.."
ကိုလင်းပြောလိုက်မှ ဘီယာတကြိုက်စီ မော့လိုက်ကြသည်။

"ခုခေတ်ကြီးက မလွယ်ဘူး မိန်းကလေးတွေက အနေအထိုင်မတတ်ကြဘူးပြီးတော့လည်းကိုယ်ကိုယ် တန်ဖိုးမထားကြဘူး"
အရင်းမရှိအဖျားမရှိ ပြောင်ကြီးစကားကြောင့် သူတို့စကားဝိုင်းလေးက ဘီယာခိုးလေးတွေနဲ့  လေးနက်ရီဝေလာလေသည်။

"သူတို့အပြစ်ကြီးပဲမဟုတ်ဘူးလေ ပြောင်ကြီးရဲ့...ငါတို့ ယောက်ျားလေးတွေကလည်း နှမချင်းစာနာကြလို့လား"

လုပ်ရှူစကားကြောင့် လိုလင်းလည်း စကားဝိုင်းထဲ ပါလာလေသည်။

"ဟုတ်တယ် ညီလေး...သူများသားသမီးကို ကြောရယုံ ကြံတာတော့ မကောင်းဘူးပေါ့ကွာ"

"မင်းတို့၂ကောင်ပြောသလို မကောင်းတဲ့သူတွေရှိသလို တကယ်ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့
မိန်းခလေးတွေရှိသလို
တကယ်သစ္စာကြီးတဲ့ ယောက်ျားတွေလည်းအများကြီးရှိပါသေးတယ် ငါ့ညီတို့ရာ"

"ကိုလင်းပြောတာလည်းမှန်ပါတယ်
ယောက်ျားလေးဆိုတာလဲ ကိုကသာရည်းစားထည်လဲတွဲချင်တာ ကိုလက်ထပ်မဲ့ မိန်းခလေးကြတော့
ရည်းစားတောင်မထားဖူးတဲ့ အပျိုစင်ကလေးမှဗျ ..အမှန်တော့ ကိုယ်ကသန့်သန့်လေးကြိုက်ရင် ကိုယ်တိုင်ကလဲ
သန့်သန့်လေးနေခဲ့သင့်တာပေါ့..ဒါမှတရားမျှတမှာပေါ့ဗျာ ဟုတ်ဘူးလား.."

"အေးပေါ့ပြောင်ကြီးရာ ဒီခေတ်ထဲမှာ ရည်းစားထားဘူတာ အပြစ်လို့ပြောလို့မရပါဘူး."

"လူဆိုတာနှလုံးသားနဲ့ပဲ
ရင်ခုန်တတ်တယ်ချစ်တတ်တယ်...အရွယ်ရောက်လာရင် စိတ်ကစားပြီး ရည်းစားထားကြချစ်သူရှာာကတာ သဘာဝ
ပါပဲလေ.."

"ကိုယ်နဲ့လက်ထပ်ပြီးမှ ကောင်းဖို့အရေးကြီးတယ်"

"ဟ..လုပ်ရှူရ ဘာကောင်းတာကိုပြောတာလဲ ..နားရှင်းအောင်ပြောစမ်းပါကွာ"

"ဟာဗျာ ကိုလင်းကလည်း မဝေးစမ်းပါနဲ့ဗျာ..ကိုနဲ့လက်ထပ်ပြီး မဖောက်မပြန် မယားဝတ္တရား၅ပါးနဲ့အညီ
ကောင်းမွန်လိမ္မာတာကို ပြောတာလေဗျာ.."

"အောင်မာမင်းက အဲဒီဝတ္တရားတွေကိုသိလို့လား လုပ်ရှူရ...စကားကြီးစကားကျယ်နဲ့.."
ပြောင်ကြီးစကားကြောင့် လုပ်ရှူက မချိသွားဖြဲဖြင့် လျော့ကျသွားသည်။

"ဟဲဟဲ လောကနီတိထဲမှာပါတယ်လေ ..သိချင်ရင်ဝယ်ဖတ်..တအုပ်ကို ၂ဒေါ်လာပဲရှိတယ်.."

"ဘာပဲဖြစ်ဖြစ် မြန်မာဗုဒ္ဓဘာသာဝင်တွေပီပီ စည်းကမ်းလေးတွေနဲ့ စောင့်ထိမ်းသင့်တာပေါ့"
ကိုလင်းက လူကြီးဆိုတော့ တွေးတွေးဆဆ ပြောတတ်တယ်။

"ခုတော့ စလုံးမှာ ကြားနေရတဲ့ သတင်းတွေက နားမသက်သာလှပါဘူးဗျာ..."

"ဘာတွေကြားတာလည်းလုပ်ရှူလေးရ ပြောစမ်းပါဦး.."

