Thursday, September 30, 2010

မျှော်လင့်ချက်

အလင်းရောင်မရှိသည့်နေရာတွင် မျှော်လင့်ချက်က အလင်းရောင်ကို မြင်သည်။
မျှော်လင့်ချက်သည် စိတ်ပျက်အားငယ်နေသော နှလုံးသား အသိန်းအသန်းတို့ကို
ဆီမီးထွန်းညှိပေးသည်။
မျှော်လင့်ချက်သည် စိတ်၏ အံ့ဖွယ် ဆေးတပါးပင် ဖြစ်သည်။
မျှော်လင့်ချက်သည် ရှုံးနိမ့်မှုကို ခုခံတားဆီးသည့် လူသား၏ ဒိုင်းတလွှား ဖြစ်သည်။
မျှော်လင့်ချက်ဆိုသည်မှာ လူတိုင်းရင်ထဲ ထာဝရရှိနေရမည့် အရေးကြီးသော အရာဖြစ်သည်။

ဖတ်ခဲ့သမျှ
သားထက် (မုံရွာ နည်းပညာတက္ကသိုလ်)

No comments:

Post a Comment