Thursday, September 30, 2010

တခုခုတော့တခုခုပဲ

တခုခုတော့ တခုခုပဲ
ကျနော်က ကြယ်ကြွေတာကို
ဆုတွေတသီကြီး တောင်းခဲ့ဖူးရဲ့
တခုခုက လရောင်လိုကြိုတဲ့အခါ
တခုခုက နှင်းတွေလို စိုစွတ်ခဲ့
တခုခုက ပျားရေလို ချိုပြပြီး
တခုခုက နှင်းဆီလို လှပနေစဉ်တုန်းက
ကျနော်ဟာ အေဒင်ဥယျာဉ်ထဲက
ပန်းသီးတလုံးကိုစားခဲ့မိတယ်......။
တခုခုတော့ တခုခုပဲ
ကျနော့်နောက်ကျော
သူဓားနဲ့ ပါးပါးလေးထိုးသွားတယ်
တခုခုရဲ့ ရင်ထဲက
တခုခုကို မျှော်လင့်
တခုခုဆီက
ပန်းတွေ ဖူးပွင့်မလာတဲ့အခါတုန်းက
ကျနော် ရင်ထဲ တခုခုဖြစ်ခဲ့ဖူးတယ်...။
တခုခုတော့ တခုခုပဲ
ကျနော့်အိပ်မက်တွေ အနုကြမ်းစီးခံခဲ့ရ
တခုခုရဲ့ မာယာတွေနဲ့
တခုခုအတွက် ပျော်ရွှင်နေခဲ့
တခုခုက ပန်းခြောက်တွေလို
စွန့်ပစ်သွားတဲ့အခါ
ကျနော်ပျိုးခဲ့တဲ့ဥယျာဉ်လေး
ဆူးတွေနဲ့ အပြုစားခံခဲ့ရတယ်..။
တခုခုတော့ တခုခုပဲ
တခုပြီးတခု
ကျနော့်ရင်ဘတ်ကိုဖြတ်သန်း
ခတ်ကြမ်းကြမ်း စီးဆင်းကြရဲ့
အဲဒါတွေဟာလဲ
တခုခုတော့ တခုခုပဲ....။

သားထက် (မုံရွာ နည်းပညာတက္ကသိုလ်)

No comments:

Post a Comment