"ယောက်ျးလေးတချို့က စလုံးက အသက်ကြီး ဘွားတော်တွေနဲ့
နေပြီးချူစားနေကြတယ်ဆိုပဲ"

"ဟ.ဟုတ်လို့လား..ပြောင်ကြီး မင်းရောကြားမိသလား`"

"ကိုလင်းက အလုပ်ထဲပဲ နစ်မြုတ်နေပြီး
ဘာမမသိဘဲကိုး."
."တချို့ကျောင်းသူလေးတွေအိမ်ဖော်မလေးတွေကလည်း
ငွေကြေးအခက်အခဲအတွက် PRကိုကိုတို့နဲ့ နေပြီး ဘဝကိုရောင်းစား နေကြတယ်တဲ့"

"အေးကွာဒါတွေအားလုံးဟာ
ငွေကြောင့်ဖြစ်ရတာပါပဲ.."

"ဝမရှိဘဲ ၀ိလုပ်ချင်တာတွေလည်းပါတာပါပဲ.."

"မိန်းခလေးတွေက
အားနည်းချက်တွေများတယ်လေ..သူတို့က အစကတည်းက မှီခိုတတ်တဲ့
သဘာဝပဲလေအားငယ်တတ်တယ်၊
ယုံလွယ်တယ်၊အလှအပလည်း မက်တယ်။ကိုယ်တတ်နိုင်တာထက် ပိုလိုချင်တာတွေ ကြောင့်ပေပေါ့"

"အေးပေါ့ပြောင်ကြီး၇ာ အဓိကကတော့ ငွေပဲပေါ့"

"ိစကာင်္ပူကိုလာတဲ့ မိန်းခလေး
၃မျိုး၇ှိတယ်..ကျောင်းတက်ဖို့၊အလုပ်၇ှာဖို့၊အိမ်ဖော်လုပ်ဖို့ပေါ့။ဘာအတွက်ပဲလာလာ
အရင်းအနှီးကမနည်းဘူးလေ."

".အလုပ်လာရှာတဲ့သူတွေထဲမှာ တချို့ပြေလည်တယ်၊တချို့က
သူများဆီကချီးငှားပြီးလာ
ကြရတယ်။နေထိုင်ခွင့်က ၂လပဲရတယ်။အဲဒီအတွင်း အလုပ်ရှာ
..ရရင်တော့တော်သေးတာပေါ့"

"မရရင်တိုင်ပတ်တာပဲ..အထုပ်ပိုက်ပြီးပြန်ကြရုံပဲ..
အိမ်ကိုပြန်သွားရင် ပတ်ဝန်းကျင်ကပြောဦးမယ်..နောက်တစ်ခေါက်ဆိုတာလည်း
မသေချာတော့ဘူး...
အဲဒါနဲ့ပဲ ကျောင်းလျှောက်ကြပြန်ေ၇ာ"
လုပ်ရှူပြောသမျှ ကျန်နှစ်ယောက်က ငေးမောနားထောင်နေကြသည်။

"ဟုတ်တယ်လုပ်ရှူ
ဒီမှာကျေုာင်းတက်စရိတ်၊နေဖို့စားဖို့ကလည်းဈေးကြီးတယ်..အဲဒီအချိန်မှာ
မိဘကလည်း
ထပ်ပြီး မပို့နိုင်တော့ ဒီမှာသောင်တင်ပြီး ပျက်စီးကြရတာပေါ့.."

"အိမ်ဖော်တွေကတော့ လစာနည်းလို့ ဒုက္ခေ၇ာက်ကြရတယ်..ကိုယ့်ကိုယ်ကိုမထိမ်းဘဲ
ထွက်ပေါက်ရှာတာက ပိုဆိုးတယ်.."

"ကျောင်းသူလေးတွေကတော့ ငယ်လွန်းတဲ့အရွယ်လေးမှာ လွတ်လပ်မှုဒဏ်
မခံနိုင်ကြဘူး..ပြီးတော့
ဒီနိုင်ငံရဲ့ အနောက်တိုင်းဆန်မှုမှာ မျောပါသွားတာပေါ့ဗျာ"

"ဟုတ်တယ်ပြောင်ကြီးရ ခုနိုက်ကလပ်တွေမှာ ဗမာမလေးတွေ ပေါတယ်လို့ကြားနေရတယ်"

"ကြားရတာစိတ်မချမ်းသာပါဘူးကွာ"

"မင်းတို့၂ကောင်ပြောမှ အကိုလဲအကုန် သိရတော့တယ်..စိတ်မကောင်းစရာပါပဲကွာ
မိဘမောင်ဘွားတွေသိရင် ရင်ကျိုးကြ၇မှာပဲ"

"...ဘယ်လိုလဲ မိန်းမယူရမှာ
လန်ကသွားပြီလား ကိုလင်းရ"

"ကောင်းကောင်းမွန်လုပ်စားပြီးတန်ဖိုးရှိရှိ နေနေကြတဲ့
အမျိုးကောင်းသမီးလေးတွေ အများကြီးပါဗျာ.."

"ဟုတ်တယ်ပြောင်ကြီး
ငါးခုံးမတစ်ကောင်ကြောင့်တစ်လှေလုံးပုတ်ဆိုသလို..စကာင်္ပူမှာေ၇ာက်နေတဲ့
ကောင်မလေးတွေကကွာဆိုပြီ..၀ါးလုံးရှည်ကြီးနဲ့ အရမ်းခံရတာတော့ ဘယ်ကောင်းမလဲ.."

"လုပ်ရှူလေးပြောတာမှန်တယ်..လူဆိုတာ ယောက်ျားလေးပဲ ဖြစ်ဖြစ်၊မိန်းခလေးပဲ
ဖြစ်ဖြစ် စိတ်ဓာတ်မာကျောရတယ်၊
ကိုယ်ကျင့်တရားကို စောင့်ထိမ်းရတယ်၊အမှားအမှန်ချင့်ချိန်ပြီး ဆုံးဖြတ်ချက်
မှန်အောင်ချနိုင်၇တယ်၊ပြီးတော့ကိုယ်မနိုင်
တဲ့ဝန်ကို မထမ်းရဘူးပေါ့ကွာ..."
ဘီယာပုလင်းတွေ စားပွဲပေါ်တိုးလာတာနဲ့အညီ သူတို့စကားဝိုင်းလေးက ပိုပြီးအရှိန်ကောင်းလာသည်။

"ဟာ...တချိန်ငြိမ်နားထောင်နေတဲ့ ကိုလင်းက ပြောတော့လည်း အနှစ်တွေပါလားဗျ.."

"ဒီနေ့တော့ တန်သွားပြီဗျာ
.ဒါကြောင့်မို့ပြောတာ ခေါင်း၃လုံးရှိသူထံမှာ
ပညာသင်ယူပါတဲ့..ဟား..ဟား.."

"မင်းတို့ မနောက်ကျနဲ့လေကွာ."

'မနောက်ပါဘူးဗျာ တကယ်ပြောတာပါ.."

"အေး ခုခေတ်လူငယ်တွေက ဘာသာရေးအားနည်းလာသလို စာအုပ်စာပေတွေလည်း
မဖတ်ကြတော့ဘူး.."

"အဲဒါကြောင့် အသိတရားတွေ ၊ဆင်ခြင်မှုတွေ၊စရိတ္တတွေ အားနည်းနေကြတယ်"

"နည်းပညာနဲ့ ငွေနောက် တကောက်ကောက်လိုက်ရင်း လူသားဆန်တဲ့ မြင့်မြတ်တဲ့စိတ်တွေ
လုံးပါးပါးနေကြတယ်ကွ"

'ကဲ ..ကဲ..စကားတွေက တောင်ရောက်မြောက်ရောက်နဲ့ သောက်တာကြောင့် ခါတိုင်းထက်များနေပြီ ဆိုင်လည်းပိတ်တော့မယ်"

"နောက်မှဆွေးနွေးကြတာပေါ့ကွာ တို့လလည်း ဘီယာသောက်လေးတွေ လျော့ ပရဟိတလုပ်ငန်းလေးတွေဘက် အားစိုက်ကြရအောင်ကွာ"

"ဟုတ်ကဲ့ ကိုနေလင်း"
ကိုလင်းစကားအဆုံး လုပ်ရှူနဲ့ ပြောင်ကြီးတို့နှစ်ယောက် ပြိုင်တူ ခေါင်းငြိမ့်လိုက်ကြသည်။

သိမ်းနေတဲ့ ဆိုင်တချို့ကလွဲလို့ ညဦးးပိုင်းက ရွှေမြန်မာတွေနဲ့ စီညံနေတဲ့ ပင်နီဆူးလားပလာဇာကြီးက နည်းနည်းတိတ်ငြိမ်သွားပါပြီ။

နောက်ရက် အလုပ်ဆင်းဖို့ အားမွေးရင်း တယောက်နဲ့တယောက်နှုတ်ဆက်လမ်းခွဲကာ ပြန်ခဲ့ကြသည်။

ဆိုင်ကပြန်လာတော့ ကျနော်ခေါင်းထဲ ဘာသာရေး၊စာရိတ္တနဲ့ ကိုယ်ကျင့်တရား တွေ
ရောထွေးပါလာပါသည်။

လင်းဝေ

No comments:

Post a Comment